You are on page 1of 8

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင်

ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)


မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉
မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်

ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံညှိနှိုင်းခွင့်မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့်

မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန်မလိုတော့သည့် သဘောဆောင်နေပြီဖြစ်ကြောင်း

ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်

ကြိုတင်တွေ့ဆုံနိုင်မှာသာ နိုင်ငံရေးလုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ

ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ

တွေ့ခွင့်မရပါက နိုင်ငံရေးလုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှုမရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့်

တွေ့ဆုံရန်ပင်မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြားမေးမြန်းခန်းတွင်

ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ်

သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅)

ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း

ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက

အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ

အရေးကြီးသော်လည်း နိုင်ငံရေးကိစ္စရပ်များဆွေးနွေးနေစဉ်
ထည့်သွင်းဆွေးနွေးရန်မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစၥတာ ဂမ္ဘာရီ၏

တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို

ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသမားများ၏ မိသားစုများ

ဒုက္ခရောက်အောင်လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို

ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန်

အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည်

စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့်

အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့်

အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ်

အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင်

ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်

နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို

ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။


(မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်

ဦးဝင်းတင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ)

http://www.khitpyaing.org/image/voice.gif

၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေးနွေးမှာမဟုတ်

28 January 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို

လာမယ်ဆိုရင် မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး

ဆွေးနွေးမှာမဟုတ်တဲ့အကြောင်း အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

မစ္စတာဂမ်ဘာရီက အန်န်အယ်လ်ဒီကို အကြောင်းကြားထားတဲ့စာမှာ ရွေးကောက်ပွဲနဲ့

ပတ်သက်လို့လည်း ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ ထည့်သွင်းထားပါတယ်။

ဒီအချက်က ဆွေးနွေးမယ့်အကြောင်းအရာ မဟုတ်ဘူးလို့ ဦးဝင်းတင်က ဗွီအိုအေကို

ပြောပါတယ်။

“မစ္စတာဂမ်ဘာရီ လာမယ်ဆိုရင် သူက ဒီနေ့အထိ ကျနော်တို့ အန်န်အယ်လ်ဒီနဲ့

ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုထိ သူ့ရဲ့စကားက သူ နဂိုတုန်းက သယ်ဆောင်လာခဲ့တဲ့


အချက် ၅ ချက်ပေါ့၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊

စီးပွားရေးကိစ္စ၊ ရွေးကောက်ပွဲသန့်ရှင်းရေး စတဲ့ အချက် ၅ ချက်ကို တင်လာတယ်။

ကျနော်တို့ဘက်က ရွေးကောက်ပွဲ သန့်ရှင်းရေးကိစ္စကို ပယ်ပြီးသား၊ ပစ်ပြီးသားဗျ။

“ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆိုတာ မစဉ်းစားရင်

ရွေးကောက်ပွဲဆိုတာလည်း ကျနော်တို့က လုံးဝမစဉ်းစားဘူး၊ လုံးဝ ခေါင်းထဲမှာထည့်ပြီး

မပြောဘူး။ ဒီဟာကို လာပြီး သန့်ရှင်းဖို့တို့ ဘာတို့ ပြောစရာအကြောင်းကို မရှိဘူး။

ကျနော်တို့က ပယ်ပြီးသား။ တကယ်ပြောရင် မစ္စတာဂမ်ဘာရီ လာရမှာ ၎

ချက်ပဲရှိတော့တယ်။ မူလခရီးစဉ်ရဲ့ အစီအမံနဲ့ ၄ ချက်၊ သူက အခု ကျနော်တို့ဆီကို

စာရေးတဲ့အခါ ၅ ချက်ဆိုပြီး ရေးတဲ့အခါကြတော့ ကျနော်တို့အဖို့ကတော့ အဓိပ္ပာယ်မရှိဘူး။”

မစ္စတာဂမ်ဘာရီနဲ့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ

တွေ့ဆုံမယ်ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့လည်း အထိန်းသိမ်းခံနေရတဲ့

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေလည်း

တွေ့ဆုံခွင့်ပေးရမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီအချက်က

ကြိုတင်သတ်မှတ်ချက်တခုလို့ သူက အခုလိုပြောပါတယ်။

“ကျနော်တို့ အခု ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဂမ်ဘာရီနဲ့ တွေ့ဆုံဖို့အတွက် ကျနော်တို့

စီအီးစီအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုပါ၊ ခွင့်ပေးပါ၊

စီမံပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့သမျှကိစ္စ၊ ဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်မှု၊


ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှု၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်အကျိုးဆောင်မှု

ဆိုတဲ့ကိစ္စတွေ အကုန်လုံးက သူတို့အတွက်ကတော့ ပြီးပြတ်နေပြီ။ ကျနော်တို့

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ် အသစ်တရပ်ကို

ချမှတ်ဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ တွေ့ဆုံဖို့လိုတယ်၊ ဆွေးနွေးဖို့လိုတယ်၊

ညှိနှိုင်းဖို့လိုတယ်။ အဲဒါတွေ ညှိနှိုင်းဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒါ

ဘာလဲဆိုတော့ ဒီတွေ့ဆုံမှုက ကျနော်တို့နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံမှုရဲ့

ကြိုတင်စီမံချက်တခုလို့ပဲ ပြောရမှာပဲ။”

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး

အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြော

ပြသွားတာ ဖြစ်ပါတယ်။

You might also like