You are on page 1of 14

Article in Burmese

မြန်မာဘာသာနဲ့ တင်ပြထားပါတယ်

မွန်အက္ခရာတွေကို ဘယ်လို ရောမအက္ခရာဖလှယ်မလဲ?

Romanization for Mon Scrip by Transliteration Method


(Version I)

This is brought to you by http://www.dhoongjhaan.blogspot.com/.


ရောမအက္ခရာဖလှယ်ခြင်း
Romanization
ရောမအက္ခရာဖလှယ်ခြင်း နည်းလမ်း ၂ သွယ်
Romanization: Transliteration and Transcription

အမှတ်စဉ် အကြောင်းအရာ
No. Contents

1. ဗျည်းများကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Mon Consonants
- Table of Mon Consonants Transliteration (Version I)
- Table of Mon Consonants Transliteration (Version II)
2. သရများကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Mon Vowels
- Table of Mon Vowels Transliteration (Version I)
- Table of Mon Vowels Transliteration (Version II)
- Table of Mon Independent Vowels Transliteration
- Table of Mon Vowels Combination Transliteration (Extension)
3. ယှဉ်ဗျည်းများကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Mon Medial
4. အသတ်များကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Mon Killers
5. ဗျည်းထပ်များကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Conjunct Consonants
6. စာလုံးအပိုင်းအခြား
Words Separation
7. စာလုံးကြီး အသုံး ပြုခြင်း
Capitalization
8. ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Punctuation Marks
9. ဂဏန်းများကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration of Numbers
10. ရှေး ခေတ်မွန်စာအရေးအသားကို အက္ခရာဖလှယ်ရေးသားခြင်း
Transliteration for Old Mon Written Language
မှတ်ချက်
Note:
ကိုးကားထားသည့် စာအုပ်စာတမ်းများ နှင့် အင်တာနက်စာမျက်နှာများ
References:
ရောမအက္ခရာဖလှယ်ခြင်း
Romanization

ဘယ်ဘာသာစကားကိုမဆို ရောမအက္ခရာ ဖလှယ်နိုင်ပါတယ်။ အသံကို ဖလှယ်မလား? ရတယ်။ စာကို


ဖလှယ်မလား? ရတယ်။ ရောမအက္ခရာ ဖလှယ်တာကို အင်္ဂလိပ်လို Romanization လို့ ခေါ်ပါတယ်။ စကားသံကို
ရောမအက္ခရာဖလှယ်ရင် Transcription လို့ ခေါ်ပြီး အက္ခရာ အက္ခရာချင်း ဖလှယ်တာကိုတော့ Transliteration လို့
ခေါ်ပါတယ်။ မြန်မာဘလော့ဂါ ညီလင်း ဆက် ရဲ့ အဆိုကို ကြည့်ပါ။

“Transliteration နဲ့ Romanization နှစ်ခုကွဲတယ်လို့ ထင်ပါတယ်။ အဲဒီနှစ်ခုမှာတင် ပညာရှင်တွေ ကွဲကြလို့


စနစ်အမျိုးမျိုး ကွဲနေသေးတယ်။ တော်တော်များ များက John Okell ရဲ့ စနစ်ကို လိုက်လာကြတယ်။ Romanization ဆိုတဲ့
စနစ်မှာ Transliteration နဲ့ Transcription ဆိုပြီး နှစ်မျိုး ရှိတယ်လို့ မှတ်သားမိပါတယ်။ တစ်မျိုးက စာအတွက်
နောက်တစ်မျိုးက အသံထွက်စနစ် ပါ။”
ညီလင်း ဆက်

ဒီအက္ခရာဖလှယ်တဲ့ ဘာသာရပ်က သူ့ဟာနဲ့သူ ခက်ခဲတဲ့ အပိုင်း၊ လွယ်ကူတဲ့ အပိုင်းတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့


ဒီစာတမ်း ငယ်မတော့ ဘာသာရပ်ရဲ့ လေးနက်တဲ့ သဘောတရားတွေထက် လက်တွေ့မှာ အသုံးဝင်နိုင်မဲ့ Applied
Romanization (for Mon) ကိုပဲ အထူးဦးစားပေး တင်ပြသွားမှာပါ။ ဝန်ခံရမှာတစ်ခုက ကျနော်ကိုယ်၌က ဒီဘာသာရပ်ရဲ့
သဘောတရားတွေကို အများကြီး စိတ်မဝင်စားပါဘူး။ သူ့ရဲ့ အကျိုးပြုပုံလောက်ကိုပဲ စိတ်ဝင်စားတာပါ။ ဘယ်လိုလဲ ဆိုတော့
….. : -

 မွန်စာ နဲ့ မွန်စကားကို စနစ်တကျ ဘယ်လို အက္ခရာဖလှယ်ရတယ်ဆိုတာ သိချင်လို့၊ သိတယ်မလား? ရောမအက္ခရာ


ဖလှယ် တဲ့နည်းကပဲ လူအများစုကို မွန်စကား နဲ့ စာကို လေ့လာနိုင်အောင် အကူအညီ ပေးမှာလေ။ ထိုင်း မှာတော့
Bilingual Education System အရ မွန်စာကို Thaiization လုပ်ပြီး ထိုင်းနိုင်ငံသား မွန်ကလေးငယ်တွေကို
သင်ပေးနေတာ အတော် ခရီးပေါက်နေပါပြီ။ Thaiization ဆိုတာကြောင့် မွန်ဘာသာစကား အသံထွက်ကို
ထိုင်းအက္ခရာတွေနဲ့ စာလုံးပေါင်းပြီး သင်ပေးတာပါ။ ကလေးတွေဟာ ထိုင်းစာ အခြေခံကို (Prior Knowledge အနေနဲ့)
သိပြီးသား ဖြစ်ရပါလိမ့်မယ်။ ဒါမှာ အဆင်ပြေမှာပါ။

(ဒါနဲ့ ဆက်စပ်ပြီး အတွေးပေါ်မိတာက မွန်စာ နဲ့ စကားကို Burmanization လုပ်ကြည့်ရင်ကော ဆိုတဲ့ အတွေးပါ။
တစ်ခု သတိထားရမှာက မွန်စာ နဲ့ စကားကို ထိုင်းမှုပြုတော့ ကန့်ကွက်တဲ့ မွန်တွေ ရှိပါတယ်။ မွန်မှာ ကိုယ်ပိုင်အက္ခရာ
ရှိလျက်သားကယ်နဲ့ ပဇာကြောင့် အနှီယိုးဒယားအက္ခရာတွေကို သုံးရပါသလဲပေါ့။ ကျနော့်ရဲ့ အမြင်အရ ဒါဟာ
လိုအပ်ချက် တစ်ခုပါ။ အထူးသဖြင့် မွန်စကားမတတ်တဲ့ ထိုင်းက မွန်တွေအတွက်ပါ။ ဒီ့ထက် တွင်ကျယ်မယ်ဆိုရင်
ထိုင်းစာတတ်တဲ့ ဘယ်သူမဆို ထိုင်းမှုပြုထားတဲ့ မွန်စာ နဲ့ စကားကို လေ့လာနိုင်ပါတယ်။ ပြောမဲ့သာ ပြောရတာပါ။
Burmanization လုပ်ဖို့က ထင်သလောက် မလွယ်ပါဘူး။ ပထမဦးဆုံး တွေ့ရမဲ့ ပြဿနာက အခက်ခဲဆုံး ဖြစ်နိုင်မဲ့ ဘာ
သာစကားချင်း ကွဲပြားတဲ့ အချက်ပါ။ အက္ခရာတွေက တချို့တူ၊ တစ်ချို့ဆင်ကြပေမဲ့ အသံထွက်ပုံက တချို့မတူပါဘူး၊
ဆင် သလိလ
ိုနဲ့လည်း တချို့ မဆင်ပါဘူး ။ စာပေ ၂ ခုက ပုဂံခေတ်ကလိုလည်း စာလုံးပေါင်းပုံတွေ မတူကြ တော့ပါဘူး။)

