You are on page 1of 6

'၂၀၀

၂၀၀၈ အခြေခံဥပဒေ တိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်'

ဗမာပြည်ကန
ွ်မြူနစ်ပါတီ၊ အထွေထွေအတွင်းရေးမ&ှူး၏ အစီရင်ခံစာ။

(၂၀၁၀ ဧပြီလ)

ရဲဘော်တို့

'၂၀၀၈ အခြေခံဥပဒေ' က တပြည်လုံးမှာ အာဏာတည်တော့မှာပါ။ ရွေးကောက်ပွဲပြီးလို့ ပထမဆုံးလွှတ်တော်အစည်းအဝေး


ကျင်းပတဲ့ရက်မှာ အာဏာတည်တော့မှာပါ။ ဒါကြောင့် '၂၀၀၈ အခြေခံဥပဒေ' တိုက်ဖျက်ရေး 'နည်းပရိယာယ်လမ်းစဉ်' ကို
တင်ပြလိုက်ပါတယ်။ လမ်းစဉ်က အကြမ်းထည်ကျပါလိမ့်မယ်။ နောက်တော့ အခြေအနေနဲ့ တပြေးညီ တိုးချဲ့သွားရမှာပါ။

အတွေ့အကြုံ (၂) ခု

ကျွန်တော်တို့မှာ အုပ်စိုးသူက ချမှတ်ပေးတဲ့ 'အခြေခံဥပဒေ' တိုက်ဖျက်ရေး အတွေ့အကြုံ (၂) ခု ရှိခဲ့ပါတယ်။

ပထမအတွေ့အကြုံက '၁၉၃၅ ဥပဒေ' ကို တိုက်ဖျက်တဲ့ အတွေ့အကြုံပါ။ ဒုတိယအတွေ့အကြုံက '၁၉၇၄ အခြေခံဥပဒေ'


ကို တိုက်ဖျက်တ့အ
ဲ တွေ့အကြုံ ဖြစ်တယ်။

ပထမအတွေ့အကြုံ

'၁၉၃၅ အက်ဥပဒေ' ဆိုတာကို အင်္ဂလိပ်အုပ်စိုးသူက ရေးဆွခ


ျဲမှတ်ပေးတယ်။ ၁၉၃၇ မှာ အဲဒီဥပဒေ အာဏာတည်ခဲ့တယ်။
အင်္ဂလိပ်က 'ဘိလပ်စားပွဝ
ဲိုင်းဆွေးနွေးပွဲ' ဆိုတာကို ခပ်စောစောကတည်းက သူဖိတ်ချင်တဲ့လူဖိတ်ပြီး လုပ်ခဲ့ရာက စတာပဲ။
သူဖိတ်ချင်တဲ့လူဆိုတာက လက်ညှိုးထောင် ခေါင်းညိတ်မယ့်လူကို ရွေးပြီးဖိတ်တာကို ပြောတာပါ။ ကိုလိုနီဘဝဆိုတော့ ဘိလပ်ခေါ်ပြီး
သူဖြစ်ချင်တာကို ချပြတာပါပဲ။ ၁၉၃၇ ကျမှ အာဏာတည်တာက ရွေးကောက်ပွဲလုပ်ပြီး အသက်သင
ွ်းနေရလို့ပါ။

'၁၉၃၅ ဥပဒေ' ကို ကျွန်တော်တို့ တိုက်ဖျက်ရတာ (၁၀) နှစ်ပဲ ကြာတယ်။ ၁၉၄၇ မှာ အဲဒီ "ဥပဒေ" စက္ကူစုတ် ဖြစ်သွားတယ်။

၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့က '၁၃၀၀ ပြည့်အရေးတော်ပ'ုံ နဲ့ '၁၉၄၆ စက်တင်ဘာအုံကြွမ&ှုကြီး' ၂ ကြိမ် လုပ်ခဲ့ရတယ်။


အကြမ်းမဖက်တဲ့ အနုနည်း လူထုနည်းနဲ့ ဆန့်ကျင်တာပဲ။ လ&ှုပ်ရှားမ&ှုကလေးတွေကတော့ အကြိမ်ကြိမ်ပါ။ မရေတွက်နိုင်ပါဘူး။

အကြမ်းဖက်တော်လှန်တ့န
ဲ ည်းကလည်း (၂) ကြိမ် လုပ်ရတယ်။ BIA တော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေး ဖြစ်တယ်။
အဲဒီလို တော်လှန်ရေး (၂) ကြိမ် လုပ်ခ့လ
ဲို့ပဲ ကျွန်တော်တို့မှာ လက်ဝည
ဲီညွတ်ရေးတပ်ဦးဆိုတဲ့ အမြုတေနဲ့ အမျိုးသားညီညွတ်ရေး
တပ်ပေါင်းစုကြီး ထူထောင်နိုင်ခ့တ
ဲာ ဖြစ်တယ်။

အဲဒီလို 'လက်ဝတ
ဲ ပ်ဦး' နဲ့ 'အမျိုးသားညီညွတ်ရေး' ရှိလို့ပဲ '၁၉၄၆ စက်တင်ဘာအုံကြွမ'&ှု ကို စည်းရုံးရှေ့ဆောင်နိုင်ခဲ့တာ
ဖြစ်တယ်။ အဲဒီ (၂) ခုရှိလို့ပဲ '၁၉၃၅ ဥပဒေ' ကို တိုက်ဖျက်နိုင်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ရေးအရေးတော်ပုံ အောင်ပရ
ွဲ ခဲ့တာ ဖြစ်တယ်။

