You are on page 1of 8

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

အရင်ကလို ထွီစရာခပ်များများ
သူကိုင်ထားတဲ့ မျော့ကြိုးပေါ်မှာ ယင်တွေနားလို့
ကလေးတွေက မုန်တိုင်းခြေလှမ်းနဲ့ပန်းခင်းဆီဦးတည်ကြ
သစှေ္ဆတွေက ပျော်ပွဲစားဖို့ ချောက်ကပါးထဲ ခုန်ဆင်းကြ

မုံရွေး၊ကြေးမုံ ကားလမ်းဘေးမှာရှိတဲ့ “ကိုဆေးရိုး” ရဲ့လက်ဘက်ရည်ဆိုင်လေးကကြည့်လိုက်မယ်ဆိုရင် အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့


နွေအောက်မှာ သစ်ရွက်ခြောက်ကြွေတွေ က ဝဲလွင့်နေတယ်။ ၁၉၉၀ ရွေးကောက်ပွဲကျင်းပဖို့ နှစ်လလောက်သာလိုတော့တယ်။
ထိုတုန်းက ကျနော်တို့တတွေ မုံရွာ ၊ ကန္ဒီ၊ နဂါးတွင်း၊ ဂျပိုင် ဘက်ဆီကရွာတွေ၊-- တခါတလေတော့လည်း တချိန်က အလံနီများကြီးစိုးခဲ့သည့်
နယ်တွေမှာရောက်နေသည်။ ဗကသ ကျောင်းသားတွေ၊ ပါတီအဖွဲ့အစည်းမှ ကျောင်းသားလူငယ်တွေ၊ လူထုဆီကတုန့်ပြန်သံတွေကို
နားထောင်ချင်ခဲ့တယ်။ ခရီးအတူထက
ွ်ကြတယ်။ ဒေသခံတွေပြောပြခဲ့တဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များ
အကြောင်းကိုနားထောင်ခဲ့ကြဘူးတယ်။ အဖြစ်အပျက်တခုကိုတော့ သေသေချာချာမှတ်မိနေသည်။ အညာဘက်က ရွာတရွာမှာ ဟောပြောဆွေးနွေးပွဲတွေ
လုပ်ကြတော့ ကျနော်တို့နှင့်အတူပါလာသော လူငယ်တယောက်က မြေယာဥပဒေတွေ၊ ဒီမိုကရေစီရရင် လယ်သမားတွေဘဝ ဘယ်လိုတိုးတက်မယ်
ဆိုတာတွေကို အာဘောင်အာရင်းသန်သန်စပြောတော့သည်။ တကယ်တော့ ထိုလူငယ်က ကျနော်တို့တတွေဘယ်လိုနေရာကို
ရောက်နေသည်ဆိုတာကိုသတိထားမိပုံမပေါ်။ အဲ့ဒီဒေသက နိုင်ငံရေး နောက်ခံပုံရိပ်တွေကိုလည်း မလေ့လာခဲ့။
ထန်းပင်အောက်က ဆေးပြင်းလိပ်သောက်နေသော လယ်သမားကြီးက
“ဒီမယ် ကိုရင်၊ ကိုရင်၊ တဆိတ်လောက်ကယ
ွ်။ ကိုရင်တို့ပြောနေတဲ့ လယ်ယာမြေသီအိုရီတွေဆိုတာ ဦးလေးတို့က စိုးကြီး ( သခင်စိုး)
လက်ထက်ကတည်းကကြားဘူးနေကျပါကွယ်။ ဒီရွာ လေးမှာ တရက်တည်းနဲ့ အလံနီ၊ အလံဖြူ နဲ့ အစိုးရတပ်တွေ အုပ်ချုပ်သွားခဲ့ဘူးပါတယ်။
အဲ့ဒါတွေခဏထားပါအုံး။ အခုရွေးကောက်ပြွဲ ပီးလည်း စစ်တပ်က အာဏာလွှဲမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကိုရင်လေးတို့ကျောင်းသားတွေက
ချကြမယ်ဆိုရင်လည်း ဦးလေးတို့အတွက်လက်နက်ဘယ်လိုရှာပေးမှာလဲ။ ကိုရင်လေးတို့က တကယ်ရောတိုက်မှာလား။
လူထုကိုယ်စားလှယ်ကိုရွေးတဲ့အခါ လူထုကိုတကယ်ဦးဆောင်နိုင်တဲ့လူတွေကိုသာရွေးကြပါဟ”လို့ ရင်ခေါင်းသံကြီးနှင့်ပြောတော့
လယ်ယာမြေဥပဒေတွေပြောနေသည့် လူငယ်ဘာဆက်ပြောရမှန်းမသိ။ကျနော်တို့တတွေ တယောက်မျက်နှာတယောက်ကြည့်ပြီး ရယ်မောဖြစ်ခဲ့ဘူးတယ်။

