You are on page 1of 3

မြန်မာပြည်သူပြည်သားတို့ ခံစားချက်

အတိတ်နှစ်ပေါင်း ၂၀ လောက်ကစပြီး ယနေ့လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်ပြောင်းလဲခဲ့သမျှ


တွေကိုပြန်သုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာကတော့ ပျက်စီးယိုယွင်းနေတဲ့ လူမှုရေး၊ စီးပွား
ရေး၊ ကျန်းမာရေး၊ ပညာရေးတွေသာမက ပျက်စီးသွားရတဲ့စိတ်ဓါတ်တွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်ရ
မှာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်တစ်ခုမေးချင်တာ ဒီလိုဖြစ်ပျက်နေတာတွေအတွက်ဘယ်သူများတာ
ဝန်ရှိပါသလဲ။ ဘယ်သူများတာဝန်ယူကြမလဲဆိုတာကိုပါပဲ။ အစဉ်အလာအရ ရဲရင့်ခ့တ
ဲ့မြန်မာပြည်သူပြည်
သားတွေပဲဗျာ၊ ရှေ့ထွက်ပြီးဝန်ခံကြပါ၊ ကျွန်တော်ကြောင့်၊ ကျွန်မကြောင့် ဆိုတာကိုရဲရဲကြီး ထွက်ြပီးကြေငြာ
ပေးစေချင်ပါတယ်။ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလူဖြစ်လာကြတဲ့လူငယ်တွေရဲ့အနာဂါတ်အတွက်ခင်ဗျားတို့
ဘယ်လိုများပြင်ဆင်ပေးထားကြပြီးပြီလဲ။
လွပ်လပ်ရေးရပြီးတဲ့ ၁၉၄၇ ခုနှစ်ကနေစပြီးတော့ ဒီနေ့မျက်မှောက်ကာလအထိနှစ်ပေါင်း ၆၀ ကျော်တိုင်
အာဏာရူး၊ ဥစ္စာတွေရူးပြီးမြန်မာပြည်ကို ထင်သလိုကုလားဖန်ထိုးခဲ့ကြတဲ့နိုင်ငံရေးသမားလို့ကြွေးကြော်ခဲ့
သမျှသော ပုဂ္ဂိုလ်ကြီးများ ခင်ဗျား- ဒီအချိန်ဟာအသိတရားနဲ့သတိတရာကိုလက်ကိုင်ထားလို့ကိုယ့်
မြန်မာနိုင် ငံန့တ
ဲိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကိုကြည့်သင့်တဲ့အချိန်ကာလတစ်ခုပါ။
ဒီလိုသာမ ဟုတ်ခဲ့ရင်နောင်အနှစ် ၁၀၀အတွင်းမှာခင်ဗျားတို့ရဲ့မြန်မာနိုင်ငံဟာနိုင်ငံကြီးများ ရဲ့ 
လွှမ်းမိုးအုပ်ချုပ်မှုအောက် ကို မလွဲမရှောင်သာကျရောက်သွားရပါတော့မယ်ဆိုတာကိုသိစေချင်ပါတယ်။

နိုင်ငံရေးသမားအပေါင်းတို့ အခုအချိန်မှာခင်ဗျားတို့လက်ညှိုးငေါက်ငေါက်ထိုးပြီးစွပ်စွဲနေတဲ့စစ်အစိုးရအဖွဲ့
တစ်ခုတည်းကြောင့်မြန်မာပြည်တစ်ခုလုံးဆင်းရဲနွမ်းပါးခဲ့ရတာလား။ ခင်ဗျားတို့မှာရောတိုက်ရိုက်သော်၎င်း၊
သွယ်ဝိုက်၍သော်၎င်းတာဝန်မရှိတော့ဘူးလား။ ပြန်သုံးသပ်ကြည့်စေချင်ပါတယ်။ ခိုင်မာတဲ့ဖွ့စ
ဲ ည်းအုပ်ချုပ်
ပုံအခြေခံဥပဒေတောင်မရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံအတွက်ခင်ဗျားတို့ဘာတွေများလုပ်ပေးခဲ့ကြပြီးပီလဲ။
နိုင်ငံရေးအဖွ့အ
ဲ စည်းတိုင်းမှာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံနိုင်လောက်အောင်စနစ်ကျပြီးကောင်း
မွန်တဲ့ဥပဒေပြဌာန်းချက်တွေကိုများရေးဆွဲပြီးကြပြီလား။ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ပညာရေး၊ ကာ
ကွယ်ရေးတွေန့ပ
ဲ တ်သတ်ပြီးတိကျတဲ့မူဝါဒတွေရော ခင်ဗျားတို့မှာရှိနေကြပြီလား။

