You are on page 1of 36

“ကျေးဇူးတင်လွှာ”

“ကဗျာလေးတပုဒ”် ...ဆိုပေမယ်.့ ...............

နိုဝင်ဘာ(၁၉)ရက်နေ့ မှာကျရောက်မယ့် ကျမရဲ့ မွေးနေ့ အတွက.် ...


“မွေးနေ့လက်ဆောင်အဖြစ် ကဗျာလေး တပုဒ်လောက် လက်ဆောင်ပေးပါနော်”..လို့ကျမ သူငယ်ချင်းတွေ
ဆီကတောင်းခဲ့ဖူးတယ်။

“ရော့..နတ်သမီးအတွက် မွေးနေ့လက်ဆောင်ကဗျာ”..တဲ့ အားလုံးကရေးပေးခဲ့ ကြတာ ကျမဖြင့်ပျော်ရွှင် ဝမ်းသာမှု


တွေအလီလီ ခဏခဏ ဖတ်ကြည့်ခဲ့ရတာလည်းအမောပေါ့။ ပေးခဲ့ကြတဲ.့ . ရေးခဲ့ကြတဲ့ သူတို့တွေရဲ့ရင်ထဲက
အနုပညာခံစားချက်တွေကို ကျမတန်ဖိုးထားတယ်။ “ကဗျာတပုဒ”် လွယ်လွယ်လေးနဲ့ ဖြစ်လာမယ်တဲ့လား။ အဖိုးတန်
လက်ဝတ်ရတနာ ပစ္စည်းတခု ကိုငွေရှိရင် ဝယ်လို့ရတယ်။“ကဗျာတပုဒ”် ရဲ့ တန်ဖိုးကို ဘယ်လို အဖိုးခနှုံးနဲ့ တန်ဖိုးဖြတ်
ဝယ်မှာလဲ.. ခံစားချက်ရှိမှရေးလို့ရတဲ့ အနုပညာတခုဖြစ်တဲ့ “ကဗျာ”... သူတို့ရဲ့ခံစားချက်တွေနဲ့ သီကုံးထားတဲ့
အဖိုးမဖြတ်နိုင်တဲ့ ကျမအတွက် “တန်ဖိုးအရှိဆုံးရတနာ” ဟာ...သူတို့ဆီကရခဲ့တဲ့  “ကဗျာ” ..ပါပဲ..။

ကဗျာတွေနဲ့ အိပ်စက်တတ်တ.ဲ့ .ကျမ၊ ကဗျာတွေနဲ့နိုးထတတ်တ.ဲ့ .ကျမ ၊ ကဗျာတွေကိုရူးသွပ်တ.ဲ့ . ကျမ၊ ကဗျာတွေကို


ချစ်တ.ဲ့ .ကျမ၊ ငွေကိုမလိ.ု ..ရွှေကိုမလိ.ု .. ကဗျာကိုသာ အလိုရှိသည်..။ ကဗျာသာလျှင် ကျမရဲ့“ဘဝ” ကဗျာသာလျှင်
ကျမရဲ့“ထာဝရ” ကဗျာသာလျှင် ကျမရဲ့“အဟာရ ”ပါ... ။ကျမအတွက်အမှတ်တရပေးထားတဲ့
ကဗျာလေးတွေကိုစုစည်းပြီး အမှတ်တရ ရေးသားသီကုံးပေးကြတဲ့ ညီကိုမောင်နှမ အားလုံးကိုတန်းဖိုးထား
လေးစားသောအားဖြင့် ကဗျာစာအုပ်လေးအဖြစ် ထုတ်ထားခြင်းသာဖြစ်ပါတယ်ရှင်။ လွတ်လပ်စွာမည်သူမဆို
ခံစားဖတ်ရှု့နိုင်ပါတယ်။ကြိုက်နှစ်သက်မယ် ဆိုရင်းလည်း ကိုယ်ပိုင် သိမ်းထားနိုင်ပါတယ်။အခကြေးငွေ တစ်စုံတစ်ရာဖြင့်
ရောင်းချခြင်း စီးပွားရေးအတွက် အသုံးပြုခြင်းများကို အထူးတားမြစ်ပါတယ်ရှင့်။စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်
လေးစားလျှက်။
(ကဗျာလက်ဆောင်ပေးပို့သူ..သူငယ်ချင်းအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။)
နမ်းမဝ
မာတိကာ

ကျေးဇူးတင်လွှာ ….... ၂
မာတိကာ ….... ၃
Happy Birthday ....... ဝက်ဝံလေး ၎
အမှတ်တရနိုဝင်ဘာ ...... ဒဏ္ဍာရီ ၅
နတ်သမီးအတွက် ကဗျာ ..... ညရဲ့ကောင်းကင် ၆
အဖြူရောင် နတ်သမီးရဲ့ မိုင်တိုင်သစ်ဆီသို့ .….. စိန်လျှံထွန်း ၇
သူ့အတွက်ကဗျာ ...... moon ၈
ဘလောဂ်ဂါသူ ...... မိုးသွေးငယ် ၁၀
နတ်သမီး ...... သက်တန့်ချို ၁၁
ဇာတ်ဝင်တေး ...... ကိုနောင် ၁၂
မွေးနေ့ ...... ဝင်းမင်း ၁၃
ကဗျာဆရာ ...... အရုပ်လေး ၁၄
မွေးနေ့ဆုတောင်း ...... ဆွေလေးမွန် ၁၅
မွေးနေ့လက်ဆောင် ..... သိင်္ဂါကျော် ၁၆
နောင်နှစ်တစ်ရာတိုင်ဆီသို့ ...... နေစစ်သူ ၁၇
ပျော်ရွှင်စရာ မွေးနေ့  ...... ကိကီ ၁၈
တနင်္ဂနွေရဲ့ အဖြူရောင်သတို့ သမီး ...... moeset eian ၁၉
ဆိုက်ပရက် နတ်သမီး နမ်းမဝ …... အန်(န်)စလင်း ၂၁
နတ်သမီးမမအတွက် …... မောင်ဘကြိုင် ၂၂
အလင်းတိုင်တစ်ခုရဲ့ ဘ၀ ..... ဏီလင်းညို ၂၃
အဖြူရောင် နတ်သမီး ..... တောလူသစ် ၂၅
ကမ္ဘာကြီးကပေးသော အိမ်မက် …... Promise ၂၆
မနမ်းမ၀အတွက် ..... တက်လူငယ် ၂၇
အဖြူရောင် နတ်သမီး ..... မိုး ငွေ့ ၂၈
မွေးနေ့ရှင်အတွက်ဆန္ဒမွန် ….. ဇာနည်မောင် ၃၀
အမှတ်တရ ပုံပြင် ..... whitelotus ၃၃
အမှတ်တရပြောစကား …... နမ်းမဝ ၃၅
4

*** HAPPY BIRTHDAY ***

H ..အိပ်မက်တွေကိုစိုးမိုးတဲ့ သူရေ
A..အေဒင်ဥယျာဉ်ကြီး အသစ်ဖန်ဆင်းပေးပါ့ မယ်
P..ပီသတဲ့  ရင်ခုန်ခြင်း ပြုံး၍လည်းနားဆင်ပါ
P..ပီသတဲ့  ရင်ခုန်ခြင်း ရယ်၍လည်းနားဆင်ပါ
Y..ဝိုင်တွေလို ရစ်မူး ငါကိုယ်တိုင် နင့် အတွက်အရူးအမူးဖြစ်နေတာ