သူပြောသည့် အချက်က ၁၉၉၀ ရွေးကောက်ပမ


ွှဲာ နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတော့တယ်။
တချို့မြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်မှ ရွေးကောက်ပဲဝ
ွ င်မည့် ကိုယ်စားလှယ်အတွက် ဗဟိုကရွေးချယ်သည့်လူနှင့် သက်ဆိုင်ရာဒေသမှ
ရွေးချယ်တဲ့သူတွေကြားကပြဿနာတွေကိုကြားနေကြရတယ်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝိုင်းရံကြဆိုသည်း ဗျူဟာအောက်မှာ
အန်အယ်ဒီကိုယ်စားလှယ်တချို့ အချောင်အမတ်ဖြစ်ခြဲ့ ကတယ်။အနှစ်နှစ်ဆယ်ကြာတော့ ဒေသခံတွေရဲ့အသံတွေ၊ သုံးသပ်မှုတွေက
အမှန်တွေဖြစ်လာသည်။ တိုက်ပွဲတွေကြားမှာ၊ အကျဉ်းထောင်ထဲမှာ၊ အခွင့်အရေးတွေကြားမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေရဲ့
ရပ်တည်ချက်တွေပေါ်လာသည်။ ကိစ္စမရှိ။ အကျဉ်းထောင်ထမ
ှဲာကျဆုံးသွားသည့် ဆရာဦးခင်မောင်မြင့်ရဲ့ “တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့သွားမကာနဲ့၊
သေရတတ်တယ်။” စကားကိုသာ လက်ဆင့်ကမ်းချင်သည်။

(၂)
မကြာသေးခင်က ပြည်တွင်းမှာလှုပ်ရှားနေသည့် ကျောင်းသားတယောက်က “ ပြည်သူကစိတ်ဓါတ်ရေးရာတွေ၊ အတွေးအခေါ်တွေ စုတ်ပြတ်သွားပြီဗျ၊
ဘာမှလုပ်လို့မရတော့ဘူး။ပိုလန်သွေးစည်းညီညတ
ွ်ရေးလှုပ်ရှားမှုတုန်းက ပြည်သူတွေန့က
ွဲာတယ်” လို့ ပြောလာတော့
၁၉၉၀ ကာလမှာတွေ့ခဲ့ဘူးသည့် ထန်းပင်အောက်က လယ်သမားကြီး ရဲ့ အသံတွေကိုပြန်ကြားမိတယ်။
ထိုကျောင်းသားခေါင်းဆောင်ဆိုသူကိုပြန်ငြင်းခုန်ပြီး နယ်ဘက်က သာမန်ပြည်သူတွေအကြောင်းကိုပြောပြမိတယ်။
နိုင်ငံရေးလုပ်မည့်သူတွေက ပြည်သူလူထုရဲ့နိုင်ငံရေးရေချိန်ကို လက်တွေ့ကျကျမသုံးသပ်တတ်လျင် ပြဿနာရှိလာနိုင်ပါတယ်။
တကယ်တော့ ပြည်သူလူထုရဲ့အမြင်က ရှင်းပါတယ်။ သူတို့က အစိုးရရဲ့နှိပ်စက်မှုကို တကယ်ကြုံတွေ့ဖြတ်သန်းနေရတော့ ဒီစံနစ်ကြီးကို
ဘယ်လိုမှလက်မခံနိုင်ခဲ့ကြ။ “ကျနော်တို့ထက
ဲ ကျောင်းသားတချို့က အရောင်တော်လှန်ရေးတွေလို၊ သွားစိတ်ကူးယဉ်နေမိလို့တော့
လူထုက လူတန်းစားတရပ်လိုဖြစ်ပြီး တက်ကြွလှုပ်ရှားနေသူတွေက လူတန်းစားသစ်တခုလိုဖြစ်နေရင် ဘယ်လိုမှလုပ်လို့ရမှာမဟုတ်ဘူး။
ပြန်သုံးသပ်ကြည့်ပါ”လို့ အကြံပေးခဲ့ဘူးတယ်။ ၁၉၈၈ မှာ ကျောင်းသားတွေက လမ်းမပေါ်တက်တိုက်နေချိန်၊
မြေအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသက်ရင်းပြီးမြှုပ်နှံလုပ်ကိုင်နေကြသည့် လူတွေက လူထုနှင့်အတူခေတ်ကိုဖြတ်စီးဖို့လှုံ့ဆော်လိုက်ကြတယ်။
လူထုထဲမှာ လေးစားအောင်နေခဲ့ကြတော့သူတို့ဦးဆောင်မှုနောက်မှာ လူထုကပါလာခဲ့တယ်။ အရေးတော်ပုံကြီးဖြစ်ခဲ့တယ်။
လူထုက ကလေးမဟုတ်တော့။ စစ်အာဏာရှင်ရဲ့နှိပ်စက်မှုမျိုးစုံကိုပုံသဏ္ဍန်မျိုးစုံရင်ဆိုင်ခဲ့ရတယ်။နိုင်ငံရေးသမားမျိုးစုံကိုဆက်ဆံဘူးခဲ့တယ်။
သတင်းမီဒီယာခေတ်မှာ အထဲက သတင်းတွေကို အပြင်က အလွယ်တကူထုတ်ပြန်နိုင်သလို၊ အပြင်က သတင်းတွေကိုလည်း
အထဲလူထုက နားနှင့်မဆန့်ကြားနေရပါတယ်။

