You are on page 1of 2

လူသတ်သမား ပညာမဲ့လူမိုက် နှင့် နိုင်ငံတော်

လူသတ်သမားပညာမဲ့လူမိုက်ဆိုတာ ဘာလုပ်တတ်မည်နည်း။ လူသတ်သမားဆိုသောကြောင့် လူသတ်မည်။ ပ ညာမဲ့ဆိုသောကြောင့် အမှားချည်း လုပ်ဖြစ်မည်။ လူမိုက်ဆိုသောကြောင့် အာဏာဖြင့် စိတ်ထင်တိုင်း အနိုင် ကျင့်မည်။ လူအများက ပယ်ထားသော အရာများချည်းဖြစ်ပါသည်။ ဘာကြောင့်ပယ်သနည်း။ မပယ်ဘဲ လွှတ် ထားလိုက်က လူ့လောက အမြန်ဆုံး ပျက်စီးပျောက်ကွယ်သွားမည်ကြောင့် ဖြစ်သည်။

နအဖဆိုတာ မေ့ထားလိုက်ပါ။ စစ်အာဏာရှင်ဆိုတာ မေ့ထားလိုက်ပါ။ လူသတ်သမား ပညာမဲ့ လူမိုက်ဆိုတာ တစ်ခုတည်းချန်ထားလိုက်ပါ။ သို့မှသာ အမြင်ရင်း၊ အမြင်မှန်သွားပါမည်။ ဘာလုပ်ရမည် အဖြေမှန် ထွက်လာပှါ မည်။

လူသတ်သမားပညာမဲ့လူမိုက်လက်ထဲ နိုင်ငံတော်ကို ထားရှိစေက ဘာတွေ ဖြစ်ကုန်မည်နည်း။

လူတွေသေကုန်မည်။ စီမံကိန်းအမှားများကို လုပ်မည်။ လိမ်ပြောမည်။ မတရားသဖြင့် တစ်ဘက်သက် အနိုင် ကျင့်မည်။ သတင်းစာရှင်းလင်းပွဲများဖြင့် အလိမ်အညာ ဆင်ခြေများပေးမည်။

ဤအလုပ်များကို လူသတ်သမားပညာမဲ့လူမိုက် ( စစ်အာဏာရှင် အဆက်ဆက် ) တကယ် လုပ်နေသည် မ ဟုတ်ပါလား။ ဆင်သရေကို ဆိတ်ရေဖြင့် ဖုံးသကဲ့သို့ ဘာလုပ်သည်၊ ညာလုပ်သည် လေလုံးထွား ရှောင်ထွက် နေသည်ကို အဟုတ်မထင်လိုက်ပါနှင့်။ ထိုအလုပ်များအားလုံး ကျနော်တို့လုပ်တတ်သည်။ ပိုကောင်းအောင်လုပ် တတ်သည်။ မိမိကိုယ်မိမိယုံကြည်ပါ။ သတ္တိရှိပါ။ မကြောက်ပါနှင့်။

သူတို့မှာ သန်းရွှေတစ်ယောက်တည်းသာ ရှိပါသည်။ တစ်ပြည်လုံး၊ တစ်ပြိုင်တည်း၊ မရမချင်း ညီညာဇွဲကောင်း စွာ ထ ဆန္ဒပြကြက သန်းရွှေတစ်ယောက် ဘာခံနိုင်မည်နည်း။ မြန်မာလူထု လူထုလို၊ လူလိုနေဖို့ အချိန်တန်ပြီ။ ကြာပင်ကြခဲ့ပါပြီ။ သမာသမတ်

စစ်အာဏာရှင်လက်ထက် နိုင်ငံရေး အစစ်၊ နိုင်ငံရေးအတု


ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လွှမ်းမိုးတန်ခိုးထွားနေသည်။ သူတို့ကိုမူ စစ်အာဏာရှင်ဟု ဘက်တော့မျှန်ခံမည်မဟုတ်။ အဲ့ဒါက သူတို့ကိစ္စ၊ ကျနော်တို့ကမူ သူတို့ကို စစ်အာဏာရှင်ဟု ပီပီသသ စိတ်ချလက်ချ သတ် မှတထားကြရမည်။်

စစ်ဆိုသည်က လူသတ်ရမည်။ လူမသတ်နိုင်က စစ်သားမဖြစ်၊ အာဏာဆိုသည်က ပညာနှင့် ဆန့်ကျင်ဘက်၊ ပ ညာမဲ့လူမိုက်။ ထို့ကြောင့် စစ်အာဏာရှင်ဆိုက လူသတ်သမားလူမိုက်မှလွဲ၍ အခြားမဖြစ်နိုင်။ ဖြစ်နိုင်ကြေးဆိုက လိမ်ညာမှုသာ ဖြစ်သွားမည်။

စစ်အာဏာရှင်က နိုင်ငံရေးလုပ်နေသည်ဟုပြောသည်။ နိုင်ငံအရပ်သားများကလည်း နိုင်ငံရေးလုပ်နေသည်ဟု ပြောသည်။ နှစ်ယောက်စလုံး မှန်သည်ဟု မဖြစ်နိုင်။ တစ်ယောက်သာမှန်ရမည်။ အကြောင်းမူ စစ်အာဏာရှင် နှင့် အရပ်သား ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ လုံှး ဆန့်ကျင်ဘက်။ တူနိုင်တာဟူ၍ တစ်ခုမျှမရှိ။ မည်သူမှန်သ နည်း။

စစ်အာဏာရှင်က လူသတ်သမားပညာမဲ့လူမိုက်။ အရပ်သားက ပညာရှိလူလိမ်မာ။ လူသတ်မှုကို လုံှး ရှောင် ကြဉ်ထားသည်။ ရှင်းပါသည်။ အရပ်သားမှန်သည်။ စစ်အာဏာရှင်မှားသည်။

စစ်အာဏာရှင်က သူ့အမှားကို တိုင်းပြည်တည်ဆောက်ရေးများ၊ နည်းဥပဒေဘာညာများနှင့် ဖုံးကွယ်သည်။ အ မှန်ထိုအရာများကို စစ်အာဏာရှငအနေနှင့် တစ်ခုမျှ လုပ်စရာမလို။ အရပ်သားပညာရှိလူလိမ္မာများက အားလုံ်း လုပ်တတ်သည်။ စစ်အာဏာရှင်ထက်ပင် ကောင်းအောင်လုပ်တတ်သည်။ လူသတ်ကိစ္စပါမည်လည်းမဟုတ်။ ဤလူသတ်ကိစ္စမပါသည်တစ်ခုနှင့်ပင် အရပ်သားသည် စစ်သားထက်တော်နေသည်။ အတိုချုပ်ဆိုရသော် စစ် အာဏာရှင်သည် လူသတ်သမားပညာမဲ့လူမက်။ စစ်အာဏာရှင်နှင့်ဆိုက လူသည်လူလိုမည်သို့မျှနေ၍ ဖြစ်မညို မဟုတ်။ သမာသမတ်

You might also like