You are on page 1of 4

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်ရောက်လာတဲ့အခါ၊ အစိုးရရဲ့တိုင်းပြည်စီးပွားရေးတည်ဆောက်မှုအခန်းကဏ္ဍတွေဆီမှာပါဝင်ပတ်သက်မှုတွေ
ပိုမိုများပြားလာခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ “ဘရက်အိုဘားမား” ကို တူ၊တံဇင် အမှတ်အသားပါတဲ့လိုဂိုတွေကိုကပ်ပေးပြီး
“လက်ဝဲဒါဒကိုစောင်းပေးသူ ကွန်မြူနစ်တယောက်”အဖြစ် ကာတွန်းတွေနဲ့သရုပ်ဖေါ်ကြပါတယ်။
တကယ်တော့ ဒီလိုစပ
ြ ္စဲေ
ြ နမႈေတြက မမွန္ပါဘူး။
စီးပွားရေးပျက်ကပ်ရဲ့သင်ခန်းစာတွေဟာ Laissez-faire လို့ခေါ်တဲ့အရင်းရှင် စီးပွားရေးစံနစ်ကိုအဆုံးသတ်ပစ်လိုက်သလို၊ကွန်မြူနစ်ဘောဂဗေဒကျမ်းကိုလည်း
ပြန်လည်သုံးစွဲဖို့စိတ်ကူးမရှိခဲ့ပါဘူး။ အစိုးရရဲ့အခန်းကဏ္ဍတွေကြီးကြီးမားမားပါဝင်ပတ်သက်လာတာ ကို ပြင်သစ်သမ္မတ “နီကိုးလတ်စ်ဆာကိုဇီ” က
လက်မထောင် ဝံ့ကြွားခဲ့ပါတယ်။ တကယ်တော့ နိုင်ငံအားလုံးဟာ ၁၆ ရာစု နဲ့ ၁၈ ရာစု ကာလတွေမှာ ခေတ်စားခဲ့တဲ့ Mercantilism ကုန်သွယ်မှုစံနစ်လိုမျိုး
Economic Nationalism ပုံသဏ္ဍန်ကို အသစ်တဖန်ပြန်လည်မွေးဖွားလိုက်ခြင်းဖြစ်တယ်။ “ပြည်တွင်းဖြစ်ကိုအားပေးရမယ်” ဆိုတဲ့ ကြွေးကြော်သံတွေ က
ထောင့်အားလုံးမှာနေရယူလိုက်ကြပါတော့တယ်။ Economic Nationalism မှာ ပစ်မှတ်သုံးခုရှိပါတယ်။
(၁) အစိုးရတွေရဲ့အခန်းကဏ္ဍဟာ ကာကွယ်တားဆီးမှု မူဝါဒတွေကတဆင့် ကုန်သယ
ွ်မှု ကို ထိန်းညှိရမယ်။
(၂) ပြည်ပပို့ကုန်ကိုအမြင့်ဆုံးတင်ပို့ပြီး၊ နိုင်ငံခြားသွင်းကုန်ကိုတတ်နိုင်သမျှအနည်းဆုံးတင်သွင်းနိုင်ခွင့်လုပ်ထားရမယ်။
(၃) နိုင်ငံတခုရဲ့ချမ်းသာကြွယ်ဝမှုပါဝါဆိုတာ နိုင်ငံတကာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားတဲ့သူ့ရဲ့ရှယ်ယာဘယ်လောက်ရှိသလဲဆိုတဲ့အရာပေါ်မှာတည်ရှိတယ်။

--------------------------------------------------------------------------------------------------------------------------------------

အာရှတိုက်ရဲ့မြေပုံပေါ်မှာ- ကြိုတင်စဉ်းစားထားရမဲ့ခြေလှမ်းများ

ကိုဆိုဗိုစစ်ပွဲကာလအတွင်းမှာ- ကိုဆိုဗိုမြို့မှာရှိတဲ့ တရုတ်သံရုံး ကိုလည်း နေတိုးစစ်အုပ်စုကဗုံးကြဲတိုက်ခိုက်ခဲ့တယ်။


