You are on page 1of 2

ဗမာလူမျိုးကြီးဝါဒ

ဗမာဖြစ်မှမြန်မာနိုင်ငံရေးကိုလုပ်ပိုင်ခွင့်ရှိပါသလား။ ကျွန်တော်ဒီလိုမေးရတဲ့အကြောင်းကလဲ
ယနေ့ မြန်မာပြည်နိုင်ငံရေးမှာကိုယ့်ကိုကိုယ်နိုင်ငံရေးသမားအဖြစ်ခံယူသူများဟာမြန်မာပြည်ဒီမိုက
ရေစီရ ရှိရေး၊ တိုင်းရင်းသားပေါင်းစုံစည်းလုံးညီညွတ်ရေး၊ ဘာသာပေါင်းစုံတန်းတူညီမျှအခွင့်ရေး
ရရှိရေး တို့အတွက်ကြိုးစားဆောင်ရွက်နေကြပါတယ်လို့လက်သီးလက်မောင်းတန်း၊ နှုတ်ကဟစ်အော်
ကြွေးကြော်နေပေမယ့် မီဒီယာနှင့်အင်တာနက်စာမျက်နှာတွေပေါ်မှာတွေ့နေ၊မြင်နေ၊ ကြားနေရတာ
တွေကတစ်ခြားစီဖြစ်နေလို့ပါဘဲ။ မြန်မာပြည်ကောင်းစားရေး၊ပြည်သူလူထုဒုက္ခ တွင်းမှလွတ်မြောက်
ရေး အတွက်တတ်နိုင်တ့အ
ဲ ခန်း မှပါဝင်လုပ်ဆောင်သူအချင်းချင်းတောင်မှ ငါလုပ်တ့န
ဲ ည်းလမ်းအတိုင်း
မလုပ်ရင် တိုင်းပြည်အတွက်လုပ်တာမဟုတ်ဘူး၊ ကိုယ်ကျိုးရှာတာပဲ လို့စွပ်စွဲပြီးတိုက်ခိုက်တာတွေက
တော့မတွေ့ချင်မှအဆုံးပါဘဲ။ မြန်မာနိုင်ငံကောင်းစားစေချင်တာ ထက်ကိုယ့်နာမည်ရရှိရေးနဲ့
ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီး သူတစ်ပါးကိုတိုက်ခတ်တာကတော့ တကယ့်ကိုရင့်ကျက်မှုမရှိ
တဲ့နိုင်ငံရေးအတွေးခေါ်ပဲဖြစ်ပါတယ်။

အဲဒီအပြင်အဆိုးဆုံးကိစ္စတစ်ခုကတော့ ဗမာလူမျိုးကြီးဝါဒစွဲပါပဲ။ ဗမာမဟုတ်ရင်မြန်မာ


နိုင်ငံရေးကို မထိနဲ့၊ မကိုင်န့၊ဲ မပါဝင်နဲ့လို့ လူမျိုးကြီးဝါဒကိုစွဲကိုင်ပြီးကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေ၊
အခြားဘာသာဝင်တွေကိုစည်းဝိုင်းထဲက မောင်းထုတ်နေတာတွေ တွေ့မြင်နေရတာရင်နာဖို့
ကောင်းပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် လို့ပြောလိုက်တာနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံ
သန္ဓေတည်မွေးဖွားလာတဲ့နိုင်ငံဆိုတာအားလုံးနားလည်ကြပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ
ဲိုင်းရင်းသားတိုင်း၊ လူမျိုးစုတိုင်းဟာ နိုင်ငံရေးမှာပါဝင်ခွင့်ရှိသင့်ပါတယ်။
အတွင်းမှာနေထိုင်တ့တ
ဒါပေမယ့်ပြည်ပရောက်နိုင်ငံရေးသမားများကတော့ဒီလိုမထင်ပါဘူး။ တိုင်းရင်းသားတွေမြန်မာ
ပြည်အတွက်လုပ်ဆောင်ရင် နိုင်ငံရေးလုပ်စားတယ်၊ အစ္စလာမ်ဘာသာဝင်တွေပါလာရင်လဲ
Islamization လုပ်တယ်၊ မြန်မာပြည်ဖွားတရုပ်လူမျိုးတွေဆိုရင်လည်း တရုပ်ကြီးအမြတ်ထုတ်
တော့မယ်နဲ့  လူမျိုးကြီးဝါဒါကိုင်စွဲပြီလိုက်လံတိုက်ခိုက်တော့တာပါဘဲ။ခရစ်ယာန်နဲ့ ဟိန္ဒူဆိုခေါင်း
တောင်မထောင်ရဲလောက်အောင်ပါဘဲ။

