You are on page 1of 30

&cdkif ordkif;

ရခိုင်သမိုင်း

နိဒါန်း
လူမျိုးတမျိုးဟူ၍ ကမ္ဘာတခွင်တွင်ရေရှည်ရပ်တည် တည်တန့် လိုပါက မိမိလူမျိုးတို့ သမိုင်းကို ကောင်း

စွာသိထားသင့်ကြပေမည်။ သိအောင်လည်း ကြိုးပမ်းသင့်ကြပေမည်။ လူသားတို့ သည် ကျောက်ခေတ်ဦး၊

ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း စသောခေတ်များကို ဖြတ်သန်းလာကြာပြီး၊ ယခု သိပ္ပံခေတ်တိုင်

ရောက်သည်အထိ တိုးတက်လာခဲ့လေပြီ၊ လူ့ လောကကြီးကို ဤသို့ တိုးတက်လာသည်ဆိုသော်လည်း

ကမ္ဘာတခွင်တွင် တညီတညွတ်တည်း တိုးတက်လာသည်ကား မဟုတ်ပေ။ အချို့ နိုင်ငံများသည်

အလွန်တိုးတက်နေကြသော်လည်း အချို့ နိုင်ငံများမှာ တိုးတက်မှု နှေးကွေးပြီး နောက်ကျကျန်နေခဲ့ကြပေသည်။

ဤသို့ ဖြစ်ရခြင်းသည် မိမိတို့ သမိုင်းအကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်သမိုင်းကို သိခြင်း၊ သိအောင်

မကြိုးစားခြင်း၊ သမိုင်းပေးတာဝန်နှင့် ကိုက်ညီအောင်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းတို့ အပေါ် မှီတည်လျှက် ဤသို့ 

တိုးတက်မှု မညီမမျှ ကွဲပြာခြားနားနေကြခြင်းပင်ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လူတို့ ၌ မိမိတို့ အခြေအနေ မိမိတို့ 

သမိုင်းအကြောင်းကို သိရန် ကြီးမားသော တာဝန်တရပ်ဟု ခံယူကြရပေမည်။

ထို့ ကြောင့် ကျွန်ုပ်တို့ ရခိုင်လူမျိုး များမှာလည်း ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ ကမ္ဘာအလယ်တွင် တင့်တည်

ထည်ဝါစွာရပ်တည်နေသည်ကို မြင်ချင်ကြားချင်လိုပါက မိမိတို့  ရခိုင်သမိုင်းကို အဖြစ်မှန်အတိုင်း သိရှိအောင်

ကြိုးပမ်းကြရမည်မှာ အမှန်မုချဆောင်ရွက်ရမည့် တာဝန်တရပ်ဖြစ်ပေသည်။ ရခိုင်ပြည်၏ အတိတ်သမိုင်းဖြစ်ရပ်သ

ည်ကား မှတ်သားစရာ၊ အားတက်ဂုဏ်ယူစရာ၊ သင်္ခန်းစာယူစရာအချက်အလက်များနှင့်ပြည်နှက်လျှက်ရှိသည်။

ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်အနုပညာ၊ ရခိုင်ယဉ်ကျေးမှုများမှာ ဗမာကိုလိုနီ ကျွန်ဘ၀ လောင်းရိပ်အောက်၌

နှစ်ပေါင်း ၂၀၀ ကျော် တိုင် ဖျောက်ဖျက်ခြင်း၊ ဗမာမှုပြုခြင်းများကို ခံနေရ၍ ပျောက်ကွယ်လုမတက်ဖြစ်နေ

သည်။ ဤသို့ သောအခြေအနေတွင်ကျွန်ုပ်တို့ ၏ မျက်မှောက်ခေတ် ရခိုင်လူငယ်များသည် ဗမာသမိုင်းကို

ကိုယ့်သမိုင်းထင်လိုထင်၊ ကိုယ့်သမိုင်း ၊ ကိုယ့်ယဉ်ကျေးမှု ကိုပင် ဗမာသမိုင်း၊ ဗမာ ယဉ်ကျေးမှုဟု ထင်လိုထင်နှင့်

အလွဲလွဲ အမှားမှား ထင်မြင်နေကြသည်မှာ အလွန်ပင်ကြေကွဲ ၀မ်းနည်းစရာကောင်းသည်။ ဤသို့ သော

အခြေအနေတွင် အချိန်မီ ၀ိုင်းဝန်းလုပ်ဆောင်ရန် အရေးကြီးလှပေသည်။ အချိန်မီ တာဝန်သိစွာ မလုပ်ဆောင်ပါက

ရခိုင်သမိုင်း အတိုင်းအတာအရ မဝေးလှသော အချိန်တွင် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးပါ ပျောက်ကွယ်လားကြမည်မှာ

သေချာလှပေသည်။

ဤသောအရေးကြီးသောအချိန်တွင် မိမိတို့ ရခိုင်သမိုင်း၊ ရခိုင်စာပေ ယဉ်ကျေးမှု အနုပညာများကို

တက်နှိုင်သောဘက်ပေါင်းစုံမှ ဖေါ်ထုတ်ပြီး၊ မိမိတို့  ရခိုင်ပြည်သူများသို့ ဖြန့် ဖြူး ပေးရန် ရှာဖွေစုဆောင်းပြီး

/ဖေါ်ထုတ်ကြရပေမည်။

New Historical Journal &cdkifordkif;opf*sme,f ၂


&cdkif ordkif;
ရခိုင်လူမျိုးနှင့်ပါတ်သတ်၍ မှတ်တမ်းတင်ထားခဲ့ကြသော သမိုင်းအထောက်အထားများကား များစွာ

ရှိပေသည်။ ကျောက်စာ၊ ခေါင်းလောင်းစာ၊ မှင်စာ၊ ပုရပိုက်စာ တို့ လည်း အများအပြားရှိပါသေးသည်။ ရခိုင်

သမိုင်းအမျိုးမျိုးထဲတွက် ဧချင်းအရေးတော်ပုံ၊ ရာဇ၀င်အလင်္ကာ၊ ရာဇ၀င်သာခြင်း၊ ရာဇ၀င်ကျမ်း စသည်ဖြင့်

အမျိုးမျိုးရှိကြပေသည်။

ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀)ခန့် မှ အစပြု၍ ရခိုင်ပြည်၌ ရခိုင့်လူ့ အဖွဲ့ အစည်း စတင် အခြေချ

နေထိုင်လာကြပုံကို ရခိုင်မင်းသမီးဧချင်း၌ စာဆိုပညာရှင် ဖဒူမင်းညိုက ဤသို့ ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။

“ ဧ….ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရေနိုင်ဘဲ၊

ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ၀ှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊

မဟာသမတ၊ ခတ္တိယ၏၊ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊

နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း ” ဟူ၍၄င်း စပ်ဆိုဖွဲ့ နွဲ့ ထား


ခဲ့ပါသည်။

ထိုသို့ မဟာသမတခတ္တိယအနွယ်တော်များ ရခိုင်ပြည်ကို စတင်တည်ထောင်စဉ်က အလွယ်တကူ တည်ေ

ထာင်နှိုင်ခဲ့သည်ကားမဟုတ်။ ရခိုင်ပြည်တွင်းရှေးဦးရောက်နှင်းနေသော လူရိုင်းတို့ ရန်၊ သားရဲတိရိစ္ဆာန်များရန်ကို

ခက်ခဲစွာ နှိမ်နင်းကာ တည်ထောင်ခဲ့ကြရပေသည်။ ဤသည်ကို ရခိုင်ရာဇ၀င်လင်္ကာ၌ ……

“သိကြားလက်နက် ထိန်ထိန်ထွက်သည်၊ စင်္ကြာအရောင်၊ ၀င်းဝင်းပြောင်နှင့်၊ တောတောင် ခိုမှီ၊ အလဇ္ဖီဘီလူး၊

သားစားကြူးကို၊ ဂုဏ်ထူးအာဏာ၊ ဘုန်းမိုးဖြာ၍၊ လိုရာအောင်မြင်၊ အောင်မြို့ ဝင်၍၊ ခေါ်တွင်ရခိုင်၊ ခုတိုင်ပျက်၊

မော်ကွန်းထွက်သည်” ဟူ၍၄င်း ရေးစပ်ဖွဲ့ ထားသည်ကို တွေ့ ရသည်။

ရခိုင်ပြည်၌ စိုးစံခဲ့သောမင်းဆက်ပေါင်း(၂၅၈)ဆက်၊ နန်းစံနှစ်ပေါင်း(၅၁၀၀)ခန့် အုပ်စိုးခဲ့ပြီး၊ ရခိုင်ဘုရင့်


နိုင်ငံတော်ကို တည်ထောင်ခဲ့ကြသည်။ ဤမင်းဆက်များ တည်ထောင်စိုးစံခဲ့သော ဂစ္ဆပနဒီမြစ်ဒ အရှေ့  ဘက်

တွင်(၉၉)မြို့ ၊ အနောက်ဘက်တွင် (၉၉)မြို့ ၊ မြို့ ပေါင်း ၂၀၀ ခန့် ရှိခဲ့သည်။ ဤသည်ကို သမိုင်းပညာရှင်

ဝါးကျောင်းဆရာတော်ရေး ရာဇ၀င်လင်္ကာ၌ ……

“ အသမ္ဘိန္န၊ ခတ္တိယဟု၊ ၀ါသုဒေ၀ မင်းကစ၍၊ ဂစ္ဆပနဒီ မြစ်ကိုမှီလျှက်၊ လက်ဝဲလက်ယာ၊ များစွာမြို့ ပြည်၊

တည်ခဲ့ပေမှ၊ နောက်ဆုံးကျသည့် ၊ တေဇပြင်းထန်၊ သူရတန်မင်း၊ ဆက်ပြန်လျှင်းသည်” ဟူ၍ဆရာတော်ဘုရား

ရေးသားမှတ်တမ်းတင်ထားခဲ့သည်။

ရခိုင်ဘုရင်နိုင်ငံတော်တွင် ဒွါရာဝတီ၊ ရှေးဝေသာလီ၊ ဓည၀တီ (ပထမ)၊ ဓည၀တီ (ဒုတိယ)၊

ဓည၀တီ(တတိယ)၊ ဝေသာလီကျောက်လှေကား၊ ပုရိန်၊ လောင်းကြက်၊ မြောက်ဥ ခေတ် စသည်

ဖြင့် တခေတ်ပြီးတခေတ် တိုးတက်ထွန်းကားလာခဲ့သည်။ ဝေသာလီကျောက်လှေကားခေတ်(ဘီစီ

၎ ရာစုတွင်) ရခိုင်ဘုရင့်နိုင်ငံတော်၏ ပြည်တွင်းပြည်ပ တိုးတက်မှုမှာ များစွာ အရှိန်အဟုန်ရရှိနေပြီး

New Historical Journal &cdkifordkif;opf*sme,f ၃


&cdkif ordkif;

ဖြစ်သည်။ မြောက်ဥခေတ်သို့ ရောက်သောအခါတွင်ကား ရခိုင်ဘုရင်နိုင်ငံတော်ကို ကမ္ဘာ့နိုင်ငံများက

အလေးထားလာရအောင် တိုးတက်မှုမြင့်မားလာခဲ့ပေသည်။

အေဒီ (၁၆ ) (၁၇) ရာစုနှစ်များတွင် ပေါ်တူဂီ၊ ဒတ်ခ်ျ၊ အင်္ဂလိပ်စသော ဥရောပတိုက်သား များသည် အိန္ဒိယ၊

မလေးရှား၊ မလက္ကာ၊ အင်ဒိုနီးရှားစသောနိုင်ငံများအား စစ်ဖြင့် အနိုင်ယူတိုက် ခိုက်လျှက် တနိုင်ငံပြီးတနိုင်ငံ

သိမ်းပိုက်ကာ ကိုလိုနီကျွန်နိုင်ငံများ ထူထောင်လျှက်ရှိနေစဉ်တွင် ရခိုင်ဘုရင်နိုင်ငံတော်ကို အုပ်ချုပ်နေသော

ရခိုင်ဘုရင်မင်းမြတ်တို့ သည်ကား ပေါ်တူဂီ၊ ဒတ်ခ်ျစသော ဥရောပတိုက်သားများကို ရခိုင်ဘုရင့်တပ်မတော်တွင်

ကြေးစားတပ်သားများ အဖြစ်ဖြင့် ၄င်း၊ ကုန်သည်များအဖြစ်ဖြင့် ၄င်း လက်အောက်ခံလူတန်းစားများ

အဖြစ် အသုံးပြုလျှက် ရှိသည်။ တခါတရံခေါင်းထောင်လာသော ပေါ်တူဂီတို့ ကို ဦးကျိုးအောင်နှိပ်ကွပ်လို

က်သောအခါ ရခိုင်တို့ ၏ဂုဏ်သတင်းသည် ဥရောပတိုက်သို့ ၎င်း၊ အရှေ့ ဘက်တွင် ဂျပန်နိုင်ငံသို့ ၎င်း၊


ကျော်ကြားသွားခဲ့လေသည်၊။

သို့ ရာတွင် ၁၈ ရာစု ဒုတိယပိုင်းသို့ ရောက်သောအခါ ရခိုင်တို့ အတွင်း မညီညွတ်မှု များကြောင့်

တန်ခိုးအရှိန်အ၀ါ ကျဆင်းလာခဲ့ပေသည်။ ရခိုင်အချင်းချင်း မညီညွတ်မှု ထကြွပုန်ကန် မှုများပေါ်ပေါက်လာပြီး

မသမာသော အမျိုးသားသစ္စာဖေါက် ငသံဒွေ တို့ ၏ တပါးသူအားအထင်ကြီးမှုအပေါ်မှာ ၁၇၈၄ ခုနှစ်တွင် ဗမာ

ဘုရင်ဘိုးတော်မောင်ဝိုင်းက စစ်မကြေငြာဘဲ ရခိုင်ဘုရင်နိုင်ငံတော်ကို သိမ်းပိုက်သွားခဲ့လေသည်။ ဗမာနယ်ချဲ

့များ ရခိုင်ဘုရင်နိုင်ငံတော်ကို အလွယ်တကူသိမ်းယူသွားခဲ့သည်ဆိုသော်လည်း မျိုးချစ်၊ပြည်ချစ် အာဇာနည်

ရခိုင်သူရဲကောင်းတို့ ၏သွေးချွေးဖြင့်ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတိုက်ပွဲဝင်လာခဲ့ကြ သည်။

ဗမာဘုရင်ဘိုးတော် မောင်ဝိုင်းသိမ်းပိုက်ပြိးနှစ် (၄၀)အကြာတွင် အင်္ဂလိပ်က တဖန် ရခိုင် ပြည်ကို ၁၈၂၄

