You are on page 1of 1

'၂၀၁၀ လွန်ကာလမှာ ပေါ်လာမယ်

ပေါ်လာမယ့် စစ်အုပ်စုကို ခန့်မှန်းကြည့်ခြင်း'


၁၃ - ၁၂ - ၂၀၀၉

(၁) ဗမာပြည်နိုင်ငံရေးမှာ စစ်အုပ်စုတွေ ပေါ်ခဲ့ဖူးတယ်။ အားလုံးက 'စစ်အအာဏာသိမ်းပွဲ' နဲ့ချည်း ပေါ်ခဲ့တာပဲ။ တည်ဆအ


ဲ စိုးရကို
အကျပ်ကိုင်ပြီး အာဏာလွှယ
ဲူတဲ့ (၁၉၅၈) နည်း၊ ပြောင်ပြောင်တင်းတင်း အကြမ်းဖက်အာဏာသိမ်းတဲ့ (၁၉၆၂) နည်း၊ ဒီနည်း '၂' မျိုးနဲ့
အာဏာရအောင် ယူခြဲ့ ကတာပဲ။ ဘယ်နည်းပဲသုံးသုံး စစ်အုပ်စုတခုခုက ဦးစီးးတာချည်းပါ။ အကျပ်ကိုင်အာဏာလွဲယူတဲ့နည်း လုပ်တဲ့
'စစ်အုပ်စ'ု က လူသိရှင်ကြား 'စစ်အုပ်စ'ု မဖွဲ့ ပါဘူး။ ဒါပေမဲ့ ပြောင်ပြောင်တင်းတင်း အာဏာသိမ်းတဲ့ 'စစ်အုပ်စ'ု က လူသိရှင်ကြား
စစ်အုပ်စုဖွဲ့ ပါတယ်။ (၁၉၆၂) က 'တော်လှန်ရေးကောင်စ'ီ လို့ နာမည်ခံတယ်။ (၁၉၈၈) မှာက 'နိုင်ငံတော် ငြိမ်ဝပ်ပိပြားမ>ှု
တည်ဆောက်ရေးအဖွဲ့ ' လို့ နာမည်ယူတယ် (နဝတ က နအဖ လို့ နောက်တော့ နာမည်ပြောင်းတယ်။)
၁၉၅၈ တုန်းက တည်ရှိနေတဲ့ 'အခြေခံဥပဒေ' ကို မဖျက်သိမ်းဘူး။ ၁၉၆၂ ရော၊ ၁၉၈၈ ကပါကျတော့ ဖျက်သိမ်းပစ်တယ်။
အခုပေါ်လာမယ့် စစ်အုပ်စုကတော့ တမျိုးဖြစ်လိမ့်မယ်။ '၂၀၀၈ အခြေခံဥပဒေ' ကို အသက်သင
ွ်းပေးမယ့် '၂၀၁၀ ရွေးကောက်ပ'ွဲ
ကနေ ပေါ်လာမှာ ဖြစ်တယ်။ '၂၀၀၈ အခြေခံဥပဒေ' မှာက စစ်ကောင်စီကို ဘယ်လိုဖွဲ့ ရမယ်ဆိုတာကို အတိအကျ ပြဌာန်းပြီး ဖြစ်တယ်။
"အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စ"ီ လို့ နာမည်ခံမှာပဲ။ ကောင်စီဝင်စုစုပေါင်း (၁၁) ယောက် ရှိမယ်။ ယူနီဖောင်းဝတ်ထားတဲ့
သူက (ဘောင်းဘီဝတ်က) (၇) ယောက် သေချာပေါက်ပါမယ်။ ကျန်တဲ့ (၄) ယောက်မှာကလည်း ဘောင်းဘီချွတ်ပဲပါဖို့ များတယ်။
အဲဒီ 'အကလ ကောင်စ'ီ ဟာ ပေါ်လာမယ့် စစ်အုပ်စုအသစ် ဖြစ်ပါလိမ့်မယ်။
ချုပ်လိုက်ရင် -
 စစ်အုပ်စုသစ်ဟာ 'အခြေခံဥပဒေ' ရယ်၊ 'ရွေးကောက်ပ'ွဲ ရယ်နဲ့ ပေါ်လာတဲ့ဟာဖြစ်လို့ အရင်ကဟာတွေနဲ့ မတူဘူး။
ဒါက ပထမထူးခြားချက်။
 ဒုတိယထူးခြားချက်က ပြည်သူလူထုဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ဓာတ်
မွေးရာပါဗီဇအရ ပါလာသူတွေချည်း ပါဝင်မယ့်စစ်အုပ်စု ဖြစ်လိမ့်မယ်။

