You are on page 1of 4

အကောင်းမကြိုက်တဲ့ ပုထုဇဉ်

အလကားပြောတာ။
လူတွေဟာ ကောင်းတာဆိုကြိုက်တယ်။ တရားတာမှ နှစ်သက်တယ်၊ မှန်တာ
မြတ်တာမှကြည်ညိုတယ်။ ယုတ်တာ၊ ညံ့တာ၊ မတရားတာ၊ မကောင်းတာဆို မကြိုက်ဘူးလို့
ထင်နေကြတယ်။ တကယ်တော့ အဲဒါ လုံးလုံးမဟုတ်ပါဘူး။

ပုထုဇဉ်ဆိုတဲ့ အဆင်းလမ်းသွား လူသားတိုင်းဟာ ကောင်းတာကို မကြိုက်ဘူး၊ မြတ်တာကို


မကြိုက်ဘူး၊ တရားတာကို မကြိုက်ဘူး၊ မျှတတာကို မကြိုက်ဘူး။ ဒါဖြင့်ဘာကိုကြိုက်သလဲ၊
မကောင်းတာအားလုံးကို ကြိုက်တယ်။ တစ်ကိုယ်ကောင်း၊ တယောက်ကောင်းကို ကြိုက်တယ်။
အများကောင်းစားရေးကို မကြိုက်ဘူး။ ကိုယ့်ကို အနိုင်ကျင့်တာကို မကြိုက်ဘူး။ သူတစ်ပါးကို ကိုယ်က
အနိုင်ကျင့်ရတာကိုကျတော့ အလွန်ကြိုက်တယ်။ ကိုယ့်အပေါ် မတရားခြယ်လှယ်တာကို ဘယ်သူမှ
မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ကကျတော့ ခြယ်လှယ်ချင်တယ်။ ကျော်ချင်တယ်။ သာချင်တယ်။
ပခုံးချင်းယှဉ်လိုက်ရင် ကိုယ်က ခေါင်းတစ်လုံး သာချင်တာပဲ။

လူကိုမဆိုထားပါနဲ့၊ တိရစ္ဆာန်တွေတောင်မှ သူတို့ကို ချုပ်ချယ်ထားရင် မကြိုက်ဘူး။ ရုန်းကန်ကြတယ်။


ချုပ်ချယ်မှုက လွတ်ဖို့အတွက် ရုန်းကြကန်ကြရင်းတောင် အသေခံသွားကြတယ်။ ဒါဟာ
သတ္တဝါတွေမှာရှိတဲ့ လွတ်လပ်ခြင်းကို ကြိုက်တဲ့ဗီဇသဘောပါ။ သို့သော်လည်း ကိုယ်က သူတစ်ပါးကို
နိုင့်ထက်စီးနင်း ချုပ်ချယ်နိုင်တ့လ
ဲူရင်တော့ သိပ်ဖြစ်ချင်တာပဲ။

တချို့မိဘများက သားသမီးကို လိမ္မာစေချင်လို့ ချုပ်ချယ်ကြတယ်။ သူတို့စိတ်ထဲမှာတော့ သားသမီးကို


လိမ္မာစေချင်လို့ဆိုတဲ့ စေတနာကြောင့်လို့ တစ်လွဲထင်နေကြတယ်။ ဒီလိုချုပ်ချယ်လို့
ကောင်းစားသွားတဲ့ သားသမီးတွေ မတွေ့ဖူးပါဘူး။ ခြံခုန်ထွက်ပြိး ပျက်ဆီးသွားတဲ့
သားသမီးတွေကိုသာ အများအားဖြင့် တွေ့ကြရပါတယ်။ လူ့စိတ်သဘာဝရဲ့ မှားယွင်းတဲ့
လက်ခံထားမှုတစ်ခုပါပဲ။ ဒါတွေအားလုံးဟာ စာရင်းချုပ်ကြည့်လိုက်တဲ့အခါကျတော့ အခြေခံက
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပပဉ္စတရားတွေကို ပုထုဇဉ်တွေ ကျင့်သုံးနေကြလို့ပါပဲ။