ခုနှစ်တွင် ဗမာလက်မှတဆင့် သိမ်းပိုက်ကျွန်ပြုမှုကို ရခိုင်တို့ ခံရလေသည်။ ဗမာပဒေသရာဇ်လက်အောက်

အင်္ဂလိပ်နယ်ချဲ့ လက်အောက်တွင် ရခိုင်လူမျိုးများ၏တန်ဖိုးမဖြတ် နှိုင်သော အဖိုးတန်သမိုင်းအမွေအနှစ်များကို

ရခိုင်လူမျိုးများ ဆုံးရှုံးခဲ့ကြရပေသည်။ အထူးသဖြင့် ဗမာပဒေသရာဇ်များ ရခိုင်လူမျိုးများ၏အမြတ်တနိုးထားရှိေ

သာ ယဉ်ကျေးမှုအဆောက်အအုံများ၊ သမိုင်းမှတ်တမ်းများကို ဖျက်စီးပစ်ခဲ့ကြသည်။ ဗမာလွတ်လပ်ရေးရသည့်

ဖဆပလ၊ ပထမ၊ မဆလ၊ န၀တ ခေတ်တွင်လည်း ရခိုင်လူမျိုးများ၏ ရာဇ၀င်သမိုင်းများ၊ယဉ်ကျေးမှုများကို

ဗမာမှုပြုခြင်း၊ ဖျက်စီးခြင်းခံကြရသည်။

ရခိုင်သက္ကရာဇ် ၁၁၄၆ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခုနှစ်မှစပြီး ဗမာပဒေသရာဇ် နယ်ချဲ့ ဘုရင် မောင်ဝိုင်းးကျူးကျေ

ာ်နယ်ချဲ့ ကျွန်ပြုပြု၍ ထီးနန်းဆုံးရှုံးရသည့်အချိန်မှစ၍ မျိုးချစ်အာဇာနီ သူရဲကောင်းများသည် ရခိုင်ပြည်လွတ်လ

ပ်ရေးအတွက် သက်စွန့် ကြိုးပန်း တိုက်ပွဲဝင်လာခဲကြ လေသည်။ ထိုအချိန် ထိုအခါမှစ၍ ယခုခေတ်တိုင်အောင်

ရခိုင်အာဇာနီ သူရဲကောင်းကြီးများ အဆက်အပြတ်တိုက်ပွဲဝင်လျက် ရှိနေကြသည်။ မိမိလူမျိုး၏ မွေးရာပါ

New Historical Journal &cdkifordkif;opf*sme,f ၎


&cdkif ordkif;

အခွင့်အရေး မရမချင်း တဗိုလ်ကျ တဗိုလ်တက် တိုက်ပွဲဝင်နေကြရမည် ဖြစ်ပေသည်။

ဗမာလူမျိုးများသည် ရခိုင်လူမျိုးများအပါအ၀င် အခြားသောတိုင်းရင်းသားလူမျိုးများ၏ သမိုင်းကို

ဖျောက်ဖျက်ပြီး ဗမာများ၏ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နော်၊ အလောင်းဘုရားစသော ၄င်းတို့  ၏

အကြီးအကဲဆိုသူများကို ရှေ့ တန်းတင်ပြီး အခြားလူမျိုးများ၏ အကြီးအကဲများကို ဖျောက်ဖျက်ထားကြသည်။

ထို့ ကြောင့် ရခိုင်တို့ မှာလည်း မာရယုဘုရင်၊ စန္ဒသူရိယ ဘုရင်၊ ဒသရာဇာ၊ မင်းထီး၊ မင်းစောမွန်(နရမတ်လှ)၊

မင်းဗာကြီး၊ မင်းဖလောင်း၊ မင်းရာဇာကြီး၊ မင်းခမောင်း၊ သီရိသုဓမ္မရာဇာ စသော ရခိုင် အာဇာနီ

သူရဲကောင်းများလည်း ရှိပါကြောင်းနှင့် ရခိုင်လူမျိုးများအား တင်ပြလိုပါသည်။ မိမိသမိုင်း၊ မိမိလူမျိုးများ၏

သမိုင်းမှန်ကို သိရှိကြ၊ ရခိုင်သမိုင်းကို ရခိုင်သားတိုင်း လေ့လာကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ရခိုင်ဘုရင့်နိုင်ငံတော်၏မြေမျက်နှာပြင်

ရခိုင်ဘုရင့်နိုင်ငံတော်သည်ကားအမြင့်ဆုံးတောင်တန်းကြီးတခုဖြစ်သောဟိမ၀န္တာတောင်

ကြီး၏ တောင်နှမောင်းတခုဖြစ်သည့် စိမ်းစိမ်းညို့ ညို့ ရခိုင်ရိုးမတောင်တန်းကြီးနှင့် ဘင်္ဂလားပင် လယ်

အော်အကြားရှည်လျှားသော ကမ်းမြောင်ဒေသကြီးတခုဖြစ်သည်။ တောင်နှင့်မြောက် မိုင်(၄၀၀)ခန့်

ရှည်လျှားသည်။ မြောက်ပိုင်းမှာ အကျယ်ဆုံးဖြစ်သည်။အရှေ့ နှင့်အနောက်မိုင် (၁၀၀) ခန့် ရှိ၏။

တောင်ဘက်သို့ တဖြည်းဖြည်း ကျည်းသွားကာနာဂရေ အငူသို့ ရောက်သွားလျှင် အရှေ့ နှင့်အ နောက် ၅

မိုင်ခန့် သာကျယ်ဝန်းလေသည်။ ရခိုင်ပြည်၏ ဧရိယာစတုရန်းမိုင်ပေါင်း (၁၆၀၀၀) ကျော်ကျယ်ဝန်းသည့်ကမ်

းမြောင်ဒေသဖြစ်သည်။မြစ်ချောင်းပေါများပြီး၊ကမ်းနီးကမ်းဝေး ကျွန်းကြီး၊ ကျွန်းငယ်များ အများအပြားရှိသည်။

ထင်ရှားသောကျွန်းများမှာ မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်း၊ ရှင်မဖြူကျွန်း၊ ကိုကိုးကျွန်းတို့ ဖြစ်ကြသည်။ရခိုင်

ပြည်တွင် ထင်ရှားသောမြစ်များမှာ အဉ္စနနဒီ လေးမြို့ မြစ်၊ ဂစ္ဆပနဒီ ကုလားတန်မြစ်၊ မယူမြစ်၊ နတ်မြစ် တို

့ဖြစ်ကြသည်။ အလုံးစုံသောမြစ်များမှာ ချမ်းတောင်၊ ရခိုင်ရိုးမတောင်တို ၌မြစ်ဖျားခံလျှက်၊ မြောက်မှတောင်သို

့စီး ဆင်းသောမြစ်များဖြစ် ကြသည်။ မြစ်များအထဲတွင် အရှည်လျှားဆုံးမြစ်မှာ အိန္ဒိယနိုင်ငံ၊ မိဇူရမ်ပြည်နယ်၌

မြစ်ဖျားခံသော ဂစ္ဆပနဒီ (ကုလားတန်)မြစ်ဖြစ်သည်။ ဒုတိယအရှည်လျှားဆုံး မြစ်ကြီးတခုဖြစ်သည့်

အဉ္စနနဒီလေးမြို့ မြစ်ကြီးဖြစ်သည်။

New Historical Journal &cdkifordkif;opf*sme,f ၅


&cdkif ordkif;

ချင်းပြည်နယ်နှင့် အိန္ဒိယပြည်နယ်တို့  ဆက်စပ်ရာ ပြည်နယ်နှင့်မြစ်ဖျားခံ၍စီးဆင်းလာသည်။ ကမ္ဘာတွင်

မိုးအများဆုံးရွာသွန်းသော တိုင်း ပြည် တခုဖြစ်၍ ဖေါ်ပြပါ မြစ်များသို့ စီးဝင်သော မရေမတွက်နှိုင်အောင်များပြားေ

သာ တောင်ကျ ချောင်းကြီး၊ ချောင်းငယ်များ ပေါများသည့်အလျှောက်၊ ရေတံခွန်ကြီး၊ ရေတံခွန်ငယ် အသွယ်သွယ်

တို့ ဖြင့်လည်း ပြည့်နှင့်လျှက်ရှိနေပေသည်။ လယ်ယာစိုက်ပျိုးရေးအတွက် စိုက်ပျိုးနှိုင်သောမြေပြန့်  များမှာ ရခိုင်

ပြည်နယ်မြောက်ပိုင်း၌ ကျယ်ပြန့် သော မြေပြန့် များ အများဆုံးရှိသည်။ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်တောင်ပိုင်း

တွင် တဖြည်းဖြည်းကျဉ်းသွားသည့်အတွက် စိုက်ပျိုးနှိုင်သော မြေဧရိယာ မှာ မြောက်ပိုင်းထက်နည်းသည်။

ရခိုင်ပြည်၏အကျယ်အ၀န်းမှာ ရခိုင်တို့ တန်ခိုးကြီးခဲ့စဉ်က ဘင်္ဂလားဒေ့ရ် ဒက္ကား နယ်အထိ ကျယ်ဝန်း

ခဲ့သည်။ အေဒီ (၁၆၆၆) ခုနှစ်အထိ၊ ရခိုင်တပ်မတော်၏ အနောက်ဘက်အကျဆုံး ခံတပ်ကြီး ဖြစ်ခဲ့ သည်။

ရခိုင်ပြည်မြောက်ပိုင်းမှာ အိန္ဒိယပြည်၊မြန်မာ၊ တရုတ်တို့ ကုန်းလမ်းခရီး သွားရာဖြစ်၍ သရေခေတ္တရာ၊ ပုဂံတို့ သို့ 


အိန္ဒိယယဉ်ကျေးမှုပြန့် ဖြူးခဲ့ရာ ဒေသကြီးတခုလည်း ဖြစ်ခဲ့သည်။ ခေါမ (ဂရိ) ပထ၀ီပညာရှင် တော်လဲမိ( Ptolmy)

ပထ၀ီကျမ်း၌မူ ရခိုင်ပြည်ကို အာဂီရီ (Argyre) ဟုအမည်ပေးထားသည်ကို တွေ့ ရ၏။ တိဘက်ပညာရှင်တဦး

ဖြစ်သူ တောရာနာလ (Touranala) ကမူ ၁၆၀၈ ကခုနှစ်တွင် ရေးသားပြုစုသော သမိုင်းစာတစောင်၌

ရခိုင်ပြည်နယ်ကို သြရိသ နယ်များပါဝင်သော ကောကီ ( KAW KY) များတွင်ဖေါ်ပြထားသည်။

ရခိုင်လူမျိုးများ ဆင်းသက်ဝင်ရောက်လာခြင်း

ရခိုင်ပြည်တွင်းထဲသို့ ရှေးအကျဆုံး ၀င်ရောက်လာသော လူမျိုးများမှာ သားစိမ်းစား၊ အသား မဲပုကွကွ

နီဂရိုး (NEGRIOS) လူမျိုးများဖြစ်ကြသည်ဟု ဆိုကြည်သည်။ ရခိုင်သမိုင်းများ၌ ၄င်းတို့ အား ရက္ခိုက်

ဘီလူးဟုခေါ်စမှတ်ပြုကြသည်။ ၄င်းတို့ သည်ကျောက်ခေတ်နှောင်းလူမျိုးများဖြစ်ဖွယ်ရာ ရှိသည်ဟု ရခိုင်သ

မိုင်းပညာရှင်များက ဆိုကြသည်။ ထိုလူမျိုးများနောက်ပိုင်းတွင် ရခိုင်၊ ရခိုင်လူမျိုး နွယ်စုများဖြစ်ကြသည့် မြို ၊

သက်၊ ခမီ၊ ဒိုင်းနက် စသောလူမျိုးများ သည်မြောက်အရပ်မှရေကြည်ရာ မြက်နုရာ အရပ်ဒေသများကို ရှာဖွေရင်း

လမ်းကြောင်းအသွယ်သွယ်မှ ရခိုင်ပြည်ထဲသို့ ဝင်ရောက် နေထိုင် လာခဲ့ကြပေသည်။

New Historical Journal &cdkifordkif;opf*sme,f ၆


&cdkif ordkif;

အာရီယန် အနွယ်ဝင်ဖြစ်နှိုင်ဖွယ်ရှိသော လူမျိုးတို့ သည်ကော့ကဲရှတောင်ခြေအရှေ့ တောင် ဘက် အိန္ဒိယ

မိဇ္ဈိမဒေသ၏မြောက်ဘက်အစွန်း ပါမီယန်ကုန်းမြင့်မှ ဆင်းသက်လာကြပြီးဗြဟ္မပုတ္တရ စသောတောင်ကြားမြစ်ချေ

ာင်းများအတိုင်းဆက်ကာဆက်ကာဆင်းလာကြာရာရခိုင်ပြည်သို့ ရောက် လာကြဟန်ရှိသည်။ တချိန်းတည်းမှာပင်

အိန္ဒိယမိဇ္ဈိမဒေသအရှေ့ မြောက်ပိုင်း မာဂဓ အာသံစသော ဒေသများတွင်ရောက်ရှိကြပြီးဖြစ်သော မွန်ဂိုလီယံ

( MONGALIAN) အနွယ်ဝင်လူမျိုးတို့ သည်လည်း ဟိမ၀န္တာတောင်စွယ်ကြီးတခုဖြစ်သောရခိုင်ရိုးမတောင်တန်းတ

လျှောက်တောင်ဘက်သို့  ဆင်းလာ ကြရာမှ ရခိုင်ပြည်တွင်အခြေချနေထိုင်လာခဲ့ ကြပေသည်။

ထို့ ကြောင့် ရခိုင်ပြည်တွင်ရှေးဦးရောက်ရှိနေကြပြီဖြစ်သော အာရီယန် လူမျိုးများနှင့် မွန်ဂို လီယန်

လူမျိုးအချို့ ရောနှော ဆက်စပ်မှု ရှိသလောဟု သမိုင်းသုတေသီ အချို့ က ယူဆကြသည်။ ရခိုင်ပြည်သို့ 


ရှေးဦးရောက်ရှိနေကြသော လူတို့ သည် မည်သည့်အချိန်ကပင် စတင် ရောက်လာ ကြပြီး မည်သည့်လူမျိုးများ

နှင့်သွေးနှောကြသနည်း။ အာရှတိုက်ရှိ အဓိက လူမျိုးစုကြီးဖြစ်သည့် အာရီယန် နှင့် မွန်ဂိုလွိုက် လူမျိုးတို့ 

သည် နှစ်ပေါင်းများစွာက အတူတကွနေထိုင်ခဲ့ကြသည်ဖြစ်၍ တမျိုးနှင့်တမျိုးသွေးနှောခဲ့ကြပေလိမ့်မည်။

