You are on page 1of 2

စာအမှတ်။ ။ ၁/၀၉ ( WFSLB )

ရက်စွဲ ။ ။ ၃၁ - ၈ - ၂၀၀၉
အလုပ်သမားထု နှင့် လယ်သမားထုသို့ ပန်ကြားချက် ---

(၁) ယနေ့ ကျွန်ုပ်တို့ မြန်မာနိုင်ငံရှိ အလုပ်သမားလယ်သမားထု၏ ဘ၀အခြေအနေအမှန်မှာ စစ်အစိုးရ၏ သတင်းမီဒီယာ


များတွင် လိမ်ညာဝါဒဖြန့်ချိနေသော စကားလုံးလှလှများကဲ့သို့ ဘ၀လှလှကိုမရကြဘဲ လူမှုစီးပွားအရာရာတိုင်း၌ အောက်
ကျနောက်ကျအဖြစ်ဆုံး၊ အနိုင်ကျင့် အချယ်လှယ်အခံရဆုံးသော နင်းပြားများဘ၀သို့ကျရောက်နေကြရသည်ကို ကာယကံရှင်
အလုပ်သမား လယ်သမားထုကြီးတရပ်လုံး အသိဆုံးပင် ဖြစ်သည်။

(၂) လယ်ကွင်းများဘက်သို့ မျှော်ကြည့်လျှင် စစ်တပ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၊ လက်ဝါးကြီးအုပ် ခေတ်ပျက်


သူဌေးကြီးများက လေယာဉ်ကွင်းဆောက်ရန်၊ လမ်းဖောက်ရန်၊ စစ်လက်နက်စက်ရုံ တည်ဆောက်ရန် ကန်ထရိုက် လယ်ယာ
စနစ်ထူထောင်ရန် စသည့် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် တောင်သူ လယ်သမားများ၏ ဘိုးဘပိုင် လယ်ယာ မြေများအား
အဓမ္မ လုယူသိမ်းပိုက်နေသည်ကို မမြင်ချင့်အဆုံး မြင်တွေ့နေကြရသည်။ မဆိုစလောက်သော စိုက်ပျိုး စရိတ်ချေးငွေလေးရ
ရန်နှင့် ဆည်ရေအသွင်းအထုတ်ကိစမ
္ဈား အဆင်ပြေစေရန် သက်ဆိုင်ရာရုံးဌါနများသို့ လာဘ်ထိုးရသည်မှာလည်း လုပ်ရိုး
လုပ်စဉ်တခုကဲ့သို့ပင် ဖြစ်နေပေသည်။ ကျွဲ၊ နွား၊ လယ်ယာသုံးကိရိယာများနှင့် ဓါတ်မြေသြဇာ အစရှိသည့် စိုက်ပျိုးရေးဆိုင်ရာ
အထောက်အပံ့များကို သက်သာချောင်ချိစွာ အလုံအလောက် ၀ယ်ယူရရှိနိုင်မည့် အခွင့်အလမ်းများကို အစိုးရက တာဝန်
ယူဖြည့်ဆည်းပေးရန် ပျက်ကွက်လျှက်ရှိသည်။ ထို့အပြင် ကြက်ဆူပင်အပါအ၀င် စီမံကိန်းသီးနှံများအား အတင်းအကြပ်
စိုက်ပျိုးခြင်း၊ ရထားလမ်းစောင့်ခြင်း၊ လမ်းဖောက်ခြင်း စသည့်လုပ်ငန်းများကို အဓမ္မ လုပ်အားပေး လိုက်စေနေပါသည်။
လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ သိုလှောင် သယ်ယူ ရောင်းချခွင့်များအား မလိုလျှင် မလိုသလို ကန့်သတ်ချုပ်ချယ်ခြင်း များ
ကိုလည်း ပြုလုပ်နေပါသည်။ စိုက်ပျိုးစရိတ်အတွက် စစ်အစိုးရမှ လုံလောက်စွာ ထုတ်ချေးရန် တာဝန်မယူသည့်အတွက် ငွေရှင်
ကြေးရှင်များထံမှ ငွေတိုးကြီးကြီးဖြင့် ချေးယူ လုပ်ကိုင်နေရသည့်အပြင် ပိုးဖျက် ရေဖျက် ကြွေးစက်ဝန်းတွင် ဘ၀ နစ်မွန်း
နေရသည်များမှာ တောင်သူလယ်သမားတို့ နေ့စဉ်ကြုံတွေ့နေရသည့် ရှောင်မရ ရှားမရ ဒုကမ
္ချားစွာထဲမှ ထင်သာမြင်သာ
တချို့တလေသာဖြစ်သည်။

(၃) စက်ရုံအလုပ်ရုံများ၊ ရုံးများ၊ ဈေးများဘက်သို့ ခြေဦးလှည့်ကြည့်ပါက သေစာရှင်စာ လုပ်ခလစာလေးအောက်တွင်


