You are on page 1of 13

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို

မစ္စတာဂမ်ဘာရီ တပြိုင်တည်း တွေ့ဆုံခဲ့

NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည်

ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ရန်ကုန်မြို့

အစိုးရဧည့်ဂေဟာ၌ တပြိုင်တည်းတွေ့ဆုံပြီး တနာရီကျော် ဆွေးနွေးခဲ့သည်။


မစ္စတာဂမ်ဘာရီနှင့် မတွေ့မီ ဒေါ်အောင်ဆန်းကြည်နှင့် အန်အယ်လ်ဒီ စီအီးစီ (၆)

ဦးတို့ (၁၅) မိနစ်ခန့် သီးခြားတွေ့ဆုံခွင့်ရခဲ့သည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်

ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့

ပါဝင်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေး၊ နအဖနှင့် အန်အယ်လ်ဒီ

တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များ ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက

ပြောသည်။ အဆိုပါအချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစောပိုင်းတွင်

သဘောတူပြီးမှ မစ္စတာ ဂမ်ဘာရီနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီက စီးပွားရေး အကူအညီပေးရေးကိစ္စ ဆွေးနွေးရာတွင်

အချက်အလက်များ ပြည့်ပြည့်စုံစုံ ရထားခြင်း မရှိသည့်အတွက် မဆွေးနွေးနိုင်ကြောင်း

အန်အယ်လ်ဒီက တုံ့ပြန်ခဲ့သည်။

ဦးလွင်မှာမူ ကျန်းမာရေးမကောင်းသည့်အတွက် ဂမ်ဘာရီနှင့် ဆွေးနွေးပွဲသို့

တက်ရောက်နိုင်ခြင်းမရှိပေ။ သို့သော် ဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍

ခေတ်ပြိုင်သို့ ပြောရာတွင် “ဂမ်ဘာရီအနေနဲ့ ၀တ္တရားအရ သွားတယ်၊ လာတယ်၊

တွေ့တဲ့အခါကျတော့ အလုပ်မဖြစ်တော့ဘူးပေါ့။ သူကတော့ ယူအန်မှာ

တော်တော်လေး ၀ါရင့်သွားပြီထင်တယ်။ အဲလိုလူတွေကတော့


လုပ်တတ်ကိုင်တတ်တယ်။ ရာဇာလီလို လူနဲ့ယှဉ်ပြောရရင် မတူပါဘူး ကွာပါတယ်။

ဟိုလူ (ရာဇာလီ) ကတော့ စေတနာနဲ့ အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်တယ်လေ။

ဂမ္ဘာရီကေတာ့ အဲလုိမဟုတ္ဘူး။ ပုံမှန်လုပ်စားတဲ့ သဘောများလားတော့

မသိဘူးလေ။ ဒီလို စွပ်စွဲတော့လည်း မကောင်းဘူးပေါ့လေ။ ခုကတော့

သူ့ဘက်ကိုယ့်ဘက် Reconciliation လုပ်ကြပြီးမှ ဒိုင်ယာလော့ကို သွားကြပေါ့လေ။

အဲဒီလို (၂) ဆင့်နဲ့သွားတာ၊ ရာဇာလီတုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ” ဟု ပြောသည်။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည်

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ

ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင်

တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့်

သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကားပြောဆိုသည်။

တနင်္လာနေ့ထိ မစ္စတာဂမ်ဘာရီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမရ အတိအကျ

မသိရသေးပေ။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး

ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင် ခံစာတစောင် တင်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်

လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန်


မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ

မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌

အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post

သတင်းစာက ဖော်ပြထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမှ

အဆိုပါအစီအစဉ်ကို စစ်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဂမ်ဘာရီ၏

အစီရင်ခံစာတွင် ပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဦးလွင် ကျန်းမာရေးမကောင်း ဂမ်ဘာရီနှင့် မတွေ့နိုင်

