You are on page 1of 1

၂၀၀၈- ၂၀၁၀ ဆန့် ကျင်ရေးနှင့် လူထုလှုပ်ရှားမူ့ ဖော်ထုတ်ရေးဆွေးနွေးပဲမ

ွှ
ဆုံးဖြတ်ချက်များ၊

၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက်နေ့ တွင် ရန်ကုန်စက်မူ့ တက္ကသိုလ်ကျောင်းသားများမှ ဦးဆောင်၍


ထိုင်းမြန်မာနယ်စပ် တစ်နေရာတွင် ၂၂ နှစ်မြောက် ဖုန်းမော်နေ့ အမှတ်တရ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြ
ပါသည်။ အစည်းအဝေးတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ဖုန်းမော်နေ့  ဆုံးဖြတ်ချက်
များကို ချမှတ်ခဲ့ကြပါသည်။
ယနေ့ုဒုတိယအကြိမ်မြောက် အစည်းအဝေးသို့ သံဃာတော်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊၈၈မျိုးဆက်
ကျောင်းသားများ၊ အလုပ်သမားအဖွဲ့ အစည်းများ၊ စာနယ်ဇင်းသမားများ၊ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီလှုပ်ရှားသူ
များနှင့် တိုင်းရင်းသားများက တက်ရောက်ဆွေးနွေးခဲ့ပြီး အောက်ပါ ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ခဲ့ပါသည်။
(၁) ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဌာနချုပ်ရုံးတွင် ပြုလုပ်
ခဲ့သော ဗဟိုကော်မတီအစည်းအဝေးမှဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို အပြည့်အ၀ထောက်ခံပါသည်။
(၂) နအဖ စစ်အုပ်စုမှ ပြုလုပ်မည့် ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီများ အနေဖြင့် မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲ
တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းများကို မပြုလုပ်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ ၄င်းနိုင်ငံရေးပါတီများ
အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၊ (CRPP) တို့ နှင့်အတူ နိုင်ငံရေးအရ ညီညီညတ
ွ်ညတ
ွ်ဖြင့်
တသားတည်းရပ်တည်သွားရန် တိုက်တွန်းအပ်ပါသည်။
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ချမှတ်ထားသော ရွှေဂုံတိုင်ကြေညာချက်အား မူအရ ဆက်လက်ဆုတ်ကိုင်၍
အကောင်အထည်ဖော်သွားရမည်ဖြစ်သည်။
(၄) ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှသော်၎င်း၊ ပြည်သူလွှတ်တော်ကိုယ်စား
ပြုကော်မတီ(CRPP) မှသော်၎င်း၊ ရွှေဂုံတိုင်ကြေညာချက်ကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၀ ခုနှစ် မေလ
၈ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့ လွှတ်တော်ခေါ်ယူခြင်း (သို့ ) ပြည်သူ့ အစိုးရဖွဲ့ စည်းခြင်းကို ပြုလုပ်ရန်
အလေးအနက်တိုက်တွန်းအပ်ပါသည်။
(၅) နအဖ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲ
အပါအ၀င် တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် အရှိန်မြှင့်တိုက်ပွဲဝင်သွားကြရမည်ဖြစ်သည်။
(၆) ပြည်သူ တရပ်လုံးမှ နအဖ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ရပ်တန့် ၍ နအဖ စစ်အုပ်စု၏ မတရား
သည့်အမိန့် အာဏာဟူသမျှတာဝန်အရ ဖီဆန်ကြရန်တိုက်တွန်းအပ်ပါသည်။
(၇) အစည်းအဝေးသို့ တက်ရောက်လာသော ရဲဘော် ရဲမေများက၂၀၀၈ ဖွဲ့ စည်ပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲအား
ဆန် ကျင်တိုက်ဖျက်ရေးနှင့် လူထုလှုပ်ရှားမူ့ များဖော်ထုတ်ရေးအတွက် ကိုယ်စားလှယ် ၂၁ ဦးပါဝင်သော လူထု
တိုက်ပွဲကော်မတီ (၂၀၁၀) ကို တညီတညွတ်တည်း ဖွဲ့ စည်းခဲ့ကြပါသည်။

၂၀၀၈- ၂၀၁၀ လူထုလှုပ်ရှားမူ့ ဖော်ထုတ်ရေးဆွေးနွေးပွဲ


ထိုင်းမြန်မာနယ်စပ်၊
၃ရက် ၊ ဧပြီလ ။ ၂၀၁၀ ခုနှစ်

ဆက်သယ
ွ်ရန်၊
ကိုဂါမဏိ - ၀၈၉၅၆၅၈၈၁၀
ကိုမိုးသီးဇွန် - ၀၈၄၄၅၉၁၁၈၆
ကိုသံဒုတ် - ၀၈၆၁၁၉၈၀၉၁
ကိုလမ
ွ်းဆွေ - ၀၈၁၂၈၄၁၄၁၈
ကိုမင်းဇော် - ၀၈၆၂၇၀၇၀၅၅
ကိုယဉ်ထွေး - ၀၈၄၅၇၅၅၄၁၆

You might also like