rlyd kif-,ae@jrefrm
pmrsufESm- 1
ay:vdkqm*sD,kyn&k;eJ@ pum;ajymjci;
,ae@jrefrm/Edk0ifbm4 &uf/ 2009?
ယနေ့  မြန် မာသတင်းဌာနအနေနဲ့ ၂၀၀၉ အောက် တိုဘာ ၂၈ ရက်နေ့ညနေပိုင်းက
မြန် မာပြည်ဆိုင်ရာ ကု လလူ့ အခွင့် အရေး ကို ယ် စားလှ ယ်အဖြစ်လု ပ် ကိုင်ခဲ့  တဲ့ 
ပါမောက္ခပေါ်လိုဆာဂျီ ယိုပီညဲရိုးနဲ့တွေ့ ဆုံမေးမြန်းခွင့် ရရှိခဲ့ ပါတယ်။ မစ္စ တာ
ပီညဲရိုးဟာ လက်ရှိ မှာ Inter-American Commission on Human Rights အဖွဲ့ ရဲ့ 
ကော် မရှင်နာမင်းကြီးအဖြစ်တာဝန် ယူလု ပ် ကိုင်နေပါတယ်။ သူ ဟာ ၂၀၀၀ ခုနှ စ် မှ
၂၀၀၈ ခုနှ စ်အထိမြန် မာပြည်ဆိုင်ရာ ကု လ လူ့ အခွင့် အရေး ကို ယ် စားလှ ယ်အဖြစ်
ဆောင်ရွ က်ရာမှာ အောင် မြင် မှုများ ရရှိခဲ့ သလိုအဆင် မပြေမှုများလည်း
ရှိခဲ့  ပါတယ်။ သူ့ ရဲ့ နောက်ဆုံးခရီးစဉ် ကတော့၂၀၀၇
စက် တင်ဘာအရေးအခင်းလွန် ကာလမှာ ပြည်သူတွေ ကိုဖမ်းဆီးထားတဲ့ ယခင်
အင်းစိန်စက် မှုသိ ပ္ပံအဆောက်အဦနဲ့ ဆက် စပ်နေရာများကိုသွားရောက်ကြည့်ရှု
စစ်ဆေးခဲ့  ခြင်း ဖြစ် ပါတယ်။ အဲဒီနောက်၂၀၀၈ ခုနှ စ် မှာ မြန် မာပြည်ဆိုင်ရာ
လူ့ အခွင့် အရေးကို ယ် စားလှ ယ်အဖြစ် က သူနှုတ် ထွ က်ခဲ့ ပါတယ်။
ယနေ့ မြန် မာသတင်းဌာနက တွေ့ ဆုံမေးမြန်းစဉ်ပထမဆုံး မေးမြန်းဖြစ် တာကတော့မြန် မာနိုင်ငံဆိုင်ရာ လူ့ အခွင့် အရေး ကို ယ် စားလှ ယ်အဖြစ်
ဆောင်ရွ က်ခဲ့  တဲ့အတွေ့ အကြုံနဲ့ မြန် မာ့လူ့ အဖွဲ့ အစည်းအပေါ် သူ့ ရဲ့အမြင်ဖြစ် ပါတယ်။
ကျွန်တော် လု ပ် ကိုင် တဲ့ ၈ နှ စ် ကို၂ ပိုင်းခွဲ ပြီး ပြောကြားဖို့ အရေးကြီးပါတယ်။ ပထမ ၄ နှ စ် ဟာ မြန် မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ 
ဆက်ဆံရေးဟာ ပုံ မှန်ရှိခဲ့  ပါတယ်။ နောက် ပိုင်း ၄ နှ စ် မှာတော့ကျွန်တော်မြန် မာပြည် ကိုသွားရောက် ဖို့ သူ တို့  က လက်သင့်  မခံတော့ ပါဘူး။
ပြည်သူ လူ ထုရဲ့ လူ မှုဘ၀ကိုထိ မ်းချုပ် ထားပုံ ကတော့အခြား အာဏာရှင်တွေ လို ပါပဲ။ စစ်အာဏာနဲ့ အု ပ်ချုပ် ထားတယ်။ လွ တ် လပ် စွာ