 အပြန်အလှန်ပါပဲ။ လူမျိုးခြားတွေ အကျိုးများသလို ကျုပ်တို့ ရွှေဟင်္သာတွေအတွက်လည်း အကျိုးမနဲပါဘူး။ ဘယ်လို


Romanize လုပ်ရမှာကို သိလာတာနဲ့ တစ်ပြိုင်တည်း လူမျိုးခြား စကားလုံးတွေကို ဘယ်လို မွန်မှုပြု (Monization) ရမလဲ
ဆိုတာ အနှေး နဲ့ အမြန်၊ အနဲ နဲ့ အများ ဆိုသလို သိလာကြမှာ မလွဲပါဘူး ။ ဒီလိုဆိုရင် Canada ကို မွန်အများစုက
“ကနေဒါ” လို့ အသံထွက် ပြောနေကြပါလျက်ကယ်နဲ့ အကြင် ကနေဒါရောက် နိုင်ကကြီး၊ နိုင်ခခွေး တို့က “ခါဏာဒါ”
လို့ ဘိုဆန်ဆန် ရေးချင်ကြတာမျိုးတွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦး ဆုံးလူမဲသမ္မတကြီး Obama ကို ထိုင်းမှာ
အနေကြာတဲ့ ကိုရွှေရာမာဉ် တို့ “အဝ်ၐါမာ” လို့ လက်စွမ်း ပြချင်ကြတာမျိုးတွေ လျော့လာမယ်လို့ မျှော်လင့်ရတာပဲ။
(စကားချပ် - Canada ကို “ကနေတာ” လို့ ရေးတာမျိုးကိုတော့ ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ မွန်စကားသံနဲ့
အနီးစပ်ဆုံးပဲ။ စကားလုံး ဖွဲ့စည်း ပုံရအရ “ဒါ” အသုံးဟာ မသင့်ပါ။)

 စကားသံကိုပဲ ဖြစ်ဖြစ်၊ အက္ခရာတစ်လုံးချင်းစီကိုပဲ ဖြစ်ဖြစ် အက္ခရာဖလှယ်တာဟာ အရမ်းလွယ်တဲ့ အလုပ်တစ်ခုတော့


မဟုတ်ပါဘူး။ အဖလှယ်ခံဘာသာစကားကို ကျွမ်း ကျင်ဖို့လိုအပ်သလို ဖလှယ်မဲ့ ဘာသာစကား (ထိုင်းဆိုလည်း ထိုင်း၊
ရောမဆိုလည်း ရောမပေါ့ဗျာ) ရဲ့ အခြေခံကိုလည်း နှံ့နှံ့စပ်စပ် သိဖို့လိုပါတယ်။ ကျနော့်အနေနဲ့ ဒီဘာသာစကားတွေကို
ကျွမ်းကျင်တယ်လို့ အာမ, မခံနိုင်ပါဘူး။ ဒါပေမဲ့ အထိုက်အလျောက်တော့ လေ့လာထားပါတယ်။ ဘာပဲဖြစ်ဖြစ်
ဒီကျနော့်ရဲ့ တင်ပြချက်တွေထဲမှာ မပြည့်စုံတာတွေ ရှိမယ်၊ မလိုဘဲ ထည့်ထားတာတွေ ပါမယ်၊ အချက်အလက်အရ
မှားတာ ရှိမယ်၊ သဘောတရားအရ တိမ်းစောင်း တာတွေ ရှိမယ် ဆိုရင် နောက်လူက ပြင်ဖို့၊ ဆန်းသစ်ဖို့၊
အားသစ်လောင်းဖို့ပဲ ရှိပါတယ်။ ဒီတော့ ဒီကေ့စ်ထဲကို လူအများကြီး ပူးပေါင်းပါဝင်စေချင်တယ်ပေါ့ဗျာ။

(Romanization နဲ့ ပတ်သက်ပြီး လေ့လာထားသမျှကတော့ Pali Romanization, Thai Romanization, နဲ့


Burmese Romanization တွေပါ။ အပြည့်အစုံတော့ မဟုတ်ဘူး ။ တစ်ချို့တစ်ဝက်လောက်ပါပဲ။ ဒါတောင်
တစ်နည်းနည်းနဲ့တော့ ဒီသက်ဆိုင်ရာ ဘာသာစကားအသီး သီး ရဲ့ ရောမအက္ခရာဖလှယ်နည်းတွေက အနဲ နဲ့
အများဆိုသလို ဒီစာတမ်းပေါ် လွှမ်း မိုးနေပါလိမ့်မယ်။ ဒါပေမဲ့လည်း Transliteration အတွက် အရောအနှောကင်းတဲ့
မွန်စာအတိုင်း၊ Transcription အတွက် လူသုံး များတဲ့ Central Mon Spoken Language အတိုင်း ကိုပဲ ကျနော့်ရဲ့
စာတွေ့၊ လက်တွေ့ အတွေ့အကြုံတွေနဲ့ ပေါင်း ပြီး တင်ပြသွားပါ့မယ်။ ဒီစာတမ်းနဲ့ ပတ်သက်လို့
ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ အထောက်အထားတွေနဲ့ အမှား ထောက်ပြ ချင်လို့ပဲ ဖြစ်ဖြစ်၊ ထပ်မံဖြည့်စွက်ချင်လို့ပဲ
ဖြစ်ဖြစ်၊ အကူအညီ ပေးချင်လို့ပဲ ဖြစ်ဖြစ်၊ အကူအညီတောင်းချင်လို့ပဲ ဖြစ်ဖြစ် ကျနော့်ရဲ့ Personal email address ကို
စာရေးဆက်သွယ်နိုင်ပါတယ်။ dhoongjhaan@gmail.com ပါ။)

ရောမအက္ခရာဖလှယ်ခြင်း နည်းလမ်း ၂ သွယ်


Romanization: Transliteration and Transcription

Transliteration ရဲ့အဓိပ္ပာယ်ကို အချိန်ပေးနိုင်ရင် ခင်ဗျား ဝီကီပိဒိယစွယ်စုံကျမ်း ထဲမှာပဲ ဖြစ်ဖြစ်၊ နီးစပ်ရာ အဘိဓာန်