အာရီယံလူမျိုးတို့ သည် အိန္ဒိယပြည်မြောက်ပိုင်းသို့  ဘီစီ ၃၀၀၀ သို့ မဟုတ် ထိုထက်ရှေးကျသောခေတ်ကာလ

ကပင် ၀င်ရောက်ခဲ့ကြလိမ့်မည်ဟု ခန့်  မှန်းကြသည်။ အာရီယန်တို့ သည် ဂင်္ဂါ မြစ်ဝှန်းဒေသ ဘင်္ဂလားနယ်ထိ

ပြန့် နှံ့ စွာနေထိုင်ခဲ့ကြသည်။ မွန်ဂိုလွိုက်လူမျိုးများသည် အာရီယန် လူမျိုးတို့ ဝင်ရောက်လာပြီးနောက်ပိုင်းတွင်

ဟိမ၀န္တာတောင် တန်းတောင်ဘက်ဒေသ ကမ္မရူပဒေသ အာသံနယ် မာဂဓတိုင်း ဂင်္ဂါမြစ်ဝှန်းဒေသ ဘင်္ဂလားဒေသ

များသို့ မွန်ဂို ကုန်းမြင့်ဒေသမှ ၀င်ရောက်ခဲ့ကြသည်။

ထို့ ကဲ့သို့ ရှိနှင့်ပြီးသော အာရီယန်များနှင့် မွန်ဂိုလွိုက်များသည်ရခိုင်ပြည်တွင်းသို့  သွီးချင်းနှောပြီးမှ

ဝင်ရောက်လာသည်။ ရခိုင်ပြည်တွင်းသို့ ရောက်မှသာသွေးနှောကြသည်ဟူသော အကြောင်းကို တိကျစွာ

ယူဆရန်မှာ ခဲယဉ်းမည်ဖြစ်ပါသည်။ ယဉ်ကျေးမှုအရ ကြည့်ကြမည်ဆိုပါက ထိုအချိန်က အာရီယန်

ယဉ်ကျေးမှုသည် မွန်ဂိုလွိုက်.ယဉ်ကျေးမှုထက် အဆင့်အတန်းမြင့်မားသာလွန်နေသည်။ ထို့ကြောင့်

မွန်ဂိုလွိုက်များသည် အာရီယန် လူမျိုးများး၏ ယဉ်ကျေးမှုကို လက်ခံခဲ့ကြပုံရှိသည်။ ရခိုင်လူမျိုးတို့ ၏ရှေးဟောင်း

ယဉ်ကျေးမှုတွင် အာရီယန်တို့ ဦးဆောင်ပြုသော ဟိန္ဒူယဉ်ကျေးမှုနှင့် သက္ကဋယဉ်ကျေးမှုများ စိမ့်ဝင်ပျံ့ နှံ့ 

လာသည်ကိုတွေ့ ရှိရပါသည်။ အလွန်ရှေးကျသော ရခိုင်သက္ကဋကျောက်စာများကို ရခိုင်ပြည်ထဲတွင်တွေ့ ရှိရသဖြင့်

လည်းကောင်း၊အာရီယန်တို့ ၏ယဉ်ကျေးမှုသည် ရခိုင်ပြည်ရခိုင်လူမျိုး၊ ရခိုင်လူမျိုးအဖွဲ့ အစည်းကို သြဇာလွှမ်းမိုးခဲ့

သည်ဟုယူဆရန်ရှိပါသည်။

New Historical Journal &cdkifordkif;opf*sme,f ၇


&cdkif ordkif;

ရခိုင်

ရခိုင်လူမျိုးတို့ သည်ရှေးနှစ်ရာစုပေါင်းများစွာကပင် ရခိုင်ပြည်သို့ ဝင်ရောက်လာကြပြီး အခြေချနေထိုင်

လာခဲ့ကြပေသည်။ရှေးဦးဝင်ရောက်လာကြသူများသည် သားစိမ်းစား၊ ငါးစိမ်းစား လူရိုင်းတမျိုး ဤဒေသ၌

ရှိနှင့်သည်ကိုတွေ့ ရသည်။ သူတို့ နှင့် မကြာခဏတွေ့ ဆုံတိုက်ခိုက်ကြသည်။ ထိုလူရိုင်းတို့ ကို ရက္ခိသျှ (RAK-

SHASAS) ဟုခေါ်ကြသည်။ ယင်းမှ ရက္ခိုက်၊ ရက္ခိုင်၊ ရခိုင်ဟူ၍ပြောင်းရွေ့ လာကြောင်း အဆိုရှိလေသည်။

ဆိုလိုရင်းအဓိပ္ပါယ်မှာ ရက္ခိုက်တို့ ကိုတွေ့ ရသောဒေသနေရာဟူ ဆိုသော သဘောပင်ဖြစ်သည်။ မူလ ပထမရှေးဦး


ရက္ခိုက်တို့ ကိုတွေ့ ရသောဒေသနေရာဟုဆိုသောသဘောပင်ဖြစ်ဟန်တူသည်။ မူလရှေးဦး ရက္ခိုက်တို့ ကိုအောင်

မြင်စွာနှိမ်နှင်းပြီးနောက် မျိုးဇာတိကိုစောင့်ရှောက်တက်သူများဖြစ်ကြခြင်းကြောင့်မိမိတို့ ကိုယ်ကို ရခိုင်ဟူသော

အမည်ကို ခံယူကြောင်း ဆိုကြသည်ဟုရှေးဟောင်းရခိုင်သမိုင်းရာဇ၀င်တို့ ၌ပြဆိုထားသည်။ ရာဇ၀င် အလင်္ကာ

တွင်တောတောင်မှီခို၊အလဇ္ဇီဘီလူး၊ လူစားကြူးကို၊ ဂုဏ်ထူးအာဏာ၊ ဘုန်းမိုးဖြာ၍၊ လိုရာအောင်မြင်၊အောင်

မြို့ဝင်၍၊ခေါ်တွင်ရက္ခိုင်၊ ခုတိုင်မပျက်၊မော်ကွန်းထွက်သည် ဟူ၍တွေ့ ရသည်။ဖေါ်ပြပါ အလင်္ကာအရ ဘီလူး

(ကျောက်ခေတ်နှောင်းပိုင်းလူများကို ဆိုဟန်တူပါသည်) ရန်ကိုအောင်မြင်ပြီးနောက်ရှေးဦးရက္ခိုက်လူမျိုးတို့

သည်မြင့်မြတ်သော အမျိုးအနွယ်အဖြစ်ခံယူကြသည်။မြို့ ပြနိုင်ငံထူထောင်ပြီး၊ အမျိုးအနွယ်ကိုစောင့် ရှောက် ကြ

သည်။ ထိုသို့ ဇာတိမျိုးရိုးကိုစောင့်ရှောက်တက်သူများဖြစ်သောကြောင်းရက္ခိုင် ဟူ၍ခံယူကြသည်။

ရခိုင်ပြည်ကို ရှေးကျသောခေတ်များကပင် အာရက္ခဒေသဟူ၍ခေါ်တွင်ကြောင်းရခိုင်ပြည်မြောက်ပိုင်းမြောက်ဥမြို့ 

ရန်အောင်ဇေယျ သျှစ်သောင်းပုထိုးတော်ကြီးတက်လမ်းလက်ဝဲဘက်တွင်စိုက်ထူထားသောအာနန္တစန္ဒြားကျောက်

စာတိုင်တွင်ရေးထိုးထားသည်။ ရက္ခပူရဟူ၍လည်းခေါ်သည်။ အာရကန်ဟူသောအမည်သည်လည်း အာရက္ခဒေသ

မှပြောင်းလဲလာသောအမည်ဖြစ်ဖွယ်ရှိလေသည်။ အထူးသဖြင့်အနောက်ဥရောပနိုင်ငံများက ရခိုင်ပြည်ကို အာရကံ

ဟူခေါ်ကြ၍ အာရကန်ဒေသတွင်နေထိုင်ကြသော ရခိုင်လူမျိုးများကို လည်း အာရကန်နီးဟုခေါ်ကြသည်။

ရခိုင်လူမျိုးတို့ သည် ပင်ကို သဘောသဘာဝအားဖြင့် စိတ်သဘောထားကောင်းကြသည်။ ပွင့်လန်းစွာ

ရှင်းရှင်းလန်းလန်းပြောတက်ကြသည်။ မျိုးရိုးသန့် စင်မှုကို အထူးနှစ်သက်ကြသည်။ သွေးရောနှောမှုကို

မလိုလားကြချေ။ မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာကိုစောင့်ထိမ်းကြသည်။ ဗုဒ္ဓဘာသာကိုရှေးဦးကပင်ကိုးကွယ်

ကိုင်းရှိင်းလာကြသည်။ထို့ ကြောင့်ရခိုင်လူမျိုးတို့ အမျိုးစောင့်သောလူမျိုး၊ သီလစောင့်သောလူမျိုးအဖြစ်ထင်ရှားပါ

သည်။

New Historical Journal &cdkifordkif;opf*sme,f 8


&cdkif ordkif;

သို့ ဖြစ်၍ ရခိုင်စာဆိုရှင် ရှင်နာဂိန္ဒမော်ကွန်းတွင် “အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊

စောင့်စွမ်းနှိုင်သည်၊ ရခိုင်နာမ ၊ ဘွဲ့ မည်လှဖြင့်၊ အနွတ္တသညာ၊ခေါ်အပ်ရာတည်း “ ဟုရေးသား မှတ်တမ်းတင်ထား

ရှိသည်ကိုတွေ့ ရှိရပါသည်။

ဗုဒ္ဓ၀င်အလင်္ကာ၌လည်း “ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊

ကြိုးသည့်လုံ့ လ၊ မြတ်စာဂနန့်  နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။“

ဟုရေးသားဖေါ်ကျူးထားသည်။

ရက္ခိုင်ဟူသောအမည်မှာပါဠိ (ရက္ခ)မှဆင်းသက်လာခြင်းဖြစ်သည်။ စောင့်ရှောက်ခြင်းဟူ၍

အဓိပ္ပါယ်ရသည်။ သို့ ဖြစ်ပါ၍ ရက္ခိုင် (ရခိုင်)ဟူသော အမည်နှင့်ပါတ်သတ်၍ သမိုင်းပညာရှင်များ


တင်ပြထားသည်ကို ဖေါ်ပြအပ်ပါသည်။

သုတေသီ (K.S Latourette ) ကအိန္ဒိယမြောက်ပိုင်း ဒေသတလျှောက်၌ဒြာဗီဒီယံလူမျိုးတို့ နေထိုင်

လာခဲ့ကြရာ အင်ဒို အာရီယန်လူမျိုးတို့ ဝင်ရောက်လာခဲ့ သောအခါတွင် အမျိုးရောယှက်မှု ရှိလာ၏။ ယင်းကြောင့်

အာရ်ယိုဒြာဗီဒီယံ (Aryo-Davidian) အုပ်စု၊ မွန်ဂိုလို ဒြာဗီဒီယံ (Mongolo-Davidian) အုပ်စု၊ မွန်ဂိုလွိုက်(Mon-

goloid)အုပ်စုဟူ၍ လူမျိုးအုပ်စုများ ဖြစ်ပေါ်ခဲ့ပေသည်ဟု အမျိုးရောယှက်မှုရှိလာကြောင်းရေးသားထား

သည် ကို တွေ့ ရသည်။ သို့ ဖြင့် ရက္ခိုင်ရှေးဦးလူတို့ သည် တမျိုးနှင့်တမျိုး ရောယှက်မှုရှိခဲ့ ၊ မရှိခဲ့ ဆိုသည်မှာ

စဉ်းစားစရာဖြစ်လေသည်။ သို့ သော် အလွန်ရှေးကျသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများ

အရ ဟိန္ဒူနှင့် သက္ကဋ ယဉ်ကျေးမှုများ အထောက်အထားကိုသာ တွေ့ ရရာ လူမျိုးရောယှက်မှု မရှိဘဲ

အာရီယံသွေးစစ်စစ် ဟုလည်း ဆိုနှိုင်စရာရှိပါသည်။ ရခိုင်၏အဓိပ္ပါယ်သည် အမျိုးသီလ နှစ်ဌါနကို

စောင့်ရှောက်သည်ဟုလည်း ဆိုထားပါသည်။

သုတေသီ ဒေါက်တာ ဖော်ချမ်းမာက သူ၏ အာရကံ စာအုပ်တွင် ပါးတော်ရွာ ကျောက်တောင်မှတွေ့ 


ရသော တကြောင်းဆွဲ ကျောက်ထွင်းပန်းချီ လက်ရာ (၈)ပုံဖြင့် ရှေးဦးရခိုင်လူမျိုးတို့ သည် လူမျိုးရောယှက်မှု

မရှိကြကြောင်း လူစိမ်းများကို ဒေသခံတို့ က လိုက်ထုတ်ပုံ၊ သရုပ်ဖေါ်ပြချက်ဖြင့် မှတ်တမ်းတင်ခဲ့ ပါသည်။

သုတေသီ ( G.E Havey) က သူတို့ တွေ့ ရသော ဒြာဗီဒီယမ်တို့ ကို စက်ဆုတ်ခြင်းကြောင်း ရက်သျှဆ

(Raksas) တနည်းအားဖြင့် ဘီလူး (Demons) ဟူ၍ခေါ်ကြ၏။ ဟုဆိုထားပြန်သဖြင့် ရခိုင်သမိုင်းတွင် ရှေးဦးလူ

တို့ သည် ရှိနှင်းပြီးသော ဘီလူးရန်ကို တွန်းလှန်ခဲ့ ကြရ၏ဟု ဆိုထားချက်တို့ မှာ တူညီမှုရှိသည်ဟု ဆိုရပေမည်။

သားစာကြူး ဘီလူးဆိုသည်မှာ ဒြာဗီဒီယံ တို့ ကို ဆိုလိုဟန်တူပေသည်။ သို့ မဟုတ် ကျောက်ခေတ်နှောင်းပိုင်း

လူတို့ ကို ဆိုလိုဟန်တူသည်။ ရခိုင်ကျောက်ခေတ် ရှိခဲ့ ကြောင်းကို ရခိုင်မှရသည့် ကျောက်လက်နက်ပစ္စည်းများက

New Historical Journal &cdkifordkif;opf*sme,f ၉


&cdkif ordkif;

သက်သေခံလျှက်ရှိသည်။

ရခိုင်ဟူသော အမည် ရှေးရခိုင်သမိုင်းကို မှတ်တမ်းတင်သော အချိန်ကာလပင်ရှိနှင်းနေပြီးသော

အမည်ဖြစ်သည်။ ရက္ခပူရ အမည်သည်လည်း ရက္ခိုင်သမိုင်း ခေတ်ဦးပိုင်းအမည်ဖြစ်သည်။

အခန်း (၂)

