You are on page 1of 8

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်မှန်အခြေအနေများနှင့် အနာဂတ်ဖြစ်လာနိုင်ခြေများအပေါ်

အာရှမှ ရှုမြင်သုံးသပ်ချက်များ

Current Realities and Future Possibilities in Burma/Myanmar:


Perspectives from Asia

AsiaSociety.org/BurmaMyanmarReport
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်မှန်အခြေအနေများနှင့် အနာဂါတ်ဖြစ်လာနိုင်ခြေများအပေါ်
အာရှမှ ရှုမြင်သုံးသပ်ချက်များ

နိဒါန်း
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်၏ မူဝါဒအပြောင်းအလဲကို လေ့လာရန်နှင့် မြန်မာနိုင်ငံ၏ရေရှည် တည်ငြိမ်မှုကို
အထောက်အကူပြုစေမည့် အချက်များကို ထောက်ပြနိုင်ရန်အလို့ငှာ ၂ဝဝ၉ ခုနှစ် တတိယသုံးလပတ်အကုန်တွင် Asia
Society အဖွဲ့က အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ရည်ရွယ်ချက်အထမြောက်ရန်အတွက်
ဒေသတွင်းမှအမြင်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ရာ Asia Society က အာရှတလွှားမှ သြစတေးလျ၊ တရုတ်၊
အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့မှ အရေးပါသော မူဝါဒရေးရာဖော်ဆောင်ရေး
အဖွဲ့အစည်းများနှင့် လက်တွဲခဲ့ပါသည်။ ယင်းဖော်ဆောင်ရေး အဖွဲ့တစ်ဖွဲ့ချင်းစီက မြန်မာနိုင်ငံအပေါ်ထားသော ယင်းတို
့အစိုးရ၏ မူဝါဒကို ပြန်လည် သုံးသပ်မူများ ပြုလုပ်ခဲ့ကြပြီး တွေ့ရှိချက်များနှင့် မှတ်ချက်များကို အစီအရင်ခံစာတစ်စောင်စီ
ပြုစုရန် ပြင်ဆင်ခဲ့ကြသည်။1 Current Realities and Future Directions in Burma/Myanmar: Perspectives from
Asia ခေါင်းစဉ်ပေးထားသော အစီရင်ခံစာများ စုစည်းမှုရလဒ်က မြန်မာအပေါ်ထားသော လက်ရှိဒေသတွင်း နိုင်ငံများ၏
ပြီးပြည့်စုံသော မူဝါဒခြုံငုံသုံးသပ်မှုကို အထောက်အကူပြုစေသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ
ခေါင်းဆောင်များအတွက် ကောင်းမွန်သောမူဝါဒအတွေးအခေါ်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်။2
မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေအပေါ် လေ့လာဆန်းစစ်ချက်များတွင် တူညီမှုများကို အစီရင်ခံစာများတွင်
တွေ့မြင်နိုင်ပါသည်။ အစိုးရ၏ အုပ်ချုပ်မှုညံ့ဖျင်းမှုကြောင့် ယနေ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများမှာ
မနှစ်မြို့ ဖွယ်အနေအထားရှိနေကြောင်း မူဝါဒဖော်ဆောင်ရေးအဖွဲ့အားလုံးက မှတ်ချက်ပြုကြသည်။ ထို့အပြင်
တရုတ်နိုင်ငံ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း “မြန်မာနိုင်ငံသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာ အသွင်ပြောင်းလဲမှုများ မပြီးပြည့်စုံသေးသမျှ ကာလပတ်လုံး ရှေ့သို့ချီတက်ရေး
ရည်မှန်းချက်မှာ မဖြစ်နိုင်ကြောင်း” ကိုလည်း အစီရင်ခံစာအားလုံးက ယေဘုယျသဘောတူညီစွာ ပြောကြားထားသည်။
အစိုးရ၏အုပ်ချုပ်မည
ှုံ့ဖျင်းခြင်းနှင့် စီမံခန့်ခွဲမှုမကောင်းခြင်းကြောင့် ဖြစ်ပေါ်လာသော အနုတ်လက္ခဏာဆောင်
အကျိုးဆက်များက ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်စေလျက်ရှိကြောင်း အစီရင်ခံစာအများစုက ထောက်ပြထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း စစ်အစိုးရခေါင်းဆောင်များကို စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲ
လုပ်ဆောင်ရန် တိုက်တွန်းနိုင်မှုပိုင်းတွင် အောင်မြင်မှုမရခြင်းသည် ၎င်းတို့နှင့် ဆက်စပ်နေသော အနောက်နိုင်ငံ
မဟာမိတ်များနှင့် ဆက်ဆံရေးကို ထိပါးစေသည်။ စစ်အစိုးရ ဗိုလ်ချုပ်များနှင့် လက်နက်ကိုင်အဖွဲ့များအကြား
ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီထားမှုမှာ ၂ဝ၁ဝ တွင်ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး
ပျက်ပျယ်သွားဖွယ်ရှိကြောင်း၊ ထို့အပြင် ဒုက္ခသည်များ ပြောင်းရွှေ့မှု၊ ဒေသတွင်းသို့ မူးယစ်ဆေးဝါးများ ကုန်သွယ်မှု
အခြေအနေတို့မှာ ပိုမိုဆိုးရွားလာနိုင်ပြီး ရွေးကောက်ပွဲများကို လွဲချော်စေနိုင်ကြောင်း အစီရင်ခံစာအချို့ကလည်း
ဆိုထားပြန်သည်။ ဥပမာ အနေဖြင့် ဖိလစ်ပိုင် အစီအရင်ခံစာက ဆိုရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကွဲအပြဲ ဖြစ်လာပြီး
အာဆီယံနိုင်ငံများက ဆိုးကျိုးများခံရနိုင်ဖွယ်ရှိကြောင်းကို စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။ ထိုင်း အစီအရင်ခံစာကမူ

