rlyd kif-,ae@jrefrm
pmrsufESm- 1
v/ ykuqH/ ypn;
ပီဒီအက် ဖ်နဲ့ ရယူရန်
jrifhausmf
ကျွန်တော် တို့ ကနဦး စဉ်းစားထားကြတာက ပြီးခဲ့  တဲ့ အရေးတော် ပုံတွေရဲ့ ကောက်ကြောင်းတွေ ကို
ပြန် ကြည့် ပြီး သုံးသပ် ကြည့် တဲ့ ဆောင်းပါးကိုအစချီရေးသားမလို့ ဖြစ် ပါတယ်။ အဲဒီ လို
သုံးသပ် မှုတွေ ကို၂၀၀၆ အတွင်းက ဆွေးနွေးခဲ့  ကြသလို၂၀၀၇ စက် တင်ဘာအရေးအခင်း
မစတင် မီ တုန်းက ပြောဆိုခဲ့  ပါတယ်။ အဲဒီအချိန် က လူ ထုအုံ ကြွ မှုကိုဦးတည် လို တဲ့ဆန္ဒတွေ
သိ တ် များနေတဲ့ အတွက်ကျွန်တော် တို့ ပြောချင် တာတွေ ထဲ က အချက်အလက်အများအပြားကို
ပြန်သိ မ်းထားခဲ့  ပါတယ်။
လွန်ခဲ့  တဲ့ရက် ပိုင်းက လက်တွေ့  လု ပ် ကိုင်နေသူတွေနဲ့ ဆွေးနွေးလို က် တဲ့ အခါ သူ တို့ လောလောဆယ်
လိုအပ်နေတာက လက်တွေ့အခြေအနေနဲ့ အကို က်ညီဆုံးဖြစ် တဲ့  အတိုဆုံး အလွ ယ်ဆုံး
သဘောတရားရေးနဲ့ လက်တွေ့  လု ပ် ကိုင်နည်းတွေဖြစ် တယ် လို့ ဆို ကြပါတယ်။ (လိုအပ် တဲ့  ပစ္စည်း
တချို့ပေးပို့ ခဲ့  ပြီး ဖြစ် ပါတယ်။) အဲဒီ လိုစဉ်းစားတဲ့ အခါ ကျွန်တော် တို့ ရဲ့ အဓိ ကအားနည်းချက်တွေ
ဖြစ် တဲ့ခေါင်းဆောင် ခြင်းနဲ့ စီ မံခန့် ခွဲမှုခြင်းကိုသွားပြီးတော့မြင် မိ ပါတယ်။ နောက် တခါ စနစ် တကျ
စု ဖွဲ့  မှု ချို့ ယွင်းချက်တွေ ကို လည်း သွားတွေ့  ပါတယ်။
ဒီဆောင်းပါးမှာ ခေါင်းဆောင် မှု၊ စီ မံခန့် ခွဲ မှု၊ စနစ် တကျ စု ဖွဲ့  မှုတို့ နဲ့ သက်ဆိုင် မယ့် လူ၊ ပို က်ဆံ၊ ပစ္စည်းဆို တာကိုဆွေးနွေးသွားပါ့ မယ်။
လွန်ခဲ့  တဲ့ အနှ စ်၃၀ လောက်မပြည့်  တပြည့် အချိန် မှာ အဖေ့သူငယ်ချင်းတယောက် က 3 M (အမ် မ်သုံး လုံး) အကြောင်းကိုရှင်းပြပါတယ်။ သူ
ပြောတဲ့ အမ်သုံး လုံး ဆို တာက Men, Money, Material တွေ ကိုဆို လို တာပါ။ သူ က စီ မံခန့် ခွဲ မှု တခု ကို ပဲလု ပ် လု ပ်၊ ဒါမှ မဟု တ်ဘယ် လို
အလု ပ် ကို ပဲ လု ပ် လု ပ်အဲဒီသုံးခု ကိုစီ မံခန့် ခွဲနိုင် ဖို့ လိုအပ် တယ် လို့  ပြောပါတယ်။ သူပြောတဲ့ အမ်သုံး လုံးကိုကျွန်တော် က အလွ ယ်ဆုံး