(၂) အထက်မှာပါတဲ့ 'ဒုတိယထူးခြားချက်' ကို အကျယ်တင်ပြပါမယ်။ ၁၉၅၈ တုန်းကပေါ်တဲ့ စစ်အုပ်စုနဲ့ ၁၉၆၂ က စစ်အုပ်စု၊ ဒီ (၂) ခု
စလုံးမှာ ပါဝင်တဲ့ စစ်ဗိုလ်တွေဟာ စစ်မျိုးစစ်နယ
ွ်တွေ မဟုတ်ကြဘူး။ ဒုတိယကမ္ဘာစစ်ကြီးနဲ့ တော်လှန်ရေး (၂) ရပ်ကို ဖြတ်သန်းခဲ့ကြတဲ့
ဓနရှင်ပေါက်စ အလယ်အလတ်လွှာပညာတတ်တွေ ဖြစ်ကြတယ်။ လူထုလ>ှုပ်ရှားမ>ှု၊ တိုးတက်တဲ့ နိုင်ငံရေးလ>ှုပ်ရှားမ>ှုနဲ့ ကင်းကွာသူတွေလည်း
မဟုတ်ကြဘူး။ နီးနီးစပ်စပ် ပါဝင်ခြဲ့ ကသူတွေ ဖြစ်တယ်။
• ဒီမျိုးဆက် (၂) ခုကို နိုင်ငံရေးမျိုးနွယ်စစ်အုပ်စုလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ်။
• နဝတ နဲ့ နအဖ မျိုးဆက် (၂) ခုကတော့ နိုင်ငံရေးမျိုးနွယ်တွေ မဟုတ်တော့ဘူး။ စစ်မျိုးစစ်နွယ်တပိုင်း ဖြစ်တယ်။
သူတို့ဖြတ်သန်းဖူးတာက ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေး၊ လူမျိုးစုဆန့်ကျင်ရေး ပြည်တင
ွ်းစစ်ပဲ
ဖြစ်တယ်။ တိုးတက်တဲ့ နိုင်ငံရေးနဲ့ လုံးလုံးလျားလျား ကင်းကွာနေသူတွေ ဖြစ်တယ်။
• အခုပေါ်လာမယ့် စစ်အုပ်စုကတော့ စစ်မျိုးစစ်နွယ်စစ်စစ် မျိုးဆက်ပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် နောင်လာမယ့်
'မောင်ပုလဲ' ဟာ ကြမ်းမယ်ရမ်းမယ်။ '၂၀၀၈ အခြေခံဥပဒေ' ကလည်း မြင်းကို ချိုတပ်ပေးထားတာ ဖြစ်နေလို့ပ။ဲ

(၃) မြင်းကို ချိုဘယ်လိုတပ်ပေးထားသလဲ ဆိုတာကို ဖော်ပြရရင် -


• သမ္မတနဲ့ ဒုသမ္မတကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာမှာ ကြည့်ပါ။ စစ်ဗိုလ်က အခရာပဲ။
• လွှတ်တော်မှာ စစ်ဗိုလ်အမတ် '၁၁၀' ယူထားတာ ကြည့်ပါ။ ဒီစစ်ဗိုလ်အမတ်တွေက လွှတ်တော်ထဲမှာ "ပွဲကြပ်ဖ"ို့
လာနေကြတာပဲ။ ထိုင်ပြီးငိုက်နေဖို့ မဟုတ်ဘူး။
• ဝန်ကြီးအဖွဲ့ မှာ ကာကွယ်ရေး၊ ပြည်ထေ
ဲ ရး၊ နယ်စပ်ရေး ဝန်ကြီးနေရာ (၃) နေရာကို စစ်ဗိုလ်တွေက အပိုင်စား
ရယူထားတယ်။ တခြားဝန်ကြီးနေရာတွေလည်း မျက်စောင်းထိုးထားတယ်။
• 'အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စ'ီ ဟာ အချုပ်အခြာအာဏာပိုင် ဖြစ်မှာပါ။ အဲဒီ (အကလ ကောင်စ)ီ ကပဲ
အရာရာကို စီရင်ဆုံးဖြတ်တော့မှာ ဖြစ်တယ်။

(၄) လစ်ဘရယ်ဒီမိုကရေစီအတွက် ကွက်လပ်ရှိမရှိ၊ လူမပြောင်းပေမယ့် မူပြောင်းမှာပါ စတဲ့စတဲ့ စိတ်ကူးယဉ်မ>ှုတွေဟာ ဘယ်လောက်


အဖြစ်မှန်နဲ့ ကိုက်ညီမလဲဆိုတာကိုတော့ ၂၀၁၀ လွန်ကာလ လက်တွေ့က ပြလာပါလိမ့်မယ်။ ကြာကြာစောင့်ရမှာ မဟုတ်ပါ။

www.cpburma.org

You might also like