Professional Documents
Culture Documents
သွေးချောင်းစီးဆဲ အငိုမျက်လုံးနဲ့
ငြိမ်းချမ်းရေးကို သိုလှောင်ချင်တဲ့ မြစ်ဧရာ
ရွှေအိုရောင် မြေဆီမြေနှစ်တွေ သောင်ထွန်းပြီး
လွတ်လပ်ခြင်း ရတနာ အသီးအပွင့်တွေ ရှုမငြီး ဖူးပွင့်
နေလုံးရင့်ရင့် မြသွေးရောင် တောက်ပ၊ လရောင်က ငွေရည်ချည် ဖျန်းပက်
ကြေးမမက်တဲ့ ကျေးလက် ငြိမ်းချမ်းရေး နောက်ခံထားတဲ့
ဧရာဝတီရဲ့ လှပတဲ့ညနေ ဆည်းဆာပန်ချီကား
ကျေးငှက်တွေ အဝေး ပြေးပျံထွက်သွားသလို ၊ အတိတ်မှာ မှုနဝ
်ါးဝါး ကျန်ရစ်ပြီ ။
မြစ်တစ်စင်းက လွတ်လပ်စွာ စီးဆင်းခွင့်မရပဲ
အဓမ္မ ပိတ်ဆို့တားမြစ် ၊ ရေကာတာလို ဆည်ဆောက်ခံရရင်
လေထန် ရေလှိုင်းကြီး ဒေါသူပုန်ထခြင်းက ၊ မြစ်ရဲ့ တော်လှန်ရေး ပြယုဂ်ဖြစ်တယ် ။
ကိုယ့်လည်ပင်း ညှစ်မဲ့လက်ကိုမှ ၊လက်ထပ် လက်စွပ် ၀တ်ပေးမိသလိုမျိုး
ခေတ်ဆိုးအဆက်ဆက်နဲ့ မတရား ထိမ်းးမြားလက်ဆက်ခံရရင်း
ဧရာဝတီ သွေးချင်းချင်း နီခဲ့ပြီ ။
လူတွေက ဦးတည်ချက်မဲ့ ခရီးထွက်တာ မရှိဘူး၊
အရင်ကနဲ့ မတူ တိတ်ဆိတ်နေတဲ့ သဘောင်္ဆိပ်ကို ကြည့်ရင်
ဟန်မလုပ်နိုင်အောင်ကျနေတဲ့ စီးပွားရေးကျရိပ်ကို သိသာစေတယ် ၊
တောလမ်းကတက်လာတဲ့ စိတမ
်ျားနဲ့ အတိတ် ဟောစာတမ်း
ဆိပ်ခံဘောတံတားလို ထာဝရ အနင်းခံဖြစ်ဖို့မဟုတ်ဘူး ၊
မိုးထိအောင် အမြင့်ပျံတက်သွားတဲ့ ကုန်ဈေးနှုန်းတွေ
စစ်တိုက်လေယာဉ်လို မြေပြင်အောက် ပျက်ကျရင် ကောင်းမယ် ။
သစ်တောက်ငှက်က သစ်ခေါက် ခေါက်သလိုမျိုး
ပိတ်ဆို့ထားတဲ့ ခေတ်တံခါးကို အပူ လူတွေက ခေါက်တယ် ၊
ဘုရားရိပ် တရားရိပ်မှာ ဆုတောင်း ပုတီးစိပ်သူတွေ များရင်
စစ်စနစ်အပူမီးက ခေတ် ငယ်ထိပ်ကို ရောက်နေပြီ မှတ်လိုက် ။
အမြဲနွေးထွေးတဲ့ အမိရင်ခွင်က ထွေးပိုက် သလို ဧရာဝတီ
အနောက်နိုင်ငံ ရေခဲမြစ်တွေလို ရင်ဆို့အောင် သွေးမအေးဘူး။
လိုရာခရီး မရောက်ခင် လမ်းတ၀က်က လှည့်ပြန်ရိုး ထုံးစံမရှိတဲ့ မြစ် ၊
