rlyd kif-,ae@jrefrm
pmrsufESm- 1
*sir0ubfe@ aw@qHt+y; O;armifarmifajymwhpum;rsm;
,ae@jrefrm/ atmufwdkbm21 &uf/ 2009
ဂျင် မ် ၀က်ဘ်ဆို တဲ့ အမည် ကိုကြားလို က် တာနဲ့ ဘယ် လိုသတင်းတွေကြားရမလဲလို့ 
ဒီ ကနေ့မြန် မာ့အရေးစိ တ် ၀င် စားသူတွေခေါင်းထောင် ပြီး နားစွင့်  ကြမှာပါ။
အမေရိ ကန်ပြည်ထောင် စုဗာဂျီးနီးယားပြည်နယ်အထက် လွှ တ်တော်အမတ်
ဂျင် မ် ၀က်ဘ် ဟာ ဒီ မို ကရက် တစ် ပါတီ ၀င် ဖြစ် ပြီး လက်ရှိအမေရိ ကန်သမတ အိုဘားမားနဲ့ 
ရင်းနှီးသူဖြစ် ပါတယ်။ သူ ဟာ သြဂု တ်၁၄ ရက်နေ့ က မြန် မာစစ်အု ပ် စုခေါင်းဆောင်
ဗို လ်ချုပ်သန်းရွှေနဲ့ စစ်ဗို လ်ချုပ် များကိုတွေ့ ဆုံခဲ့  ပါတယ်။ သြဂု တ်၁၅ ရက်နေ့ မှာ ၁၉၉၁
ငြိ မ်းချမ်းရေးနိုဘယ် လ်ဆုရှင်ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ ဆုံခဲ့  ပြီး
ဒေါ်အောင်ဆန်းစု ကြည်နေအိ မ် ထဲခိုးဝင် မှုနဲ့ ထောင်၇ နှ စ်ကျခံနေရတဲ့ 
အမေရိ ကန်နိုင်ငံသား ဂျွန်ဝီ လျံယက်တောကိုအမေရိ ကန်နိုင်ငံသို့ ပြန် လည်
ခေါ်ဆောင် လာနိုင်ခဲ့  ပါတယ်။
အမေရိ ကန်အထက် လွှ တ်တော်နိုင်ငံ ခြားရေးရာကော် မတီ၊ အရှေ့ အာရှနဲ့ပစိ ဖိ တ်ရေးရာ
ဆပ်ကော် မတီဥက္ကဋ္ဌ ဂျင် မ် ၀က်ဘ် ဟာ အမေရိ ကန် ပြည်ထောင် စုဝါရှင် တန်ဒီ စီ မြို့ ကို
သွားရောက်ခွင့်ရခဲ့  တဲ့မြန် မာစစ်အစိုးရ နိုင်ငံ ခြားရေးဝန် ကြီးဆိုသူဦးဉာဏ်ဝင်းကိုစက် တင်ဘာ ၂၁ ရက်နေ့ခန့်  က လက်ခံတွေ့ ဆုံခဲ့  ပါတယ်။
ထို့ အပြင်မြန် မာစစ်အစိုးရ၀န် ကြီးချုပ်ဆိုသူဗို လ်ချုပ်သိန်းစိန်နဲ့နယူးယောက် မြို့ မှာ စက် တင်ဘာ ၂၈ ရက်နေ့ မှာ တွေ့ ဆုံခဲ့  ပါတယ်။ ထို့ နောက်
စက် တင်ဘာ ၃၀ ရက်နေ့နေ့ လည်၂ နာရီ က ပြုလု ပ် တဲ့ မြန် မာ့အရေး လွှ တ်တော် ကြားနာပွဲ မှာ အမေရိ ကန် ပြည်ထောင် စုရဲ့ 
မြန် မာနိုင်ငံဆိုင်ရာ မူ ၀ါဒများနဲ့ ပတ်သက် ပြီး သူ့ အမြင် များကိုတင် ပြခဲ့  ပါတယ်။
အမေရိ ကန်အစိုးရရဲ့ မြန် မာပြည်အပေါ် ပိ တ်ဆို့ ဒဏ်ခတ်ရေး မူ ၀ါဒကိုဆန့်  ကျင်သူအဖြစ်သုံးသပ်ခံရသူ၊ မြန် မာ့အရေးလှုပ်ရှားသူများက
မြန် မာစစ်အစိုးရနဲ့နီးစပ်သူအဖြစ်နားလည် ထားသူအထက် လွှ တ်တော်အမတ်ဂျင် မ် ၀က်ဘ် ဟာ အောက် တိုဘာ ၂၀ ရက်နေ့ညနေ ၄ နာရီ