သံရုံးမှာတာဝန်ထမ်းဆောင်တ့တ
ဲ ရုတ်လူမျိုး(၃)ယောက်သေဆုံးခဲ့တယ်။
အဲ့ဒီကာလတုံးက၊အမေရိကန်ဗဟိုထောက်လှမ်းရေးရဲ့ပြောကြားချက်အရတော့-
“နေတိုးစစ်အုပ်စုရဲ့ခေါင်းဆောင်တွေက ဆားဗီးယားနိုင်ငံရဲ့မြေပုံအဟောင်းကိုအသုံးပြုမိတယ်။ မြေပုံဟောင်းထဲမှာ လက်ရှိတရုတ်သံရုံးတည်ရှိတဲ့နေရာဟာ
အရင်တုံးက ဆားဗီးယားတပ်မတော် ရဲ့ စစ်ရေးအရအသုံးပြုတဲ့အဆောက်အဦဖြစ်တယ်” လို့ဆိုတယ်။
တရုတ်ပြည်မကြီးမှာတော့ အမေရိကန်ဆန့်ကျင်ရေးကြွေးကြော်သံနဲ့အတူဆန္ဒပြပွေ
ဲ တွကတဖြည်းဖြည်းအရှိန်မြင့်လာခဲ့တယ်။
ပီကင်းမြို့မှာရှိတဲ့အမေရိကန်သံရုံး ကိုဝိုင်းခဲ့ကြတယ်။ အမေရိကန်ပြည်သူတွေကြားမှာတော့ ကိုဆိုဗိုမှာရှိတဲ့တရုတ်သံရုံးဟာ နေတိုးပစ်ချမဲ့ ပစ်ကွင်းတွေကို
လမ်းကြောင်းလွှဲအောင် ထင်ရောင်ထင်မှားလုပ်ခ့တ
ဲာကြောင့် နေတိုးစစ်အုပ်စုကပစ်ချခြင်းဖြစ်တယ်လို့ယုံကြည်ကြတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရေးသားတဲ့ My Life ဆိုတဲ့စာအုပ်ထဲမှာအသေးစိတ်ခြယ်မှုန်းထားတယ်။


စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ တရုတ်သမ္မတ ကျန်စီမင်း နဲ့ အမေရိကန်သမ္မတ ဘီလ်ကလင်တန် တို့ ကြားက ဖုံးဆက်ပြောဆိုခဲ့တဲ့
အကြောင်းအရာတွေပဲဖြစ်တယ်။ မေလ(၇) ရက်နေ့မှာ- ကိုဆိုဗိုမှာရှိတဲ့တရုတ်သံရုံးဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်ဆိုတာကိုသိလိုက်ရတဲ့အခါ၊
ဘီလ်ကလင်တန် ဟာ အကြီးအကျယ်စိတ်ကသိကအောက်ဖြစ်ခ့ရ
ဲ တယ်။ ဒါကြောင့် သူ က တရုတ်သမ္မတ “ကျန်စီမင်း”ဆီကို ချက်ခြင်း ဖုံးဆက်ခဲ့တယ်။
ကျန်စီမင်း က ဖုံးမကိုင်ခဲ့ဘူး။ “ဘီလ်ကလင်တန်” က မီဒီယာတွေက တဆင့် တရုတ်နိုင်ငံ ကို အကြိမ်ကြိမ်တရားဝင်တောင်းပန်ခဲ့တယ်။
တရုတ်ပြည်သူတွေက ကလင်တန်ရဲ့ တောင်းပန်မှု ကို လက်မခံခ့ဘ
ဲူး။ သုံးရက်အတွင်းမှာ ဆန္ဒပြပွဲတွေက တရုတ်ပြည်ရဲ့မြို့ကြီးတွေမှာ အရှိန်မြင့်လာ
ခဲ့တယ်။ ပီကင်းမြို့မှာရှိတဲ့အမေရိကန်သံအမတ် “ဆက်ဆာ” Sasser နဲ့ အမေရိကန်သံရုံးဟာ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံလိုက်ရတယ်။ နောက်တပတ်အကြာ
မေလ (၁၄) ရက်နေ့မှာတော့၊ ကလင်တန် နဲ့ ကျန်စီမင်း တိုက်ရိုက်ဖုံးပြောလိုက်ကြတယ်။
ဘီလ်ကလင်တန်က “ကျနော်တောင်းပန်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကိုကျနော့်အနေနဲ့လုံးဝမသိပါဘူး။ ” လို့ထပ်မံပြောဆိုပြန်တယ်။
(ဒါပေမဲ့ တရုတ်သမ္မတ ကျန်စီမင်း အနေနဲ့ ယုံကြည်နိုင်မှာမဟုတ်ဘူး လို့ ဘီလ်ကလင်တန်က သဘောပေါက်နေခဲ့တယ်။)
တရုတ်သမ္မတ ကျန်စီမင်း က “သမ္မတကြီးမသိနိုင်ဘူးဆိုတာ ကျနော်ယုံပါတယ်။ ဘာလို့လဲဆိုတော့ ပင်တဂွန် ( ဒါမှမဟုတ်) စီအိုင်အေ ထဲက လူတွေဟာ
အမေရိကန်သမ္မတရဲ့ ကျနော်တို့တရုတ်ပြည်အပေါ် ဆက်ဆံမှုနီးကပ်နေတာကိုမလိုလားကြဘူး။ ကျနော်တို့နှစ်ယောက်ကြားမှာ ပြဿနာဖြစ်ပြီး အက်ကွဲ
ကြောင်းတွေဖြစ်သွားအောင်ဖန်တီးနေကြတယ်”လို့အေးအေးဆေးဆေးတုန့်ပြန်ပြောဆိုခဲ့တယ်။
တကယ်တော့ အမေရိကန်ပြည်ထောင်စုလို ခေတ်မှီအတတ်ပညာတွေထွန်းကားနေတဲ့နိုင်ငံတခုကအခုလိုအမှားမျိုးကျူးလွန်လိုက်တဲ့ ကိစ္စဟာ တရုတ်သမ္မတ
ကျန်စီမင်းအဖို့ ယုံကြည်ဖို့ခက်ခဲနေခဲ့ရတယ်။ အမေရိကန်သမ္မတ ဘီလ်ကလင်တန်အတွက်လည်း မယုံကြည်နိုင်လောက်အောင်ခံစားခဲ့ရတယ်။
လိုအပ်တာထက် ကျွံထွက်သွားခဲ့တယ်လို့ ငြီးငြူပြောဆိုခ့တ
ဲ ယ်။ သူက ချက်ခြင်းပဲ ဆုံးဖြတ်ချက်တခုကိုချလိုက်တယ်။
ပစ္စဖိတ်ဒေသမှာ အမေရိကန်စစ်တပ်ရဲ့အကြီးအကဲဖြစ်တဲ့ Admiral Joe Prueher ကို တရုတ်နိုင်ငံရဲ့အမေရိကန်သံအမတ်အဖြစ်ခန့်အပ်လိုက်တယ်။
(တရုတ်တပ်မတော်ကအရာရှိတွေ က Joe Pruehur ကို အင်မတန်လေးစားခဲ့တာကြောင့်ပါ။)
ပျက်စီးသွားတဲ့ဆက်ဆံရေးကို ကလင်တန် က အမြန်ဆုံးပြင်ဆင်ဖို့ကြိုးစားနေခဲ့ရတယ်။
တကယ်တော့ ကလင်တန် ကိုယ်တိုင်သဘောပေါက်နေတဲ့ အရာတခုရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့အတိုက်အခံတွေ က ဘယ်လိုကြံစည်နေသလဲဆိုတဲ့
အချက်ပဲဖြစ်တယ်။အကြောင်းအရာ နှစ်ခုက သူ့ ကိုသတိပေးနေခဲ့တယ်။

(၁) ၁၉၉၆ အမေရိကန်သမ္မတရွေးချယ်ပတ


ွဲုံးက ကလင်တန် ရဲ့ ဒီမိုကရက်တစ်အုပ်စုအပေါ် ရီပတ်ပလင်ကန်ပါတီရဲ့စွတ်စွဲချက်ဖြစ်တယ်။
ကလင်တန် ရဲ့ သမ္မတမဲဆယ
ွ်ပက
ွဲုန်ကျစရိတ်အတွက် တရုတ်အစိုးရဟာ နောက်ကွယ်ကနေ ငွေရေးကြေးရေးအကူအညီပေးနေတယ် ဆိုတဲ့အချက်။