ဒုတိယအတွေ့အကြုံ

'၁၉၇၄ အခြေခံဥပဒေ' ကတော့ အာဏာသိမ်းစစ်ကောင်စီ ("တော်လှန်ရေးကောင်စ"ီ ) က ရေးဆွခ


ျဲမှတ်ပေးတဲ့ 'အခြေခံ
ဥပဒေ' ဖြစ်တယ်။

၁၉၆၂ နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးကတည်းက လူထုတိုက်ပွဲ အကြိမ်ကြိမ်တိုက်ခဲ့တယ်။ အကြမ်းဖက်ဖိနှိပ်ပစ်တာ


ခံရတာချည်းပဲ။ လူထုတိုက်ပွဲဆိုတာက နိုင်ငံရေးကို အခြေခံတဲ့ တိုက်ပေ
ွဲ ရာ၊ စီးပွားရေးကို အခြေခံတဲ့ တိုက်ပေ
ွဲ ရာ ပါဝင်တယ်။
အမျိုးသားညီညတ
ွ်ရေး ပြိုကြွဲ ပီး ပြည်တင
ွ်းစစ် ဖြစ်နေတဲ့ကာလကြီးလည်း ဖြစ်တယ်။ ဒါကြောင့် ကြာတယ်။ '၁၉၆၂ က
၁၉၇၄' အထိ (၁၂) နှစ်၊ ၁၉၇၄ က ၁၉၈၈ အထိ (၁၄) နှစ် စုစုပေါင်း (၂၆) နှစ် ရှိခဲ့တယ်။ ၁၉၈၈ သြဂုတ်လမှာ လူထုအုံကြွမ&ှုကြီး
ဖြစ်ခဲ့တယ်။ '၁၉၇၄ အခြေခံဥပဒေ' ကတော့ ပျက်ပါရဲ့။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အစားထိုးသွားတာ ခံလိုက်ရတယ်။
စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ခ့ဘ
ဲူး။ ၁၉၈၈ က ၂၀၁၀ အထိ (၂၂) နှစ် ထပ်ပေါင်းထည့်တော့ စစ်အာဏာရှင်စနစ်က
ရာစုနှစ်တဝက်နီးနီး ရှိပြီ။ ဒီမိုကရေစီတော်လှန်ရေးအဆင့်ကျမှ ဘာကြောင့် ဒီလောက်တောင် ထစ်နေရသလဲ။

၂၀၁၀ လွနရ
် င်လည်း '၂၀၀၈ အခြေခံဥပဒေ' တိုက်ဖျက်ရေး စရပြန်ဦးတော့မယ်။ ဘယ်လောက်အချိန်ယူရမလဲ
မပြောတတ်ဘူး။

'၁၉၈၈ လူထုအုံကြွမ'&ှု မှာ ဘာလိုခ့သ


ဲ လဲ။ ကျွန်တော်တို့ အမြင်ကတော့ လက်ဝည
ဲီညွတ်ရေးတပ်ဦး (အမြုတေ) မရှိတာနဲ့
'အမျိုးသားညီညတ
ွ်ရေးတပ်ပေါင်းစု' ရဲ့ ခေါင်းဆောင်မ&ှုမရှိတာဟာ အဓိကပဲလို့ ယူဆတယ်။

'၁၉၈၈ လူထုအုံကြွမ'&ှု ကာလတုန်းက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့ဘဲ အောင်ပန


ွဲ့ လွခ
ဲ့တာပါ။
အမျိုးသားညီညတ
ွ်ရေး ဆိုတာကလည်း ဆွေးနွေးပွဲတစ်ခါနှစ်ခါ လုပ်ရုံနဲ့ တည်ဆောက်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီသင်ခန်းစာ
ယူပြီး ဗကပ က ကြံဆချက်တချို့ တင်ပြခဲ့ဖူးတယ်။ ဟိုတုန်းကတော့ ၁၉၃၀ ကျော်ပြီးကတည်းက အတူတွဲပြီး လုပ်ခဲ့ကြသူချင်းဖြစ်လို့
အတွေးတူကြတယ်။ အလုပ်တူကြတယ်။ အတူတွဲပြီး စွန့်လွှတ်စန
ွ့်စား လုပ်ခဲ့ကြတယ်။ ဒါကြောင့် တစုံတရာ ချောမောပြေပြစ်ခဲ့ပါတယ်။
ဒီမိုကရေစီတော်လှန်ရေးကာလမှာတော့ ပြည်တင
ွ်းအခြေအနေရော၊ နိုင်ငံတကာ့အခြေအနေကပါ မိမိတို့အတွက် အခွင့်မသာစေဘဲ
စစ်အာဏာရှင်စနစ်ကိုပဲ အခွင့်သာစေသလို ဖြစ်ခ့တ
ဲ ယ်။ အခုလည်း အဲဒီအတိုင်း ဖြစ်နေတယ်။

'လ&ှုပ်ရှားတက်ကြွသူများရဲ့ တပ်ဦး' အမြုတေနဲ့ 'အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု' ရှိဖို့ ကျွန်တော်တို့ နည်းနာရှာရပါဦးမယ်။


ထိုးထွင်းကြံဆရပါဦးမယ်။ ဒီ (၂) ခု မရှိရင် '၂၀၀၈ အခြေခံဥပဒေ' ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ
တော်လှန်ရေး အောင်ပခ
ွဲံနိုင်မှာ မဟုတ်ပါဘူး။