အရှင်းဆုံး စကားလုံး ဖြစ် တဲ့ လူ၊ ပို က်ဆံ၊ ပစ္စည်းလို့ မြန် မာမှု ပြုလို က် ပါတယ်။
အခုဖော် ပြမှုများဟာ ကျွန်တော် တို့ သိ တဲ့ အချက်အလက် များကိုဝေမျှခြင်း ဖြစ် ပါတယ်။ ဒီဘာသာရပ်တွေ မှာ ကျွန်တော် တို့  တတ်တတ်သိ
ကျွ မ်းကျင်သူ များလည်း ရှိ ပါလိ မ့်  မယ်။ လိုအပ်ချက်တွေရှိရင်ထောက် ပြ ဝေဖန်ပေးပါလို့ မေတ္တာရပ်ခံ ပါတယ်။ နောက် ပြီး အခုပြောတဲ့ လူ၊
ပို က်ဆံ၊ ပစ္စည်းဆို တဲ့ အရာတွေ ကိုကျွန်တော် တို့ ရဲ့တော် လှန်ရေးလှုပ်ရှားမှုနဲ့ ဆက် စပ်ဆွေးနွေးသွားဖို့ စဉ်းစားထားပါတယ်။
လူဆို တဲ့ နေရာမှာ မြန် မာပြည် တွင်းက တော် လှန်ရေးမှာ ပူးပေါင်း ပါဝင် မယ့် ပြည်သူနဲ့ ပြည် ပရောက်မြန် မာအသိုင်းအ၀ိုင်းကြားက
စိ တ် ၀င် စားသူ များဆို ပြီး နှ စ် ပိုင်းခွဲဆွေးနွေးချင် ပါတယ်။ ပြည် တွင်းက တော် လှန်ရေးမှာ ပူးပေါင်း ပါဝင် မယ့် ပြည်သူဆို တဲ့ အပိုင်းကိုပြောရရင်
တနိုင်ငံ လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်စစ်အစိုးရကိုမကြိုက်နှ စ်သက်ဘူးလို့ အကြမ်းအားဖြင့် သုံးသပ်နိုင် မယ်ထင် ပါတယ်။
တပ် ထဲ က ဗို လ်ချုပ်၊ ဗို လ်ချုပ် ကြီးတွေအထဲ မှာလည်း လက်ရှိစစ်အု ပ်ချုပ် မှုကိုမနှ စ်သက်သူတွေရှိ ပါတယ်။
ဒါဆိုဘာ့ကြောင့်အဲဒီ ပြည်သူတွေ တော် လှန်ရေးမှာ ပူးပေါင်း ပါဝင် မှု မရှိ တာလဲ လို့ မေးစရာ ရှိ ပါတယ်။ စစ်အစိုးရရဲ့ ဖိနှိ ပ်ချုပ်ချယ် မှု၊
အကြောက် တရားတွေကြောင့် တော် လှန်ရေးမှာ အပြည့်အ၀ ပူးပေါင်း ပါဝင် မှု မရှိ တာလို့ တစိ တ် တပိုင်းအားဖြင့် ပြောနိုင် ပါတယ်။ အခြား
အစိ တ်အပိုင်းအားဖြင့် တော့ကျွန်တော် တို့ ရဲ့ လု ပ် ပုံ ကိုင် ပုံတွေကြောင့်ပူးပေါင်း ပါဝင် မှု မရှိ တာလို့ ပြောချင် ပါတယ်။ (ဒီအချက် ကိုအပြည့်အဝ
သဘောတူသူရှိသလိုမတူသူ လည်း ရှိ မှာပါ။) ကျွန်တော် တို့ ရဲ့လု ပ် ပုံ ကိုင် ပုံဆိုရာမှာ ကနဦး ပြောခဲ့  တဲ့ ခေါင်းဆောင် မှုဆို တာကို ပဲ
ပြန်ရောက် ပါလိ မ့်  မယ်။
Leave a Comment