ရေးသားထု တ်ဝေခွင့်မရှိဘူး။ ဘယ်သူ မှလူသားတွေရဲ့ အခြေခံ လွ တ် လပ်ခွင့် မရှိဘူး။ သို့ ပေမယ့်  လည်း ကျွန်တော် တို့ အနေနဲ့ 
လွတ် လပ်ခွင့်  ပုံ စံ တခုခု ကိုရောက် လာမယ် လို့ အမြဲမျှော် လင့်  ပါတယ်။ အခုအခါမှာတော့အပြည် ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းထဲက
အထီးကျန်နေတာတွေလျော့နည်းလာမယ် လို့ ကျွန်တော်ခံ စားရပါတယ်။ မျှော် လည်း မျှော် လင့်  ပါတယ်။
အမေရိ ကန် ပြည်ထောင် စုအနေနဲ့ သူ တို့ ရဲ့ ရပ် တည်ချက်မပြောင်းလဲဘဲချဉ်းကပ် ပုံပြောင်းလဲ လာတာကိုတွေ့ ရပါတယ်။ ဒါဟာ
ကျွန်တော် တို့ အတွ က်တစုံ တရာ ပြုလု ပ်နိုင် မယ် လို့ မျှော် လင့်  ပါသလား။
လွန်ခဲ့  တဲ့ ၈ နှ စ်အတွင်းက အမေရိ ကန် ပြည်ထောင် စုရဲ့ မူ ၀ါဒဟာ မအောင် မြင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒီမူ ၀ါဒတွေ ကိုပြန် လည်
သုံးသပ် ဖို့ လို လိ မ့်  မယ် လို့ အရေးကြီးတယ် လို့ ကျွန်တော်သုံးသပ် ပါတယ်။ အမေရိ ကန် ပြည်ထောင် စုရဲ့အထီးကျန် ထားရှိရေး မူ ၀ါဒကို
လက်လျော့ ဖို့ ကျွန်တော်အမြဲတို က် တွန်းခဲ့ ပါတယ်။ အမေရိ ကန် ပြည်ထောင် စုအနေနဲ့ Soft Power လို့ ခေါ်တဲ့ အတူပူးပေါင်း
ဆောင်ရွ က် ခြင်းနဲ့ အောင် မြင် မှု ရရှိနည်းလမ်း သုံးဖို့ ပြောဆိုခဲ့  ပါတယ်။ ကမ္ဘာပေါ်က လူ့ အသိုင်းအ၀ိုင်း အတော် များများက
အမေရိ ကန် ပြည်ထောင် စု ကိုနှ စ်သက် ကြပါတယ်။ အမေရိ ကန်ပြည်ထောင် စုတည်ရှိ မှုနဲ့ အခြားနိုင်ငံ တခုခုတည်ရှိ မှုတို့ အပေါ်မှာ အခြေခံ ပြီး
ယဉ်ကျေးမှု ပညာရေး ပူးပေါင်း ဆောင်ရွ က် မှုတွေရှိသင့် ပါတယ်။ အမေရိ ကန် ပြည်ထောင် စုရဲ့ အခုအပြောင်းအလဲ ဟာ
မြန် မာစစ်အစိုးရအတွ က်အခွင့် အလမ်းတွေပို မိုရရှိ လာနိုင် တဲ့လမ်းကြောင်းတွေ ဖြစ် ပါတယ်။ အခုအခြေအနေဟာ
အပြောင်းအလဲ တခုအတွ က်ကနဦးအစလို့ ပြောချင် ပါတယ်။
Photo - Internet
Leave a Comment