ဒေါ်အောင်ဆန်းစု ကြည်(သို့  မဟု တ်) သဇင်နီ- (အပိုင်း ၁၅)
ဆောင်းပါး မင်းဟန် ကြာသပတေးနေ့၊ ဂျူလိုင် လ 30 ရက်2009 ခုနှ စ်13 နာရီ34 မိနစ်
((((၅၉ ၅၉ ၅၉ ၅၉))))၁၉၈၉ ခုနှ စ်၊ ဇန်နဝါရီ လ ၁၇ ရက်….။
အင်္ဂါနေ့….။မြောင်းမြမြစ်နှင့် ငဝန် မြစ် တို့ ၏ဆုံရာ မြစ်ဆုံရှိ၊ ရေပြင်သည်ပင် လယ်ငယ်လေး တခု ပမာအလား….။
အပြောကျယ်၏။ ရေ၏အရောင် က `ရေကြည် ပြာ´ ….။ ပြာလဲ့  လဲ့ကောင်းကင်နှင့် ငဝန် မြစ်
ရေကြည် ပြာရောင်အဆင်းက `သမူ ဟ´ ဖြစ်၍နေသည်။ မြတ်မေတ္တာသင်္ဘောက မြောင်းမြမြစ်အတွင်းမှ
အံ ကျလာပြီး ငဝန် မြစ်အတွင်းသို့ အလို က်သင့် ၊ စီးမျော၍ ဝင်ရောက်သွားပြန်၏။ ရေယာဉ်ကြောက …..
မြောင်းမြမြစ် ယံ မှသည်ငဝန် မြစ် ပြင်ဆီသို့ ကူးခဲ့  ပြီ။ မြစ်ဆုံ မှပုသိ မ်သို့ ငဝန် မြစ်ကြောင်းခရီးက
အဆန်ခရီးဖြစ်သော် လည်း ….. ငဝန်သည်ပဉ္စ လက်ဆန် စွာနှင့် မှန်သာပြင် ကဲ့ သို့ ငြိ မ်နေ၏။
ကန်ရေပြင်အလား …..။ ရေစီးရေလာဟူ၍မရှိ….။ ငဝန် မြစ်ရေက `အီ´၍ နေသည်။ အောက်ရေတိုးမည့် 
ဟန်အား တွေ့ ရ၏။ အနောက်တောင်လေအနှော့ တွင်လှိုင်းကြက်ခွ ပ်လေးများက သော့၍…သော့၍။ `
လတာ´ပြင် ထက် မှ`လမု ပင်´များအား တွေ့ ရ၏။ လတာပင် တို့  က ညိုညိုမှိုင်းမှိုင်း အု ပ်အု ပ်ဆိုင်းဆိုင်း….။
ဆပ်သဖူးပင်၊ မဒမပင်၊ ဓနိတော၊ ဗျို က်တောတို့ နှင့် ငဝန်သည်သူ၏ အနားသတ်အား စိ မ်း၍စို လွင်သော
အသွေးနှင့် လှ ပစွာ `ကွပ်´ထား၏။
ပင် လယ် ဝမှတိုးရေကြောင့် မြစ်ရေသည်မြစ်ညာဆီသို့  လွန်၍ စီး၏။ ပထမတွင်ညှင်းညှင်းသွဲ့သွဲ့ ….။
မကြာ …. ငဝန်သည်ပြေးလမ်းဝ၌ ဦးမော့ရန်အသင့်  ဖြစ်နေသည့် လေယာဉ် တစင်းအလား၊ …… အရှိန်နှင့် 
Page 1 of 7
(
)
- (
)8/4/2009http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com...
Leave a Comment