B..ဘီယာလို ခဏလေး အမြုပ်ထ


I..အိုင်တွေ့ ချေဆေး အနေဝေး တဲ့  သူ လို့ မထင်ပါနဲ့ 
R ..အာခေါင်ခြောက်အောင် ကတိတွေ သယ်ဆောင် လာပါရဲ့ 
T.. တည်တည် တံ့တံ့ ချစ်ပါရစေ
H..အိပ်မက်ရှင်ရေ
D..ဒီလို ဘဝ နင့် မှမကယ် သေဖွယ်ရှိရဲ့ 
A..အေး to ပူမျှမချစ်နိုင်ရင် တောင်မှ
Y ..ဝိုင် လို စိတ်ကြီး နှစ်ခွ ဖြစ်နေရတော့ ...
ငါ့ မှာ နင့် ကို လွမ်းရတာနဲ့  ပဲ Happy နေ့ တွေ ဝေးနေတာကြာပီ..
မရေ ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးအတွက် အကြိုပေါ့နော် ။ညီမရေးတယ်လို့ မထင်လိုက်နဲ့နော် သိလား သူငယ်ချင်း
ပေးထားတဲ့ မွေးနေ့ဆုတောင်းလေးပါ ညီမ မရေးတတ်လို့ သူငယ်ချင်းကို အကူအညီတောင်းလိုက်တာပါ

ညီမငယ်
ဝက်ဝံလေး
5

သူငယ်ချင်း Angel ရဲ့ မွေးနေ့မှာ အမှတ်တရ ကဗျာလေး စပ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကဗျာ မရေးတတ်တဲ့
ကာရံမသိတဲ့ နွယ့်ကို နာလည်ပေးပါနော်။ ခင်မင်မှုတွေနဲ့ မွေးနေ့ကဗျာလေးကို သီကုံးပေးလိုက်ပါတယ် .....။
Angel ရဲ့ နိုဝင်ဘာ ၁၉ မွေးနေ့မှသည် ဘ၀တလျှောက်လုံး ချစ်သော သူငယ်ချင်းများနဲ့ အတူ အေးချမ်းသာယာသော
ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ...။
အမှတ်တရ နိုဝင်ဘာ
ခင်မင်မှုတွေ စတည်လို့
မမြင်နိုင်တဲ့ သံယောဇဉ်
စာတွေရေးရင်း ရောက်ခဲ့ရ
Angel လေးရဲ့ အိပ်ဂေဟာ ...။

ရေမြေခြားလို့ ဝေးပေမယ့်
အိမ်လေးတွေကို နေ့စဉ်လည်
အားပေးစကား ဆိုရာဝယ်
မောပန်းသမျှ ပြေစေသား ...။

၁၉ နိုဝင်ဘာ ရက်မြတ်ခါ
ချစ်သော Angel မွေးနေ့ပါ
ဒီရက်မှသည် စတည်ကာ
ပျော်ရွင်ခြင်းများ ရစေသား ...။

Angel ဘ၀ အနာဂတ်
အေးမြပါစေ တောင်းဆုချွေ
ဖြူစင်စိတ်ထား Angel ထား
ဆုတောင်းတိုင်းပင် ပြည့်ပါစေ ...။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
6

မင်္ဂလာပါ ... မမအဖြူရောင်နတ်သမီး ကျွန်တော် ကဗျာလေးကို


ပို့လိုက်ပါပြီ...ကြိုတင်ပြီးပျော်ရွှင်ရအောင်လို့ပါ...အတွေးတွေနဲ့တင် ပျော်နေတာကို
ပိုပျော်စေချင်လို့ပါ....ဒီကဗျာလေးကို ၂ ရက်တိုင်တိုင် ခေါင်းစားခံပြီးရေးခဲ့တာပါ...နောက်ရက်တွေဆို အားဖို့
သိပ်မကျိန်းသေလို့...ခုကတည်းက အပြီးရေးလိုက်တာပါ....ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ထင်ပါတယ်...မွေးနေ့
ပွဲလေးကို စိုစိုပြေပြေကျင်းပနိုင်ပါစေ....
“နတ်သမီးအတွက် ကဗျာ”

အကာအရံများစွာနဲ့ နတ်သမီးပေမယ့် တချက်မညီးခဲ့ပါဘူး ...


ကန့်သတ်ပိုင်းခြားထားသော လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
ကမ္ဘာ့နံရံများကြားက မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။
ဖောက်ထွက်လာတဲ့ အလင်းတန်း အရူးရင့်မယ့် ကံကြမ္မာလည်း
ကမ္ဗာလာမြေလွှာတွေ လန်းစေဖို့ တူးခြစ်လို့ အကောင်းမြင်
နတ်ပျိုမင်းသမီးကို ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။ ၀ါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။
ပျိုးပျိုးပျက်ပျက် လက်နေတဲ့ သူ ... အဖြူရောင်နတ်သမီး
သူ့ ... မှော်ဝင်ကကွက်တွေမှာ ယူဆောင်ခြင်းအလင်းလေးနဲ့
ရာဇ၀င် တင်စေဖို့ လေထဲက ဖယောင်းတိုင်လို
အချင်းနဲ့အလင်းကို ပေါင်းဖက် ပူလောင်ခြင်း ကင်းဝေးစွာ
တတ်စွမ်းသမျှ အတတ်နဲ့ စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
ဖြတ်သန်းရတဲ့ လမ်းမှာ လူသားအကျိုးပြုဖို့
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့ လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။ ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နာကျင်မှုတံတိုင်းလည်း နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။ ချက်ချင်းစေ့တော့မယ် ... ။
ချက်ချင်းစေ့တော့မယ် ... ။
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
ကမ်းလွန်ခဲ့တယ် … လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
အလွမ်းဆိုတာတော့ စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး …
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့ ... ။
7

ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး …
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ...

