You are on page 1of 16

မြန်မာနိုင်ငံ လက်ရှိ ဖြစ်ရပ်မှန်များနှင့် အနာဂတ်ဖြစ်လာနိုင်ခြေများ။ ။

အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ရွေးချယ်စရာများ

Asia Society (အာရှ လူမှုအဖွဲ့အစည်း) အလုပ်အဖွဲ့၏ အစီရင်ခံစာ

Current Realities and Future Possibilities in Burma/Myanmar:


Options for U.S. Policy
Asia Society Task Force Report

AsiaSociety.org/BurmaMyanmarReport
မြန်မာနိုင်ငံ လက်ရှိ ဖြစ်ရပ်မှန်များနှင့် အနာဂတ်ဖြစ်လာနိုင်ခြေများ၊ ၊

အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ရွေးချယ်စရာများ

Asia Society (အာရှ လူမှုအဖွဲ့အစည်း) အလုပ်အဖွဲ့၏ အစီရင်ခံစာ

အစီရင်ခံစာ အကျဉ်းချုပ်
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သမ္မတအိုဘားမား၏ အစိုးရက ၇-လကြာ ပြန်လည်သုံးသပ်စိစစ်မှုများလုပ်ဆောင်ပြီး
နောက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ မူဝါဒ လမ်းကြောင်းသစ်ဖြင့် ချမှတ်ကျင့်သုံးမည့်အကြောင်းကို
ထုတ်ပြန်ကြေညာခဲ့ပါသည်။1 ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် အထီးကျန်ဖြစ်စေရေးနှင့် ဒဏ်ခတ်အရေးယူ ပိတ်
ဆို့ရေး မူဝါဒများသည် မြန်မာစစ်အစိုးရခေါင်းဆောင်များအပေါ် အပြောင်းအလဲဖြစ်စေရန် သြဇာသက်ရောက်မှု အနည်း
ငယ်မျှသာ ရှိခဲ့ကြောင်း အသိအမှတ်ပြုပြီး အမေရိကန်ပြည်ထောင်စုက "လက်တွေ့ကျသည့် ချဉ်းကပ်ဆက်ဆံရေး" မူဝါဒ
ကို စတင်ကျင့်သုံးခဲ့ပါသည်။ ယခုမူဝါဒအသစ်အရ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ဒဏ်ခတ် ပိတ် ဆို့ရေး
မူဝါဒများကို ဆက်လက်ထားရှိကျင့်သုံးသွားမည် ဖြစ်သော်လည်း တချိန်တည်းမှာပင် မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်း
ခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အစိုးရ
၏ အဆိုအရ တွေ့ဆုံဆွေးနွေးမှု ဆိုသည်မှာ ဆယ်စုနှစမ
်ျားစွာကြာ ကျင့်သုံးခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို "အစား
ထိုးဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ အပိုဆောင်းဖြည့်ဆည်းခြင်း" သာ ဖြစ်ပါသည်။ ထိုဆွေးနွေးမှုများကို စတင်နေပြီ ဖြစ်ပြီး
မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံအတွင်း အဓိပ္ပါယ်ရှိသည့်၊ အကောင်အထည်မြင်သာသည့် ပြုပြင်ပြောင်းလဲမှုများ၊
အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနယ်ပယ်များတွင် ဆောင်ရွက်လာမှသာ နှစ်နိုင်ငံဆက်ဆံရေး
ဆက်လက်တိုးတက် ဖြစ်ပေါ်လာဖွယ် ရှိသည်။2
မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်မူဝါဒနှင့်ပတ်သက်၍ အာရှလူ့အဖွဲ့အစည်း အလုပ်အဖွဲ့အနေနှင့်
အမေရိကန် ပြည်ထောင်စု အစိုးရက မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဤဆက်ဆံရေးလမ်းသစ်ကို အကောင်းဆုံး
အစချီနိုင်ရေး အတွက် ဤအစီရင်ခံစာဖြင့် အမေရိကန်ပြည်ထောင်စုအား လမ်းပြမြေပုံချပေးရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံ၏ ပြောင်း လဲနေသော ပြည်တွင်းပြည်ပ အခြေအနေများသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏
ဆက်ဆံရေးသာမက အမေရိကန်နှင့် အရှေ့တောင်အာရှဒေသ အပြင် အခြားအဓိက ပါဝင်ပတ်သက်သူများနှင့်
ဆက်ဆံရေးကိုပါ အတိတ်ကာလကထက် ပို၍ ကျယ်ပြန့်စေသည်ဟု အလုပ်အဖွဲ့က ယုံကြည်ပါသည်။
ဤအခြေအနေများမှာ -

1
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ မူဝါဒဆိုင်ရာ Asia Society အလုပ်အဖွဲ့က မြန်မာနိုင်ငံအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရာ၌
Myanmar အစား Burma ဟုသာ ခေါ်ဝေါ်သုံးစွဲပါသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုက ခေါ်ဝေါ်သုံးစွဲနေမှုအတိုင်းလည်း ဖြစ်ပါသည်။
2
အမေရိကန်ပြည်ထောင်စု မူဝါဒ၏ အဓိကအရေးကိစ္စများတွင် "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်
မြောက်ရေး၊ တိုင်းရင်းသားအုပ်စုများနှင့် ပဋိပက္ခများ ရပ်စဲရေး၊ မြန်မာစစ်အစိုးရ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် တိုင်းရင်းသားလူနည်းစုများအကြားတွင်
မြန်မာနိုင်ငံ ရှေ့ဆက်ရမည့် အနာဂတ် အပေါ် မြော်မြင်ချက်နှင့် ပတ်သက်၍ အစစ်အမှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး" စသည်တို့ ပါဝင်ပါသည်။
“Remarks by President Barack Obama at Suntory Hall,” Tokyo, Japan, November 14, 2009, http://www.whitehouse.gov/the-press-
office/remarks-president-barack-obama-suntory-hall (accessed February, 11, 2010) ကိုကြည့်ပါ။


• ဒေသတွင်း မဟာဗျူဟာ အကျိုးစီးပွားများနှင့် စီးပွားရေးအလျင်အမြန် တိုးတက်ကြီးထွားလာနေမှု- အာရှ အင်အား
ကြီး နိုင်ငံကြီးနှစ်နိုင်ငံ (တရုတ်နှင့် အိန္ဒိယ) တို့အကြားတွင် တည်ရှိနေခြင်း၏ အကျိုးဆက် အနေနှင့် ယနေ့အချိန်
၌ မြန်မာနိုင်ငံသည် တိုင်းပြည်မှာ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများ ရှိနေကြသော ဒေသတွင်းအင်အား
ကြီးနိုငင
်ံကြီးများ သြဇာအာဏာအတွက် ပထဝီနိုင်ငံရေးပြိုင်ဆိုင်ရာ အချက်အချာနေရာဖြစ်နေပါသည်။ ဒေသ၏
တရိပ်ရိပ်တက်နေသော စီးပွားရေးအင်အားကြောင့်လည်း မြန်မာနိုင်ငံသည် သဘာဝသယံဇာတ များနှင့် ကုန်
ကြမ်းများရရှိရာ အလွန်မက်လောက်စရာ နိုင်ငံဖြစ် နေခဲ့သည်။ ဤအချက်ကြောင့် မြန်မာ စစ်ဗိုလ်ချုပ်များအဖို့
နိုင်ငံခြားသုံးအရန်ငွေ မြိုးမြိုးမြက်မြက်ရလမ်း ဖြစ်လာစေပြီး အများက အရေးထားလာခဲ့သည်။ အထူးသဖြင့်
စွမ်းအင် ထုတ်လုပ်ရေး စီမံကိန်း များမှ ဝင်လာသော ငွေအမြောက်အမြားကို အမျိုးသားဘဏ္ဍာငွေထဲသို့ မသွင်း
ဘဲ၊ စီးပွားရေးဖွံ့ဖြိုး တိုး တက်မှုအတွက် သော်လည်းကောင်း၊ တိုင်းပြည်၏ ပြည်သူလူထု ဧရာမအများစုကြီး၏
ကောင်းကျိုး ချမ်းသာ ဖြစ်စေရးအတွက်ကိုသော်လည်းကောင်း အကျိုးဖြစ်ခြင်း မရှိသော လုပ်ငန်းများသို့ လွှဲ
ပြောင်းပေးနေလျက် ရှိသည်။ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လက်ဝေခံ စီးပွားရေးလုပ်ဖေါ်လုပ်ဖက်များမှာ အလွန်
ချမ်းသာကြွယ်ဝလာကြပြီး၊ အများပြည်သူတို့မှာမူ ဆင်းရဲတွင်း နက်သည်ထက် နက်လာခဲ့သည်။

• များမကြာသေးမီက ဖြစ်ပွားခဲ့သော (၂ဝဝ၇) ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း၌ မြန်မာနိုင်ငံအတွင်း လူ့အခွင့်


အရေးများ ပြင်းထန်ဆိုးရွားစွာ ဆုတ်ယုတ်ကျဆင်းလာနေမှု - နိုင်ငံရေး အကျဉ်းသား ဦးရေသည် တစ် နှစ်ပင်
မပြည့်တတ်သော ကာလအတွင်းမှာ နှစ်ဆရှိလာခဲ့ပြီး အတိုက်အခံနိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များသာမက
ယိုယွင်းကျဆင်းလာနေသော စီးပွားရေးနှင့် လူမှုရေးအခြေအနေများနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ကန့်ကွက်
ဖေါ်ပြမှုကြောင့် အဓိကအားဖြင့် ထိန်းသိမ်းခံရသော ရဟန်းသံဃာများ၊ စာနယ်ဇင်းသမားများ၊
လူမှုအသိုင်းအ၀ိုင်းမှလှုပ်ရှားသူများလည်း အပါအဝင် ထိန်းသိမ်းခံခဲ့ကြရသည်။ လူအများအပြားကို တံခါးပိတ်
တရားစီရင်ပြီး၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ အချို့ဆိုလျှင် နှစ် (၁ဝဝ) ကျော်အထိ ထောင်ဒဏ်များ
ချခံကြရသည်။ တချိန်တည်းမှာပင် အရှေ့ဘက်နယ်ခြားတလျှောက်ရှိ မြန်မာမဟုတ်သော လူနည်းစု လူမျိုးများကို
ကြမ်းကြမ်း ရမ်း ရမ်းတိုက်ခိုက်မှုများလည်း ပို၍ပြင်းထန်လာ နေခဲ့သည်။ ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြားရေး
ဌာန၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နှင့် အခြား အစိုးရမဟုတ်သော အဲန်ဂျီအို
အဖွဲ့အစည်းများက အကူအညီများ ပိတ်ပင်ခြင်း၊ အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ ကလေးစစ်သား အသုံး
ပြုခြင်း၊ လူနည်းစုလူမျိုးစု များအပေါ် အကြမ်းဖက်ခြင်း၊ အတင်းအဓမ္မနေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ စနစ်တကျနှင့်
နေရာအနှံ့အပြား မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဘာသာရေးအရနှိပ်ကွပ်ခြင်းနှင့်
အခြား သော ရမ်းကားရက်စက်မှုများ အပါအဝင် မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို
ကျယ်ကျယ်ပြန့်ပြန့် နှင့် ခိုင်ခိုင်လုံလုံ အစီရင်ခံတင်ပြခဲ့ကြသည်။3