ရခိုင်ဘုရင့်နိုင်ငံတော်၌ ပထမဆုံးမြို့ ပြနိုင်ငံ

၁။ ဒွါရာဝတီ (သံတွဲ)

ရခိုင်ပြည်၌ ပထမဆုံးပေါ်ပေါက်လာခဲ့သော မြို့ ပြနိုင်ငံမှာ ဒွါရာဝတီ၊ ယခုအခေါ် သံတွဲမြို့ ဖြစ်သည်။

ဤမြို့ သည် ထူးဆန်းသောမြို့ တမြို့ လည်းဖြစ်သည်။ ဤမြို့ နှင့်ပါတ်သတ်၍ အိန္ဒိယပြည် အသိတဉ္စနမြို့စား

ဥပသကာရမင်းသားနှင့် ဒေ၀ဂဗ္ဘာမင်းသမီးတို့ ၏ ၀ါသုဒေ၀၊ ဗလဒေ၀ စသော သားဆယ်ယောက်တို့ အကြောင်း

အရာ အကျဉ်းကို ဖေါ်ပြရမည်ဖြစ်ပါသည်။

ရခိုင်ရာဇ၀င်ကျမ်းများ အစောင်စောင်၌ရခိုင်ရှေးဦးလူမျိုးတို့ သည် အိန္ဒိယပြည် မဇ္ဈိမဒေသ မာဂဓတိုင်းမှ

ရခိုင်ပြည်သို့ ဝင်ရောက်လာကြသော လူများဟု ရေးသားဖေါ်ပြကြသည်။

မဇ္ဈိမဒေသ မြောက်ပိုင်း ဥတ္တရာပထ တိုင်း ( Uttarapada) တွင် ဗုဒ္ဓရှင်တော် ဂေါတမ မြတ်စွာ

ဘုရား ပွင့်တော်မမူမည် နှစ်ရာစုပေါင်းများစွာက အသိတဉ္စနအမည်ရှိသော (Asitinjana) မြို့ တော်၌

မဟာကံသအမည်ရှိသော မင်းကြီးသည် စိုးစံအုပ်ချုပ် မင်းပြုတော်မူ၏။ ထိုမဟာကံသ မင်းကြီးတွင် ကံသ၊

ဥပကံသ ( Kansa and Uppakansa) ဟူသော သားနှစ်ယောက် ရှိကုန်၏။ ဒေ၀ဂဗ္ဘာ ဟူသော

( Devagamba) ဟူသော သမီးတော် တယောက်လည်း ရှိ၏။ ထိုဒေ၀ဂဗ္ဘာမင်းသမီးကို ဖွါးမြင်သောနေ့  ၌ပင်

နိမိတ်ဖတ်တက်သော ဗေဒင်ပညာရှိ ပုဏ္ဏား တော်တို့ က နိမိတ်ဗေဒင် ဖတ်ကြ၊ တွက်ကြသည်မှာ ဤ

ဒေ၀ဂဗ္ဘာမင်းသမီး ၀မ်းတွင်းဖြစ်လတ္တံသော သား တကျိပ်တို့ သည် မဟာကံသ အနွယ်တော်များအား

ဖျက်ဆီးပစ်ကြလိမ့်မည်ဟု မဟာကံသ မင်းကြီးအား ဟောကြားလျှောက်တင်ကြလေသည်။ မဟာကံသ

New Historical Journal &cdkifordkif;opf*sme,f ၁၀


&cdkif ordkif;

မင်းကြီးသည် ပြန်းပြစွာ ချစ်ခြင်းကြောင်း သမီးတော်ကို ကွပ်မျစ်ဘဲထားခဲ့လေသည်။ မဟာကံသ မင်းလည်း

သားတော်တို့ ကို မပြောကြားခဲ့ဘဲ နတ်ရွာလားလေသည်။

ခမည်းတော် မဟာကံသမင်းကြီးနတ်ရွာလားလျှင် သားတော်ကြီး ကံသ သည် မင်းပြု၍နိုင်ငံကို

အုပ်ချုပ်လေသည်။ ညီတော် ဥပကံသအား အိမ်ရှေ့ အရာ အပ်နှင်းထားလေသည်။ နှမတော် ဒေ၀ဂဗ္ဘာမင်းသမီး

အရွယ်ရောက်လာသောအခါ သားတော်ကြီး ကံသမင်းကြီးသည် ညီတော်အိမ်ရှေ့ မင်း ဥပကံသာနှင့် တိုင်ပင်၍

နှမတော်အား ထိမ်းမြားခြင်း မပြုရလေအောင် တပင်တိုင် နန်း ပြသာဒ်ဆောက်လုပ်၍ သီးခြားထားလေသည်။

ထိုစဉ် ဥတ္တရပထတိုင်း မဓုရ (Madhura) မည်သောပြည်မှ အိမ်ရှေ့ မင်း သား ဥပသာဂရ ( Uppasagara)

သည် မိမိတိုင်းပြည်တွင် နန်းတွင်း အရေးအခင်းကြောင့် အသိတဉ္စနမြို့ အိမ်ရှေ့ စံ ဥပကံသမင်းထံ ခိုလှုံလာသည်။

ကံသမင်းကြီးနှင့် ဥပသကာရမင်းသားမှာ တက္ကသီလာ( Texila) တက္ကသိုလ်တွင် ကျောင်းနေဘက် ဖြစ်ခဲ့ ဖူးသည်။


ညီတော် ဥပကံသသည် ဥပသကာရ မင်းသားအား နောင်တောင်ကံသမင်းကြီးထံသို့  ခေါ်ယူပြီး အကျိုးအကြောင်း

ပြောဆို လျှောက်ထားလေရာ ကံသမင်းကြီးသည် ညီတော် ဥပကံသ အိမ်ရှေ့ စံအား မှာကြားပြောဆို ၍

ဥပသကာရ မင်းသားကို စည်းစိမ် ချမ်းသာ ပေးပြီး ကောင်းစွာ လက်ခံထားလေသည်။

ထိုသို့ မင်းသား ဥပသကာရသည် ကံသာမင်းကြီးအား ခစားရန်သွားစဉ် မင်းသမီး ဒေ၀ဂဗ္ဘာကို

မြင်တွေ့ သည်မှစ၍ ချစ်ကြိုက်လေသည်။ ဥပသကာရ မင်းသားသည် တပင်တိုင်စံ ဒေ၀ဂဗ္ဘာ မင်းသမီးကို

စောင့်ရှောက်နေရသော အထိန်းတော် နန္ဒိဂေါပါလ ၏အကူအညီကို ရယူ၍ ဒေ၀ဂဗ္ဘာ မင်းသမီးနှင့်

ချစ်ကျွန်းဝင်ကာ တိတ်တဆိတ် ပျော်ပါးလျှက်ရှိကြလေသည်။ ကြာလတ်သော် ဒေ၀ဂဗ္ဘာမင်းသမီး ၌

ကိုယ်ဝန်ရရှိသည်ဖြစ်၍ နောင်တော်တို့ သိရှိပြီး စစ်ဆေးမေးမြန်းရာ အထိန်းတော် နန္ဒိဂေါပါလ က

ဝေးစွာသောအရပ်မှ ဥပသကာရ မင်းသား သွားလာသည်ကို နှမတော်ကြည့်၍ပြုံးသည်ကို မြင်မိပါသည်ဟု

လျှောက်လေလျှင် ဥပသကာရ မင်းသားသည် တက္ကသိုလ် ဆရာထံ ၌ သင်ကြားဖူးသော အတက်တို့ သည်

ငါတို့ ကဲ့သို့ တက်လေသောကြောင့် သိမ်မွေ့ သော မန္တာန်ဖြင့်ပြီးသည်မှန်သည်။ထို့ ကြောင့် နှမတော်နှင့်

သင့်မြတ်လိမ့်မည်ဟု ငါထင်သည် ။ မိန့် တော်မူလျှင် ညီတော်အိမ်ရှေ့ မင်း ဥပကံသာ အစရှိသော

အမတ်အပေါင်းတို့ ကို ခေါ်ာူ၍ တိုင်ပင်ကြလေ၏။ အမတ်အပေါင်းတို့ သည် အရှင်မင်းကြီး ဥပသကာရ မင်းသား

နှမတော် ဒေ၀ဂဗ္ဘာ၊ နန္ဒိဂေါပါလ အထိန်းတော်တို့ ကို ကွက်မျက်တော်မူသင့်သည် ဟု လျှောက်ထားကြကုန်သည်။

ကံသ မင်းကြီးသည်လည်း ဤသို့ မိန့် တော်မူ၏။ ဥပသကာရ မင်းသားသည် ဥပါယ်မန္တာန် အတက်တို့ ကို ငါ့ကဲ့ 

သို့ သိမ့်မွေ့ စွာ တက်သောကြောင့် နှမတော် ဒေ၀ဂဗ္ဘာနှင့် အထိန်းတော် နန္ဒိ ဂေါပါလ တို့ မှာ အပြစ်ရှိမည် မထင်

လှည့်ဖျားသောသူသည်သာလျှင် အပြစ်ရှိမည်ဟု မိန့် တော်မူ၏။ မူးမတ်တို့ သည် ဥပသကာရ မင်းသားအား

New Historical Journal &cdkifordkif;opf*sme,f ၁၁


&cdkif ordkif;

ကွက်မျစ်အံ့ဟု ကြံကြကုန်၏။ ထိုအကြောင်းကို ကံသမင်းကြီး ကြားသိတော်မူလေလျှင် ဤသို့  မိန့် တော်မူ၏။

အပြစ်မယူအပ်သော သူတို့ ကား တကျိပ်နှစ်ယောက်ရှိ၏။ ထိုတကျိပ်နှစ်ယောက်ကား အမိ၊ အဖ၊ ဆရာ၊ အဖိုး၊

အဘောင်၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သံဃာ၊ သီလရှိသော ရသေ့၊ ပုဏ္ဏား၊ အစ်ကို အကြီး ဤတကျိပ်နှစ်

ယောက်သော သူတို့  ၌ အပြစ်ရှိသော်လည်း သည်းခံသဖြင့် အပြစ်ကို မယူအပ်။ ဤဥပသကာရ မင်းသားသည်

လည်း အသက်သေမည့်ဘေးကို ကြောက်၍ ငါတို့ ထံသို့ ပြေးဝင်ခိုလှုံလာသည်ကို ငါတို့ ကယ်ဆယ်ချီးမြှောက်

လက်ခံထားသဖြင့် အသက်စည်းစိမ်မပျက် ငါတို့ ကို မှီခို၍နေလာပေသောကြောင့် အတ္ထက္ခာယီခင်ပွန်းဖြစ်၏။

ဤသို့သောသူတိုကား ဘေးဒါဏ်ဥပါဒ် အသက်အန္တရာယ်စသော အကြောင်းဖြင့် ဖျက်စီးသတ်ဖြတ်ခြင်းကို

မပြုလုပ်အပ်ဟု ကံသမင်းကြီး မိန့် ကြားတော်မူလေသည်။

ကံသမင်းကြီးလည်း ဥပသကာရမင်းသားသည် တက္ကသိုလ်ဆရာထင်၌ပညာအတူတူ သင်ကြားဖူးသော

သူဖြစ်၍ ငါ့ကဲ့သို့ သိမ့်မွေ့ သော ဥပါယ်မန္တာန်ဖြင့် ငါ့ညီမတော်အား ဆွဲဆောင် လှဲ့ ဖြား နှိုင်ပေမည်ဟု ယူဆကာ
မတက်သာသည့် အဆုံး၌ လက်ထက်ထိမ်းမြားပေးလိုက်လေသည်။

ညီတော်ဥပကံသ အိမ်ရှေ့ မင်းသားသည် တရားတော်နှင့်အညီ ပြောဆိုသော နောင်တော်ကံသ မင်းကြီး

၏ စကားကို ကြားလေလျှင် မူးမတ်သေနာမတိ များအား ဤသို့ ပြောဆိုတော်မူ၏။ အရှင်တို့ သားယောင်္ကျား

မွေးမှသာ ငါတို့ ရန်သူ ဖြစ်ပေမည်။ သမီး မိန်းမ မွေးသော်ကား အဘယ်ရန်သူ ဖြစ်အံ့နည်း ဟုပြောဆိုပြီး

သားယောင်္ကျားမွေးခြင်း သမီး မိန်းမမွေးဖွားခြင်းကို သိကြစေဟု ပြောဆိုလေသည်။ ညီတော်၏ကိုယ်ဝန်အား

အမြဲမပြတ်စောင့်ကြည့်ရန် သူရဲလက်နက်ကိုင် အမြောက်အများ ချထားသည်။ နန္ဒိဂေါပါလနှင့် အဏ္ဍကဝေဏ္ဍ

ဟူသော ကျွန်လင်မယားတို့ ကိုလည်း အကျိုးတော်ဆောင် အတွင်း သူလျှိုအဖြစ် အစောင့်ထားလေသည်။

ဒေ၀ဂဗ္ဘာမင်းသမီးလည်း ဆယ်လစေ့လျှင် သမီးတော်တပါးဖွားမြင်ရာ ဥဒုမ္ဗရဒေ၀ီဟုမှည့်သည်။

အစောင့်ထားသူတို့ လည်း သမီးတော်မွေးဖွားကြောင်း နောင်တော် ကံသမင်းကြီးထံ ယူ၍ပြကြလေသည်။

တဖန် ဒေ၀ဂဗ္ဘာမင်းသမီးသည် ကိုယ်ဝန်တည်လာပြန်ရာ ကံအားလျှော်စွာ အထိန်းတော် နန္ဒိဂါပါလ တွင်လည်း

ကိုယ်ဝန်တည်လတ်၍ တနေ့ တည်း တရက်တည်း တချိန်တည်း မွေးဖွားကြလေသည်။ မင်းသမီးတွင် သား

ယောင်္ကျားဖွားမြင်၍ အထိန်းတော်တွင် သမီးဖွားမြင်ရာ လျှို့ ဝှက်စွာ လှဲလည်ထားကြသည်။ ဤနည်းဖြင့်

ဒေ၀ဂဗ္ဘာမင်းသမီး၏ သားတကျိပ်ကို နန္ဒိဂါပါလ သမီးတကျိပ်နှင့် လှဲထားလေ၏။ထိုတကျိပ်သော မင်းသားတို့ 

၏ အမည်မှာ ၀ါသုဒေ၀၊ ဗလဒေ၀၊ စန္ဒဒေ၀၊ သူရိယဒေ၀၊ အဂွိဒေ၀၊ ၀ရုဏဒေ၀၊ အဇ္ဇုဒေန၊ သဇ္ဇန၊ ဃတပဏ္ဍိတ၊

အင်္ကုရ တို့ ဖြစ်၍ နောက်ဆုံး မွေးဖွားသော သမီးတော်၏ အမည်မှာ အဉ္စနဒေ၀ီဖြစ်သည်။ သမီးတော်ကြီး

