You are on page 1of 8

အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ရှောင်သင့်၊ ဆောင်သင့်၊ ပြင်ဆင်သင့်၊ ပြုလုပ်သင့်သည့်

အချက်များ။ (ဖတ်ဖြစ်အောင် ဖတ်ပါ။ လက်ဆင့်ကမ်းပေးပါ)


ပေးပါ)။

အကြမ်းဘက်တဲ့ ရန်သူအပေါ် ခုခံကာကွယရ


် န်နှင့် တုန့် ပြန်ဆောင်ရက
ွ်ရန်အတွက် ဖြစ်ပါတယ်။
အကြမ်းဘက်တာကို ခုခံကာကွယ်တုန့် ပြန်ခြင်းသည် လူသားတစ်ဦးအတွက်ရော လူ့ ဘောင်အဖွဲ
့အစည်းအတွက်ရော ဆောင်ရွက်သင့်တဲ့ တရားသော လုပ်ဆောင်မှု ဖြစ်တယ်။

အောက်ဖေါ်ပြပါ အရေးပေါ် ပြင်ဆင်မှုတွေကို စနစ်တကျ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။


မိမိအတွက်လည်း ပြင်ဆင်ထားသင့်သလို့  အခြားသူများအတွက်လည်း ပြင်ဆင်ထားခြင်းဖြင့်
ကူညီနိုင်ပါတယ်။

အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားခြင်း။

အဆင်သင့်ဆောင်ထားသင့်သော ပစ္စည်းများ။

၁။ ရေဗူးများ ဆောင်ထားရပါမယ်။ သောက်သုံးရန်အတွက်သာမက မျက်နာကျင်ခြင်း၊ ဒါဏ်ရာရရှိခြင်း၊


အပူလောင်ခြင်းတို့ တင
ွ် ဆေးကြောသုတ်သင်ရန်လည်း ဖြစ်ပါတယ်။

၂။ ထူထပ်၍ ခိုင်မာသော လက်အိတ်များများ ဆောင်ထားရပါမယ်။ အပူ၊ ထိခိုက်မှု၊


ဆေးဝါးဓါတုပစ္စည်းများအန္တရာယ်မှ ကာကွယရ
် န်သာမက မိမိရဲ့ လက်ဗွေရာများ
မကျန်စေရန်အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၃။ အရေးပေါ်အဆက်အသွယ်ပြုလုပ်နိုင်ရန်အတွက် လက်ကိုင်ဖုန်း (သို့ ) ပြည်သူပိုင်ဖုံးတို့ တင
ွ်
အသုံးပြုနိုင်ရန် စီစဉ်ထားရပါမယ်။

၎။ ရှေးဥိးသူနာပြုနှင့်ပတ်သက်သော ဆေးဝါးကိရိယာများကို မိမိယူဆောင်လို့ ရနိုင်သည့်


တနိုင်စာအား ပြင်ဆင်ထားရပါမယ်။ အ၀တ်စ၊ ပတ်တီး၊ အရက်ပြံ၊ ဂွမ်း၊ ကတ်ကျေး၊ ချူပ်အပ်၊
ချူုပ်ကြိုး၊ အနာကျက်ဆေး၊ အကိုက်အခဲပျောက်ဆေး စသည်တို့ ကို ဆောင်ထားရမှာ ဖြစ်ပါတယ်။

၅။ အရေးပေါ် စားသောက်နိုင်ရန် အစားအသောက်များ ဆောင်ထားရမှာဖြစ်ပါတယ်။


ခေါက်ဆေ
ွဲ ခြာက်၊ ထမင်းခြောက်၊ အသားခြောက် အစရှိသည်တို့  ဖြစ်ပါတယ်။

ရှောင်ကြဉ်ရန်နှင့် သင့်တော်သော ၀တ်စားဆင်ယင်မှု။

၁။ ရန်သူဘက်မှ သိသိသာသာ မြင်နိုင်သည့် အရောင်တောက်တောက် အ၀တ်အစားများအား


ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ သာမန် အရောင်မတောက်သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