Crying blood tears, peace reservoir Irrawaddy River
ယုံကြည်ချက်များ မြစ်တစ်စင်းလို နောက်ပြန်မစီးဆင်းဖို့လိုတယ် ၊
တရားမ၀င် ၀င်လာနေတဲ့ ဒုက္ခတွေနဲ့ ဧရာဝတီ ၊ဟက်ဟက်ပက်ပက် မရီမောနိုင်တာကြာပြီ ၊
ရတက်မအေးနိုင်တဲ့ အဖြစ်တွေ ရင်ဝယ်ပိုက်ပြီး ၊ ရှက်သွေးဖြာဖို့ အချိန်မရှိဘူး ၊
နာဂစ်ကို နက်နက်ရှိုင်းရှိုင်း သိရှိချိန် ၊ဘ၀က ထက်ခြမ်းခြမ်းပြီး ကွဲကြေနေခဲ့ပြီ ၊
ဒုက္ခရောက်တာချင်း အတူတူ
ငလျင်ဒဏ်ခံရတဲ့ ဟေတီက ပန်းတိုင်မ၀င်ခင် ရွှေတံဆိပ်ရသွားတယ် ။
သယံဇာတနဲ့ ဒုက္ခသည်တွေ ၊ မရေတွက်နိုင်အောင် ပေါပေါသီသီ ရှုံးထွက်နေပုံက
ကြေးကြီးကစားသမားတွေနဲ့ အောင်မြင်မယ်လို့ မျှော်လင့်ထားတဲ့ ဘော်လုံးအသင်း
အုပ်စုပွဲမှာရှုံးပြီး ထွက်လိုက်ရသလို ခံစားရတယ် ။
ဧရာဝတီရဲ့ လည်ပင်းညှစ်ပြီး ထွက်လာတဲ့ လျှပ်စစ်
တိုင်းတပါး ရောင်းကုန်အဖြစ် နှစရ
ှ်ည် စာချုပ်တွေ ချုပ်ပြီး
အမိမြေ ဘ၀တွေက မိုးချုပ်ညတွေလို အလည်လွန် မှောင်မိုက်
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းသွားတဲ့ ဒေသမှာ
လျှပ်စစ်မီး လုံလုံလောက်လောက် မရှိတာ ကြာပြီ ။
မစိမ်းလန်းတော့တဲ့ တောင်ကတုံးတွေ ကြည့်ပြီး
ဧရာဝတီက နောက်ဆံ အမြဲတင်းနေတယ် ၊
မရှုပ်မရှင်း ကုတ်တမြင်း ခေတ်ကို မျက်ခြေပြတ် မမြင်ရတဲ့ အထဲ
သတင်းတွေပိတ်ဆို့ရင်း ဆွံ့အ နားမကြားပါဖြစ်
ရိုးသားတဲ့ ဧရာဝတီနဲ့ မျက်လုံးချင်းယှဉ်မကြည့်ရဲလို့
အရှုပ်တော်ပုံ နေပြည်တော်ကို အဝေးမှာ တည်ထားကြတယ် ။
တရေးနိုးရင် အတွေးဆိုးတွေနဲ့ နပမ်းလုံး
ရာဇ၀င်ဆိုးက ရာဝင်အိုးလောက် အရက်တွေ သောက်ပြီး အမြဲမူးယမ်းတယ် ၊
လူမိုက်ကံကောင်းတဲ့ရက်တွေ အမြန်ကုန်ဆုံးပြီး
ဧရာဝတီရဲ့ အပြုံးပန်းပွင့်မဲ့နေ့ မကြာခင်ရောက်ချင်ပြီ ၊
သွေးချောင်းစီးဆဲ အငိုမျက်လုံးနဲ့ အဖြစ်သနစ်တွေ မြင်ပြီးကာမှ
ငြိမ်းချမ်းရေးတိုက်ပွဲကို သိုလှောင်ပြုံးပြ ချစ်တတ်လာတဲ့ မြစ်ဧရာ ။
အောင်ခိုင်မြင့်