လူတိုင်းအတွက်အခမဲ့ပညာရေး
ကျော်ကျော်
ဧပြီ၁၉၊ ၂၀၀၉
ပထမနှ စ် တက္ကသို လ်ကျောင်းသားများရဲ့ ပထမဆုံးနေ့ခန္ဓာဗေဒအတန်းမှာ ဆရာမ မာရီ ယန်ဒိုင်းမွန်း
(Marian Diamond)
က မပျက် စီးအောင်ဆေးစိ မ် ထားတဲ့ လူဦးနှောက် တစ်ခု ကိုလက်ပေါ်တင် ပြပြီး
“
ဟောဒီဦးနှောက်လေးဟာ အလေးချိန်၃
ပေါင်လောက် ပဲ
ရှိ ပါတယ်၊ ဒါပေမဲ့ အလင်းနှ စ်သန်းပေါင်းများစွာထိဝေးလံ တဲ့ စကြာဝဠာကြီးအထိတွေးတော ခန့်  မှန်းနိုင် တဲ့ စွ မ်းရည်ရှိ တယ်၊ အဲဒါ
မထူးဆန်းလွန်းဘူးလား
”
လို့ ရှင်းပြနေပါတယ်။
မာရီ ယန် ဒိုင်းမွန်း
(
ဓာတ် ပုံ
- www.berkley.edu)
ဒိုင်းမွန်းဟာ
ဘာကလေတက္ကသို လ်
(UC Berkley)
က ခန္ဓာဗေဒဘာသာ ပါမောက္ခဖြစ် ပြီး အများ ကြည်ညို လေးစားခံရတဲ့ 
ဆရာမတစ်ဦးလည်း ဖြစ် ပါတယ်။ သူ မ စာသင် တဲ့ အတန်းမှာ တက်ရောက်သင် ကြားခွင့် ရသူ တိုင်းဟာ အင် မတန်ကံကောင်းကြပါတယ်။
တချိန် တခါက နာမည် ကြီး တက္ကသို လ်တွေရဲ့ စာသင်ခန်းဟာ လူအနည်းစုကျောင်းသားတချို့ အတွ က် ပဲဖြစ်ခဲ့ ပေမဲ့ ယနေ့အချိန် မှာ
ကမ္ဘာ့  တ၀ှ မ်းက တက္ကသို လ်ကျောင်းများက စာသင် ကြားမှုတွေ ကိုအင် တာနက်ပေါ်မှာ အခမဲ့ ကြည့် ရှုခွင့် ရအောင်အပြိုင်အဆိုင်
လု ပ်ဆောင်နေကြတဲ့ အတွ က်ပါမောက္ခဒိုင်းမွန်း စာသင် တာကို လည်း ဘယ်သူ မဆိုကြည့်  လို့ ရနေပါပြီ။ အမ်အိုင် တီ
(MIT)
က သင်္ချာဆရာရဲ့
algebra
ကို ပဲသင်ချင်သလား၊ ဒါမှ မဟု တ်နာမည် ကြီး ဘာဂ် လီ
(Berklee)
ဂီ တကျောင်းက ပါမောက္ခတယောက်သင် တဲ့ ဂီ တာတီးနည်းကို ပဲ
လေ့ လာချင်သလား၊ သင့်ရဲ့ကွန် ပြူတာရှေ့မှာ ကြည့်  လို့ ရနေပါပြီ။
ယခုနှ စ်မတ် လမှာပဲယူ ကျူ
(YouTube)
က ပညာရေးဆိုင်ရာ အခန်းကဏ္ဍ တစ်ခုဖြစ် တဲ့ 
YouTube Edu
ကိုစတင်ခဲ့  ပါတယ်။ အဲဒီ မှာ
ဟားဗတ် တက္ကသို လ်
(Harvard)
အပါ ကျောင်းပေါင်း တစ်ရာကျော်ပါဝင် ပြီး သူ တို့ ရဲ့ စာသင် ကြားမှုတချို့တွေ ကိုတင် ပြထားပါတယ်။
လူ တိုင်းကိုအခမဲ့  ကြည့်ရှု လို့ ရအောင်ထု တ် လွှင့်  တဲ့ နေရာမှာ အကုန်အကျ သိ ပ် များပါတယ်။ ၂၀၀၂ ခုနှ စ်လောက် မှာ စတင်ခဲ့  တဲ့ 
MIT
က
OpenCourseWare
လို့ ခေါ်တဲ့ အစီအစဉ်အရ သင်ရိုးတွေ၊ သင် ကြားမှုတွေအားလုံးရဲ့ ၈၅ ရာခိုင်နှူံးလောက် ကိုအင် တာနက်ပေါ်မှာ
လူ တိုင်း ကြည့်  လို့ ရအောင်တင်ခဲ့  ပါတယ်။ အဲဒီအတွ က်ဘာသာ တစ်ခု စီ ကိုဒေါ်လာ ၁၀၀၀၀
ကျော်ကုန် ကျပြီး၊ စာသင်ခန်းမှာ
ရို က် ကူးယူ တဲ့  ဟာ ဆိုရင်နှ စ်ဆလောက်ပို ကုန် ကျပါတယ်။
ဒါပေမဲ့ ကုန် ကျရကျိုး နပ် ပါတယ် လို့ 
MIT OpenCourseWare
ကိုဦးဆောင် တဲ့ စတိ ဖ် ကာဆင်
(Steve Carlson)
က ပြောပါတယ်။အင် တာနက် ကနေ ကျောင်းသား အသစ်တွေ ကိုပို မိုဆွဲဆောင်နိုင် တယ်၊ နောက် ပြီး ကျောင်းသားဟောင်းများလည်း တစ်ဦးနဲ့  တစ်ဦး
ဆက်သွ ယ် မိ တယ်၊ တီ ထွင် ကြံဆမှုအသစ်တွေရတယ်၊ အကျိုးအမြတ် က ကုန် ကျတာထက်သာလွန် ပါတယ်လို့ ကာဆင် က ပြောပါတယ်။
ယူ ကျူအပြင်အခြားဝက်ဆို က် တစ်ခု က
AcademicEarth.org
လို့ ခေါ်ပါတယ်။ အဲဒါမှာ
Berkley, Yale, Princeton, MIT, Harvard,Stanford
စတဲ့ နာမည် ကြီး
တက္ကသို လ် က ဆရာ ဆရာမများရဲ့ စာသင် ကြားမှုတွေ ကိုကြည့်  လို့ ရပြီး ဘယ်ဆရာ သင် တာ ပိုကောင်းတယ်
မကောင်းဘူး ဆို တာ အမှ တ်ပေးလို့  လည်း ရပါတယ်။
အင် တာနက် ကနေ စာသင် ပြမှု၊ အခြား ဘာသာရပ်ဆိုင်ရာ ဟောပြောမှုတွေ ကိုလူတွေတနေ့ ထက်တနေ့ပို ပြီး စိ တ် ၀င် စားလာတာ
TED.com
ကိုကြည့် ရင် လည်း ထင်ရှားနေပါတယ်။ အဲဒီ မှာ
technology, entertainment, design
စတဲ့ နယ် ပယ် ထဲ က တီ ထွင်ဖန် တီး
ပညာရှင်တွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ကိုလွှင့်  တင် ထားပါတယ်။
Leave a Comment