(ဥဒုမ္ဗရဒေ၀ီ)ကွယ်လွန်ခဲ့သည်။ ထိုတကျိပ်သော ညီနောင်တို့ သည် စွမ်းအားပြည့်စုံ၍ ခက်ထန်ကြမ်းတမ်းသည်။

နောက်ဆုံးတွင် ဦးရီးတော်တို့ အား နန်းမှချ၍ မယ်တော် ခမည်းတော် တို့ အား နန်းတင်သည်။

New Historical Journal &cdkifordkif;opf*sme,f ၁၂


&cdkif ordkif;

ဇဗ္ဗူဒိပ်ကျွန်းအားလုံးကို အစိုးရသော မင်းအဖြစ်ကို ခံယူအံ့ဟူ၍ အဆိုပါ ဒသဘာတိက ညီနောင်တကျိပ်တို့ သည်

အစိုင်အတိုင်းထွက်ခွါလာရာ ဒွါရာဝတီခေါ်သံတွဲမြို့ သို့ ရောက်သည်။

ဒွါရာဝတီ (သံတွဲ)

ဝါသုဒေ၀၊ ဗလဒေ၀ ညီနောင်တကျိပ်တို့ သည်၊ ဆင်ခေါင်းအရပ်တွင်တပ်စွဲ၍စစ်ပူးသည်။ ဒွါရာဝတီမြို့ ၏

တမျက်နှာကား၊ သမုဒ္ဒရာ၊ တမျက်နှာကား တောင်ရှိသည်။ ရခိုင်ရာဇ၀င်များအရ ဤသို့ တွေ့ ရသည်။ ထို့ မြို့ ကို

ဘီလူးစောင့်ရှောက်သည်။ရန်သာလာလျှင်မြည်း၏အသံမြည်၍ မြို့ တခုလုံးသည်လည်း ကောင်းကင်သို့ ပျံတက်

စေကာ သမုဒ္ဒရာထဲရှိ ကျွန်းတကျွန်းလုံး ကောင်းကင်သို့ ပျံတက်စေကာ သမုဒ္ဒရာထဲရှိကျွန်းတကျွန်းပေါ်တွင်တည်


၏။ (မာန်အောင်ကျွန်းဟုဆိုကြသည်)။ ရန်သူတို့ ပြန်သွားပြီးမှ မူလနေရာ၌ပြန်တည်သည်။ ဤနည်းဖြင့် ၀ါသုဒေဝ

ညီနောင်တကျိပ်တို့ မြို့ ကိုသိမ်းခြင်းဌါမတက်နှိုင်ကြကုန်ဖြစ်၍ ကဏှဒီပါသန အမည်ရှိသော ရသေ့ထံသွားပြီး

အကူအညီတောင်းကြသည်။ ရသေ့က ကျုံးအပြင်အရပ်၌ တယောက်သော ဘီလူးမသည်မြည်းယောင်၍ရှိ၏။

ထိုမြည်းသည် ရန်သူလာလျှင်မြည်၏။ ထိုခဏ၌မြို့ သည် ပျံတက်သွားသည်။ သင်တို့ သည် မြည်း၏ခြေကို ကိုင်၍

တောင်းပန်လေဟုဆိုသည်။ မင်းညီနောင်တကျိပ်တို့ လည်း ရသေ့မှာသည့်အတိုင်း ကျုံးပြင်ရှိ မြည်း၏ခြေကို

ကိုင်၍ မြို့ ကိုသိမ်းယူသောအခါ မမြည်ပါရန် တောင်းပန်ကုန်၏။ ထိုအခါ မြည်းက ငါသည် မမြည်ဘဲမနေနှိုင်

သင်တို့ သည် ကြီးစွာသော သံချောင်းတို့ ကိုယူ၍ မြို့ တံခါ လေးမျက်နှာတို့ ကို သံကွင်း၊ သံကြိုးဖြင့်ချဉ်နှောင်ပြီး

သံတစို့ သွင်း၍ စွပ်လေဟု မှာထားလေသည်။ ဤနည်းဖြင့် ညီနောင်တကျိပ်တို့ သည် ဒွါရာဝတီမြို့ ကို သိမ်းယူပြီး

မင်းပြုသည်ဟုအဆိုရှိပေသည်။ အာကာမှာ ပျံဝဲ မြို့ သံတွဲ ဟူသောရှိ၏။

(ဘီစီ ၅၀၀၀)တွင် ဒွါရာဝတီမြို့ တော်ကို ၀ါသုဒေ၀၊ ဗလဒေ၀ စသော ညီနောင်တကျိပ်တို့ တည်ထောင်

သည်မဟုတ်ဘဲ သူတို့ မလာခင်ပင် မြို့ ရိုးတံခါး၊ ကျုံးတို့ ဖြင့် အခိုင်အခံ့ရှိပြီး နရိန္ဒဘုရင် အုပ်စိုးလျှက်ရှိသည်ဟု

သိရပေသည်။ သို့ ဖြစ်ရာ ရာဇ၀င်များ၏အလိုအရ အလွန်ရှေးကျသောမြို့ တော်ပင်ဖြစ်ပေသည်။ ရာဇ၀င်များတွင်

တွေ့ ရသော ဒွါရာဝတီ၏ ပထ၀ီအနေအထားနှင့် အဖြစ်အပျက် (ဥပမာ … ပင်လယ်ကမ်းခြေ၌ရေကစကားခြင်း)

အချို့ တို့ မှာ လက်ရှိသံတွဲမြို့ နှင့် အံဝင်ဂွင်ကျ သဘာဝကျလျှက်တွေ့ ရှိရသည်။

ဝါသုဒေ၀၊ ဗလဒေ၀ စသော ညီနောင်တကျိပ်တို့ သည် ဒွါရာဝတီအနီး သမုဒ္ဒရာအနား (ပင်လယ်ကမ်းခြေ)

သို့ သွား၍ ကြီးစွာသော ရေသဘင်ဖြင့် ရေသွားကစားကြစဉ် လက်ခြေထိပါးကြသည်ဖြစ်၍ အချင်းချင်း ခိုက်ရန်

ဖြစ်ပွါး သတ်ပုတ်ကြလေသည်။

New Historical Journal &cdkifordkif;opf*sme,f ၁၃


&cdkif ordkif;

ဝါသုဒေ၀၊ ဗလဒေ၀၊နှမတော်အဉ္စနဒေ၀ီနှင့် ဗြဟ္မသုန္ဒရ ပုရောဟိတ်မှတပါး အားလုံးသေကြ ပျက်စီးကြလေသည်။

ထိုအခါ ညီနောင် ၂ ပါး၊ နှမတော် အဉ္စနဒေ၀ီနှင် ပုရောဟိတ် ပုဏ္ဏား တို့ သည် ဒွါရ၀တီမှ ရခိုင်ပြည်နယ်မြောက်

ပိုင်းသို့ အစဉ်တစိုက် ထွက်ခွာလာခဲ့ကြသည်။ လမ်းခရီး၌ ဘီလူးတို့ ရန်ကြောင့်  ညီနောင် ၂ ပါး ကွယ်လွန်ခဲ့ 

ကြသည်။ ပုရောဟိတ် ပုဏ္ဏား နှင့် နှမတော် အဉ္စနဒေ၀ီ တို့ သည် မြောက်အရပ်သို့ အစဉ်အတိုင်းလာခဲ့ကြရာ

ဝေသာလီပြည်သို့ ရောက်ရှိလာသည်။ (ဘီလူးဆိုသည်မှာ ကျောက်ခေတ်နှောင်း သားစိမ်းစား၊ ငါးစိမ်းစား

လူရိုင်းတမျိုးကို ဆိုလိုဟန် ရှိလေသည်)။

၂။ ရှေးဦး ဝေသာလီခေတ်

ဗြဟ္မဏရာဇာ( ဘီစီ ၅၃၁၆ . ၅၂၇၇)

ပုရောဟိတ် ပုဏ္ဏားနှင့် အဉ္စနဒေ၀ီတို့ ဝေသာလီမြို့ သို့ ရောက်လာသောအခါ ဝေသာလီပြည်တွင်လည်း

မင်းကြီးကွယ်လွန်၍ ထီးလျှာနန်းစံထိုက်သော မင်းမျိုးမင်းနွယ် ပြတ်နေသည်နှင့် ကြုံသောကြောင့်၊ အမူးအမတ်

စသာ ပြည်သူအပေါင်းတို့ သည် မင်းလောင်းမင်းလျှာ ရှာလေသော် ပုရောဟိတ် ပုဏ္ဏား နှင့် အဉ္စနဒေ၀ီတို့ ကို

တွေ့ မြင်ကြလေလျှင်၊ ခြေလက်အင်္ဂါ၊ လက္ခဏာ သမ္ပတ္တိ နှင့်ပြည့်စုံသည်ကို မြင်ကြ၍ ပုဏ္ဏားတော်တို့ နှင့်တကွ

ပြည်သူအပေါင်းတို့ သည် ထီးဆောင်းနန်းလျှာပင်တည်းဟု ယုံကြည်ကြ၍ တောင်ယူကြပြီူလျှင် ဝေသာလီမြီး၌

ပုရောဟိတ် ပုဏ္ဏားနှင့် အဉ္စနဒေ၀ီတို့ ကို ထီးနန်းအပ်ကြကုန်၏။ ပုရောဟိတ်ပုဏ္ဏား လည်း ဗြဟ္မဏရာဇာ

ဟူသောဘွဲ့ ကို ခံယူပြီး၊ အဉ္စနဒေ၀ီကို မိဘုရားမြှောက်ကာ ဘိသိတ်ခံ၍၊ ဝေသာလီထီးနန်းကို စိုးစံအုပ်ချုပ်ကြ၍

တိုင်းပြည်၏အကျိုးစီးပွါးကို ဆောင်ရွက်လျှက်( ၃၉)နှစ်တိုင် ထီးနန်းစည်းစိမ်ခံစားပြီးမှ ဗြဟ္မဏရာဇာမင်းသည်

၅၂၇၇ ခုနှစ်တွင် နတ်ရွာစံတော်မူသည်။

မှတ်ချက် ဤမြို့ သည် ယခုမြောက်ဥမြို့ မြောက်ဘက် (၆)မိုင်ကွာ ရမ်းချောင်းအရှေ့ ဘက် ရန်းတောင်တန်း

ကို ကြောပတ်ပြီး၊ မြို့ ရိုး နှစ်ထပ်ဖြင့် တည်ဆောက်ထားသည်။ ဤမြို့ သည်လည်း ဗြဟ္မဏရာဇာမင်း မရောက်မီက

ပင် ရှိနှင့်သည်ဖြစ်၍အလွန်ရှေးကျလေသည်။

ဗြဟ္မဏရာဇာမင်း နတ်ရွာလားလျှင် သားတော် ဗြဟ္မသုန္ဒရမင်းသားသည် ရှေးအထက် ဝေသာလီမင်း

လွန်စဉ်က တနှစ် သမီးအရွယ်ကျန်ခဲ့သော သိရိန္ဒရ မင်းသမီးနှင့် ဘိသိက်သွင်း၍ ခမည်းတော်၏အရိပ်အရာဖြစ်

သော ဝေသာလီပြည်ကြီး စည်းစိမ်ကို စိုးမိုးအုပ်ချုပ် နန်းတက်လေ၏။ ထိုဗြဟ္မသုန္ဒရမင်းကား တိုင်းပြည်တိုးတက်

New Historical Journal &cdkifordkif;opf*sme,f ၁၄


&cdkif ordkif;

ကြီးပွါးတိုးတက်အောင် ဆောင်ရွက်တော်မူ၏။ ဒါန၊သီလတို့ နှင့်အလွန်မွေ့ လျှော်၏။ ကောင်းမြတ်ယဉ်ကျေးသော

စိတ်ရှိပြီး တိုင်းသူပြည်သားများအား ချစ်ခင်မြတ်နိုး၍ မိဘကဲ့သို့ ချီးမြှင့်ထောက်ပံ့၏။

ထိုဗြဟ္မဏရာဇာမင်းသည် ရှေးဝေသာလီမှပြောင်း၍ ဂစ္ဆပနဒီမြစ်၏အရှေ့ ဘက်ဖြစ်သောအရပ်၌ခခွေးသင်း

တောင်မြို့ သစ်တည်၏။ ရခိုင်ရာဇ၀င်သစ်အလိုအရ ဗြဟ္မဏရာဇာမင်း တည်ထောင်သည်ဟုဆိုလိုသည်။

ထိုငခွေးသင်းတောင်မြို့ ၌ကား ဗြဟ္မဏသုန္ဒရ၏သားစဉ်မြေးဆက် ၆ ဆက်သာနေခဲ့၍၊ နန်းစဉ်မပြတ်ဆက်ကာ

တည်ထောင်သောမြို့ တို့ သည်ကား ဂစ္ဆပနဒီမြစ်၏ အရှေ့ ဘက်၌ (၉၉) မြို့  ၊ ဂစ္ဆပနဒီ မြစ်၏အနောက်ဘက်

(၉၉)မြို့ ကို တည်ထောင်အုပ်ချုပ်ကြလေသည်။

ရာဇ၀င်ဟောင်း၏အဆိုအရ ဗြဟ္မဏ ပုရောဟိတ် သည် ဗြဟ္မဏရာဇာဟူသောဘွဲ့ အမည်ဖြင့် ကုသမင်း

သက္ကရာဇ် (၄၀၀၅) ခုနှစ်တွင်အုပ်ချုပ်၍ ထိုမင်း၏အနွယ်တော် (၂၆) ဆက်တို့ သည် နှစ်ပေါင်း (၁၉၉၀)နှစ်

တိုင်တိုင်၊ အုပ်စိုးခဲ့ကြသည်ဟုသိရပေသည်။ ၄င်းနောက်ပိုင်းမှ စတင်၍ ဓည၀တီမြို့ တည် မာရယုမင်းဆက်

စသည်။ (သုတေသီ ဆရာကြီး ဦးအောင်သာဦး)။

မြို့ တည် ရာဇ၀င်လင်္ကာ

“မဟာသမတ၊ မင်းကစ၍၊ သကျမျိုးစစ်၊ အဇ္ဇုနမင်း၊ သက်ဆင်းနွယ်လာ၊ မဟာသမတ၊ စသည်ခုတိုင်၊

ရခိုင်မော်ကွန်း တည်ထွန်းမပျက်၊ ကနက်ရိပ်ဖြူ၊ စံမှတ်ယူသည်၊ ထီးဖြူရွရွ၊ ပိုင်သတုံလျှင်း၊ မင်းပေါင်းပျော်ကြ၊

ဓည၀တီ၊ ဝေသာလီမြို့ ၊ အစို့ စို့ နောက်၊ မြောက်ဥတိုင်အောင်၊ စိုးဆောင်မနော၊ စောမွန်အစ၊ သမတအဆုံး၊

