၂၀၀၉
နိုင်ငံရေး စစ် တမ်း - အပိုင်း (
၆
) ဆောင်းပါး
ဘိုဘိုကျော် ငြိ မ်း
ဗုဒ္ဓ ဟူးနေ့၊ ဂျူလိုင် လ 15 ရက် 2009 ခုနှ စ် 21 နာရီ 18 မိနစ်
လိုအပ်ချက် ကို ဆန်းစစ် ခြင်း - Needs Analysis
တို က် ပွဲတပွဲ ကို မတို က်ခင် ဖြစ်စေ အစီအစဉ် တခု ကို ဖော် ထု တ်ရာတွင် ဖြစ်စေ (လိုအပ် မှု) Needs (သို့ ) Requirements
တွေ ကို ဆန်းစစ်ရပါမယ်။ ဒါမှ ဖြည့် ဆည်းမှု Logistics နဲ့ သင် တန်း Training တွေ ကို ဖြည့် ဆည်းပြီး အဆင်သင့် 
ဖြစ်နိုင် ပါတယ်။ ကျနော် တို့  အတို က်အခံတွေ က အနှ စ် ၂ဝ ကြာ လက်ရှိ နအဖ စစ်အာဏာရှင်တွေ ကို ဆန့်  ကျင်နေ
ကြပေမယ့်  မိ မိ တို့ ရဲ့ လိုအပ်ချက် ကို ဆန်းစစ် ခြင်း မရှိခဲ့  ကြဘူး။ ‘လိုအပ်’ တာကို မသိရင် ‘ဖြည့် ဆည်းမှု’ နဲ့ ‘ပြင်ဆင် မှု’
မရှိနိုင် တာကြောင့်  ‘တိုးတက် မှု’ နဲ့  ‘အောင် မြင် မှု’ မရှိခဲ့  ကြဘူး။ ဒါရဲ့ ရလဒ် က စစ်အာဏာရှင် ဆန့်  ကျင် လှု ပ်ရှားမှု ကြီးဟာ
ဦးတည်ချက် မရှိဘဲ ထိရောက် မှု မရှိ ဖြစ်ခဲ့  ကြရတယ်။ နောက်ဆက် တွဲ ဖြစ်ရပ် ကအချိန် ကြာလာတော့ ယုံ ကြည်မှုနဲ့ 
မျှော် လင့်မှုတွေလျော့ရဲ လာတာပေါ့
လက်ရှိ မြန် မာနိုင်ငံရဲ့ အခြေအနေမှာ စစ်အာဏာရှင် စနစ် ကို မကြိုက် တာ ရာခိုင်နှုန်းပြည့် နီးပါး မဟု တ်ရင်တောင် ‘အများ’
က ‘မကြိုက်’ ကြတာ ထင်ရှားပါတယ်။ စစ်အာဏာရှင် စနစ် ကို အထောက်အပံ့  ပေးနေတဲ့  အစိုးရ ယန္တရားထဲ မှာပဲ ဖြစ် ဖြစ်
စစ် တပ် ထဲ မှာတောင် လက်ရှိအာဏာရှင် စနစ် ကို ‘မနှ စ် မြို့’ သူတွေ ရှိ ကြပါတယ်။ ဒါပေမဲ့  စစ်အာဏာရှင်တွေ လက်အောက်
မှာ ဖွဲ့  စည်းမှုရှိ တဲ့  စစ် တပ်နဲ့  အစိုးရ ယန္တရားရှိ တယ်။ ဒါကြောင့်  စစ်အာဏာရှင်တွေ မှာ ‘အင်အား’ ရှိ တယ် လို့  ပြောလို့ 
ရနိုင် တယ်၊ ဒါကြောင့် (မလှု ပ်) ရဲ ကြဖူးပေါ့။
ကျနော် တို့  အတို က်အခံတွေ မှာ စံနစ် တကျ ဖွဲ့ စည်းမှုရှိ တဲ့  လှု ပ်ရှားမှု (Organized Movement) မရှိ ကြဘူး။ အဝေးရောက်