(၂) နယူးမက်စီကိုပြည်နယ် “လော့စ်အလာမော့စ်” မှာရှိတဲ့ အမျိုးသားစွမ်းအင်လက်တွေ့စမ်းသပ်ခန်းထဲကနေ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို


တရုတ်အစိုးရအတွက်ခိုးထုတ်ဖို့ကြိုးစားခဲ့တဲ့ ဝမ်ဟိုလီ ( Wen Ho Lee) ရဲ့ပြဿနာ

တရုတ်ဝန်ကြီးချုပ် (Zhu Rongji) အမေရိကန်ပြည်ထောင်စုကိုလာရောက်ပြီး ကမ္ဘာ့ကုန်သွယ်ရေး( WTO) မှာ ဝင်ခွင့်ရဖို့လာရောက်ညှိနှိုင်းတဲ့အခါ


ကလင်တန်ရဲ့ ပြိုင်ဘက်အုပ်စုတွေက အထက်ပါအချက် (၂ )ချက်ကိုကိုင်ပြီး တိုက်ခိုက်ကြတယ်။ တကယ်တော့ ကလင်တန်အစိုးရရဲ့
စီးပွားရေးဆိုင်ရာစီမံခန့်ခွဲတဲ့အုပ်စုတွေက တရုတ်ပြည်ကို ၁၉၉၉မှာကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှာဝင်ခွင့်ရအောင်ကြိုးစားပေးဖို့
ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကိုဆိုဗိုစစ်ပက
ွဲာလအတွင်းက တရုတ်သံရုံးဗုံးကြဲတိုက်ခိုက်လိုက်တဲ့ကိစ္စအပါအဝင်၊ ပြိုင်ဘက်တွေရဲ့ ထိုးနှက်
တိုက်ခိုက်နေတဲ့ အချက်တွေက ကလင်တန် နဲ့ Zhu Rongji ကြားက ဆွေးနွေးပွဲကိုအောင်အောင်မြင်မြင်ပြီးဆုံးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
“ကျနော်တို့အစိုးရအဖွဲ့ထဲမှာ သဘောထားကွန
ဲိုင်တယ်”လို့ ရှင်းပြတယ်။ တရုတ်ဝန်ကြီးချုပ် Zhu Rongji က “ကျနော့အနေနဲ့နားလည်ပါတယ်။
တကယ်လို့ ကျနော်တို့ နောက်တနှစ်လောက်ထပ်စောင့်ရအုံးမယ်” ဆိုရင်လည်း စောင့်ဖို့အသင့်ပါပဲ” လို့ ပြန်လည်ဆွေးနွေးခဲ့တယ်။
တရုတ်ပြည်ရဲ့ခေါင်းဆောင်တွေကပါးနပ်တယ်။ လူရည်လည်တယ်။ ခေါင်းအေးအေးနဲ့အချိန်ကိုစောင့်တယ်။
စစ်အေးတိုက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ တုံးကလိုမျိုးသူများစစ်ပွဲတွေမှာဝင်ရောက်ပါဝင်ဖို့စိတ်ကူးမရှိတော့ဘူး။
တကယ်တော့ ဒီလို လူရည်လည် တဲ့ စိတ်ကူးတွေကို အမေရိကန်ပြည်ထောင်စုရဲ့ (၁၉) ရာစုကုန်ခါနီးတုံးကလုပ်ခဲ့တဲ့လမ်းကြောင်းကို တရုတ်တွေက
ကူးယူနေခဲ့တာဖြစ်တယ်။ အသေးစိတ်တွေကို “အမေရိကန်နိုင်ငံခြားရေးမူဝါဒများ” ကို အပိုင်းလိုက်ရေးတဲ့အခါ တင်ပြသွားပါမယ်။

စစ်ပွဲ၊ စီးပွားရေး နဲ့ မိမိရဲ့အစိုးရအဖွ့အ


ဲ တွင်းက မတူညီတ့မ
ဲူဝါဒသဘောထားတွေရဲ့အားပြိုင်မှုတွေ---- ကျနော်တို့ခေတ်မှာစဉ်းစားကြည့်ဖို့
အချက်အလက်တွေဖြစ်ခဲ့တယ်။
အပိုင်း (၂)