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။

လေးစားစွာဖြင့်
~~~~~~~~~~~~~~
*ကဗျာတွေခင်းဖို့ဆို ညချမ်းချိန်မလို မနက်တိုင်းဆီမှာတော့ အရပ်တိုင်းဆီက တင်ကျတဲ့စာလွှာတွေ
ကုန်ဖန်အောင်ဖတ်မှာမို့ အချိန်ကုန်ခံလူသားကျွန်တော်ပါ*
ညရဲ့ကောင်းကင်
8

အဖြူရောင် နတ်သမီးရဲ့ မိုင်တိုင်သစ်ဆီသို့……

မတည်မြဲတဲ့လောကကြီးမှာ
မပြောင်းလဲတတ်တဲ့ အကြောင်းတရားက
နေမင်းကြီးရဲ့နွေးထွေးမှု
ကျေးငှက်တို့ရဲ့ နှုတ်ခွန်းဆက်သံ
ပန်းတို့အလယ် ပျားပိတုန်းတို့ရဲ့ ရယ်မောသံနဲ့
အရာအားလုံးဟာ သက်ဝင်နေလေရဲ့။…..

ကမ္ဘာတစ်ခွင် လှည့်လည်စီးဆင်းနေတဲ့
ရေစီးကြောင်းတို့ရဲ့ ချီတက်သံတွေက
အဖြူရောင် နတ်သမီးလေး အတွက်တော့ ခွန်အားတွေပဲပေါ့။…..

ပြုံးအလှပိုင်ရှင် …. အဖြူရောင် နတ်သမီးလေးရေ….


ရွေ့လျားတတ်တဲ့ အချိန်လက်တံတွေကြောင့်
နာရီလက်တံတွေ တရွေ့ရွေ့နဲ့
နေ့တွေပြောင်း လတွေဟောင်းလို့
အလွမ်းတွေကို ရှတစွာ ထုဆစ်ရင်း
အလင်းပန်းတွေဝေဆာ
သက္ကရာဇ်တွေ ချိုးဖဲ့ရင်း…
မိုင်တိုင်တစ်ခုကို ရောက်ခဲ့ပြန်ပြီးပေါ့….။

ဖြူစင်တဲ့မေတ္တာကမ္ဘာအောက်မှာ အဖြူရောင် နတ်သမီးလေး ထာရဝ ငြိမ်းချမ်းပျော်ရွင်ပါစေ..


မမအတွက်မွေးနေ့အမှတ်တရ ..

ချစ်ခင်လေးစားစွာဖြင့်

စိန်လျှံထွန်း
9

သူ့အတွက်ကဗျာ
ပါတီပွဲလေးတစ်ခု
မင်းရဲ့ birthday -------မို့
ငါ့ရဲ့ခြေအစုံဟာ
ထူးခြားစွာပေါ့ပါးနေခဲ့တယ်။
အရောင်တွေကိုရှေ့တန်းတင်လွန်းတဲ့
မင်းရဲ့အသိုင်းအ၀ိုင်းကြားမှာ
ငါဟာဘာလဲ---------
တို့နှစ်ယောက်ရဲ့တီးတိုးသံ
သူတို့အတွက်အဆိပ်ဖြစ်ခဲ့ရတယ်။
မျက်လုံးများနဲ့ပစ်ခတ်တဲ့ကျည်ဆန်
ငါ့ရင်ကိုထိမှန်ခဲ့ပြီလေ-------------
လွတ်လပ်မှုရှိတဲ့ရောင်စုံမီးများ
ပျော်ပါးနေလိုက်ကြတာနော်----------။
မွေးနေ့ရှင်လေးရေ
အနာတရလူသားအဖြစ်နဲ့
မင်းဘ၀ခရီးလမ်းကိုမနှောက်ယှက်ရက်ပါဘူးကွာ။
ဒါပေမဲ့လေ----------
ငါ့အခန်းလေးရဲ့လက်ဝှေ့စင်ပေါ်မှာ
အနိုင်အရှုံးမပေါ်စေခဲ့တဲ့လက်သီးများကိုတော့
အမြဲအမှတ်ရနေမိမှာပါ--------။
----------နောင်နှစ်ပေါင်းများစွာ
ပျော်ရွှင်နိုင်ပါစေနော်--------------။
moon
10

“ ဘေလာဂ္ဂါသူ ”
** နှလုံးသား အလှ *** ချစ်သူ ခင်သူ
အပြုံးများစွာ ကြင်နာသူနှင့်
ထာဝရဖြင့် ပျော်ရွှင်ကြည့်နူး
ဘလောဂ်ရွာမှာ... အထူးထူးသော
လှည့်လည် ကာဖြင့် စာပေတာဝန် များလှစွာကို
တစ်နှစ်တွင် တစ်ခါ ကြေ ပြွန်စွာထမ်း
ကျရောက်လာမည့် အမြဲတမ်း...
မွေးနေ့ပေါင်း များစွာ ကြိုးစားရေးသား
နှစ်ပေါင်းများစွာ........ နိုင်စေသော်......။

မွေးနေ့ပေါင်းများစွာမှာ ပျော်ရွှင်အေးချမ်း မှု့များစွာဖြင့် ဖြတ်ကျော်နိုင်ပါစေ။

ခင်မင်မှုဖြင့်-
အားလုံးကိုပျော်စေချင်တဲ့ …....
မိုးသွေးငယ်/
11
နတ်သမီးလေးရေ...မွေးနေ့အတွက် ကဗျာလေးပို့လိုက်ပါတယ်....မွေးနေ့ကဒ်နဲ့တဂ်ထားတဲ့ ကဗျာတစ်ပုဒ်
ထပ်ပို့ပါဦးမယ်...နတ်သမီးလေးရဲ့ မွေးနေ့မှာကျန်းမာပျော်ရွှင်ပြီး ချစ်သောသူတွေနဲ့ ဘ၀တစ်သက်လုံးနေထိုင်နိုင်
ပါစေလို့မွေးနေ့အကြိုဆုတောင်းပေးလိုက်ပါတယ် ။
နတ်သမီး
ဖြူလွှလွှ ဇာပုဝါအောက်က...
အဲဒီကောက်ကြောင်းတစ်စ.ုံ ..
သူမ...မာနကင်းတယ်....
သိမ်မွေ့တယ်....
လူတွေကို အရောင်မဆိုးတတ်ဘူး....
မိန်းမသားပေမယ်.့ ...အလံစိုက်ရဲတယ်...
သူမပန်းတိုင်က...
မွှေးရနံ့တွေနဲ့...
ကြုံရတဲ့လောကဓံမှာ.....
အလိုက်သင့်စီးမျောခဲ့တဲ့...သူမဘ၀...
အရာရာရင့်ကျက်တည်ငြိမ်မှုတွေနဲ့...
အောင်မြင်မှု...ရှုံးနိမ့်မ.ှု ....
အတ္တတွေ...မာနတွေ...
ပြိုင်ဆိုင်မှုတွေ...တိုက်ပွဲတွေ...
ဟန်ဆောင်မှုတွေ...မျက်နှာဖုံးတွေ...
အရာအားလုံးဟာ သူမ....
ခြေဖ၀ါးအောက်မှာ အစီအရီ....
အဲဒီလို စုတ်ချက်တွေထဲ...
သူမဘ၀ က ပန်းချီဆန်တယ်...
မှောဆရာပျိုးတဲ့ ပန်းတစ်ပွင့်ပေါ့....
ဥယျာဉ်မှုးသူမက....
ပန်းကလေးတွေကြည့်ပြီး...
ကြည်နူးနေတတ်သ.ူ ...
နတ်သမီးဘ၀ ...အဖြူရောင်...
အဲဒီတိမ်လွှာတွေစီးနင်းရင်း....
လှိုင်းဒါဏ်...လေဒါဏ်....မုန်တိုင်းဒါဏ်တွေကို...
အံတုနိုင်ပါစေ.....
အပေါင်းအသင်းတွေများစွာနဲ့....
အဲဒီပင်လယ်ကြီးမှာ...
ပျော်ရွှင်ကူးခတ်နိုင်ပါစေ.....

(သက်တန့်ချို)
12

ဇာတ်ဝင်တေး
ဘယ်သူမဆို ကိုယ့်ခရီးမှာ
ကိုယ့်မီးနဲ့ကိုယ်ပဲလေ...
ကိုယ့်အပင်ကိုယ့်အသီးအပွင့်