သိမ်းကျုံးစံစား၊ ရှည်လျှားမင်းဆက်၊ နွယ်မပျက်တည်း။“

ရခိုင်ဘုရင်နိုင်ငံတော်တွင်မြို့ ပြထီးနန်းကို တည်ထားခဲ့ရာ မဟာသမတမင်းမှ ဆင်းသက်လာခဲ့သော

သကျမျိုးစစ်မင်းများက စတင်ခဲ့ကြသည်ဆို၏။ ထိုမြို့ တို့ ဆိုလျှင် ရခိုင်ဘုရင်နိုင်ငံတော်တွင် ဂစ္ဆပနဒီ


(ကုလားတန်)မြစ်လက်ဝဲ၊ လက်ျာ နှစ်ဘက်ကမ်းကို မှီလျှက်တည်ရှိကြလေသည်။

ခတ္တိယမင်းများအဆက်မပြတ်ဘဲများစွာသော မြို့ ပြထီးနန်းများကို တည်ရှိကြောင်း သမိုင်းအရလည်း

ကောင်း၊ လက်တွေ့ သုတေသနအရလည်းကောင်း ထင်ရှားလေသည်။

ထို့ ကြောင့် ရခိုင်ရာဇ၀င်တွင် “ အသမ္ဘိန္န၊ ခတ္တိယဟု၊ ၀ါသုဒေ၀၊ မင်းကစ၍၊ ဂစ္ဆပနဒီ၊ မြစ်ကိုမှီလျှက်၊

လက်ဝဲလက်ျာ၊ များစွာမြို့ ပြည်၊ တည်ခဲ့ ပေမှ“ ဟုမှတ်တမ်းပြုခဲ့လေ၏။

New Historical Journal &cdkifordkif;opf*sme,f ၁၅


&cdkif ordkif;

ဒွါရာဝတီမြို့ 

ရခိုင်မြို့ များတွင်ရှေးဦးမြို့ များအနက် ဒွါရာဝတီနှင့် ဝေသာလီသည် အစောဆုံးဖြစ်သည်။ မြို့ တည်မင်းနှင့်

မြို့ ခုနှစ်သက္ကရာဇ်တို့ ကို အတိအကျမတွေ့ ရသေး။ သို့ သော် ဒွါရာဝတီမြို့ မှာ ၀ါသုဒေ၀၊ ဗလဒေ၀ စသော ဒဿ

ဘာတိက ညီနောင်တကျိပ်တို့ ၏လုပ်ကြံချက်ကြောင့် ပျက်စီးခဲ့ ရသည် ဟူ၍ကား သိရှိရသည်။

ရှေးဦးဝေသာလီခေတ်

ဤမြို့ ကို တည်ခဲ့ သော ခုနှစ်သက္ကရာဇ်ကိုလည်း မသိရချေ။ သို့ သော် မြို့ တည်မင်းကို မူ ဥပကံသမင်း

၏သားငယ် ၀ရမ္မာမင်းသားက တည်သည်ဟုလည်းကောင်း မဟာပညာကျော် လျှောက်ထုံးနိဂုံး၌ မုရာဂမင်း

တည်သည်ဟုလည်းကောင်း အသီးသီးပြဆိုထားကြောင်းတွေ့ ရသည်။ ထိုအဆိုအရ ဒွါရာဝတီနှင့် ခေတ်ပြိုင်

တည်ခဲ့ ရာ မြို့ ဟု ယူဆနှိုင်စရာ ရှိလေသည်။

ဒွါရာဝတီမှ ဗြဟ္မပုရောဟိတ်နှင့် အဉ္စနဒေ၀ီတို့ ရောက်လာကြစဉ် ဝေသာလီပြည်မှ မူးမတ်ပြည်သူ

ပြည်သားတို့ က တောင်းပန်လေ၍ ထီးနန်းကို အပ်ခဲ့ ကြလေသည်။

ထို့ ကြောင့် ဗြဟ္မဏရာဇာ အမည်ခံ၍ထီးနန်းကို စိုးစံခဲ့ ကြသည် ဆို၏။ထိုမင်းကား မရှည်ကြာခဲ့ဘဲ

မြို့ သစ်ကို ရွေ့ ပြောင်းတည်ထောင်သွားခဲ့ သည် ဆို၏။


သုတေသီ ချန်ထွန်းက ဗြဟ္မဏရာဇာမှ ဗြဟ္မသိဒ္ဓိမင်းထိ (၂၉)ဆက် ၊ နှစ်ပေါင်း (၁၉၉၀)

ဟုပြဆိုထားသည်။ မင်းကြီးကောင်း ရာဇ၀င် ပေ မူတွင် မင်းအမည် ဘွဲ့ ပါထင်ရှားစွာဖြင့် (၂၆)ဆက်

သာပြသော်လည်း နန်းသက်မှာ တူညီနေသည်။

ထိုမှတ်တမ်းတို့ အရ ဗြဟ္မဏရာဇာသည် ကုသမင်း သက္ကရာဇ် (အဉ္စနသက္ကရာဇ်လည်းခေါ်သည်) ၄၀၀၅

(ခရစ်တော် မပေါ်မီ ဘီစီ ၅၃၁၆) တွင် ဖြစ်ရာ ဗြဟ္မသိဒ္ဓိမင်းအထိ မင်း(၂၆)ဆက် တိုင်တိုင်ဆိုလျှင် အဉ္စနသက္ကရာဇ်

၅၉၉၅ (ဘီစီ ၃၃၂၆) ခုနှစ်၊ တိုင်အောင် ရှည်ကြာလေသည်။

(အဉ္စန ၄၀၀၅ - ၅၉၉၅ ၊ ဘီစီ ၅၃၆- ၃၃၂၆)နှစ်ပေါင်း (၁၉၉၀) နှစ်ဖြစ်လေ၏။ ရာဇ၀င်တို့ ၌

New Historical Journal &cdkifordkif;opf*sme,f ၁၆


&cdkif ordkif;

ဗြဟ္မဏရာဇာနောက် ဒုတိယဝေသာလီမင်းဆက်ကို တဖန် တည်ထောင်ခဲ့ ကြရာ သရဘန်မင်းမှ ဗြဟ္မသိဒ္ဓိမင်းထိ


(၁၆)ဆက်တိုင်ခဲ့ သည်ဟု ပြဆိုထား၏။

ဗြဟ္မသီရိ (ဘီစီ ၅၂၇၇- ၅၁၁၃)

ဗြဟ္မဏသုန္ဒရ မင်းကြီးသည် (ဘီစီ ၅၂၇၇)နှစ်တွင် နန်းတက်ပြီး နန်းစံ (၃၉)နှစ် ဘီစီ ၅၂၀၂ ခုနှစ်တွင်

နတ်ရွာစံတော်မူလေလျှင် သားတော် ဗြဟ္မသီရိသည် ဖခင်၏ အရိပ်အရာဖြစ်သော ထီးနန်းကို ဆက်ခံ၍ တိုင်းပြည်

တိုးတက်သာယာအောင် ထမ်းဆောင်ပြီးနောက် ထီးနန်းစံနှစ် (၈၉ ) ဘီစီ ၅၁၁၃ ခုနှစ်တွင် နတ်ရွာစံတော်

မူလေသည်။

ဗြဟ္မဏသာဝ (ဘီစီ ၅၁၁၃ - ၅၀၄၁)

ဖခမည်းတော် နတ်ရွာလားတော်မူပြီးလျှင် သားတော် ဗြဟ္မဏသာရသည် ခမည်းတော်၏ အရိပ်အရာ

ဖြစ်သော ရခိုင်ထီးနန်းကို ဘီစီ ၅၁၁၃ တွင် စိုးစံအုပ်ချုပ်တော်မူလေသည်။ နိုင်ငံတော် တိုးတက်ရေးနှင့်အေးချမ်း

သာယာအောင် ပြုလုပ်ပြီးနောက် နန်းစံ (၇၂) နှစ် ဘီစီ ၅၀၁၄ ခုနှစ်တွင် နတ်ရွာစံတော်မူလေသည်။

ဗြဟ္မဏသာဂရ (ဘီစီ ၅၀၄၁ - ၄၉၃၇)

ဖခမည်းတော် နတ်ရွာစံလွန်တော်မူပြီးလျှင် သားတော် ဗြဟ္မဏသာဂရ သည် ဖခမည်းတော်၏

အရိပ်အရာဖြစ်သော ရခိုင်ထီးနန်းကို စိုးအုပ်တော်မူလျှက် ရခိုင်ပြည်သူ ပြည်သားများအပေါ် မင်းကျင့်တရား

(၁၀)ပါးနှင့်အညီ အုပ်ချုပ်၍ နန်းစံ (၁၀၄)နှစ် ဘီစီ ၄၉၃၇ တွင် နတ်ရွာစံတော်မူလေသည်။ ဤဗြဟ္မဏသာဂရ

မင်းသည်ကား သက်တော်ရှည် ရခိုင်ဘုရင်တပါး ဖြစ်လေသည်။

New Historical Journal &cdkifordkif;opf*sme,f ၁၇


&cdkif ordkif;

ဗြဟ္မနေတု (ဘီစီ ၄၉၃၇ -၄၈၇၇)

ခမည်းတော် (ဘီစီ ၄၉၇၇)တွင်နတ်ရွာစံလွန်တော်မူပြီးနောက်၊ သားတော် ဗြဟ္မနေတုသည် ဖခမည်း

တော်၏အရိပ်အရာဖြစ်သော ရခိုင်ထီးနန်းကို ဘီစီ ၄၉၇၃ ခုနှစ်တွင် ဘိသိက်ခံ၍နန်းတက်တော်မူ၏။ ထိုဗြဟ္မနေတု

မင်းသည် ရခိုင်ပြည်သူ ပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်တော်မူလျှက် နန်းစံနှစ်(၆၀) ပြည့်ပြီး ဘီစီ

၄၈၇၇ ခုနှစ်တွင်နတ်ရွာစံတော်မူလေသည်။

ဗြဟ္မအဏ (၄၈၇၇ - ၄၈၀၁)

ဖခမည်းတော် နတ်ရွာစံပြီးလျှင်၊ သားတော် အိမ်ရှေ့ မင်းသားသည် ဘီစီ ၄၈၇၇ ခုနှစ်တွင် ဘိသိက်ခံယူ

တော်မူပြီး နန်းတက်လာခဲ့သည်။ တိုင်းသူပြည်သားတို့ အား ဂရုဏာတရားရှေ့ ထား၍ အုပ်ချုပ်လျှက် နန်းစံနှစ်

(၇၆) နှစ်ပြည့်ပြီးလျှင် ဘီစီ ၄၈၀၁ တွင် နတ်ရွာစံတော်မူသည်။

ဗြဟ္မပုရာ( ဘီစီ ၄၈၀၁ - ၄၇၃၆)

ခမည်းတော် နတ်ရွာစံတော်မူပြီးနောက် သားတော် အိမ်ရှေ့ မင်းသား ဗြဟ္မပုရာသည် ဘီစီ ၄၈၀၀ ခုနှစ်

တွင် ဘိသိက်ခံ၍ ဖခမည်းတော်၏ အရိပ်အရာဖြစ်သော ရခိုင်ထီးနန်းကို ဆက်ခံပြီး မင်းကျင့်တရား (၁၀)ပါး

နှင့်အညီ အုပ်ချုပ်တော်မူလျှက် နန်းစံ (၆၅) နှစ် ဘီစီ ၄၇၃၆ တွင် နတ်ရွာစံတော်မူလေသည်။

ဗြဟ္မဝေသီ ( ဘီစီ ၄၇၃၆ - ၄၆၈၀)

ခမည်းတော် နတ်ရွာစံပြီးလျှင် သားတော်အိမ်ရှေ့ မင်းသားဖြစ်သော ဗြဟ္မဝေသီ သည် ခမည်းတော်၏အ


ရိပ်အရာဖြစ်သော ရခိုင်ထီးနန်းကို ဆက်ခံ၍ ၄၇၃၆ ခုနှစ်တွင် နန်းတက်ပြီး အုပ်ချုပ်တော်မူလျှက် နန်းစံနှစ် (၅၆)

နှစ် ဘီစီ ၄၆၈၀ ခုနှစ်တွင် နတ်ရွာစံတော်မူလေသည်။

New Historical Journal &cdkifordkif;opf*sme,f ၁၈


&cdkif ordkif;

ဗြဟ္မစကြာ (ဘီစီ ၄၆၈၀ - ၄၅၇၀)

ဘီစီ ၄၆၈၀ ခုနှစ်တွင် ဖခမည်းတော် နတ်ရွာစံပြီးနောက် သားတော် အိမ်ရှေ့ မင်းသားသည် ဘီစီ ၄၆၈၀

တွင် ဘိသိက်ခံပွဲ ကျင်းပြီး ခမည်းတော်၏ အရိပ်အရာဖြစ်သော ထီးနန်းကို စိုးစံအုပ်ချုပ်လျှက် ထီးနန်းစည်းစိမ်

(၁၁၀)နှစ်ဘီစီ ၄၅၇၀ တွင် နတ်ရွာစံတော်မူလေသည်။ ဗြဟ္မစကြာမင်းသည်လည်း သက်တော်ရှည် ရခိုင်ဘုရင်

တပါးဖြစ်၏။

ဗြဟ္မဏမာယု (ဘီစီ ၄၅၇၀ - ၄၅၂၀)

ဘီစီ ၄၅၇၀ တွင် ဖခမည်းတော်မင်းကြီး နတ်ရွာစံပြီးနောက် သားတော် ဗြဟ္မဏမာယု သည် ဘီစီ ၄၅၇၀

တွင် ဘိသိက်ခံယူကျင်းပလျှက် ခမည်းတော်၏အရိပ်အရာဖြစ်သော ရခိုင့်ထီးနန်းကို စိုးစံအုပ်ချုပ်တော်မူပြီး

ထီးနန်းစံ နှစ် (၅၀) ဘီစီ ၄၅၂၀ တွင် နတ်ရွာစံတော်မူလေ၏။

ဗြဟ္မနုပ (ဘီစီ ၄၅၂၀ - ၄၄၆၁)

ခမည်းတော်ကွယ်လွန်ပြီးလျှင် မင်းသား ဗြဟ္မနုပသည် ဘီစီ ၄၅၂၀ တွင် ဘိသိက်ခံယူကျင်းပလျှက်

ရခိုင်ထီးနန်းကို စိုးစံအုပ်ချုပ်မင်းလုပ်တော်မူလေသည်။ နန်းစံနှစ် (၅၉) နှစ် ဘီစီ ၄၄၆၁ တွင်

နတ်ရွာစံတော်မူလေ၏။

New Historical Journal &cdkifordkif;opf*sme,f ၁၉


&cdkif ordkif;

