You are on page 1of 1

ရက်စွဲ။ ။ ဧပြီလ (၁၈) ရက်၊ ၂၀၁၀ ခုနှစ်

အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာချက်

(၂၀၁၀) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုများကြောင့်


အပြစ်မဲ့ ပြည်သူ အများအပြား သေကြေပျက်စီး၊ ထိခိုက်ဒဏ်ရာ ရရှိကြသည်ဟု သတင်းမီဒီယာများမှ တဆင့် ကြားသိရသဖြင့်
မိမိတို့ ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ) အနေဖြင့် အထူးပင် ၀မ်းနည်းကြေကွဲမိပါသည်။ အကြမ်းဖက် လုပ်ရပ်
များကြောင့် အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာ ရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲခံစားရပါသည်။

မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ခြယ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများနှင့်


နိုင်ငံတော်အကြမ်းဖက်မှုများ၏ သားကောင်ဘ၀သို့ ကျရောက်နေခဲ့ကြရသည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းနေခဲ့ပြီ ဖြစ်ပါ
သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် အမျိုးသားသင့်မြတ်ရေး၊ ညီညွတ်ရေးတို့ အပေါ်တွင်
အခြေခံသော စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကြီး မထွန်းကားသရွေ့ ကာလပတ်လုံး ပြည်သူတရပ်လုံးသည် စစ်အာဏာရှင် စနစ်
ဆိုး ၏ အသီး အပွ င့် များဖြစ်ေ သာ နို င် ငံေ ရး မတည်ြ ငိ မ် မှု ၊ စီး ပွားရေး ခြွ တ်ြ ခုံ ကျမှု ၊ လူေ နမှု အဆင့်  အ တန်း နိ မ့်  ပါးမှု နှ င့် 
နိုင်ငံတော်အကြမ်းဖက်မှုများ၏ ဒဏ်ကို အလူးအလဲ ခံနေကြရဦးမည်သာ ဖြစ်ပါသည်။

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ )သည် စတင်ဖွဲ့စည်းတည်ထောင်ပြီးချိန်မှစ၍ Manifesto ကြေညာစာတမ်းကြီး၏


ဥယျောဇဉ်တွင် “စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် နှစ်ပေါင်းများစွာ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများကို
တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရသော မြန်မာပြည်သူလူထုသည် မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကို
မဆို ကန့်ကွက်ဆန့်ကျင်သည်ဖြစ်ရာ၊ အထူးသဖြင့် အုပ်ချုပ်ရေးယန္တရားအဖြစ် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုအား အသုံးပြုခြင်းကို
ပြင်းထန်စွာ ကန့်ကွက်သည် ” ဆိုသော အချက်ကို ထည့်သွင်း၍ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် အမျိုးသားသင့်မြတ်ရေး၊ ညီ
ညွ တ်ေ ရးအပေါ်တွ င် အခြေခံေ သာ ခေတ် မှီ ဖွံ့  ဖြိုး တိုး တက် သ ည့်  ဒီမို က ရေစီ နို င် ငံ တော် သ စ် တည်ေ ဆာက် ရ န် ဟူ သ ည့် 
သမိုင်းပေး တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။

သို့  ဖြစ် ရာ ယခု ကဲ့  သို့  မြန် မာသင်္ကြ န် နှ စ် ကူး အခါသမယတွ င် ပြည် သူ အ များ၏ သွေး မြေကျစေသော အဖြစ် ဆိုး ကြီး
ဖြစ် ပွားစေခဲ့  သ ည့်  အကြမ်း ဖက် လု ပ် ရ ပ် များကို ပြင်း ထန် စွာ ကန့်  ကွ က် ရှု တ် ချပါကြောင်း နှ င့်  နို င် ငံေ ရး မတည်ြ ငိ မ် မှု များ
ဖြစ်ပွားစေသော စစ်အာဏာရှင်စနစ်ဆိုးကြီး မြန်မာ့မြေပေါ်မှ ပျောက်ကွယ်သွားစေရန် ပြည်သူလူထုနှင့် အတူ လက်တွဲ ကြိုးပမ်း
ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

You might also like