ဒီ (၂) ခုရှိဖို့ဟာ အခရာအကျဆုံး ဖြစ်ပါတယ်။ ဒီ (၂) ခု မရှိဘဲ အခုအတိုင်း သူတမျိုးကိုယ်တဖုံ လုပ်နေကြရင် '၂၀၀၈
အခြေခံဥပဒေ' ကို အောင်အောင်မြင်မြင် တိုက်ဖျက်ပစ်ဖို့ နေနေသာသာ စစ်အုပ်စုမျိုးဆက်တွေပဲ တဆက်ပြီးတဆက် အာဏာလက်လွှဲ
လက်ပြောင်း လုပ်တာကို တွေ့နေကြရမှာ ဖြစ်တယ်။ ဗကပ က ဒီ ၂ ခုရှိဖို့ လိုက်လိုက်လျောလျော ညှိန&ှိုင်းလုပ်လိုတဲ့ဆန္ဒ ရှိပါတယ်။
သူများရဲ့ကြံဆချက် တင်လာရင် လေးလေးစားစား စဉ်းစားပါမယ်။

စစ်အာဏာရှင်စနစ်ရဲ့ လူတန်းစားလက္ခဏာ

စစ်အာဏာရှင်စနစ် ဗမာပြည်မှာ ပေါ်လာတာနဲ့ သက်ဆိုးရှည်နေတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောကြတာတွေ ရှိပါတယ်။


နိုင်ငံရေးပါတီတွေ ကြွဲ ကလို့၊ တဦးနဲ့တဦး ယုံကြည်ချက် ပျက်ကြလို့၊ ရန်/ငါ စည်း ခွဲကြလွန်းလို့ စသဖြင့် ပြောကြပါတယ်။ စစ်အုပ်စု
ကလည်း 'တို့တာဝန် အရေးသုံးပါး' ကို စောင့်ရှောက်ထိန်းသိမ်းရတာပါလို့ ပြောပါတယ်။

အခုတလောမှာဆိုရင် အဲဒီလို အပြောအဆိုတွေ သိပ်များလာပါတယ်။ IT ခေတ်ဖြစ်လို့ ပိုပြီးများလာတာလို့ ယူဆပါတယ်။

အဲဒီအပြောအဆိုတွေကို ဗကပ က သဘောမတူပါဘူး။ အပေါ်ယံရှပ်ပြီး သုံးသပ်ကြတာလို့ပဲ မြင်ပါတယ်။ သမိုင်းဖြစ်စဉ်ကို


ကိုယ်လိုရာဆွဲပြီး ပြောနေကြတာလို့ပဲ သတ်မှတ်ပါတယ်။

ဗကပ က 'စစ်အာဏာရှင်စနစ်' ကို 'စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်ကြီးတွေရဲ့ အာဏာရှင်စနစ်' လို့ပဲ သတ်မှတ်


ပါတယ်။ DSI တို့၊ BEDC တို့ကနေ တစတစ လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းလာတာပဲလို့ သတ်မှတ်ပါတယ်။ ဖဆပလ အကွဲမှာ
ချက်ကောင်းယူပြီး စစ်ဗျူရိုကရက်ဓနရှင်တစုက အာဏာသိမ်းလိုက်တာပါ။ အိမ်စောင့်တယ်ပြောပြော ဆိုရှယ်လစ်ခေတ်ပြောင်း
တော်လှန်ရေး လုပ်တာလို့ဆိုဆို စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီလို့ရေးရေး အားလုံးက အာဏာကို တဦးတည်းပိုင် သိမ်းပိုက်ပြီး
စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားက လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းတာချည်း ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို
သိမ်းယူတာ ဖြစ်ပါတယ်။ အခုဆိုရင် ဗမာပြည်ရဲ့ စီးပွားရေး အသက်သွေးကြောလုပ်ငန်းမှန်သမျှဟာ စစ်ဗျူရိုကရက်တွေလက်ထဲ စုပြုံ
ရောက်ရှိနေပါပြီ။ စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေပဲ ပုဂ္ဂလိကပိုင် လုပ်နေကြပါတယ်။ ဟိုတုန်းက ဆိုရှယ်လစ်
တော်လှန်ရေးဆိုပြီး 'ပြည်သူပိုင'် လုပ်လိုက်တာ တိုင်းပြည်က အဆင်းရဲဆုံးနိုင်ငံ (LDC) ဖြစ်သွားတယ်။ ခေတ်ပြောင်းတော်လှန်ရေး
ခေါင်းဆောင်ကြီးတွေက စည်းစိမ်ဥစ္စာတိုးပွားခဲ့ကြတယ်။ အခုလည်း စီးပွားရေးဦးတည်ချက် (၄) ရပ် လုပ်လိုက်တာ သူတို့ပဲ အကြီးဆုံး
ဓနရှင် အကြီးဆုံးမြေရှင်တွေ ဖြစ်ကုန်ကြပါပြီ။

ချုပ်ပြီးပြောရရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဖွတ်ဘဝကနေ မိကျောင်းဖြစ်လာတာပဲ။ အာဏာကို အမှီပြုပြီး


ဖြစ်လာတာဖြစ်လို့ အာဏာကို ဘယ်တော့မှ စိတ်လိုလက်ရ လက်လွှတ်မှာ မဟုတ်ဘူး။ တော်လှန်တဲ့နည်းနဲ့ လူထုအင်အားနဲ့ ဖြုတ်ချမှပဲ
စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှာပါ။

'၂၀၀၈ အခြေခံဥပဒေ' တိုက်ဖျက်ရေးဟာ စစ်အာဏာရှင်စနစ် (စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်စနစ်) ကို အကုန်အစင်


အပြီးအပိုင် ဖျက်သိမ်းရေးအတွက် လတ်တလောလုပ်ငန်း ဖြစ်ရပါမယ်။ ပဏာမခြေလှမ်း ဖြစ်ရပါမယ်။

အခိုင်အမာ တင်ပြချက်များ

အထက်မှာ ဗကပ ရဲ့ ယေဘုယျကျကျသဘောထားများနဲ့ အမြင်များကို တင်ပြခဲ့ပါပြီ။ အခုတော့ အခိုင်အမာကျကျ