1
 The Asia Society’s partner institutions in Asia include: Macquarie University, Australia; Indian Council for Research on International
Economic Relations; Centre for Strategic and International Studies, Indonesia; Japan Institute of International Affairs; Institute of Strategic
and International Studies, Malaysia; Institute for Strategic and Development Studies, Philippines; Singapore Institute of International
Affairs; and Institute of Security and International Studies, Thailand. A review of Chinese policy was conducted by experts and scholars in
China working in their individual capacities.
2
 ၁၉၈၉ခုနှစ် ဇူလိုင်လတွင်မြန်မာနိုင်ငံ၏ အင်္ဂလိပ်နာမည်ကို ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ကုလသမဂ္ဂနှင့်နိုင်ငံအများစုက ယင်းပြောင်းလဲမှုကိုလက်ခံ
ခဲ့သော်လည်း၊ မြန်မာအတိုက်အခံများက လက်မခံခဲ့ပေ။ ယခုစာတမ်းများတွင် အသုံးပြုထားသည့် အခေါ်အဝေါ်သည် စာတမ်းပြုစုရာ သက်ဆိုင်ရာ
နိုင်ငံအစိုးရများ၏ အခေါ်အဝေါ်အတိုင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက့်ပြီး မိမိတိုင်းပြည်၏ဦးစားပေးပေါ်လစီအဖြစ် လုံခြုံရေးစိုးရိမ်မှုများကို သတ်မှတ်ထားကြောင်း
ဖော်ပြခဲ့ပြီး တပ်မတော်နှင့် လူမျိုးစုအုပ်စုများအကြား ကြီးမားသော အကြမ်းဖက်စစ်ပွဲများမှာ ထိုင်းအစိုးရအတွက်
ရတက်မအေးစရာ အိမ်မက်ဆိုးများအဖြစ်ဖော်ပြခဲ့သည်။3 တရုတ်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏
နိုင်ငံစီးပွားရေးအခြေအနေသည် နျူကလီးယား နည်းပညာ ထုတ်ဖော်ရေးအတွက် အဆင်သင့် မဖြစ်နိုင်သေးကြောင်းကို
ဖော်ပြထားသော်လည်း အစီရင်ခံစာ အားလုံးတွင်မူ မြန်မာအစိုးရနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်ဘက်နှင့်
နျူကလီးယား နည်းပညာအရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့် ကောလဟာလများကို ဖော်ပြထားသည်။
သြစတေးလျနိုငင
်ံမှလြွဲ ပီး ကျန်နိုင်ငံများ၏ အစီအရင်ခံစာများက မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ပတ်သက်ပြီး
မှတ်ချက်ပေးကြရာတွင် မလေးရှားနိုင်ငံက “ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင်
အရေးကြီးသော အခြေအနေတစ်ခု” ဟု ဆိုပြီး စင်္ကာပူကလည်း “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ကိုက်
အရေးကြီးအနေအထားတစ်ခု” ဟု မှတ်ယသ
ူ ည်။ ဖိလစ်ပိုင်နိုင်ငံကမူ “မည်သည့်နိုင်ငံရေး
အပြောင်းအလဲဖြစ်စဉ်တွင်ဖြစ်ဖြစ် ရွေးကောက်ပွဲသည် လိုအပ်သော အခြေအနေတစ်ခု” ဖြစိုပြီး
“စစ်အစိုးရပြင်ပမှလူများအတွက် တံခါးဖွင့်ပေးလိုက်ခြင်း” ဟု မှတ်ချက်ပေးသည်။ “ရွေးကောက်ပွဲတစ်ခု ဖြစ်လာခြင်းသည်
အဓိပ္ပာယ်ရှိသော အချက်ဖြစ်သည်” ဟု အိန္ဒိယ အစီအရင်ခံစာက ဖော်ပြပြောဆိုသည်။ “ယခုရွေးကောက်ပွဲသည်
မြန်မာ့နိုင်ငံရေး တည်ဆောက်မှု ကိုထင်ဟပ်မှုရှိစေပြီး နောင်လာမည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်
အုတ်မြစ်တစ်ခု ချမှတ်ပေးခြင်းအပြင် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ကူညီရာရောက်နိုင်ကြောင်း” တရုတ်နိုင်ငံ
အစီအရင်ခံစာက ဖော်ပြသည်။ သြစတေးလျ အစီရင်ခံစာကမှု “မြန်မာနိုင်ငံသည် နိုင်ငံရေးအခြေအနေ သာမကနှင့်
စီးပွားရေး အနေအထားတွင်ပါ မကြာခင်တစ်စုံတစ်ရာ ပြောင်းလဲမှုဖြစ်လာရန် အပြုသဘောဆောင်သည်ဟု
ထင်မြင်ချက်မရှိကြောင်း” ဖော်ပြသည်။ ထို့အပြင် အစီအရင်ခံစာအားလုံးက လာမည့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး
မျှတမှုရှိမည် မဟုတ်ကြောင်းနှင့် စစ်တပ်အနေဖြင့် အဓိကအရင်းအမြစ်များနှင့် ကြီးမားသော လုပ်ငန်းရပ်များတွင်
အာဏာအပြည့်သုံးကာ နိုင်ငံရေးထိန်းချုပ်မှု ဆက်ရှိနေမည်ဟု ဆိုသည်။ သို့တိုင် အပြစ်အနာအဆာများရှိနေသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာ ဆောင်သော
အခြေအနေတစ်ရပ်သို့ ဦးတည်သွားနေသည်ဟု ၎င်းတို့၏ အမြင်များကို အစီအရင်ခံစာ အများအပြားက မျှဝေခဲ့ကြသည်။
ထိုင်းအစီရင်ခံစာကလည်း ဒေသတွင်းလုံခြုံရေးအတွက် “၂၀၁၀ ရွေးကောက်ပွဲနှင့် ကာလလွန်များတွင်၊ နိုင်ငံရေးအရ
တွေ့ဆုံ ဆွေးနွေးမှုနှင့် ဒီမိုကရေစီဖြစ်စဉ်များက နေပြည်တော်အစိုးရနှင့် လူမျိုးစုအဖွဲ့များအကြား
ပြည်တွင်းစစ်ဖြစ်မလာစေရန်” အရေးကြီးလှသည်ဟု ထပ်မံဖြည့်စွက် ဖော်ပြထားသည်။
လေ့လာဖော်ပြချက်များအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည်ဖြစ်ကြောင်းကို နိုင်ငံအသီးသီးက အဓိက ဖော်ပြပေးထားသည်။