မက်ဒလင်းအောဘရိုက် ရေးတဲ့ “အာရှရဲ့ရာစုထမ


ှဲာ-အမေရိကန်ပြည်ထောင်စုအတွက်နေရာ (၃)” ကို ဆက်မရေးခင်၊ နိုင်ငံတကာဆက်ဆံရေးသင်ခန်းစာ
အခန်း (၂) ကိုမိတ်ဆက်ပေးဖို့လိုလိမ့်မယ်ထင်တယ်။ တရုတ်ပြည် နဲ့ အမေရိကန်ပြည်ထောင်စုကြားကဆက်ဆံရေးကိုမလေ့လာခင်၊ ကျနော်တို့အနေနဲ့
မိမိရဲ့ဒေသတွင်းဆီက မြေပုံတခုလုံးကို အလွတ်ရထားဖို့လိုပါလိမ့်မယ်။ ဒီမြေပုံပေါ်တွေကိုထောက်ပြီး စီးပွားရေး၊စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုတွေကို
အကြမ်းဖျင်းတချက်ခြင်းပြန်တက
ွ်ကြည့်ကြမယ်။

ဥပမာ- တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ၊ ရုရှား နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာသလောက်၊


အိန္ဒိယနဲ့ ဂျပန် အပေါ်မှာ ပြိုင်ဆိုင်မှုတွေ တိတ်တဆိတ်ပြင်းထန်လာတယ်ဆိုတဲ့အချက်၊
ဂျပန်မျိုးဆက်သစ်လူငယ်တွေဟာ ဒုတိယကမ္ဘာစစ်အပြီးရေးဆွဲခ့တ
ဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲပြီး စစ်ယန္တယားကိုအသစ်တိုးမြင့်
ချဲ့ထွင်ချင်နေတဲ့ဆန္ဒရှိတယ် အချက်တွေကို သတိမူသင့်တယ်။

တကယ်တော့ အာရှတိုက် ဆိုတာ

(၁) ဒုတိယကမ္ဘာစစ်တုံးက အဓိကအန္တရာယ်ပေးနိုင်တ့ေ


ဲ နရာတခုဖြစ်တယ်။ ( ဖက်ဆစ်ဂျပန်ကိုကြည့်ပါ)
(၂) စစ်အေးတိုက်ပွဲကာလတွေမှာ ကိုရီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေဟာ စစ်ပွဲနယ်မြေတွေဖြစ်ခဲ့တယ်။
(၃) နှစ်ဆယ်တစ်ရာစု ကို အာရှရဲ့ရာစုအဖြစ်လူသိများတယ်။ ကမ္ဘာ့လူဦးရေ ငါးပုံ သုံးပုံ ( ၆၀%) က အာရှတိုက်မှာနေတယ်။

ပြိုင်ဘက်နိုင်ငံတွေကိုကြည့်လိုက်တ့အ
ဲ ခါ-

အိန္ဒိယနိုင်ငံဟာတရုတ်ပြည်ထက်အားကောင်းတဲ့အချက်နှစ်ချက်ပိုင်ဆိုင်ထားတယ်။
(က) ဒီမိုကရေစီနိုင်ငံဖြစ်တယ်။
(ခ) တရုတ်ပြည် ကြုံတွေ့နေရတဲ့ လူဦးရေတားဆီးဆိုင်းငံ့မှု ပြဿနာတွေမရှိဘူး။

ဒါပေမဲ့ အိန္ဒိနိုင်ငံဟာ လူမှု့စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုအချက် (၆) ချက်ကိုရင်ဆိုင်နေရတယ်။


(က) ဆင်းရဲမွဲတေမှုတွေပိုများလာတယ်။
(ခ) အပေါ်ထပ်အဆောက်အဦချို့တဲ့တယ်
(ဂ) ဟင်ဒီ အမျိုးသားရေးစိတ်ဓါတ်တွေခေါင်းထောင်ထလာတယ်
(ဃ) လက်ဝဲအင်အားစုတွေအားကောင်းလာတယ်
(င) မွတ်စလင်လူမျိုးစုငယ်တွေရဲ့ကြီးထွားလာမှု
(စ) ဇာတ်ခွဲခြားမှုတွေကလည်းပြင်းပြင်းထန်ထန်ရှိနေတယ်။