ကိစ္စတချို့ကို တင်ပြပါမယ်။

ဘီလူးစည်းလူ့စည်း ဘယ်လိုခြွဲ ခားကြမလဲဆိုတဲ့ ကိစ္စ

ရွေးကောက်ပဝ
ွဲ င်မဝင်ကို 'စည်း' အဖြစ် မထားသင့်ပါဘူး။ '၂၀၀၈ အခြေခံဥပဒေ' အပေါ် ဘယ်လိုသဘောထားကြသလဲ
ဆိုတာကိုပဲ 'စည်း' အဖြစ် ထားချင်ပါတယ်။

ဘာကြောင့်လဆ
ဲိုတော့ ရွေးကောက်ပဝ
ွဲ င်မယ့် ပါတီအင်အားစုတွေဟာ အကြောင်းအမျိုးမျိုး၊ စိတ်ကူးအမျိုးမျိုးနဲ့ ဝင်ကြမှာ
ဖြစ်လို့ပ။ဲ ရွေးကောက်ပဝ
ွဲ င်တဲ့ ပါတီတိုင်းကို တစည ပါတီတို့၊ ကြံ့/ဖွံ့ ပါတီ (ဖွဲ့ ခဲ့ရင်) တို့နဲ့ တတန်းတည်းထားလို့ မဖြစ်လို့ပါ။ သူတို့ကို
သူတို့စိတ်ကူး အကောင်အထည်ဖော်တ့လ
ဲ က်တွေ့ လုပ်ခင
ွ့်ပေးရပါမယ်။ စစ်အာဏာရှင်စနစ်အကြောင်းကို သူတို့ မကြာမတင်
သိလာမှာပါ။ ဂျပန်ဖက်ဆစ်စစ်ဝါဒီတွေအကြောင်း ကြုံးဖူးမှသိသလို သိလာကြမှာပါ။ ကိုယ်ပိုင်အတွေ့အကြုံက အမြင်မှန်ရစေ
ပါလိမ့်မယ်။

'၂၀၀၈ အခြေခံဥပဒေ' ကို ခြွင်းချက်နဲ့ လက်ခံသူတွေ အခုတွေ့နေရပါပြီ။ ကျွန်တော်တို့ရဲ့ ရဲဘော်ဟောင်း မိတ်ဆွေတို့


ဆိုပါတော့။ သူတို့ကလည်း သူတို့ရဲ့ ဒေသန္တရအကျိုးစီးပွားအတွက် '၂၀၀၈ အခြေခံဥပဒေ' ကို ခြွင်းချက်နဲ့ပဲ လက်ခံကြတာပါ။ သူတို့
လူမျိုးစုရဲ့ တိုက်ရိုက်အကျိုးစီးပွားကို ထိပါးလာတာကို ခေါင်းငုံ့ပြီး လက်ခံနေကြတာ မဟုတ်ပါဘူး။ တပြည်လုံးကို ကိုယ်စားပြုနေတဲ့
NLD မှာ ရွှေဂုံတိုင်ရပ်တည်ချက် ရှိသလို သူတို့မှာလည်း ကိုယ်စီရပ်တည်ချက် ရှိပါတယ်။ NLD က ရာဇသံပေးခံရသလို သူတို့လည်း
ရာဇသံပေးတာ ခံရပါတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ စစ်ရပ်စေ
ဲ ရးအဖွဲ့ တွေပါ။ အနိုင်ကျင့်ချင်တိုင်းကျင့်လို့ မရပါဘူး။

ရွေးကောက်ပဝ
ွဲ င်မယ်ဆိုတဲ့ ပါတီအင်အားစုတချို့က လွှတ်တော်ထဲကနေ ၂၀၀၈ အခြေခံဥပဒေကို တစတစ ပြုပြင်ချင်တဲ့
လေသံ ကြားရပါတယ်။ သူတို့ကို လုပ်ကြည့်ခင
ွ့်ပေးရမှာပါ။ အမှန်တရားကို လက်တွေ့လုပ်ကြည့်ရင်း တွေ့လာမှာပဲ။

ဒါကြောင့် ရွေးကောက်ပဝ
ွဲ င်တာ မဝင်တာကို စည်းအဖြစ် မထားသင့်ပါဘူး။ ထားမိရင် စည်းရုံးရမယ့်အင်အား
ကိုယ့်အင်အားကို သူ့ဘက်ကို တွန်းပို့သလို ဖြစ်သွားပါလိမ့်မယ်။

ရွေးကောက်ပွဲဝင်မဝင် ကိုယ့်အခြေအနေအရ ဆုံးဖြတ်ဖို့

ဗကပ က မတရားသင်း 'ဝါရင်'့ ပါ။ တခြားမတရားသင်း ကြေညာခံထားရသူတွေကလည်း မနည်းပါဘူး။ ကျွန်တော်တို့ကို


စစ်အုပ်စုကလည်း ရွေးကောက်ပဝ
ွဲ င်ဖို့ ဖိတ်ခေါ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေတွင်း (စစ်အုပ်စုရဲ့ အာဏာစက်အောက်က)
ပါတီတွေကို ဘာလုပ်ပါ၊ ညာလုပ်ပါ မပြောသင့်ပါဘူး။ သူတို့တင
ွ်း အခြေအနေနဲ့ သူတို့ရဲ့ လုပ်စွမ်းကိုင်စွမ်းကို သူတို့ပဲ အသိဆုံးပါ။
ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို ဆုံးဖြတ်တ့အ
ဲ ခါမှာ အများဆုံးဖြတ်ချက်ကို အနည်းစုက နာခံပြီး အများစုကလည်း အနည်းစုကို
အနိုင်မကျင့်တာ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုရင် ကွဲတတ်လွန်းလို့ သတိပြုစေချင်တာပါ။
ပြည်သူ့အင်အားစုဆောင်းရေးကိစ္စ