“ပပဉ္စတရား”ဆိုတာ သံသရာကို အကျယ်ချဲ့တတ်တဲ့တရားပါ။ ဒါက ဘာတွေလည်းဆိုတော့


တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ်ပါပဲ။

တဏှာဆိုတာကတော့ လောကီအာရုံ ကာမဂုဏ်တရားများ sensual pleawure ကို


အလွန်အထင်ကြီးတာ၊ အလွန်တပ်မက်တာ၊ အလွန်စွဲလမ်းတာပါပဲ။

မာနဆိုတာက ထောင်လွှားချင်တ့စ
ဲိတ်၊ တက်ကြွတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုသာ အမြတ်ထားလိုတ့စ
ဲိတ်၊
သူများထက် ကိုယ်က ခေါင်းတစ်လုံးသာချင်တဲ့ အမြဲနှိုင်းနေ၊ တိုင်းနေတဲ့စိတ်ပဲ။

1
ဒိဋ္ဌိဆိုတာကတော့ သက္ကာယဒိဋ္ဌိကိုပြောတာ၊ လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ တရားတွေကို
အမှန်အတိုင်း မမြင်တ့အ
ဲ တွက် မှောက်မှောက်မှားမှား ထင်မြင်စလ
ွဲ မ်း
ယုံကြည်နေတာတွေအားလုံးဟာ သက္ကာယဒိဋ္ဌိတွေချည်းပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားကတော့ ဒိဋ္ဌိမျိုး
ခြောက်ဆယ့်နှစ်ပါးတောင် ရှိတယ်လို့ ဗြဟ္မာ့ဇာလသုတ်မှာ ဟောထားပါတယ်။ ကျယ်လန
ွ်းမှာမို့
မပြောတော့ပါဘူး။

ဒီမှာ ပြောချင်တာကတော့ လူ(ပုထုဇဉ်)ရဲ့စိတ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာရှည်စေတဲ့


တရားဆိုးတွေနဲ့ ထုံထားတယ်။ ဒါကြောင့် လူ့စိတ်ဟာ ဘယ်တော့မှ ကောင်းတာ၊ မြတ်တာ၊
သံသရာက လွတ်မြောက်နိုင်တာမျိုးကို မကြိုက်ချင်ဘူး။ ဒီနေရာမှာ တချို့က “ကျုပ်တို့ကတော့
သံသရာက လွတ်မြောက်ချင်တယ်။ ယုတ်တာတွေ၊ ညံ့တာတွေကို မကြိုက်ဘူး။ အကုသိုလ်ကိုလည်း
နည်းအောင်နေတယ်။ ကုသိုလ်စိတ်ကိုလည်း ပွားတယ်။ စိတ်ကိုလည်း
စင်ကြယ်အောင်ထားတာယ်။”လို့ ပြောချင်ကြလိမ့်မယ်။ အကျွန်ုပ်ဆိုပြောနေတဲ့အထဲမှာ
အဲဒီပုဂ္ဂိုလ်တွေ မပါပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ ပုထုဇဉ်စာရင်းက ပယ်ပြီးသူတွေဖြစ်ပါတယ်။
အရိယာအစစ်ကြီး မဖြစ်ကြသေးရင်တောင် ကလျာဏပုထုဇဉ်၊ ဘုံစဉ်စံအရိယာ (စူဠသောတာပန်)
မျိုးစေ့ရပြီးသူတွေလို့ အကျွန်ုပ် သဘောထား နားလည်ပါတယ်။

ခုပြောတာက ပုထုဇဉ်အရိုင်း (မြန်မာစကားမှာ နလပိန်းတုံးဆိုသူ) တွေကို ရည်ညွှန်းပြီးပြောတာပါ။