အဲဒီပြည်ပရောက်နိုင်ငံရေးသမားတွေထဲမှာ အနောက်နိုင်ငံကြီးတွေမှာခိုလှုံ နိုင်ငံသားခံယူပြီး


နိုင်ငံကြီးတွေကပေးတဲ့အခွင့်ရေးအပြည့်အ၀မယူတ့သ
ဲူ၊ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးမှာမပါဝင်တဲ့သူ၊
ဘယ်နှစ်ယောက်များရှိပါသလဲ။ တစ်ရာမှာတစ်ရာ၊ အကုန်လုံးအခွင့်အရေးယူနေသူချည်းပါဘဲ။
အဲဒီသူတွေထဲမှာမြန်မာပြည်အတွက် မိမိတို့ ရရှိထားတဲ့အခွင့်ရေးတွေကိုစွန့်လွှတ်ပြီးလုပ်ဆောင်ပါမယ်
ဆိုတဲ့ သူဘယ်နှစ်ယောက်များပါ ပါသလဲ။ ရှာမှရှားပါဘဲ။

မြန်မာပြည်မှာမွေး အခြေနေအရပ်ရပ်ကြောင့်နိုင်ငံရပ်ခြားကိုရောက်၊
ဒါငါတို့နိုင်ငံဆိုပြီးအဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ ငါတို့လဲပါဝင်ခွင့်ရှိတယ်လို့သတ်မှတ်လုပ်ကိုင်
နေကြတယ်ဆိုရင်၊ မြန်မာပြည်မှာမွေး မြန်မာ့နိုင်ငံသားအဖြစ်ရှိနေတဲ့သူတွေကို
လူမျိုးရေးဘာသာရေးခွဲခြားပြီး မြန်မာ့နိုင်ငံရေးဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ပြော
ဆိုနေတာတရားမျှတလားဆိုတာ စဉ်းစားဆင်ခြင်မိတတ်ရင်ရှက်ဖို့ကောင်းလှပါတယ်။
ကိုယ်တိုင်ကြတော့ လူမှုရေး၊နိုင်ငံရေး၊စီးပွားရေး၊ယုံကြည်ကိုးကွယ်ခွင့် တွေမှာလူ့အခွင့်ရေးအပြည့်
ဝရယူပြီး မြန်မာနိုင်ငံတွင်းမှာနေထိုင်နေတဲ့ ဘာသာခြား၊ လူမျိုးခြားတွေ တိုင်းရင်းသားတွေ
အပေါ်မှာတော့ လူ့အခွင့်ရေးအပြည့်ဝပေးရမှာကိုကြောက်ကြတယ်။