ဒီနေ့ခေတ်နိုင်ငံရေးမူဝါဒဆိုတာ လည်ချောင်းကွဲလောက်အောင်ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရဖြုတ်ချရေး


အော်နေရုံနဲ့ လူထုအဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်ပေးရုံန့ခ
ဲ င်ဗျားတို့ပြောတဲ့ဒီမိုကရေစီဆိုတာရလာမယ်
လို့ခင်ဗျားတို့ထင်မနေကြပါနဲ့။ ခင်ဗျားတို့ထင်တိုင်းဖြန့်ထားတဲ့ဝါဒတွေကြားမှာအပြစ်မဲ့တ့၊ဲ အယုံလွယ်တဲ့
ပြည်သူတွေရဲ့ဘ၀တွေထိခိုက်နစ်နာသွားရတာကလွဲလို့ ဘာမှဖြစ်မလာဘူးဆိုတာသိစေချင်ပါတယ်။
အဓိကရုဏ်းတွေမှာပျက်စီးခဲ့ရတဲ့ ပြည်သူလူတွေတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက်ခင်ဗျားတို့မှာ ဘာ
အာမခံချက်တွေန့တ
ဲာဝန်ယူထားပြီးပါပြီလဲ။ ဒီနေ့တိုးတက်နေတဲ့နိုင်ငံတွေမှာ နိုင်ငံရေးလှုပ်ရှားမှုကိုဘယ်လို
တွေဆောင်ရွက်နေကြလဲဆိုတာကိုအရင်လေ့လာကြည့်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲနိုင်ငံရေးနဲ့ပတ်
သတ်တဲ့ပညာရပ်တွေကိုလေ့လာဆည်းပူးထားပြီးမှသာ နိုင်ငံရေးသမားဆိုပြီးဆောင်ရွက်ကြစေချင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲကိုယ့်အတ္တအတွက်ကိုယ်လုပ်နေတဲ့တိုက်ပွဲတွေကိုမြန်မာပြည်အတွက်ဆိုပြီးခေါင်းစီးမတပ်
စေချင်ပါဘူး။
ဖြစ်ပြီးသမျှတွေကိုပြန်ပြောရမယ်ဆိုရင် ၁၉၈၈ခုနစ်ကျောင်းသားသပိတ်မှာပါဝင်ပြီးဆောင်ရွက်ခြဲ့ ကတဲ့သူ
တွေထဲမှာယနေ့အထိတစိုက်မတ်မတ်န့န
ဲိုင်ငံနဲ့လူမျိုးအတွက်ရယ်လို့ဆက်ပြီးဆောင်ရွက်နေတဲ့သူတွေ
ဘယ်လောက်များရှိနေပါသေးလဲ။ အချို့ချို့တွေဆို ၈၈ အရေးတော်ပုံကိုအကြောင်းပြလို့ကြီးပွားနေလိုက်
ကြပုံများပြောတောင်မပြောချင်ဘူး။ တောခိုသွားကြတဲ့ကျောင်းသားတွေထဲမှာရော လက်ရှိအချိန်ထိဘယ်
နှစ်ယောက်များမဆုတ်မနစ်နဆ
ဲ့ က်ပြီးတောခိုနေကြပါသလဲ။ နိုင်ငံရေးအတွက်ဒုက္ခရောက်နေရပါတယ်ဆိုတဲ့
ခေါင်းစဉ်န့အ
ဲ နောက်နိုင်ငံကြီးတွေမှာ နိုင်ငံရေးခိုလှုံခွင့်ကိုယူပြီးစီးပွားရှာနေကြသူတွေလည်းဒုနဲ့ဒေး၊
တစ်ကယ်မြန်မာပြည်ကိုကောင်းစားစေချင်လို့ခင်ဗျားတို့ရဲ့ဘ၀တွေကိုအနောက်နိုင်ငံတွေမှာစတေးရပါတယ်
ဆိုရင်အဲဒီကနေရလာတဲ့အခွင့်အရေးနဲ့ငွေကြေးတွေကို သုံးပုံတစ်ပုံကိုပဲသုံးပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကိုမြန်မာ
ပြည်ရဲ့လိုအပ်တဲ့နေရာတွေကိုထောက်ပံ့လိုက်တာပိုပြီးကောင်းတယ်လို့တွေးမိစေချင်ပါတယ်။ မြန်မာပြည်
လွပ်လပ်ရေးအတွက်အသက်စွန့်သွားတဲ့သူရဲကောင်းတွေန့ရ
ဲဘော်သုံးကျိပ်အဖွဲတွေအခုခင်ဗျားတို့ရနေတဲ့
အခွင့်အရေးမျိုးကိုအိပ်မက်တောင်မက်ဖူးကြမှာမဟုတ်ပါဘူး။ မိတ်ဆွေနိုင်ငံရေးသမားတို့ ကိုယ့်နာမည်ကို
ကဗျည်းထိုးခံရမှ သူရဲကောင်းမဟုတ်ပါဘူး။ ရဲရင့်တဲ့စိတ်ဓာတ်နဲ့သူတပါးတို့ကောင်းစားရေးကိုဆောင်ရွက်
နေရင်ကို သူရဲကောင်းဖြစ်နေပါပြီဆိုတာပြောပါရစေ။