၂။ ဆွဲကြိုး နာရီ အစရှိသည့် ရန်သူမှ အလွယ်တကူ ဆွမ


ဲိနိုင်သည့် ပစ္စည်းများ ၀တ်ဆင်ခြင်းမှ
ရှောင်ကြဉ်ပါ။ ထို့ အတူ မိမိတို့  ဆံပင်အရှည်များကိုလည်း ထုံးဖွဲ့ ထားပါ။

၃။ အလွယ်တကူ ဆုတ်ပြဲနိုင်သည့် ကျွတ်ကျနိုင်သည့် မခံခိုင့်သည့် အ၀တ်အစားများ ၀တ်ဆင်မှုအား


ရှောင်ကျဉ်ပါ။ ခိုင်ခံ့သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။
၎။ ဂွင်းထိုးဖိနပ်များ၊ သားရေဖိနပ်များ၊ ကြိုးချီဖိနပ်များ ၀တ်ခြင်းအား ရှောင်ကြဉ်ပါ။
မိမိခြေထောက်အား အကာအကွယ်ပေးသည့် အလွယ်တကူ မကျွတ်ကျနိုင်သည့် ပြေးလွှားရာတွင်
ပေါ့ပါးသည့် ဖိနပ်မျိုးကိုသာ ၀တ်ပါ။

၅။ မိမိလက်တစ်လျောက်၊ လည်ပင်းတစ်ဝိုက်၊ ခြေထောက် အသားအရေများအား လုံခြုံစွာ


ဖုံးထားနိုင်သည့် အင်္ကျီလက်ရှည် ဘောင်းဘီရှည်များကို ၀တ်ဆင်ပါ။ ပုဆိုးများ ၀တ်ဆင်ခြင်းကို
အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည့် နေရာများတွင် မ၀တ်ဆင်သင့်ပါ။

ဆောင်ထားသင့်သော ပစ္စည်းကိရိယာများ။

၁။ မျက်စိအကာအကွယ်ပစ္စည်း (Goggles) - မျက်မှန်က့သ


ဲို့  မျက်စအ
ိား ဖုံအုပ်ထားပေးသော
ရေကူးရာတွင်သုံးသည့် မျက်စိကာများ။ မျက်စိအကာသည် မှန်ထက် ပလတ်စတစ်က
ပိုသင့်တော်ပါတယ်။ မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၂။ နှာခေါင်းနှင့် ပါးစပ် အကာအကွယ်ပစ္စည်း (Mask) - နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့ များ၊


ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၃။ မျက်နှာပြင်တစ်ခုလုံးအား (မျက်စိနှင့် နှာခေါင်းမှ အပ) ဖုံးထားနိုင်သည့် ခေါင်းစွပ်များကိုလည်း


မျက်စိကာ နှာခေါင်းကာများဖြင့် တွဘ
ဲ က် အသုံးပြုနိုင်ပါတယ်။ ပိုမိုသင့်တော်ပါတယ်။ နှာခေါင်းနှင့်
ပါးစပ်အား မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။ ထို့ အတူ မိမိအား ရန်သူမှ
မည်သူမှန်း မသိစေရန် ကာကွယ်နီုင်ပါတယ်။ သို့ သော် မိမိတစ်ဦးတည်း ထီးထီးမြင်နေရချိန်တင
ွ်
ရန်သူမှ အာရုံစိုက်မိစေရန် အလျင်စလို မသုံးသင့်ပါ။ ရုန်းရင်ဆန်ခတ်မှု ဖြစ်ခါနီးနှင့် မျက်ရည်ယိုဗုံး
ဓါတုဆေးများအား ရန်သူမှ သုံးလာလျှင် ၀တ်ဆင်သင့်ပါသည်။
၎။ ဦခေါင်းအား အကာအကွယ်ပေးသည့် ပစ္စည်းများ - ဦးထုတအ
် မာ၊ ဆိုင်ကယ်စီးဦးထုတ်များအား
ဝတ်ဆင်ထားသင့်ပါသည်။ ရန်သူမှ ဒုတ်ဖြင့်ရိုက်မှု၊ မိမိဘာသာ ချော်လက
ျဲမှုကြောင့် ဖြစ်လာနိုင်သည့်
ဦးခေါင်းဒါဏ်ရာရမှုအား ကာကွယ်ရန် ဖြစ်ပါတယ်။