ဗြဟ္မဒေ၀ ( ဘီစီ ၄၄၆၁ - ၄၃၆၃)

ခမည်းတော် နတ်ရွာစံပြီးလျှင် သားတော် ဗြဟ္မဒေ၀သည် ဘီစီ ၄၄၆၁ တွင် ဘိသိက်ခံယူလျှက်

ရခိုင်ထီးနန်းကို မင်းကျင့်တရား (၁၀)ပါးနှင့်အညီ စိုးစံအုပ်ချုပ်တော်မူပြီး ထီးနန်း စံ နှစ် (၉၈)နှစ် ဘီစီ ၄၃၆၃ တွင်

နတ်ရွာ စံတော်မူလေ၏။

ဗြဟ္မဒေယု ( ဘီစီ ၄၃၆၃ - ၄၂၉၈)

ခမည်းတော် နတ်ရွာစံပြီးလျှင် သားတော် ဗြဟ္မဒေယုသည် ဘီစီ ၄၃၆၃ တွင်ဘိသိက်ခံယူလျှက်

ရခိုင်ထီးနန်းကိုဆက်လက် စိုးစံတော်မူလေသည်။ တိုင်းသူပြည်သားများကို လည်း မေတ္တာ၊ဂရုဏာ၊မုတိတာ၊

ဥပေက္ခာ ဟု ဆိုအပ်သော ဗြဟ္မစိုရ် တရားလေးပါး နှင့်အညီ အုပ်ချုပ်လျှက် ထီးနန်းစံနှစ် (၆၅) နှစ် ဘီစီ ၄၂၉၈

တွင် နတ်ရွာစံတော်မူလေ၏။

ဗြဟ္မဒေလ ( ဘီစီ ၄၂၉၈ - ၄၂၂၈ )

ဖခမည်းတော်မင်းကြီး နတ်ရွာစံတော်မူပြီးလျှင် သားတော်ဗြဟ္မဒေလ သည် ဘီစီ ၄၂၉၈ တွင်


ဘိသိက်ခံယူလျှက် ဖခမည်းတော်၏အရိပ်အရာဖြစ်သော ရခိုင်ထီးနန်းကို မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်လျှက်

ထီးနန်းစံနှစ် (၇၀) ဘီစီ ၄၂၂၈ တွင် နတ်ရွာစံတော်မူလေ၏။

New Historical Journal &cdkifordkif;opf*sme,f ၂၀


&cdkif ordkif;

ဗြဟ္မာကြီး (ဘီစီ ၄၂၂၈ -၄၁၁၉)

ဖခမည်းတော်မင်းကြီး ဗြဟ္မဒေလသည် နတ်ရွာစံပြီးနောက် သားတော် အိမ်ရှေ့ မင်း ဗြဟ္မာကြီးသည်

ဘီစီ ၄၂၂၈ ခုနှစ်တွင်ဘိသိက်ခံယူလျှက်ဖခမည်းတော်၏အရိပ်အရာဖြစ်သော ရွှေထီးနန်းကို စိုးစံအုပ်ချုပ်လျှက်

မင်းပြုတော်မူ၏။ ထီးနန်းစံနှစ်ပေါင်း (၁၀၉) နှစ် ဘီစီ ၄၁၁၉ တွင် နတ်ရွာစံတော်မူလေ၏။

ဗြဟ္မရာဇာ ( ဘီစီ ၄၁၁၉ - ၄၀၆၀)

ခမည်းတော် နတ်ရွာစံလွန်တော်မူပြီး သားတော် အိမ်ရှေ့ မင်းသားသည် ဘီစီ ၄၁၁၉ တွင် ဘိသိက်ခံယူ၍

ဖခမည်းတော်၏ အရိပ်အရာဖြစ်သော ရခိုင်ရွှေထီးနန်းကို နှစ်ပေါင်း (၅၁)နှစ် စိုးစံအုပ်ချုပ်လျှက် ဘီစီ ၅၀၆၈ တွင်

နတ်ရွာစံလေ၏။

ဗြဟ္မဝေရီ ( ဘီစီ ၄၀၆၈ - ၄၀၀၉)

ဘီစီ ၄၀၆၈ တွင် ဖခမည်းတော် နတ်ရွာစံလွန်တော်မူပြီးနောက် သားတော် မင်းသား ဗြဟ္မဝေရီ သည်

မင်းမျိုးမင်းနွယ် ထုံးစဉ်အတိုင်း ဘိသိက်ခံယူလျှက် ဘီစီ ၄၀၆၈ တွင် ရခိုင်ထီးနန်းကိုဆက်လက်အုပ်ချုပ်

မင်းပြုတော်မူသည်။ ထီးနန်းစံနှစ်ပေါင်း (၅၉)နှစ် ဘီစီ ၄၀၀၉ တွင် နတ်ရွာစံလေတော်မူ၏။

ဗြဟ္မဟိသံ( ဘီစီ ၄၀၀၉ - ၃၉၁၂)

ဘီစီ ၄၀၀၉ တွင် ဖခမည်းတော် နတ်ရွာစံပြီးနောက် သားတော် မင်းသား ဗြဟ္မဟိသံသည် ဘီစီ ၄၀၀၉
တွင် ရာဇဘိသေက ဘိသိက်ခံယူ၍ ရခိုင်ရွှေထီးနန်းကို စိုးစံအုပ်ချုပ် မင်းပြုတော်မူလေ၏။ ထီးနန်းစံနှစ် (၉၇)

စိုးစံအုပ်ချုပ်တော်မူပြီး ဘီစီ ၃၉၁၂ တွင် နတ်ရွာစံတော်မူလေ၏။

New Historical Journal &cdkifordkif;opf*sme,f ၂၁


&cdkif ordkif;

ဗြဟ္မပုအုံ ( ဘီစီ ၃၉၁၂ - ၃၈၀၇)

ဘီစီ ၃၉၁၂ တွင် ဖခမည်းတော် နတ်ရွာစံပြီးနောက် သားတော် ဗြဟ္မပုအုံသည် မင်းခန့် မင်းနား

ဖြစ်သော ဘိသိက်မင်္ဂလာခံယူလျှက် ဖခမည်းတော်၏အရိပ်အရာဖြစ်သော ရခိုင်ရွှေထီးနန်းကို ဆက်ခံပြီး

တိုင်းသူပြည်သားတို့ အား တရားမျှတစွာ အုပ်ချုပ်လေ၏။ ဗြဟ္မပုအုံ မင်းကြီးသည် ထီးနန်းစံနှစ် (၁၀၅)

နှစ်တိုင်တိုင် စိုးစံခဲ့ ပြီး ဘီစီ ၃၈၀၇ တွင် နတ်ရွာစံတော်မူလေသည်။

ဗြဟ္မ၀ိဘုံ ( ဘီစီ ၃၈၀၇ - ၃၇၁၃)

ခမလည်းတော် နတ်ရွာစံပြီးနောက် သားတော် အိမ်ရှေ့ မင်းသား ဗြဟ္မ၀ိဘုံသည် ဘီစီ ၃၈၀၇

ခုနှစ်တွင် ရာဇဘိသေက မင်္ဂလာ အခန်းအနားဖြင့် ဖခမည်းတော်၏ ထီးနန်းကို ဆက်ခံလေသည် ထို

ဗြဟ္မ၀ိဘုံ မင်းသည် တိုင်းသူပြည်သားတို့ အား (၉၄) နှစ်တိုင် တိုင် အုပ်ချုပ်ပြီးနောက် ဘီစီ ၃၇၁၃ ခုနှစ်တွင်

နတ်ရွာစံတော်မူလေသည်။

ဗြဟ္မရာဇာ (ဘီစီ ၃၇၁၃ - ၃၆၁၇)

ဖခမည်းတော် နတ်ရွာစံပြီးလျှင် သားတော် ဗြဟ္မရာဇာ မင်းသည် ဖခမည်းတော်၏ အရိပ်အရာဖြစ်သော

ရခိုင်ထီးနန်းကို ဘီစီ ၃၇၁၃ တွင် ဆက်ခံ မင်းပြုလေသည်။ ထိုဗြဟ္မရာဇာ မင်းသည် (၉၆) နှစ်တိုင်အောင်

တိုင်းပြည်ကို အုပ်ချုပ်ပြီးနောက် ဘီစီ ၃၆၁၇ တွင်နတ်ရွာစံတော်မူလေ၏။.

New Historical Journal &cdkifordkif;opf*sme,f ၂၂


&cdkif ordkif;

ဗြဟ္မအုံခေါင်(ဘီစီ ၃၆၁၇ - ၃၅၆၂)

ခမည်းတော် နတ်ရွာစံလွန်တော်မူပြီးနောက် သားတော် ဗြဟ္မအုံခေါင်သည် ဘီစီ ၃၆၁၄ ခုနှစ်တွင်

မင်းခမ်းမင်းနားဖြင့် ဘိသိက် ဆင်ယင်ကျင်းပတော်မူလျှက် ဖခမည်းတော် ၏ အရိပ်အရာကို ဆက်ခံစိုးစံအုပ်

ချုပ်လျှက် မင်းပြုတော်မူ၏။ ထိုဗြဟ္မအုံခေါင်မင်းသည် နှစ်ပေါင်း (၅၅) နှစ်တိုင်တိုင် တိုင်သူပြည်သားတို့ အား

အုပ်ချုပ်ပြီးနောက် ဘီစီ ၃၅၆၂ တွင် နတ်ရွာစံတော်မူလေ၏။

ဗြဟ္မဒတ္ထ(ဘီစီ ၃၅၆၂ - ၃၄၇၆)

ဘီစီ ၃၅၆၂ တွင်ခမည်းတော် ဗြဟ္မအုံခေါင်မင်းကြီး နတ်ရွာစံပြီးနောက် သားတော် ဗြဟ္မဒတ္ထမင်းသားသည်

ဖခမည်းတော်၏အရိပ်အရာဖြစ်သော ရခိုင်ရွှေထီးနန်းကို ရာဇဘိသိက်မင်္ဂလာအခန်းအနား ကျင်းပပြီး

မင်းပြုလေ၏။ ထိုဗြဟ္မဒတ္ထမင်းမင်းသားသည် ရခိုင်ပြည်သူတို့ အား နှစ်ပေါင်း (၈၆)နှစ်အုပ်ချုပ်ပြီးနောက်၊ ဘီစီ

၃၄၇၆ တွင် နတ်ရွာစံတော်မူလေသည်။

ဗြဟ္မမင်းစော ( ၃၄၇၆ - ၃၃၉၇)

ဘီစီ ၃၄၇၆ တွင် ဖခမည်းတော် ဗြဟ္မဒတ္ထမင်းကြီး နတ်ရွာစံပြီးနောက် သားတော် ဗြဟ္မမင်းစော

မင်းသားသည် ဘိသိက်မင်္ဂလာအခန်းအနားဖြင့် ရခိုင်ရွှေထီးနန်းကို ဘီစီ ၃၄၇၆ တွင်မင်းပြုတော်မူလေသည်။

ထိုဗြဟ္မမင်းစော မင်းသားသည် ရခိုင်ပြည်သူတို့ အား နှစ်ပေါင်း (၇၉)နှစ်တိုင်အောင် အုပ်ချုပ်ခဲ့ပြီး ဘီစီ ၃၃၉၇ တွင်

နတ်ရွာစံတော်မူလေ၏။

ဗြဟ္မသုန္ဒရ (ဘီစီ ၅၂၇၇ - ၅၂၀၂) မင်းကြီးသည် ရှေးဝေသာလီမြို့ တော်မှ ပြောင်းရွေ့ လာပြီး ၊

ငခွေးသင်းတောင်မြို့ ကို စတင်တည်ထောင်၍ သားစဉ်မြေးဆက် တည်ထောင်လာကြသော မြို့ များမှာ

ဂစ္ဆပနဒီမြစ်၏ အရှေ့ ဘက်တွင် (၉၉)မြို့ ၊ အနောက်ဘက်တွင် (၉၉) မြို့ တည်ထောင်စိုးစံခဲ့ ကြသည်။

New Historical Journal &cdkifordkif;opf*sme,f ၂၃


&cdkif ordkif;

ဗြဟ္မသိဒ္ဓိ (ဘီစီ ၃၃၉၇ - ၃၃၂၆)

ဘီစီ ၃၃၉၇ တွင် ဖခမည်းတော် နတ်ရွာစံတော်မူပြီးလျှင် သားတော် အိမ်ရှေ့ မင်းသားကြီး ဗြဟ္မသိဒ္ဓိ

မင်းသည် သီဒါဘိ မည်သော မိဘုရားနှင့် ရာဇဘိသေက မင်္ဂလာအခန်းအနားဖြင့် ဖခမည်းတော် ဗြဟ္မမင်းစောနှင့်

ဘိုးလောင်းတော်၊ဘီလောင်းတော်၊ အဇူအဇါတို့ ၏ တည်ထောင်ခဲ့သော ရခိုင်ရွှေထီးနန်း၌ ဘီစီ ၃၃၉၇ တွင်

မင်းပြုတော်မူလေသည်။ ထိုမင်းသည် ဝေသာလီမြို့ ဟောင်းသို့  ပြောင်းရွေ့ ပြီး ထီးနန်းစိုက်စိုးစံတော်မူလေသည်။

ထိုသို့ စိုးစံတော်မူစဉ်အတွင်း တောတွင်းနေ သားစိမ်းစား၊ ငါးစိမ်းစား လူရိုင်းများ အလွန်ထကြွသောင်းကျန်း၏။

ထိုတောတွင်းနေ သားစိမ်းစား၊ ငါးစိမ်းစား၊ လူရိုင်းရန်ကို နှိမ်နှင်းရန် ရခိုင်ဝေသာလီပြည်ရှင် ဗြဟ္မသိဒ္ဓိ မင်းသည်


နောက်လိုက်ပေါင်းတထောင်နှင့် ဆင်စီး၍ ထွက်တော်မူလေရာ သားစိမ်းစား၊ ငါးစိမ်းစား၊ လူရိုင်းငဆဒ္ဒန်သည်

လုံးပတ်သုံးထွာအရှည် တဆယ့်ရှစ်တောင်ရှိသော သစ်သားကြီးတချောင်းကို ကိုင်ဆောင်လျှက် ဆင်အဟုန်

ကဲ့သို့  တဟုန်တည်း ပြေးလွှတ်လိုက်လေ၏။ ဗြဟ္မသိဒ္ဓိမင်း၏ နောက်လိုက်ပေါင်းအခြွေအရံ တထောင် (၁၀၀၀)

တို့ သည် ပရမ်းပတာ ထွက်ပြေးကြပြီး ဗြဟ္မသိဒ္ဓိမင်းအား ငဆဒ္ဒန်က ဖမ်းဆီးသတ်ပစ်လိုက်လေ သောကြောင့်