ဒါ့အပြင် အာရှတိုက်ဟာ လူဦးရေကွာဟမှုအကြပ်အတည်းတွေ နဲ့ သဘာဝဝန်းကျင်ဆိုင်ရာပြဿနာတွေအပေါ်စိုးရိမ်သောကရောက်နေရတယ်။

(က) လူဦးရေတိုးပွားမှုဆိုင်ရာအကြပ်အတည်းကိုလေ့လာကြည့်တ့အ
ဲ ခါ၊ တောင်အာရှရဲ့ လူဦးရေ (၁.၄) ဘီလျှံ၊ အရှေ့အာရှမှာ (၁.၅)ဘီလျှံရှိတယ်။ ဒါပေမဲ့
အရှေ့တောင်အာရှနိုင်ငံတွေမှာ သန်း (၅၀၀) လောက်ပဲရှိပြီး၊ အာရှအလယ်ပိုင်းဒေသတွေမှာ သန်း (၁၀၀) လောက်ပဲရှိတယ်။
နှစ်ကာလကြာလာတာနဲ့အမျှ- တောင်အာရှ နဲ့ အရှေ့အာရှရဲ့လူဦးရေပြဿနာတွေဟာ အာရှဒေသတခုလုံးဆီကိုမေးခွန်းထုတ် ရိုက်ခပ်လာမဲ့
အရာတွေဖြစ်တယ်။
( ဒီနေရာမှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစေတဲ့အချက်တခုကိုထောက်ပြချင်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင် ၁၉၈၀ လွန်ကာလတွေကို
ကြည့်လိုက်တဲ့အခါ၊ ရုရှားတွေရဲ့လူဦးရေတိုးပွားမှုက ထိုးဆင်းနေပြီး၊ လူမျိုးစုငယ်တွေရဲ့လူဦးရေတိုးပွားမှုဟာ အရှိန်မြင့်မားစွာတိုးတက်နေခဲ့တာကို
တွေ့ရတယ်။ Demographic Dilemma ကိုနားလည်တ့ရ
ဲုရှားနိုင်ငံရေးခေါင်းဆောင်တချို့က ဒီအချက် ကို အရေးပါတဲ့အချက်အဖြစ်ထောက်ပြခဲ့ကြပေမဲ့
ခေါင်းမာတဲ့ ပေါလစ်ဗျူရိုတချို့က လူမျိုးစုတွေရဲ့အခန်းကဏ္ဍ ကို ပစ်ပယ်ထားခဲ့ကြတယ်။ နှစ်ကြာလာတဲ့အမျှ ပြဿနာတွေပိုမိုတောက်လောင်လာခဲ့တယ်။
တရုတ်ပြည်က အဲ့ဒီအချက်ကို သင်ခန်းစာယူပုံရတယ်။
ဆိုဗီယက်လိုမဟုတ်တဲ့တရုတ်ပြည်ရဲ့အားသာမှုကတော့တရုတ်ပြည်မှာ ဟန်လူမျိုး က (၉၂) ရာခိုင်နှုန်းကျော်ရှိတယ်။
လူမျိုးစုဒေသတွေဖြစ်တဲ့ တိဘက် နဲ့ ရှင်ကျန်းဒေသတွေကို တရုတ်အစိုးရက သူ့ရဲ့ ဟန်လူမျိုးတွေကို စံနစ်တကျရွေ့ပြောင်းအခြေချခိုင်းမှုတွေလုပ်ခဲ့တယ်။
ဒါကြောင့်လည်း အဲ့ဒီဒေသတွေမှာ မငြိမ်သက်မှုတွေကိုကြုံတွေ့နေရခြင်းဖြစ်တယ်။

(ခ) အာရှရဲ့သဘာဝဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကတော့

(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကြုံတွေ့နေရတဲ့ သောက်ရေသန့်ရှင်းမှုအခက်အခဲ နဲ့ မြစ်ရေကြီးမှုပြဿနာ


