You are on page 1of 2

ရက်စွဲ။ ။ ဇန်န၀ါရီလ (၁၄) ရက်၊ ၂၀၁၀ ခုနှစ်

ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

မြန်မာ့တပ်မတော်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အပေါင်းတို့-

သမိုင်းအဆက်ဆက်ကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို

ကာကွယ် စောင်ေ
့ ရှာက်ဖို့ ခေတ်သမိုင်းရဲ့ တောင်းဆိုချက်နှင့်အညီ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်မှု၊

တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ အခွင့်အရေးတွေကို တိုင်းရင်းသား ပြည်သူတရပ်လုံး ခံစား၊ စံစားနိုင်ရေးအတွက်

ရဲဘော်တို့ရဲ့ ဘိုးဘေးဘီဘင် မြန်မာ့တပ်မတော်သားကြီးတွေဟာ အသက်၊ သွေး၊ ချွေးကို စတေးပြီး

မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဒါပေမယ့်လဲ အခုလက်ရှိအခြေအနေအထိ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုဆိုတဲ့ လူ့အခွင့်အရေးတွေကို

မြန်မာပြည်သူလူထုအနေနဲ့ ခံစားခွင့် မရရှာကြသေးပါဘူး။ မြန်မာပြည်သူလူထုဟာ အာဏာရူးနေတဲ့ စစ်အာဏာရှင်တစုရဲ့

ဖိနှိပ်ချုပ်ချယ်၊ သတ်ဖြတ် နှပ


ိစက်မှုတွေကို ခံနေကြရဆဲဖြစ်ပါတယ်။ ဒီစစ်အာဏာရှင်တစုဟာ ရဲဘော်တို့ရဲ့ ရိုးဖြောင့်

တည်ကြည်မှု၊ သစ္စာစောင့်သိမှုတွေကို အသုံးချပြီး သူတို့အာဏာတည်မြဲဖို့၊ သူတို့သားသမီး၊ မြေးမြစ်တွေကောင်းစားဖို့

စီမံဆောင်ရွက်နေကြပါတယ်။ ရဲဘော်တို့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေအပါအ၀င် ပြည်သူလူထုမှာတော့

ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ၀မ်းရေးအတွက် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေနေကြရတာ ရဲဘော်တို့

မျက်မြင်ကိုယ်တွေ့ပါ။ ဒါကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ လူထုတရပ်လုံး

လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက် တာဝန်ဟာ

မပြီးမြောက် သေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဒီရည်မှန်းချက်တာဝန်တွေ ပြည့်စုံပြီးမြောက်ဖို့အတွက် မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းထဲ တွန်းပို့နေတဲ့

စစ်အာဏာရှင်တွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ပြည်သူ့တပ်မတော်သား ပီသစွာ တော်လှန်တိုက်ပွဲဝင်ပေးဖို့

ရဲဘော်တို့ အားလုံးကို ပန်ကြားတောင်းဆိုအပ်ပါတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ကို

ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်အောင် တွန်းပို့နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့်

တပ်မတော်သားအပေါင်းကို ပြည်သူတရပ်လုံးက ဂုဏ်ယူစွာနဲ့ စောင့်ကြိုနေကြပါပြီ။


ကျောင်းသား၊ ဘုရားသား၊ စစ်သား ဆိုတဲ့ နိုင်ငံတော်ရဲ့ သားကောင်းရတနာ သုံးပါးထဲမှာ တပါး အပါအ၀င်ဖြစ်တဲ့

ပြည်သူ့စစ်သား ပီသစွာ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ပြီး၊ ပြည်သူ့ရန်သူ အာဏာရှင်ကို တော်လှန်ကြဖို့

လေးစားစွာ ပန်ကြားအပ်ပါတယ်။

ပြည်သူ့စစ်သား ပီသရေး - ဒို့အရေး၊ ဒို့အရေး

တပ်နဲ့ပြည်သူလက်တွဲရေး - ဒို့အရေး၊ ဒို့အရေး

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု - အောင်ရမည်၊ အောင်ရမည်

ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်။

ဆက်သွယ်ရန်။

ကိုမိုးသီးဇွန်၊ ဥက္ကဌ။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်။ Tel: +81 090 1506 2893

ကိုရွှေစင်ထွန်း၊ ဒုဥက္ကဌ (၂)။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်။ Tel: (+1) 301 523 9292

ကိုရင်အေး၊ အထွေထွေအတွင်းရေးမှူး။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်။ Tel: (+1) 240 753 2397

မခင်မမမျိုး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)။ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်။ Tel: (+44) 122 452 4077

You might also like