တစ်ခထ
ု မ
ှဲာပဲ ဖြစ်ဖြစ် ရှာကြည့်လိုက်ပါ။ ဒီစာတမ်းမှာ အဲဒီကတဆင့် တိုက်ရိုက်ဘာသာပြန်ချက်ကို ထည့်မယ်ဆိုရင် စာတမ်းရဲ့
ဝန် ပိုလေးမှာမို့လို့ မထည့်တော့ပါ။ Transliteration ဟာ Transcription နဲ့စာရင် ပိုလွယ်သယောင် ရှိပါတယ်။ ဒါဟာ
မွန်ဘာသာစကားအတွက် ပိုမှန်ပါတယ်။ ‘က’ အစ ‘အ’ အဆုံး ၃၅ လုံးတိတိ ရှိတဲ့ သင်ပုန်းကြီးလာ မွန်ဗျည်း တွေကို က
အတွက် k ၊ ခ အတွက် kh ၊ ဂ အတွက် g ၊ ဃ အတွက် gh ရယ်လို့ အလွယ်တကူ ဖလှယ်ရေးနိုင်ပေမဲ့ ‘မွှေးတယ်’ လို့
အဓိပ္ပာယ်ရတဲ့ မွန်စကား ‘မောဝ်’ ကို ဘယ်လို ရောမအက္ခရာဖလှယ်မလဲ၊ ‘ထမင်း’ လို့ အဓိပ္ပာယ်ရတဲ့ မွန်စကား ‘ပုင်’ ကို
အင်္ဂလိပ်စကားပြောတဲ့သူတွေ အသံထွက်တတ်အောင် ဘယ်ပုံအက္ခရာဖလှယ်မလဲ၊ ‘မြေကြီး’ လို့ အနက်ဖွင့်ရမဲ့ ‘တိ’ဆိုတဲ့
မွန်စကားကိုရော ဘယ်လို ရောမအက္ခရာဖလှယ်မလဲ ဆိုတာကတော့ အမေးလွယ်သလောက် အဖြေခက်လှပါတယ်။ ဒီထက်
အဖြေ ၁ မျိုးတည်း ထွက်ဖို့က ပိုခက်လှပါတယ်။ ‘မောဝ်’ ကို Transliterate လုပ်ရင် ‘mow’ လို့ရပါလိမ့်မယ်။ ဒါဟာ ‘မောဝ်’
ဆိုတဲ့ စကားသံကို ကိုယ်စားမပြုပါဘူး။ေ + မ +ာ + ဝ +် ဆိုတဲ့ အရေးပုံစံကိုပဲ ကိုယ်စားပြုတာပါ။ ‘mow’ ကို
အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တစ်ယောက်ကို ဖတ်ခိုင်းရင် သူက ‘မောဝ်’ လို့ ဖတ်မှာ မဟုတ်ပါဘူး။ Cow ကို ဖတ်သလို ‘မောင်း’
လို့ ပဲ ဖတ်မှာပါ။ ‘ပုင်’ ကို Transliterate လုပ်တော့ ‘pung’ ရပါတယ်။ ‘မောဝ်’ ဥပမာအတိုင်း ပါပဲ။ Sung ကို ဖတ်သလိုပဲ
လူမျိုး ခြားတွေက ‘ ဖာ(င်း)’ လို့ အသံထွက်ကြမှာပါ။ ‘တိ’ ဟာ Transliteration ဥပဒေအရ ‘Ti’ ပါ။ ဟာသပါပဲ။ မွန်တွေက
မြေကြီး ကို ‘Ti’ လို့ အသံမထွက်ဘူးဗျ။

ကွဲပြားချက်က ဒါပါပဲ။ Transcription မှာ အသံကို အလေးထားရသလောက် Transliteration ကတော့ စာလုံး


ပေါင်းစပ်ပုံ (မ ကို m ၊ေ --ာ သရကို o ၊ ဝသတ်ကို w ၊ ပကို p ၊ --ု သရကို u ၊ ငသတ်ကို ng ၊ တကို t ၊ --ိ သရကို i
ဆိုပြီး တော့ သိပ်တောင် တွေး စရာမလိုဘဲ ဒိုင်းဒိုင်း ဒိုင်းဒိုင်း ဆိုပြီးတော့ ချရေးရုံပါပဲ) ကို အဓိကထားပြီး အက္ခရာ
ဖလှယ်ရတာပါ။ သူ့ဟာနဲ့သူ အားကောင်းချက်၊ အားနည်းချက်တွေတော့ ရှိပါတယ်။ အထင်ရှားဆုံး ကတော့ Transliterate
လုပ်ထားတဲ့ စကားလုံးတွေမှာ အက္ခရာ ပြောင်း လဲသွားစေဦးတော့ မူရင်းစကားလုံးရဲ့ စာလုံးပေါင်းတွေကို အလွယ်တကူ
သိနိုင်တယ်။ ဒါပေမဲ့ Native speaker တွေ ဘယ်လို အသံထွက် ပြောကြသလဲ ဆိုတာတော့ သက်ဆိုင်ရာ ဘာသာစကားကို
တတ်မထားရင် ခန့်မှန်း ရုံပဲ ခန့်မှန်း နိုင်လိမ့်မယ်။ အတိအကျ အသံထွက်နိုင်မှာ မဟုတ်ပါဘူး။ Transcription က
ဒီအချက်မှာ သာတာပါ။ သူက မူရင်း ဘာသာစကားမှာ အက္ခရာကို ဘယ်လိုပေါင်းပေါင်း၊ အသံထွက်ကိုပဲ အက္ခရာ
ဲ့ တွက်ပါ။ ဒီတော့ ခင်ဗျားအနေနဲ့ ‘ဗဿာ’ လို့ပဲရေးရေး၊ ‘ဗမာ’ လို့ပဲရေးရေး Transcription အရ Ha-maae ပါပဲ။
ဖလှယ်တအ
ကွဲပြားချက် သိသာလောက်ပြီ ထင်ပါတယ်။ အောက်က Table of Mon Transliteration တွေကို ကြည့်ပါခင်ဗျာ။

1. Table of Mon Consonants Transliteration (Version I)


ဗျည်းများကို အက္ခရာဖလှယ်ရေးသားခြင်း (ဗာရှင်း ၁)

က (k) ခ (kh) ဂ (g) ဃ (gh) ငၛ (ṅ)

စ (c) ဆ (ch) ဇ (j) ဇ် (jh) ည (ññ)/ဉ (ñ)

ဋ (ṭ) ဌ (ṭh) ဍ (ḍ) ဎ (ḍh) ဏ (ṇ)

တ (t) ထ (th) ဒ (d) ဓ (dh) န (n)

ပ (p) ဖ (ph) ဗ (b) ဘ (bh) မ (m)