• ဗဟိုဘဏ်အနေဖြင့် "နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်ကူးများထက် သိပ္ပံနည်းကျသော စီးပွားရေး ဆိုင်ရာ


စည်းမျဉ်းများအပေါ်တွင်သာ အခြေခံပြီး စဉ်းစားဆုံးဖြတ်မှုရှိရန်" (တရုတ်နိုင်ငံ)
• ငွေကြေးလှလ
ှဲယ်မှုနှုန်းကို တသမတ်တည်း ရှိရန် (သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်)
• အစိုးရပိုင်စီးပွားရေးလုပ်ငန်းများကို "နိုင်ငံရေးဆက်နွယ်မှုအရ ရင်းနှီးထောက်ခံသူများကိုပေးခြင်း၊
တစ်ဦးတစ်ယောက်က လက်ဝါးကြီးအုပ်ကာ လုပ်ငန်းချဲ့ထွင်ခြင်း၊ အမြတ်ထုပ်ဆောင်ရွက်ခြင်းများ မှသည်
တာဝန်ရှိပြီး ထိရောက်မှုရှိသော အစိုးရနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီများအဖြစ်သို့ တဖြေးဖြေး
ပြောင်းလဲသွားရန်" (မလေးရှား)
• စိုက်ပျိုးရေးကဏ္ဍကို ဈေးကွက်စနစ်ပြောင်းရန် (တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်)
• သဘာဝဓာတ်ငွေ့မှရသော ဝင်ငွေများကို "ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖြွဲ့ ဖိုးတိုးတက်ရေးတွင်
ထိရောက်စွာအသုံးပြုရန်" (အိန္ဒိယ)

3
မြန်မာနိုင်ငံစစ်တပ်ကို တပ်မတော် ဟု ခေါ်ဝေါ်သည်။

• ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်းရှိရန် (စင်္ကာပူ)

မြန်မာနိုင်ငံရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာ ပြဿနာများသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ပံ့