ယနေ့မြန်မာပြည်ရဲ့ပေါ်ပြူလာဖြစ်တဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ NLD အဖွဲ့အစည်းထဲမှာဆိုရင်လည်းတော်


တော်များများနိုင်ငံရေးသမားကြီးတွေဟာ အသက်ကြီးရွယ်အိုတွေနဲ့ တော်တော်လေးကိုယိမ်းယိုင်နေပါ ပြီ။
အဲဒီဆရာကြီးတွေနိုင်ငံတော်ကိုဘယ်လိုပြန်လည်ထူထောင်မလဲဆိုတာအခွင့်ရှိရင်သိချင်ပါတယ်။
တကယ်လို့ အဲဒီပါတီကိုသာအနိုင်ပေးခဲ့ရင်သူတို့တွေဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုလည်းကျွန်တော်
တွေးမိသေးတယ်။ အနှစ် ၂၀ နီးပါးလဲအစိုးရနဲ့အတိုက်အခံဖြစ်ခဲ့ကြပြီးပါပြီ။ မြန်မာနိုင်ငံအတွင်းမှာဘယ်လို
များပြောင်းလဲတိုးတက်မှုတွေရှိခ့လ
ဲို့လဲ။NLDပါတီရဲ့အထွေထွေအတွင်းရေးမှုးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်
ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရပြီးအမြတ်ထုတ်လိုက်နိုင်ကလွဲလို့မြန်မာပြည်သူပြည်သားတွေမငြိမ်းချမ်းကြရ
သေးပါဘူး။
(နိုင်ငံရေးသမားများအဆိုအရ ဒေါ်စုကလုပ်ခွင့်မရသေးလို့ပါ..လုပ်ခွင့်ရရင်အားလုံးအိုကေမယ်ဆိုဘဲ)
ကာလတိုအတွင်းမှာ NLD ပါတီဆိုပြီးဘာကြောင့်လူသိများလာရသလဲဆိုတာကိုပွင့်ပွင့်လင်းလင်းသုံးသပ်
ကြည့်ရရင်သဘောဖြူတဲ့မြန်မာပြည်သားတွေဟာ လှလှပပကြီးအသုံးချခံခ့ရ
ဲ တယ်ဆိုတာဧကန်မုချပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကမိဘလိုသဘောထားပြီးလေးစားချင်ခင်ရသူ
ပါ။ ဒီပုဂ္ဂိုလ် ကြီးရဲ့သမီးကမြန်မာနိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့အခါမှာ
ရိုးသားတဲ့မြန်မာပြည်သားတွေဟာအစဉ်အလာကောင်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်လာပြီးတို့ကို
ကယ်တင်စောင့်ရှောက်နိုင်လေမလားဆိုတဲ့ယုံကြည်ချက်တွေန့ဘ
ဲ ၀တွေအသက်တွေကိုပေးခဲ့ကြပေမယ့်
အချိန်တွေသာပြောင်းလဲလာခဲ့ပေမယ့်ဘာမှဖြစ်မလာတဲ့အတွက်သူတိုပေးဆပ်လိုက်ရသမျှတွေဟာ
တရားမျှတပါရဲ့လားဆိုတာဒေါ်အောင်ဆန်းစုကြည်အနေနဲ့တွေးမိပါရဲ့လား။ ဒီတိုက်ပွဲတွေရဲ့ရလဒ်ကတော့
ကျွန်တော်တို့တိုင်းပြည်နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မေ
ှု တွခံလိုက်ရတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေး
တဟုန်ထိုးကျဆင်းခဲ့ရပါတယ်။ ဒီအချိန်မှာတကယ်အခက်ကြုံရတာက မြေဇာပင်ပြည်သူလူထုတွေပါ။