ယ (y) ရ (r) လ (l) ဝ (w) သ (s)

ဟ (h) ဠ (ḷ) ၐ (ṗ) အ (a) ဢ (ḅ)

ဇယား ၁

အထက်မှာ၊ အောက်မှာ Dot (.) ဒါမှမဟုတ် Tilde (~) ပါတဲ့ ဗျည်းတွေကို အပြာရောင်နဲ့ ပြထားပါတယ်။
Table of Mon Consonants Transliteration (Version II)
ဗျည်းများကို အက္ခရာဖလှယ်ရေးသားခြင်း (ဗာရှင်း ၂)

က (k) ခ (kh) ဂ (g) ဃ (gh) ငၛ (ṅ)

စ (c) ဆ (ch) ဇ (j) ဇ် (jh) ည (ññ)/ဉ (ñ)

ဋ (ṭ) ဌ (ṭh) ဍ (ḍ) ဎ (ḍh) ဏ (ṇ)

တ (t) ထ (th) ဒ (d) ဓ (dh) န (n)

ပ (p) ဖ (f) ဗ (b) ဘ (bh) မ (m)

ယ (y) ရ (r) လ (l) ဝ (v) သ (s)

ဟ (h) ဠ (ḷ) ၐ (ṗ) အ (a) ဢ (ḅ)

ဇယား ၂

Version I နဲ့ မတူ ကွဲပြားတဲ့ ဗျည်းတွေကို အနီရောင် နဲ့ ပြထားပါတယ်။ ဒါကဗျည်းအတွက် Transliteration နည်းနဲ့
အက္ခရာ ဖလှယ်တာပါ။ သွုႝ [Swaw] (သရ) အတွက် ကြည့်ရအောင်ပါ။
2. Table of Mon Vowels Transliteration (Version I)
အခြေခံသရများကို အက္ခရာဖလှယ်ရေးသားခြင်း (ဗာရှင်း ၁)

အ (a) အာ (ā ) အိ (i) အ႘ (ī) အု (u) အူ (ū)

အေ (e) အဲ (ai) အော (o) အဵ (āi/oi) အံ (aṃ) အး (aḥ)

ဇယား ၃

အောက်မှာ၊ အထက်မှာ Macron (-) တွေ၊ Dot (.) တွေ ပါတဲ့ သရသင်္ကေတတွေကို အပြာရောင် နဲ့ ပြထားပါတယ်။ ခှံဍိုပ်
[Ka-nawm Dawb] (သေးသေးတင် : Anusvara) အတွက် Transliterated symbol က (ṃ) ပါ။ ခရးဍိုပ် [Ka-rahh
Dawb] (ဝစ္စပေါက် : Visarga) အတွက် Transliterated symbol က (ḥ) ပါ။

Table of Mon Vowels Transliteration (Version II)


အခြေခံသရများကို အက္ခရာဖလှယ်ရေးသားခြင်း (ဗာရှင်း ၂)

အ (a) အာ (ā ) အိ (i) အ႘ (ī) အု (u) အူ (ū)

အေ (e) အဲ (ay) အော (o) အဵ (āw) အံ (aṃ) အး (aḥ)

ဇယား ၎

Version I နဲ့ မတူ ကွဲပြားသွားတဲ့ သရတွေကို အနီရောင် နဲ့ ပြထားပါတယ်။ မွန်စာရဲ့ သဘာဝအရ ဒီပြောင်းလဲမှုမျိုး
ဖြစ်နိုင်လို့ပါ။ ‘အဲ’ ဆိုတာကို တစ်ခါတစ်ခါ ‘အယ်’ လို့ ရေးတတ်ကြပါတယ်။ ‘အယ်’ ကို အက္ခရာဖလှယ်ရင် အ အတွက် a ၊
ယသတ်အတွက် y လို့ရပါတယ်။ ဒါကြောင့် ဒီအရေးအသား ကွဲပြားနိုင်မှုကိုပါ ထည့်သွင်းလိုက်တာပါ။ ‘အဵ’ အေရးအသားကို
ရှေးခေတ်မွန်စာမှာ မတွေ့ရပါဘူး။ ‘အဵ’ နဲ့ အနီးစပ်ဆုံး တူညီနိုင်မဲ့ ရှေး ဟောင်းမွန်အရေးအသား ၁ ခုက ‘အာဝ်’ ဆိုတာပါ။
အက္ခရာဖလှယ်တော့ အာ အတွက် ā ၊ ဝသတ်အတွက် w ၊ ဒါကြောင့် āw ပါ။ နောက်တစ်ခုက ‘အောဝ်’ ပါ။ သူလည်း ‘အဵ’ နဲ့
နီး စပ်တာပါပဲ။ ဒါပေမဲ့ ‘အာဝ်’ နဲ့ မတူတာက ‘အောဝ်’ အသုံးဟာ အခုထိ မွန်စာအရေးအသားမှာ ရှိနေပါသေးတယ်။ ဒါကြောင့်
‘အဵ’ကို ကိုယ်စားပြုဖို့ အခုခေတ် မွန်စာအရေးအသားမှာ မရှိတော့ပြီ ဖြစ်တဲ့ ‘အာဝ်’ ကိုပဲ ရွေးချယ်သင့်ပါတယ်။ Version II
ထက်စာရင် Version I က ပိုအသုံးတည်ပ
့ါလိမ့်မယ်။ သူက Pure vowel တွေကို ပိုကိုယ်စားပြုနိုင်လို့ပါ။
Table of Mon Independent Vowels Transliteration
သင်္ကေတသရများကို အက္ခရာဖလှယ်ခြင်း

ဣ (i) ဣ႘ (ī) ဥ (u) ဥဳ (ū) ဨ (e) ၾသ (o)

ဇယား ၅

Transliteration နည်းနဲ့ အက္ခရာဖလှယ်တဲ့အခါ ထွက်လာမဲ့ အဖြေဟာ အရေးအသားပေါ်ကို အထူး တည်မှီနေတာ


ကြောင့် အရေးပုံစံ မတည်ငြိမ်သေးတဲ့ မွန်စာအတွက် အဓိပ္ပာယ် ၁ မျိုးကို Transliterate လုပ်တဲ့အခါ အဖြေ ၂ မျိုး၊ ၃
မျိုးအထိ ထွက်နိုင်ပါတယ်။ ဒီ့ထက်လည်း ပိုနိုင်ပါတယ်။ ဥပမာ ‘မနွံကုသစ္စ’ ဆိုတဲ့စကားစုကို အက္ခရာဖလှယ်တဲ့အခါ
“manwaṃ ku sacca” လို့ရပါလိမ့်မယ်။ ဒီစကားကိပ
ု ဲ ‘မှဳံကုႝသစၥ’ လို့ရေးတဲ့သူ ရှိပါတယ်။ ဒီ့အတွက်ဆို အဖြေက
နောက်တစ်မျိုးပါ။ “mnuṃ kue(w) sacca” လို့ရပါလိမ့်မယ်။ ရေမြင့်မှ ကြာတင့်မှာပါ။ မွန်စာမတည်ငြိမ်သရွေ့တော့
ဒီအက္ခရာဖလှယ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် ကလည်း အတည်တကျ ရှိနိုငဥ
်ီး မှာ မဟုတ်ပါဘူး။