ပေးမှုဆိုင်ရာ ကိစ္စရပ်များနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း တွေ့ရသည်။ ၎င်းကိစ္စနှင့် စပ်လျဉ်း၍ အာရှနှင့်
အနောက်နိုင်ငံများမှ လူသားချင်းစာနာမှု အထောက်အပံ့ ဆက်လက်ပေးရာတွင် လည်းကောင်း၊ အထောက်အပံ့များ
မြှင့်တင်ရာတွင်လည်းကောင်း အစိုးရလမ်းကြောင်းမှ တိုက်ရိုက်မပေးရန် အစီရင်ခံစာ အများစုက ဆော်သြထားသည်။
ခြုံငုံကြည့်ရမည်ဆိုလျှင် အစီရင်ခံစာများသည် ဒေသတွင်းအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွက်
မူဝါဒ ဖော်ညွှန်းချက်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြပေးထားသည်။ သြစတြေးလျ အစီအရင်ခံစာက ၎င်းတို့
အစိုးရအနေဖြင့် လက်ရှိမူဝါဒအရ စီးပွားရေးရွေးချယ်ပိတ်ဆို့မှုကိုခိုင်မာစွာ ဆက်လက်ဆွဲကိုငထ
်ားမည် ဖြစ်ပြီး
မြန်မာအစိုးရသို့ အထောက်အပံ့ အကူအညီသစ်များပေးရေး ကတိပြုမှုကိုလည်း ရှောင်ရှားကြောင်းဆိုသည်။
အခြားအစီအရင်ခံစာများကလည် မိမိအစိုးရများ၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများသည် မြန်မာနိုင်ငံ
ရှေ့ဆက်ပြောင်းလဲမှုအတွက် အရေးမပါလှကြောင်း အသိမှတ်ပြုသော်လည်း စီးပွားရေးပိတ်ဆို့မှုနှင့် အထီးကျန်
ဖြစ်စေမှုဖြင့် စစ်အစိုးရကို သြဇာလွှမ်းမိုးမှုရန်ဆိုသည်မှာ ထိရောက်သော အချက် မဟုတ်ကြောင်း ဝေဖန် ထားသည်။
အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှုများကို လိုအပ်သည်ထက်ပို၍ ပြင်းထန်စွာ ပိတ်ဆို့၍
ဆိုးဝါးသည့်အမြင်ဖြင့်သာ အချိန်ကုန်နေနိုင်သည်မှာ အနောက်နိုင်ငံများတွင် အာရှနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံအပေါ်
မဟာဗျူဟာနှင့် စီးပွားရေး စိတ်ဝင်စားမှု မရှိသောကြောင့်ဖြစ်သည် ဟု ဂျပန်နှင့် အိန္ဒိယ အစီရင်ခံစာများက ဆိုထားသည်။
ပိတ်ဆို့မှုများသည် စစ်အာဏာရှင်စနစ်ကို ပြောင်းလဲရန် အဓိကမကျသော်လည်း၊ ယင်းပေါ်လစီသည် “နိုင်ငံတကာ
အသိုက်အဝန်းကဖြစ်စေ (သို့မဟုတ်) သက်ဆိုင်မှုရှိသော နိုင်ငံများကဖြစ်စေ မြန်မာအခြေအနေအပေါ်
၎င်းတို့၏အမြင်များကို အလေးထား ဖော်ပြရာတွင်မူ အထောက်အပံ့ ဖြစ်စေသည်” ဟု မလေးရှား အစီအရင်ခံစာက
ဆိုထားသည်။ ၎င်းအပြင် “ပိတ်ဆို့မှုများ ရပ်စဲခြင်းနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တိုင်းသည် လှုပ်ရှားမှု တစ်စုံတစ်ရာ