NEJ/ ၂ ဖေဖော်ဝါရီ ၂၀၀၉

အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင် ဦးလွင် ကျန်းမာရေးမကောင်းသည့်အတွက်

အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတွေ့ဆုံပွဲသို့ မတက်ရောက်နိုင်ဟု

ဦးလွင်က ပြောသည်။

ကျန်းမာရေးမကောင်းသည့်အတွက် ၂၀၀၈ ခု ဇွန်လမှစပြီး ရုံးမတက်တော့ကြောင်း

ဦးလွင်က ပြောသည်။ ခါးတွင် ချင်ဆီမရှိသည့်အချက်နှင့် လည်ပင်း၌ ကျန်းမာရေး

မကောင်းသည့်အချက်များကြောင့် လမ်းမလျှောက်ရန် ဆရာဝန်က

အကြံပေးသည့်အတွက် အိမ်တွင်းမှာပင် ဘီးတပ်ကုလားထိုင်ဖြင့် နေရသည်ဟု

ဦးလွင်က ပြောသည်။
ဦးလွင်သည် ကျန်းမာရေးမကောင်း၍ ရုံးမတက်နိုင်သော်လည်း အန်အယ်လ်ဒီ

စီအီးစီအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ယူထားဆဲ ဖြစ်သည်။

မစ္စတာ ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ပထမအကြိမ်

စတင်တွေ့ဆုံစဉ်က အမျိုးသားရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးက

စသင့်ကြောင်း အန်အယ်လ်ဒီက တင်ပြခဲ့ရာ ဖြစ်နိုင်ခြေက စတင်နိုင်ရန်

ကြိုးစားပါမည်ဟုသာ ဂမ်ဘာရီက မတင်မကျ ပြန်ဖြေနိုင်ခဲ့သည်။

ဦးလွင်ကမူ ဂမ်ဘာရီ၏ မြန်မာ့အရေးကြိုးပမ်းမှုကို တချိန်က မြန်မာရေးရာ

ကုလအထူးသံတမန် ရာဇာလီကဲ့သို့ အားမရကြောင်း ပြောသည်။

မစ္စတာ ရာဇာလီကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၄ ခု

ဧပြီလတွင် ခန့်အပ်ခဲ့သည်။ ထိုစဉ်က မြန်မာနှင့်ပတ်သက်ပြီး

ကုလအထွေထွေညီလာခံမှ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်တွင် ချမှတ်ခဲ့သည့်

ဆုံးဖြတ်ချက်အမှတ် ၅၄/၁၈၆ ကို အကောင်အထည်ဖော်ရန်

တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်ပါ စာသား၌ မြန်မာစစ်အစိုးရအနေဖြင့် ကြိမ်ဖန်များစွာ

ကတိပေးထားသည့်အတိုင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွင် ပြည်သူများ


ဖော်ထုတ်ခဲ့သည့် ဆန္ဒနှင့်အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရေးအတွက်

လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်ရန်ဆိုပြီး တိုက်တွန်းထားခဲ့သည်။

မြန်မာ့အရေး (၅) နှစ် ကြိုးစားအပြီး မြန်မာစစ်အစိုးရက

ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတော့သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ

ကုလအထူးသံတမန်ရာထူးမှ ရာဇာလီ နုတ်ထွက်ခဲ့သည်။

ဒေါ်စုနှင့် ဂန်ဘာရီ အကျဉ်းသားလွတ်မြောက်ရေး ဆွေးနွေး

Monday, 02 February 2009 20:17 ဧရာဝတီ

နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အမျိုးသား

ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ၆ ဦးတို့က ကမ္ဘာ့ကုလသမဂ္ဂ

အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ

အီဗရာဟင် ဂန်ဘာရီ နှင့် ယနေ့နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာ တွင်

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။


မစ္စတာ ဂန်ဘာရီနှင့်

နိုင်ငံရေး အကျဉ်းသား

လွတ်မြောက်ရေး

ဆွေးနွေးသည့်

ဒေါ်အောင်ဆန်းစုကြည့်

(ဓာတ်ပုံ -

အေအက်ဖ်ပီ)

နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်

ကော်မတီဝင်(စီအီးစီ)များနှင့် မစ္စတာ ဂန်ဘာရီတို့ အချိန် ၁ နာရီ ခွဲခန့်

အကြာတွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ပတ်သက်ပြီး

ဦးစား ပေး ဆွေးနွေးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က

ပြောသည်။

“မစ္စတာဂန်ဘာရီက မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာချင်တယ်၊

သိသာထင်ရှားတဲ့ အကျိုးရလဒ် အနေနဲ့ အဖွဲ့ချုပ်က တောင်းဆိုထားတဲ့ အချက် ၎

ချက်ထဲက ဘယ်အချက်နဲ့ ဆိုရင် သိသာမြင်သာတဲ့အချက်လို့ ဆိုနိုင် မလဲ ဆိုတဲ့

မေးခွန်းကို မေးပါတယ်၊ အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး ၊ အဲဒီလို လွှတ်ပေးလို့ရှိရင်


သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ယူဆလို့ရတဲ့ အကြောင်း၊ သိသာ မြင်သာတဲ့

ရလဒ်ဆိုတာက အနည်းဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဟာ ပထမ

အခြေခံဖြစ် တယ် ဆိုတဲ့ အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်း က

ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သိသာ

ထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုမရှိပါက ၎င်းအနေနှင့် မြန်မာနိုင်ငံသို့

လာရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

အန်အယ်လ်ဒီ၏ တောင်းဆိုချက် ၄ ချက်မှာ

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် မေလက

အတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြန်လည်သုံးသပ်ရန်၊

ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေး တို့ဖြစ်သည်။

ယခုတွေ့ဆုံမှုတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီက

ဆွေးနွေးမည်မဟုတ်ဟု မစ္စတာ ဂန်ဘာရီကို ကြိုတင် ပြောဆိုထားကြောင်းလည်း

သိရသည်။
ထို့အပြင် မစ္စတာဂန်ဘာရီက ၎င်းနောက်ဆုံး အကြိမ်လာစဉ် ပြောဆိုခဲ့သည့်

အချက်များမှ Economic forum နှင့် ပတ်သက်၍လည်း အန်အယ်လ်ဒီ ၏

သဘောထားကို မေးမြန်းရာတွင် စီးပွားရေးဆိုင်ရာ အချက်အလက်များ မရှိ ဘဲနှင့်

သဘောထားပေး၍မရကြောင်း ပြောဆိုခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က စတင်သည့် မစ္စတာ ဂန်ဘာရီ ၏ ၄ ရက်ကြာ ခရီးစဉ်တွင် ယခု

အန်အယ်လ်ဒီနှင့်တွေ့ဆုံ မှုသည် အန်အယ်လ်ဒီ က အနိမ့်ဆုံး လက်ခံနိုင်သော

အချက်များနှင့် အန်အယ်လ်ဒီ ၏ သဘောထားများ ကို မေးမြန်းစုံးစမ်းသွားသည့်

အဆင့်မျှသာဖြစ်ကြောင်း၊ ယခင် ခရီးစဉ်များနှင့် မတူသည့် အပြောင်းအလဲများရှိ

ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အခုခရီးစဉ်ကတော့ အရင်ခရီးစဉ်ထက် အခင်းကျင်းကစပြီးတော့ အပြောင်းအလဲ

ရှိတယ်၊ ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စီအီးစီ အဖွဲ့နဲ့ မစ္စတာ

ဂန်ဘာရီ တွေ့ဆုံတာမျိုး၊ ဒါဟာ ပထမဆုံး အကြိမ်ပါ။ အသေးစိတ်အနေနဲ့

ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါဘူး၊

အခင်း အကျင်း ကအစ အပြောင်းအလဲရှိတယ် ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်”ဟု

