www.yeyintnge.blogspot.com
Comments
ဆင်းရဲသားများ ရု ပ်ရှင် မှာမပါရ
MONDAY, 23 FEBRUARY 2009 19:14
ကြည်ဝေ
မြန် မာ့ဗီဒီ ယို၊ ရု ပ်ရှင်ဇာတ် ကား ထု တ် လု ပ်ရေး လု ပ်ငန်းများအား သက်ဆိုင်ရာ အာဏာပိုင် များက ဆင်းရဲသည့် ဇာတ် ၀င်ခန်းများ ပါဝင်သော ဇာတ် လမ်းများ
မရို က် ကူးကြရန်တားမြစ်ကြောင်း ရု ပ်ရှင် ထု တ် လု ပ်ရေးလု ပ်ငန်း သမားများထံ မှ
သိရှိရသည်။
ရုံ တင်မြန် မာရု ပ်ရှင်ဟာသကား တကားကိုတွေ့ရစဉ်(ဓာတ် ပုံ- http://flickr.com)
မြန် မာ့ရု ပ်ရှင်၊ ဗီဒီ ယိုဇာတ် ကားများအား ရို က် ကူးရာတွင်ဇာတ် လမ်းသဘောအရ
ဆင်းရဲသား ပါဝင်သောအခန်းကိုမဖြစ် မနေ ရို က် ကူးခဲ့ ရပါက အတိအကျ လို က်နာရမည့် 
အချက် များကို လည်း သက်ဆိုင်ရာမှညွှန် ကြားချက်ထု တ် ပြန်ထားကြောင်း ၊
မြန် မာ့ရု ပ်ရှင်အစည်းအရုံး ရုံးတွင် လည်း အဆို ပါ ကြေငြာချက်နှင့် ညွှန် ကြားချက် များ
ထု တ် ပြန် ထား ကြောင်း ရု ပ်ရှင်လောကသားများက ပြောသည်။
ရုံ တင် ပြသနေသော မြန် မာ့ရု ပ်ရှင်ဗီဒီ ယိုဇာတ် ကားများတွင်အခြေခံ လူ တန်းစား၊
ဆင်းရဲသား သရု ပ်ဖော် မှု များသည်နိုင်ငံတော်၏ ဂု ဏ်သိ က္ခာ၊ ပြည်သူ၏
ဂု ဏ်သိ က္ခာအား သေးနု ပ်သိ မ် ဖျင်း စေသည့် သရု ပ် ပြကွ က် များကို
တွေ့မြင်နေရသောကြောင့် အဆို ပါ ဆင်းရဲသားများနှင့် ပတ်သက်သော
ဇာတ် ၀င်ခန်းများ၊ ဆင်းရဲသား လူ တန်း စားဘ၀များအား ပေါ်လွင်စေသောဇာတ် ၀င်ခန်းများ မရို က်ရဟုတားမြစ် ထားရခြင်း ဖြစ်ကြောင်း မြန် မာ့ရု ပ်ရှင်လု ပ်ငန်းမှ
ဝန် ထမ်းတဦးက ဆိုသည်။
“ဇာတ် လမ်းတွေ ကိုဆင်ဆာတင် ကတည်းက ဆင်းရဲသားဇာတ် လမ်းဆိုရင်ခွင့်  မပြုဖို့ ပြောထားတယ်၊ ဇာတ်ညွှန်းမှာ လည်း ဆင်းရဲသားတွေနဲ့ ပတ်သက် တဲ့ 
ရို က်ညွှန်းမျိုးကအစ မပါအောင်သေချာစိ စစ် ပြီးမှခွင့်  ပြုရမယ် လို့ ညွှန် ကြား ချက် ထု တ် ထားတယ်”ဟုအဆို ပါ ၀န် ထမ်းက ပြောဆိုသည်။
အာဏာပိုင် များမှ ဖိအားပေးသောကြောင့် ထု တ် လု ပ်ရေးလု ပ်ငန်းများအနေနှင့် ၎င်းတို့ နှင့်  လု ပ်ငန်းပိုင်းဆက် စပ်နေ သော
ဒါရို က် တာများနှင့်် ဇာတ်ညွှန်းရေးဆရာများအား ဆင်းရဲသားဇာတ် လမ်းမျိုးနှင့် ဆင်းရဲသားသရု ပ်ဖော် မှုပါဝင်သောဇာတ် လမ်းများအားလုံးဝမရေးရန်နှင့်  မရို က်ရန်
ပြောဆို တားမြစ် လျက်ရှိကြောင်း ဒါရို က် တာတဦးကပြော သည်။
“ကျနော် တို့  ကိုပြောတာကတော့ဆင်းရဲသားဇာတ်ရု ပ်တွေ ပါတဲ့ ဇာတ် လမ်းမျိုးတွေ ကိုအတတ်နိုင်ဆုံး လုံးဝ မရို က်ဘဲရှောင် ဖို့ ပြောတယ်၊ နောက်ဆုံးဘယ်လောက် ထိ
ပြောထားလဲဆိုတော့ဇာတ် ၀င်းခန်းရို က် တဲ့ ပတ် ၀န်း ကျင် မှာကို က ဆင်းရဲသားတွေနေတဲ့ ရပ် ကွ က် မျိုးမဖြစ်ရဘူးလို့ ပြောတယ်” ဟုနယ် ကြိုက် ကားများကိုရို က် ကူး
