You are on page 1of 12





    
  


 
   

မွေးနေ့ အမှတ်တရ စာပေ စကားဝိုင်းကျင်းပခြင်း

၂၀၀၉ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ သံဃာ့


တပ်ပေါင်းစု ခေါင်းဆောင် ဆရာတော် အရှင်ဂမ္ဘီရ၏ သက်တော်(၃၀)ပြည့် မွေးနေ့နှင့် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၄)နှစ်မြောက် မွေးနေ့အမှတ်တရ စာပေ၊စကားဝိုင်းကို ထိုင်းနိုင်ငံ နိုးဖိုး
ဒုက္ခသည် စခန်းတွင်းရှိ ဓမ္မသုခ ဘုန်တော်ကြီးကျောင်း၌ ထိုနေ့ ညနေ(၅) နာရီခန့်တွင် ကျင်းပခဲ့ကြပါသည်။

ထိုစကားဝိုင်းသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်များ လူပုဂ္ဂိုလ်များနှင့် ဒုက္ခသည်


စခန်း အနီးဝန်းကျင်ရှိ သံဃာတော်များပါ တက်ရောက်ခဲ့ကြသည်။

စကားဝိုင်းအစ၌ ဓမ္မသုခကျောင်းဆရာတော် ဦးနန္ဒာဝရမှ သြ၀ါဒစကားမိန့်ကြားခဲ့ပြီး သာသနာ့ဥသျှောင်


(ထိုင်းနိုင်ငံအဖွဲ့ခွဲ)ဆရာတော် ဦးသြဘာသမှ ရွှေဝါရောင်နှင့် ပတ်သတ်၍ အဖွင့် အမှာစကားမိန့်ကြားခဲ့ပါသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် ရှေတန်းမှ ဦးဆောင်ပါဝင်ခဲ့သူ အရှင်ဝိဇယမှလည်း ရွှေဝါရောင် တော်လှန်ရေး


ကာလအတွင်း ကြုံရဆုံရသည်များကို ပြန်လည်မိန့်ကြားခဲ့ပါသည်။

ထို့နောက် ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း စာပေအနုပညာပိုင်းမှ ဦးဆောင်ပါ ၀င်ခဲ့သူ စာရေးဆရာမ


ဒေါ်နှင်းပန်းအိမ်က ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း တွေ့ကြုံ၊ ခံစားခဲ့ရသည်များကို ရင်ဖွင့်ပြောပြခဲ့
သည့်အပြင်၊ စားရေးဆရာ၊ကဗျာဆရာ၊ သတင်းစာအယ်ဒီတာ ဆရာဦးခင်လွန်းမှလည်း ရွှေဝါရောင်တော်လှန်ရေး
ကာလအတွင်း နယ်စပ်တနေရာမှာ ရောက်နေသူတဦး အနေဖြင့် အားရကျေးနပ်မှုဖြစ်ရပုံ၊ သုံးသပ်ချက် မျိုးစုံနှင့်
ခံစားရမှု အစုစုတို့ကို စာ၊ကဗျာ တို့ဖြင့်ဖွဲ့နွဲ့ အားရကျေနပ်ဖွယ်ဖြစ်အောင် ပြောဆိုခဲ့ကြပါသည်။



    
  


 
   

ထို့နောက် အရှင်ဂမ္ဘီရ၏ အမတော် အငယ်ဖြစ်သူ မလွင်လင


ွ်မြင့်မှ ကြွရောက်လာကြသည့် သံဃာတော်အရှင်
မြတ်များ လူပရိတ်သတ်များကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်းများနှင့် အကျဉ်းထောင်အတွင်း ကျရောက်နေ
သည့် ညီကိုမောင်နှမများ၏ အခက်အခဲများကို ရင်ဖွင့်ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌ
တု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ပါသည်။

ထိုမွေးနေ့ပွဲ အမှတ်တရစကားဝိုင်းကျင်းပဖြစ်ခဲ့ပုံနှင့် ပတ်သက်၍ အရှင်ဂမ္ဘီရ၏ အမတော် အငယ်ဖြစ်သူ မလွင်


လွင်မြင့်မှ

“ဦးဇင်းမွေးနေ့က ဒေါ်စုမွေးနေ့နဲ့ တနေ့တည်း တိုက်ဆိုင်နေတယ်လေ။ အဲလိုတိုက်ဆိုင် နေပေမဲ့လည်း ဒီမှာ လုပ်