သို့မဟုတ် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသ အပေါ်တွင် ပြောင်းလဲမှုနှင့် ဒွန်တွဲနေသင့်သည်။ အဘယ်ကြောင့်ဆိုသော်
လှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ ပိတ်ဆို့မှုများ ရပ်စဲလိုက်ခြင်းသည် မှားယွင်းသော လက္ခဏာဖြစ်သည်” ဟု ၎င်းအစီရင်ခံစာမှ
ဆက်လက်အကြံပြုထားသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားမှာ အနောက်နိုင်ငံများ၏ပိတ်ဆို့မှု (အထူးသဖြင့်
အမေရိကန် စီးပွားရေးပိတ်ဆို့မှုများ) မဟုတ်ဘဲ လက်ရှိအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များကြောင့်သာ ဖြစ်ကြောင်း
အစီရင်ခံစာများက အတိအလင်းပြောကြားထားပြန်သည်။ စစ်တပ်အနေဖြင့် အာဏာရှငပ
်ုံစံ ကျင့်သုံးကာ
မကြာခဏဆိုသလို အတိုက်အခံအုပ်စုများ (အထူးသဖြင့်အဓိကကျဆုံး ကိစ္စရပ်ဖြစ်သော ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဆက်မပြတ် အကျဉ်းချထားမှု) အပေါ် နှိပ်ကွပ်နေမှု သည်
နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အမျက်ဒေါသနှင့် ရှုတ်ချဝေဖန်မှုကို ခံရစေလျက်ရှိသည်။ မြန်မာနိုင်ငံတွင်
အာဏာရှင်ပုံစံအုပ်ချုပ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်စေရုံမက မြန်မာလူ့အဖွဲ့အစည်းကိုလည်း မတည်ငြိမ်မှု
ဖြစ်ပေါ်စေရန် တွန်းအားပေးမှု တစ်ခုဖြစ်စေကြောင်း ဂျပန်အစီအရင်ခံစာက ဖော်ပြထားသည်။ လက်ရှိမြန်မာအစိုးရသည်
နိုင်ငံရေးဖြစ်စဉ်တွင် မြန်မာလူ့အဖွဲ့အစည်းအများစု - အထူးသဖြင့် စစ်အစိုးရ နှင့်
တအုံ့နွေးနွေးလက်နက်ကိုင်တော်လှန်ရေး ဆက်လက် ဆင်နွဲဆဲ ဖြစ်သည့်လူမျိုးစုအဖွဲ့များ- ကို ပါဝင်ခွင့် ရမလာစေရန်
ပိတ်ဆို့ထားခြင်း၊ အစိုးရအပေါ် ဆန်ကျင့်မှုပိုမိုလာရေးသို့သာ ဦးတည်စေပါသည်။
အစီအရင်စာများတစ်လျှောက် ပါဝင်နေသော အဓိကပြဿနာမှာ မြန်မာအစိုးရနှင့် ဆက်ဆံမှုပြုရာတွင်
နိုင်ငံတကာ မဟာဗျူဟာမှာ ကျိုးကြောင်းဆီလျော်မှု အားနည်းနေခြင်းနှင့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုပိုင်း
အားပေးမှုပြုရာတွင်လည်း ထိရောက်မှုမရှိဖြစ်နေသည်ဟု ဆိုသည်။ အားလုံး၏ မှတ်ချက်က ပြောင်းလဲမှုအတွက်
အမှန်တကယ် တွန်းအားပေးမှုမှာ နိုင်ငံတွင်းမှ ဖြစ်ရမည်ဖြစ်ပြီး “နိုင်ငံပြင်ပမှ တွန်းအားပေးမှုမှာလည်း
အလွန်အရေးပါသည်” (ဂျပန်အစီအရင်ခံစာဖော်ပြချက်) ဟုဆိုထားသည်။ ထို့အပြင် တိုးတက်မှုအတွက် စစ်တပ်နှင့်လည်း


