You are on page 1of 2

ဘဝနေထိုင်မှု ဆိုတာ အနုပညာ တစ်ရပ်လည်း ဖြစ်တယ်။ ကိုယ့်မှာ ဘဝနေထိုင်မှုတွေ

ဆုံးပါးနေရလား။ မိမိအပေါ် ကမ္ဘာကြီးက ရက်စက်လိုက်တာ လို့ ထင်နေပါသလား။ ဒါကို မေ့ပစ်ပြီး


ရှုထောင့်ပြောင်းကြည့်ပါ။ ဘဝဆိုတာ ရှုထောင့်ပြောင်းကြည့်လိုက်တာနဲ့ ပြောင်းလဲ သွားစေနိုင်သော
အရာများ ရှိပါတယ်။

ကိုယ်ရည်မှန်းထားတဲ့ အနာဂါတ်အတွက် စိတ်ဓါတ်ကျနေပါသလား။ လင်းလက်တောက်ပ နေတဲ့


မျှော်လင့်ခြင်း အပြာရောင်လေးကိုတောင်မှ မမြင်မိနိုင်တော့ဘူးလား။ ဒါဆို ကိုယ့်ဘဝမှာ ရခဲ့ဖုးတဲ့
ချီးမွမ်းပြောဆိုခံရမှု တွေကို စတင် ရေတွက်ကြည့်ပါ။ ဒါက ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲ
လာစေနိုင်တယ်။ စိတ်ဓါတ်ကျမှုကို စိတ်ဓါတ်တတ်ကြွမှုဖြင့် အစားထိုး ကုသပေးသွားနိုင်တယ်။
ကိုယ့်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးလို့ အပြစ်ပယ်ခံ စိတ်ဆင်းရဲမှု တွင်းထဲမှာ နစ်မြှုပ်နေပြီလား။
လုပ်စရာ ရှိတာတွေ လုပ်ရမှာတွေကို ငြီးငွေ့ကာ အရှုံးပေးချင်နေပြီလား။ ဒါကို ကိုယ့်ကိုယ်ကိုယ်
ဖြောင့်မှန်စွာ စစ်မေးကြည့်ပါ။ ငါက သူတို့ ဂရုစိုက်မှ အသက်ရှင်ရတော့မှာလား ၊ တခြား
ခင်မင်ဖွယ်ရာတွေလည်း မရှိတော့ဘူးလား လို့။ ဒါက ကိုယ့်ဘဝ ရှုထောင့်ကို
ပြောင်းလဲလာစေနိုင်ပါတယ်။ စိတ်ထဲမှ မချမ်းမြေ့ဖွယ်တို့ကို အစားထိုး ကုသ ပေးသွားနိုင်တယ်။

သူများတွေလို ပျော်ရွှင်မြူးစရာတွေကို တပ်မက်လိုချင်နေလား။ အမြဲတမ်း သစ်ဆန်းမှုနောက်


တကောက်ကောက် လိုက်ချင်မိနေလား။ တကယ်တော့ ဆန်းသစ်မှု ဆိုတာ ဘယ်တော့မှ မဆုံးနိုင်ပါ။
အသစ်ဆိုတာလည်း မကြာမှီ ဟောင်းသွားမှာပါပဲ။ ဆန်းသစ်မှုထက် ရိုးစင်းတဲ့ စိတ်ကျေနပ်စရာကို
ရှာပါ။ ဒါက ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲလာစေနိုင်ပါတယ်။ စိတ်ထဲမှ လိုချင်နေမှုတွေကို
အစားထိုး ကုပေးသွားလိမ့်မယ်။

အလုပ်လုပ်ရတာ စိတ်ပျက် ငြီးငွေ့နေပါသလား။ ဘဝဆိုတာ ငါ့အတွက် ဘာမှ ပျော်စရာမှ မရှိပါလား


ဆိုပြီး ဘဝဇာတ်ခုံက အနားယူချင်စိတ် ပေါက်နေပြီလား။ ဘဝရဲ့ ရည်မှန်းချက်က ဘာလဲ ၊ ငါ
ဘာတွေများ လုပ်နေမိလဲ ဆိုပြီး ဝိုးတဝါး ဖြစ်နေပါသလား။ ကိုယ်နဲ့ အခု စတွေ့တဲ့ အရာလေးကို
ဂရုစိုက်ပြီး ထူးခြားမှုလေးတွေ ရှာပေးပါ။ ထူးခြားမှုလေးတွေကို နှစ်သက် ဂုဏ်ယူစွာ ကြည့်ပြီး
ခံစားပျော်ရွှင်ပေးပါ။ ဒါဟာ ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲ လာစေနိုင်ပါတယ်။

***ဘဝဆိုတာ ကိုယ် ရှုမြင်လိုက်တဲ့ ထောင့်က ပိုပြီးတော့ အရေးကြီးပြီး ကိုယ့်အတွက်


အဓိပ္ပါယ်ရှိပါတယ်။***

source; Point Of View By Patience Strong


ကိုဇော် တင်ပြသည်။
http://www.zaw357.net
5.4.2010 - 5.21 AM

You might also like