တဲ့လူ အားလုံးက ဒေါ်စုမွေးနေ့ကိုပဲ ဦးစားပေးပြီး လုပ်နေကြတော့ ဦးဇင်းနဲ့ ပတ်သက်ပြီး ပြစ်ပယ်ထားကြသလား
လို့တောင် ခံစားရတာပေါ့နော်။

ကျမတို့လည်း ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က နီးစပ်ရာ ဘုန်းကြီးတွေနဲ့ တိုင်ပင်ထားတာ ရှိတယ်။ ဦးဇင်းမွေး


နေ့ကို ဒေါ်စုမွေးနေ့နဲ့အတူ အခမ်းအနားလေး တခုအဖြစ် အမှတ်တရ လုပ်ကြမယ်။ ဒီမှာလည်း ရွှေဝါရောင်မှာ
ပါဝင်ခဲ့တဲ့ လူတွေ ဘုန်းကြီးတွေ အများကြီးရှိတော့ လုပ်ကြမယ်လို့ ပြောဖူးတာရှိတာပေါ့။

ဒီတော့ ခဏ၀တ်နေတဲ့ ဒုလ္လဘ ဦးဇင်းကြီးတပါးက ပြောတယ်၊ (သူကတော့ အဖွဲ့အစည်းတခုကပါ) “သူတို့က


ဒေါ်စုမွေးနေ့ပွဲလုပ်ဖို့ အစီစဉ်ရှိလို့ ကျမတို့ကို ညနေပိုင်းမှ ဦးဇင်းမွေးနေ့ကို လုပ်ပါတဲ့. ဒေါ်စုနဲ့ ပြိုင်သလိုဖြစ်သွား
ရင် မကောင်းလို့ပါ” ဆိုပြီး ပြောတယ်ပေါ့။ တိုက်ရိုက်တော့ မပြောပါဘူး။ ဦးဇင်းလေးတပါးကတဆင့် သိရတာပါ။

ဆိုတော့.... ကျမတို့က လုပ်မယ်ဆိုလည်း ဒေါ်စုမွေးနေ့နဲ့ တွလ


ဲုပ်မှာပါ၊ ခေါင်းဆောင်နှစ် ယောက်ရဲ့ မထင်မှတ်ပဲ
တိုက်ဆိုင်နေတဲ့ မွေးနေ့မလို့ ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်လေ။ ကိုယ့် မောင်တစ်ယောက်ရဲ့
မွေးနေ့မလို့ ဆိုပြီး ပုဂ္ဂိုလ်စွဲမရှိပါဘူး။ သူတို့တွေက ပြည်သူတွေအားလုံးက ပိုင်တဲ့၊ အားလုံးနဲ့ သက်ဆိုင်နေတဲ့
ခေါင်းဆောင်တွေပဲ။

ကျမတို့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မွေးနေ့လုပ်မယ်ဆိုရင်လည်း ဘုန်းကြီးဆွမ်း ကပ်တာတွေ ဘာတွေ


ကတော့ ဘာသာရေးအရ လုပ်ချင်သေးတာပေါ့နော်။ ညနေမှ လုပ်ပါဆိုတော့ ဘုန်းကြီးတပါးနဲ့ လူတစ်ယောက်ရဲ့
အခြေအနေအရ မဖြစ်သင့်ဘူးထင် တာပေါ့။ ဒေါ်စုကိုယ်တိုင်လည်း အဲဒါမျိုးကို လက်ခံမှာမဟုတ်ပါဘူး။ အမျိုး
သမီးတစ်ယောက်ရဲ့ မွေးနေ့ကိုတော့ မနက်ပိုင်း မင်္ဂလာယူပြီး ဆွမ်းကပ်ကွမ်းကပ်နဲ့ လုပ်ကြတယ်။ ဘုန်းကြီးတပါး
ရဲ့ မွေးနေ့ကိုတော့ ညနေပိုင်း လ္ဘက်ရည်တိုက်ပြီး လုပ်ရမယ်ဆိုတော့ မဖြစ်သင့်ဘူးထင်တယ်. နော်။ အဲဒိတော့
ကျမတို့ကလည်း ညနေပိုင်းမှတော့ မလုပ်နိုင်ဘူး ဆွမ်းတော့ ဖြစ်အောင်ကပ်မယ် လို့ဆိုလိုက်တယ်။ နောက်ပိုင်း
သတင်းထွက်လာတာက သူတို့က တစခန်းလုံးမှာရှိတဲ့ ဘုန်းကြီးတွေကို မနက်ကော နေ့လည်ပါ ဆွမ်းကပ်မှာ
ဆိုပြီး အသံတွေလာတယ်လေ။

ဒီတော့ ကျမအမျိုးသားကလည်း ဒေါသထွက်တော့တာပေါ့...

