You are on page 1of 1

“ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့ ...


WEDNESDAY, 25 NOVEMBER 2009 18:13 ဧရာဝတီ
ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ
သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သယ
ွ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။

Benedict Rogers

ဖြေ။ ။ US Campaign for Burma က Jeremiah Wooden နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့
ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ။
အာဏာရှင်တွေရဲ့ အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။
အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြောင်းကိုတော့ဖြင့် ကမ္ဘာကို သိစေချင်တယ်၊ နောက်ပြီးတော့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်
ဆိုတာကိုလည်း သိစေချင်တယ်လေ။

မေး။ ။ စာနယ်ဇင်း လွတ်လပ်ခင


ွ့် မရှိတဲ့ အခြေအနေမှာ သူ့အကြောင်းကို ရေးတာဆိုတော့ အချက်အလက်တွေ ဘယ်လို ရယူ စုဆောင်းခဲ့ပါသလဲ။

ဖြေ။ ။ အခက်အခဲတွေတော့ တော်တော်များများတွေ့ရပါတယ်။ ပထမဆုံးကတော့ သူ့အကြောင်း တိကျတဲ့ အချက် အလက်တွေ စုစည်းတဲ့အခါမှာပေါ့။ သူနဲ့တိုက်ရိုက်ထိတွေ့ခင
ွ့်
မရနိုင်တဲ့အပြင် သူနဲ့ နီးစပ်တဲ့သူတွေနဲ့တောင် မေးမြန်း ထိတွေ့ဖို့ဆိုတာက ကျနော်တို့အဖို့ အတော်လေးကို ခဲယဉ်းပါတယ်။ နောက်တခုကတော့ ကျနော်ရော Jeremiah ပါ မြန်မာလို
မပြောတတ်တော့ မြန်မာလို ရေးထားတဲ့ ရှိနေတဲ့ အကြောင်းချက်လက်တွေကို လေ့လာဖို့မှာ အတော်အခက်ခဲ တွေ့ခ့ရ
ဲ ပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို
သိတဲ့သူပေါ့၊ သူနဲ့ ဆက်ဆံမှုရှိခဲ့ဖူးတဲ့၊ စစ်တပ်ကနေ ထွက်လာတဲ့ လူတယောက်ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ်။ နောက်ပြီးတော့ သူနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့
သံတမန်တွေဆီကနေလည်း အချက်တချို့ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ကြီးတော့ မထိတွေ့ရပေမယ့်၊ အခက်အခဲတွေရှိပေမယ့် ဒီလို သွယဝ
ိုက်တဲ့နည်းတွေနဲ့ လိုအပ်တဲ့
အချက်အလက်တွေ အတော် စုဆောင်းရခဲ့ပါတယ်။

မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးတော့ အဲ့ဒီ စာအုပ်ဟာ မြန်မာ့အရေးကို ဘယ်လိုများ အထောက် အကူပြုမလဲ။

ဖြေ။ ။ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ရဲ့ ရည်ရယ


ွ်ချက်ကတော့ လက်ရှိမြန်မာကို အုပ်ချုပ်နေသူတွေရဲ့ သဘောသဘာဝကို
မီးမောင်းထိုးဖော်ပြပြီး အခုဖြစ်နေတဲ့ အခြေအနေကို ပြောပြ တာပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သူ့န့အ
ဲ တူ စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပုံမျိုး တိုင်းပြည်ကို
အုပ်ချုပ်တယ်ဆိုတာကို ပေါ်လွင်သွားပြီး ကမ္ဘာမှာ နိုင်ငံတကာမှာ သူ့အကြောင်းကို သိပြီး သတိချပ်စရာတွေ တွေ့လာမယ်။ ဒီလိုဆိုရင် ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် တနည်းတဖုံ
အထောက်အကူဖြစ်ပါလိမ့်မယ်။

မေး။ ။ သူ့အကြောင်းကို အခုလိုရေးတဲ့အခါ ခင်များတွေ့လိုက်ရတဲ့ သူဟာ ဘယ်လိုလူစားမျိုးလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ကျနော့်အမြင်ကတော့ သူဟာ သူများတွေထင်တာထက် အတော်လေးကို ဉာဏ်ထက်တ့သ


ဲူပါပဲ။ သူဟာ အခုလို နေရာ၊ အထက်ကိုရောက်လာခဲ့တာကိုကြည့်ရင် သူဟာ
အရည်အချင်းရှိတဲ့သူတယောက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်ထဲမှာ သူ့လူတွေကို စီမံခန့်ခတ
ွဲာ၊ နေရာချထားတာ၊ အာဏာခွေ
ဲ ၀ပေးတာတွေ၊ နောက်ြပီးတော့ သူ့ပြိုင်ဘက်၊ သူ့ကို
အတိုက်အခံလုပ်တဲ့သူတွေအပေါ် တုံ့ပြန်တာ ဆက်ဆံတာတွေကိုကြည့်ရင်လည်း သူဟာ အတော်ကို အတွေ့အကြုံ ရင့်ကျက်ပြီး နည်းဗျူဟာ၊ ပရိယာယ်ဆင်တာတွေမှာ
ကျွမ်းကျင်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ အပိုင်း၊ စိတ်ဓာတ်စစ်ဆင်ရေးမှာလည်းပဲ သူဟာ သေချာလေ့ကျင့်ထားခြင်းခံရသူတယောက်ဖြစ်တယ်။