ပုထုဇဉ်အရိုင်းကို အန္ဓပုထုဇဉ်လို့လည်း ခေါ်ပါတယ်။ “အန္ဓ”ဆိုတဲ့ ပါဠိစကား မျက်ကန်း၊
နားပင်းတဲ့သဘောကို ပြောတာ။ အန္ဓဂတ ဆိုတာ ကန်းခြင်းသို့ရောက်သည်လို့ ပဒတ္တပဉ္စူသာ
ပါဠိအဘိဓာန်မှာ ပြထားပါတယ်။ မြန်မာစကား ရိုးရိုးနဲ့ပြောရင် အန္ဓပုထုဇဉ်ဆိုတာ
သူတော်ကောင်းတရား အရိယာကျင့်စဉ်နဲ့ တစ်သီးတစ်ခြားဖြစ်ပြီး အသိကန်း
ဉာဏ်ကန်းပုထုဇဉ်အန္ဓတွေဟာ အကောင်းတရား၊ အမြတ်တရားတွေကို မကြိုက်တတ်ဘူး။
အယုတ်တရားတွေ၊ အမိုက်တရားတွေကိုသာ ကြိုက်ကြတယ်လို့ ပြောခြင်းဖြစ်တယ်။

ဒီအချက်ကို လယ်တီဆရာတော်ဘုရားကလည်း ဗောဓိပက္ခိယ ဒီပနီမှာ ဘယ်လိုပြထားသလဲဆိုတော့


“ပါပသ္မိံရမတေမနော” (ဓမ္မပဒပါဠိတော်)၊ မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊
မွေ့လျော်၏။

ရေမည်သည် အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးမြဲဓမ္မတာဖြစ်သကဲ့သို့ သတ္တဝါတို့၏ စိတ်မည်သည်


လွှတ်၍ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲဓမ္မတာဖြစ်၍ မကောင်းရာ၍သာ
မွေ့လျော်၏ဟူလိုသည်။

အရိယာမျိုးစေ့မပါတဲ့ အန္ဓပုထုဇဉ်တွေနဲ့ တိရစ္ဆာန်သတ္တဝါတွေရဲ့ စိတ်သဘောကို မြတ်စွာ ဘုရားက


အထက်ပါ ပါဠိဂါထာကလေးနဲ့ ဓမ္မပဒပါဠိတော်မှာ ဟောထားချက်ကို လယ်တီဆရာတော်က
ထုတ်ဆောင်ပြတာပါ။

အကျွန်ုပ်ပြောလိုတ့အ
ဲ ချက်ကို သဘောကျအောင် ဒဿနပညာနည်းကျ Philosophically

2
ပြောချင်ပါတယ်။ ဒဿနနည်းကျ ပြောမယ်ဆိုရင် အောက်ပါအတိုင်း ပြောရမယ်။ ပုထုဇဉ်
အကောင်းမကြိုက်ဆိုရင် ပထမ “အကောင်း”ဆိုတာ ဘာလဲ။ What is good? ဆိုတာကို
ပြောနိုင်ရမယ်။ အနောက်တိုင်း ဒဿနပညာရှင်တော်တော်များများဟာ လောကမှာ “ကောင်းတယ်”
the good ဆိုတဲ့ သဘောတရားဟာ ဘာလဲဆိုတာသိချင်လို့ ရှည်းလျားလှတဲ့
သမိုင်းစဉ်တစ်လျှောက်မှာ ရှာခဲ့ကြတယ်။ သူတို့ရခဲ့တဲ့ အဖြေတစ်ချို့ကို တင်ပြပါ့မယ်။ What is
pleasurable is good ချမ်းသာသုခကို ဖြစ်စေတဲ့အရာဟာ ကောင်းတာပဲ။ ဒီအမြင်ပေါ်ခဲ့တယ်။
ဒီအမြင်ကို လက်ခံပြီး ဟောပြောခဲ့ကြသူတွေကတော့ ဗုဒ္ဓက “ကာမသုခလ္လိကာနုယောဂ”လို့ ခေါ်တဲ့
ခေတ်သစ် Hedonitsတွေပါပဲ။ နောက်တိုင်းမှာ ဂျေ၊ဘင်သင် (J.Bentham – 1748~1832)၊
ဂျေ၊အက်(စ)မီးလ် (J.S.Mill – 1806~73) စတဲ့ အတွေးအခေါ်ပညာရှင်တွေက ကိုယ်ချမ်းသာ၊
စိတ်ချမ်းသာမှု သုခပေးတဲ့အရာ၊ သုခကိုဖြစ်စေတဲ့ကိစ္စ၊ ဆောင်ရွက်မှုအားလုံးဟာ
ကောင်းမြတ်တယ်လို့ အဓိပ္ပါယ်ဖွင့်ခဲ့ကြတယ်။