၅။ အ၀တ်အစား အပိုတစ်စုံအားလည်း ဆောင်ထားသင့်ပါသည်။ ရုန်ရင်းဆန်ခတ်ဖြစ်မှုကြောင့်


ပျက်စီးပေကျံသွားသော အ၀တ်အစားအား လဲလှယ်ပြီး ရန်သူအား ခြေရာဖြောက်နိုင်ရန်အတွက်
ဖြစ်ပါတယ်။ ထို့ အတူ သွေးထွက်ဒါဏ်ရာအားလည်း ပတ်တီးအဖြစ် အသုံးပြုနိုင်ပါတယ်။

အထက်ဖေါ်ပြပါ အကာအကွယ်ပစ္စည်းများကို ဆောင်ထားဝတ်ဆင်ထားမယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့ 


ဓါတုဆေးအန္တရာယ်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးနဲ့ 
ဓါတုဆေးအန္တရာယ်များဟာ ရန်သူဘက်မှ ယာယီသုံးစွတ
ဲ့ဲဟာ ဖြစ်လို့  ဒီအကာအကွယ်တွေသာ
မိမိဘက်မှ လုပ်ထားလျှင် အရမ်းကြောက်ရွံ့ စရာ မလိုဖူးဆိုတာ သိထားဖို့ လိုပါတယ်။

အရေးပေါ်အခြေအနေပေါ် သုံးသပ်ဆောင်ရက
ွ်ခြင်း။

၁။ ရန်သူ၏ အခြေအနေကို ကြည့်ပါ။ မိမိဘက်မှ လူများအခြေအနေကို ကြည့်ပါ။ စိတ်ကို


အေးအေးထားပြီး အခြေအနေကို သုံးသပ်ကာ လုပ်သင့်သည်ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။

၂။ ကြောက်လန့် တကြားဖြင့် ရှေ့ မကြည့် နောက်မကြည့် ရမ်းသမ်းပြေးခြင်းသည် ပိုမို၍


အန္တရာယ်ကြီးပါတယ်။ ရန်သူမှ ဆင်ထားသော ထောင်ချောက်နှင့် ပိတ်ဆို့ ဝိုင်းရံမှုအတွင်းသို
့ကျရောက်နိုင်ရုံမက မိမိဘာသာလည်း လဲပြိုကျကာ ထိခိုက်ဒါဏ်ရာ ရနိုင်ပါတယ်။
၃။ ရှေ့ တိုးခြင်း နောက်ဆုတ်ခြင်းကို မိမိတို့  လူများ အတူတူ ညီညီညာညာ တိုင်ပင်ကိုက်
ပြင်ဆင်ဆောင်ရွက်ပါက ရန်သူဘက်က အလွယ်တကူ ဖြိုခန
ွဲိုင်မည် မဟုတ်ပါ။ ရန်သူသည် မိမိတိ
ု့ဘက်မှ ရဲရဝ
ဲ န့် ဝန့် နှင့် ညီညီညာညာတုန့် ပြန်မှုအား ကြောက်ရွံ့ တတ်လေ့ ရှိပါတယ်။ တစ်ဦးက
ထောက်၍ ပြေးပါက ပြိုကွဲကာ ထွက်ပြေးသူ နောက်အားလည်း ပိုမ၍
ဲ လိုက်လံခြေမှုန်းတတ်သည်ကို
သတိထားရန် လိုပါတယ်။

၎။ လှုပ်ရှားမှု စတင်ရန်အကောင်အထည်ဖေါ်ဆောင်ရက
ွ်ရာတွင် အခြေအနေအားလုံးအား
ဖြစ်နိုင်ခြေမှန်သမျှအား ထည့်သင
ွ်းစဉ်းစား၍ လိုအပ်သော ပြင်ဆင်မှုအားလုံးကို စနစ်တကျ
တစ်ဦးချင်းဖြစ်စေ အဖွဲ့ လိုက်ဖြစ်စေ စီစဉ်မှုပြုလုပ်ရန် လိုပါတယ်။