အဲဒီစိတ်ဓာတ်ပိုင်းကိုလည်း သူက သေချာအသုံးချတာကို တွေ့ရတယ်။ ရှင်းလင်းမြင်သာတာကတော့ သူဟာ တချို့သော နေရာတွေမှာ ငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ သူတယောက်ပေါ့ဗျာ။
ဒါပေမယ့် သူ့ရဲ့ အဲ့ဒီလိုပုံစံဟာ တဘက်မှာလည်း သူ ဟာ လျိုဝ
ှ့က်တဲ့ သူတယောက်ဖြစ်စေတယ်ဗျ။ သူဟာ အခုလို နေရာ မရောက်လာခင်အထိ သူ့မှာ ဘယ်လိုအရည်အချင်း တွေရှိတယ်၊
ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကို မဖော်ပြဘဲထားတတ်တာက သူအခုလို အောင်မြင်တ့သ
ဲူ တယောက် ဖြစ်လာစေတဲ့ လျို့ဝှက်ချက်လို့ ပြောရမယ်ပေါ့ဗျာ။ သူ့အထက်က
လူကြီးတွေက သူ့ကို သတိထားမိတာမျိုး၊ အထက်ကလူတွေအပေါ် အန္တရာယ်ရှိမယ့်ပုံမျိုး မပေါက်တော့ သူဟာ နေရာတွေရလာပြီး အထက်ပိုင်းကို ရောက်လာ တာပေါ့ဗျာ။

သူနဲ့နီးစပ်တဲ့ သူတော်တော်များများရဲ့ ပြောပြချက်အရ ဟိုးအရင်တုန်းကတော့ သူဟာ တကယ့်ကိုသာမန်နေထိုင်မှု စရိုက်န့ပ


ဲ ရှိခ့တ
ဲ ယ်။ အခုလိုမျိုး အာဏာတပ်မက်မှုကြောင့် စာရိတ္တခြစားတဲ့
သူမဟုတ်ဘူးပေါ့။ ကျနော့်အမြင်ကတော့ အခုအချိန်မှာတော့ သူဟာ ရထားတဲ့ အာဏာကို တည်မြဲဖို့၊ သူ့မိသားစု၊ သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ လုပ်နေတဲ့သူ တယောက်ပေါ့။
နောက်တခုကလည်း ရှေးက ထင်ရှားခဲ့တဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း နေပြည်တော် ဆိုပြီးလုပ်တယ်။ ထင်ရှားတဲ့ ဘုရင်သုံးပါးရဲ့ ရုပ်တုကြီးတွေလုပ်ထားတယ်။
သူ့ရဲ့ အနေအထားကတော့ စိတဝ
် င်စားစရာ ရောထွေးနေတာပေါ့လေ။ တဘက်မှာ ငြီးငွေ့ စိတ်ကုန်စရာကောင်းသလို တဘက်မှာကျတော့လည်း ရှေးဘုရင်စနစ်တွေ၊
ဗေဒင်လက္ခဏာတွေရဲ့ စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးမှုတွေ ရှိနေတာပေါ့လေ။

မေး။ ။ ဒီစာအုပ်ရေးရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အချက်အလက်တွေစုဆောင်းရင်း တွေ့ကြုံရတဲ့ အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါလား။

ဖြေ။ ။ ရှိတယ်ဗျ။ ရယ်စရာလို့ပဲ ပြောရမလားတော့ မသိဘူးပေါ့။ ကျနော်တို့ သူ့အကြောင်း စုဆောင်းတုန်းမှာ သိရတာ တခုပေါ့ဗျာ။ ကျနော့်ကို တယောက်က ပြောပြတာပေါ့ဗျာ။ တနေ့
သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။
ကျနော့်အတွက်ကတော့ ဒီလုပ်ရပ်ဟာ အတော်လေးကို အဓိပ္ပာယ်မရှိဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဒီမီးစက်ကို အလွယ်တကူ ၀ယ်လို့ရတယ် မဟုတ်လား။ သနားစရာ ဆိုင်ရှင်ကတော့
သူ့မီးစက်လေး ဆုံးရှုံးသွားရတာပေါ့ဗျာ။ အဲ့ဒီလိုမျိုး ဇာတ်လမ်း လေးတွေ အများကြီးဗျ။ နောက်တခုက သူမေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို
လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို
ပြန်သယ်သွားရတယ်ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေးဖြစ်နေတာပေါ့ဗျာ။

မေး။ ။ ဒီစာအုပ် ဘယ်တော့လောက် ထွက်မှာပါလဲ။

ဖြေ။ ။ အခုဆို ဒီစာအုပ်က ပုံနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်အချိန်လောက် ထုတ်မယ်ဆိုတာကတော့ ထုတ်ဝေသူပေါ်မူတည်တာပေါ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်တော့
ထွက်လာမယ်လို့ မျှော်လင့်ထားတယ်။ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပြွဲ ပီးသွားရင် သူဟာ ဘယ်လိုအခြေအနေ
ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခုပြောင်းလဲသွားရင် လူတွေစိတဝ
် င်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ကျနော်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပြီ။ ။

You might also like