You are on page 1of 2

အရသာရှိပြီး စားကောင်းတဲ့ ကိတ်မုန့်တစ်လုံးကို အလိုရှိတယ် ဆိုရင် ကိတ်မုန့်ထဲကို ထည့်ရမဲ့

အရာတွေကို သေချာစွာ ချိန်ဆရပါမယ်။ အချိုကဲလွန်းလည်း မဖြစ်ဘူး။ အမွှေးအကြိုင် များလွန်းလည်း


မကောင်း။ သစ်သီး မျှမျှတတထည့် ၊ ကြက်ဥ ၊ ဂျုံ ၊ ထောပတ် ဒါတွေကိုလည်း သူ့လိုအပ်ချက်အရ
အချိုးအစားကျကျ ထည့်မှ စားကောင်းသော ကိတ်မုန့်တစ်လုံး ဖြစ်လာရပါမယ်။

ပျော်ရွှင်သော ဘဝ ၊ စိတ်ချမ်းသာပြီး အသုံးကျသော ဘဝမျိုးကို နေချင်တယ် ၊ အောင်အောင်မြင်မြင်


ဖြစ်နေတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ထားတယ် ဆိုပြီး ခံစားရချင်ရင်လည်း ထိုဘဝထဲသို့ ကိုယ်ဘာတွေ
ထည့်ဝင်လိုက်လဲ ဆိုတာ အရေးကြီးပါတယ်။ ကိုယ်ထည့်ဝင်ထားတဲ့ အရာတွေက ဘဝရဲ့ အချိန်တိုင်း
အချိန်တိုင်းမှာ ခံစားရသော ပျော်ရွှင်သောဘဝ ကို ရရှိစေမှာ ဖြစ်ပါတယ်။

ပရိယာယ် နည်းနည်း ၊ သတ္တိတချို့ ၊ ရည်မှန်းချက် အိပ်မက် တစ်ခု နှစ်ခု ၊ ရယ်မောမှု များများ ၊ မျှတ
ဘက်ညီသော ဘဝအတွက် အမြင် ၊ အပြုံးတွေ ပေါပေါများများ ၊ မျှော်လင့်ချက် များများစားစား ၊
နွေးထွေးတဲ့ ဂရုဏာတရားများ ၊ လိုချင်မှုပေါ် တပ်မက် ရူးသွပ်မှု နည်းနည်း ထည့်ပြီး
ဥာဏ်အမြော်အမြင် ၊ ယုံကြည်မှု နဲ့ စိတ်ရှည်သည်းခံမှု တို့ ကို ပေါင်းစပ်လိုက်ပါ။ လုံလဝိရိယနဲ့
အားစိုက်ထုတ် ၊ မိမိကိုယ်ကိုယ် နှိပ်ချဆက်ဆံ ၊ အတွေးအမြင်ထက် လက်ရှိကို လုပ်ကိုင်
ဆောင်ရွက်နိုင်သော ပကတိဥာဏ်ကို များများသုံးပါ။

ကိုယ့်ကို ချစ်သူ ရှိရှိ မရှိရှိ ၊ ကိုယ်က လူတွေ အားလုံးအပေါ်မှာ ချစ်မြတ်နိုးစွာ ချစ်ခင်ထားလိုက်ပါ။


ကိုယ့်ကို ချစ်သော ချစ်သူ အပေါ်မှာလည်း မြည်တွန်တောက်တီး မနေဘဲ နှစ်သက် သဘောကျစွာ
ဆက်ဆံပါ။ ကိုယ့်မှာ ပိုင်ဆိုင်ထားသမျှ အားလုံးကို ကျန်းမာရေး သင့်တော်နေသော အချိန်မှာ
ဘဝထဲထည့်ပြီး ရောမွှေပေါင်းစပ် သုံးစွဲပါ။

ဒါဆို သေချာတယ် . . .ပျော်ရွှင်တဲ့ ဘဝ ရပြီပေါ့။

source; Ingredients By Patience Strong


ကိုဇော်
http://www.zaw357.net
2.4.2010 – 2.40 AM

You might also like