ဗျည်း နဲ့ သရပေါင်းထားတဲ့ စကားလုံးတွေကို အက္ခရာဖလှယ်ထားတဲ့ ဥပမာအချို့ကို ပြရင် ပိုပြီးတော့ အထာပေါက်သွားမှာပါ။

အစာအဲ acā ai
မိသာဍာ Mi Sāḍā
ဟံသာ haṃsā
အာဏာ ā ṇā
သြကာသ o kā sa
အာစာရိယ ācāriya
ဟံသာဝတ႘ Haṃsāvatī OR Haṃsāwatī
ရာမည Rāmañña (ဒီဥပမာမှာ ññ ၂ ခုဖြစ်ရတဲ့ အကြောင်း ရင်းက ‘ည’ ဆိုတာက ဉ ၂ ခု ( ဉ+ ဉ )
ပေါင်းထားတာ မို့လို့ပါ။ ဇယား ၁ နဲ့ ဇယား ၂ တို့ကို ကြည့်ပါ။)
သုဝဏ္ဏဘူမိ Suvaṇṇabhūmi OR Suwaṇṇabhūmi
ရမၼဝတ႘ Rammavatī OR Rammawatī
နဒ႘ Nadī
သူရ Sūra
အဂၢ Agga
အေဃာ agho
လောက loka
မောဟ moha
ဒေါသ dosa
ဒ႘ကာ dī kā
သစၥာ saccā
ဥပမာ upamā
မဟာထေရ Mahā Thera
ထေရဝါဒ Theravāda OR Therawāda
ဗုဒ္ဓဘာသာ Buddhabhāsā
အဒါ adā
Table of Mon Vowels Combination Transliteration (Extension)
သရပေါင်းများကို အက္ခရာဖလှယ်ခြင်း

အို (iu)* အာံ (āṃ) အုံ (uṃ) အေံ (eṃ) အောံ (oṃ) အီ (aṁ) အီု (uṁ)

အဲာ (āai) အဲု (uai) အေဲ (eai) အေဲာ (oai) အု႙ (iuai) အုႝ (uew)

ဇယား ၆

ဒီဇယား ၆ မှာပါတဲ့ Mon Vowel (* ပြထားတာက လွဲလို့) တွေမှာ အယင်က အသတ်ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့
အရေးအသား ပြောင်းလဲလာမှုအရ သရပေါင်း (Combination) တွေ ဖြစ်လို့လာပါတယ်။ ဥပမာ - မွန်သင်ပုန်ကြီး စာလုံးပေါင်း
ပုံစနစ်အရ ‘အီ’ ရဲ့ အခြေခံဟာ ‘အိမ’် ပါ။ အိသရ ကို မသတ်ထားလို့ သူ့ကို အက္ခရာဖလှယ်ရင် im ဆိုပြီး တော့ရမှာပါ။
ဒါပေမဲ့ ဒီစာတမ်း မှာတော့ အရေးယူနစ်ကို အထူး သတိထားရလို့ ‘အီ’ ကို အိသရ မသတ် ထားတယ်လို့ မယူဆပါဘူး။
အဲဒီအစား သရ ၁ ခု လို့ပဲ ယူဆပါတယ်။ ဘာ သရလဲဆိုတော့ ‘အီ’ သရပါ။ --ီ အတွက် Transliterated symbol က (ṁ) ပါ။
ခှံဍိုပ် (သေးသေးတင် : Anusvara) နဲ့ မတူတာက သူက m အထက်မှာ Dot (.) ပါတယ်။ Anusvara က m အောက်မှာ ဒီလို
(ṃ) Dot (.) ပါ, ပါတယ်။

သူနဲ့ တစ်စုတည်း နောက်သရပေါင်း တစ်လုံးက ‘အု’ီ ပါ။ အစီအစဉ် အရ ဗျည်း + --ု + --ီ ဒီလို လာသင့်ပါတယ်။ --ီ
သင်္ကေတက နောက်မှ ပေါက်တဲ့ ရွှေကြာပင် မဟုတ်လား? သူ့ ရဲ့ မူလပုံစံက ‘အိုမ’် ပါ။ စာလုံးဖွဲ့စည်းပုံက ဗျည်း + --ိ + --ု +
မ + --် ပါ။ ဒီအသုံးဟာ မျက်မှောက်ခေတ်မွန်စာမှာ အင်မတန့်အင်မတန် နဲပါးလာပါပြီ။ အက္ခရာဖလှယ်ရင် ဒီလိုရပါလိမ့်မယ်။
ium ။ အီု နဲ့ မတူတာကို သတိထားပါ။ အီု က uṁ ပါ။ နောက်အုပ်စု ၁ ခုက သွဲပၜန် [Swoa Bpl’on] (နောက်ပစ်) ပါတဲ့
သရပေါင်း (Combination) အုပ်စုပါ။ စာလုံးပေါင်းပြဿနာ သိပ်မရှိပါဘူး။ ‘ အဲာ’ ရဲ့ အခြေခံပုံစံက ‘အာယ်’ ဆိုတာပါ။
အက္ခရာဖလှယ်ရင် āy လို့ ရပါလိမ့်မယ်။ ပြောစရာတစ်ခုက ‘အ႙ု’ ပါ။ စနစ်တကျစာလုံးပေါင်း မယ်ဆိုရင် ဗျည်း + --ိ + --ု + --ဲ
လို့ ပေါင်းရပါမယ်။ စီနီယာအတိုင်းဆိုရင် သွုႝမန် ၁၂ မ [Swaw Mon 12 Mae.] (မွန်သရ ၁၂ လုံး) မှာ အိသရ
အရင်လာပါတယ်၊ ပြီး မှ အုသရ၊ အဲဒါ ပြီးမှ အဲသရ လာပါတယ်။ ဒါပေမဲ့ လက်ရှိသုံးနေကြတဲ့ Mon Semi-Unicode Font
မှာတော့ အိသရ နဲ့ အဲသရကို ပေါင်း ပြီး တစ်ခါတည်း ပေါ်လာအောင် လုပ်ထားပါတယ်။ ဒီလိုလေးပါ။ ဗျည်း + --႙ + --ု ။
ဒါဟာ Mon Unicode Font Developers တွေ သတိထားရမဲ့ အချက်၊ စဉ်းစားရမဲ့ အချက် ၁ ခုပါ။