ပူးပေါင်းအလုပ်လုပ်သွားရန် လိုသည်ဟု ဖော်ပြထားသည်။ မလေးရှားနိုင်ငံက အကောင်းဆုံးသော
စည်မျဉ်းနည်းလမ်းအနေဖြင့် “နှစ်လမ်းသွား ချဉ်းကပ်မှု (dual approach)” ဖြင့် လုပ်နိုင်ပြီး ယင်းချဉ်းကပ်မှုတွင်
မြန်မာအစိုးရအပေါ် လူ့အခွင့်အရေးကိစ္စများနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ဖိအားပေးရာ၌ အနောက်နိုင်ငံများနှင့်
အာရှနိုင်ငံများအနေဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂတို့ နှင့် ပူးပေါင်း လုပ်ဆောင်သွားရန်ဖြစ်ပြီး
တစ်ချိန်တည်းတွင် အာရှနိုင်ငံများကလည်း နည်းပညာအထောက်အပံ့၊ စွမ်းအားမြှင့်တင်ပေးမှု (capacity building) နှင့်
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် အားပေးသွားရမည် ဟု ဆိုသည်။ စကာင်္ပူအစီအရင်ခံစာကလည်း
အလားတူအကြံမျိုးကို အခြားရှုထောင့်မှဖော်ပြရာတွင် “အကျင့်သီလရှိပြီး လက်တွေ့ကျသော လူ့အဖွဲ့အစည်းတစ်ရပ်
တည်ဆောက်ရန်ဖြစ်သည်။ သံစုံတီးဝိုင်းကဲ့သို့  မတူညီသော နိုင်ငံများသည် မတူညီသော တူရိယာနှင့် မတူညီသော
ဂီတသင်္ကေတ အညွန်းအတိုင်း တီးမှုတ်သည့်တိုင် တေးသွားကိုက်ညီမှု ရှိရမည်ဟု ဖော်ပြထားသည်။” ဖိလစ်ပိုင်
အစီအရင်ခံစာက ထောက်ပြရာတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်းများ၊
အစိုးရများပါဝင်သော အတိုင်ပင်ခံအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားနှင့်ပြီး ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့်
နိုင်ငံတကာပူးပေါင်းပါဝင်လာမှုနှင့် “တူညီသည့် လုပ်ဆောင်ချက်များလုပ်နိုင်ရန် ကတိကဝတ်ပြုမှု” တို့တွင် ကောင်းစွာ
အလေးထားလာနိုင်သည်ဟုဆိုသည်။
တရုတ်အစီအရင်ခံစာက ၂ဝဝ၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း အကူအညီပေးရေးတွင် မြန်မာအစိုးရ၊
အာဆီယံနှင့် ကုလသမဂ္ဂတို့ပါဝင်ဖွဲ့စည်းထားသော ပူးပေါင်းအဖြေရှာရေးအဖွဲ့အနေဖြင့် “နိုင်ငံတကာ ပူးပေါင်းပါဝင်
လေ့လာရေး လုပ်ဆောင်ရာ၌ အသုံးဝင်သော သာဓကတစ်ခုဖြစ်သည်”ဟု ဖော်ပြသည်။ ထို့အပြင် “ကုလသမဂ္ဂသည်
ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးအဖွဲ့အစည်းဖြစ်ပြီး မြန်မာ့ပြဿနာ အရေးကိုလဲ အာရုံအစိုက်ဆုံးအဖွဲ့အစည်းဖြစ်သည်။”
သို့သော် မြန်မာနိုင်ငံ ပြောင်းလဲမှုများဖြစ်ပေါ်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင်
ကုလသမဂ္ဂပါဝင်မှုမှာ အရာမထင်ဖြစ်နေသည်ဟု ဆက်လက် ဖော်ပြသည်။ အခြားသော အစီအရင်ခံစာများကလည်း
ကုသသမဂ္ဂပါဝင်မှု အခန်းကဏ္ဍကို အနည်း အကျဉ်းမျှသာ ဖော်ပြကြသည်။ ဥပမာအားဖြင့် မလေးရှားအစီရင်ခံစာက
“ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြဿာနာများတွင် မြန်မာနိုင်ငံကို ဆက်လက်
ဖိအားပေးသင့်ကြောင်း” ဖော်ပြသည်။ ယခုထုတ်ပြန်သော အစီအရင်ခံစာများတွင် ကုလသမဂ္ဂအပေါ်တွင် အာရုံစိုက်မှု
အနည်းငယ်သာ ရှိနေသည်က အာဆီယံ၏အခန်းကို သတ်မှတ်နေခြင်း၊ ပြန်လည် သတ်မှတ်နေခြင်းတို့  ကြောင့်ဟု
ဆိုရနိုင်သည်။
အစီရင်ခံစာအများစုက ထိရောက်သော နိုင်ငံတကာဆက်ဆံမှုများကို ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းတွင်
ဖြစ်ပေါ်လာရန် အားပေးထားသည်။ ယင်းအနေအထားတွင် စက်မှုလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် စီမံကိန်းများ (သဘာဝ ဓာတ်ငွေ့မှရသော ငွေများကို
လူမှုရေးစီမံကိန်းများတွင် အသုံးချမှုနှင့် ပတ်သက်ပြီး အာရုံစိုက်မှု)၊ ခေတ်မီ အစိုးရတစ်ရပ် ဖြစ်လာရန် လိုအပ်သော
လူသားအရင်းအမြစ်များ အဆင့်မြှင့်တင်ရေးအတွက် သင်တန်းများ စီမံပေးခြင်း စသည်တို့ မှတဆင့် “လူသားလုံခြုံမှု”နှင့်
လူထုဖွံ့ဖြိုးရေးတို့ ကို မြင့်မားစေသည့် လူသားချင်းစာနာမှု အထောက်အပံ့ပါဝင်သည်။ မြန်မာနိုင်ငံကို “စီးပွားရေးအရ
ဒေသတွင်းတွင် ချိတ်ဆက်ပါဝင်စေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုးတက်မှုတို့ အတွက်
အထောက်အပံ့ ပေးသင့်သည်”ဟု ဂျပန်အစီအရင်ခံစာက ဆိုထားပြန်သည်။ ဂျပန်နိုင်ငံအနေဖြင့် အစောပိုင်းကပင်
မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် လေ့လာမှုပြုရာတွင် ဂျပန်-မြန်မာ ကျွမ်းကျင်ပညာရှင်များ
ပူးပေါင်းအဖြေရှာခဲ့မှုကို အသုံးပြုခဲ့သလို နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ရာတွင်လည်း
အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း အစီရင်ခံစာက ဆက်လက်အဆိုပြုထားသည်။
“နိုင်ငံတကာအဖွဲ့အစည်းနှင့် ဆက်ဆံရေးမြင့်မားစေရန်” လုပ်ဆောင်ရန် ကျန်ရှိနေသေးသော မြန်မာအစိုးရ၏
တာဝန်ပိုင်းကို တရုတ်အစီရင်ခံစာက အောက်ပါအတိုင်း ထောက်ပြထားသည်။