အလုပ်သမားအခွင့်အရေးဆိုသည်မှာ အသက်မရှိ အသံမထွက်နိုင်သော စကားလုံးသက် သက်မျှသာ ဖြစ်နေသည်ကို တွေ့ရ
လိမ့်မည်။ အထက်အရာရှိများ၊ လုပ်ငန်းရှင်များ၊ အာဏာပိုင်အဆင့်ဆင့်များ၏ ရိုင်းစိုင်းရင့်သီးသော ပြုမူဆက်ဆံမှုများ
အောက် မိသားစုထမင်းအိုးကိုငဲ့ကာ ခေါင်းငုံ့အံကြိတ်ခံနေရသော ၀န်ထမ်းများ၊ အလုပ်သမားများ၏ တောက်ခေါက်သံ များ
ကား မနည်းလှတော့ပေ။ အလုပ်ခန့် အလုပ်ဖြုတ် ကိစ္စများတွင်လည်း လုပ်သားများမှာ ကြက်ကလေးငှက်ကလေးများပမာ ပြု
သမျှနုခံနေကြရသည်။ အချိန်ပို ဆင်းရသည်နှင့် ထိုက်တန်သော လုပ်အားခကိုလည်း မရရှိကြပေ။ အလုပ်သမားတို့၏ နစ်နာ
မှုများနှင့် ပတ်သက်၍ အစိုးရအလုပ်သမားရုံးသို့ တိုင်ကြားသော်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးသည်
ဟူ၍ မရှိပေ။ ကျန်းမာရေးဆိုင်ရာနှင့် လုပ်ငန်းခွင်အန္တရာယ်များအတွက် မည် မည်ရရ အာမခံချက်များလည်း မရရှိကြပါ။
ဆိုက်ကားနင်း၊ ကားစပယ်ယာလိုက်၊ လမ်းဘေးဈေးရောင်းရာ တွင်ပင် လိုင်းကြေး၊ ဂိတ်ကြေး၊ ဈေးကောက်၊ မြူနီစပါယ်ကြေး
အမျိုးမျိုးသော အခွန်အကောက်များ အောက်တွင် လက်လုပ်လက်စား လုပ်သားများ၏ဘ၀မှာ လှော်ရင်းသာ နစ်နေကြရ
တော့သည်။

(၄) ထမင်းတနပ်အတွက် ရှာရဖွေရခက်လှသော ဤခေတ်ကြီးတွင် ရရစားစား အလုပ်သမား လယ်သ မားထုကြီးခမျာ


မိုးလင်းမိုးချုပ် တကုတ်ကုတ်ရှာဖွေထားသော မိမိတို့၏ မလုံမလောက် ၀င်ငွေလေးထဲကပင် မီးကင်းကြေး၊ ပေါ်တာကြေး၊
ဧည့်စာရင်းတိုင်ခ၊ လမ်းခင်းကြေး၊ ရံပုံငွေ၊ အလှူငွေ၊ လူကြီးဧည့်ခံစရိတ် စသည့်မသဒ္ဓါကြေးများကို အမြှီးနုတ် ခေါင်းနုတ်
လုပ်နေကြသဖြင့် ၀မ်းမီးတောက်များ ငြိမ်းနိုင်ရန် ခေါင်းမီးတောက်နေကြရသည်။

(၅) ဖိနှိပ်ချယ်လှယ်သွေးစုပ်ခံနေရသော ဒုက္ခအပေါင်းမှ ကျွန်ုပ်တို့ အလုပ်သမားလယ်သမားများ လွတ်မြောက်ရန် နည်း


လမ်းမှာ ကျွန်ုပ်တို့ကိုယ်တိုင် လက်တွဲခုခံ ပြိုင်တူရုန်းကြွရုံမှတပါး အခြားမရှိနိုင်တော့ပါ။ အပြီးတိုင်လွတ်မြောက်လိုလျှင် အပြည့်
အ၀ အားစိုက်ရပါလိမ့်မည်။ ကယ်တင်ရှင်ဟူသည် မရှိ။ အလုပ်သမား လယ်သမား အခွင့်အရေးများ မဆုံးရှုံးစေလိုလျှင်
(တနည်း) အပြည့်အ၀ရလိုလျှင် ထိုအခွင့်အရေးများအား ကာကွယ်ဖော်ဆောင်ပေးမည့် အလုပ်သမား လယ်သမား သမဂ္ဂများ
အား ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖွဲ့စည်းထူထောင်ကြရန် အရေးကြီးသည်။ စက်ရုံအလုပ်ရုံအလိုက်၊ ဌါနအလိုက်၊ ကျေးရွာမြို့နယ်
ဒေသ အလိုက် နီးစပ်ရာ ယုံကြည်ရာ လေ့လာဆွေးနွေးစုဖွဲ့ခြင်းဖြင့် မိမိတို့အခွင့်အရေးများကို တစုံတရာ ခုခံကာကွယ်နိုင်မည်
ဖြစ်ပါသည်။

(၆) အလုပ်သမား လယ်သမားထုကြီးတရပ်လုံး စစ်ဖိနပ်အောက်က လွတ်မြောက်ပြီး ကိုယ်ရှာသည့်ထမင်း ကိုယ်အပြည့်အဝ


စားခွင့်ရရေး၊ ခါးလှဝမ်းဝပြီး လူတန်းစေ့စေ့နေနိုင်ရေး၊ အလုပ်သမားလယ်သမား သားသမီးများအနေဖြင့် ခေတ်မီပညာရပ်
များကို သင်ကြားတတ်မြောက်နိုင်သော အခွင့်အလမ်းများ ပေါ်ထွန်းရေးတို့အတွက် ကျွန်ုပ်တို့အနေဖြင့် ဘ၀တူ အလုပ်သမား
လယ်သမား အင်အားစုများဖြင့် ချိတ်ဆက်ကာ “ မြန်
မြန်မာနိုင်ငံ အလုပ်
ပသ် မား လယ်သမား သွေ
သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ” ကို
စတင်ဖွဲ့စည်းတည်ထောင် လှုပ်ရှားနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အဖိနှိပ်အချယ်လှယ်ခံ အလုပ်သမား လယ်သမား
များအနေဖြင့်လည်း ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းလက်တွဲကာ မိမိတို့၏ကြွေးတင်နွံနစ် စစ်ကျွန်ဖြစ်နေရသောဘ၀မှ ပြိုင်တူ
ရုန်းကြွကြရန် တိုက်တွန်း နှိုးဆော်လိုက်သည်။

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေ


သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်

ဆက်သွယ်ရန်။ ။ w.f.s.l.b2009@gmail.com

You might also like