သူတို့အမြင်အရ လူတွေအတွက် သုခချမ်းသာကို ပေးတဲ့အရာမှန်သမျှဟာ ကောင်းတယ်လို့ဆိုတော့


ဒါဆိုရင် ဘယ်အရာတွေက လူတွေကို ချမ်းသာသုခပေးသလဲလို့ မေးစရာဖြစ်လာတယ်။ ဒီလူတွေဟာ
ပညာရှိယောင်ဆောင်ထားကြတဲ့ ပုထုဇဉ်တွေပဲ။ သူတို့ထင်တာက လူတွေကို အကြိုက်ပေးနေရင်
လိုဘတွေဖြည့်ပေးနေရင် ကုန်ပစ္စည်းတွေ လိုသလောက် ထုတ်ပေးနိုင်ရင် လောကီအာရုံ
ကာမဂုဏ်တွေကို ပေးနေရင် သုခချမ်းသာ ရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ လူ့အကြိုက်ကို
လိုက်လို့မရဘူး။ လူ့အလိုကို နတ်မလိုက်နိုင်ဘူး။ လူတွေဟာ အကြိုက်ချင်းလည်းမတူဘူး။ သူတို့ဟာ
ကြိုက်တာကို အတင်းကြိုက်ခိုင်းလို့လည်း မရဘူးဆိုတဲ့ လူ့သဘော၊ လူ့သဘာဝတွေကို
မတွေးမမြင်ခြဲ့ ကဘူး။ နောက် ပညာရှင် အမည်ခံသူများကလည်း What is customary is good
ဓလေ့ထုံးစံလိုဖြစ်နေတာတွေဟာ ကောင်းတယ်လို့ ဆိုကြပြန်တယ်။ သူတို့အယူကတော့ လောကမှာ
ဓလေ့ထုံးစံတွေဟာ လူ့အတွေ့အကြုံအရ ခေတ်အဆက်ဆက် ကောင်းကျိုးပေးလို့သာ လူတွေက
လက်ခံထားခဲ့ကြတာလို့ ယူဆပြီး ပြောတာ။ ပထမ အယူအဆကိုတော့
စိတ်ပညာအခြေခံသဘောတရားလို့ ခေါ်တယ်။ ဒုတိယ အယူအဆကိုတော့
လူမှုရေးအခြေခံသဘောတရားလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဒီသဘောတရားရဲ့ အားနည်းချက်ကို
နောက်လူတွေက ထုတ်ပြခဲ့တယ်။

လောကမှာ ထုံးစံချင်းမတူဘူး၊ တချို့လူ့အဖွဲ့အစည်းမှာ မိန်းမလေးယောက်ယူတာကို


ကောင်းတဲ့အိမ်ထောင်စုစနစ်လို့ လက်ခံတယ်။ အဲဒီစနစ်ကို တစ်လင်တမယားစနစ်
လက်ခံကျင်းသုံးတဲ့လူမျိုးတွေ မကောင်းဘူးလို့ ယူတယ်။ တစ်ချို့ဒေသမှာ
တစ်မယားလေးလင်စနစ်တောင် ရှိသေးတယ်။ သူ့ဒေသ သူ့ဘဝနဲ့တော့ ကိုက်လို့
လက်ခံထားကြတာပဲ။