မြင့်မြတ်ရှင်သန်ဖွံ့ထွားဖို့
နိုးကြားသင့်ပေရဲ့ .....။
လမ်းလွဲလာလိုက်တာ
ဘဝတွေ အော်ခေါ်လည်းမကြားတော့
လက်ထဲကပေါင်မုန့်အသိုးကို
မက်မက်စက်စက် မငြီးငွေ့နိုင်
နှစ်ကာလတွေ လည်း အနည်ထိုင်ခဲ့ ...။
ဘယ်သူမဆိုပေါ့
ကိုယ်ကျင်လည်ရာ
ဘယ်အရာကိုဖြစ်ဖြစ်
တွေးခေါ်ကြည့်သင့်ပါတယ် ...။
နေရောင်ခြည်ဆုတ်ခွာ
အ,ကာလရောက်တာနဲ့
အခန်းတံခါးကို ချက်ချ
မီးခလုတ်ပိတ် အလကားနေရင်း
ဘဝကို (အဲဒီလို) အိပ်ပစ်လိုက်ဖို့
မကောင်းဘူးထင်ရဲ့......။
ကိုနောင်
thank you
အမရေ
မွေးနေ့ အတွက် ကဗျာပို့ လိုက်ပါပြီ။ပျော်ရွှင်ပါစေ ဝင်းမင်း
14

**ကဗျာဆရာ**
ဇာမဏီငှက် တစ်ကောင်လို
သူ့အမွေးအတောင် တစ်ခုအတွက်
အသက်အသေခံမယ့် ဂုဏ်သိက္ခာ...

အောက်ချင်းငှက် တစ်ကောင်လို
အချစ်အတွက် တောင်ပံရုတ်ပြီး
မြေပြင်ကိုအရှိန်ပြင်းပြင်း ထိုးစိုက်ဆင်းရဲတဲ့ သတ္တိ...
ဇီဝဇိုးငှက် တစ်ကောင်လို
မျိုးဆက်ရှင်သန်ဖို့အတွက်
ရှိသမျှပြန်အန်ပြီး အသိုက်ဖွဲ့ တဲ့ စွန့်လွတ်မှု....

ပင့်ကူတစ်ကောင်လို
ကိုယ်ဆောက်တဲ့ အိမ်မှာ
ကိုယ်တိုင်အကျဉ်းသားဖြစ်နေမှန်း မသိလောက်အောင်
စွဲလန်းရင်း...

အဲဒီချဉ်ခြင်းတွေ တက်တက်နေသမျှ
အိပ်ရာထတိုင်း ကဗျာကို ပက်ချင်နဲ့သောက်ရမှ
ကြေနပ်နေတတ်တဲ့ငါ...
တောက်တဲ့ တစ်ကောင်လ.ို .
တစ်တီတူး တစ်ကောင်လို...
ဇီးကွက် တစ်ကောင်လ.ို ..
ကိုယ့်ကိုကိုယ့် ကဗျာဆရာလို့ ထထအော်မိတယ်...။ ။
idulize (အရုပ်ကလေး)
15

မွေးနေ့ဆုတောင်း ကဗျာတစ်ပုဒ် လက်ဆောင်ပေးပါရစေ။


မွေးနေ့ဆုတောင်း
ညခင်းရယ်သာ ရွှေလရယ်
ရွှန်းလဲ့လဲ့နဲ့ ညင်းလေပြည်
အေးလို့ရယ် ခပ်အေးအေး
ဒီဆောင်းရာသီလို
ချစ်သောအစ်မ နမ်းမဝ
အေးချမ်းပါစေကွယ်..။ ။
ထက်ကောင်းကင် ၀န်းကျင်မှာဖြင့်
တိမ်မိုးသားကင်းလို့ ရယ်
သူ့အစွမ်း..သူ့ကိုယ်ရည်နဲ့
လင်းလက်တဲ့ ကြယ်ကလေးများလို
ချစ်သောအစ်မ နမ်းမဝ
လင်းလက်တောက်ပသော ဘ၀ကို
ရရှိနိုင်ပါစေကွယ်။
သက်ရှည်ကာ ကျန်းမာလို့
အောင်မြင်မှု သရဖူဆောင်းပြီ
လတန်ဆောင်မှာ သူမွေးနေ့မို့
တန်ဆောင်တိုင်သူလို့ ကြွေးကြော်သူ
ချစ်သောအစ်မ နမ်းမဝ
ရင်အေးသောအပြုံးဖြင့်
အစဉ်ထာဝရ ပြုံးပျော်နိုင်ပါစေလို့။ ။
ဆွေလေးမွန်
16
အဖြူရောင်နတ်သမီးအတွက် မွေးနေ့လက်ဆောင်

ဆောင်းပန်းတစ်ပွင့် လောကကြီးကလည်း ကောင်းချီးဆုမွန်ပေးပေါ့။


နှင်းစက်တွေ သည်းထန်တဲ့ သူမမွေးဖွားခဲ့တဲ့
နိုဝင်ဘာမှာ စာ ကဗျာတွေလည်း
နူးညံစွာ ပွင့်ဖူးလာခဲ့တဲ့ အားပေးသူတွေက မျှော်လင့်လို့
အဖြူရောင် ပန်းတစ်ပွင.့် ..။ ဖျက်လိုဖျက်ဆီး နှောက်ယှက်သူတွေကို
သူမမှာ လျစ်လျူရှု
လေပြင်းနဲ့လွင့်မပါနိုင်တဲ့ စာပေခရီးလမ်းကိုလည်း
အိပ်မက်တွေ ရှိတယ် ဆက်လျှောက်ဆဲပေါ့။
စိတ်ကူးတွေ ရှိတယ် ကမ္ဘာမပျက်သရွှေ့
ယုံကြည်မှုတွေရှိတယ်။ နိုဝင်ဘာ ၁၉ ပေါင်းများစွာမှာ...
ဘယ်တော့မှ လက်မလွှတ်နိုင်မယ့် သူမ
အနုပညာပါရမီလည်း ရှိတယ်။ ပျော်ရွှင်စေကြောင်း
အားလုံးက ချစ်သောသူအပေါင်းက
ငေးမောအားကျရမယ့် ဆုမွန်ကောင်းတောင်းရင်းပေါ့။
နတ်သမီးပုံပြင်ထဲက
အဖြူရောင်နတ်သမီးပေါ့
ပန်းနုရောင်နှလုံးသားမှာလည်း
တစ်စုံတစ်ယောက်ကို ချစ်တဲ့ အချစ်တွေနဲ့
ပြည့်စုံလှပနေခဲ့...။
အလှအပအနုပညာနဲ့
လောကကြီးကို
ပျော်ရွှင်စေသူမို့
ဒီပန်းတစ်ပွင့်ရဲ့ မွေးနေ့မှာ သိင်္ဂါကျော်
17

နတ်သမီးအတွက်..
..ဖန်သားနန်းတော်လေးတစ်ခုတည်ဆောက်ပေးလိုက်ပါတယ် :)
18

ပျော်ရွှင်စရာ မွေးနေ့ 
အ သွင်တမျိုးနဲ့  ယဉ်လဲ့
ဖြူ စင်တဲ့  အပြုံးဆောင်
ရောင် စုံဖြာ ဘလောဂ်ရွာလေးထဲမှာ
နတ် ရေးတဲ့ ဖူးစာ တွေ့ စေဖို့ 
သ မင်လည်ပြန် မခို့ တရို့ နဲ့ မို့ 
မီး မထွန်းပဲ လင်းလှစွာအေးဆေး
မွေး ဖွားလာပေး သူတယောက်
နေ့  စဉ်အမြဲ ထွန်းတောက်ပါစေ ။
( လူဇိုး ... နောက်တပုဒ် ထပ်ရေး လိုက်ရတာ... မောတယ် ... ..ရေတိုက် ..)
နိုဝင်ဘာ ၁၉ မှာ အဖြူရောင် နတ်သမီး မွေးနေ့ ပါ
၁၉ xx ဖေဖေမေမေ့ သမီးပြုံး
ဇာတိ xx ၊ xx ခရိုင် သိရင် သိကြနိုင်
ကြံ့ ကြံ့ ခိုင်တဲ့ ဇာမဏီ သမီး
ဆိုက်ပရပ်စ် မှာ တကိုယ်တည်း မငြီး
ပျော်ရွှင်စရာ မွေးနေ့  ဖြစ်စေသတည်း ။ ။
ခုနှစ် ၊ မွေးရပ် မသိလို့  xx / xx ပဲ ရေး ပေးလိုက်တယ် .. သဘောပေါက်စ်စ်စ် ။။

ခင်မင်စွာဖြင့်
ကိကီ
19

" တနင်္ဂနွေရဲ့ အဖြူရောင်သတို့ သမီး "

ဆိုက်ပရပ်(စ်) အချစ်ပန်းတွေ ပွင့်တဲ့ 