နောက်တစ်ခုက ‘အုႝ’ သရပါ။ သူလည်း အခြေခံစာလုံးပေါင်းပုံစနစ် ရှိတာပဲ။ ‘အိုဝ်’ တဲ့။ ဒါပေမဲ့ ပြောင်း လဲလာတဲ့
ပုံစံကို လူသုံးများပါတယ်။ ‘အိုဝ်’ ကို အက္ခရာဖလှယ်တော့ iuw လို့ ရမှာပါ။ ‘အုႝ’ ကတော့ ‘အီု’ အတိုင်းပါပဲ။ ဗျည်း + --ု + --ႝ
လို့ စာလုံးပေါင်း သင့်လို့ အက္ခရာဖလှယ်တဲ့အခါ ue လို့ ဖလှယ်သင့်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ w ကတော့
ရွေးချယ်စရာပါ။ ue သက်သက်ရေးမယ်ဆိုရင် ‘အေု’ လို့ ထင်စရာရှိပါတယ်။ ဒီလစ
ိုာလုံးပေါင်းပုံမျိုးဟာ မွန်စာမှာ မရှိပေမဲ့
မွန်စာ မတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် စောဒက တက်စရာ ၁ ခုပါ။ * ပြထားတဲ့ ‘အို’ သရကတော့ မွန်စာရဲ့ ထူးခြားချက် ၁ ခုပါ။
ဒီသရကို သူ့ချည်း သက်သက် ခင်ဗျားဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူး။ မွန်စာတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီသရကို
ပြပြီး “မွန်လို ဖတ်ပြပါလား?” လို့ သွားမေးကြည့် သူဖတ်တတ်မှာ မဟုတ်ဘူး ။ ဒီတော့ ဘယ်လိုဖြစ်မှ သူဖတ်လို့ရမှာလဲ?
အဖြေက “ဒီသရဟာ အသတ်တစ်ခုခုနဲ့ ပေါင်းနေတဲ့ အချိန်မှာမှ အသံထွက်လို့ရပါတယ်။ အဓိပ္ပာယ်ဖော်လို့ရပါတယ်။ အဲလို
အခြေအနေ မျိုးမှာမှ မွန်လို သူဖတ်လို့ ရမှာပါ” ဆိုတာပါ။ စကားလုံးဖွဲ့စည်းပုံအရ အိသရ နဲ့ အုသရကို ပေါင်း ထားတဲ့
သရပေါင်း (Combination) ၁ ခု ပါပဲ။ အက္ခရာဖလှယ်တော့ iu လို့ ရပါလိမ့်မယ်။
3. Table of Mon Medial Transliteration
ယှဉ်ဗျည်းများကို အက္ခရာဖလှယ်ရေးသားခြင်း

--ၛ (…ṅ) --ှ (…n) --ဿ (…m) --် (…y)


(ငၛဆြဲ) (နဆြဲ) (မဆြဲ) (ယဆြဲ)

ျ-- (…r) --ၜ (…l) --ြ (…w) --ွ (…h)


(ရဆြဲ) (လဆြ)ဲ (ဝဆြဲ) (ဟဆြဲ)
ဇယား ၇

မွန်လို ကဿက်၊ ကွက် [Kmeg, Kweg] လို့ သိကြတဲ့၊ ဗမာလို ယှဉ် ဗျည်း ၊ ဗျည်း တွဲ၊ အဆွဲဗျည်း ရယ်လို့ သိကြတဲ့
Medial လိုပုံစံမျိုး မွန်စာ အရေးအသားမှာ ၆ လုံးရှိပါတယ်။ တခြားအဆွဲတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဆွဲ
(Medial) ထက် စာလုံးထပ်ပုံစံ အောက်စွယ်စာလုံးတွေ (Subscripts) လို့ နာမည်တပ်မှ သင့်မှာမို့လို့ ဒီဇယားမှာ
မဖော်ပြတော့ပါ။ ဒီအဆွဲတွေကို Transliterate လုပ်တဲ့အခါ ဇယားမှာ ပြထားတဲ့အတိုင်းပဲ အဆွဲခံရမဲ့ ဗျည်းရဲ့နောက်က
ို့က်ရုံပါပဲ။ စာလုံးထပ် (အထူးသဖြင့် Subscript) တွေကိုလည်း အဆွဲဗျည်း တွေအတိုင်းပဲ
တစ်ဆက်တည်း ကပ်ထည်လ
အထက်ကဗျည်းရဲ့နောက်က တစ်ဆက်တည်း ကပ်ပေးလိုက်ရုံပါ။ ဥပမာ - ‘ ပႜဲရးမည’ ကို အကၡရာဖလွယ္တဲ့အခါ p
ရဲ့နောက်ကို ḍ ကပ်ထည့်ပြီး pḍai raḥ Mañña လို့ပဲ ရေးရမှာပါ။ နောက်ပြီး ဗျည်းလို ဖြစ်နေတဲ့ ယှဉ် ဗျည်းတွေကိုလည်း
Medial Transliteration နည်းအတိုင်းပဲ အက္ခရာဖလှယ်ရပါမယ်။ ဥပမာ - ‘ ဇြ’ ဆိုတာကို z လို့ အက္ခရာဖလှယ်လို့ မရပါဘူး။
‘jr…’ လို့ပဲ အက္ခရာဖလှယ်ရမှာပါ။ ‘ယျ’ လည်း ဒီနည်းနည်းနှင်နှင်ပါပဲ။ ‘yya’ လို့ပဲ အက္ခရာဖလှယ်ရမှာပါ။ နောက်ပြီး ရှားပေမဲ့
အသုံးရှိတဲ့ အဆွဲ ၁ ခုက အဆွဲ ပေါင်း --ျှ ပါ။ တစ်ခုထက်ပိုတဲ့ ဗျည်းတွဲတွေကို အက္ခရာဖလှယ်တဲ့အခါ ṅ, n, m, y, r, l, o, h
အစီအစဉ်အတိုင်းပဲ ဖလှယ်ပါတယ်။ ဥပမာအနေနဲ့ ‘သျှ’ ကို အက္ခရာဖလှယ်တဲ့အခါ ‘syha’ လို့ ဖလှယ်ရတာမျိုး ပါ။

4. Transliteration of Mon Killers


အသတ်များကို အက္ခရာဖလှယ်ရေးသားခြင်း

အသတ်တွေကို အက္ခရာဖလှယ်တဲ့အခါ အက္ခရာအတိုင်းပဲ ဖလှယ်ပါတယ်။ နောက်တစ်ခုက အ-သတ်အတွက် ဒီ (


a’ ) သင်္ကေတကို သုံးတယ်ဆိုတာပါ။ အောက်က ဥပမာတွေကို ကြည့်ပါ။

ပါမောက္ခဆာန် Pāmokkha Chān


မြမောဝ် mra mow
စက္ကဝါ cakkawā OR cakkavā
သင် saṅ
ဗောဓိသတ် Bodhisat
ရာမာဉ် Rāmāñ
လိခ် likh
မဂ် Mag
တိရစ္ဆာန် tiracchān
မဇ္ဇျိမ Majjhima
ကိုဋ် kiuṭ
ပါဌ် pāṭh
ကဏ္ဍ kaṇḍa
ပိုဒ် piud
ရုန် run
ကပ္ပ kappa
လာဘ် lābh
ခေဿါမ် khmom
မောယ် moy
ၐါရ် ṗār
ထဝ် thaw
ပြဿနာ prassanā
ခိုဟ် khiuh
သာသ် sās
ဒိည္စာမ် diñcām
ဣမောအ် imo’
ထိစ်အာ thic ā
ညးစေၟင်လး ñaḥ ca eṅ laḥ
ဂေါအ် go’

