ရွေးကောက် ပွဲဆို တာကို ဆန့်ကျင် တာ မဟု တ် ပါဘူး။ ဒီတော့ စစ် မှန်သော ရွေးကောက် ပွဲ ကို ဘာကြောင့် 
ထောက်ခံသင့် သလဲ၊ အာဏာရှင်ရွေးကောက် ပွဲ ကို ဘာကြောင့်  ကန့်ကွ က်သင့် သလဲဆို တာ
လေ့ လာကြည့်  ကြရအောင် ပါ။
ရေးကောက်ပဆိုရာဝယ်
ရွေးကောက် ပွဲနဲ့ မဲပေးခြင်း ဆို တာ ကို ယ် စားပြုဒီ မို ကရေစီ (RepresentativeDemocracy)နဲ့ အများဆုံး
ဆက်နွ ယ်နေပါတယ်။ ကို ယ် စားပြုခြင်း (representation)ဆို တာကို နိုင်ငံရေးရှုထောင့်  ကနေ
အနက်အဓိ ပ္ပာယ် ပြန်ဆို တဲ့ အခါ လူအများကို ကို ယ် စားပြုပြီး၊ လူ တဦးတယောက် ကနေ (သို့မဟု တ်)
လူ တစု ကနေ ရပ် တည် တာ၊ လု ပ်ငန်းဆောင် တာတွေ ပြုလု ပ် တာလို့ အဓိ ပ္ပာယ်ရပါတယ်။ ကို ယ် စားပြု
ဒီ မို ကရေစီဆို တာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကို ယ် စားပြုမှု ဆို တဲ့  သဘောတရား
ပါဝင် လာတဲ့ အတွ က် အစိုးရဟာ ပြည်သူ လူ ထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကို ယ် စားပြုတဲ့ 
နိုင်ငံတော်အု ပ်ချုပ်ရေးစနစ် တခု ဖြစ် ပါတယ်။ ဒီတော့ လူ ထု ကို ကို ယ် စားပြုတဲ့  ဒီ မို ကရေစီ စနစ်အတွ က်
ရွေးကောက် ပွဲတွေ ဟာ လုံလောက် တဲ့  အခြေအနေ (sufficientcondition)မဟု တ်ရင်တောင် လိုအပ် တဲ့ 
အခြေအနေ (necessarycondition)တခု ဖြစ် လာပါတော့ တယ်။
ဘယ် လို ပဲ ဖြစ် ဖြစ် ရွေးကောက် ပွဲဆို တာ ဒီ မို ကရေစီ စနစ်ရဲ့ အရေးအကြီးဆုံး နှ လုံးသား ဖြစ် တယ် လို့
တွေးမြင် ယူဆသူတွေ လဲ ပေါ်ထွ က် လာပါတယ်။ ဒီအတွေးအမြင် ကို ရောင် ပြန် ဟပ်စေတဲ့  အယူအဆတွေ ကို
JosephSchumpeterရေးသားတဲ့  Capitalism,Socialism,Democracy(1942)စာအု ပ် ထဲ မှာ အတိအကျ
တွေ့မြင်နိုင် ပါတယ်။ ဒီ မို ကရေစီဆို တာ ပြည်သူတွေ က သူ တို့ကို အု ပ်ချုပ် မယ့် သူတွေ ကို လက်ခံ ခြင်း၊
ကန့်ကွ က် ခြင်း ဖြစ် တယ် လို့ သူ က ဆိုခဲ့  ပါတယ်။ သူ့ရဲ့ အဆို ကို လက်ခံ ပြီး ဒီ မို ကရက် တစ်အစိုးရဆို တာကို
ရွေးကောက် ပွဲ ပြုလု ပ်ပေးတဲ့  အစိုးရအနေနဲ့သာ ယုံ ကြည်ရေးသားကြတဲ့  နိုင်ငံရေးသီအိုရီ ပညာရှင်တွေ
အများအပြားပါပဲ။ ဒါပေမယ့်  အာဏာရှင်အစိုးရတွေ ကလဲ ရွေးကောက် ပွဲတွေ ကျင်းပလာပြီး
Add a Comment