ဦးဉာဏ်ဝင်း ကပြောပြသည်။
ယနေ့တွင် အန်အယ်လ်ဒီ စီအီးစီ များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊

ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့သည် မစ္စတာ ဂန်ဘာရီနှင့် အစိုးရ

ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့

ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းအပါအ၀င်

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှု ၀န်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်၊

ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်၊

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး

မနက်ဖြန်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ် ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီ၏ ယခု ခရီးစဉ်သည် ၇ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၈ ခု ဒီဇင်ဘာ

လဆန်းတွင် လာရောက်ရန် မြန်မာ စစ်အစိုးရက ဖိတ်ကြားထားသည့်

ခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် ယမန် နှစ်သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့

နောက်ဆုံးအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်က

၎င်းအား တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး

သန်းရွှေနှင့်လည်း တွေ့ခွင်မရခဲ့ပေ။
အဆိုပါ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက မစ္စတာဂန်ဘာရီ ၏ ခရီးစဉ်နှင့်

ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေးအတွက် တိုးတက်မှု တစုံတရာ မရှိကြောင်း

အန်အယ်လ်ဒီ က ကြေညာချက်ထုတ်ပြန်၍ ဝေဖန်ပြောဆိုထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်

အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးရေး

အကောင်အထည်ဖော်ရန် မစ္စတာဂန်ဘာရီသို့ အကြံပြုစာတစောင်ပေးပို့ထားသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တခုတွင် မစ္စတာ ဂန်ဘာရီက ယခုခရီးစဉ်အတွင်း

သက်ဆိုင်သူများနှင့် အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်

မျှော်လင့်ထားကြောင်းပါရှိသော်လည်း မြန်မာ့အရေးလေ့လာ သူတချို့ကမူ စစ်အစိုးရ

ထိပ်ပိုင်းခေါင်းဆောင်နှင့် တွေ့ဆုံနိုင်မည်ဟု မယူဆကြောင်း ပြောဆိုသည်။

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေသည်ဟု အေပီ ပြော

မဇ္ဈိမသတင်းဌာန

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 02 2009 10 :32 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ


အီဘရာဟင် ဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးနေပြီဖြစ်ကြောင်း

အစိုးရအရာရှိတဦးအပြောကို ကိုးကား၍ အေပီသတင်းက ရေးသားထားသည်။

ရန်ကုန်မြို့ အစိုးရ

ဧည့်ဂေဟာတွင်

တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သ

ည်ဟု ဆိုသည်ဟု

ရန်ကုန်မှလာသော

အေပီသတင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတို့ မတ်လ

ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ်က ဆွေးနွေးစဉ်

ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်အစိုးရနှင့်

အတိုက်အခံနိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့

စားပွဲဝိုင်းဆွေးနွေးရေး ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်သေးသဖြင့်

ကုလကိုယ်စားလှယ်သည် ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ရသည်။

သောင်မတင်ရေမကျဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးတွင်

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂ


အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ အထူးသံတမန်သည်

ယခုအကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် မြန်မာနိုင်ငံသို့ လာရောက်

လည်ပတ်ခြင်းဖြစ်သည်။

၇ ကြိမ်မြောက်ရောက်လာသည့် ဂမ်ဘာရီကို ဒေါ်စုထွက်တွေ့

ရိုက်တာသတင်းဌာန

ဖေဖော်ဝါရီ ၂၊ ၂၀၀၉

အထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်

ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ယနေ့နံနက်ပိုင်းက

တွေ့ဆုံခဲ့သည်။

ဒေါ်စု၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များ၏ အဆိုအရ တွေ့ဆုံပွဲတွင်

အဖွဲ့ချုပ်မှ ခေါင်းဆောင် ၄ ဦးလည်း ပါဝင်သည်ဟု သိရသည်။ တနာရီကျော်ကြာ

တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မည်သည့် အကြောင်းအရာများကို

ဆွေးနွေးသည်ဆိုသည်ကိုမူ မသိရသေးပါ။

You might also like