3
မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများ၏ ဥပမာများအဖြစ် ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး သံအရာရှိ၏ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အစီရင် ခံစာ (http://ohchr.org/en/countries/asiaregion/pages/mmindex.aspx) နှင့် အမေရိကန် ပြည်ထောင်စု
နိုင်ငံခြားရေးဝန်ကြီးဌာန၏ "၂၀၀၈ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာ-မြန်မာနိုင်ငံ"၊ "၂၀၀၈ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး ကျင့်သုံးနေမှုများ"
(၀ါရှင်တန်ဒီစီ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အလုပ်သမားရေးရာ ဗျူရို၊ ၂၀၀၉ ခုနှစ်) http://www.state.gov/g/drl/rls/hrrpt/2008/eap/119035.htm
နှင့် လူ့အခွင့်အရေး လေ့လာစောင့်ကြည့် ရေးအဖွဲ့ (Human Rights Watch) ၏ "မြန်မာနိုင်ငံ၏ မေ့လျော့ခံနေရသော အကျဉ်းသားများ" (နယူးယောက်၊
Human Rights Watch ၂၀၀၉ ခုနှစ်) တို့ကို ကြည့်ပါ။

• မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆက်လက်၍ ဆုတ်ယုတ်ကျဆင်းနေခြင်း - နိုင်ငံခြားငွေများ
အကြီးအကျယ် ဝင်နေပါလျက်၊ မြန်မာ စစ်အစိုးရသည် တိုင်းပြည်၏ (တစ်ချိန်က မြန်မာ့စီးပွားရေး၏
အဓိကကဏ္ဍ ဖြစ်ခဲ့သည့်) လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ကြွယ်ဝမှု ကို အဟောသိကံ ဖြစ်အောင် ပစ်ထားခဲ့ပြီး၊
ပြိုကျ ပျက်စီးလု အခြေအနေသို့ ရောက်စေခဲ့သည်။

• ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်စေနိုင်သော ဖြစ်ရပ်များ - မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ မသင်္ကာဖွယ် ဆက်


ဆံနေမှုများ၊ သူပုန်အုပ်စုများကို ချုပ်ကိုင်နိုင်ရန် စစ်ရေးအရ ကြိုးပမ်းနေမှုများ၏ အကျိုး ဆက်အဖြစ် နယ်စပ်
တလျှောက်တွင် ပို၍မတည်မငြိမ် ဖြစ်လာနေမှုများ၊ ရောဂါဘယများနှင့် ဒုက္ခသည်များ အခြားနိုငင
်ံများသို့
အဆက်မပြတ် တင်ပို့ နေမှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်းများက အလွယ်တကူသွားလာနိုင်သော
နယ်စပ်များကို ဖြတ်ကျော်နေခြင်းတို့ အပါအဝင် အကြောင်းအချက် အမျိုးမျိုး ကြောင့် ဒေသတွင်း တည်ငြိမ်မှု၊
လုံခြုံမှုတို့ နှင့် ပတ်သက်၍ မြန်မာနိုင်ငံကြောင့် ဖြစ်ပေါ် နေသော ခြိမ်းခြောက်မှုများသည် ပို၍ ဆိုးရွားလာနိုင်ဖွယ်
ရှိပါသည်။

• (၂ဝ၁ဝ) ခုနှစ် ရွေးကောက်ပန


ွှဲင့် မြန်မာနိုင်ငံအစိုးရထဲမှာ ဖြစ်ပေါ်လာနိုင်သော ပြောင်းလဲမှုများ - (၂ဝ၁ဝ) ခုနှစ်
တွင် ရွေးကောက်ပွဲကျင်းပသည်ဆိုလျှင် ပြောင်းလဲမှုရှိကြောင်း အဓိကအားဖြင့် ကြည့်ရမည်မှာ စစ်အစိုးရအနေ
နှင့် နိုင်ငံရေးကန့်သတ်ချုပ်ချယ်မှုများကို လျှော့ချပေးခြင်း၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ချမှတ်ခြင်း၊ လူ့အခွင့်
အရေးတိုးတက်မှုအတွက် သိသာထင်ရှားစွာ ဆောင်ရွက်ခြင်းတို့ ရှိ- မရှိပင် ဖြစ်ပါသည်။ ဤကိစ္စများတွင် ပြောင်း
လဲမှု မရှိပါက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ တိုးတက်စရာအကြောင်း မရှိချေ။ ပိတ်ဆို့မှု ပိုမို
တင်းကျပ်မှုနှင့် အခြားသော ဒဏ်ခတ်မှုများအတွက် အမေရိကန်ပြည်ထောင်စုမှာ ဖိအားပေးမှုများ ဖြစ်ပေါ်လာပါ
လိမ့်မည်။ ဤအစိုးရတွင် စစ် တပ်က အရေးကြီးသောနေရာများကို ဆက်လက်ချုပ်ကိုင်ထားမည် ဖြစ်သော်လည်း
မြန်မာနိုင်ငံ၏ အခြခံဥပဒေသစ်သည် စာတွေ့အရ ရွေးချယ်တင်မြှောက်ခြင်းခံရသော အရပ်သား အစိုးရ တစ်ရပ်
ပေါ်ပေါက်လာရေးအတွက် ကူးပြောင်းရေးဖြစ်စဉ်ကို ဖေါ်ပြထားသည်။ သို့ရာတွင် အခြေခံဥပဒေသစ်မှာ ဖေါ်ပြ
ထားသည့်အတိုင်း ဗိုလ်ချုပ်များသည် ခေါင်းဆောင်မှုနေရာကို ပါလီမန်လွှတ်တော် အစိုးရထံသို့ နောင်လာမည့်
နှစ်အချို့အတွင်းမှာ တစတစ စတင်လွှဲပြောင်းပေးပြီး၊ တကယ့်အာဏာကို အရပ်သားခေါင်းဆောင်များ
လက်ထဲသို့ ထည့်ပေးမည်ဆိုလျှင် နိုင်ငံရေးပြောင်းလဲမှုအတွက် တံခါးကြီး ပွင့်သွားနိုင်မည် ဖြစ်သည်။ အခြေခံ
ဥပဒေမှာ စစ်တပ်က အကြီးအကျယ် လွှမ်းမိုးနေသည့်တိုင် ပါတီစုံ ပါလီမန်အစိုးရနှင့် ပတ်သက်သော ၎င်း၏
ပြဌာန်းချက်များသည် လာမည့်ဆယ်စုနှစ်များမှာ နိုင်ငံရေးပြောင်းလဲမှုအတွက်ရော၊ စီးပွားရေးပြောင်းလဲမှု
အတွက်ပါ တွန်းအားပေးမည့် (မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂ဝ ကြာမျှ ကင်းမဲ့ခဲ့သော) နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ကို
အခြေခံ အုတ်မြစ်ချပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ စစ်ခေါင်းဆောင်များသည် အသက်
အရွယ်ကြီးရင့် အိုမင်းနေကြသည်နှင့်အမျှ တပ်ဦးစီးတာဝန်ကို အသက် (၂ဝ) ခန့်ကွာသော အတော်အတန်
ငယ်ရွယ်နေသေးသည့် စစ်ခေါင်းဆောင်စုထံ လွှဲပြောင်းပေးရန် ပြင်ဆင်လျက်ရှိသည်။ ဤသို့ဆိုလျှင်
ရွေးကောက်ပွဲရလဒ်သည် (အထူးသဖြင့် ရွေးကောက်ပွဲသည် စစ်မှန်သော ပါလီမန်အစိုးရ ပြန်လည်ပေါ်ပေါက်
ရေးအတွက် ဦးတည်သည်ဆိုလျှင်) (၂ဝ၁ဝ) ခုနှစ်၏ စစ်ခေါင်းဆောင်မျိုးဆက်သစ်နှင့် အနည်းဆုံး အံကိုက်ပင်
ဖြစ်နေသည်။ ဤဖြစ်စဉ်သည် အခြေအမြစ်ကျသော ပြောင်းလဲမှုဆီသို့ ဦးတည်သည်လော သို့မဟုတ် စစ်ခေါင်း


ဆောင်မျိုးဆက်သစ်ကို အာဏာလွှဲပြောင်းပေးသည့် ဟန်ပြပြောင်းလဲမှုသက်သက်ကိုသာ ဖြစ်စေမည်လော
ဆိုသည်ကို စောင့်ကြည့်ရပါလိမ့်ဦးမည်။

• အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ကျယ်ပြန့်လာမှု - နိုင်ငံခြားအကူအညီများ ပို့လွှတ်


ရေးကိစ္စတွင် ဆိုးသွမ်းယုတ်မာသော ချုပ်ချယ်ကန့်သတ်မှုများ၊ ပိတ်ပင်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံ
တကာ ကယ်ဆယ်ရေး အေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံမှာ ရရှိခဲ့သော နှစ်
ပေါင်း (၂ဝ) နီးပါး အတွေ့အကြုံကြောင့် မြန်မာနိုင်ငံ၏ လူထုထဲမှာ လှုပ်ရှား ဆောင်ရွက်ရေးကိစ္စ၊ ဒေသခံ အစိုးရ
မဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ လူထုအခြေပြု ရပ်ရွာ အဖွဲ့အစည်း(CBOs) များအတွက် ထောက်ပံ့ရေး
ကိစ္စတို့တွင် လှုပ်ရှားရေး နယ်မြေများ ချဲ့ထွင်နိုင်ခဲ့သည်။ စစ်အစိုးရက လူမျိုးစုများနှင့် တိုက်ပွဲများဖြစ်ပွားရာ နယ်
မြေများတွင် အကူအညီများကို ပိတ်ပင်ထားသည်ဖြစ်ရာ ဤဆောင်ရွက်ချက်များသည် အထူးအရေးပါ
လှပါသည်။ မြန်မာအစိုးရက ရွေးကောက်ပွဲကာလတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကိုဆိုင်း
ငံ့ထားမည်ဟူသော မကြာသေးခင်က ကောလာဟလအရဆိုလျှင် ဒုက္ခများစွာ တွေ့စရာအကြောင်း ရှိနေပါသည်။

• မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးများလုပ်ရန် တိုက်တန


ွ်းရာ၌ အာဆီယံသည် အဓိကကျသော လမ်းကြောင်း
ဖြစ်နေခြင်း- မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စတွင် ဝေဖန်ခြင်းမပြုလိုပါဟု တစ်ချိန်က ငြင်းဆန်ခဲ့သော အင်ဒိုနီး
ရှားနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယခုအခါ၌ အဖွဲ့ဝင်အာဆီယံ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုများ
လုပ်အောင် တိုက်တွန်းလိုသော အခြေအနေသို့ နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း
ပြောင်းလဲ ဖြစ်ပေါ်တိုး တက်လာခဲ့သည်။ သို့ရာတွင် ဦးဆောင်တိုက်တွန်းနိုင်သော နိုင်ငံများအနေနှင့်
အဖွဲ့ဝင်များကို ဦးဆောင်လိုစိတ် ရှိ- မရှိ ရှင်းရှင်း လင်းလင်း မသိရသေးချေ။

• အတိတ်မှအတွေ့အကြုံ သင်ခန်းစာများ - ပြည်တွင်း ပဋိပက္ခများ ဖြေရှင်းရာ၌ ပြီးခဲ့သည့် နှစ်ပေါင်း (၂ဝ) ကျော်


စစ်အေးတိုက်ပွဲ အတွေ့အကြုံအရဆိုလျှင် နိုင်ငံရေး၊ စီးပွားရေးအရ မဖွံ့ဖြိုးသေးသောတိုင်းပြည်များတွင်
စေ့စပ်ဆွေးနွေးခြင်း၊ ဖြန်ဖြေခြင်း နည်းလမ်းတို့ထက်စာလျှင် အကြမ်းဖက်ခြင်း၊ အကျပ်ကိုင်ခြင်း နည်းလမ်းတို့ကို
ပို၍ကျင့်သုံးလေ့ရြှိ ကသည့် အလျောက် ဒီမိုကရေစီ အခြေခံအုတ်မြစ်ချရာ၌ အခက်အခဲများ၊ ရှုပ်ထွေးပွေလီမှုများ
အကြောင်းနှင့် ပတ်သက်၍ အရေးကြီးသော သင်ခန်းစာများကို အမေရိကန်ပြည်ထောင်စုက ရရှိခဲ့ပြီ ဖြစ်ပါ
သည်။

လွန်ခဲ့သော နှစ်ပေါင်း(၂ဝ)အတွင်း ဒေသတစ်ခုလုံးမှာဖြစ်ပွားခဲ့သော နိုင်ငံရေးနှင့်


စီးပွားရေးပြောင်းလဲမှုများနှင့်အတူ အန္တရာယ်ရော၊ အခွင့်အလမ်းပါ ရှိနေသည့် အခြေအနေ အချိန်အခါ တစ်ရပ်
ဖြစ်ပေါ်နေပါသည်။ သာဓကအားဖြင့် ဖေါ်ပြ ရမည်ဆိုလျှင်၊ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှု စတင်လိုက်ပါက
အတွင်းလှိုက်ဆူပွက်နေသော မကျေနပ်မှုများမှနေ၍ အကြမ်းဖက်မှုများနှင့် ဆူပူမှုများ ပေါက်ကွဲပေါ်ထွက်လာနိုင်သည့်
အန္တရာယ်ရှိနေသည်။ သို့ရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စတင်လိုက်လျှင် အချိန်ကြာလာသည်နှင့အ
် မျှ
(စစ်အစိုးရအဆက်ဆက်က တမင်ပိတ်ပင်ထားခဲ့သည့်) နိုင်ငံရပ်ခြားမှ အကူအညီများနှင့် နည်းပညာကျွမ်းကျင်မှုများ
ရရှိမည့် အခွင့်အလမ်းသစ်များလည်း ပေါ်ပေါက်လာနိုင် သည်။ ဤအခွင့်အလမ်းများဖြင့် လယ်ယာစိုက်ပျိုးရေးနယ်ပယ်နှင့်


ကျန်းမာရေးနယ်ပယ်တို့မှာ ကြုံတွေ့ရသော ကပ်ဘေး ဒုက္ခများနှင့် အခြားသော ဘေးဒုက္ခအပေါင်းကို
ထိန်းချုပ်နိုင်ပြီးပြည်သူတို့ ကို မျှော်လင့်ချက်ပေးနိုင်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံအတွင်း
အလျင်အမြန်ပြောင်းလဲမှုများကြောင့် ဒေသတွင်းရှိ အခြားနိုင်ငံများပေါ် မမှန်းဆနိုင်သော သက်ရောက်မှုများလည်း
ရှိလာနိုင်ပါသည်။
မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒကို ပြန်လည်ညှိယူရာ၌ အမေရိကန်ပြည်ထောင်စုအနေနှင့် ပကတိ
ဖြစ်ရပ်မှန်ကို အမြင်ကြည်ကြည်ဖြင့် ကြည့်ရပေမည်။ အခြားအချက်များအပြင် ဤအမြင်က အသိအမှတ်ပြုရမည့်
အချက်မှာ ဝိုင်းပယ် ခြင်း၊ ပိတ်ဆို့ခြင်းဟူသော ပြင်းထန်သည့် ဒဏ်ခတ်ရေးမူဝါဒ၏ နှစ်ပေါင်း (၂ဝ) နီးပါး အတွေ့အကြုံက
ပြသခဲ့သည့်အတိုင်း ပင် မြန်မာနိုင်ငံ၏ ပြဿနာကိုဖြေရှင်းပေးရေးကိစ္စနှင့် နိုင်ငံအုပ်ချုပ်ရေးတို့တွင်
သြဇာလွှမ်းမိုးရေးကိစ္စတို့တွင် အမေရိကန် ပြည်ထောင်စုမှာ စွမ်းဆောင်နိုင်မှု အလွန်နည်းပါးလှကြောင်းပင် ဖြစ်ပါသည်။
တစတစမြန်မာနိုင်ငံအပေါ်သြဇာလွှမ်းမိုး လာသည့် အိမ်နီးချင်းနိုင်ငံများလောက် အမေရိကန်ပြည်ထောင်စုလွှမ်းမိုးမှုက
မကြီးမားပေ။ သို့ဖြစ်ရာ အမေရိကန် ပြည်ထောင်စုအနေနှင့် ဦးစားပေး ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍
မိမိချမှတ်ထားသော အခြေခံ ရည်မှန်းချက်များနှင့် ဤရည်မှန်း ချက်များ ဖေါ်ဆောင်ရေးတွင် မိမိကျင့်သုံးနိုင်သော
အခြေခံနည်းလမ်းများကို တိကျရှင်းလင်းမှု ရှိစေရန်ဖြစ်သည်။ ထို့ပြင် မြင်သာသော ရှေ့လာမည့် ကာလအတွင်း၌
မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး နိုင်ငံများစာရင်းတွင် ထိပ်ဆုံးတန်းမှ ပါဝင်မည့်
အလားအလာ မရှိသဖြင့် ဦးစားပေး ဒေသများနှင့် နှိုင်း စာလျှင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထားရှိသော အမေ
ရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်များအတွက် အရင်းအမြစ်များသည် ဦးစားပေးနိုင်ငံများ၊ များများစားစား
ရှိလှမည်မဟုတ်ချေ။
အလုပ်အဖွဲ့က ယုံကြည်သည်မှာ အမေရိကန်ပြည်ထောင်စု အနေနှင့် ပြုပြင်ပြောင်းလဲရေးနှင့်
ဒီမိုကရေစီအုပ်ချုပ်ရေး ဖြစ် ပေါ်လာအောင် တိုက်တွန်းရာ၌ ရနိုင်သမျှ နည်းလမ်းအမျိုးမျိုး (တစ်ဖက်မှာ ဆက်ဆံခြင်းနှင့်
အခြား တစ်ဖက်တွင် ပိတ်ဆို့ခြင်း တို့ အပါအဝင်) ကို မည်သို့ အထိရောက်ဆုံးအသုံးပြုမည်နည်းဟု အသေအချာ
စဉ်းစားကာ၊ မူဝါဒ ပြန်လည်ညှိယူ ခြင်းလုပ်ငန်းကို စတင်ရပေမည်။ အထူးသဖြင့် ဤအသွင်ကူး ပြောင်းရေး
ကာလအတွင်း၌ အမေရိကန် ပြည်ထောင်စု အနေနှင့် ဆောင်ရွက်သင့်သည်မှာ ဒီမိုကရေစီ စံချိန်များဆီသို့ ဦးတည်သော
နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ကို အားပေး ရန်၊ အုပ်ချုပ်ရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးအတွက်
စစ်အစိုးရကို တိုက်တွန်း အားပေးရန်၊ တိုင်းပြည် အုပ်ချုပ်ရေးတွင် တန်းတူညီမျှ ပါဝင်နုင
ိရေးအတွက် မြန်မာမဟုတ်သော
လူမျိုးစုများကို ကူညီရန်တို့ ဖြစ်ပါသည်။ ဤရည်မှန်းချက်များ ဖေါ်ဆောင်ရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနှင့်
ကျင့်သုံး၍ ရနိုင်သော အခြေခံနည်းလမ်းများမှာ ထိရောက်သော ဆက်သွယ်ရေးလမ်းကြောင်းများ၊
အထူးသတ်မှတ်ထားသော ကူညီ ရေးအစီအစဉ်များ၊ ပြုပြင်ပြောင်းလဲ ရေးဆီ ဦးတည်သော စီးပွားရေး လုပ်ဆောင်ချက်၊
မြန်မာနိုင်င၏
ံ အိမ်နီးချင်းနိုင်ငံများ၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
လိုအပ်လျှင် သတ်မှတ်ထားသော ဘဏ္ဍာ ရေး ပိတ်ဆို့မှုများကို ပို၍တင်းကျပ် လိုက်ခြင်းတို့ ဖြစ်သည်။
ရှေ့ ဆက်တင်ပြရပါလျှင် အမေရိကန်ပြည်ထောင်စု၏ မူဝါဒများနှင့်ပတ်သက်၍ အကြံပြုချက်များ ရေးသားရာ၌
မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲအပေါ်မူတည်၍ ထူးခြားချက်များကို ထည့်သွင်းစဉ်းစားပါလျှင်
အကျိုးရှိပါလိမ့် မည်။ အလုပ်အဖွဲ့အနေနှင့် မတူခြားနားသော အဆင့် (၃) ဆင့်အပေါ် အခြေတည်၍ အောက်ပါအတိုင်း
အကြံပြုတင်ပြလို ပါသည်။ (၁) လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများ (၂) မြန်မာနိုင်ငံအစိုးရ


ခေါင်းဆောင်ပိုင်းတွင် ပြောင်းလဲမှုများ ရှိကြောင်း ညွှန်ပြချက်များကို မြင်ရပါက ဆောင်ရွက်ရမည့် နောက်ထပ် လုပ်ငန်းများ
(၃) အစစ်အမှန်တိုးတက်မှုများ ပုံမှန် ပြသလာပြီးနောက်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများဟူ၍ ဖြစ်ပါသည်။