အစိုးရအဖွဲ့  ဆို တာ ၅ ယောက်အဖွဲ့  ကနေ - အနှ စ် ၂ဝ ကြာမှ ဝိုင်းပြောကြလွန်းလို့  ၇ ယောက် အဖွဲ့  ဖြစ် လာရတယ်။ NLD
မှာ ဖွဲ့  စည်းပုံ ရှိပေမယ့်  CEC တွေ က လှု ပ်ရှားခွင့် နဲ့  ဦးဆောင် မှု မပေးနိုင် တာကြောင့်  စက္ကူပေါ်ဖွဲ့  စည်းမှု အဆင့် သာသာပဲ
ရှိ ပါတယ်။ ယနေ့ တိုင် လက်တွေ့  မှာ နယ် တိုင်းနယ် တိုင်း မြို့နယ် ရပ် ကွ က်အထိ လူရှိ တာ NLD ပဲ ရှိ တယ်။ အထူးသဖြင့် 
‘လူငယ်’ အပိုင်းမှာပေါ့။ ဒါပေမဲ့  ထိ ပ် ပိုင်းက အစိုးရိ မ် လွန် တာကြောင့်  အားလုံး ဝါးလုံးကိုင် ပြီး ကင်းစောင့် နေကြရသလို
ဖြစ်နေတယ်။ ၈၈ တော် လှန် မှု ကြီးအပြီးမှာ လူငယ်တွေ အု ပ် လို က် ကြီး ပြည် ပကို ထွ က်ခဲ့  ကြတယ်။ ကျောင်းသား တပ် မတော် ကြီးကို
ထူထောင်နိုင်ခဲ့  ကြပြီး မျှော် လင့် ချက် ပေးနိုင်ခဲ့  ကြတယ်။ ကျောင်းသား တပ် မတော် ကြီး ရဲ့ ခေါင်းဆောင် ပိုင်း နှ စ် ပိုင်းကွဲ
သွားပြီးတဲ့ နောက် မှာ ဒီအု ပ် စု ကြီးဟာ တိုင်းပြည်အသီးသီးကို လွင့်  ထွ က်သွားခဲ့  ကြတယ်။ အများဆုံးကတော့ အမေရိ ကန်
ပြည်ထောင် စု ကို ရောက်နေကြတယ်။ အင်ဒီ ယားနားပြည်နယ် က ဖို့  ဝိန်း (Ft Wayne) မြို့ဟာ မြန် မာရွာလို့  ပြောလို့ ရ
အောင် မြန် မာတွေ များပါတယ်။ ဒီ လို စု စည်းလာတဲ့  ဒေသမှာ အင်အား တည်ဆောက်နိုင် ဖို့  ကောင်းတာပေါ့။ အင်အား
တည်ဆောက်နိုင် ဖို့  နေနေသာသာ ကွဲနေလို က် ကြရုံ မက တဖွဲ့ နဲ့  တဖွဲ့ ၊ တဦးနဲ့  တဦး ရန်ဆောင် တို က်ခို က်နေလို က် ကြတာ
မြင်ရက် စရာမရှိ ပါ။
ထို့ နည်းတူ စွာ မြန် မာတွေရှိ တဲ့  ဝါရှင် တန် ဒီ စီ မှာပဲ ကြည့်  ကြည့် ၊ နယူးယောက် မှာပဲ ကြည့်  ကြည့် ၊ ဂျပန် မှာပဲ ကြည့်  ကြည့် ၊
မလေးရှားမှာပဲ ကြည့်  ကြည့် ၊ မြန် မာတွေရှိရင် အကွဲဇာတ် လမ်းတွေ က ရှိ စမြဲ ပဲ စိ တ် မကောင်းစရာ။
ဘာကြောင့်  (ကွဲ) ကြတာလဲ?
Leave a Comment