(၂) တရုတ်ပြည်က ဆည် တွေ နဲ့ ရေ သိုလှောင်ရေး ကို ထိန်းချုပ်ထားနိုင်မှုမပြည့်ဝတဲ့စံနစ်
(၃) အင်ဒိုနီးရှားနိုင်ငံက တောမီးလောင်မှုတွေ
(၄) “အေမူမြစ်” ထဲကရေတွေကို အလွန်အကျွံသယ
ွ်တန်းသုံးစွမ
ှဲုကြောင့် “ အေရယ်လ်” ပင်လယ်ရေတဖြည်းဖြည်းပျက်စီးတိမ်ကောလာမှုကိုကြုံနေရတဲ့
ဥဘက်ကစ္စတန်နိုင်ငံ-- စတဲ့အချက်အလက်တွေအပါအဝင်တခြားစိုးရိမ်ဘွယ်အချက်အလက်တွေကလည်းရှိနေတယ်။

အပိုင်း (၃)

တရုတ်ဟာ သူ့ရဲ့ပြိုင်ဘက် အိန္ဒိယရဲ့ပါဝါကိုထိန်းညှိချင်တဲါ အခါ ပါကစ္စတန်နိုင်ငံ ကို နျူကလီးယားလက်နက်ထုတ်လုပ်ရေးအတွက်အဓိကကူညီ


တည်ဆောက်ပေးခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့စစ်ရေးကျွမ်းကျင်သူခေါင်းဆောင်တွေက တရုတ်အစိုးရ ဒီကနေ့ တည်ဆောက်ထားတဲ့ ပါကစ္စတန်နိုင်ငံ နဲ့ ဗမာပြည်မှာ
ရှိတဲ့ ရေတပ်စခန်းတွေကိုကြည့်လိုက်တ့အ
ဲ ခါ၊ တရုတ်နိုင်ငံဟာ အိန္ဒိယ ကို စက်ဝိုင်းပုံစံဝန်းရံထိန်းချုပ်ထားဖို့ကြိုးစားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း
တွေ့လိုက်ရတယ်။ တရုတ်နိုင်ငံကိုပြန်လည်တုံ့ပြန်ဖို့အတွက်အကောင်းဆုံးခြေလှမ်းကတော့
အိန္ဒိယဟာ ဂျပန်နိုင်ငံနဲ့ကျောခြင်းကပ်ထာလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့စစ်ရေးအတူတကွလေ့ကျင့်ဖို့ဖြစ်တယ်။

တကယ်တော့ကမ္ဘာ့စီးပွားရေးပျက်ကပ် ကို ဖြေရှင်းဖို့ချည်းကပ်ကြတဲ့အခါ- အရင်းရှင်စီးပွားရေးစံနစ် နဲ့ ကွန်မြူနစ်ဘောဂဗေဒတွေကို ခေတ္တဖယ်ထားလိုက်ပြီး


နိုင်ငံတွေအားလုံးနီးပါးဟာ ၁၆ရာစု-၁၈ ရာစု ကာလတုံးက ကျင့်သုံးခဲ့ကြတဲ့ နိုင်ငံရေး၊ စီးပွားရေးပုံသဏ္ဍန်တွေကို ပြန်လည်ပုံဖေါ်လာခဲ့ကြတယ်။
အဲ့ဒီပုံသဏ္ဍန်ကတော့ Mercantilism လို့ခေါ်တဲ့ ကုန်သယ
ွ်မှုစံနစ်ကို Economic Nationalism အဖြစ်ပြောင်းလဲပစ်လိုက်ကြခြင်းဖြစ်တယ်။
အမျိုးသားရေးဝါဒီတွေရဲ့စီးပွားရေးဆိုင်ရာပုံဖေါ်မှုတွေက ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံရေးအခင်းအကျင်းကို ရိုက်ခပ်လာတော့တယ်။

နောက်စာစဉ်မှာ-တရုတ်ပြည် ကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတဲ့ အချက်ကို ဆွေးနွေးထားမဲ့ ဒီမိုကရက်တစ်ပါတီက အမေရိကန်ခေါင်းဆောင်တချို့ရဲ့


အမြင်ကိုလေ့လာကြည့်ရအောင်ပါ။

အောင်မိုးဝင်း

အမေရိကန်သမ္မတဟောင်း “ဘီလ်ကလင်တန်” ကိုယ်တိုင်ရေးတဲ့ My Life ဆိုတဲ့စာအုပ် ထဲက အချက်အလက်တွေ နဲ့


Mercantilism & Economic Nationalism စီးပွားရေးသီအိုရီထက
ဲ အချက်အလက်တွေကိုယူသုံးပါတယ်။

You might also like