You are on page 1of 3

ပညာရေးတန်ဖိုးထားနေလို့ ကိုယ့်အတွက်စာမေးပွဲအောင်ဖို့ အရေးကြီးနေရပါတယ် လူမမာဖြစ်နေလို့ ရောဂါပျောက်ဖို့ အရေးကြီးနေရပါတယ် လူမမာတစ်ယောက်အတွက်ကတော့ စာမေးပွဲကျတာ အရေးမကြီးပါဘူး ကျန်း မာဖိ့ပဲု အရေးကြီးပါတယ် ကိုယ်က ယောဂီဖြစ်နေလို့သာ တရားရဖို့အရေးကြီးနေရပါတယ်

လမ်းဘေးက သူတောင်းစားတစ်ယောက်အတွက်ကတော့ သူလိုချင်တဲ့ အလှူငွေရဖိ့ပဲု အရေးကြီးပါ လိမ့်မယ် တရားရဖို့ အရေးမကြီးနိုင်ပါဘူး အစားငတ်နေတဲ့ လူတစ်ယောက်အတွက်ကလည်း ဘယ်လိုစားရ စားရ စားရဖို့သာ အရေးကြီးနေပါ လိမ့်မယ် ဈေးသည်တစ်ယောက်ကလည်း ကျန်းမာဖို့ အသက်ရှည်ဖို့ ဒါတွေက အရေးကြီးမှာ မဟုတ်ပါဘူး မိမိဈေးရောင်းကောင်းဖို့ပဲ အရေးကြီးပါလိမ့်မယ် အဲ့ဒီတော့ တစ်ခုခုဆိုတဲ့ ရှု့ထောင့်ကိုလက်ခံလိုက်ရင် ပြဿနာတစ်ခုခု တက်ရော ဒီပြဿနာ ဘယ်က လာလဲဆိုတော့ ကိုယ်က ရှု့ထောင့်တစ်ခုခုက ကြည့်လိုက်လို့ ပြဿနာတက်ပါတယ် ဘောလုံးသမားဆိုတဲ့ ရှု့ထောင့်က ကြည့်မ ယ်ဆိုလည်း နိဗ္ဗာန်ရဖို့ အရေးမကြီးဘူး သစ္စာလေးပါးကို သိဖို့ အရေးမကြီးပါဘူး အပါယ်ကျဖို့ မကျဖို့ အရေးမကြီးပါဘူး လောလောဆယ် ဒီပြိုင်ဖက်အပေါ်မှာ အနိုင်ယူဖို့ အခုပွဲနိုင်ဖို့ပဲ တစ်ခြားပွဲတွေတောင် ဒီလောက်အရေးမကြီးပါဘူး ပစ္စုပ္ပန်ယှဉ်ပြိုင်ရမယ့်ပွဲ နိုင်ဖ့ပိဲု ဒီထက်အရေးကြီးတာတော့ မရှိပါဘူး အဲ့ဒီတော့ ရှု့ထောင့်တစ်ခုခုကိုလက်ခံလိုက်ရင် အရေး ကြီးတဲ့ ကိစ္စတစ်ခုခုဆိုတာ ပေါ်လာပါတယ်။ အိမ်ပြန်မယ်ဆို ဒါ အိမ်ရောက်ဖို့ အရေးကြီးပါပြီ။ တစ်ခြား ဘာမှ အရေးမကြီးတော့ပါဘူး ။ အိပ်ချင်နေတဲ့ သူတစ်ယောက်အတွက် အိပ်ရဖို့သာ အရေးကြီးပါ လိမ့်မယ်။ တရားက အဲ့ဒီလိုမျိုး ဘာဖြစ်ဖို့ ညာဖြစ်ဖို့ အရေးကြီးရမှာ မဟုတ်ဘူး။ ရှု့ထောင့်တစ်ခုခုကို လက်မခံဖို့ အရေးကြီးရမှာပါ။ ဘယ်ရှု့ ထောင့်ကမှ မကြည့်ဖို့။ စိတ်က ဘယ်ဘက်မှ မရပ်ဖို့။ စိတ်က ဘယ်အဖြစ်ကိုမှ မခံယူလိုက်ဖို့ အရေးကြီးရပါမယ်။ ဦးဇင်းတို့ တရားအားထုတ်တော့ တရားက တငါ ငါနဲ့ အားထုတ်ရင် မရဘူး လိုချင်နေလို့ မရဘူး လိုချင်နေရင် ငါပါတယ် မာနပါတယ် လောဘပါတယ် မရဘူး မျှော်လင့်နေလို့ မရဘူးဆိုတာ မျှော်လင့်နေရင် ငါပါတယ် မရဘူး။ ကိုယ်လုပ်တတ်သလို လုပ်ရင် မရဘူး။ ငါဆိုတဲ့ အထင်မှားနဲ့ ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတာနဲ့က ပြဒါး တစ်လမ်း သံတစ်လမ်းပါပဲ။