အဆင့် (၁)။ လတ်တလောဆောင်ရက


ွ်ရမည့်လုပ်ငန်းများ။
ယခုအချိန်တင
ွ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲပေါ်ပေါက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ တရားမျှတပြီး
အင်အားစု အားလုံးပါဝင်နိုင်မည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးရေးတို့နှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စု၏
အဓိက ပြော ကြားချက်ကို မြန်မာခေါင်းဆောင်များက အကောင်းမြင် တုံ့ပြန်လိမ့်မည်ဟု ပြောရန်မှာ ခိုင်မာသော
အထောက်အထား မရှိသေးချေ။ အမှန်တကယ် ဖြစ်နိုင်သော အချက်ကား မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၏
အဓိကရည်ရွယ်ချက် သည် အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ ဒီမိုကရေစီသို့ "အဆင့် (၇)ဆင့်ပါ လုပ်ငန်းစဉ်"ကို
ထောက်ခံ အတည်ပြု ကြောင်း ၎င်းတို့၏ ပြည်သူများကို ပြသရန်ပင် ဖြစ်သည်။ အမေရိကန် အစိုးရ အနေနှင့်
မြန်မာစစ်ခေါင်းဆောင်များအား ယုံကြည် စိတ်ချရလောက်သော ရွေးကောက်ပွဲ ကျင်းပပေးအောင်တိုက်တွန်းရင်း
အပြစ်အနာအဆာရှိသော ရွေးကောက်ပွဲ ကို ကန့်ကွက်ရာလည်းမရောက် တရားမျှတကြောင်းဖေါ်ပြရာလည်း
မရောက်အောင် ရှောင်ရှားလျက် ဤမိုင်းကွင်းကြီးကို သတိထား လျှောက်လှမ်းသွားရပေမည်။
ဖြစ်လာနိုင်ဖယ
ွ်ရာရှိသော ပြောင်းလဲမှုများပေါ်ပေါက်ရေးနှင့် အထောက်အကူပြုရေးအတွက်
ယနေ့ဆောင်ရွက်ရမည့် အောက်ပါလုပ်ငန်းများကို အလုပ်အဖွဲ့က အကြံပြုတင်ပြလိုက်ပါသည်။

• အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးအတွက်သာမက


မြန်မာနိုင်ငံတင
ွ်းမှ အဖွဲ့အစည်းအမျိုးမျိုးနှင့် အကျယ်အပြန့် ဆက်ဆံနိုင်ရေးအတွက်ပါ ရပ်တည်သင့်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အမေရိကန် မူဝါဒထောက်ခံချက်၏ အချက်အချာ ဆက်လက်
ဖြစ်နေသင့်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၊ ဒီမိုကရေစီအဖွဲ့အစည်းများ၊ လူနည်းစုနိုင်ငံသားများ
အကြားတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် လိုအပ်သော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်
ရေးအတွက် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှိနေသင့်သည်။ တချိန်တည်းမှာပင် အမေရိကန်၏
မူ ၀ါဒသည် အရပ်သားအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုလူမျိုးစုများကို
ကမ်းလှမ်းပြီး မြန်မာနိုင်ငံအတွင်း အမေရိကန်၏ ကူညီရေး အစီအစဉ်များမှနေ၍ ၎င်းတို့ အကျိုးခံစားရရေးတို့ကို
ယခင်ကထက် ပို၍အလေးပေးသင့်သည်။ ဒီအနေအထားမှာ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ၂၀၀၇ ခုနှစ်
သမတမိန့် ခွန်းတွင်တောင်းဆိုထားသည့် "အားလုံးပါဝင်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရရန်
ဒေါ်အောင်ဆန်းစုကြည်၊ သက်ဆိုင်သူများနှင့် တိုင်းရင်းသားများ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများ"
အကောင်ထည်ဖော်ပေးရန်ကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းရန် အလုပ်အဖွဲ့က အကြံပြုပါသည်။4 ထို့ 
အပြင် တိုးချဲ့ လာသည့်ဆက်ဆံရေးကို အထောက်အကူပေးရန် ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေး
Tom Lantos (စစ်အစိုးရ ဒီမိုကရေစီဆန့် ကျင်ရေး လုပ်ဆောင် ချက်များ) အက်ဥပဒေ (JADE Act) တွင်
တောင်းဆိုထားသည့်အတိုင်းအထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်း ဆောင်ရွက်သူတဦး အမေရိကန်
ပြည်ထောင်စုက ခန့် အပ်သင့်ပါသည်။5

4
ကုလသမဂ္ဂကုလသမဂ္ဂလုံ ခြုံရေးကောင်စီ ၅၇ ကြိမ်မြောက်အစည်းအဝေး "လုံ ခြုံရေးကောင်စီဥကဌမိန့် ခွန်း (မြန်မာနိုင်ငံ အခြေအနေ) "
(S/PRST/2007/37) ၂၀၀၇ အောက်တိုဘာ ၁၁ ရက်။
5
 Tom Lantos Block Burmese Jade (Junta’s Anti-Democratic Efforts) Act of 2008, Pub. L. no. 110-286, 122 Stat. 2642 (2008),
http://www.gpo.gov/fdsys/pkg/PLAW-110publ286/pdf/PLAW-110publ286.pdf (accessed February 11, 2010) ကိုကြည့်ပါ၊ ၂၀၀၈ ခုနှစ်
နိုဝင်ဘာ လတွင် သမတ ဂျော့ဘုရှ်က ယခင် အိမ် ဖြူတော် အာ ရှရေးရာ အကြံပေးအရာ ရှိ မိုက်ကယ် ဂျေဂရင်းကို ထိုရာထူး


• မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ မူဝါဒသည် အခြားသော ပတ်သက်ရာ ပတ်သက်
ကြောင်း အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အာရှအိမ်နီးချင်း နိုင်ငံများနှင့်
ညှိနှိုင်းရေး၊ ပူးပေါင်းဆောင်ရက
ွ်ရေးတို့ကို ယခင်ကထက်ပို၍ အလေးပေးသင့်သည်။ မြန်မာနိုင်ငံအတွင်း
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် တွန်းအားပေးမည်ဆိုလျှင် လာမည့် ဆယ်စုနှစ်အတွင်း၌ အာဆီယံအဖွဲ့
သည် အထူးအရေးပါသည့် လမ်းကြောင်း ဖြစ်ပါသည်။ ဤသို့ဆက်စပ်ရာ၌ (၂ဝဝ၉) ခုနှစ်က စင်္ကာပူနိုင်ငံ တွင်
ကျင်းပခဲ့သော ပထမဦးဆုံးသော အာဆီယံ-အမေရိကန် ခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးမှ
ပူးတွဲကြေညာချက်မှာ ဖေါ်ပြခဲ့လမ်းကြောင်းထားခဲ့သည့်အတိုင်း၊ (၂ဝ၁ဝ) ခုနှစ် ရွေးကောက်ပွဲကို "လွတ် လပ်၊
တရားမျှတ၊ ပွင့်လင်းမြင်သာသောနည်း" ဖြင့် ကျင်းပရေးသည် အရေးကြီးကြောင်း အမေရိကန်
ပြည်ထောင်စုသည် အာဆီယံနိုင်ငံများနှင့် လက်တွဲ၍ ဖေါ်ပြပေးသင့်သည်။ အမေရိကန်ပြည်ထောင်စု အနေ နှင့်
မြန်မာအစိုးရကို အကောင်းဖက်သို့ တွန်းပို့ရေးအတွက် တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ပူးပေါင်း
ကြိုးပမ်းသင့်သည်။

• မြန်မာအစိုးရက အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး နိုင်ငံရေးတွင် အားလုံးကို


ပါဝင်ခင
ွ့်မပြုမချင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ကုန်သယ
ွ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ပိတ်ဆို့မှုများကို မရုပ်သိမ်းသင့်ချေ။ မြန်မာ အစိုးရ၏ ဖွဲ့စည်း ထားပုံ၊ မူဝါဒတို့နှင့် ပတ်သက်၍ အထူးသဖြင့်
အတိုက်အခံတို့အပေါ် သည်းခံရေးသဘောထားနှင့် ပတ်သက် ၍ သိသာပြီး၊ အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ
မရှိသေးသ၍ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဟူသော အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို
အလုပ်အဖွဲ့သည် ထောက်ခံပါသည်။ ထို့ပြင် အဓိကကျသော စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့်
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို အစိုးရသစ်က ဆောင်ရွက်ခြင်း မပြုမချင်း
အကျင့်ပျက်ခြစားမှု အကျင့်စရိုက်များ၊ ငွေမဲခဝါချခြင်းနှင့် သဘာဝသယံဇာတ ရောင်းချမှုများမှ
နိုင်ငံခြားငွေမာများကို စစ်တပ်ခေါင်းဆောင်ပိုင်းက အလွဲသုံးစားပြုရန် ကျင့်သုံးနေသော အခြားလုပ်ရပ်များ နှင့်
စပ်လျဉ်းသည့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ပိတ်ဆို့မှုများကို အပြည့်အဝ ရုပ်သိမ်းပေးခြင်း မပြုသင့် သေးချေ။

• အစိုးရချင်း အပြန်အလှနဆ
် က်ဆံမှုနှင့် ဆက်သယ
ွ်မှုတို့ကို ကန့်သတ်သည့် စီးပွားရေးနှင့်မဆိုင်သော ပိတ်ဆို့
မှုအချို့ကို ရုပ်သိမ်းခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒအဖို့ လိုလားအပ်သော ပြု ပြင်ပြောင်းလဲမှု
ဖြစ်ပါသည်။ ထို့ပြင် တရားဝင် လမ်းကြောင်းများမှရော တရားမဝင်လမ်းကြောင်းများ မှပါ နှစ်နိုင်ငံ အပြန် အလှန်
ဆက်ဆံရေးကိစ္စများတွင် ပို၍ပင် လျှော့ပေးသင့်ပါသည်။ အထူးသဖြင့် နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်
ပေါ်နိုင်ဖွယ်ရှိသည့်ကာလအတွင်းမှာ အပြန်အလှန်ဆက်သွယ်ရေး လမ်းကြောင်းကို တိုးချဲ့လိုက်ခြင်းသည်
မြန်မာနိုင်ငံတွင် မိမိ၏ ရည်မှန်းချက်များကို ဖေါ်ဆောင်ရာ၌ အမေရိကန်ပြည်ထောင်စု၏ သြဇာအာဏာကို
တိုးပွားစေသည်ဟု အလုပ်အဖွဲ့က ထက်ထက်သန်သန် ယုံကြည်ပါသည်။ ယခုအချိန်မှစ၍ ကြံရွယထ
်ား သော
ရွေးကောက်ပွဲ ကျင်းပသည်အထိ ကာလအတွင်း အမေရိကန်ပြည်ထောင်စု အနေနှင့် စစ်ခေါင်း ဆောင်များနှင့်
တိုက်ရိုက်ဆွေးနွေးနိုင်သော အခွင့်အလမ်းကို ဆက်လက် အသုံးချကာ စစ်မှန်သော သုံးပွင့် ဆိုင်
ဆွေးနွေးပွဲဖြစ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် တိုက်တွန်းသင့်ပါသည်။

