မြို့ပြသူပုန်(၀တ္ထုတို)
(၁)အချိန် ကား (၁၉၉၉)ခုနှ စ်။
နေရာကား-ရှ မ်းပြည် တနေရာ။
တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့်  သူ မ လက် ဖျား ကလေးများ ထုံနေသလို
ခံ စားနေရသည်။ သို့ပေမယ့်  ချစ်သူနဲ့ တွေ့ရတဲ့  ရှားရှားပါးပါး အချိန်လေးကို အအေးဒဏ်ကြောင့် 
မကုန်ဆုံးစေချင် ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူ မျက်နှာကို တစိ မ့်  စိ မ့်  ကြည့် ရင်း၊
သူပြောသော စကားလေးတွေ ကို နားထောင်ရတဲ့  အရသာကို သူ မဘာနဲ့မှ မလဲနိုင် ပါ။ ချစ်သူပြောသော
စကားလေးများက စုံ လင် လှသည်။ နိုင်ငံရေး၊ တိုင်းရင်းသား အရေး၊ လက်နက် ကိုင်တော် လှန်ရေး၊
ပညာရေး၊ လူ တန်းစားအရေး။ သူ မနားလည်သည် များလဲရှိ၊ နားမလည်သည် များလဲရှိ။ သို့ပေမယ့် 
ချစ်သူပြောသော စကားလုံးလေးတွေ မို့ သူ မအတွေးထဲ မှာ အမြတ် တနိုး သိ မ်းရင်း နားထောင် ဖြစ်သည်။
မိသားစု၊ အသိုင်းအ၀ိုင်း၊ မိ တ်ဆွေ၊ သူငယ်ချင်း။
အရာရာကို ဆန့်  ကျင် ပြီး လျှောက် ဖို့ ကြိုးစားနေရတဲ့  ဒီ လမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ် စင်။
ချစ်သူသည်သာ သူ မရဲ့ ဘ၀ဖော်။ အချစ်ကြောင့်  ရွေးချယ်ခဲ့ သော လမ်းမဟု တ်ပေမယ့် 
သူ မရွေးချယ်ခဲ့ သော လမ်းပေါ်မှာ ဆရာဆို လဲ ဟု တ်၊ ခေါင်းဆောင်ဆို လဲ ဟု တ်၊ ချစ်သူဆို လဲ ဟု တ်၊
ဘ၀လက် တွဲဖော် လို့ ရည် မှန်းထားသူ ဆို လဲ ဟု တ် တဲ့  ဒီ လို လူ တယောက် က အဆင်သင့်  ပေါ်လာခဲ့  တာ
သူ မရဲ့ ကံကောင်းခြင်း လက်ဆောင် ပဲထင် ပါရဲ့။
“ညီ မလေး အရမ်းချမ်းနေပြီ လား။ အနွေးထည် က ပါးပါးလေးဝတ် လာတာကိုး။ အစ် ကို့ဂျာကင်
ဝတ် ထားလို က်နော်”
“မလု ပ် ပါနဲ့အစ် ကိုရဲ့။ အစ် ကို့က ဂျာကင်ချွ တ် လို က်ရင်ရှ ပ်အကျီ င်္လေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
Add a Comment