You are on page 1of 2

ရွှေဂုံတိုင်ကြေငြာစာတမ်းအကောင်အထည်ပေါ်လာနှိုင်ရေး

နှီးနှောဖလှယ်ပွဲကျင်းပခြင်း
၂၀၀၉နိုဝင်ဘာလ၂၃ရက်။ ။
ယနေ့နံနက်၁၀နာရီအချိန်ဂျပန်နိုင်ငံတို
ကျိုမြို့ ချိယိုးဒါကု၊ခန်းဒ စုရုဂဒိုက် ၃-၂-၁၁ ဆိုးဟယိုးခိုက်ခန်းအဆောက်အ
ဦး ၂ထပ်ရှိ အစည်းအဝေးခန်းမတွင်ဆွေးနွေးညှိနှိုင်းပွဲကျင်းပခဲ့ပါသည်။အ
ခမ်းအနားမှုးတာဝန်က``ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
နှင့် Ms Yasuko Yumoto တို့မှ၎င်း ၊ဘာသာပြန်ခြင်းကိုဦးတင်ဝင်း(အလုပ်
သ မားသမဂ္ဂ) Mr Hisao Tanabe(People`s Forum on Burma)တို့မှ
ကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။ဆွေးနွေးပွဲကိုညနေ၄နာရီကျော်အထိ
ကျင်းပခဲ့ရာဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအဖွအဲ့ စည်းအသီးသီး၊တိုင်း
ရင်းသားအဖွဲ့အစည်းအသီးသီးမှ၎င်း၊ဂျပန်နိုင်ငံမှ Ms Mizuho Fuku Shima
(State Minister in Charge of Consumer Affaifs and Declining Birth-
rate, Chairman of Social Democratic Party(Planning),၊ Mr Tet-
suro Fuku Yama (State Secretary for Foreign Affairs,Ministry
Of Foreign Affairs),Mr Hiroyuki Nagumo(General Secretary of
JUTC-RENGO), Mr Yoshinori Sue Matsu(Chairman of Japanese
Diet Menber`s in support of democracy in Myanmar(Burma)
,Member of House of Representative, Democratic Party of
Japan), Mr Azuma Konno (General Secretaryof Japanese
Diet member`s in support of democracy in Myanmar(Burma)
Member of house of Councilors ,Democratoc Party of Japan,
Mr Kei Nemoto (Professor, Faculty of Foreign Studies, Sophia
University),Ms Kanae Doi(Director Human Rights Watch-
Japan),Ms Yuki Akimoto (Director Burma info)တို့တက်ရောက်ခဲ့
ကြပါသည်။ထိုင်းနိုင်ငံမှ Dr. Rachada Dhnadirek(Representative
of ASEAN Inter-Perliamentary Myanmar Caucus), မလေးရှား
နိုင်ငံမှ Mr. Jason Roshan(Executive Director of theASEAN In-
ter-Parliamentary Myanmar Caucus) တို့လည်းတက်ရောက်ခဲ့ကြပြီး
ဦးခွန်မြင့်ထွန်း(Labor Minsiter ,National Coalition Government
of the Union of Burma)နှင့် မြန်မာ့ နိုင်ငံရေးစိတ်ဝင်စားသူ
ဂျပန်လူမျိုးများအားလုံး စုစုပေါင်း ၄၀၀ကျော်တက်ရောက်ခဲ့
ကြောင်းသိရှိရပါသည်။
အစီအစဉ်(၁)အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) ဂျပန်ဌာုနခွဲဥက္ကဌ ဦးသန့်ဇင်ဦးမှရွှေဂုံတိုင်
ကြေငြာစာတမ်းနှင့်ပတ်သက်၍ပြောကြားသွားခဲံ့ပြီးနောက်ဂျပန်
နိုင်ငံတာဝန်ရှိသူများကလည်း မိမိတို့ဆိုင်ရာကဏ္ဍအလိုက် မြန်မာ့
ဒီမိုကရေစီအရေးအတွက်ပူးပေါင်းဆောင်ရွက်သွားရန်ကို၎င်း၊