(၃)
ဆရာဦးဝင်းတင်၊ ဦးတင်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွ့ခ
ျဲုပ်ခေါင်းဆောင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးအတွေ့အကြုံ၊
အမြင်ကျယ်မှုတွေကို ကျနော်တို့ သံသယမဖြစ်ပါ။ ပြည်တွင်းခေါင်းဆောင်တွေက တထွာလောက်ပြရင် ပြင်ပမှာရှိတဲ့လူတွေက တလံလောက်
မြင်တတ်ရပါမယ်။ အချောင်သမားတွေကတော့“ အစွန်းမရောက်ဖို့လိုတယ်” “ခေါင်းမာတယ်” ဆိုသည့်စကားတွေကို ပညာတတ်လိုလို
အဟုတ်မှတ်ပြောတတ်ကြပေမဲ့ “လူထုပါဝါနဲ့ယုံကြည်မှုကမည်သူဆီမှာ ဗဟိုပြုမလဲ။” သမိုင်းကသက်သေခံလိမ့်မည်။ ပူစရာမလိုပါ။
အချောင်သမားအဆင့်ကနေ၊ တိုက်ပထ
ွဲ မ
ှဲလက်တွေ့မဖြတ်ခ့ဘ
ဲူးသောအဆင့်ကနေ လှမ်းတိုင်းတတ်သည့် ပေတံတွေ၊အသံတွေကို လူထုက စိတ်မဝင်စားခဲ့။
အမှန်က ပွဲက အခုမှလှလာတယ်။ စစ်အုပ်စုရဲ့ကောက်ကျစ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသတိကြီးစွာ တဆင့်ခြင်းတုန့်ပြန်တယ်။
နိုင်ငတ
ံ ကာမှာ စစ်အာဏာရှင်တွေလုပ်ခ့သ
ဲ ည့် ယုတ်မာမှုတွေကိုလည်း သူတို့သိထားပြီးဖြစ်တယ်။
ရဲရဲတောက်ကြွေးကြော်သံတခုတည်းနှင့် အနာဂတ်ကိုပုံဖေါ်လို့မရ။ သူတို့မှာ ဖြစ်နိုင်ချေရှိသည့် နေရာကစလုပ်ကြရတယ်။
တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာကတည်းက ကျောင်းသားလှုပ်ရှားမှုက အဆင့်တဆင့်တက်သွားခဲ့တယ်။
ခေါင်းဆောင်ဖြစ်ချင်သူတွေက သူတို့လိုအနစ်နာခံရမယ်။ သူတို့လို ခွပ်ဒေါင်းအလံတော်ကိုလွှင့်ထူပြီးခရီးဆက်ရဲရမယ်။
သူတို့လိုပဲ ခေတ်ကို မုန်တိုင်းနှင့်အတူဖြတ်မှ ခေါင်းဆောင်ဖြစ်မည်။