“အလကားပါကွာ သူတို့တွေ ဒေါ်စု မွေးနေ့အကြောင်းပြပြီး လူစွာကျယ်ဖြစ်ဖို့ ပေါက်တတ်က ရတွေ လျှောက်ပြော


ကြမှာပါ။ ဟိုက သ၀ဏ်လွှာ ဒီက သ၀ဏ်လွှာနဲ့ (for show) လုပ်ပြီး နေရာယူချင်တဲ့ ပုဂ္ဂိုလ်တွေက များနေတာ
ဟ။ ခေါင်းဆောင်နှစ်ဦး ဓါတ်ပုံချိတ်ပြီး နှစ်ဦးစလုံး မွေးနေ့ကျင်းပတော့လည်း ဘာဖြစ်တုံး။ အဲလိုမလုပ်ရဘူးလို့



    
  


 
   

ဘယ်ဘုရားကမှ မဟောဘူး။ လုပ်တော့ပိုတောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ ဖြစ်တောင့်ဖြစ်ခဲ့ နေ့ပဲကွာ”


လိုဆိုတာပေါ့။

ကျမတို့ကလည်း တဦးတည်း တတ်နိုင်တာမဟုတ်ဘူးလေ၊ ကျမတို့ ကိုယ်တိုင်ရပ်တည် နေရတာကိုက သိမ်ငယ်


ချို့တဲ့စွာ ရပ်တည်နေရတဲ့ အနေအထားဆိုတော့ တဦးတည်းလုပ်နိုင်ဖို့က ၀န်တာကြီးပါတယ်။ ထိုအတူ အဖွဲ့
အစည်းက သူတို့ အဖွဲ့အစည်းဆိုတဲ့ ၀ိတ်နဲ့ လူတချို့က အဲလိုပြောတာရှိတော့ ကျမတို့လည်း မလုပ်တော့ဘူး
ဘုန်းကြီးကျောင်းပဲ ဆွမ်းချိုင်ပို့လိုက် တော့မယ်လို့ ဆိုပြီးပြင်လိုက်ရတယ်။

(၁၉)ရက်နေ့ နေ့လည် ဆွမ်းစားပြီးလောက်မှ ဦးသြဘာသ (သာသနာ့ဥသျှောင်ဆရာတော်) က ဦးဂမ္ဘီရလေးရဲ့


မွေးနေ့ကလည်း ဒီနေ့ဆို။ ဘုန်းကြီးလည်း ဒေါ်စုမွေးနေ့မှာ ဆွမ်းစားရင်း ဦးဇင်းလေးတပါးက ပြောလို့သိရတာ
ဆိုပြီး အိမ်ကြွလာတယ်။

ကျမတို့ကလည်း ဟုတ်တယ်ပေါ့။ ဒါပေမဲ့ ဆွမ်းချိုင့်ပဲ ပို့လိုက်တော့တယ်လို့ ဆိုပြီးပြော လိုက်တော့..

ဆရာတော်က “အဲလိုလုပ်လို့ကတော့ ဘယ်သင့်တော်ပါ့မလဲ ဂမ္ဘီရလေးလည်း တကယ်ပေး ဆပ်နေတဲ့ ခေါင်း


ဆောင်တစ်ယောက်ပဲ ငါတို့အသိအမှတ်ပြုပြီး လုပ်ပေးရမှာ ပေါ့။ ဘယ်သူတွေ ဘယ်လိုပဲ ပြစ်ပယ်ပြစ်ပယ် ငါတို့
တာဝန်သိတဲ့ လူတွေအနေနဲ့ကတော့ မပြစ်ပယ်နိုင်ဘူးဟ။ ဒီတော့ ဒေါ်စုမွေးနေ့ရယ် ဂမ္ဘီရလေးရဲ့ မွေးနေ့ရယ်ကို
ဦးတည်ပြီး ဒီနေ့ညနေကိုတော့ စကားဝိုင်းလေးတခုကို မဖြစ်မနေ အမှတ်တရ လုပ်ချင်တယ်” ဆိုပြီး ပြောလာ
တယ်လေ။

