rlyd kif-,ae@jrefrm
pmrsufESm- 1
ပီဒီအက် ဖ်နှင့်ရယူရန်
၁၉၈၈ အရေးတော် ပုံဆို တာ မျိုးဆက်ပေါင်းစုံပူးပေါင်းလု ပ်ဆောင်ခဲ့ ကြတဲ့  တို က် ပွဲဖြစ် တယ်။ အဲ့ဒီ ကာလမှာ ကျောင်းတက်နေတဲ့ 
ကျောင်းသားတွေ က တက္ကသို လ်နယ်မြေတွေ ကနေ တက် တက် ကြွကြွဖောက်ခွဲ လို က် တယ်။ တပ်ဦးကနေ ချီ တက် တယ်။ နှ စ်ပေါင်းများစွာ
မြှုပ်နှံ ထားတဲ့မျိုးဆက်ဟောင်းတွေ က သက်ဆိုင်ရာနယ်မြေအသီးသီးမှာ မြေအောက် ကနေ စံနစ် တကျ ပြင်ဆင်ပေးထားတယ်။ လူ ထု ကို
စည်းရုံးထားတယ်။
အရေးတော် ပုံ တခု ကိုလူ တယောက်ရဲ့မိန့် ခွန်း၊ အု ပ် စု တစုရဲ့ကြံ စည် မှုတခု တည်းနဲ့ ဖေါ်ဆောင် လို့ မရပါ။ တတိုင်းပြည် လုံး ပြန့် နှံ့ သွားအောင်
လု ပ် လို့ မရပါ။ အု ပ် စုတွေအားလုံး ကို ယ့်  တာဝန်ကို ယ်ကျေမှသာ လူ ထုအရေးတော် ပုံ တရပ်ပေါ်ပေါက် လာတတ် ပါတယ်။
ဂျွန် လကျောင်းသားလှု ပ်ရှားမှု အရှိန် တက်နေတဲ့ အချိန် မှာ နယ် က လာတက် တဲ့ အဆောင်ကျောင်းသူ၊ ကျောင်းသားတွေမိ မိရဲ့နယ်မြေ
အသီးသီးကိုပြန်ခဲ့  ကြရတယ်။ မပြန်ခင် မှာ ရွှေ တိ ဂုံဘုရားပေါ်တက် ပြီး သစ္စာဆို ကြတယ်။ “တို က် ပွဲ ကိုဆက် လက်သယ်ဆောင်သွားပါမယ်”
ဆို တာမျိုးတွေ၊ နယ်အသီးသီးမှာ မြှုပ်နှံ ထားတဲ့ မြေအောက် လှု ပ်ရှားမှုခေါင်းဆောင်တွေ၊ ကျောင်းသားတွေ က ရန် ကုန် က ကျောင်းတက်
ပြန် လာတဲ့ ကျောင်းသားတွေ ကိုတွေ့  တယ်၊ ဆွေးနွေးတယ်။ လူ ထု တို က် ပွဲ ကိုပြင်ဆင် ကြတယ်။ ရှ စ်လေးလုံးအရေးတော် ပုံ ကြီးဖြစ်အောင်
တဘက် တလှ မ်းကနေ ကျားကု ပ် ကျားခဲကြိုးစားခဲ့  ကြတဲ့ တချို့လူတွေဆိုရင်အနှ စ်(၂၀) ကျော်နီးပါး နံ မည် မျိုးစုံနဲ့ သူ တို့ ဘဝတွေကို
စတေးမြှုပ်နှံနေခဲ့  ကြတယ်။ သတင်းစာရှင်းလင်းပွဲပါတော့ မှရပ် ကွ က် က သူ တို့  ကိုယူ ဂျီ မှန်း သိတော့ တယ်။ (ဟု တ် တာတွေ လည်း ရှိသလို၊
မတရားစွ ပ် စွဲပြောတဲ့ အတုတွေ လည်း ရှိနိုင် ပါတယ်)။ သူ တို့  က နာမည် ကြီးစေတဲ့အလု ပ်တွေ ကိုစိ တ် မဝင် စားဘူး။ တိုင်းပြည်ပြောင်းလဲတာကို
မြင်ချင်နေတဲ့သူတွေဆိုတော့သူ တို့ သမိုင်းတွေကိုတိ တ် တဆိတ်မြှုပ်နှံ ထားကြတယ်မို့  လား။
အဓိ က ပြောချင် တဲ့အချက် က အရေးတော် ပုံ တရပ်ဖြစ်ချင်ရင်လူ ထု ထဲ မှာ မြှုပ်နှံ ထားတဲ့ သူ၊ လူ ထုနဲ့  တသားတည်းနေပြီး စည်းရုံးနိုင် တဲ့ သူရှိ မှ
