You are on page 1of 1

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးသို့ ပန်ကြားချက်

မြန်မာမွတ်စလင်များ ယုံကြည်ကိုးကွယ်သော အစ္စလာမ်သာသနာကို ရင့်ရင့်သီးသီး ပုံဖျက် နှိမ့်ချစော်ကားသော မြန်မာဘလောဂ်များ


အများအပြား ပေါ်ပေါက်တည်ရှိနေခြင်းအတွက် မြန်မာမွတ်စလင်များ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရသည်မှာ ကာလရှည်ကြာပြီ
ဖြစ်ပါသည်။

ယခုတဖန် မြန်မာပြည်သူအများစုကြီးက ယုံကြည်ကိုးကွယ်သော ဗုဒ္ဓသာသနာကို အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ရိုင်းပြစော်ကားသော


မြန်မာဘလောဂ် ပေါ်ထွက်လာပြန်သဖြင့် ဗုဒ္ဓဘာသှာင်များ စိတ်လက် မချမ်းမမြေ့ဖြစ်ကာ သောကရောက်ေ နရပြန်ပါသည်။

သူတစ်ပါး ယုံကြည်ကိုးကွယ်သော သာသနာတစ်ရပ်ကို လေးစားရကောင်းမှန်း မသိသူများသည် မိမိ၏ သာသနာတော်ကိုလည်း


မလေးစားသူများဖြစ်ပါ၏။ အခြားသာသနာကို စော်ကားနှိမ့်ချသူတတ်များသည် မိမိသာသနာ၏ ဂုဏ်ကျက်သရေကို ယုတ်လျော့
စေကြသူများလည်း ဖြစ်ပါ၏။ ထိုသူများသည် မိမိ၏ သာသနာကို အမှန်တကယ် ယုံကြည်ကိုးကွယ်သူများ မှန်ပါက မိမိသာသနာက
အခြားသာသနာများနှင့် လူသားများကို စော်ကားနှိမ့်ချခွင့် မပြုသည့် အဆုံးအမကို သိရှိထားရမည် ဖြစ်ပါသည်။

အစ္စလာမ်သာသနာကို နှိမ့်ချစော်ကားသောအခါ ဗုဒ္ဓဘာသှာင် မြန်မာပြည်သူများ စိတ်မချမ်းမမြေ့ ဖြစ်ကြသကဲ့သို့ ဗုဒ္ဓသာသနာကို


နှိမ့်ချစော်ကားသောအခါ အစ္စလာမ်ဘာသှာင် မြန်မာပြည်သမ
ျူား ထပ်တူ စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ အထူးသဖြင့် စစ်အာဏာရှင်များက
မိမိအကြပ်အတည်းမှ ထွက်ပေါက်အဖြစ်သော် ၄င်း၊ မညီမညွတ်သော ပြည်သူများကို သွေးခွဲအုပ်ချုပ်ရသည်က ပိုမိုလွယ်ကူသဖြင့်၎င်း၊
လူမျိုးရေး၊ ဘာသာရေး အဓိကရုံးများကို အစဉ်အဆက် ဖန်တီးလှုံ့ဆော်ခဲ့သည်များကို မမေ့လျော့သင့်ကြစေလိုပါသည်။

လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်မှုများဖြင့် ဗမာအပါအှင် တိုင်းရင်းသားများအကြား မညီမညွတ်မှုကို ဖန်တီးကာ စစ်အာဏာရှင်


သက်ဆိုးရှည်ခဲ့သည်မှာလည်း ရာစုနှစ်တစှ်က်တိုင်တော့မည် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကြောင့် စစ်ဗိုလ်ချုပ်များသာ ချမ်းသာသွားပြီး၊
တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခရောက်ကြကာ ထိစပ်သော အိမ်နီးချင်းနိုင်ငံဟူသမျှတွင် ကျနော်တို့၏ အမျိုးကောင်းသား၊
အမျိုးကောင်းသမီးများသည် ကူလီ၊ အိမ်ဖေါ်ဘှနှင့် မျက်နှာငယ်နေကြရသည်။ အမျိုးချစ်သူ၊ တိုင်းပြည်ချစ်သူမှန်လျှင် စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်ရေးကို အထောက်အကူ မပြုသင့်ကြပါ။

ထို့ကြောင့် စစ်အာဏာရှင်စနစ်၏ အဓိက ရေသောက်မြစ်တစ်ခုဖြစ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးလှုံ့ဆော်နေသူများကို


ဒီမိုကရေစီအင်အားစုများက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုစည်းညီညွတ်မှုဖြင့် ထိရောက်စွာ ဖေါ်ထုတ်ဟန့်တားကြပါရန် မြန်မာမွတ်စလင်
အစည်းအရုံးကြီးက လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

မြန်မာမွတ်စလင် အစည်းအရုံး ဇႏၷှါရီလ ၀၅၊ ၀ှဿှ

ဆက်သွယ်ရန် ကိုကျော်စွာ +44 782 8426 801, kyawzwaunion@yahoo.co.uk

You might also like