ကျမတို့ကလည်း လုပ်မယ်ဆိုရင်တော့ ကြွရောက်လာတဲ့ ဘုန်းတော်ကြီးတွေ၊ လူတွေ အတွက် ကျွေးမွေးဧည်ခံ


ဖို့ကို တာဝန်ယူပါ့မယ်ဆိုပြီး နေ့လည်တနာရီလောက်မှ ကြေငြာတွေ ဘာတွေကပ် စာပေသမားတွေ လိုက်ဖိတ် နဲ့
အရေးပေါ် လုပ်လိုက်ရတာပေါ့နော်။ ဒါပေမဲ့ အမှတ်တရ စကားဝိုင်းလေးက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားတဲ့အတွက်
အတော့်ကို ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ထို့အတူ ကြွရောက်လာကြတဲ့ ဘုန်းတော်ကြီးတွေ၊ စာရေးဆရာ၊ ကဗျာ
ဆရာ ကျောင်းဆရာတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းကိုလည်း ပြောကြားလိုပါတယ်”။

- ဦးဂမ္ဘီရကို ကမ္ဘာက ချီးမြင့်ခြင်းခံထားရတဲ့ ဆုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြတာ က....

ဦးဇင်း ဆုရတာက (၃) ခုရှိပြီလို့ သိရတယ်။ လန်ဒန်ကပေးတဲ့ ဆုရယ်၊ အီတလီက မော်ဘင်ညိုမြို့သားဆုရယ်၊


အိန္ဒိယကဆုတဆုရယ်ပေါ့ အားလုံးပေါင်း (၃)ဆုလို့ သိထားတယ်။ ဒါပေမဲ့ ဆုတက်ယူတဲ့ ပုဂ္ဂိုလ်တွေကိုယ်
တိုင်က ကျမတို့ဆီကို ဆက်သွယ်ပြီး အသိပေးခြင်း ဦးဇင်းကို အသိပေးခိုင်းခြင်း မရှိပါဘူးလို့ ဆိုရမယ်။

ကျမတို့ ဒီဘက်ကို ထွက်လာပြီး နောက်ပိုင်းမှ လန်ဒန်က ဦးဥတ္တရနဲ့ အဆက်အသွယ်ရတယ်လေ။ သူကပြော


တာကတော့ သူတက်ယူခဲ့တဲ့ ဆုတွေအားလုံးမှာ ပိုက်ဆံ မပါဘူးလို့ဆိုတယ်။ ကျမတို့ဆီကိုတော့ မော်ဘင်ညိုမြို့
သားဆုနဲ့ ပတ်သက်တဲ့ ဆုလက်မှတ်ကို ကော်ပီပို့ပေးမယ်လို့ ပြောတယ်။ ယနေ့အချိန်အထိတော့ ရောက်မလာ
သေးဘူး။

ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ ဦးဂမ္ဘီရ ဆုရတယ်ဆိုရင် ဆုတက်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မိသားစုကိုတော့


အရေးတယူရှင်းပြပြီး ဦးဂမ္ဘီရကို အသိပေးခိုင်းသင့်တယ်လို့ ထင်တယ်လေ။ ဒါမှ ဦးဇင်းလည်း သူ့ကို ကမ္ဘာပြည်သူ



    
  


 
   

တွေက အသိအမှတ်ပြုတယ်ဆိုပြီး ခွန်အားတွေ ပိုးတိုးလာမယ်လို့ မျှော်လင့်မိတယ်ပေါ့။ အခုတော့ မိသားစုက


ရေဒီယိုက ကြားရလို့သာသိရတယ် ဘာတွေကြောင့်၊ ဘယ်လိုပေးတယ် ဘယ်အဖွဲ့အစည်းကပေးတယ် ဘယ်
လောက် ထိရောက်မှုရှိတယ် ဆိုတာကို မသိရဘူး။

အဲလိုမသိတော့ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ဦးဇင်းကို အသေးစိပ် ပြောမပြနိုင်ဘူး ဖြစ်တာပေါ့နော်။ အရင်