လ&ှုပ်ရှားမ&ှုကလေးတွေန့ပ
ဲ စုဆောင်းရမှာပါ။ '၁၉၄၆ စက်တင်ဘာအုံကြွမ'&ှု ရော၊ '၁၉၈၈ သြဂုတ်လအုံကြွမ'&ှု ပါ
လ&ှုပ်ရှားမ&ှုကြီးတွေ ဖြစ်ပါတယ်။ အဲဒီလိုလ&ှုပ်ရှားမ&ှုကြီးတွေဖြစ်ဖို့ လ&ှုပ်ရှားမ&ှုကလေးတွေ အကြိမ်ကြိမ်လုပ်ပြီး အင်အားစုဆောင်းခဲ့ရတာပါ။
အင်အားစုဆောင်းရတဲ့နည်းကတော့ မတူပါဘူး။ ၁၉၄၆ တုန်းကတော့ မြေပေါ်နည်းနဲ့ စုဆောင်းရတာပဲ။ ဖဆပလ အလံအောက်မှာရှိတဲ့
ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရေ
ဲ ဘာ်၊ လူငယ်အစည်းအရုံး၊ ဗကသ များဟာ မြေပေါ်တရားဝင် အဖွဲ့ အစည်းတွေချည်းပါ။ ဗြောင်ပဲ
လူထုကို အပြိုင်အဆိုင်စည်းရုံးကြတာပါ။ ဒါကြောင့် ကွက်လပ်ကျန်နေတာ မရှိပါဘူး။ ထောင့်စေ့ပါတယ်။

၁၉၈၈ အတွက်ကတော့ ဗြောင်စည်းရုံးရတာ မဟုတ်ပါ။ မြေအောက်လျှို့ဝှက်နည်းနဲ့ အင်အားစုဆောင်းတာပါ။ ကေဒါတွေကို


မြို့ပေါ်မှာ ရေရှည်မြှုပ်နှံတာ (သို့မဟုတ)် လက်နက်ကိုင်တိုက်ပွဲ အခြေခံဒေသမှာ စုစည်းထားတာ လုပ်ခဲ့ရပါတယ်။

အခုတော့ တမျိုးလုပ်ရမယ်လို့ ထင်ပါတယ်။ လ&ှုပ်ရှားတက်ကြွတဲ့ ကေဒါတွေက ပြည်တင


ွ်းပြည်ပမှာ ပြန့်ကျဲနေပါတယ်။ ဒီလို
ပြန့်ကျဲနေတဲ့ ကေဒါတွေကို ပြည်တင
ွ်းလ&ှုပ်ရှားမ&ှုအတွက် ဘယ်လိုအသုံးပြုမလဲ ဆိုတာကို စဉ်းစားရမှာပါ။ လိုလျှင်ကြံဆ နည်းလမ်းရ
ဖြစ်မှာပါ။

ရန်/ငါ အင်အားအချိုးအစားကို ထည့်တက


ွ်ရေးကိစ္စ

နည်းပရိယာယ်လမ်းစဉ် ချမှတ်ပြီဆိုရင် ရန်/ငါ အင်အား အချိုးအစားကို အလေးထားတွက်ချက်ရပါမယ်။ သေနင်္ဂဗျူဟာ


ချမှတ်တဲ့အခါမှာ ရန်/ငါ အင်အား အချိုးအစားကို တွက်ချက်နေတာ မဟုတ်ပါဘူး။ ထည့်တွက်နေရင် အင်အားချင်း မယှဉ်နိုင်ဘူးဆိုတဲ့
အဖြေပဲ ထွက်လာမှာပါ။ ကိုယ့်မှာက ဘာမှမရှိဘူး။ သူတောင်းစားနဲ့သိကြားမင်း စစ်ခင်းသလိုပဲဖြစ်မှာ၊ အုတ်နံရံ ခေါင်းနဲ့ဆောင့်တာပဲ
ဖြစ်မှာ ဆိုတဲ့အဖြေပဲ ရမှာပါ။

နည်းပရိယာယ်လမ်းစဉ် စဉ်းစားချမှတ်တာမှာကျတော့ ရန်/ငါ အင်အားအချိုးအစားကို အမြဲထည့်တွက်ရပါမယ်။


သေနင်္ဂဗျူဟာ စဉ်းစားချမှတ်သလို ရန်သူကို စက္ကူကျားလို့ သဘောထားမိရင် ကျားစာဖြစ်သွားမှာပါ။

ရန်/ငါ အင်အား အချိုးအစားကို ထည့်တွက်တာဟာ ကြောက်ဖို့မဟုတ်ပါဘူး။ ကြောက်တတ်ဝန်ကင်းဖို့ မဟုတ်ပါဘူး။


မှန်ကန်တဲ့ခြေလှမ်း လှမ်းနိုင်ဖို့ပါ။ မိမိက လ&ှုပ်ရှားလေလေ အင်အားတိုးပွားလေလေဖြစ်အောင် လုပ်ဖို့ပါ။

