You are on page 1of 6

Windows Media Player တွင် Sychronized Lyrics ထည့်သွင်းနည်း

Lyric ဆိုတာက သီချင်းစာသားကိုပြောတာပါ။ Windows Media Player မှာလည်း Lyric ထည့်လို့ရတယ်။


တစ်ချို့ Lyric ပါတဲ့ MP3 သီချင်းတွေက ထည့်ထားသမျှ သီချင်းစာသားတွေကိုပဲပြတယ်။ Sychronized Lyrics
Lyrics က
အဲဒီလိုမဟုတ်ဘူး။ Sychronized Lyrics ကို MP3 သီချင်းတွေမှာထည့်ထားလိုက်ရင် VCD သီချင်းတွေမှာလို
ကိုယ်ထည့် ထားတဲ့ စာသားတွေက သီချင်းအလိုက် Lyric ကလိုက်ပြောင်းတယ်။

ကိုယ်စာသားထည့်ချင်တဲ့ သီချင်းရဲ့ စာသားတွေကို အရင်ဆုံး notepad နဲ့ဖြစ်ဖြစ်ရိုက်ထားလိုက်။ ZawGyione နဲ့


ရိုက်မှရမှာမို့လို့ ကိုယ့်စက်ထဲမှာ ZawGyi Unicode တော့ Install လုပ်ထားဖို့လိုတယ်။

စာသားတွေရိုက်ပြီးသွားပြီးဆိုရင် Windows Media Player ဖွင့်လိုက်ပါ။ ပြီးတော့ Media Player ထဲမှာပါတဲ့ Library
ကိုသွား၊ ကိုယ့်စက်ထဲက Windows Media Player Library ထဲမှာတော့ ကိုယ်စာသားထည့်ချင်တဲ့သီချင်းကို
ထည့်ထားရမယ်။

Step - 1

Step - 2
Step – 3

Step – 4
Step – 5

ပုံမှာပြထားတဲ့အတိုင်း Add ဆိုတဲ့ Button လေးကို နှိပ်လိုက်ရင် Time Line နဲ့ <Type Lyric
Lyric here> ဆိုတဲ့ စာသား
ထည့်တဲ့ နေရာလေးပေါ် လာလိမ့်မယ်။ စာသားထည့်ချင်ရင် အဲဒီ <Type Lyric here>လေးပေါ်ကို တစ်ချက်နှိပ်ပြီး
Edit ဆိုတဲ့ Button လေးကိုနှိပ်၊ ပြီးတော့ ခုနက ရိုက်ထားတဲ့ စာသားလေးကို Copy ကူး၊ Paste လုပ်လိုက်ရုံပဲ။

Step – 6
ဒီမှာတော့ အဆင့်လေးနည်းနည်းပိုလာတယ်။ စာသားတွေကို မထည့်ခင် သီချင်းကို အရင်နားထောင်ဖို့ Play Button
လေးကို နှိပ်လိုက်ပါ။ ဒါမှ သီချင်းနဲ့ကိုက်အောင်စာသားထည့်နိုင်မှာပါ။ သီချင်း အစစာသားနေရာကိုရောက်ရင်
အဲဒီနေရာလေးကို မှတ်ထား၊ ပြီးရင် Stop Button လေးကိုနှိပ်၊ Time Line လေးကို mouse နဲ့
ခုနကမှတ်ထားခဲ့တဲ့နေရာလေးကို ဆွဲချ သွားလိုက်၊ <Type Lyric here> Value လေးပေါ်ကို တစ်ချက်နှိပ်ပြီး Edit
ဆိုတဲ့ Button လေးကိုနှိပ်၊ ပြီးတော့ ခုနက ရိုက်ထားတဲ့ စာသားလေးတွေထဲက အခုနားထောင်လိုက်တဲ့
သီချင်းစာသားထိကို Copy ကူး၊ Paste လုပ်လိုက်ရုံပဲ။

စာသားတွေကရှည်နေရင်လည်းကြည့်ရတာမလှဘူး။ စာသားတိုတိုလေးဖြစ်နေရင်လည်းမလှပြန်ဘူး။ အဲဒီတော့အနေ


တော်လောက်လေးပဲ Copy ကူး၊ Paste လုပ်ပေါ့။ နောက်တစ်ကြောင်းထပ်တော့မယ်ဆိုရင် Add Button လေးကိုနှိပ်
ဒီတစ်ခါ Add လုပ်လိုက်တဲ့အခါမှာ Time Line လေးနောက်တစ်ခုပေါ်လာလိမ့်မယ်။ Play ကိုနှိပ်ပြီးသီချင်းနားထောင်
Time Line ကိုမှတ်ထား၊ နောက်ထပ်ပေါ်လာတဲ့ Time Line နောက်တစ်ခုကို မှတ်ထားတဲ့နေရာထိရွှေ့၊ Edit ကိုနှိပ်
စာသားကို Copy ကူး၊ Paste လုပ်။ အဲလိုပဲ Add လုပ်လိုက်၊ နေရာမှတ်လိုက် Edit လုပ်လိုက်နဲ့ သီချင်းတစ်ပုဒ်လုံးပြီးပြီ
ဆိုရင် OK ပဲနှိပ်ပြီးပြန်ထွက်လိုက်ပါ။

အခုLyric ထည့်လိုက်တဲ့ MP3 ကို Double Click နှိပ်ပြီးပြန်ကြည့်၊ စိတ်တိုင်းမကျတာ ဒါမှမဟုတ် သီချင်းနဲ့စာသား
မညီလို့ ပြန်ပြင်ချင်တယ်ဆိုရင် သီချင်းကိုအရင်ပိတ်၊ ပြီးရင် Clear List Pane ဆိုတဲ့ ကြက်ခြေခတ်အနီလေးကို
နှိပ်လိုက်၊ ပြီးမှ Library ထဲကိုဝင်ပြီး ကိုယ့်စိတ်ကြိုက်ဖြစ်အောင် Step -6 မှာပြောခဲ့တဲ့ အတိုင်းပြန်ပြင်ပေါ့။
Windows Media Player
Player မှာ မြန်မာလိုပေါ်အောင်လုပ်မယ်

ပုံထဲကအတိုင်း Windows Media Player မှာ စာသားတွေက လေးထောင့်တွေပဲပေါ်နေမယ်ဆိုရင် မြန်မာလို


ပြောင်းလို့ရတယ်။ ZawGyi 2008 Version တင်ထားတယ်ဆိုရင်တော့ ဘာမှပြောင်းပေးစရာမလိုဘူး။ ZawGyi 2008
Version မဟုတ်ဘူးဆိုရင် Display Properties ကိုပြောင်းပေးလိုက်ရင် Windows Media Player မှာ မြန်မာလို
ပေါ်တယ်။

Desktop ပေါ်မှာ Right Click ခေါက်၊ Properties ကို Click ၊ အဲဒါဆိုရင် Display Properties Dialog box လေး
ပေါ်လာလိမ့်မယ်။ Appearance Tab ကိုရွေး၊ နောက်ထပ် Advanced Button လေးကိုနှိပ်၊ အဲဒီမှာ Advanced
Appearance ဆိုတဲ့ Dialog box လေးထပ်ကျလာလိမ့်မယ်။ ပြီးရင် item: ထဲက Icon ကိုရွေး၊ Font ကို ZawGyione
ပေးလိုက် size ကတော့ (8) လောက်ဆိုရင် ရပြီ။ အောက်မှာ ပုံလေးတွေနဲ့ပြထားတယ်။

ဒါဆိုရင် Windows Media Player မှာ မြန်မာလိုပေါ်သွားပြီ။

You might also like