You are on page 1of 2

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

All Burma Monk Alliance

နေ့စွဲ Date: -------------------------------


အမှတ်စဉ် No: ----------------------------

မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန် နှင့်


သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ် စော်ကားထားမှုများကို
လက်ရှိစစ်အုပ်ချုပ်သူများမှ အမြန်ဆုံးပြန်လည်တောင်းပန်ရန်…
မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်
သပိတ်မှောက်မည်…….

၁၉၉၀ပြည့်နှစ်တွင် မန္တလေးမြို့၌ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို ရည်စူး၍ လှူဒါန်းသော


သံဃဒါန ဆွမ်းလောင်းပွဲကို (နအဖ)စစ်အစိုးရသည် သေနတ်နှင့် ပစ်သတ်ဖြိုခွင်းရာတွင် သံဃာတော်များ
ပြန်လွန်တော်မူခဲ့သဖြင့် ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆောင်ကာ ပထမအကြိမ်သပိတ်ကို ဆင်နွဲခဲ့ပါသည်။
(ယနေ့အထိတိုင် ကံသပိတ် မလှန်ရသေး)

ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှေက်သည်ကို တိရစ္ဆာန်များ ဖမ်းဆီးသကဲ့သို


ကြိုးကွင်းနှင့် ပစ်ဖမ်းခြင်း၊ ဓါတ်တိုင်တွင် ကြိုးနှင့်တုပ် သေနတ်ဒင်နှင့်ထုခြင်း စစ်ဖိနပ်နှင့်ကန်ကျောက်ခြင်းများကို
(နအဖ)စစ်အစိုးရမှ ကျူးလွန်စော်ကား ခဲ့သောကြောင့် ၂၀၀၇ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ အားလုံး
ဒုတိယအကြိမ် သပိတ်မှောက်ကံဆောင်ခဲ့ကြပါသည်။ (ယနေ့အထိတိုင် ကံသပိတ် မလှန်ရသေး)

သံဃာတော်များသည် မြတ်စွာဘုရားရှင် ချမှတ်ထားသောဝိနည်းတော်နှင့် အညီဆောင်ရွက်ထားခြင်း


ဖြစ်ပါသည်။ (နအဖ)၏ စစ်အကျဉ်းထောင်ထဲတွင် အဖမ်းဆီးခံ အနှိပ်စက်ခံနေကြရသော သံဃာတော်များသည်
မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေတော်နှင့်အညီ ဆောင်ရွက်ထားခြင်းဖြစ်သောကြောင့် ထိုသံဃာတော်များသည်
လုံးဝအပြစ်မရှိပါ။ သို့ပါ၍ ကျရောက်လာမည့် သီတင်းကျွတ် လဆန်း၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့
နေ့လည်၁၂နာရီ နောက်ဆုံးထား၍ အမြန်ဆုံးပြန်လွတ်ရန်….

ကျောင်းတိုက်ပေါင်း (၆၀) ကျော်ကို သူပုန်စခန်းစီးသလို မတရား ၀င်ရောက်ဖျက်ဆီး ရိုက်နှက်


သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများသည် သာသနာတော် တစ်ခုလုံးကို စော်ကားရာ
ရောက်နေသောကြောင့် လာမည့်သီတင်းကျွတ် လဆန်း၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂နာရီ
အချိန်ကို နောက်ဆုံးထား၍ သာသနာတော်အပေါ် စော်ကားထားမှုအား (နအဖ)စစ်အစိုးရ အနေနှင့်အမြန်ဆုံး
ဝန်ချတောင်းပန်ရန်….

အထက်ပါ တောင်းဆိုချက်နှစ်ရပ်ကို (နအဖ)စစ်အစိုးရမှ လိုက်နာဆောင်ရွက်ခြင်း မရှိပါက


ကျရောက်လာမည့် သီတင်းကျွတ် လပြည့်(၁၅)ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင်
မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံအသီးသီးရှိ သံဃာတော်များ အားလုံးပူးပေါင်း၍
သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက်တည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ကမ္မ၀ါ ရွတ်ဆိုကာ
(နအဖ)စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ်-စွမ်းအားရှင်များနှင့် မတရားအမိန့်နာခံကြသည့်ဝန်ထမ်းများ
အားလုံးကို သပိတ်မှောက်မည် ဖြစ်သည်။

မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေတော် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို ရွတ်ဖတ်ပြီးချိန်မှစ၍


သပိတ်မှောက်ထားသော (နအဖ)စစ်အစိုးနှင့်တကွ နောက်လိုက် အလိုတော်ရိ ကြံ့ဖွတ်များ၊စွမ်းအားရှင်များ၊
မတရား အမိန့်နာခံသည့် ၀န်းထမ်းများ အားလုံးထံမှ ပစ္စည်းလေးပါး အလှူခံခြင်း၊ သာရေး-နာရေး စသော
သာသနာတော်နှင့် စပ်သောအမှုကိစ္စမှန်သမျှ မပြုရ-မလိုက်ရ။

မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေကိုမလိုက်နာသော သံဃာတော်များကို သံဃာအဖြစ်မှ ကြဉ်ဖယ်ကာ


ပကာသနီယ ကံဆောင်ကြရမည်။ ပကာသနီယကံဆောင် သံဃာအဖြစ်မှ ကြဉ်ဖယ်ထားသော
သံဃာတော်များကို ပြည်သူ-ပြည်သားများမှ ပစ္စည်းလေးပါး လှူဒါန်းခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ရ။

မှတ်ချက်။ ။ စစ်တပ်-ကြံ့ဖွတ်-စွမ်းအားရှင်ဝန်ထမ်းအဖြစ်မှ တရားဝင် နူတ်ထွက်သော သူများကို


လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်သည်။

ဤသပိတ်မှောက်ကံသည် အင်မတန် အပြစ်ကြီးလေးသည် သားစဉ်မြေးဆက် သာသနာတော်မှ ဆုံးရှုံး၍


လူဖြစ်ရှုံးကာ မဟာအ၀ိစိငရဲသို့ ကျရောက်နိုင်ပါသည်။

အစဉ်သတိရှိကြပါရန် အထူးတိုက်တွန်း နှိုးဆော်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ
နှင့်
သံဃသာမဂ္ဂီအဖွဲ့

You might also like