" ခံစားမှု စိတ်ကူးယဉ်ပြတိုက် " တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်း စစ်စစ်နဲ့ 
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ် . . . . .

ကောင်းကင်မှာနက္ခတ်တွေ ရှက်သွေးရောင်တောက်ပချိန်
ရွှေအိမ်မက်ကို ခြေကျင်းလိုဝတ်ဆင်လျက်
နှင်းမြှားတစ်လက်နှင့် " ခ၀ဲပန်း " တို့ ကိုပစ်ခွင်းကာ
ကဗျာဝိညာဉ်မှာ ကဗ္မည်းတင်ဖို့ လာသည့်
" တနင်္ဂနွေ၏သတို့ သမီး " . . . . .

မြင်းမိုရ်တောင် တစ်ဝက်တစ်ပျက်မှတ်တမ်းမှာ
ကမ္ဘာပျက်လို့  ဇာတာမှိန်ခဲ့ ရတဲ့ " ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ " ဟာ
" ဖယောင်းတိုင် " က မီးတောက်ကိုချစ်သလိုမျိုး
မေတ္တာတရား ခြေရင်းကို မှိုတစ်ပွင့်လို ၀ပ်စင်းခဲ့  . . . . .

" ဆောင်းရတုပွဲ " မှာ နှင်းစက်တို့ ဖားလျားချသလို


မျက်ရည်ကို စားတဲ့  ငွေကြယ်တစ်ပွင့် အပြုံးဟာ
ရွှေမြန်မာကို တစ်ကြိမ်တစ်ခါတော့ ခြုံလွှမ်းခဲ့  ဖူးတယ် . . . . .

ပွင့်လင်းခြင်းနောက် ရိုးသားမှု စာမျက်နှာက


20
" ရွှေနှင့်ယိုးမှားပန်းစကား " ရဲ့ " နိုဝင်ဘာ ၁၉ " ဟာ
ခံစားချက်ကို ရှေ့ တန်းမှာ အခိုင်အမာတပ်စွဲ
မိုင်ပေါင်းကုဋေက သစ္စာတရား ကိုဦးညွှတ်လို့ 
အောင်မြင်လိုက် ကျရှုံးလိုက် ဂုဏ်ပုဒ်များကိုတလှည့်စီဆုပ်ကိုင်ရင်း
ဘ၀ပညာမှော်ဝင်စားမှုကို ကဝေပျိုအလင်းနဲ့  ပိုလင်းစေခဲ့ တယ် . . . . .

ဘ၀သံသရာမှာ အရွက်ချင်းမတူပေမဲ့  ဒီအတိုင်းပွင့်ချင်တဲ့ 


လေကြို လေကြားက ပန်းရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲမှုကြောင့်
လောကဓံမှာ " စိတ် " စာမေးပွဲ " ကျ " ခဲ့တယ်
မီးလျှံစ တစ်ခုလို ပြာ ညို ယိမ်း ညှိုး ခဲ့ ပေမဲ့ 
ဂျူးလီယက်ဆီဇာ ပြက္ခဒိန်မှာတော့ " ဥမ္မာဒန္ဓိ " ဟာနာမည်ဆိုးနဲ့ မကျော်ကြားခဲ့ဘူး . . . . .

ကော်ဖီတစ်ခွက်ကို ဘယ်အချိန်ခမ်းခြောက်မလည်းလို့ 
အနီရောင်ပန်း တစ်ပွင့်ကို ခဏခဏ မေးတတ်သလို
ဒဏ္ဍရီ ပန်းချီကားတစ်ချပ်ကိုလည်း ရင်ဘတ်တစ်စုံနဲ့ 
ဝင်ကြည့်တတ်လောက်အောင် Romantic ဆန်တတ်ပေမဲ့ 
တစ်ခါ တစ်လေ တော့လည်း " လမသာတဲ့  ည " မှာ
စပျစ်ဝိုင်ထဲ ယဉ်ယဉ်လေး မူးနေတတ်သူ . . . . .

စိမ်း ဝေ လင်း မြ တဲ့  ပန်းညများမှာ


ရင်ခုန်ရခြင်း အလင်္ကာ ဟာ
ဥသြ ဌက်ရဲ့  တေးသံစဉ်ထက် ချိုမြလို့ 
ကိုယ့်ယဉ်ကျေးမှု နဲ့  အိပ်စက်နေသူလေး
အာငွေ့ မှုတ်သံကြားမှ ဇာခန်းဆီးကိုပိတ်
အချစ်ဆိုတာ " နှလုံးသားက ဂီတသံစဉ် " ပါတဲ့  . . . . .

လက်ဖ၀ါးနုနုမှာ အက္ခရာတွေ ဥ ထားတဲ့ 


လင်းတစက်စက် မျက်တောင်လေးရဲ့ 
ပန်းရောင်ပျပျ " နမ်းမ၀ " ဘ၀မှာ
" ပထမ " ဆိုတဲ့  အယူတော်နမိတ်ကို အပြုံးဂုဏ်ဒြပ်ထဲထည့်
ခံစားချက်ကို လက်ဆွဲ ရာဇ၀င်ထဲမှာ ခရီးဆက်အုံးမယ် . . . . .

ခင်မင်ရသော အမနမ်းမ၀ ( အဖြူရောင်နတ်သမီး ) မှ မွေးနေ့ မတိုင်ခင်တစ်ပတ်အလိုမှာ


ကဗျာ တောင်းဆိုလာသဖြင့် အမ၏ဘ၀ အားအတတ်နိုင်ဆုံး သရုပ်ပေါ်အောင်ကြိုးစားရေး
ဖွဲ့ ပေးလိုက်ပါသည် . . . အမအနေနဲ့ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည် . . .
moeset eian
21
မကြီး နန်းမဝရေ... မခင်ရဘူးသေးပေမဲ့ ကိုမိုးသွေး ပြောပြလို့ နာမည်ကို ရင်းနှီးနေတာကြာပါပြီ
မကြီးအတွက် အမှတ်တရ......

“ဆိုက်ပရက် နတ်သမီး နမ်းမဝ”


ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ နိုဝင်ဘာ(19)
ပ ထမဦးစွာ မကြီးအတွက်
ရက် ရာဇာပါ့
နတ် တို့ရဲ့သခင်မ “ဂျုနို” လို
သ တိရ စွဲကျန်ရစ်စေမဲ့ အပြုံးများဖြင့်
မီး ကဲ့သို့ အပူ ဒုက္ခဟူသမျှ ချေမွ
နမ်း လို့ရယ်မဝ မွှေးထုံသင်းပျံ့ လှသွေးဆင့်တဲ့
မ ဉ္ဖူ သက နတ်ပန်းအလား မကြီးရဲ့ ဘဝ အေးချမ်းမှုများ အပြည့်အ
ဝ ခံစားရင်း
ပစ္စုပ္ပန် မှ အနာဂတ်လမ်းဆီသို့
လျှောက်လှမ်းနိုင်ပါစေ......
အန်(န်)စလင်း
ရယ်/စာ 2079
မလေးရှား
22

နတ်သမီးမမအတွက်
နှင်းဇာဝတ်မှုန် ယှက်ဖြာခြုံလွှမ်း
ဆောင်းနှင်းကတ္တီပါ ကြည်စုံခပင်း
ကြွေသက်နှင်း၍ တာဝတိံဿ ပြည်မှ
ဤလူဘုံရွာဝယ် နတ်သမီးတပါး
ဖြစ်တည်လေ၏......................

ဝိုင်းစက်ဝန်းနက် မျက်သစ်စတို့
ပိုင်ဆိုင်ပြီးသော် ထင်သောနှာတံ
ပြည့်သောနှုတ်ခမ်း ချိုသောအပြုံး
ကြည်သောနှလုံး ပိုင်ရှင်သည်
အဖြူရောင်နတ်သမီးမည်၏

အို........နတ်သမီး