အတွက်အမည်ပေးခဲ့ပါသည်။ စစ်ဆေးရန်နှင့် ခွင့် ပြုရန် ကွန်ဂရက်ထံ ဂရင်းအမည် ရောက်မသွားပါ။ သမတအိုဘားမား လက်ထက်


တခြားမည်သူမှလည်း အမည်ပေးမခံရပါ။
 

• မြန်မာနိုင်ငံနှင့် လက်တွေ့အကျိုးသက်ရောက်နိုင်ဖယ
ွ်ရှိသော ဆက်ဆံမှုလုပ်ရာ၌ အမေရိကန် ပြည်ထောင်စု
အနေနှင့် အကူအညီပေးရေး အစီအစဉ် အမျိုးမျိုးဖြင့် မြန်မာပြည်သူတို့နှင့် တိုက်ရိုက်ဆက်ဆံရေး နည်း
လမ်းများကို ဆက်လက်ရှာဖွေသင့်သည့် အပြင်၊ မြှင့်တင်ခြင်းပင် ပြုသင့်ပါသည်။ အကယ်၍ စစ်အစိုးရ သို့ မဟုတ်
စစ်တပ်ကြီးစိုးသော အရပ်သားအစိုးရက ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပြီး နောက်မှာပင် မြန်မာ နိုင်ငံတွင်
ကြမ်းတမ်းရက်စက်သော အာဏာရှင်အုပ်ချုပ်ရေးကို ဆက်လက် ထိန်းသိမ်းထားပါက ဤနည်း အတိုင်း
ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းမှာ အမေရိကန် ပြည် ထောင်စု၏
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများသည် (အထူးသဖြင့် နာဂစ်မုန်တိုင်း
တိုက်ပြီးစတွင်) ကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရာ၌လည်းကောင်း၊
အရပ်သား လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးထွား တိုးတက်အောင်
အထောက်အကူပြုပေးရာ၌လည်းကောင်း အလျင်အမြန် ကြီးထွားလာခဲ့သည်။6 စစ်အစိုးရနှင့်
အဆက်အသွယ်မရှိသော အဲန်ဂျီအိုအဖွဲ့အစည်းများသို့ အကူအညီများ တိုး၍ ပေးသင့်သည်။
ထို့အပြင်အမေရိကန် ပြည်ထောင်စု၏ အကူအညီများသည် အငယ်စားလယ်သမားများအပြင် အသေးစားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများကိုပါ ပစ်မှတ်ထားသင့်သည်။

သို့ရာတွင် အကူအညီများတိုး၍ပေးရေးကိစ္စကို စဉ်းစားရာ၌ အမေရိကန်ပြည်ထောင်စုအနေနှင့် စီးပွားရေး


အရင်းအမြစ်များ မြန်မာနိုင်ငံသို့ စီးဆင်းသွားခြင်း တိုးလာမည့် အန္တရာယ်ကို သတိပြု စစ်ဆေးသင့်သည်။
မြန်မာအစိုးရက အစိုးရအဖွဲ့အစည်းများမှတဆင့် ဝင်လာသည်မဟုတ်သော (ဤအစိုးရအဖွဲ့အစည်းများတွင်
မူလက ရည်ရွယ်ထားသည့်အရာများအတွက် မဟုတ်ဘဲ တခြား ရည်ရွယ်ချက်အဖြစ်သို့ အလွယ်တကူ
ပြောင်းသွားနိုင်သည့်) နိုင်ငံခြားအကူအညီများအပေါ် မလိုမုန်းထားစိတ် ဆက်၍ ရှိမြဲရှိနေပါက
ဤသို့သတိပြုစစ်ဆေးရန် အထူးလိုအပ်ပါသည်။ ဆိုးရွားလှသည်မှာ နိုင်ငံခြားအကူ အညီ ရယူသူ မှန်သမျှ
ရွေးကောက်ပွဲဝင်ခွင့်မရှိဟု အခြေခံဥပဒေသစ်က အတိအလင်း ပထုတ်ထားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ
နိုင်ငံခြားအကူအညီအပေါ် ရန်လိုသော သဘောထားကို အစိုးရသစ်ထဲသို့ ရိုက်သွင်းထားပြီး ဖြစ်နေပါသည်။

• အမေရိကန်ပြည်ထောင်စု၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များကို မြန်မာနိုင်ငံအတွင်း


လုပ်ကိုင်ရာတွင် (အထူးလိုအပ်နေလျက်ပင် ရှိသေးသည့်) လက်ရှိ နယ် စပ်ဖြတ်ကျော် အကူအညီပေးရေး
အစီအစဉ်များ ကို မထိခိုက်ဘဲ လုပ်ရပါမည် ။ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များ
(အထူးသဖြင့် ထိုင်းနိုင်ငံထဲမှ အစီအစဉ်များ) သည် လိုအပ်နေဆဲ ဖြစ်ပါသည်။ အကြောင်းမှာ
အခြေခံဥပဒေသစ်က လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများ မရှိမဖြစ် လိုအပ်နေသော
မြန်မာဒုက္ခသည်များနှင့် ပြည်နှင် ဒဏ်ခံနေရသူများ နေရပ်ပြန်ရေးအတွက် မည်သည့်နည်းလမ်းမျှ
ပြဌာန်းပေးထားခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ စင်စစ် အခြေခံဥပဒေက ထိုသူများ နေရပ်မပြန်နိုင်အောင်
အတားအဆီးများ ချထားပုံရပါသည်။ အိမ်နီးချင်းတိုင်ပြည်များတွင် လှုပ်ရှားနေသော အထင် ကြီးလောက်ပြီး
ကောင်းစွာအခြေတကျဖြစ်နေသော အဲန်ဂျီအိုအဖွဲ့များနှင့် အခြားသော ကူညီ ကယ်ဆယ်ရေး အဖွဲ့အစည်းများက
မြန်မာနိုင်ငံတွင်း ရှိ အကူအညီပေးရေး အစီအစဉ်များ (အထူးသဖြင့် ရွေးကောက်ပွဲ ကာလမှာပင်အကြီးအကျယ်
ကန့်သတ်ချုပ်ချယ် ခံရစရာရှိသည့် လူမျိုးစုများအတွက် ဆောင်ရွက်နေသော အကူအညီပေး ရေး အစီအစဉ်များ)
ကို အထောက်အကူပေးရာ၊ အားဖြည့်ပေးရာ အရေးကြီးသော အဖွဲ့ အစည်းများအဖြစ် ဆက်လက်
ဆောင်ရွက်နေမည် ဖြစ်ပါသည်။

6
၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာရာ၌ ဆိုက်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးအတွက် အဲန်ဂျီအို
အဖွဲ့အစည်းများသို့ မူလကကူညီ ထားသည့် အမေရိကန်ဒေါ်လာ ၇၅ သန်းအပြင်၊ နောက်ထပ် ၁၀ သန်းထပ်တိုးကြောင်း ကြေညာခဲ့သည်။


• Fullbright and Humphery Scholar (ဖူးလ်ဘရိုက်နှင့် ဟမ်ဖရီ ပညာတော်သင်) အစီအစဉ်များအရ ပညာ ရေး
ဖလှယ်မှုနှင့် ယဉ်ကျေးမှု ကူးလူးဆက်ဆံရေး လှုပ်ရှားမှုများကို တိုးချဲ့သင့်သည်။ ဤအစီအစဉ်များသည်
မြန်မာနိုင်ငံ၏ လူထု ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အားကောင်းသော အင်အားစုများကို မွေးထုတ်ပေး မည်
ဖြစ်သည့်အပြင်၊ တိုးတက်ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အလားအလာကောင်းများကို တိုးပွား
စေနိုင်ပါသည်။ စစ်အစိုးရသည် နိုင်ငံအတွင်း နိုင်ငံခြားယဉ်ကျေးမှုသြဇာလွှမ်းမိုးသည်ကို အကြီးအကျယ်
ဆန့်ကျင်နေသော်လည်း အမေရိကန်သံရုံး၏ အမေရိကန်စင်တာ (American Center) သည် ရန်ကုန်နယ် မြေမှာ
နေထိုင်နေကြသော မြန်မာလူမျိုး အတော်များများအဖို့ အရေးကြီးသော ယဉ်ကျေးမှု အချက်အချာ နေရာ
တစ်နေရာအဖြစ် ရှိနေခဲ့သည်မှာ ကြာလှပြီဖြစ်ပါသည်။ ရွေးကောက်ပွဲပြီး၍ နိုင်ငံခြားသား ကြောက် သောရောဂါ
သိပ်မပြင်းထန်သည့် ခေါင်းဆောင်များ၏ လက်ဝယ်သို့ အာဏာလွှဲပြောင်းပေးလိုက်ပါက အမေ
ရိကန်ပြည်ထောင်စုအနေနှင့် အင်တာနက်အသုံးပြုခြင်း၊ ဟောပြောသူများကို အခြားမြို့များသို့ အလည်
အပတ်စေလွှတ်ခြင်းနှင့် အခြားသော ယဉ်ကျေးမှု ကူးလူးဆက်ဆံရေးလုပ်ငန်းများဖြင့် အမေရိကန် စင်တာ၏
အစီအစဉ်များကို တိုးချဲ့သင့်ပါသည်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုမှနေ၍ ရွေးကောက်ခံထားရ သော
အစိုးရအဖွဲ့ထဲတွင် အတိုက်အခံများ၊ လူမျိုးစုကိုယ်စားလှယ်များ အပြည့်အဝပါဝင်မှုဖြင့် သက်သေ ပြထားသော
အစစ်အမှန်ပြောင်းလဲမှု ဖြစ်ပေါ်လာပါက အမေရိကန်ပြည်ထောင်စု၏ ပညာသင်ဆုပေးရေးနှင့်
ဧည့်သည်တော်များစေလွှတ်ရေး အစီအစဉ်ကို တိုးချဲ့ကာ၊ မြန်မာအစိုးရအရာရှိများကိုပါ ထည့်သွင်းသင့် သည်။

• ရွေးကောက်ပွဲကိစ္စနှင့ပ
် တ်သက်၍တော့ အမေရိကန်ပြည်ထောင်စုသည် ရွေးကောက်ပွဲ စောင့် ကြည့် လေ့လာမှုတင
ွ်
တိုက်ရိုက်မပါဝင့်ချေ။ အကြောင်းမှာ အပြစ်အနာအဆာ အကြီးအကျယ်ရှိနေသော ရွေး ကောက်ပက
ွဲို
အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးနေသည်ဟု အမြင်ခံရနိုင်သော အနေအထား ကြောင့် ဖြစ်ပါသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာပြည်တွင်းနှင့် ထိုင်းနယ်စပ်တွင် (လူမျိုးစုများအတွက်
အရေးကြီးလာနိုင်ဖွယ်ရှိသော တိုင်းနှင့် ပြည်နယ်အဆင့် ရွေးကောက်ပွဲများကို အထူး အလေးထားလျက်)
မဲဆန္ဒပေးခြင်းဆိုင်ရာ ရက်တိုသင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနေကြသော အဖွဲ့အစည်းများအတွက်
ရွေးကောက်ပွဲလုပ်ငန်းနှင့် ပါလီမန်ဖွဲ့စည်းရေးလုပ်ငန်းဆိုင်ရာ ပညာပေးရေး အထောက်အကူပစ္စည်းများ
ဖြည့်ဆည်းပေးရေးကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးသင့်သည်။ အမေရိကန်အသံ (VOA) နှင့်
လွတလ
် ပ်သော အာရှအသံ (RFA) ရေဒီယိုတို့ကလည်း မဲဆန္ဒရှင်များကို ပညာပေးရေးလုပ်ငန်းကို
အထောက်အကူ ပြုပေးနိုင်ပါသည်။