• အမျိုးသား ပြန်လည်ပေါင်းစည်း ညီညတ


ွ်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ခြင်း


• ကျွမ်းကျင်ပညာရှင်များကို အစိုးရအဖွဲ့အဆင့်မြင့်ရာထူးများတွင် တာဝန်ပေးခြင်း
• ပညာရေးစနစ်အတွက် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ခြင်းနှင့် ကျောင်းသား အများအပြားကို
နိုင်ငံရပ်ခြားသို့ ပညာသင်စေလွှတ်ခြင်း
• နိုင်ငံတကာ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်းများ (NGOs) များ၏ အလုပ်အပေါ် ကူညီပေးခြင်း
• ခရီးသွားလုပ်ငန်းကို တိုးချဲ့ခြင်း
• ဆုံးဖြတ်ချက်များချခြင်းနှင့် မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပိုမိုပွင့်လင်းမှုရှိခြင်း
• ဒေသတွင်းနှင့် နိုင်ငံတကာအရေးများတွင် ပိုပြီးတက်တက်ကြွကြွပါဝင်ခြင်းများဖြစ်ပြီး အစီရင်ခံစာအများစုတွင်
အလားတူ လေ့လာဆန်းစစ်ထားမှုများပါဝင်သည်။

အာဆီယံနိုင်ငံများ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများဖြစ်လာရေး အားပေးမှုပြုရာ၌


အာဆီယံအခန်းကဏ္ဍ အနေဖြင့် အဖွဲ့အစည်းတစ်ခုအရသော်လည်းကောင်း၊ သီးခြားနိုင်ငံများ၏ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ
ဆက်ဆံရေးအရသော်လည်းကောင်း ပါဝင်ပတ်သက်နိုင်ကြောင်းကို အလေးထား ဖော်ပြထားသည်။ အာဆီယံကို
“ဒေသတွင်း ဦးဆောင်နေသည့်ယာဉ်” အဖြစ် ထိုင်းအစီရင်ခံစာတွင် ဖော်ပြထားပြီး “ထိုင်းနိုင်ငံ၏ နိုင်ငံတကာ
ဆက်ဆံရေးသည် အာဆီယံမှတဆင့် အမြဲတစေ ဆောင်ရွက်သွားမည်ဖြစ်ပြီး” ထိုင်းနိုင်ငံအနေနှင့်
မဲခေါင်ဒေသဖွံ့ဖြိုးရေးမှသည် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေးသို့တိုင် လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။
“အာဆီယံအနေဖြင့် မြန်မာနိုင်ငံ အခြေအနေများကို ထိတွေ့ဆက်ဆံရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သင့်သည်” ဟု
မလေးရှား အစီအရင်ခံစာက ဖော်ပြသည်။ အာဆီယံအနေဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး ဦးဆောင်ဦးရွက် ပြုခဲ့လျှင်
တရုတ်နုင
ိငံသည် တက်ကြွစွာ ၀င်ရောက်ဟန့် တားနေလိမ့်မည်ဟု အချို့အစီအရင်ခံစာများက ဆိုကြသည်။
ဖိလစ်ပိုင်အစီရင်ခံစာတွင် ကောက်ချက်ချထားသည်မှာ “ဒေသတွင်း နိုင်ငံရေး လုံခြုံမှု အသိုက်အဝန်း၊ စီးပွားရေး
အသိုက်အဝန်း နှင့် လူမှုရေး ယဉ်ကျေးမှု အသိုက်အဝန်းများဆိုင်ရာ မူဝါဒများ ညှိနှိုင်းမှု ပြုရာတွင် အာဆီယံသည် မူအရ
အသေးစိတ်ရေးဆွဲထားသည့် အချက်များပေါ်မူတည်၍ နိုင်ငံတကာ အသိုက်အဝန်း အတွက် ယန္တရားတစ်ခုအနေနှင့်
ပံ့ပိုးပေးသင့်ကြောင်း” ဖော်ပြထားသည်။ ၎င်းအပြင် “၂ဝ၁ဝ တွင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲသည်
တရားမျှတပြီး လိမ်လည်မှုများ ကင်းရှင်းရန်သည် အာဆီယံအနေဖြင့် တတ်နိုင်သမျှဆောင်ရွက်ပေးရန်လိုကြောင်း”
အကြံပြုထားသည်။ စင်္ကာပူကလည်း ၎င်းတို့ အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲဖြစ်လာစေရန်
အာဆီယံကြိုးပမ်းမှုများကို အားပေးနေသည် ဟုဆိုသည်။ ထို့အပြင် “စင်္ကာပူပါဝင်သော အာဆီယံ နိုင်ငံများအနေဖြင့်
မြန်မာနိုင်ငံရေး အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံများကဲ့သို့ တာဝန်ဝတ္တရားရှိနေကြောင်း”၊
ထို့အပြင် မြန်မာ ကိုယ်စားလှယ်များကိုလည်း အကြိမ် ၂၅ဝ မှ ၃ဝဝ ကြားရှိသော အာဆီယံ အစည်းအဝေးပွဲများတွင်
နှစ်စဉ်ပါဝင်စေပြီး မြန်မာနိုင်ငံကို အထီးကျန်ဖြစ်နေသော လူ့အဖွဲ့အစည်းမှ ပွင့်လင်းမှုရှိလာစေရန် ကူညီထောက်ပံ့ပေး
နေသည်ဟု ဆိုသည်။ အာဆီယံအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲသို့လည်း လေ့လာစောင့်ကြည့်ရေးအဖွဲ့
စေလွှတ်သင့်ကြောင်း အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံကြား ဖွံ့ဖြိုးမှုကွာဟခြင်းမရှိစေရန် ပြည်သူ ဝန်ထမ်းများကို
လေ့ကျင့်ပေးရေး အစီအစဉ်များအတွက် ရည်ရွယ်သော အထောက်အပံ့နှင့် နည်းပညာ အကူအညီများလည်း
ဆက်ပေးသွားသင့်ကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှား အစီရင်ခံစာကမူ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အာဆီယံက အဓိကအခန်းကဏ္ဍမှ
ဖိအားပေးမှုများ ပြုလုပ်နေခြင်း၏ ထိရောက်မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ပြီး အင်ဒိုနီးရှားအနေနှင့် နှစ်နိုင်ငံ
ဆက်ဆံရေး ပိုမိုပါဝင်မှုရှိရန် အခြားလုပ်ဆောင်နိုင်သည့်အရာများ လေ့လာနေပါသည်။ အာဆီယံအနေဖြင့်
အများသဘောတူညီမှုအရ လုပ်ကိုင်နေသည်ဖြစ်ရာ မြန်မာနိုင်ငံရှိ မိမိအကျိုးစီးပွားများကို ထိခိုက်နိုင်မည့်
အရာများလုပ်ကိုင်ရန် တုံ့ဆိုင်းနေကြသည့် တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံကြီးများကို ကျော်လွှားပြီး
စီးပွားရေးဆက်ဆံမှုစီမံခန့် ခွဲမှု ကလြွဲ ပီး တခြားအရာများလုပ်ပေးနိုင်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိဟု ဆိုထားပြန်သည်။
“တင်းကြပ်မှုများလျှော့ပေးရန် မြန်မာနိုင်ငံ စစ်အစိုးရကို ဖျောင်းဖျမှုပြုရာတွင် အာဆီယံတစ်ဦးတည်း ချဉ်းကပ်နေမှုထက်