ခင်ပါတယ် မင်ပါတယ်
မောင်ငယ်တယောက်ဖြစ်ချင်တယ်
နတ်သမီး
ရှု့မငြီးပါ လှလွန်းတာ.............
မွေးနေ့မှသည် နောင်ထာဝရဆီသို့
ပျော်စေ ရွှင်စေ ချမ်းမြေ့စေ
လိုအင်လုံးစုံ ပြည့်ဝစေဟု
မွေးနေ့ဆုမွန် ဤစာကဗျာ
နှင်းဆက်ပါသည် နတ်သမီးမမဆီ....
အဖြူရောင်နတ်သမီးမမရေ မွေးနေ့မှာပျော်ရွှင်ပါစေ
ချမ်းမြေ့ပါစေလို့ ကျွန်တော် မောင်ဘကြိုင် မွေးနေ့ဆုမွန်တောင်းပေးပါတယ်ဗျာ။
23

“အလင်းတိုင်တစ်ခုရဲ့ ဘ၀”

ရောင်စဉ်ဖြာ လင်းလဲ့မှုတစ်ချို့နဲ.့ ...


ဖြူစင်စွာ ကျွမ်းလောင်ခဲ့မိတဲ့နောက်....
နွေးထွေးတဲ့ ‘အလင်းတိုင်’တစ်ခုရဲ့ဘ၀....
ငါ... ရရှိခဲ့မိတယ်...။

ပျံသန်းလာခဲ့မယ်...
အလင်းမဲ့ ရပ်ဝန်းများဆီသ.ို့ ...
နုနယ်တဲ့ အတောင်ပံတစ်စုံကို ဖြန့်ကျက်ရင်း....
ငါ... ပျံသန်းလာခဲ့မယ်....။

နေခြည် နွေးဖျာတဲ့...
ရောင်စဉ်နဲ့ မနက်ခင်းတွေမှာ...
မလိုအပ်သေးရင် ချောင်မှာ ထိုးထားခဲ့...။
24

ဒါပေမယ့်...
မိုးချုပ်ညဥ့်နက်.. ၀ိုးတစ်ဝါးလမ်းမတွေထက်...
လမ်းပျောက်နေမယ့်သူ တချို့အတွက်....
ကူညီဖို့ ငါအမြဲ အသင့်ရှိနေခဲ့တယ်...၊
မင်း... ထွန်းညှိတတ်ဖို့ပဲလိုပါတယ်...။

တစ်ကယ်လို့များ...
လိုချင်နေခဲ့တယ်... လိုအပ်နေခဲ့တယ်ဆ.ို ..
ငါ့... အလင်းစက်တွေကို...ကူးယူသွားလိုက်စမ်းပါ...
အမိုက်မှောင်ထုကို ခွင်းဖို့ အတွက်သာဆိ.ု ..
ထာဝရကြည်ဖြူစွာနဲ့
ဘယ်သောခါမဆို...ငါ... ပေးလိုက်ချင်ပါရဲ့....။

ငါ .... ကျင်လည်ခဲ့ရာ ၀န်းကျင်ငယ်လေးတွေမှာ


ပြင်းတစ်လှည.့် ... ညှင်းတစ်လှည့် တိုက်ခတ်နေတဲ.့ ...
ကံကြမ္မာ လေလှိုင်းတွေရဲ့ကြား...
ကြိုးစား၊ ရပ်တည်၊ ရှင်သန်ရင်းနဲ့...
ဘ၀ရဲ့ အဓိပ္ပါယ်တစ်ခု...
ထုဆစ်ကာ...သွန်းလောင်းမိခဲ့ပြီ...။

ဒီလိုနဲ့ပ.ဲ ..
တငွေ့ငွေ့ကျွမ်းလောင်ရင်း....
တဆစ်ဆစ် တိုတောင်းနေခဲ့ရတဲ.့ ..
ဘ၀တစ်ခုမှန်ပေမယ့်လည်း...
တတ်အားသမျှ အလင်းငယ်လေး..ဖြန့်ကျက်ပေးရင်း...
အလင်းမဲ့ ရပ်ဝန်းလေးတွေအတွက်....
ငါလေ....
သက်တမ်း မကုန်ဆုံးသေးသရွေ့တော့.....
စွမ်းသလောက်...လဲ့ဖျာနေခဲ့ဦးမယ်...။

ဏီလင်းညို
၁၇၊ ၁၁၊ ၂၀၀၉
အင်္ဂါနေ့
ည ၁၀နာရီ... ၄၀မိနစ်
25

အဖြူရောင် နတ်သမီး

အဖြူရောင် သင်္ကေတနဲ့
နှင်းမှုန်တွေကြားမွေးဖွား
သူငယ်ချင်းတွေကို
နှင်းကလေးတွေလို
အေးမြဖြူစင်စေသူ
ဒီနေ့မှသည် (ဘယ်နှစ်နှစ်မြောက်မွေးနေ့ ဆိုတာမသိလို့နော်)
သားတကျိတ် မြေးတရာနဲ့
ဖြူစင်အေးမြစွာ
အသက်(၁၂၀) ရှည်စေသောဝ်...

(နတ်သမီးဖို့ မွေးနေ့လက်ဆောင်)
တောလူသစ်
..........*****........
26

ကမ္ဘာကြီးကပေးသော အိမ်မက် (အဖြူရောင်နတ်သမီး)

နိုဝင်ဘာ ၁၉ ဒီလိုနေ့ မျိုးမှာ


မရိုးနိုင်တဲ့ စာလုံးတွေ သီကုံး
တစ်ကမ္ဘာလုံးအတွက် မဆုံးနိုင်တဲ့
အိမ်မက်တွေပေးမက်မယ့်
သူ့မကိုမွေးဖွားခဲ့တယ်။

ရောင်စဉ်ခုနှစ်သွယ်ကို သူမလက်နဲ့ခြယ်မှူန်း
ဒီညထိ ကြယ်တွေကြွေတုန်းပါ။

သူမနှုတ်ခမ်းက သံစဉ်တွေ စီးဆင်းတော့


စမ်းချောင်းလေးတွေက လက်ကမ်းကြိုဆိုကြတယ်။
သူမလက်က စာလုံးတွေ ဆက်ထုံးတော့
ကောင်းကင်ပြာလဲ ပြုံးနေပါပေါ့လား။

သြော် အတောင်ပံ တစ်စုံကိုခတ်ရင်း


သက်တန့်တစ်ခုရဲ့ အပြုံးနဲ့
နွေလည်ညမှာ တိုက်လာတဲ့လေညှင်းက
သင့်ရနံ့တွေကို သယ်ဆောင်လာတော့
နံနက်မိုးသောက် အလင်းမရောက်ခင်အထိ
ဒီအိမ်မက်ကို ငါတို့မက်ပါရစေ
Promise
27

**အမှတ်တရ မွေးနေ့ကဗျာ**
မနန်းမဝရဲ့ မွေးနေ့မှသည်
ပျော်ရွှင်ဖွယ်ရာ မွေးနေ့တိုင်း...မွေးနေ့တိုင်း
နောင်နှစ်ပေါင်းများစွာတိုင်ထိ
သာယာချမ်းမြေ့ ဘဝနေ့တွေ
အောင်မြင်ဖြတ်သန်း ရှေ့ဆက်လှမ်းရင်း
ရည်မှန်းချက်ပေါင်း ရာချီကောင်းအောင်
အထမြောက်အောင်မြင်ပါစေကြောင်း
အမှတ်တရ ဆုချွေလွှာ ဤကဗျာဖြင့်
ဆုမွန်ကောင်းတောင်းပါသည်။
မ ကြီးတစ်ယောက်လို ခင်မင်ပြီး
နမ်း မဝဆိုတဲ့
မ ရဲ့အမည်ဆန်းဆန်း
ဝ လုံးလေးတွေ သီကုံးရင်း
အ မှတ်တရကဗျာ မကြီး အ
တွက် ရေးခွင့်ရတာ ကျေးဇူးပါနော် ….။

တက်လူငယ်
28

"အဖြူရောင် နတ်သမီး''

ဖန်ဆင်းတတ်မြောက်ခြင်းနဲ့ အရောင်တွေမရှိခြင်း
ဖြူစင်သောအမည်နာမတစ်ခုနဲ့
အေးချမ်းစွာရောက်ရှိလာတဲ.့ ..
အဖြူရောင် နတ်သမီး

အမည်လေးက
ဖြူစင်ရိုးစင်းလွန်းပေမယ့်
အရောင်သွေးစုံတဲ့
အနုပညာတစ်ချို့ကို
ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့တဲ့
အဖြူရောင်နတ်သမီး

လောကဓံအလယ်