အဆင့်(၂)- မြန်မာနိုင်ငံအစိုးရ ခေါင်းဆောင်ပိုင်းတွင် ပြောင်းလဲမှုများရှိကြောင်း ညွှန်ပြချက်များကို မြင်ရပါက ဆောင်ရက


ွ်
ရမည့် နောက်ထပ်လုပ်ငန်းများ။
မြန်မာနိုင်ငံအစိုးရ ခေါင်းဆောင်များက နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ်မှုများကို လျှော့ချခြင်း၊ စီးပွားရေး ပြုပြင်
ပြောင်းလဲမှုများ ချမှတ်ခြင်း၊ လူ့ အခွင့်အရေး တိုးတက်မှုအတွက် ဆောင်ရက
ွ်ခြင်း ပြုပါက အမေရိကန် ပြည်ထောင်စု၏
မူဝါဒကို ဒုတိယအဆင့်သို့ ပြောင်း သင့်ပါသည်။ ဤအဆင့်တွင် အမေရိကန်ပြည်ထောင်စုအနေနှင့် အစိုးရအတွင်းနှင့်
အစိုးရပြင်ပတွင် နောက်ထပ် ဒီမို ကရေစီ အဖွဲ့အစည်းများပေါ်ပေါက်လာရေးတွင် ကူညီရန်နှင့် အစိုးရ၏ စွမ်းရည်
တည်ဆောက်ရေး လုပ်ငန်းကို အားပေး ရန်အတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်သင့်ပါသည်။ ဤကိစ္စများတွင်
ပြောင်းလဲမှုမရှိပါက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ တိုးတက်စရာ အကြောင်းမရှိချေ။ ပိတ်ဆို့မှု
ပိုမိုတင်းကျပ်မှုနှင့် အခြားသော ဒဏ်ခတ်မှု များအတွက် အမေရိကန်ပြည်ထောင်စုမှာ ဖိအားပေးမှုများ ဖြစ်ပေါ်
လာပါလိမ့်မည်။ ဤသို့သော အခြေအနေမျိုး၌ အမေ ရိကန်ပြည်ထောင်စု၏ မူဝါဒကို အခြေခံအားဖြင့် အဆင့် (၁)


ဘောင်ထဲမှာ ထားရစ်သင့်ပြီး၊ အကန့်အသတ်ဖြင့် ဆက်ဆံ ခြင်း၊ အကူအညီများကိုလည်း အဓိကအားဖြင့် လူသားချင်း
စာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်၊ ရပ်ရွာဖွံ့ဖြိုးရေး အစီအစဉ်နှင့် အကန့်အသတ်ထားသော စွမ်းရည်
တည်ဆောက်ရေး အစီအစဉ်များအတွက်သာ ပေးခြင်းပြုသင့်ပါသည်။
အကယ်၍ အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများ
အကျယ်အပြန့် လုပ်ခွင့်ပြုကြောင်း ပြသခြင်းတို့ အပါအဝင် ခြားနားသော ဖြစ်ရပ်များ ပေါ်ပေါက်လာပါက
စွမ်းရည်တည်ဆောက်ရေး လုပ်ငန်း၊ အုပ်ချုပ်ရေးသင်တန်း၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ပတ်သက်၍
အားပေးရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုတို့ကို ကူညီရာ၌ အမေရိကန်ပြည်ထောင်စု၏ များစွာ ပိုမိုတက်ကြွသော
အခန်းကဏ္ဍအတွက် လမ်းပွင့်သွားပါ လိမ့်မည်။
ဤအဆင့်အတွက် အလုပ်အဖွဲ့က အောက်ပါအချက်များကို အကြံပြုတင်ပြလိုက်ပါသည်။

• မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် နိုင်ငံတကာ ညှိနှိုင်းဆောင်ရက


ွ်မှုနှင့်
အကူအညီများ ရရှိရန် လုပ်ငန်း အမျိုးမျိုး ဖေါ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ် နည်း တစ်ရပ် ချမှတ်ရန်
အမေရိကန်ပြည်ထောင်စုသည် ဥရောပသမဂ္ဂ (EU)၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊
မြန်မာနိုင်ငံ တို့နှင့်အတူ ကုလသမဂ္ဂ ကြီးကြပ်မှုအောက်တင
ွ် အထောက်အကူပြု အဖွဲ့တစ်ရပ် ဖွဲ့စည်းသင့်သည်။
ဤကဲ့သို့ သော အဖွဲ့ အစည်းမျိုးသည် သင့်တော်သည့်အတိုင်း အတိအကျ သတ်မှတ်ထားသော
လုပ်ငန်းတာဝန်များကို စူးစိုက်ဆောင်ရွက်ရေး အတွက် အခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို
ကွပ်ကဲနိုင်စွမ်းလည်း ရှိပါသည်။ သို့ရာတွင် ၎င်း၏ အဓိကရည်မှန်းချက်သည် ပြုပြင်ပြောင်းလဲရေး၊
ကောင်းမွန်သော အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့ကို ညှိနှိုင်းပေးရန်နှင့်
ဖြစ်မြောက်အောင် ဝိုင်းဝန်းတိုက်တွန်း ပြောဆိုပေးရန်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေနှင့်
(အထူးသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ပတ်သက်၍) ပါဝင်ပတ်သက်နေသော အဓိက
အာရှနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်နိုင် သော အတိုင်းအတာပေါ် မူတည်၍၊ တိုးတက်မှုရနိုင်သော
အလားအလာများကို တိုးပွားစေနိုင်မည်ဖြစ်သည်။ အကြောင်းမှာ အနောက်တိုင်းနိုင်ငံများနှင့် စာလျှင်
ဤတိုင်းပြည်များ၏ အကြံဉာဏ်နှင့် အထောက်အကူပြုမှု တို့ကို မြန်မာအစိုးရက ပို၍ကြိုဆိုဖွယ်ရှိသောကြောင့်
ဖြစ်ပါသည်။

• စီစဉ်ထားသည့်အတိုင်း (၂ဝ၁ဝ)ခုနှစ်အတွင်း၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပက


ျွဲင်းပပြီး၊ လက်ရှိစစ်အစိုးရ (နိုင်ငံ
တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) နေရာမှာ တဝက်တပျက်အရပ်သားအစိုးရ တစ်ရပ်ဖြင့်
အောင်မြင်စွာ အစားထိုးနိုင်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအဖို့ ရွေးချယ်တင်မြှောက်ခံထားရသော
နိုင်ငံရေးသမားများ အပြင်၊ ဝန်ကြီးဌာနသစ်များနှင့် အခြားသော အစိုးရဌာနများမှ အရပ်သား ဝန်ထမ်းများနှင့်
ဆက်ဆံနိုင်ရေးသည့်အနေအထားတွင်ရှိရန် အရေးကြီးပါသည်။ ဤသို့ ပြုလျှင် အမေရိကန် ပြည်ထောင်စု
အနေနှင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေသော ပြောင်းလဲမှုများ၏ သဘောသဘာဝကို အကဲဖြတ်နိုင်ရေးနှင့် အကျိုးပြု
လုပ် ငန်းများဆောင်ရွက်ရမည့်နေရာများကို ဆုံးဖြတ်ရေးတို့အတွက် ပိုမုေ
ိ ကာင်းမွန်သော နည်းလမ်းများ ရရှိပါ
လိမ့်မည်။ ဤအပြန်အလှန်ဆက်ဆံမှုတွင်(သာဓကအနေနှင့်) မြန်မာအစိုးရ အရာရှိများအား ပြည်ဝင်ခွင့်

၁၀
ပိတ်ပင်ထားမှုကို လျှော့ချကာ၊ အမေရိကန်ပြည်ထောင်စုက ရွေးချယ်စိစစ်မှုအရ ဝင်ရောက်ခွင့်ပြုခြင်းလည်း
ပါဝင်နိုင်ပါသည်။

• အမေရိကန်အစိုးရသည် စီးပွားရေးဆက်ဆံရေးများပိုမိုတိုးတက်ကောင်းမွန်ရေး၊ နောက်ဆုံးအနေနှင့် ကုန်


သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပိတ်ဆို့ရေးတို့အတွက် လမ်းရှင်းပေးမည့် အစီအစဉ်များ ဖေါ်ဆောင်ရန် ပြင်ဆင်
ထားသင့်သည်။ နိုငင
်ံရေးအသွင်ကူးပြောင်းမှုမှနေ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စစ်မှန်သောခံယူချက်
ရှိပြီး (ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သော) အခြေခံနိုင်ငံရေး လွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့်
(အလွန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ် ပစ်ရေး အပါအဝင်ဖြစ်သည်) ကို
ယုံကြည်လက်ခံလိုစိတ်တို့ ရှိကြောင်း ပြသသော အစိုးရတစ်ရပ် ပေါ်ထွက် လာမှသာလျှင် ဤအစီအစဉ်များကို
ဖေါ်ဆောင်သင့်ပါသည်။

ပထမဦးဆုံးသော အစီအစဉ်မှာ ကျွမ်းကျင်သူ ပညာရှင်များ၏ အကြံဉာဏ်များ ဖြည့်ဆည်းပေးရေး ဖြစ် သည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အကြံဥာဏ်များပေးရန် အတွက် အမေရိကန်
ပြည်ထောင်စု အနေနှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)
တို့ကဲ့သို့သော အဖွဲ့အစည်းများသို့ တစ်ဆင့်ပြီး တစ်ဆင့် အမိန့်စာများထုတ်ပေးခြင်းနှင့် ဤအဖွဲ့အစည်းများနှင့်
တွဖ
ဲ က်ဆောင်ရက
ွ်ခြင်းတို့ ပြုသင့်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒရေးဆွဲရေး အဖွဲ့များ၏ ကျွမ်းကျင်မှုသည်
စစ်တပ်အုပ်စိုးမှုအောက်တွင် အလွန်ပင်ဆုတ်ယုတ်ပျက်စီး သွားခဲ့ရာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတင
ွ်
ပါဝင်လောက်သော စွမ်းရည် ရှိချင်မှ ရှိပါလိမ့်မည်။ အကြံပေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အချက်အလက်
စုဆောင်းရေးလုပ်ငန်းမှနေ၍ အစချီပြီး၊ လက်ရှိ ယုံကြည်အားထားစရာလည်း မရှိ၊ ရှေ့ နောက်
ညီညတ
ွ်ခြင်းလည်းမရှိသည့်အပြင် နိုင်ငံရေးဖိအားနာခံနေရသော အချက်အလက် စုဆောင်းရေး လုပ်ငန်းကို
ဝေဖန်သုံးသပ် ခံနိုင်စွမ်းလည်းရှိ၊ တာဝန်ခံနိုင်စွမ်းလည်း ရှိသောအချက်အလက် စုဆောင်းရေး လုပ်ငန်းဖြင့်
အစားထိုးသင့်ပါသည်။

ဒုတိယအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ၏ စီးပွားရေး အဖွဲ့အစည်းဆိုင်ရာစနစ် တည်


ဆောက်ရာ (institution building) တွင် အကူအညီပေးရန်ဖြစ်သည်။ ဤကိစ္စတွင် လိုအပ်ချက်ပေါင်းများစွာ
ရှိပါသည်။ သို့ရာတွင် အရေးကြီး ဆုံး လိုအပ်ချက်မှာ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ တင်ပို့မှုမှ ခပ်သွက် သွက်
ရရှိနေသော ဝင်ငွေများကို အများပြည်သူအတွက် အကျိုးရှိစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းသို့ လွှဲပြောင်းပေး သည့်
လုပ်ထုံးလုပ်နည်း ရေးဆွဲသတ်မှတ်ရေးပင် ဖြစ်သည်။ ယခုအချိန်အထိ မြန်မာအစိုးရ၏ ရွေးချယ် ချ
မှတ်ထားသည့် မူဝါဒများအရ၊ တိုင်းသူပြည်သားများ ဆင်းရဲတွင်းနက်နေချိန်မှာ တိုင်းပြည်၏ သဘာဝ ဓာတ်
ငွေမ
ှ့ရရှိ သော ဥစ္စာဓနအမြောက်အမြားကို စစ်အစိုးရ ခေါင်းဆောင်များက သိမ်းကြုံးယူငင်ထားကာ၊ ထင် သလို
သုံးစွဲနေကြပြီး ဤဝင်ငွေများကြောင့် "သယံဇာတပေါကြွယ်ဝမှုကြောင့် ကျိန်စာသင့်ရသည့် အခြေ အနေ" တစ်မျိုး
ပေါ်ပေါက်နေလျက် ရှိသည်။ သယံဇာတကြွယ်ဝသော အခြားတိုင်းပြည်များမှာ အမြစ်တွယ် နေသော
အကျင့်ပျက် ခြစားမှု၊ လွဲမှားသော စီမံအုပ်ချုပ်မှု၊ အာဏာရှင်အုပ်စိုးမှုတို့ ရှိနေသည့်ကြားကပင် ပြည်သူ
့ငွေများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးမြှင့်ပေးရေးအတွက် (အမေရိကန်

၁၁
ပြည်ထောင်စုက ထောက်ခံထားသော နည်းလမ်းများလည်း အပါအဝင်ဖြစ်သည့်) အတွေ့ အကြုံ အများအပြား
ရှိနေပါသည်။ သယံဇာတ အရင်းအမြစ်များကို အများ ပြည်သူတို့၏ လိုအပ်ချက်များအတွက် ပိုမိုကောင်းစွာ
အသုံးပြုစေနိုင်မည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ သတ်မှတ်ရာ၌ ဤအတွေ့အကြုံများကို မြန်မာနိုင်ငံမှာ
အသုံးချနိုင်ပါ သည်။

တတိယ အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံ၏ ကျေးလက်နေလူထုများ ကြွေးဝန်ပိ


နေသော ဧရာမအကျပ်အတည်းကြီးကိုလည်းကောင်း၊ တောင်သူလယ်သမားများအဖို့ လက်လှမ်းမီသော
ချေးငွေ(အမတော်ကြေး) သစ်များ ထုတ်ချေးပေးမှုမရှိခြင်းကိုလည်းကောင်း၊ ကျေးလက်ဒေသများမှာ
အောင်မြင်နိုင်မည့်လုပ်ငန်းငယ်လေးများကင်းမဲ့နေခြင်းကိုလည်းကောင်း ဖြေရှင်းပေးရာ၌ မြန်မာနိုင်ငံအတွက်
အသေး စား ချေးငွေထုတ်ပေးခြင်းနည်း (microfinance) ဖြင့် အကူအညီပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏
ကျေးလက် ဒေသသည် တချိန်က ကမ္ဘာပေါ်တွင် ထုတ်လုပ်မှုအား အကောင်းဆုံးနှင့် အချမ်းသာဆုံး
လယ်သမားအချို့ ရှိ ခဲ့ရာ ဒေသ ဖြစ်ခဲ့သည်။ ယခုမူ စီးပွားရေးဒုက္ခကြီးနှင့် ကြုံတွေ့နေရသည်။ ဤစီးပွားရေး
ဒုက္ခကြီးဖြစ်ပွားရခြင်း၏ အကြောင်းရင်းတစ်ခုမှာ တောင်သူလယ်သမားများနှင့် ကျေးလက် လုပ်ငန်း
ကိုင်ငန်းများအတွက် ချေးငွေ အလွန်အမင်း ရှားပါးနေမှုပင် ဖြစ်ပြီး၊ ဤရှားပါးမှုသည် မြန်မာနိုင်ငံ၏
နေရာအတော်များများမှာ ဆိုးသည် ထက် ဆိုးရွားလာနေလျက်ရှိသော စားရေရိက္ခာ မလုံခြုံမှု၏
အချက်အချာကျသော အကြောင်းရင်းလည်း ဖြစ်သည်။ အသေးစားချေးငွေထုတ်ပေးခြင်းနည်းသည် မြန်မာနိုင်ငံ
ကျေးလက်ဒေသ ချေးငွေဈေးကွက်ရှိ ဤပြဿနာများကို လျော့ပါးစေရေးအတွက် အဆင်သင့်ရနိုင်သော
နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် တိုက်ပွဲ ဖြစ်ပွားရာဒေသများနှင့် နိုင်ငံရေးအရ
အတိမ်းအစောင်းမခံနိုင်သောဒေသများတွင်လည်းကောင်း၊ အကျင့်ပျက် ခြစားမှုနှင့် အလွဲသုံးစားမှုတို့
နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရာ၌ လည်းကောင်း၊ အထူး အသုံးဝင်ပါသည်။ အမေရိကန် ပြည်ထောင်စု၏
ငွေကြေးနှင့် အခြားအထောက်အပံ့များရနေသော မြန်မာနိုင်ငံ၏ အခြားအစီအစဉ်များအပေါ် အမှီသဟဲပြုလျက်
အသေးစား ငွေထုတ်ချေးသူများအတွက် ငွေ လက္ကား ထုတ်ပေးသော ပုဂ္ဂလိကပိုင် အဖွဲ့အစည်းတစ်ခု
တည်ထောင်သင့်သည်။

အဆင့် (၃)- ရေရှည်ဖြစ်ပေါ်သွားမည့် အမှန်တကယ်တိုးတက်မှုများကို ပြသအပြီးတွင် ဆောင်ရက


ွ်ရမည့် လုပ်ငန်းများ။
ဆက်လက်၍လည်း ဖြစ်ပေါ်နိုင်ပြီး ထောက်ခံအားပေးမှုလည်း ရနိုင်သည့် ပြောင်းလဲမှုများကို အထင်အရှား
မြင်တွေ့ရ သော အချိန်၌ အဆင့် (၃) ကို စတင်နိုင်မည် ဖြစ်ပါသည်။ အမှန်တကယ် ပြောင်းလဲမှုရှိကြောင်း
ညွှန်ပြချက်များတွင် အစိုးရသစ်သည် ပြည်သူတို့၏ အကျိုးစီးပွားကို အလုပ်အကျွေး ပြုနေပါသည်ဟု
အရပ်သားပြည်သူတို့က ယုံကြည်ခြင်း၊ ဘေးမသီရန်မခဘဲ အစိုးရအဖွဲ့ဝင်အဖြစ် ဝင်ရောက်အရွေးခံနိုင်ခြင်းနှင့်
နိုင်ငံရေးလှုပ်ရှားမှုများတွင် ပွင့်ပွင့်လင်းလင်း ပါဝင် နိုင်ခြင်း၊ လူမှုအဖွဲ့အစည်းအတွက် တာဝန်ကျေသော နောက်ထပ်
မျိုးဆက်သစ် နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ ပေါ် ထွက်လာခြင်းတို့ အပါအဝင်ဖြစ်သည်။ (၂ဝ၁၅) ခုနှစ်တင
ွ်
ကျင်းပစရာရှိသည့် ဒုတိယအကြိမ်မြောက် ပါလီမန်ရွေးကောက် ပွဲသည် ဤကဲ့သို့သော ပြောင်းလဲမှုများ၏ အဓိကကျသော
ညွှန်ပြချက် ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် (၂ဝ၁ဝ) ခုနှစ် မှာ ကျင်းပသော ပထမအကြိမ်မြောက်ရွေးကောက်ပွဲနှင့်

၁၂
စာလျှင် နိုင်ငံရေးပြောင်းလဲမှုများကို ပို၍ထင်ရှားစွာ တိုင်းတာပြနိုင် သောကြောင့် ဖြစ်သည်။ ဤကိစ္စများတွင်
ရေရာတိကျသော တိုးတက်မှုရှိပါက ဆက်ဆံမှုကို တိုးချဲ့သင့်သည့်အပြင်၊ ပိတ်ဆို့မှု များကိုလည်း လျှော့ချသင့်ပါသည်။
ဤအဆင့်တွင် အလုပ်အဖွဲ့က အောက်ပါ အကြံပြုချက်များကို တင်ပြလိုက်ပါသည်။

• အမေရိကန်ပြည်ထောင်စုအနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၏ စွမ်းရည်တိုးတက်ရေး နှင့် အစိုးရ


၏ လူမှုဖူလုံရေး၊ ပညာရေးတို့၏ ထိရောက်မှု တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရယ
ွ်သော အကူအညီ အစီ
အစဉ်များကို ချမှတ်သင့်သည်။ အမေရိကန် အစိုးရအနေနှင့် ရွေးချယ်သတ်မှတ်ထားပြီး၊ အစိုးရဝန်ကြီးဌာနများ
နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ဖွံ့ဖြိုးရေးအကူအညီ၊ ကျန်းမာရေးနှင့် ပညာရေးအကူအညီ၊ သိသိသာသာတိုးချဲ့
ထားသော ကူးလူးဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေး အစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးမှု
နိမ့်သော နိုင်ငံတစ်ခုနှင့် ပုံမှန်ဆက်ဆံရေးဆိုင်ရာ အခြားကိစ္စရပ်များကို စတင်သင့်သည်။ USAID (အမေရိကန်
အစိုးရ၏ အကူအညီပေးရေးအဖွဲ့) သည် မြန်မာအစိုးရနှင့် အကူအညီပေးရေး နှစ်နိုင်ငံသဘောတူညီမှုများ
ချုပ်ဆိုကာ၊ ပို၍လည်း ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှု ရှိသော အစီအစဉ်များအတွက် လမ်းခင်းပေးနိုင်
ပါသည်။ အမေရိကန် ပြည်ထောင်စုမှ (ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ) အကူအညီများသည် အထူးအရေးပါ
ပါသည်။ နိုင်ငံ တစ်ခုတွင် ရွေးကောက်တင်မြှောက်ထားသော အစိုးရ ပြန်လည်ပေါ်ပေါက်လာပါက အမေရိကန်
ပြည်ထောင်စု၏ အကူအညီပေးရေး အစီအစဉ်များသည် ပို၍ပင်အရေးပါလာလိမ့်မည် ဖြစ်ပြီး၊ အခြေအနေက
ခွင့်ပြုပါလျှင် ၎င်းတို့ ကို တိုးချဲ့သင့်ပါသည်။