တုန်းက ပြည်တွင်းမှာမလို့ မဆက်သွယ်နိုင်ခဲ့ဘူး ဆိုရင်လည်း ကျမတို့ ဒီဘက်(နယ်စပ်)ကို ထွက်လာခဲ့တာ
တနှစ်နီးပါးရှိတော့မယ်၊ ဆက်သွယ်ပြီး မိသားစုဝင်တွေ နားလည်အောင်တော့ ရှင်းပြဖို့လိုမယ်ထင်တယ်လေ။

ငွေးရေးကြေးရေးကိစ္စ၊ နေရာကိစ္စ၊ နာမည်ကိစ္စတွေ ဆိုတာကတော့ ကျမတို့ လုံးဝ စိတ်မ၀င်စားသလို မျှော်လည်း


မမျှော်လင့်ပါဘူး။ မျှော်လင့်တာကတော့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးပါပဲနော်။

ဓါတ်ပုံမှတ်တမ်းများ .....



    
  


 
   

နိုဖိုး ဒုက္ခသည် စခန်းတွင်းက စကားဝိုင်းကျင်းပရာ ဓမ္မသုခ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အ၀င်မြင်ကွင်း





    
  


 
   

ကဗျာ ၀ါသနာရှင် ကိုမော်၏ ဂုဏ်ပြုကဗျာများနှင့်အတူ အမှတ်တရစကားဝိုင်း ကြေငြာစာရွတ်များ

အရှင်ပညာသာမိ မှ အခမ်းအနားအစီစဉ် ဖတ်ကြားနေစဉ်





    
  


 
   

သာသနာ့ ဥသျှောင်(ထိုင်းနိုင်ငံ)ဆရာတော် ဦးသြဘာသမှ အမှာစကား မိန့်ကြားစဉ်

အရှင်ဂမ္ဘီရနှင့် စာသင်ဘက်ဖြစ်ခ့သ
ဲူ အရှင်ပညာသာမိမှ ဦးဂမ္ဘီရ ဘ၀အထ္ထုပ္ပတ္တိ အား ဖတ်ကြားစဉ်။



    
  


 
   

အရှင်ဝိဇယမှ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း တွေ့ကြုံခံစားခဲ့ရသည်များကို ပြန်လည်မိန့်ကြားစဉ်။

စာရေးဆရာမ ဒေါ်နှင်းပန်းအိမ်မှ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း တွေ့ကြုံခံစားခဲ့ရသည်များကို


လျှောက်ထားပြောကြားစဉ်။



    
  


 
   

စာရေးဆရာမ ဒေါ်နှင်းပန်းအိမ်မှ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း တွေ့ကြုံခံစားခဲ့ရသည် များကို


လျှောက်ထားပြောကြားစဉ်။

စာရေးဆရာ ကဗျာ ဆရာ သတင်းစာအယ်ဒီတာ ဆရာဦးခင်လွန်းမှ ရွှေဝါရောင် တော်လှန်ရေးနဲ့ ပတ်သတ်၍


သုံးသပ်ပြောဆိုစဉ်။



    
  


 
   

10

ဆရာဦးခင်လွန်းမှ ပထမကဗျာကို စတင်ဖတ်ကြားနေစဉ်

ဆရာဦးခင်လွန်းမှ ကဗျာ၏ အနက်အဓိပ္ပာယ်များကို ရှင်းလင်းပြောပြနေစဉ်





    
  


 
   

11

ဆရာ ဦးခင်လွန်းမှ ဒုတိယမြောက် ကဗျာကို ဖတ်ကြားနေစဉ်

ဆရာဦးခင်လွန်းမှ တတိယမြောက်ကဗျာကို ဖတ်ကြားလျှောက်ထားနေစဉ်။





    
  


 
   

12

အရှင်ဂမ္ဘီရ၏ အမတော်အငယ်ဖြစ်သူ မလွင်လွင်မြင့်မှ ကျေးဇူးတင်စကားပြောကြားစဉ်။

အရှင်ဂမ္ဘီရ၏ အမတော် အငယ်ဖြစ်သူ မလွင်လွင်မြင့်မှ မိသားစုဝင် ညီအကိုမောင်နှမများသည် နအဖ


အကျဉ်းထောင်အတွင်း၌ ရောက်နေသည်ဖြစ်၍ သူ၏ ၀မ်းနည်းခံစားရမှုများကို လျှောက်ထားပြောကြားစဉ်။

မှတ်တမ်းပြုစုသူ
လုံ့လဝေ (၂၀.၆.၂၀၀၉)

You might also like