5. Transliteration of Conjunct Consonants


ဗျည်းထပ်များကို အက္ခရာဖလှယ်ရေးသားခြင်း

ဗျည်း ထပ်တွေကို အက္ခရာဖလှယ်တဲ့အခါ အထက်မှာနေတဲ့ ဗျည်း ကို အောက်ကဗျည်းရဲ့ ရှေ့မှာ ထားပြီး ဖလှယ်
ရပါမယ်။ ဥပမာတွေကို ကြည့်ပါ။
သမ္တီ samtaṁ
ဥက္ကဋ္ဌ ukkaṭṭha
ဥတ္တမ Uttama

--င်္ ၊ ဉ္ဇျ၊ ဍ္ဎ၊ ဏ္ဍ၊ ဇ္ဇျ၊ ဋ္ဌ၊ ဏ္ဌ၊ ဿ တွေကို ṅ…, …ñjh, …ḍḍh, …ṇḍ, …jjh, …ṭṭh, …ṇṭh, …ss လို့ အသီး သီး
အက္ခရာဖလှယ်ရပါတယ်။

6. Word Separation
စာလုံးအပိုင်းအခြား

အများအားဖြင့် စာလုံးတွေကို တစ်လုံးချင်းဆီ ပိုင်း ခြားပြီး အက္ခရာဖလှယ်လေ့ရှိတယ်။ အောက်က ဥပမာတွေကို


ကြည့်ပါ။

မၛဳႝရအဵ/မၛိဳလ္ရအဵ mṅue ra āi OR mṅiul ra āi


သြက္အိုတ္သ/ုီ သြက္အိုႆုီ swak iut suṁ OR swak iussuṁ
တင္ဂုဏ္ရ/တင္ဂုန္ရ taṅ guṇ ra Or taṅ gun ra

ဒါပေမဲ့လည်း နာမည်တွေ၊ ‘ ပြဿနာ’ ဆိုတဲ့ စကားလုံးလို ခွဲခြားလို့ မရတဲ့ စာလုံး တွေကိုတော့ တပေါင်းတည်း
အက္ခရာဖလှယ်ရပါ တယ်။ အောက်က ဥပမာတွေကို ကြည့်ပါ။

ပြဿနာ prassanā
ရာဇာဓိရာဇ် Rājādhirāj
ဝင်္က Waṅka
ချ႘ဓရာင်/ချ႘ဒရာင် Chīdharāṅ OR Chīdarāṅ
နဲာဗညာဥု Nāai Bañā Ū

7. Capitalization
စာလုံးကြီး အသုံးပြုခြင်း

ဘွဲ့၊ ဘုန်းတော်ဘွဲ့၊ တစ်ဦးဆိုင်နာမ်နာမည်တွေကို အက္ခရာဖလှယ်တဲ့အခါ အရှေ့စာလုံး ကို စာလုံးကြီး နဲ့ ရေးဖို့၊


Capitalize လုပ်ဖို့လိုပါတယ်။ အောက်က ဥပမာတွေကို ကြည့်ပါ။

နဲာသုခ Nāai Su Kha


မိဨကရ႘ Mi E Ka Rī
ဂုဏ်အစာဝေပုလ္လ Gūṇ Acā Wepulla
သဓီု Sadhuṁ

ဝါကျ ၁ ကြောင်းရဲ့ အစစာလုံး ကိုလည်း စာလုံးကြီးနဲ့ ရေးဖို့လိုပါတယ်။ ဥပမာကို ကြည့်ပါ။

သာသေကျကဗ ် ် ဒတိေလယ် ကလိအာရ် ် ိ မတ


မောယလျ ရောဝက
် ံ ၜာရစွ
် သဒိ
် ် ၞ ာမ် တယ။်
ာမစ ် ်
ဍေယဍုငအရျ
ိ မဒနပရေဝါအ်
သၟိင် ၐီ တိဘ၀နာဒိ တျဓမၟရာဇ ဒသ။်

Sās kyek Buddha ti (r) ley kuli ār moy lṅim turow klaṃ ṗār swas diñcām cnām tuy. Ḍey ḍuṅ Arimaddanapur
wo’ smiṅ S’rī Tribhuwanā Ditya Dhmmarāja das.

8. Transliteration of Punctuation Mark


ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများကို အက္ခရာဖလှယ်ရေးသားခြင်း

‘ ၊ ’ ကို Comma ‘ , ’ အနေနဲ့ အက္ခရာဖလှယ်ပါတယ်။ ‘ ၊၊ ’ ကို Period OR Full stop ‘ . ’ အနေနဲ့ အက္ခရာ
ဖလှယ်ပါတယ်။ အင်္ဂလိပ်စာပေကတဆင့် မွေးစားထားတဲ့ သင်္ကေတတွေကို မူရင်း အတိုင်းပဲ ရေးရပါတယ်။ ? ကို ? အနေနဲ့၊
အဖွင့်အပိတ်မျက်တောင် “” ၊ ‘’ (Quotation mark) တွေကို “” ၊ ‘’ အနေနဲ့၊ ( ) ကို ( ) အနေနဲ့၊ - ကို - အနေနဲ့ပဲ အက္ခရာ
ဖလှယ်ရပါမယ်။

9. Transliteration of Number
ဂဏန်းများကို အက္ခရာဖလှယ်ရေးသားခြင်း

ဂဏန်းများကို အောက်ပါအတိုင်း အက္ခရာဖလှယ်ပါတယ်။

၁ 1
၂ 2
၃ 3

အစရှိသဖြင့် အက္ခရာဖလှယ်ပါတယ်။ ဂဏန်းအနေနဲ့ မဟုတ်ဘဲ စာသားအနေနဲ့ပဲဆိုရင် မွဲ ကို mwai ၊ ၐါ ကို ṗā ၊ ပိ ကို pi
စသဖြင့် အက္ခရာဖလှယ်ရပါမယ်။
10. Transliteration for Old Mon Written Language
ရှေးခေတ်မွန်စာအရေးအသားများကို အက္ခရာဖလှယ်ရေးသားခြင်း

Transliteration နည်းကို ရှေးဟောင်း မွန်ကျောက်စာ၊ အုတ်စာ၊ စဉ့်ကွင်းစာတွေကို အက္ခရာဖလှယ်ရာမှာလည်း