ငြိမ်ငြိမ်မနေတဲ့ စိတ်ကို ငြိမ်ငြိမ် နေခိုင်းတာပါ.. မလုပ်ရ မနေနိုင်တဲ့ စိတ်ကို မပြုလုပ်တဲ့ အလုပ်ကို လုပ်ခိုင်းတာပါ လားဆိုတာ့ သေသွားရင် သေရမှာကြောက်တယ်ဆိုတာ တကယ်လည်း သေတာမဟုတ်သေးဘူး သေသွား ကြောက်လို့သေရတာ။ ကိုယ်ကိုယ်တိုင်က မသေပဲနဲ့ကိုကြောက်နေတာ။ .. သေရင်မကြောက်တော့ဘူး ရင်လည်း မကြောက်တော့ဘူး မသေသေးလို့ ကြောက်နေတာ။ ကြောက်တော့ မသေတော့ဘူး ကြောက်စရာဖြစ်သွားတော့ ကြောက်စရာဖြစ်သွားရင်လည်း

မကြောက်ရတော့ဘူး အခုဟာက ရှင်နေလို့ ကြောက်နေရတာ။ အဲ့ဒါ စိတ်က သတ္တိမရှိလို့ပေါ့။ မသေ သေးဘူး အနာဂတ်ကိုတွေးပြီးတော့ မှ စိတ်က အနာဂတ်ကို သိမ်းပိုက်တာ အကျင့်ပါနေတယ်။ စိတ် က ပစ္စုပ္ပန်တည့်တည့်မှာ မနေတာ အကျင့်ပါနေတယ်။ ပစ္စုပ္ပန်ကို ငါထင်နေတဲ့ အစွဲကြောင့် အနာဂါတ် ကိုပါ ငါထင်နေတယ်။ မဖြစ်သေးလို့ ကြောက်နေတာ အဖြစ်မခံနိုင်လို့ ဒုက္ခရောက်နေတာ။ အသေမခံ နိုင်လို့ ဒုက္ခရောက်နေတာ။ အသက်ကိုမစွန့်ရဲလို့ ဒုက္ခရောက်နေတာ။ စွန့်ရဲသွားရင်လည်း သေခြင်းတ ရားကို ထည့်ပြီးတော့မှ စဉ်းစားစရာကိုမလိုတော့ဘူး။ ဒါအသက်ကို စွန့်နိုင်မှ အသက်နဲ့ရင်းပြီးတော့မှ တွေ့ရှိလာတဲ့ တွေ့ရှိချက်ပါ။ တစ်သံသရာလုံး မစွန့ရ်ဲခဲ့တဲ့ ကိုယ့်လိုအင်ဆန္ဒတွေ မပြည်ဝ့  ပဲ သေရမှာ ပူပန်တဲ့ စိတ်ကို သတ်လိုက်ခြင်းပါ။ အံ့ဩစရာတွေ့ရှိချက်က အသက်ကို စွန့်ရဲတော့မှ အသက်မရှိတာ ကို သွားသိတယ်။ မစွန့ရ်ဲရင်တော့ အသက်ရှိတယ် ထင်နေမှာပဲ။ ငါလည်းမရှိ သေစရာလည်း မရှိတာ ကို သွားပြီး သိတယ်။ အဲ့တော့ လူသေကောင်က သေရမှာ မကြောက်သလိုပေါ့။ သူများကသာ လူသေကောင်ကို ကြောက်ရမယ်။ လူသေကောင်ကတော့ သေမင်းရဲ့ ဘက်တော်သားဖြစ်သွားတော့ သေရမှာကို ကြောက်စရာမလိုသလိုပဲ အသက်ကိုစွန့်လိုက်တော့လည်း အသက်မရှိမှန်းသိသွားတော့ သေရမှာကြောက်တဲ့စိတ်က မပေါ်လာတော့ဘူး။ ဘုရားဟောတဲ့ တရားကို ရဲရဲ ယုံသွားတယ်။ နဂိုက မရဲတရဲ ယုံနေတာပါ။ မရဲတာကို စွန့်လိုက်တော့ ရဲသွားတယ်။ မရဲတာကို မစွန့ရ် င်လည်း ဘယ်တော့ မှ ရဲစရာမရှိဘူး။ သေဘေးကို ငဲ့နေရင်လည်း ဘယ်တော့မှ သေဘေးကို ထည့်မတွက်ပဲ နေရဲစရာမ ရှိ ဘူး။ ဒါဘ၀နဲ့ရင်းတာ မဟုတ်ဘူး။ အသက်နဲ့ရင်းလိုက်တာ။ ဘ၀နဲ့ရင်းပြီးတော့မှ လူ့လောကကြီးအ ကြောင်းသိတာကတော့ လူတိုင်းသိနေတာပေါ့။ အမှန်တရားကို အသက်နဲ့ရင်းပြီးတော့မှ ရှာလိုက်တာ။ သေလားဆိုတော့ မသေပါဘူး အသက်မရှိတာ သွားသိတာ။ လူတွေက တိုင်းပြည်အတွက်သာ အ သက် စွန့်ရဲတာပဲ။ အချစ်အတွက်သာ အသက်စွန့်ရဲတာပဲ။ အစားအတွက်သာ အရှက်အတွက်သာ အ သက်စွန့်ရဲကြတာ။ အမှန်တရားအတွက် အသက်မှ မစွန့်ရဲကြပဲ။ ကိုယ့်ရဲ့အသက်ကို တလွဲသုံးနေ တယ်။ မတရားတဲ့ဘက်မှာ အသုံးချနေတယ်။ အရူးအကန်းတွေကိုသာ အားကျနေကြတယ်။ အရူးဇာတ်သာခင်းနေတယ်။ ဘုရားကို အားကျရကောင်းမှန်း မသိဘူး။ အမှန်တရားကို အသက်စွန့်ပြီး ရှာရကောင်းမှန်း မသိဘူး။ အသက်စွန့်ဆိုတာက သတ်သေလိုက်ရမယ် မပြောပါဘူး။ သေချင်သေ ဒီတရားအလုပ်ကိုတော့ မစွန့်ဘူးဆိုပြီး အသက်သာစွန့်လိုက်မယ်ဆိုတဲ့ စိတ်ကို မမွေး မွေးနိုင်အောင် မွေးဖို့ပါပဲ။ အဲ့ဒီလိုမွေးရဲသွားရင်လည်း အသက်ကိုစွန့်ရဲသွားရင်လည်း လူသေကောင်ကြီးလို သေရမှာ