အဆိုးရွားဆုံး အရေးပေါ်အခြေအနေအား ရင်ဆိုင်ခြင်း။

၁။ မိမိတစ်ဦးတည်း ကိုယ်လွတ်ရုန်းပြေးခြင်း၊ အများ၏ ဆန္ဒနှုင့် မကိုက်ညီသော ပြောဆိုမှု


လုပ်ဆောင်မှုမျိုး မပြုလုပ်ရန် အရေးကြီးပါတယ်။

၂။ လှုပ်ရှားမှုတွင် ခေါင်းဆောင်တင်မြောက်ထားသူများ၏ ဆုံးဖြတ်ချက် လမ်းညွှန်မှုအား


တင်္ညတညွတ်တည်း လိုက်နာ ဆောင်ရက
ွ်ကြဖို့  လိုပါတယ်။ ခေါင်းဆောင်မှလည်း ဖြစ်ပေါ်လာသည့်
ဖြစ်ပေါ်နိုင်သည့် အခြေအနေကို သုံးသပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျန်သူများအပေါ်
ပြတ်သားရဲရင့်စွာဖြင့် လမ်းညွှန်ဦးဆောင် ရမှာ ဖြစ်ပါတယ်။ မိမိတို့  စီစဉ်ထားသော
လူများအတွက်သာမက ထပ်မံပေါင်းစပ်လာသော ပြည်သူများကိုပါ လက်တွဲခေါ်ယူပြီး စနစ်တကျ
စီစဉ်လုပ်ဆောင်ရန် အရေးကြီးပါတယ်။

၃။ မိမအ
ိ မာခံလူများနှင့် ရန်သူဘက်မှ သပ်လျှိုဝင်ရောက် ဖျက်စီးနိုင်သည့်သူများအား
ခွဲခြားသိမြင်စေရန်အတွက် မိမိတို့ အချင်းချင်း သိသာသည့် အမှတ်အသား စကားဝှက်များကိုလည်း
စီစဉ်ထားရမည် ဖြစ်သည်။ ထိုနေရာတွင် ရန်သူအား သိသာစေသည့် မြင်သာစေသည့်
အမှတ်အသားများကို မပြမိစေရန် အရေးကြီးပါတယ်။

၎။ ရန်သူနှင့် ထိပ်တိုကရ
် င်ဆိုငရ
် ချိန်တင
ွ် ဖြိုခင
ွ်းမှုကြုံရချိန်တင
ွ် မည်သို့ သော လုပ်ဆောင်မှုများ
လုပ်မည်ကို မိမိတို့  အနေဖြင့် အထူးသဖြင့် ဦးဆောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်
လိုအပ်သည်။ အဆင့်ဆင့် သတ်မှတ်၍ အရေးပေါ် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း
အသိပေးအကြောင်းကြားသည့် နည်းပုံစံအားလည်း ပြင်ဆင်ထားရမှ ဖြစ်ပါတယ်။

နောက်ဆုံးလုပ်ဆောင်သင့်သော အချက်မှာ (မြန်မာပြည်တင


ွ် ဖြစ်လာခဲ့သမျှသော ရန်သူနှင့်
ထိပ်တိုက်ရင်ဆိုင်မှုများတွင် ရန်သူဘက်မှ တစ်ဘက်သတ် အင်အားသုံး အကြမ်းဘက်ဖြိုခမ
ွှဲုကြောင့်
ကစဥ့်ကလျားဖြစ်ကာ ပြိုကွဲခြင်းများဖြင့် ကြုံတွေ့ ရခြင်းကြောင်၊့ မိမိတို့ အင်အားများ
တတိတိဆုံးရှုံးရခြင်းတို့ ကြောင်)့ နောက်နောင်ဖြစ်ပေါ်လာနိုင်သည့် လူထုလှုပ်ရှားမှုမှန်သမျှတွင်
ညီညီညာညာဖြင့် ခုခံကာကွယ်ရန် ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးက ဖြစ်ပေါ်ခဲ့သမျှသော
လူထုလှုပ်ရှားမှုများနှင့် မြန်မာသမိုင်းတွင် ဖြစ်ပေါ်ခဲ့သမျှသော အောင်မြင်ခ့သ
ဲ ည့်
တော်လှန်ရေးလှုပ်ရှားမှုမှန်သမျှတွင် အင်အားသုံးအကြမ်းဘက်ဖြိုခေ
ွဲ သာ ရန်သူအား
ခုခံကာကွယ်တုန့် ပြန်ခဲ့၍သာ အနိုင်ရရှိခ့တ
ဲာ ဖြစ်ပါတယ်။