စစ်အစိုးရဘက်ကလည်းဘာမှဖြစ်မသွားသလို အန်တီစုအနေနဲ့လည်းဘာမှမထိခိုက်ခ့ပ
ဲါဘူး။
(ပြည်ပရောက်နိုင်ငံရေးသမားတွေကစီးပွားပိတ်ဆို့လိုက်ပြီ၊ဘယ်နိုင်ငံကဘယ်လိုဖိအားပေးလိုက်ြပီဆိုတာ
အာဘောင်ရင်းသန်သန်နဲ့ ရေးကြီးခွင်ကျယ်ပြောဆိုဂုဏ်ယူနေသေးတယ်။အေးလေ..သူတို့မှဘာမှ
မထိခိုက်တာ…)
ဒီဂယက်ရိုင်ခတ်မှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ဆင်းရဲကျပ်တည်းတဲ့ဒဏ်ကြောင့်
အပြစ်မ့တ
ဲ့မြန်မာပြည်မှာ အမျိုးသမီးငယ်လေးတွေလမ်းကြောင်းမှားပေါ်ရောက်ခ့ရ
ဲ သလို၊ ခေတ်ပညာတတ်
လူငယ်တွေလဲ အခြားနိုင်ငံတွေမှာ သူတစ်ပါးအနှိမ်ခံပြီးအလုပ်ထွက်လုပ်နေရတယ်ပါတယ်။ စီးပွားရေးကျ
ဆင်းခဲ့ရတဲ့အတွက် ပညာရေး၊ လူမှုရေး၊ကျန်းမာရေးနဲ့ တော်တော်များများသောဆိုးကျိုးတွေကို ကျွန်တော်
တို့ပြည်သူပြည်သားတွေခါးစည်းခံခ့ရ
ဲ ပါတယ်။ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ကြဌာန်းနဲ့ ကမ္ဘာ့အလယ်မှာ
ထည်ဝါနေဖူးခဲ့တဲ့မြန်မာတွေဟာအခုအချိန်မှာစားဝတ်နေရေးအတွက်နိုင်ငံတကာရဲ့ ကျွန်တွေ
အဖြစ်နိုင်ငံခြား တိုင်းပြည်တွေမှာထွက်ပြီးအားရပါးရ ကျွန်ခံနေရပါတော့တယ်။ သခင်မျိုးဟေ့ တို့ဗမာ
ဆိုတဲ့စကားတွေလဲ ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာအဖိနှိပ်ခံ၊ အနှိမ်ခံပြီး၊
ဆင်းဆင်းရဲရဲနဲ့ သူတပါးရဲ့ကျွန်အဖြစ်ဘယ်သူမှမခံချင်ပါဘူး။
ဒါပေမယ့်လည်းကိုယ်နိုင်ငံမှာလုပ်စားစရာအလုပ်ဘာမှမရှိ လေတော့ မြန်မာပြည်သားတွေမှာ
ရွှေပြည်တော်မျှော်တိုင်းဝေးလို့နေ နေရပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။
ကျွန်တော်တို့ပြည်သူပြည်သားတွေဟာနိုင်ငံရေးကိုအရမ်းကြီးစိတ်မ၀င်စားကြတော့ပါဘူး။
စစ်တပ်ဘဲအုပ်ချုပ်အုပ်ချုပ်၊ NLD ပဲအပ
ုချုပ်အုပ်ချုပ်၊ အခြားဘယ်နိုင်ငံရေးပါတီအုပ်ချုပ်သည်ဖြစ်ပါစေ
ကျွန်တော်တို့အတွက်အရေးမကြီးပါဘူး။ ဒီအချိန်မှာ မြန်မာပြည်သားတွေလိုအပ်နေတာ မိမိတို့ကိုဆင်းရဲ
တွင်းကလွတ်ပြီးလုံခြုံစိတ်ချမှုအပြည့်နဲ့ အစစအရာရာအဆင်ပြေမှုတွေပေးနိုင်မယ့်ခေါင်းဆောင်ကောင်း နဲ့
မူဝါဒကောင်းတွေပဲဖြစ်တယ်ဆိုကို ကိုယ်ကျိုးရှာနိုင်ငံရေးမားတို့သိစေဖို့ကျွန်တော်ရေးသားတင်ပြလိုက်ပါ
တယ်ခင်ဗျာ။

You might also like