(၄)
ပြီးခဲ့တဲ့အပတ်တွေမှာတုန်းက လွတ်လပ်တ့အ
ဲာရှအသံမှာ အကြောင်းအရာ (၃) ခုကိုဆွေးနွေးခဲ့တယ်။

(က) အင်ဒိုနီးရှားအာဏာရှင် ဆူဟာတို ဟာ အတိုက်အခံပါတီကို နှစ်ခြမ်းကွဲအောင်လုပ်ပြီး ဘယ်လိုယုတ်မာခဲ့သလဲ။ ဘာတွေဖြစ်ခဲ့သလဲ။


ဗမာစစ်အုပ်စုက ဆူဟာတိုလို ယုတ်မာကောက်ကျစ်ချင်ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေက
နိုင်ငံတကာမှာ ဖိနှိပ်စော်ကားခံရတဲ့အတိုက်အခံတွေရဲ့အဖြစ်အပျက်တွေဆီက သင်ခန်းစာယူလေ့လာခဲ့ပြီး သတိကြီးကြီးတုန့်ပြန်ကြတယ်။
နိုင်ငံတကာရဲ့အခြေအနေကလည်း ဗမာစစ်အစိုးရကို ဆူဟာတိုလို အခွင့်အရေးမျိုးမပေးခဲ့ကြဘူး။
စစ်အုပ်စုမှာလည်း အန်အယ်ဒီ ကို ခြေမှုန်းဖို့အခက်အခဲတွေရှိလာခဲ့တယ်။
ပွဲက အခုမှလှတာပါ။ နိုင်ငံရေးကို အကဲခပ်မှားခဲ့သူတွေဘယ်သူတွေလဲ။ နိုင်ငံတကာအဖြစ်အပျက်တွေက သက်သေခံခဲ့ပါတယ်။
(ခ) ထိုင်းနိုင်ငံက ၁၉၉၂ မေလအရေးတော်ပုံကို တင်ပြထားပါတယ်။ ထိုင်းဗိုလ်ချုပ်တွေလောက်တောင် ပြည်သူ့အသံကိုနားထောင်နိုင်စွမ်းမရှိတဲ့
ဗမာစစ်အုပ်စုတခါလောက်တော့ စိတ်လည်ပြီး အသိရစေချင်ပါတယ်။
(ဂ) ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်တွင်းစစ်ကို ရပ်တန့်သွားအောင်ကြိုးစားတဲ့ဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်ရေးလှုပ်ရှားမှုအကြောင်းကို နောက်ဆုံးမှာ
ဆွေးနွေးထားပါတယ်။ ဒီနေရာမှာ မိတ်ဆွေတို့ကိုတခုလောက်တော့ သတိပေးချင်ပါတယ်။

“အတိတ်တုန်းက အရာတွေကို အတိတ်မှာပဲထားခဲ့ချင်ပါတယ်” ဆိုတဲ့ စကားလုံးတွေနဲ့ သဘောထားကြီးကြီးထားပြီး ငြိမ်းချမ်းရေးသွားလုပ်လို့မရတဲ့


မျောက်တကောင်ရှိတယ် ဆိုတဲ့အချက်ပါ။ သိတ်ပြီးလူကြီးလူကောင်းဆန်ဖို့မကြိုးစားစေချင်ဘူး။ သူက “ပိုးပေါ့” ရဲ့ လူသတ်မှုတွေနဲ့ သူမုန်းတဲ့
လူတွေကို ညီမျှချင်းချဖို့ကြိုးစားမယ်။ သဘောထားသေးသိမ်မှုတွေကိုအခြေခံပြီး အောက်လမ်းနည်းနဲ့ တိုက်ခိုက်မယ်။ ( အပျော်အပါးလိုက်စားလွန်ပြီးမှ ၊
တလျောက်လုံးတာဝန်မဲ့ခဲ့ပြီးမှ ခေါင်းဆောင်တက်ဖြစ်ချင်သူ၊ ဘယ်သူကမှနေရာမပေးတော့ ကျန်တဲ့သူတွေကို အငြိုးထား၊ တကယ်တော့
အဖေရဲ့သွေးအပြည့်ပါတဲ့သူဆိုတော့ ကလိမ်ကကျစ်တွေကိုအမြဲစဉ်းစားနေတတ်တယ်။)
ဒီလိုလူမျိုး ကို အီတလီက နိုင်ငံရေးအတွေးအခေါ်ပညာရှင် မက်ဂင်ဗဲလီး တင်ပြခဲ့တဲ့ “မင်းသားလေး” မှာ ညွှန်ကြားခဲ့သလိုမျိုး လုပ်ဖို့လိုပါတယ်။
သူကလည်း သူနဲ့အလိုမတူသူတွေကို ဂျောက်ချဖို့ ၊ တိုက်ခိုက်ဖို့ အခွင့်အရေးကိုစောင့်နေသလို၊ ဗမာပြည်နိုင်ငံရေးမှာ ရှုပ်လို့ရသည်အထိ
ရှုပ်နေအုံးမှာအမှန်ပါ။ အသက် (၆၀) ပြည့်ခါနီးထိ အကျင့်စရိုက်က မပြင်ချင်သေးတော့ ကျနော်တို့ဘက်ကလည်း စံနစ်ကျတဲ့ သင်ခန်းစာတွေပေးဖို့
လိုတာပေါ့။ သူ့အဖေ ရဲ့ ရာဇဝင်ကြွေးကိုခါးစီးပြီး ယူချင်တော့လည်း အပျင်းပြေလုပ်ကြည့်ပေးချင်ပါတယ်။ ကစားပွဲကို ကျနောိတို့ ပွင့်ပွင့်လင်းလင်း
ကြေငြာထားပါတယ်။