ရခိုင်ဝေသာလီပြည်ရှင် ဗြဟ္မသိဒ္ဓိ မင်းသည် ထီးနန်းစံနှစ် (၇၂) ဘီစီ ၃၃၂၆ နှစ်တွင် နတ်ရွာစံ ကန်တော်ကုန်

ရလေ၏။ ထိုအချိန်တွင် ရခိုင်ဝေသာလီပြည်ရှင် ဗြဟ္မသိဒ္ဓိမင်းမှာ မိဘုရား သီဒါဘိ နှင့် သမီးတော် ရုစိတမာလာ

တို့  ကျန်ခဲ့ ပြီး အဉ္စနဒေ၀ီမိဘုရားကြီးနှင့် ပုရောဟိတ် ဗြဟ္မဏရာဇာမင်းကြီးတို့ တည်ထောင်ခဲ့ သော ရခိုင်

ဝေသာလီမင်းဆက် ပြတ်ရလေတော့၏။

New Historical Journal &cdkifordkif;opf*sme,f ၂၄


&cdkif ordkif;

ရခိုင် ဘုရင်မင်းမြတ်များတည်ထောင်ခဲ့သည် မြို့ များ

ကစ္ဆပနဒီ၏ အရှေ့ ဘက် (၉၉)မြို့ 

၁။ ဒွါရာဝတီမြို့  ၂၅။ ရွှေပန်းတောင်မြို့ 


၂။ ပန္န၀တီမြို့  ၂၆။ ပဉ္စာမြို့ 
၃။ သိဗ္ဗလိမြို့  ၂၇။ ကျောက်ပန်းတောင်းမြို့ 
၎။ မင်းသမီးပြင်မြို့  ၂၈။ သီရိကုဋ်မြို့ 
၅။ မင်းသားပြင်မြို့  ၂၉။ ဓည၀တီမြို့ 
၆။ သက်တင်ဝန်မြို့  ၃၀။ ဆင်ကျူံးမြို့ 
၇။ ဆင်ထုမြို့  ၃၁။ ကန်သုံးဆင့်မြို့ 
၈။ ပြောင်လောင်တိုင်မြို့  ၃၂။ အဇ္ဇ၀တီမြို့ 
၉။ တိုင်ချိုင်မြို့  ၃၃။ သီရိမာဝတီမြို့ 
၁၀။ ကာဝန်တောင်မြို့  ၃၄။ မလ္လာယုမြစ်နား၌ရာဇဂြိုဟ်မြို့ 
၁၁။ ကျွန်းပေါင်လောင်မြို့  ၃၅။ ရန္ဓ၀တီမြို့ 
၁၂။ အင်းချောင်းမြို့  ၃၆။ သေလာဂီရိမြစ်နား၌ဝေသာလီမြို့ 
၁၃။ နနွင်းတောင်မြို့  ၃၇။ ပဉ္စ၀တီမြို့ 
၁၄။ သောက်ရှပြင်မြို့  ၃၈။ သမ္မာဝတီမြို့ 
၁၅။ စည်ဘောင်းထောင်မြို့  ၃၉။ ကျစ္ဆ၀တီမြို့ 
၁၆။ မူလေးတောင်မြို့  ၄၀။ ကုမ္ဘ၀တီမြို့ 
၁၇။ ဂင်္ဂါမြို့  ၄၁။ ကရဏီသုဝဏ္ဏဂီရိမြို့ 
၁၈။ ဒေါင့်ဖြူးတောင်မြို့  ၄၂။ ကြွေပြင်မြို့ 
၁၉။ ထီးဝန်မြို့  ၄၃။ လေညှင်းတောင်မြို့ 
၂၀။ မုဉ္စရီမြို့  ၄၄။ ပါသီဝံမြို့ 
၂၁။ ဝေဠုပဗ္ဗတမြို့  ၄၅။ ခဉ္စနာမြို့ 
၂၂။ ထင်းရှူးတောင်မြို့  ၄၆။ သ၀င်ကိုင်းမြို့ 
၂၃။ ငန့် တောင်မြို့  ၄၇။ ပြိုင်တိုင်မြို့ 
၂၄။ ရေချမ်းတောင်မြို့ 

New Historical Journal &cdkifordkif;opf*sme,f ၂၅


&cdkif ordkif;
၄၈။ ငခွေးတောင်မြို့  ၇၇။ ကရပဗ္ပတနန်းတောင်မြို့ 

၄၉။ ၀ါးရဲတောင်မြို့  ၇၈။ လှံရိုးပုံမြို့ 

၅၀။ ဆေးတန်းမြို့  ၇၉။ တောင်သုံးဆယ်မြို့ 

၅၁။ ကြက်သရေတောင်မြို့  ၈၀။ သရ မ္ဘာန်မြို့ 

၅၂။ စည်သဘင်တောင်မြို့  ၈၁။ နဂါးတောင်မြို့ 

၅၃။ ငရံ့ ချောင်းမြို့  ၈၂။ တပင်တိုင်မြို့ 

၅၄။ စမ္ဘ၀က်မြို့  ၈၃။ တောင်ဖြူတောင်မြို့ 

၅၅။ ပေါင်းတူးတောင်မြို့  ၈၄။ နီလာတောင်မြို့ 

၅၆။ ပြိုင်တိုင်တောင်ဖြူမြို့  ၈၅။ ရိုးပေါ်၌လွန်းရောတောင်မြို့ 

၅၇။ ကြမ်းသာမြို့  ၈၆။ တောင်ငူ၌ ဂုတ်မြို့ 


၅၈။ သလွန်တောင်မြို့  ၈၇။ လင်းဟုမ်းမြို့ 

၅၉။ ပိန္နဲချောင်းမြို့  ၈၈။ ၀ါသုမြစ်နား၌ ကမိဗ္ဗလာမြို့ 

၆၀။ ဆင်ဖြူကျွန်းမြို့  ၈၉။ သရက်တောင်မြို့ 

၆၁။ ထွေးပြာဖြူမြို့  ၉၀။ မုနိမြို့ 

၆၂။ ကာတန်တောင်မြို့  ၉၁။ စစ်တလင်းမြို့ 

၆၃။ အမဗနဒီမြစ်နား၌ပုသင်တက်မြို့  ၉၂။ ကျောက်လှီကားမြို့ 

၆၄။ သေလာအိုင်မြို့  ၉၃။ လက်မာယာမြို့ 

၆၅။ ရင်ခတ်တိမ်းမြို့  ၉၄။ မှန်ကူမြို့ 

၆၆။ စမ္ပါနဒီမြို့  ၉၅။ လင်းမြို့ 

၆၇။ ပရိန်းမြို့  ၉၆။ မြေမြို့ 

၆၈။ မာန်အောင်မြို့  ၉၇။ နေရဉ္စရာမြို့ 

၆၉။ ပန်းနံ့ သာမြို့  ၉၈။ ကုသာဝတီမြို့ 

၇၀။ ကျွန်းနံ့ သာမြို့  ၉၉။ ပိဗ္ဗတမြို့ 

၇၁။ မဉ္စမြို့ 

၇၂။ ကျွန်းသာမြို့ 

၇၃။ ဆီမီးတောင်မြို့ 

၇၄။ လင်းလိုမြို့ 

၇၅။ သီတာကန်မြို့ 

၇၆။ စမ္ပယ်မြို့ 

New Historical Journal &cdkifordkif;opf*sme,f ၂၆


&cdkif ordkif;

ကစ္ဆပနဒီမြို့  အနောက်ဘက်(၉၉)မြို့ 

၁။ ကျိန်းသရီမြို့  ၂၅။ လောရပါမြို့ 

၂။ ကုလားပန်းစင်မြို့  ၂၆။ ပတ္တနဂိုရ်မြို့ 

၃။ ပြုံမားမြို့  ၂၇။ ရမ္မာပူရမြို့ 

၎။ က န္ထမစ္ဆိမာမြို့  ၂၈။ ပေါက္ခရနဒီမြို့ 

၅။ ယင်ကရမြို့  ၂၉။ သမာဝါရမြို့ 

၆။ ဂဆင်္ဂလမြို့  ၃၀။ ဝေလာပန်တောင်မြို့ 


၇။ သန္ထလမြို့  ၃၁။ အဂ္ဂရမြို့ 

၈။ ဂန္ဓလရာဇ်မြို့  ၃၂။ ငတန်သရဲမြို့ 

၉။ စည်းကူးထရာဇ်မြို့  ၃၃။ မလ္လာရာဇ်မြို့ 

၁၀။ သောထာကာရာဇ်မြို့  ၃၄။ ယက္ခဂန္ဓာမြို့ 

၁၁။ မဟာပဗ္ပတရာဇ်မြို့  ၃၅။ သမ္မာဂီရိမြို့ 

၁၂။ စူဠကရာဇ်မြို့  ၃၆။ စန္ဒဂီရိမြို့ 

၁၃။ ကလိင်္ဂရာဇ်မြို့  ၃၇။ စတူရမြို့ 

၁၄။ ပဉ္စလိင်္ဂရာဇ်မြို့  ၃၈။ ပုလိန္ထရာဇ်မြို့ 

၁၅။ ကပ်ပင်ဝါကူမြို့  ၃၉။ အ၀န္တိမြို့ 

၁၆။ စန္ဒာသာရာဇ်မြို့  ၄၀။ ကောကာဂရာဇ်မြို့ 

၁၇။ ပန်းခလာမြို့  ၄၁။ ဆားတလင်းမြို့ 

၁၈။ အဉ္စနနဒီမြို့  ၄၂။ ခမောင်းတုမ်းမြို့ 

၁၉။ မဉ္စက၀တီမြို့  ၄၃။ သရက်အိုင်မြို့ 

၂၀။ တဉ္စရဉ္စပေါ်မြို့  ၄၄။ ကြက်ထောင်မြို့ 

၂၁။ အဇ္ဇတန်မြို့  ၄၅။ ပန်းပြင်မြို့ 

၂၂။ သုဝဏ္ဏဂီရိမြို့  ၄၆။ သပိတ်တောင်မြို့ 

၂၃။ ဝေဠုတရမြို့  ၄၇။ ယင်ပေါင်ထောင်မြို့ 

၂၄။ ပဋိခလာနဂရမြို့  ၄၈။ အင်ကြင်းထောင်မြို့ 

New Historical Journal &cdkifordkif;opf*sme,f ၂၇


&cdkif ordkif;

၄၉။ ရွှေစင်္ကြံမြို့  ၇၅။ ဘန္တရာဇ်မြို့ 


၅၀။ ဆင်သေမြို့  ၇၆။ ကင်ပိအိုင်မြို့ 
၅၁။ ဆဒ္ဒန်အိုင်မြို့  ၇၇။ မင်းတုန်းမြို့ 
၅၂။ သဇင်ကျွန်းမြို့  ၇၈။ ရေးရိုပင်တိုင်မြို့ 
၅၃။ စစ်တန်တင်မြို့  ၇၉။ သေမသောက်မြို့ 
၅၄။ သမက်မြို့  ၈၀။ သားပျိုငိုမြို့ 
၅၅။ ယောက္ခမမြို့  ၈၁။ ကျောက်တံခါးမြို့ 
၅၆။ ဆံထုံးဆွဲမြို့  ၈၂။ တရုပ်ကန်မြို့ 
၅၇။ သလူတောင်မြို့  ၈၃။ ခွေးသေးမြို့ 
၅၈။ ထပ်မြို့  ၈၄။ သြရမမြို့ 
၅၉။ တောင်ကျွန်းမြို့  ၈၆။ ဝေရဉ္စမြို့ 
၆၀။ ကြက်တောတောင်မြို့  ၈၇။ တရုပ်မြို့ 
၆၁။ ကာသုရမြို့  ၈၈။ သာယာမြို့ 
၆၂။ တောက်ဆုံမြို့  ၈၉။ မလ္လာမြို့ 
၆၃။ တဲလမုချောင်းမြို့  ၉၀။ အောင်သာမြို့ 
၆၄။ ပေကောက်မြို့  ၉၁။ နီလာပြင်မြို့ 
၆၅။ ပေးကျွန်းမြို့  ၉၂။ ငကြီးတောင်မြို့ 
၆၆။ ခမောင်းဆိပ်မြို့  ၉၃။ ဆင်ဖြူတောင်မြို့ 
၆၇။ နီလာပန်းတောင်းမြို့  ၉၄။ ညောင်ချောင်းမြို့ 
၆၈။ ခဲလူမြို့  ၉၅။ စိန်ညင်းပြင်မြို့ 
၆၉။ သူရနန္ဒမြို့  ၉၆။ တိုင်စင်မြို့ 
၇၀။ သမန္တရာဇ်မြို့  ၉၇။ နဂရ မြို့ 
၇၁။ ၀ိတကောမြို့  ၉၈။ ပျားသယူးမြို့ 
၇၂။ တံတိုင်းသင်မြို့ 

၇၃။ ခြင်္သေ့တောင်မြို့  ဓည၀တီရာဇ၀င်သစ်ကျမ်း၊ ဦးပဏ္ဍိ၊


၇၄။ မြင်းသေတောင်မြို့  ပဲခူးမင်းကျောင်းဆရာတော်၊ ၁၉၁၀

New Historical Journal &cdkifordkif;opf*sme,f ၂၈


&cdkif ordkif;

ကျမ်းကိုး

၁။ ရခိုင်ရာဇ၀င်သစ်ကျမ်း၊ အသျှင်စန္ဒမာလာလင်္ကာရ၊ ရမ်းဗြဲတောင်ကျောင်းဆရာတော် (၁၉၃၁)

၂။ ဓည၀တီရာဇ၀င်သစ်ကျမ်း၊ အသျှင်ပဏ္ဍိတ၊ ပဲခူးမင်းကျောင်းဆရာတော် (၁၉၁၀)

၃။ ရခိုင်နိုင်ငံသမိုင်းသစ်၊ ပိုးလှအောင် (၁၉၈၉)

၎။ သူ့ ကျွန်မခံ သမိုင်းပေးတာဝန် တက္ကသိုလ် ကျော်လင်းခိုင် (၁၉၈၉)

၅။ ရခိုင့်ရှေးဟောင်းမြို့ တော်များ၊ ထွန်းရွှေခိုင် စစ်တွေကောလိပ် (၁၉၈၅ ဖေဖေါ်ဝါရီလ)

၆။ ရခိုင့်ယဉ်ကျေးမှုများ အမှတ် ၃ အသျှင်စက္ကိန္ဒ၊ ရခိုင်ပြည် ၁၉၉၄ မတ်လ။

New Historical Journal &cdkifordkif;opf*sme,f ၂၉


&cdkif ordkif;

New Historical Journal &cdkifordkif;opf*sme,f ၃၀

You might also like