ကြောက်စရာမရှိတော့ဘူး။ နှစ်ခါပြန်သေတယ်ဆိုတာ မရှိဘူး။ မသေသေးလို့ သေချင်းတရားကို ထည့် စဉ်းစားနေရတာ။ သေရမှာ ပူစရာမရှိတာလောက် သေမင်းခေါင်း ထဲ မရှိတာလောက် သေမင်းနှလုံး သားထဲ မရှိတာလောက် လွတ်လပ်တဲ့အဖြစ်ကလည်း မရှိတော့ပါဘူး။ သေခြင်းတရားကို ထည့်တွက်စ ရာမလိုတာလောက် ချမ်းသာတဲ့အဖြစ်ကလည်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးက အသက်ကို ငဲ့ကွက်နေရတာကို။ အသက်ရှိတယ်ထင်ပြီး အသက်ငဲ့နေရတာ။ သဲအင်းဂူဆရာတော်ဘုရားကြီးကတော့ လူသေရင်သေ မသေရင် တရားရဆိုပြီး ဆုံးမလမ်းညွှန်တော်မူခဲ့ပါတယ်။ တရားကျင့်မည်ယောဂီသည်--လူသေရင်သေ မသေ တရားရ လူသေရင်သေ မသေ ကိလေသာသေ ရုပ်ဘယ်လောက်နာနာ စိတ်မနာအောင် ကျင့်မည်ဟုသဒ္ဓာစိတ်အပြည့်ရှိရမည်။ လျော့တိလျော့ရဲဝီရိယနှင့မ် ရပါ။ ဒီသံသရာမှလွတ်နိုင်သမျှလွတ်အောင် ကြိုးစားမည်ဟုစိတ်မွေးပြီးဝီရိယတင်ရပါမည်။

You might also like