ရန်သူကို ပိုလည်းမတွက်မိစေနဲ့

'၂၀၀၈ အခြေခံဥပဒေ' ကိုပြဲ ကည့်ကြည့် ရွေးကောက်ပဆ


ွဲိုင်ရာ 'ဥပဒေ' တွေကိုပဲကြည့်ကြည့် တွေ့ရမှာက နအဖ
အကြောက်လန
ွ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ လ&ှုပ်ရှားမ&ှုကလေးကနေ လ&ှုပ်ရှားမ&ှုကြီး ဖြစ်တတ်တယ်၊ မီးပွားကလေးကနေ
တောမီးကြီး ဖြစ်တတ်တယ်ဆိုတာကို သူတို့သင်ခန်းစာ ထုတ်ထားလို့ ယိုပေါက်ဟာပေါက် မရှိအောင် ပိတ်တာဆို့တာတွေ၊ ကြောက်ရမ်း
ရမ်းတာတွေ လုပ်နေတာပဲ။ သံဃာတော်တွေရဲ့ အရေးအခင်းလို ဖြစ်မှာကြောက်လို့ ထောင်နှစ်ရှည်ချတာ၊ အဝေးထောင်တွေကို
ဖြန့်ခွဲပို့ပစ်တာ၊ နေရာတကာမှာ လုံခြုံရေးတွေ အထပ်ထပ်ချရတာကစပြီး နေပြည်တော် ပြောင်းပြေးတာအထိ လုပ်နေတာပါ။
အကြောက်လန
ွ်နေတာပါ။

အကြောက်လန
ွ်လေလေ ရန်သူများလေလေ ဖြစ်နေတာပဲ။ ၂၀၁၀ လွန်ရင် '၂၀၀၈ အခြေခံဥပဒေ' အသက်ဝင်လာရင်
ရန်သူတွေ တိုးပွားလာပါလိမ့်ဦးမယ်။

ကျွန်တော်တို့တာဝန်က (လမ်းစဉ်ရဲ့ တာဝန်က) မိတ်ဆွေတွေ တိုးပွားလာဖို့ပ။ဲ နအဖ မှာ ရန်သူများလေ မိမိမှာ မိတ်ဆွေတွေ
များလေ ဖြစ်ရပါမယ်။

၁၉၄၈ တုန်းက ဗကပ ဟာ တကိုယ်တော်ထီးတည်း တောခိုရတာပါ။ ဦးကျော်ငြိမ်း ဆိုရှယ်လစ်တွေ လူတကာကို


ရန်လုပ်တာကြောင့် တောပုန်းစံဖဘ
ဲ ဝမျိုး မရောက်တာပဲ။ မိတ်ဆွေတွေ များလာလို့ အဲဒီဘဝ မရောက်တာပါ။ ပြည်သူ့ရေ
ဲ ဘာ်၊
တော်လှန်သောဗမာ့တပ်မတော် (RBA) စသဖြင့် ပေါ်လာလို့ တောပုန်းဘဝ မရောက်တာပဲ။ ကရင်တပ်တွေ ပုန်ကန်တော့ အခြေအနေ
တဆစ်ချိုးပြောင်းတာပါ။ ဒါပေမဲ့ တဖက်ကလှည့်ကြည့်တော့ ရန်သူကို အသက်ရှူပေါက်ချောင်သွားစေပြန်တယ်။ ထားပါတော့။
အခုပြောချင်တာက သူ့မှာ ရန်သူများစေပြီး ကိုယ့်မှာ မိတ်ဆွေများလာအောင် လုပ်ကြရမှာပါ။ ပြည်တင
ွ်းသာမက ပြည်ပမှာပါ
ငါတို့မိတ်ဆွေ ကမ္ဘာနဲ့ချီပြီးရှိအောင် လုပ်ကြရပါမယ်။
အခြေအနေကောင်းတယ်

၁၉၆၂ တုန်းက 'မြေပေါ်ကွန်မြူနစ်' လို့ ရန်သူက သတ်မှတ်သူတွေဟာ မဆလ ခြံဝင်းထဲ ရောက်သူရောက်၊ ခွေးကတက်
ရောက်သူရောက်၊ ခြံပြင်တံခါးဝမှာ ရောက်သူရောက် ဖြစ်ကုန်ပါတယ်။ ကျွန်တော်တို့ရဲ့ တခါက ခေါင်းဆောင်ကြီးများ ဖြစ်ခဲ့တဲ့ သခင်စိုး၊
ကိုသိန်းဖေ (မြင်)့ တို့လည်း မဆလ ခြံပြင်တံခါးဝမှာရောက်ပြီး ဇာတ်သိမ်းကုန်ကြတယ်။

ဟိုတုန်းက အဲဒီလို ဝရုန်းသုန်းကား ဖြစ်နေတာကို ကျွန်တော်တို့ မသိပါဘူး။ သူတို့ဘာတွေရေးပြီး ဘာတွေဖြစ်နေသလဲ


ဆိုတာ မသိခဲ့ပါဘူး။ အခုတော့ ဘယ်သူတွေ ဘာဖြစ်နေပြီ၊ ဘာရေးနေပြီ၊ ဘယ်ခြေလှမ်း လှမ်းနေပြီ ဆိုတာကို IT တန်ခိုးနဲ့ ချက်ချင်း
သိနေပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့ အခြေအနေပါ။ မိမိတို့က မှန်မှန်ကန်ကန် အကဲဖြတ်ပြီး မှန်မှန်ကန်ကန် ခြေလှမ်း လှမ်းနိုင်ဖို့ပဲ
လိုပါတယ်။

အမျိုးသားညီညတ
ွ်ရေးဆီသို့ ဘယ်လိုသွားကြမလဲ

မြန်မြန်ဆန်ဆန် ဖြစ်လာဖို့ မလွယ်ပါဘူး။ တဖြည်းဖြည်းချင်း သွားရမှာပါ။ အရင်လိုရင် အနှေးတွေ့ပါလိမ့်မယ်။


အခုအခြေအနေက ပြည်တင
ွ်းပြည်ပမှာ ပြန့်ကျဲနေတဲ့ အခြေအနေပဲ။ ဗကပ ကလည်း ယူဂျီပါတီ ဖြစ်နေပြီ။ လ&ှုပ်ရှားတက်ကြွသူတွေကို
တာဝန်ခံပြီး စုဆောင်းပေးဖို့ မဖြစ်နိုင်တဲ့ အခြေအနေပဲ။