လက်ရှိ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံရေးအတွက်
ကူညီဆောင်ရွက်ရန်ဆန္ဒရှိကြောင်းပြောကြားခဲ့ကြပါသည်။
မြန်မာပြည်မှဦးဝင်းတင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်
မတီဝင်)နှင့် ဦးအေးသာအောင်(အတွင်းရေးမှုး
-ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ)တို့ပြောဆိုချက်များကိုprojec-
torဖြင့်ဖွင့်ပြခဲ့ပါသည်။ထိုင်းနိုင်ငံ မှ ASEAN ကိုယ်စားလှယ် ကလည်းမြ
န်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍အလေးအနက်ဆွေးနွေးခဲံပါသည်။
ဦးခွန်မြင့်ထွန်းကလည်းနအဖစစ်အစိုးရက မြန်မာနိုင်ငံတွင် ယူရေနီယံထု
တ်လုပ်ရန်လုပ်ဆောင်နေခြင်းကို သတင်းမပေါက်ကြားစေရေးအတွက်
ထိုဒေသတွင်နေထိုင်သောတိုင်းရင်းသားများမိမိတို့ဒေသမှထွက်ပြေးတိမ်း
ရှောင်ကြစေရန် စစ်တပ်က ညှင်းပန်းနှိပ်စက်ပုံများကိုဓါတ်ပုံအထောက်
အထားများနှင့် ရှင်းပြပေးခဲ့ပါသည်။နေ့လည်၁၁နာရီခွဲမှ၁၂နာရီခွဲအတွင်း
ဦးခွန်မြင့်ထွန်းနှင့် ထိုင်းနိုင်ငံမှDr.Rachada Dhnadirek တို့ကဆွေးနွေးပွဲ
တက်ရောက်လာသူများ၏မေးခွန်းများကိုတာဝန်ယူဖြေကြားပေးပြီးနောက်
ပထမပိုင်းအစီအစဉ်ပြီးဆုံးခဲ့ပါသည်။
ဒုတိယပိုင်းကို မွန်းလွဲ ၁၃း၃၀နာရီတွင်
စတင်ခဲ့ရာ ဂျပန်နိုင်ငံမှ Ms.Kanae Doi နှင့် Ms Yuki Akimoto တို့က
၎င်း မလေးရှားနိုင်ငံ မှ Mr Jason Roshan တို့က ၄င်း မြန်မာ့ဒီမိုကရေစီ
အရေးနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်
အမေးအဖြေဒုတိယပိုင်းအစီအစဉ်ကိုဦးခွန်မြင့်ထွန်း နှင့် ထိုင်းနိုင်ငံမှ
Dr. Rachada Dhnadirek တို့က တာဝန်ယူဖြေကြားပေးခဲ့ကြပါသည်။
ထို့နောက်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာ
နခွဲမှ မနီနီစိုးက ရွှေဂုံတိုင်ကြေငြာစာတမ်းကိုဂျပန်ဘာသာဖြင့်ဖတ်ကြား
ခဲ့ပြီးဆွေးနွေးညှိနှိုင်းပွဲ နောက်ဆုံးအစီအစဉ်အရ ဥက္ကဌ ဦးသန့်ဇင်ဦးက
တက်ရောက်လာသူများကို ရွှေဂုံတိုင်ကြေငြာစာတမ်းကိုထောက်ခံမှုရှိမရှိ
၃ကြိမ် မေးမြန်းခဲ့ ရာ အားလုံးက တခဲနက်ထောက်ခံပါကြောင်းသံပြိုင်
ဖြေကြားခဲ့ကြပါသည်။ညနေ ၃နာရီခွဲတွင် အခမ်းအနားအောင်မြင်စွာ
ပြီးဆုံးခဲ့ပါသည်။ ညနေ ၃နာရီ၄၅တွင်အဆိုပါခမ်းမ၌ပင် သတင်းစာရှင်း
လင်းပွဲဆက်လက်ပြုလုပ်ခဲ့ရာ ဦးခွန်မြင့်ထွန်း၊ဒေါက်တာမင်းညို၊မလေး
ရှားနိုင်ငံကိုယ်စားလှယ်၊ထိုင်းနိုင်ငံကိုယ်စားလှယ်တို့မှတာဝန်ယူဖြေ
ကြားခဲ့ကြပါသည်၊။အချိန်မရသည့်အတွက် မဖြေဆိုနှိုင်ခဲ့သည်များကို
လည်းနောက်ပိုင်းတွင်ရှင်းလင်းချက်ထုတ်ပြန်ပေးမည်ဟုသိရှိရပါသည်။
ညနေ ၄နာရီကျော်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ပါသည်။

soe aung win


အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့်ပြန်ကြားရေး

You might also like