အသုံးပြုကြပါတယ်။ အပေါ်မှာ ပေးထားတဲ့ ဥပမာတွေမှာလည်း ရှေးခေတ်မွန်စာအရေးအသားတချို့ကို အက္ခရာဖလှယ်
ထားတဲ့ စကားလုံး တွေပါပါတယ်။ ဒီမှာ သတိထားရမဲ့ အချက် ၁ ခုက အခုခေတ်မှာ မသုံးတော့တဲ့ အက္ခရာမျိုးတွေကို
ရှေးခေတ်မွန်စာအရေးအသားမှာ သုံး တယ်ဆိုတာပဲဖြစ်ပါတယ်။ ဥပမာ - ၐ လိုမ်ိဳး၊ ၑ လိုမ်ိဳး အကၡရာေတြပါ။ ဒီစကား ၂
လုံးကို အကၡရာဖလွယ္ရာ မွာ ၐ ကို s’ လို့ ဖလှယ်တယ်။ ၑ ကို ṣ လို့ ဖလှယ်ပါတယ်။ ဒီ့ပြင် ထူးခြားတဲ့ စကားလုံးဖွဲ့စည်းပုံ
တွေလည်း ရှိတာမို့ ဒီ့အတွက် အထူးသင်္ကေတတွေလည်း ရှိပါသေးတယ်။ ဖောင့်အခက်အခဲကြောင့် အပြည့်အစုံ မဖော်ပြ
နိုင်ပါ။ ပုဂံခေတ် မွန်စာအရေးအသား ၁ ခု ဖြစ်တဲ့ (အလယ် - အောက် ဗျည်းထပ်ပုံစံမျိုးမဟုတ်တ)ဲ့ အပေါ် - အလယ်
ဗျည်း ထပ်ပုံစမ
ျိုံး (Superscript) အတွက် အထူးသင်္ကေတတွေ ရှိပါတယ်။ ဥပမာ - တိရ္လေယ် ဆိုတာလိုမျိုး (အမှန်က ‘ရ’ က
‘လ’ ရဲ့အပေါ်မှာ ရှိရမှာပါ။ အခက်အခဲကြောင့် ‘လ’ က ‘ရ’ ရဲ့ အောက်ရောက်နေရပါတယ်။ ဒီလို စာလုံးပေါင်းပုံမျိုးအတွက်
သင်္ကေတတွေက အပေါ် - အလယ် ဗျည်း ထပ်ပုံစံအတွက် ◠ ဒီသင်္ကေတကို သုံးပါတယ်။ အလယ် - အောက် ဗျည်း ထပ်ပုံစံ
(Subscript) အတွက် ◡ ဒီသေင်္ကတကို သုံးပါတယ်။) တရ္လေယ် ကို အက္ခရာဖလှယ်ရင် tar◠ley လို့ရပါတယ်။ သိန္ဒြင် ကို
အက္ခရာဖလှယ်ရင် sin◡draṅ လို့ရပါတယ်။

Note:
မှတ်ချက်

1. Burmese Romanization မှာ အိုသရအတွက် ‘ui’ ကို သုံးပါတယ်။ ဒါပေမဲ့ အခုစာတမ်းမှာတော့ မွန်စာလုံးပေါင်းပုံ
စနစ်အတိုင်း အယင်လာတဲ့ --ိ သရ i ကို နောက်မှလာတဲ့ --ု သရ u ရဲ့ ရှေ့ထားပြီး ‘iu’ ဆိုပြီး သုံးထားပါတယ်။
2. စာလုံး ထပ်အရေးအသားအတွက် အက္ခရာဖလှယ်တဲ့ပုံစံကို ရှေးဟောင်းမွန်စာအရေးအသားတွေအတွက်ပဲ သုံး သင့်
ပါတယ်။ မျက်မှောက်ခေတ်မွန်စာအရေးအသားအတွက် အက္ခရာဖလှယ်ရာမှာတော့ Pali Romanization အတိုင်းပဲ
ကြားမှာ သင်္ကေတ တစ်ခုခု မခံဘဲ ဖလှယ်သင့်ပါတယ်။ ဥပမာ - Pāmok◡kha Chān (ပါမောက္ခဆာန်) အစား
Pāmokkha Chān (ပါမောက္ခဆာန်) လို့ပဲ သုံးသင့်ပါတယ်။ ခေတ်သစ်မွန်စာအတွက် အထူးသင်္ကေတတွေက မလို
အပ်ဘဲ အမြင်ကို ရှုပေ
် ထွးစေပါတယ်။
3. ဒီစာတမ်း မှာ အသတ်သင်္ကေတ --် ဆိုတာ အတွက် အက္ခရာဖလှယ်စရာ သင်္ကေတ တစ်ခုခု တင်ပြထားတာမျိုး
မရှိပါဘူး ။ ဒါပေမဲ့ လိုအပ်ပါတယ်။
4. ဇယား ၆ မှာ ဖော်ပြထားတဲ့ အို အစ အုႝ အဆုံး စကားလုံး ၁၃ လုံးကို သရတွေ၊ အထူးသဖြင့် သရပေါင်းတွေလို့
ယူဆထားပါတယ်။ --ံ က မသတ်ကို ကိုယ်စားမပြုဘူး၊ --ီ က --ိမ် ကို ကိုယ်စားမပြုဘူး ၊ --ဲ က ယသတ်ကို ကိုယ်စား
မပြုဘူး ၊ --ုႝ ကလည်း --ိုဝ် ကို ကိုယ်စားမပြုဘူး လို့ ယူဆထားပါတယ်။ ကျနော်တို့အနေနဲ့ တစ်ခုကိုဘဲ ရွေးချယ်ရမှာ
ပါ။ ဘုရင့်နောင် ဖောင်ဖျက်နည်းကားပေါ့။

Thank you for your time! This is brought to you by http://www.dhoongjhaan.blogspot.com/ .


ကိုးကားထားသည့် စာအုပ်စာတမ်းများ နှင့် အင်တာနက်စာမျက်နှာများ
References:

1. http://en.wikipedia.org/wiki/Romanization
2. မြန်မာဘလော့ဂါ ညီလင်းဆက် http://blog.nyilynnseck.com/ ရဲ့ Quote ကို ကိုးကားထားပါတယ်။
3. မွန်ကျောက်စာလာ ရှေးဟောင်းမွန်စကားလုံး ဖွဲ့စည်းပုံတွေအတွက် “လိက်ပတ်မည်”ဘလော့(ဂ်) စာမျက်နှာ
http://monmanuscript.blogspot.com/ ကို ကိုးကားပါတယ်။

ဆက်လက်လေ့လာသင့်သည့် အင်တာနက်စာမျက်နှာများ
For in depth study, follow the links mentioned below:

1. http://www.usamyanmar.net/Burma/Romanization/br.htm
2. http://www.usamyanmar.net/Myanmar/MiniDictionary/Nippon/NipponPronunciation.htm
3. http://books.google.co.th/books?id=kVW2-
gTd2PMC&pg=PA5&lpg=PA5&dq=Burmese+Romanization&source=bl&ots=oLdFl2J5VY&sig=IVEuLa
A9ALDsBy75Tecv0zca_10&hl=th&ei=4IO_SsTUCYye6gObz_Rq&sa=X&oi=book_result&ct=result&res
num=6#v=onepage&q=&f=false
4. http://www.evertype.com/standards/my/1167.html

You might also like