အမျိုးသားညီညတ
ွ်ရေး မရှိဘန
ဲ ႔ေ
ဲ တာ့ ဗမာပြည်ရဲ့ အခြေခံပြဿနာတွေ ဘာမှပြီးပြတ်မှာ မဟုတ်ပါဘူး။ 'ခေတ်မီဖွံ့ဖြိုး
တိုးတက်တဲ့နိုင်င'ံ ဘယ်တော့မှ မဖြစ်ပါဘူး။ ဒီရည်မှန်းချက် (အမျိုးသားညီညွတ်ရေးရည်မှန်းချက်) ဆီသို့ တလှမ်းချင်းပဲ ချီတက်နိုင်
မှာပါ။

ကျွန်တော်တို့ရဲ့ ကြံဆချက်ကတော့ အပြန်အလှန် သတင်းဖလှယ်တာနဲ့ အတွေးအခေါ်ညှိန&ှိုင်းတာက စရမယ်ထင်ပါတယ်။


ဒါတောင် လွယ်လှမှာ မဟုတ်ပါဘူး။

ဟိုတုန်းက အမျိုးသားညီညတ
ွ်ရေး တည်ဆောက်ရတာက လွယ်ပါတယ်။ ဖတပလ ကို စတင်ဖွဲ့ စည်းတာဟာ ဗကပ ရဲ့
ပထမဆုံး G/S၊ ဒုတိယ G/S နဲ့ စတုတ္ထ G/S ဖြစ်လာမယ့်သူတွေရဲ့ ဆွေးနွေးပွဲပါ။ တတိယ G/S က နိင
ုငံခြားရောက်နေပေမယ့်
သူလည်း ပါတာပါပဲ။ ဒါကြောင့် လွယ်ပါတယ်။

'အပြန်အလှန်သတင်းဖလှယ်ရေးစနစ်' ထဲမှာတောင် အားလုံးတပြိုင်တည်း ပါလာမယ် မထင်ပါဘူး။ မီဒီယာမှာ


အင်တာဗျူးတွေ၊ website ကွန်ယက်တင်တာတွေနဲ့ အပြန်အလှန် သတင်းပေးတာ၊ ကိုယ့်စဉ်းစားချက်ကို ဖော်ပြတာက စရမှာပါ။
ဒါကိုတောင် ဗြောင်လုပ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် မလောသင့်ပါဘူး။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးကိုလည်း မျက်ခြည်မပြတ်ကြမှ ဖြစ်မှာပါ။ နှစ်ပေါင်း (၂၀)


လောက် အတွေ့အကြုံက ဘယ်ပါတီ၊ ဘယ်အဖွဲ့ အစည်းကမှ စစ်အာဏာရှင်စနစ်ကို တကိုယ်တော် ရင်ဆိုင်လို့ မဖြစ်ဘူးဆိုတာကို
ပြခဲ့ပြီးပါပြီ။

ဘုံရန်သူဆိုတဲ့ စကားလုံးသုံးဖို့ နအဖ မှာပဲ ရှိသလား။

စစ်အစိုးရရဲ့ ခွင့်ပြုချက်န့ထ
ဲုတ်တဲ့ စာအုပ်တိုင်း ဘယ်စာအုပ်ပဲကြည့်ကြည့် ပထမဆုံးစာမျက်နှာမှာ တွေ့ရမှာက တို့အရေးတို့၊
ဦးတည်ချက်တို့ကို တွေ့ရမယ်။ ပြည်သူ့သဘောထားဆိုတာ တွေ့ရမယ်။ အဲဒီထဲမှာ ပြည်တင
ွ်းပြည်ပ အဖျက်သမားများကို ဘုံရန်သူ
အဖြစ် သတ်မှတ်ချေမ&ှုန်းရမယ်လို့ ရေးထားတယ်။

နအဖ မှာပဲ ဘုံရန်သူလို့ သုံးခွင့်ရှိသလား။ မိမိတို့မှာကော မရှိဘူးလား။ ရန်သူ၊ မိတ်တွေ၊ ကြားနေဆိုတဲ့ စကားလုံးဟာ
နိုင်ငံရေးမှာ သုံးရိုးသုံးစဉ်ပ။ဲ ဗကပ ထွင်ထားတာ မဟုတ်ဘူး။ ခေတ်အဆက်ဆက် ရှိခဲ့သုံးခဲ့တဲ့ စကားလုံးပါ။ ပဒေသရာဇ်ခေတ်၊
ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် ခေတ်တိုင်းမှာ ရှိခဲ့တဲ့ စကားလုံးပဲ။

သတိပြုဖို့က ဒီစကားလုံးကို အာဏာရတွေကပဲ စပြီးသုံးတယ် ဆိုတာပါ။ ပြီးတော့လည်း အာဏာရကပဲ လက်တွေ့


လုပ်နိုင်တာပါ။ ဖိနှိပ်ခံ အုပ်စိုးခံက ပါးစပ်ကပဲ ပြောနိုင်တာပါ။ ဗကပ အဖြစ်ပဲကြည့်။ ဘယ်သူတွေ အဖမ်းခံရပြီး၊ ဘယ်သူတွေ
တောထဲပြေးရသလဲ။ ဒါကြောင့် ရန်/ငါ ဆိုတ့စ
ဲ ကားလုံးကို အခုအစီရင်ခံစာမှာ ဖောဖောသီသီသုံးပါတယ်။
အဲဒီ 'ဘုံရန်သ'ူ ဆိုတာကို နအဖ က မသုံးတဲ့နေ့မှာ ကျွန်တော်တို့က သူ့ဘက်/ကိုယ့်ဘက် လို့ ပြောင်းသုံးပါ့မယ်။