နေသော လူငယ်ဒါရို က် တာ တဦးက ဆိုသည်။
မြန် မာ့ဗီဒီ ယို၊ ရု ပ်ရှင်ဇာတ် ကားဈေးကွ က် မှာ နယ် ကိုသာအားကိုးပြီး ထု တ် လု ပ်နေကြရသောကြောင့် နယ် ကြိုက်ကားများဖြစ်သော နယ်ဒေသများမှ
ဒေသခံ လူ ထု ကို ယ် စားပြုဇာတ် လမ်းများ၊ တောင်သူဇာတ် လမ်း ဇာတ်အိ မ် များ၊ အခြေခံ လူ တန် စားတို့ ၏ ဘ၀ကိုပေါ်လွင်စေသော ဘ၀သရု ပ်ဖော်ဇာတ် လမ်းများကို
အသားပေးရို က် ကူးလာကြ ခြင်းကြောင့် ယခု ကဲ့ သို့ တားမြစ်ခံရသည် ဟုထင်ကြောင်း ဇာတ်ညွှန်းဆရာတဦးက ပြောဆိုသည်။
“ကျနော် တို့  မှာ ရို က် စရာဆို လို့ ဟာသကားပဲရှိတော့ တယ်၊ ဟာသကားမှာတောင်ဆင်းရဲသား မပါရ၊ သူဌေးသား နှင့် သူဌေးများသာ ပါသော ဟာသ ကားဖြစ်ရမှာ”ဟု
သူ က ပြောသည်။ မြန် မာ့ရု ပ်ရှင်ဗီဒီ ယို များအား အစိုးရက တားမြစ် မှု များ၊ ကန့် သတ် မှု များ မကြာခဏပြုလု ပ် လျက်ရှိသောကြောင့် ဇာတ် ကားများမှာ သဘာဝကျမှုနည်းပါးကာ
အရည်အသွေးကျဆင်းနေခြင်းဖြစ်ကြောင်း၊ အနု ပညာလု ပ်ငန်းများ မှာ လွ တ် လပ် မှုရှိ မှတိုးတက်နိုင်ကြောင်း၊ ယခု ကဲ့ သို့ သရု ပ်ဆောင် မှု ကို ပါ ကန့် သတ်နေခြင်းမှာ
အနု ပညာ လု ပ်ငန်းများအားထိခို က်စေကြောင်း ၀ါရင့် ဒါရို က် တာကြီးတဦးက သုံးသပ်ဝေဖန်သည်။
“ကြုံရတာတော့အံ့  သြစရာကြီးပဲ၊ ဆင်းရဲသား မပါဘဲနဲ့ ရု ပ်ရှင်ရို က်ရမယ်ဆိုတော့ဘယ့် နဲ့ လု ပ်ရမလဲ၊ ပြီးခဲ့  တဲ့ ၂၀၀၄ ခုနှ စ်လောက် တုန်းကလည်း အမျိုးသမီးတွေ ကို
အဓိ ကထားရို က် တဲ့ ဇာတ် လမ်းမျိုးမဖြစ်ရဘူးဆို လို့ အမျိုး သားဇာတ်တွေချည်းပဲရှာရို က် ကြရတယ်၊ အလု ပ် လု ပ်ရတာ တဖြည်းဖြည်းနဲ့ 
ဘောင် ကျဉ်းကျဉ်းလာတယ်”ဟုအဆို ပါ ဒါရို က် တာကြီးက ပြောဆိုသည်။
၂၀၀၇ ခုနှ စ် တွင်မြန် မာ့ရု ပ်ရုင် လု ပ်ငန်းမှာ ဇာတ် ကား ၁၀ ကားသာ ထု တ် လု ပ် ပြသနိုင်ရခြင်းကိုကြည့်  ခြင်းအားဖြင့် မြန် မာ့ရု ပ်ရှင်ဗီဒီ ယိုဇာတ် ကားများ၏
အရည်အသွေးကို မြှင့်  တင်ရန်လိုအပ်နေပြီဆိုသည် ကို ပြသလို က် ခြင်းဖြစ်ကြောင်း၊မြန် မာ့ရု ပ်ရှင် ထု တ် လု ပ် မှုနှုန်းကျဆင်းနေခြင်းမှာ
ဇာတ် လမ်းအရည်အသွေးများကျဆင်းသောကြောင့် ပရိသတ်အားပေးမှု လည်း ကျဆင်းလာရာမှဇာတ် လမ်းထု တ် လု ပ် မှုနှုန်းနည်းပါးလာရခြင်းဖြစ်ကြောင်းလည်း
ဒါရို က် တာကြီးက သုံးသပ်သည်။
၂၀၀၇ ခုနှ စ်အတွ က်ရု ပ်ရှင်အကယ်ဒမီဆုပေးရာတွင် လည်း ထူးချွန်သော အမျိုးသမီးများအား စင်ပေါ် မတက်စေရဟူသော ယတြာကြောင့် 
အမျိုးသမီးထူးချွန်းဆု ကို မပေးဘဲချန် လှ ပ် ထားခဲ့  ခြင်းဖြစ်ကြောင်း ရု ပ်ရှင်အသိုင်း အ၀န်းက ပြောဆို ကြသည်။
Leave a Comment