၃၀ မိနစ်ခန့်  က ၀ါရှင် တန်ဒီ စီ မြို့ မှာ မြန် မာ့အရေးလှုပ်ရှားသူ များနဲ့ တနာရီနီးပါးကြာ တွေ့ ဆုံခဲ့  ပါတယ်။ ထိုတွေ့ ဆုံ ပွဲ မှာ ပြည်ထောင် စု
မြန် မာနိုင်ငံအမျိုးသားကောင် စီရဲ့ဥပဒေရေးရာပု ဂ္ဂိုလ်၊ ပြည်ထောင် စုမြန် မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရ နိုင်ငံ ခြားရေးဝန် ကြီး
ဦးဘို လှ တင့် ၊ ပြည်ထောင် စုမြန် မာနိုင်ငံအမျိုးသားကောင် စီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တို့ တက်ရောက်ခဲ့  ပြီး
မြန် မာ့အရေးဆိုင်ရာကိ စ္စ များ ဆွေးနွေးခဲ့ ကြပါတယ်။
ထိုတွေ့ ဆုံဆွေးနွေးပွဲအကြောင်း အသေးစိ တ်သိရှိနိုင် ဖို့ ယနေ့ မြန် မာသတင်းဋ္ဌာနအနေနဲ့ ပြည်ထောင် စုမြန် မာနိုင်ငံအမျိုးသားကောင် စီ
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို၂၀၀၉ အောက် တိုဘာလ ၂၀ ရက်နေ့ညပိုင်းက ဆက်သွယ်မေးမြန်းခဲ့ ရာ သူ က အခု လိုစတင်
ရှင်းလင်း ပြောကြားခဲ့  ပါတယ်။
ဒီ ကနေ့ကျွန်တော်ရယ်၊ ပြည်ထောင် စုမြန် မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရ နိုင်ငံ ခြားရေးရာဝန် ကြီး ဦးဘို လှ တင့် ရယ်၊ ကျွန်တော် တို့ 
အမျိုးသားကောင် စီ က နိုင်ငံ တကာ ဥပဒေအကြံပေးပု ဂ္ဂိုလ် တို့ လွှ တ်တော်အမတ်ဂျင် မ် ၀က်ဘ်နဲ့သွားတွေ့ခဲ့  ကြပါတယ်။ တွေ့ ဆုံ တဲ့ အခါမှာ
စီးပွားရေး ပိ တ်ဆို့  မှုဆို တာဟာ တွေ့ ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့ အတွ က်လု ပ် တဲ့  လု ပ်ငန်းဖြစ် တယ်။ တွေ့ ဆုံဆွေးနွေးမှုကိုပြည် တွင်းက
အမျိုးသား ဒီ မို ကရေစီအဖွဲ့ ချုပ်၊ ပြည်သူ့  လွှ တ်တော်ကို ယ် စားပြုကော် မတီ၊ တိုင်းရင်းသားခေါင်းဆောင် များအပါအ၀င်
ကျွန်တော် တို့ တွေအားလုံး ဘယ်သူ မှငြင်းတာ မဟု တ်ဘူး။ ဒါပေမယ့် နအဖဟာ တွေ့ဆုံဆွေးနွေးရေး စားပွဲ ၀ိုင်းပေါ် တက် မလာတဲ့အတွ က်
ဖိအားပေးရတာဖြစ်ကြောင်း သူ့  ကိုတင် ပြတယ်။
ပြည်ထောင် စု မြန် မာနိုင်ငံအမျိုးသားကောင် စီ
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်
Leave a Comment