ကြုံလာသမျှအခက်ခဲတိုင်း
တစ်ကိုယ်တည်းသာ
လျှောက်လှမ်းရင်းနဲ့
ရင်ဆိုင်အံတု ထိုးခွင်းလှဲမယ့်
အဖြူရောင် နတ်သမီး

ကဗျာကိုချစ်တဲ့ နှလုံးသား
စာပေကို ခံစားတတ်တဲ့
အဖြူရောင်နှလုံးသားတစ်စုံ '' အတွက် ''
မင်းကိုယ်ပိုင်ဖန်ဆင်းထားတဲ့
ထက်မြတ်တဲ့
အတောင်ပံတစ်စုံနဲ့
နောက်နှစ်များစွာတိုင်အောင်
မင်းချစ်တ(ဲ့ မသေဆုံးနိုင်တဲ့) ကဗျာတွေများစွာ...များစွာကို
အသက်သွင်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်..။

မိုး ငွေ့
29

နိုင်ဝင်ဘာ 19

အဲဒီနေ့ကလေးမှာ နိုဝင်ဘာမိုးလေး အဖွဲဖွဲရွာနေမယ့်အချိန်လည်းဖြစ်ချင်ဖြစ်မယ်...။ ဇာပုဝါ အဖြူရောင်နှင်းမှုန်တွေ


လွှမ်းခြုံထားတဲ့ နေ့တစ်နေ့လဲဖြစ်ချင်ဖြစ်နေမယ်...။ အဲဒီနေ့လေးမှာ ကြယ်ပွင့်တွေလိုတောက်ပတဲ့မျက်ဝန်းနဲ့
နှင်းဆီပွင့်ဖတ်လို နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်ထားတဲ့ အဖြူရောင်နတ်သမီးလေး တစ်ပါးဖွားမြင်ခဲ့ပါတယ်...။

ကိုယ်ပိုင်ယုံကြည်မှုအပြည့်နဲ့ ထက်မြက်တဲ့အကြည့် ဖော်ရွေတဲ့ စကားတွေနဲ့ လူတွေရဲ့ ချစ်ခင်ရင်းနှီးမှုအပေါင်းကိုလည်း


သိမ်းပိုက်ထားနိုင်သူလေးဖြစ်သတဲ.့ ..။ အမြဲ စမတ်ကျပြီး ဖက်ရှင်တွေကိုစိတ်ဝင်စားတတ်တဲ့ နတ်သမီးအတွက်
နတ်သမီးဝတ်စုံလေးတစ်စုံ မွေးနေ့လက်ဆောင်ပေးချင်ပါတယ်...။

နတ်သမီးဖြစ်တဲ့အတွက် အတောင်ပံတစ်စုံပါရှိတဲ့ အဖြူလွှလွှ ၀တ်စုံလေးမှာ စိန်ပွင့်တွေလင်းလက်နေမယ်...။


တွဲဖက်စီးရမယ့် အဖြူရောင်ဖန်ဖိနပ်လေးဟာလည်း လင်းလက်တောက်ပလို့ပေါ့..။ စိန်စီထားမယ့်
ကြယ်နှင်တံလေးရဲ့ထိပ်မှာ အလက်းလက်ဆုံး ကြယ်ကလေးတစ်ပွင့်က နတ်သမီးလိုရာ ဖန်ဆင်းတို့ထိပေးမယ့်
အရာလေးတစ်ခုပေါ့...။ ဦးခေါင်းထက်ကဆံကေသာမှာလဲ အဖြူဆွတ်ဆွတ်နှင်းဆီပွင့်တွေနဲ့ဝေဆာနေမယ့်
နှင်းဆီသရဖူလေးကိုဆောင်းထားဦးမယ်...။

မွေးနေ့ပွဲမှာ ရောက်လာသမျှ လူတွေကို ကြယ်နှင်တံလေးနဲ့ လိုရာဖြည့်ဆည်းပေးနေမယ့်


အလုပ်ရှုပ်နေမယ့် နတ်သမီးလေးဟာ လှမြဲလှနေမယ့် အဖြူရောင်နတ်သမီးတစ်ပါးပါပဲ....။

မဆွဲဘဲရလာတဲ့ ပန်းချီတစ်ချပ်မှာ
မဆိုးဘဲ ရဲတဲ့နှုတ်ခမ်းနဲ့
မပြင်ဘဲ လှတဲ့နတ်သမီးရေ.....
ပျော်ရွှင်သောမွေးနေ့တိုင်းကိုဖြတ်ကျော်လို့ ချစ်တဲ့သူနဲ့အမြန်ဆုံးလက်တွဲနိုင်ပါစေနော်

အမတော့ ရေးတတ်သလို အမှတ်တရလေး ရေးပေးလိုက်ပြီနော်...


နတ်သမီးလေး ကျေနပ်နှစ်သိမ့်နိုင်လိမ့်မယ်ထင်ပါတယ်....

ချစ်ခင်တဲ့

မိုးငွေ့
30

“ မွေးနေ့ရှင်အတွက်ဆန္ဒမွန် ”
နတ်သမီးရေ့ 

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေလို့

အဝေးကနေပဲဆုတောင်းပေးလိုက်ရဲ့ 

နတ်သမီးရေ့ 

မွေးနေ့ကဗျာမရေးပေးရင်

ကမ္ဘာတည်သမျှမုန်းပြစ်မယ်လို့ ခြိမ်းချောက်တာကို

ကြောက်သွားလို့တော့မဟုတ်ပါဘူး

ဒါပေမယ့်လည်း

သူငယ်ချင်းတွေဂရုစိုက်တာကို

ခံချင်တဲ့ နတ်သမီးမွေးနေ့အတွက်

အမှတ်တရအဖြစ်

စကားလက်ဆောင်တွေ ကမ်းပေးခဲ့မယ့့်  ။

နတ်သမီးရေ့ 

အရာရာတိုင်းမှာ

ဘက်နှစ်ဖက်စီရှိကြလို့

တဖက်အစွန်းရောက်တာမျိုးမဖြစ်စေဖို့

ဦးနှောက်နဲ့နှလုံးသားကို

မျှတအောင်ထားပြီးတော့စဉ်းစားဆုံးဖြတ်ပေါ့  ။
31
နတ်သမီးရေ့

လေ့လာရေးရဲ့ရန်သူဟာ

ကိုယ့်ကိုကိုယ်ကျေနပ်နှစ်သိမ့်နေမှုပဲတဲ့

နဲနဲသိချင်ရင်တော့

အနည်းငယ်လေ့လာ

များများသိချင်ရင်တော့

ဇွဲနဲ့မာန်နဲ့လေ့လာရတော့မပေါ့

နတ်သမီးရဲ့ blog ကိုဝင်တဲ့အခါတိုင်း

မန်း ( Comment ) မထားခဲ့နိုင်တာကိုလည်းပဲ

ခွင့်လွှတ်ပေးပါ့  ။

နတ်သမီးရေ့ 

ကိုယ်တတ်စွမ်းသမျှ

လောကကြီးကိုအလှဆင်ဖို့

နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတဲ့အခါမှာ

အတွေ့အကြုံဆိုတာက

အကောင်းဆုံးဆရာပါ့  ။

နတ်သမီးရေ့ 

ကွန်ပျုတာအင်တာနက် ခေတ်ထဲမှာ

ပညာရှိတွေ မဟုတ်ကြပေမယ့်

ဝါသနာတချို့တူကြလို့

အခုလို ခင်ကြရတာကိုလည်းပဲ

ဝမ်းသာသပ နတ်သမီးရ့  ။

နတ်သမီးရေ့ 

လောကကောင်းကျိုးကို

နိုင်သလောက်ဆက်သယ်ပိုးကြဖို့
32
လွတ်လပ်တဲ့အတွေးအခေါ်

အသိအမြင်တွေကို

အများတကာ ဗဟုသုတရအောင်ဖြန့်ဝေနိုင်ဖို့

အတွေးအခေါ်အသိအမမြင်တွေကို

လွတ်လပ်စွာပဲ အန်ထုတ်ကြစို့  ။

နတ်သမီးရေ့ 

မအားလပ်တဲ့ကြားက

မွေးနေ့မှာအမှတ်တရဖြစ်အောင်

ဗဟုသုတရစရာ စကားတချို့ကိုမျှဝေခဲ့ပြီး

Happy birthday to you.

