You are on page 1of 1

သို့

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် မိတ်ဆွေများ

မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု (War Crime) နှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime against
Humanity) များကို “ပြည်သူ့ခုံရုံး”မှ ကြားနာစစ်ဆေးမည့် အစီအစဉ်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြီးခဲ့သော ၄-၎
-၂ဝ၁ဝ နေ့က ကျင်းပရာ ဆွေးနွေးပွဲ တက်ရောက်လာသူတို့က လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းရေးကို သဘောတူ
ဆုံးဖြတ်ခဲ့ကြ ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီလိုလားသော မြန်မာအသိုင်းအဝိုင်းမှ
တက်ကြွလှုပ်ရှားသူများအနေဖြင့် ကော်မတီ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ရေးအတွက်
အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက် - ၁၈-၄-၂ဝ၁ဝ (တနင်္ဂနွေနေ့)

အချိန် - ညနေ ၆ နာရီမှ ည ၉ နာရီထိ

နေရာ - Minami Otsuka Hall, Otuska, Tokyo, Japan

ဆက်သွယ်ရန် -

ဒေါ်ချိုချိုအေး - ဝ၈ဝ-၆၇၈၇-ဝ၉၅၉

မနီလာဦး - ဝ၃-၃၉၁၆-၇၂၇၃

မခင်ချိုသင်း - ဝ၈ဝ-၆၇၁၄-၂၇၁၂

You might also like