ဖြစ်နိုင် တာပါ။ လူ ထု ကိုအထက် စီးကနေ မိန့် ခွန်းတွေပေးပြီး လှုံ့ဆော်ခဲ့  လို့ ဖြစ်ပေါ်ခဲ့  တဲ့ အရေးတော် ပုံတခု မှမရှိ ပါ။ ဂျိန်းစ်ဘွန်းတွေ ကို
လူ ထု က မသိ ပါ။ နောက် ထပ်အရေးကြီးဆုံးတချက် ကတော့ အနှ စ်(၂၀) ကျော်အတွင်းမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကျောင်းသား
အရေးတော် ပုံ၊ ပြည်သူ လူ ထုရဲ့ နိုင်ငံရေးရေချိန် ဟာ ရှ စ်လေးလုံးအရေးတော် ပုံ တုံးကလိုမဟု တ်တော့ ပါ။ အခြေအနေတွေ၊ ပုံသဏ္ဍာန်တွေ
တိ တိ ကျကျ ပြောင်းလဲနေပါတယ်။ အခက်အခဲတွေ က ကျနော် တို့ ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေထက်ဆိုးဝါးနေပါတယ်။
ကံ ကြမ္မာကိုအမှ တ်မထင်တု့ံ ပြန်မှု များ
ကျောင်းသားလှုပ်ရှားမှုတုံးက အဖြစ်အပျက် တချို့ကိုပြောပြရင်း ဒီ ကနေ့ဆွေးနွေးလှုံ့ဆော်နေကြတဲ့ အရေးတော် ပုံအတက်အကျတွေ ကို
ဆွေးနွေးချင် ပါတယ်။ တကယ်တော့ရှ စ်လေးလုံးအရေးတော် ပုံအပြီး၊ ကျောင်းသားလှုပ်ရှားမှုအကြောင်းကိုပေါင်းပြီး ရေးကြဖို့ တို က် တွန်း
နေခဲ့  တာ ကြာခဲ့  ပါပြီ။
ကျနော် တို့ နဲ့အု ပ် စုမတူ တဲ့ ကျောင်းသားတွေ၊ မျိုးဆက်သစ်တွေဆီ က လု ပ်နည်းလု ပ် ဟန်တွေ ကိုပြန် လည်လေ့ လာကြည့်ချင် တယ်။
နောက်-- ၁၉၈၈ အရေးတော် ပုံအပြီး ကျောင်းသားလှု ပ်ရှားမှု( ၁၉၉၁ နိုဘယ် ငြိ မ်းချမ်းရေးထောက်ခံဆန္ဒ ပြပွဲ၊ ၁၉၉၆၊ ၁၉၉၈ ၂၀၀၀
ကာလတွေရဲ့ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ၊ ၂၀၀၇ ရွှေ ဝါရောင်တော် လှန်ရေးရဲ့ အရှိန်နဲ့အနာဂတ် ပြင်ဆင် မှု) စတဲ့ -
ရေချိန်အနိ မ့် အမြင့် တွေ ကိုပြန် လည်သုံးသပ် ကြမယ်။ ဂရပ်တွေကိုစံနစ် တကျ ဆွဲ ကြည့် ချင် တယ်။ နှ စ်အလို က်ဖြစ်ခဲ့  တဲ့  တို က် ပွဲတွေ မှာ
ဘာတွေ အောင် မြင်ခဲ့  ပြီး ဘာတွေပေးဆပ်ခဲ့ရသလဲ။
လု ပ်နည်းလု ပ် ဟန်အသစ်တွေနဲ့ အဟောင်းတွေကြားက ကွာခြားမှုဟာ ဘာတွေ လဲ။ ဘာတွေ က ပို ပြီး ရင်ခုန် စရာ ကောင်းသလဲ။
တချို့က ရင် ထဲမှာ ရှိနေပေမဲ့ မရေးဖြစ်ခဲ့ကြဘူး။ တချို့က စာရေးဖို့ အချိန် မရကြဘူး။ တချို့က လက်ရှိပြည် တွင်းမှာ လု ပ် ကိုင်နေတဲ့ 
ရဲဘော်တွေကျန်နေသေးတာကြောင့် သူ တို့  ကိုထိခို က်စေမဲ့အချက်အလက်တွေ ကိုသိုသို ဝှ က် ဝှ က်ထိန်းထားချင် တယ်။ တတ်နိုင်သမျှ
ပြောလို့ ရမဲ့ အသံတွေ ကိုပေါင်းကြည့်  လို က် တယ်။ ကျနော် တို့ ရဲ့အမြင်တွေ ကိုဆွေးနွေးကြည့် ချင် ပါတယ်။
Leave a Comment