တာထွက်ကောင်းတယ်

၁၉၆၂ တုန်းက တော်လှန်ရေးကောင်စီရဲ့ ဆိုရှယ်လစ်မ&ှိုင်းကို အခြေခံလူတန်းစားတွေပါ မိခြဲ့ ကတယ်။ 'လယ်သမား


နှီးနှောဖလှယ်ပ'ွဲ တွေ၊ 'အလုပ်သမားနှီးနှောဖလှယ်ပ'ွဲ တွေသာမက 'စာပေနယ်ရဲ့ နှီးနှောဖလှယ်ပ'ွဲ တွေကြောင့် အတော်များများ မျက်စေ့
လည်ကြတယ်။ ဗကပ ထဲကိုတောင် ဂယက်အနည်းအပါးရိုက်ခဲ့တယ်။

အခုတော့ နအဖ က လူတကာကို ဝိုင်းကြီးပတ်ပတ် ရန်လိုက်လုပ်နေတော့ မိမိတို့က ဖွင့်ချဖို့ မလိုတော့ဘူး။ သူ့အစိုးရ


ယန္တရားထဲကတောင် နအဖ ဒီမိုကရေစီမ&ှိုင်း မမိကြဘူး။

နောက် တာထွက်ကောင်းတာက '၈၈' ရဲ့ အောင်သီးအောင်ပင


ွ့်တွေက လမ်းပြမြေပုံကို ဆန့်ကျင်ကြတာပဲ။

လမ်းပြမြေပုံအဆင့် (၅) က တကယ်တော့ နောက်ဆုံးအဆင့်ပါ။ အဆင့် (၆) နဲ့ (၇) က အပိုထည့်ထားတာပဲ။ အဆင့် (၅)
ရွေးကောက်ပွဲပြီးရင် မိမိတို့အတွက် အခါအခွင့်ကောင်းတွေ တခုပြီးတခု ပေါ်လာစရာရှိပါတယ်။ ဘာကြောင့်လဆ
ဲိုတော့
တိုက်ရာပါပစ္စည်း အဝေမညီလို့ သူတို့အတွင်းမှာ ပြဿနာတွေ ပေါ်လာမှာမို့ပ။ဲ အစိုးရယန္တရား၊ တပ်တင
ွ်းတပ်ပြင်မှာ ပေါ်မှာပါ။

တိုက်ပသ
ွဲ ဏ္ဌာန်ကိစ္စနဲ့ စည်းရုံးရေးသဏ္ဌာန်ကိစ္စ

ဗကပ က လက်နက်ကိုင်တိုက်ပသ
ွဲ ဏ္ဌာန်ကို အရန်ရွေးလမ်းအဖြစ် ထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ပသ
ွဲ ဏ္ဌာန်ကို မတတ်သာမှ
ရွေးဖို့ စဉ်းစားပါတယ်။ ပြည်တင
ွ်းအခြေအနေက မဖြစ်မနေလုပ်ဖို့ တောင်းဆို (လိုအပ်) လာရင် လုပ်မှာပါ။

လက်နက်ကိုင်တိုက်ပွဲ လုပ်ရရင် မြေအောက် (ယူဂျီ) တိုက်ပသ


ွဲ ဏ္ဌာန်နဲ့ စည်းရုံးရေးသဏ္ဌာန်ကိုပဲ လုပ်မှာပါ။ တော်တော်
ကြာကြာလည်း လုပ်ရမယ်လို့ ယူဆပါတယ်

ယူဂျီစည်းရုံးရေးသဏ္ဌာန်လုပ်တဲ့ အဖွဲ့ အစည်းတွေ များလာမယ်လို့လည်း တွက်ပါတယ်။ ဘာကြောင့်လဆ


ဲိုတော့ နအဖ ရဲ့
"ဥပဒေ" တွေက ယူ/ဂျီ လုပ်ဖို့ဆီကို တွန်းပို့နေလို့ပ။ဲ

စစ်အာဏာပိုင်တွေက ပေါ်စေဆိုပေါ်ပြီး၊ ပျောက်စေဆိုပျောက်တဲ့ပါတီ မဟုတ်ရင် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်လုပ်ငန်းစဉ်


အပေါ် သစ္စာရှိသေးရင် ယူ/ဂျီ စည်းရုံးရေးသဏ္ဌာန်ပဲ လုပ်စရာရှိလို့ပါ။

ဗမာပြည်မှာ ပါတီတွ ပေါ်ခဲ့လှပါပြီ။ ကိုယ့်ဘာသာ ကိုယ်ဖျက်မှပဲ ပါတီတွေ ပျက်တာပါ။ အလံနီပါတီ၊ ပြည်သူ့ရေ


ဲ ဘ်ာပါတီ၊
ဦးသိန်းဖေမြင့်ရဲ့ ပါတီတွေဟာ သူတို့ဘာသာဖျက်လို့ ပျောက်သွားတာပဲ။ ကိုယ့်ဘာသာ မဖျက်သမျှ ဘယ်တော့မှ၊ ဘယ်သူကမှ ဖျက်လို့
မရပါဘူး။

ရဲဘော်တို့

အစီရင်ခံချင်တာ ဒီလောက်ပါပဲ။ ထင်မြင်ချက်၊ အကြံပြုချက်ရှိရင် ပါတီစည်းမျဉ်းနဲ့အညီ ဗဟိုသို့ တိုက်ရိုက်ပို့ကြပါ။ ဗဟိုက


ပြန်ကြားရှင်းလင်းဖို့လိုရင် ပြန်ကြားရှင်းလင်းပါမယ်။

You might also like