လူထုအင်အင်ဟာ အကြီးမားဆုံး အင်အားဖြစ်ပါတယ်။ လူထုအင်အားနဲ့  ရန်သူအင်အား


ယှဉ်ကြည့်ရင် အရေအတွက် အများကြီး ကွာခြားပါတယ်။ လူထုမှာ မိမိအင်အားကို
စုပေါင်းအသုံးချနိုင်ဖို့ ဘဲ လိအ
ု ပ်ပါတယ်။ အင်အားနည်းတဲ့ ရန်သူမှာ လက်နက်ရှိလို့  အင်အားကြီးတဲ့
လူထုက ငုံ့ ခံနေရတယ်ဆိုတာ လုံးဝမဖြစ်သင့်သလို တကယ်ဆိုရင် မမှန်ကန်ပါဖူး။

အင်အားနည်းတဲ့ ရန်သူက လက်နက်နဲ့ အနိုင်ကျင့်တယ်ဆိုရင် ပြည်သူလူထုကလည်း လက်နက်နဲ့ 


အနိုင်ရအောင် လုပ်ဆောင်ရပါမယ်။ လက်နက်ဆိုတာ သေနတ်မှ လက်နက် မဟုတ်ပါဖူး။
ပြည်သူလူထုမှာ လက်နက်တွေ ခိုင်ခင
ိုမာမာနဲ့ အများကြီး ရှိဖို့ ဘဲ ဖြစ်ပါတယ်။ အဲဒ
့ါတွေက
စိတ်ဓါတ်လက်နက်၊ ညီညွတ်မှုလက်နက်နဲ့  ရဲရင့်တဲ့ လက်နက်တွေဘဲ ဖြစ်ပါတယ်။ ဒီ့အပြင်
လက်တွေ့ ကျတဲ့ လက်နက်တွေကတော့ မိမိတို့ နေ့ စဉ်နဲ့  အမျှ သုံးစွေ
ဲ နတဲ့ပစ္စည်းတွေဟာ
လက်နက်တွေပါဘဲ။ မိမိတို့ အိမ်တိုင်းမှာ ဒါး ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ မီး ရှိပါတယ်။ မိမိတို့ 
အိမ်တိုင်းမှာ သံ ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ ဓါတုဆေးဝါးတွေ ရှိကြပါတယ်။ မိမိတို့  သွားရာလာရာ
လမ်းတွေမှာလည်း ရှိကြပါတယ်။ ဒါတွေကို သူ့ နေရာနဲ့ သူ ရန်သူကို ရင်ဆိုင်တ့ေ
ဲ နရာမှာ
ထိထိရောကရောက် အသုံးပြုရင် လက်နက်ပါဘဲ။

အဓိကကတော့ မတရားအနိုင်ကျင့် အကြမ်းဘက်ဖြိုခတ


ွဲာကို ငြိမ်မခံပါနဲ့ ။ တစ်ခါအရိုက်ခံရရင်
ရန်သူက နှစ်ခါ ထပ်ရိုက်ပါလိမ့်မယ်။ ရန်သူက တစ်ယောက်ကို ဖမ်းရရင် နောက်တစ်ယောက်ကို
ဆက်ဖမ်းပါလိမ့် မယ်။ ရန်သူက တစ်ယောကို လွယ်လယ
ွ်ကူကူနဲ့  ပစ်လို့ ရရင် နောက်တစ်ယောက်ကို
ထပ်ပစ်ပါလိမ့် မယ်။ ဒီတော့ မိမိအနေနဲ့  ရန်သူရဲ့ အကြမ်းဘက်မှုကို ခံရတဲ့ ပထမဦးဆုံးသူ
မဖြစ်စေပါနဲ့ ။ နောက်လူလည်း မဖြစ်ပါစေနဲ့ ။ တစ်ဦးချင်းအရရော လက်တြွဲ ပီးစုပေါင်းလို့ ရော
အကြမ်းဘက်လာရင် ပြန်ခုခံပါ။ ကာကွယ်ပါ။ လက်တုန့် ပြန်ပါ။ ဒါဟာ မိမိတို့ က အကြမ်းဘက်တာ
မဟုတ်ပါဖူး။ အကြမ်းဘက်တာကို ကာကွယ်ခခ
ုံတာဆိုတာကို လက်ခံယုံကြည်ရပါမယ်။