ဆွေစဉ်မျိုးဆက်မြန်မာပြည်တွင်းမှာမွေးဖွားကြီးပြင်းလာကြတဲ့ ကချင်၊ကရင်၊ချင်း၊မွန်၊ရခိုင်၊
ရှမ်း ၊ တရုတ်၊ကုလား၊ လားဟူ၊ ၀၊ စတဲ့တိုင်းရင်းသားတွေရော မြန်မာနိုင်ငံရေးမှာဝင်ရောက်လုပ်
ကိုင်ခွင့်မရှိဘူးလို့ပြောဖို့ ခင်ဗျားတို့ မှာဘာအခွင့်အရေးရှိလို့ လဲ။တစ်မြေတည်းမွေး
တစ်ရေတည်းသောက်လာတဲ့ကိုယ့်တိုင်း ရင်းသားအချင်းချင်းကိုတောင်
နိုင်ငံရေးထဲဝင်မပါသင့်ဘူးလို့ကြွေးကြော်နေသူတို့တွေအတွက်သူတို့လက်ရှိခိုလှုံနေတဲ့နိုင်ငံကြီး
တွေကတောင် နိုင်ငံသားအဖြစ်လက်ခံဖို့မကောင်းပါဘူး။ တိုင်းရင်းသားတွေကိုသူတို့စည်းဝိုင်းအပြင်
မောင်းထုတ်သလို သူတို့ကိုလဲမောင်းထုတ် သင့်တယ်။ ကိုယ်တိုင်ကြတော့မနေ့ ၊တစ်နေ့ ကမှ
သူများနိုင်ငံရောက်တာတောင်အနောက်နိုင်ငံသားတွေ လူတန်းစားခွဲခြားတာခံရရင်
ဆတ်ဆတ်ထိမခံဖြစ်ပြီး၊ ကိုယ့်နိုင်ငံမှာမွေးသူအချင်းချင်းကြတော့သူတို့  လောက်ခွဲခြားတာ
ပြိုင်ဘက်ကင်းပါပဲ။ နိုင်ငံတကာမှာ မြန်မာပြည်သူတွေလူ့အခွင့်ရေးမရပါဘူးလို့ ကြေငြာ
မောင်းခတ်နေတဲ့ သူတွေ ကိုယ်တိုင်အခုလိုစိတ်ထားမျိုးရှိနေတာဟာအံ့သြစရာပါ။
ဒီမိုကရေစီစနစ်ထွန်းကားလာအောင်၊လူ့အခွင့်ရေးအပြည့်ဝရရှိလာအောင်တိုက်ပွဲဝင်ပါတယ်ဆိုတဲ့
နိုင်ငံရေးသမားအမည်ခံလှုပ်ရှားနေသူတွေကိုယ်တိုင်လူမျိုးခြား၊ဘာသာခြားတိုင်းရင်းသားတွေကိုအ
ဆင့်တန်းခွဲလုပ် ဆောင်နေတယ်ဆိုရင် ၊ ဝေဖန်တိုက်ခိုက်နေမယ်ဆိုရင် ကိုယ်ယုံကြည်တဲ့
ယုံကြည်ချက်၊ဦးတည်ချက် ကနေလွဲဖယ်နေတာတော့သေချာပါတယ်။အဲဒေ
ီ တာ့ပြည်ပရောက်
နိုင်ငံရေးသမားတွေအပေါ်မြန်မာပြည်အတွင်းကတိုင်းရင်းသားပြည်သူတွေအယုံကြည်ကင်းမဲ့တာမထူး
ဆန်းပါဘူး။

တပ်မတော်အစိုးရကတန်းတူအခွင့်ရေးမပေးလို့တော်လှန်ရေးလုပ်နေပါတယ်ဆိုတ့သ
ဲူတွေ
ကိုယ်တိုင်ကရောတန်းတူအခွင့်ရေးပေးဖို့အဆင်သင့်ဖြစ်ပြီလား။ ခင်ဗျားတို့အောင်ပွဲခံနေတဲ့
ဖေဖော်ဝါရီ (၁၂)ရက်ပြည်ထောင်စုနေ့ဆိုတာ အခမ်းအနားလုပ်၊ အာဘောင်အာရင်းသန်သန်
နဲ့စကားတွေပြော၊ သီချင်းဆို၊အရက်သောက်၊ထမင်းတွေဝိုင်းဖွစ
ဲ့ားရုံသက်သက်မဟုတ်ဘဲ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့နိုင်ငံဟာတိုင်းရင်းသားပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံတန်း
တူညီမျှရှိကြောင်းသတ်မှတ် ခဲ့နေ့ ဆိုတဲ့စစ်မှန်တ့အ
ဲ နှစ်သာရကိုမမေ့ကြပါနဲ့ ။

You might also like