နှစ်နိုင်ငံချဉ်းကပ်မှုဖြင့် - အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတို့ ပါဝင်လာပြီး ပူးပေါင်းဆောင်ရွက်လာနိုင်လျှင် - ပိုမို
အောင်မြင်မည်”ဟု ထင်မြင်ကြောင်း အစီအရင်ခံစာကို အဆုံးသတ် ထားသည်။ အင်ဒိုနီးရှားအစိုးရမှာ မိမိသမ္မတ၏
ခိုင်မာသော ကတိကဝတ် တာဝန်ခံမှုမပါပါက မြန်မာနိုင်ငံရေးတိုးတက်မှု ဖိအားပေးရာတွင် အဓိကအခန်းကဏ္ဍမှ
ပါဝင်ရန်မှာ မဖြစ်နိုင်ချေဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် မရေရာသည့်အနာဂတ်တွင်၊ ပြောင်းလဲမည့် မြန်မာနိုင်ငံအရေး
ချဉ်းကပ်ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာပြည့်စုံသော အစိုးရ အထူးကိုယ်စားလှယ်ဟောင်း တဦးအား သံတမန်ထားခြင်း၊
လူထုအခြေပြု အဖွဲ့အစည်းများဖြင့် ကြားခံဆောင်ရွက်ခြင်း၊ စီးပွားရေး လမ်းကြောင်းအသုံးပြုခြင်း စသည့်
အစိုးရမဟုတ်သည့်လမ်းကြောင်းများဖြင့် “လိုင်း ပေါင်းစုံနည်း” ကို အသုံးပြုသင့်သည် ဟု အဆိုပြုထားပါသည်။


AsiaSociety.org/BurmaMyanmarReport

Preparing Asians and Americans for a Shared Future


Asia Society is the leading global and pan-Asian organization working to strengthen relationships and
promote understanding among the people, leaders and institutions of Asia and the United States.

We seek to increase knowledge and enhance dialogue, encourage creative expression, and generate new
ideas across the fields of policy, business, education, arts and culture. Founded in 1956, Asia Society is a
nonpartisan, nonprofit educational institution with offices in Hong Kong, Houston, Los Angeles,
Manila, Melbourne, Mumbai, New York, San Francisco, Seoul, Shanghai, and Washington D.C.

You might also like