May all your wishes come true in your life.

Wishing you very wonderful

Happy birthday for you. Cheers

အဖြူရောင်နတ်သမီးတယောက်

ယခုမွေးနေ့မှစပြီး

အများတကာကောင်းကျိုးတွေ

ဆထက်တပိုးများစွာ ထမ်းရွက်နိုင်ပါစေသော်ဝ့့်  ။

ကဲ့  နတ်သမီးရေ့

အမှတ်တရမွေးနဲ့ ကဗျာရေးပေးပြီးတော့

နတ်သမီး blog မှာကိုယ်တိုင်ရေးကာမျှဝေထားတဲ့

Hot Ice Cream ခေါ် ရေခဲမုန့်ကြော်ကိုပဲ

မွေးနေ့မုန့် အဖြစ် ၀အောင်ကျွေးပါတော့ ။

ဇာနည်မောင်

( အဖြူရောင်နတ်သမီး bl0g ပိုင်ရှင် blogger သူငယ်ချင်း မနန်းမ၀ ၂၀၀၉ ခုနှစ် မွေးနေ့ အမှတ်တရ )
33

သူငယ်ချင်းထဲမှာဗျာ ထူးထူးဆန်းဆန်း နတ်သမီးတစ်ယောက်ပါနေတယ် ။


သူ့အဖေနဲ့အမေ ဘယ်သူမှန်းမသိဘူး ဒီနေ့သူ့မွေးနေ့တဲ့ ...

ဆရာစံဇာဏီဘိုဆီသွားပြီးဇာတာစစ်တော့.နတ်သမီးကိုဗေဒင်မေးလို့မရဘူးတဲ့.. ဟီဟိ ...


ဒါနဲ့ တရုတ်ဘုံကျောင်းသွားပြီးတရုတ်ဘုန်းကြီးကျောင်းသွားမေးတယ် လေ...

ဘုန်းကြီးနဲ့တွေ့တော့ သူက
့ ni hao !.......... တဲ့

ဟီဟိ ဘာမှန်းတော့မသိဘူး ပါးချမလို့လားဘာလားပဲ ...


လက်ဝါးတစ်ချောင်းထောင်ပြတယ်...
ဒါပေမယ့် ကျွန်တော်လဲမခေဘူး...
တရုတ်ကားတွေ ကြည့်ထားတာ ပြန်ပြောလိုက်တာပေါ့...
nin jiao !'
တရုတ်ဘုန်းကြီးကိုမေးတယ်
'ဘုန်းကြီး '
'ဘာလဲ'
ဘုန်းကြီးက မာမာပဲ ဟ ...
[ဟီဟိ ]
ကျုပ်သူငယ်ချင်းကို မွေးနေ့လက်ဆောင်ပို့မလို့
( မာမာပဲနော်......... ဟီဟိ )
နေပါဦး .. မင်းကိုဘယ်သူက ဒီမှာပို့ဆောင်ရေးလုပ်တယ်ပြောလို့လဲ...
'ဘယ်သူမှမပြောဘူး ကိုယ့်ဘာသာသိတာ ..ရုပ်ရှင်ထဲမှာမြင်ဘူးတယ် နော်.
34

. အိမ် လေးတွ ၊ အင်္ကျီလေးတွေ ကို မီးနဲ့ရှိုတာလေ


...မေးကြည့်ဘူးတယ် .... ကောင်းကင်ဘုံအထိရောက်သတဲ့
..တရုတ်လူမျိုးတွေလောက်ပို့ဆောင်ဆက်သွယ်ရေးကောင်းတာမရှိဘူး ...
ကျွန်တော့သူငယ်ချင်းက နတ်သမီးဗျ...
သူကိုမွေးနေ့လက်ဆောင်ပေးဖို့ ဘုန်းကြီးကိုလာအကူအညီတောင်းတာ..... (ဟီဟ)ိ စပြီးပြောနေတုန်းတော့
ဘုန်းကြီးကနားထောင်တာအကောင်း
...စကားဆုံးကာနီး.... တော့ မျက်နှာကြီးနီလာပြီး.......
တရုတ်လိုဘာတွေအော်မှန်းမသိ အော်ပြီး တံပျက်စီးပြေးပြီးဆွဲတော့တာပဲ
..သူမျက်နှာကြီးနီလာကတည်းက .. အတွင်းအားစုနေမှန်းသိတာပဲ...
ကိုယ်ဖော့သိုင်းသုံးပြီး ..... သူ့ ကို မျက်ချေဖြတ်လိုက်နိင်တယ် လေ......
ဘယ်လိုပေးရမလဲသိဘူး...
ဒါနဲ့အင်တာနက် ဆိုင်ရောက်တော့မှ.... တာဝတိ့ သာဒေါ့ကွန်းဆိုတာရှိသတဲ့..
.အဲဒီဟာ က နတ်ပြည်နဲ့ဒါရိုက် connection လုပ်ထားတာဆိုပဲ ဟီဟိ ..
ဒါနဲ့ နိင် နိင် တစ်ယောက်... မွေးနေ့လက်ဆောင်ကို internet က ပို့ဖြစ်ခဲ့တယ်ဗျို့ ..

(Happy birthday နတ်သမီးလေး) မွေးနေ့မှာပျော်ရွှင်ပါစေ

(whitelotus )
35

အမှတ်တရ စကား

အခုတော့လည်း “အဖြူရောင်နတ်သမီး”ရဲ့.............

“အမှတ်တရ နိုဝင်ဘာ၁၉” ဆိုတဲ့

ကဗျည်းကျောက်စာတိုင် ကဗျာစာအုပ်လေး ရဲ့ရှေ့မှာထိုင်လို့

ကဗျာရှင်တို့ကို အရိုအသေပေးရင်း၊လေးစားမိရင်း....

ကဗျာတွေရဲ့ကြားမှာ နတ်သမီးလေးပျော်နေတယ်....
ပြီးတော့....

ကြည်နူးနေတယ်....
36
ပြီးတော့...

ပြုံးနေတယ်....
ပြီးတော့....
ပြီးတော့....
ပြီးတော့.............................

(Comment နေရာတွင်သော်လည်းကောင်း၊ CBox နေရာတွင်သော်လည်းကောင်း မွေးနေ့ဆုတောင်း


ရေးပေးခဲ့ကြသော မောင်နှမများနှင့် ကဗျာလက်ဆောင် ပေးပို့သူ မောင်နှမများအားလုံးကို အထူးပဲ
ကျေးဇူးတင်ရှိပါကြောင်းနှင့် မတော်တဆ ရေးရန်ကျန်ရှိခဲ့သော ကဗျာ၊အမည်များကို အကြောင်းကြားပေးပါရန်
မေတ္တာရပ်ခံပါတယ်ရှင်)

ဒီဇိုင်းနှင့်ကဗျာစာအုပ်လေးကို အစ မှအဆုံး မအားတဲ့ကြား၊ အင်တာနတ်အဆင်မပြေတဲ့ကြားက မဖြစ်မနေ


အသည်းအသန် ပူဆာလွန်းလို့ နားငြီးမခံနိုင်၍ အမြန်ထလုပ်ပေးခဲ့ သော ကိုမိုးသွးငယ်(ကိုလတ်) အားလည်း
ကျေးဇူးမတင်ချင်ပါဘူး။(ကျေးဇူးတင်တယ်ပြောရင်မကြိုက်လို့)

နတ်သမီးအတွက် ပုံပြင်လေးတစ်ပုဒ်လက်ဆောင်ရေးပေးခဲ့သော ဘကျောက်( ရွှေရတုမှတ်တမ်း )ကိုလည်း


အထူးကျေးဇူးတင်ရှိပါကြောင်း...။

အားလုံးကိုခင်တ.ဲ့ .............

အားလုံးကိုချစ်တဲ့ ......

NANMAWA
နမ်းမဝ (အဖြူရောင်နတ်သမီး)

(ခေတ္တ-ဆိုက်ပရက်)
02:17:52 AM

You might also like