ဒီလို အလွယ်တကူ အဖမ်းမခံရအောင် အရိုက်မခံရအောင် ပစ်ခတ်တာ မခံရအောင် ရန်သူဘက်က


သုံးလာတဲ့ အတိုင်း ပြည်သူတွေဘက်ကလည်း ပက်ဖြန်းဆေးတွေ (Spray) တွေ၊ လောက်လေးဂွတွေ၊
ဒါးအတိုတွေ၊ ဒုတ်အတိုတွေ၊ ကြိုးတွေကို လူတိုင်းအားလုံးက ဆောင်ထားသင့်ပါတယ်။
ကျည်မပေါက်နိုင်တဲ့ သံအထူနဲ့ တစ်ကိုယ်စာ ဒိုင်းအကာတွေ လုပ်ထားကြရမှာ ဖြစ်ပါတယ်။

မတရားအကြမ်းဘက်မှု ဖြိုခင
ွ်းမှုကို ငုံ့ ခံလို့  မရပါဖူး။ လူတိုင်းမှာ မိမိရဲ့  အသက်အန္တရာယ်နဲ့ 
လုံခြုံမှုကို ထိပါးလာစေမယ် ထိခိုက်နာကျင်စေမယ်ဆိုရင် ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။
ခုခံကာကွယ်ပိုင်ခင
ွ့် ရှိပါတယ်။ ဒါဟာ တရားသော ခုခံကာကွယ်မှု ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ 
ခုခံကာကွယ်ပိုင်ခင
ွ့်ဟာ ဒီလူတစ်ဦးအတွက် ရှိသင်ရှိထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဆိုတာ
ကမ္ဘာ့ပြည်သူတွေက လက်ခံသတ်မှတ်ထားပါတယ်။
မတရားအကြမ်းဘက်တဲ့ ရန်သူကို ခုခံကာကွယ်ပါ။ ငုံ့ မခံဘဲ တုန့် ပြန်ပါ။

မိမိအနေနဲ့  ပြင်ဆင်ဆောင်ရွက်သင့်တာတွေကို ကြိုတင်ပြင်ဆင်ပါ။ ရှောင်သင့်တာတွေ


ဆောင်သင့်တာတွေကို ကြိုတင်စီစဉ်ပါ။

အင်အားသုံးပြီး ဖြိုခွဲဖို့ လာတဲ့ အကြမ်းဘက်သမားတွေကို ပြန်လည်ဖြိုခရ


ွဲ မှာ ဖြစ်ပါတယ်။

သည်းခံခြင်း၊ ငြိမ်ခံခြင်း၊ ငုံ့ ခံခြင်း၊ ဖြောင်းဖြခြင်း၊ တောင်းပန်ခြင်း၊ အလျှော့ ပေးခြင်းသည်


ရက်စက်ယုတ်မာသော ရန်သူနှင့် ထိပ်တိုက်ရင်ဆင
ိုနေရချိန်တင
ွ် လုပ်ရမည့် အလုပ်မဟုတ်။

ရိုင်းစိုင်းတဲ့ ရန်သူမှာ အကြင်နာနှလုံးသားနဲ့  ဖြူစင်ရိုးသားမှုဆိုတာ မရှိဘူး။ လုပ်ရမှာ လုပ်သင့်တာ


တစ်နည်းဘဲ ရှိတယ်။ ရန်သူက အကြမ်းဘက်လာရင် ပြန်ချ။

(ရေးသားသူ - နစ်နေမန်း)။

You might also like