သို့သော်လည်း ဒီလို “ကောင်းမှု” သဘောအပေါ်မှာ အမြင်မတူကြတာတွေကို လက်ခံနေတာဟာ


မှန်ကန်တဲ့ “သစ္စာ”တရား မဟုတ်နိုင်ဘူးလို့လည်း ပညာရှိများက မြင်လာကြတယ်။ စနစ်ကြိုက်လို့သာ
ကောင်းရင်၊ အရင်းရှင်ကောင်းတာနဲ့ ဆိုရှယ်လစ်ကောင်းတာ မူမတူနိုင်ဘူးလို့လည်း
ပြောလာကြတယ်။ အဲဒီအခါ အရင်းရှင်ကလည်း အရင်းရှင်ကြိုက် အရင်းရှင်ကောင်းကို

3
ပြောလာတယ်။ ဆိုရှယ်လစ်ကလည်း ဆိုရှယ်လစ်ကြိုက် ဆိုရှယ်လစ်ကောင်းကို ပြောလာကြတယ်။
နောက်ဆုံးဘာဖြစ်သလဲ၊ သူကောင်းတာက တစ်မျိုး၊ ကိုယ်ကောင်းတာက တစ်ဖုံဖြစ်ပြီး ရန်သူလို
မြင်လာကြတာပေါ့။ ဒါဘာ့ကြောင့်လဲ၊ မကောင်းဘဲနဲ့ အကောင်းမှတ်ပြီး ပုထုဇဉ်ကြိုက်ပြောကြလို့ပါပဲ။

ဒီလို ကိုယ်ကျိုး၊ ကိုယ့်စီးပွား၊ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေကို ဗန်းပြပြီး


ကောင်းမှုမဟုတ်တာတွေကို ကောင်းမှုလို့ ထင်ကြတဲ့ အမြင်အားလုံးကို မြတ်စွာ ဘုရားကတော့
“ကာမသုခလ္လိက ဝါဒတွေ”လို့ သမုတ်ပြီး သူ့ရဲ့ဓမ္မကို စဟောချင်း ပယ်ပစ်လိုက်တယ်။ နောက်တစ်ဖန်
တချို့ကျတော့ အစွန်းတစ်ဖက်ကို ထွက်သွားကြတယ်။ လောကီအာရုံ ကာမဂုဏ်တွေကို
လုပ်မနေပါနဲ့၊ အဲဒါတွေကို အားလုံးစွန့်၊ ကိုယ့်ကိုယ်ကို ညှဉ်းဆဲပြီးနေမှသာ ချမ်းသာတယ်လို့
ဆိုလာကြပြန်တယ်။