• အမေရိကန်ပြည်ထောင်စုအနေနှင့် နိုင်ငံသားအခွင့်အရေးပြဿနာ၊ စီးပွားရေးဥပဒေပြဿနာနှင့် အကျင့်ပျက်


ခြစားမှုပြဿနာတို့ကို ဖြေရှင်းပေးရေးအတွက် တရားဥပဒေပြုပြင်ရေးကို စတင်၍ အလေးပေး ဆောင်ရက
ွ်သင့်
သည်။ နောက်ဆုံး၌ ပါလီမန်နှင့် ဥပဒေပြုအဖွဲ့တို့ကိုလည်း အကူအညီနှင့် သင်တန်းများ ပေးနိုင်လာပါလိမ့်မည်။
ဤလုပ်ငန်းမှန်သမျှသည် တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများတွင် လူမျိုးစုများ အပြည့်အဝ
ပါနိုင်ရေးကို အထူးအလေးပေး ဆောင်ရွက်သင့်ပါသည်။

• အမေရိကန်ပြည်ထောင်စုအနေနှင့် အချို့သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းစေနိုင်လောက်သော လုပ်ထုံးလုပ်


နည်း တစ်ရပ် ပေါ်ပေါက်လာအောင် အားပေးသင့်သည်။ အခြားတဖက်၌လည်း အခြားသော ပိတ်ပင်မှုများကို
ဆက်လက်ထားရှိခြင်း၊ အကယ်၍ အခြေအနေဆိုးရွားလာပါက ကျင့်သုံးမည့် ပိုမိုတင်းကျပ်သော ဘဏ္ဍာရေး ပိတ်
ပင်မှု အသစ်များကို အရံအဖြစ်ထားရှိခြင်း ပြုသင့်သည်။ တစ်ဖက်မှာ မြန်မာ အလုပ်သမားများနှင့် လုပ်ငန်းရှင်
အငယ်စားလေးများအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့နည်းအောင် ဤပိတ်ဆို့မှုများကို ချိန်ဆရေးနှင့်
အခြားတစ်ဖက်မှာ အဖျက်လုပ်ရပ်များလုပ်နေသူများကို ဆက်လက်ပစ်မှတ်ထားရေးအတွက် ဤလုပ်ထုံးလုပ်
နည်းသည် တိုင်းတာမှုလည်းရှိ၊ ပွင့်လင်းမြင်သာမှုလည်းရှိသော နည်းမျိုး ဖြစ်သင့်သည်။ တိုင်းတာမှုစံချိန်များတွင်
ပြည်သူ့ လွတ်လပ်ခွင့်များ၊ နိုင်ငံရေး အခွင့်အရေးများ၊ ပြောရေးဆိုခွင့်နှင့် တာဝန်ယူ တာဝန်ခံမှု၊ တရားဥပဒေ
စိုးမိုးမှု ပမာဏ၊ အကျင့်ပျက် ခြစားမှုနှိမ်နင်းရေး တို့ကို ထည့်သွင်းသင့်သည်။ အမေရိကန်ပြည်ထောင်စုက
မြန်မာအစိုးရနှင့် ၎င်း၏ အပြန်အလှန်ဆက်ဆံရေးကို တွန်းတင်နေချိန်မှာ ဤကဲ့သို့သော စံချိန်များက အနှစ်မဲ့
ကတိစကားများနှင့် ဒုံရင်းဘဝသို့ ပြန်ရောက်သွားသည့် အဖြစ်မျိုးကို အားမပေးသည့်အပြင် မြန်မာအစိုးရ အနေ

၁၃
နှင့် လူ့အခွင့်အရေးနှင့် ပိုမို ကောင်းမွန်သော ဘ၀အခြေအနေ နေထိုင်နိုင်ရေးအတွက် အခြားအရေးကြီးသော
အကြောင်းအချက်များ အတွက် ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်လာရေး မရှိမဖြစ်လိုအပ်ကြောင်းကို
လည်း အသိအမှတ် ပြုရမည် ဖြစ်သည်။

• အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံတင
ွ် လုံခြုံရေးကဏ္ဍ ပြုပြင်ရေးကို အားပေးကူညီသင့်သည်။ ထို့
အပြင် တရားရေးစနစ် ပြုပြင်ရေး တိုးတက်အောင်ဆောင်ရက
ွ်ပေးခြင်း၊ တိုင်းပြည်၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့များကို
ကြီးကြပ်ပေးခြင်းတို့အပြင် လူ့အခွင့်အရေးများ အကောင်အထည်ကျကျ တိုးတက်လာပြီး လုံခြုံရေးတပ်ဖွဲ့များကို
ကျင့်ဝတ်နှင့် အညီ ကျွမ်းကျင်သည့် လုံခြုံရေးတပ်ဖွဲ့များအဖြစ် ဆောင်ရက
ွ်လိုသည့် ဆန္ဒ ပေါ်လွင်နေပါက
အမေရိကန်ပြည်ထောင်စု အနေနှင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ဆက်ဆေ
ံ ရးတိုးမြှင့်ရန်နှင့်
လုံခြုံရေး ဆိုင် ရာ အကူအညီအချို့ (အထူးသဖြင့် ရဲသင်တန်း အကူအညီ) ကို ပြန်လည်၍ ပေးနိုင်ရန်
ပြင်ဆင်ထားသင့်သည်။ ဤလုပ်ဆောင်ချက်များသည် အရပ်ဖက် စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်သော
ရဲတပ်ဖွဲ့ တည်ဆောက် ရေးနှင့်၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများဆောင်ရွက်သော တရားရေးစနစ် တစ်ရပ်
တည်ထောင်ရန် ဦးတည်သင့် သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား စစ်တပ်ချင်း ဆက်ဆံရေးလုပ်ငန်းကို
အင်ဒိုနီးရှား စစ်အရာရှိများနှင့် ပူးတွဲ ၍ဆောင်ရွက်နိုင်ပါသည်။ ထိုအရာရှိများကလည်း ၎င်းတို့၏ နိုင်ငံတွင်
အရပ်ဖက်စည်းမျဉ်းဥပဒေများကို တန်ဖိုး ထားပုံအကြောင်း ပြောပြပေးနိုင်ပါသည်။ ရဲသင်တန်းအကူအညီနှင့်
ပတ်သက်၍ အမေရိကန်ပြည်ထောင်စုသည် သြစတြေးလျ၊ ကနေဒါ၊ နယူဇီးလန်၊ ယူနိုက်တက်ကင်းဒမ်း
ကဲ့သို့သော အမျိုးသားပုလိပ်တပ်ဖွဲ့ အတွေ့အကြုံ ရှိ သည့် နိုင်ငံ တစ်နိုင်ငံထံမှ အကူအညီ တောင်းပေး
နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုသာမက ဒေသတွင်းရှိ နိုင်ငံများသည်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း၊
ပြည်ပ (တိုးချဲ့ခြင်းလည်းရှိ၊ ဂရုတစိုက်စောင့်ကြည့်မှုလည်းရှိ သော) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်
အပြင်၊ အခြားသော နိုင်ငံတကာရာဇဝတ်မှုများဆိုင်ရာ အစီအစဉ်များမှနေ၍ အကျိုးကျေးဇူးများ ရနိုင်ပါသည်။

ဤပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သလို၊ ရှေ့သို့ချီတက်ရာလမ်းကြောင်းသည်လည်း


ချောမွေ့ အပြစ်ကင်းနေမည်ဟူ၍ မရှိနိုင်ပါ။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ မြန်မာနိုင်င၏
ံ အခြေအနေသည်
ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အခြေအနေတစ်ရပ် ဖြစ်ပြီး လက်ရှိ အောက်သို့ထိုးစိုက် ကျဆင်းနေသော လမ်းကြောင်းကို
ပြန်လည် တည့် မတ်ပေးရေးနှင့် ရေရှည်ရပ်တည်၊ ရှင်သန်နိုင်သော အစိုးရတစ်ရပ်ပေါ် ထွန်းလာစေရန် အခြေခံ
အုတ်မြစ်ချပေးရေးသည် (မျိုးဆက်များနှင့်ချီ၍ မကြာသည့်တိုင်) ဆယ်စုနှစ်များနှင့်ချီ၍ ကြာလိမ့်မည် ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုအနေ နှင့် မြန်မာ့လူ့အဖွဲ့အစည်းရှိ အာဏာရှင် အုပ်စုများ၊ အကျင့်ပျက် ခြစားသော အုပ်စုများကို
အမှုမဲ့ အမှတ်မဲ့ထောက်ခံမိခြင်း သို့မဟုတ် အားပေးမိခြင်း မဖြစ်ရအောင် သတိထား ဆောင်ရွက်ရပေမည်။
တချိန်တည်းမှာပင် အကယ်၍ အမေရိကန် ပြည်ထောင်စုသည် ပွဲဦးထွက်မှာ သိပ်တင်းမာလွန်းပါကလည်း မြန်မာနိုင်ငံကို
အာဏာရှင်စနစ်အုပ်စိုးမှုစနစ်အောက်မှ ဖယ် ခွာနိုင်ရေး အတွက် ကူညီရာ၌ မိမိ၏အရေးပါသော အခန်းကဏ္ဍကို
မိမိကိုယ်တိုင် ပစ်ပယ်လိုက်ရာ ရောက်လိမ့်မည် ဖြစ်ပါ သည်။

၁၄
AsiaSociety.org/BurmaMyanmarReport

Preparing Asians and Americans for a Shared Future


Asia Society is the leading global and pan-Asian organization working to strengthen relationships and
promote understanding among the people, leaders and institutions of Asia and the United States.

We seek to increase knowledge and enhance dialogue, encourage creative expression, and generate new
ideas across the fields of policy, business, education, arts and culture. Founded in 1956, Asia Society is a
nonpartisan, nonprofit educational institution with offices in Hong Kong, Houston, Los Angeles,
Manila, Melbourne, Mumbai, New York, San Francisco, Seoul, Shanghai, and Washington D.C.

You might also like