အဲဒီလို လောကီတိုးတက်ရေး လုံးလုံးပိတ်ပင်တဲ့ သဘောတရားကိုလည်း ဗုဒ္ဓမြတ်စွာ ဘုရားက


စစချင်းပယ်တယ်။ အဲဒါက တခြားမဟုတ်ဘူး။ အတ္တကိလေမထာနုယောဂခေါ်တဲ့
ဘဝပိတ်ပင်ရေးတရားပဲ။ ပြီးမှ မြတ်စွာ ဘုရားက သူ့ရဲ့ အလယ်လမ်းစဉ်၊ မဇ္ဈိမပဋိပဒါကို ဟောတာ။ ခု
ဒီမှာ ကောင်းတယ်ဆိုတဲ့ တရားဟာ ဘာလဲ။ ဒါကို အဖြေပေးရမယ်။ ဗုဒ္ဓဘာသာမှာတော့ ကောင်းမှုနဲ့
မကောင်းမှုကို ခြွဲ ခားပြတဲ့ ဝေါဟာရရှိတယ်။ ကုသိုလ်ဆိုတာ ကောင်းမှု the good အကုသိုလ်ဆိုတာ
မကောင်းမှု the evil ပဲ။ ဒါဖြင့် ဘယ်ဟာကောင်းသလဲ။ ချမ်းမြေ့ဆရာတော်က
ဆင်းရဲငြိမ်းအေးချမ်းသာရေး တရားမှာ အပြစ်မရှိတာဟာ ကောင်းမှုလို့ အဓိပ္ပါယ်ပေးတယ်။ ဒီတော့
အပြစ်ရှိတာဟာ မကောင်းမှုပေါ့။ ရှင်းပါတယ်။ ခုသိဖို့လိုတာက တစ်ခုတည်းပဲ။ အပြစ်ဆိုတာဘာလဲ။
အပြစ်ဆိုတာ ထိခိုက်တာ (မိမိကိုယ်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ထိခိုက်နစ်နာစေတာ) မှန်သမျှဟာ
အပြစ်ပဲ။ ဒီလိုဆိုရင် မိမိ သူတစ်ပါး နှစ်ဦးသားကို မထိခိုက်တာဟာ (အပြစ်မရှိတ့အ
ဲ တွက်)
ကောင်းမှုလို့ သတ်မှတ်နိုင်ပါပြီ။

မြတ်စွာဘုရားက ကုသလာအနဝမ္ပသုခဝါပါကလက္ခဏာ။ အကုသလာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏာလို့


ဟောပါတယ်။ တစ်ဆက်တည်းမှာပဲ -သူတစ်ပါးအသက်ကို သတ်တာ (အကြမ်းဖက်တာ)ဟာ
အပြစ်ရှိသလား၊ မရှိဘူးလား။သူတစ်ပါးအိမ်ရာကို ပြစ်မှားတာဟာ အပြစ်ရှိသလား၊
မရှိဘူးလား။အရက်သောက်တာ အပြစ်ရှိလား၊ မရှိဘူးလား။မုသားပြောတာ (လိမ်လည်တာ)ဟာ
အပြစ်ရှိသလား၊ မရှိဘူးလား။သူ့ပစ္စည်းကို မပေးပဲ ယူတာ အပြစ်ရှိသလား၊ မရှိဘူးလား။အဖြေက
လွယ်လွယ်လေး။ မိမိကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်တာမှန်သမျှ
အပြစ်ရှိတယ်။ အကုသိုလ်ချည်းပဲ။ဒါဆိုရင် လောကမှာ အကြမ်းဖက်နေတယ်။ မုသာဝါဒတွေ
တွင်တွင်ကျယ်ကျယ် ပြောပြီး လူတွေကိုလှည့်ဖြားနေကြတယ်။ မူးယစ်ဆေးတွေ
ရောင်းဝယ်နေကြတယ်။ အိမ်ထောင်ရေးဘဝတွေကို ပျက်စီးအောင် လုပ်ကြတယ်။ သူတစ်ပါးရဲ့
ကိုယ်ပိုင်ပစ္စည်းတွေကို ပျက်စီးအောင် လုယက်နည်းမျိုးစုံနဲ့ လုယက်ဖျက်ဆီးနေကြတယ်။
နယ်မြေတွေကအစ လုယက်ယူနေကြတယ်။ မျက်မှောက်ကမ္ဘာမှာ လောကကြီးတစ်ခုလုံး
ဆူပွက်နေပါတယ်။ အဲဒါ ဘာဖြစ်လို့ ဖြစ်ရတာလဲ။ အကျွန်ုပ် အတွေးအမြင်ကိုပြောပါ့မယ်။ အဲဒါ
ပုထုဇဉ် အကောင်းမကြိုက်လို့ပါပဲ။
။…..။ဆရာဆန်းလွင် - သေခြင်းဒဿန (အတွေးအမြင်ဆောင်းပါးများ) ၊ စာမျက်နှာ ၁၉၄~၁၉၈

You might also like