နားမထောင်ရသေးသူတွေအတွက် ဆောင်းပါး (၃) ခုကို ပို့ပေးလိုက်ပါတယ်။ ကိုယ်လိုချင်တဲ့ အချက်တခုလောက်ကိုသာ အာရုံစိုက်ဆွေးနွေးခဲ့တာကြောင့်


သမိုင်းတခုလုံးကိုခြုံပြီး ပြောဖို့ အချိန်မရခဲ့ပါဘူး။ Comparative Politics ကိုဆွေးနွေးတဲ့အခါကျမှ တနိုင်ငံခြင်းဆီရဲ့အသွင်ကူးပြောင်းမှုကာလ
အဖြစ်အပျက်တွေ၊ အချက်အလက်တွေကိုဆွေးနွေးသွားပါမယ်။ မကြာခင်မှာ “အင်တာလက်ဂျန့်စ်စကွဲယား” ( Intelligence Square ) လို့
ခေါ်တဲ့ နေရာတခုက ငြင်းခုန်ဆွေးနွေးနေကြတဲ့ နိုင်ငံတကာရေးရာတွေကို တင်ဆက်ပေးပါမယ်။ စိတ်ဝင်စားစရာကောင်းလို့ပါ။

နိုင်ငံရေးအစီအစဉ်သစ်တခုကိုပြန်လည်အန်တုတ့အ
ဲ ခါ……….

၁၉၆၆ ကာလက၊ အင်ဒိုနီးရှားနိုင်ငံကို အာဏာသိမ်းယူခ့တ


ဲ့ဲ “ဆူဟာတို” ရဲ့နိုင်ငံရေးအစီအစဉ်သစ်တခုအကြောင်းကိုကြားဘူးမိပါလိမ့်မယ်။
စစ်တပ်ကချုပ်ကိုင်လွှမ်းမိုးထားတဲ့သူ့ရဲ့အစိုးရဟာအနောက်အုပ်စုရဲ့အကူအညီတွေကိုရခဲ့တာကြောင့် ပညာရေး၊လူမှုရေး၊ ကျန်းမာရေးအဆင့်အတန်းတွေ
တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ ကျူးကျော်သိမ်းပိုက်ခံရတဲ့ အရှေ့တီမောလူမျိုးတသိန်းကျော်သေဆုံးခဲ့ရသလို၊
ပြည်သူ့အခွင့်အရေးတွေလည်းဆုံးရှုံးခဲ့ရပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေထောင်သောင်းချီအဖမ်းခံခဲ့ရပြီး၊ သူ့ရဲ့ ဂိုဂါပါတီ နဲ့ စစ်တပ်ကြားမှာ
ပါဝါကိုထိရောက်စွာကန့်သတ်အုပ်ချုပ်စေခဲ့ပါတယ်။ဒါပေမဲ့ ၁၉၇၀ ကာလမှာ သူ့ရဲ့နိုင်ငံရေးအစီအစဉ်သစ်ဟာ ဖိနှိပ်မှုတွေ၊ခြစားမှုတွေကြောင့်
နာမည်ပျက်လာခဲ့ပြီး ကျောင်းသားဆန္ဒပြပွဲတွေကို ကြုံတွေ့လိုက်ရပါတယ်။ ဆူဟာတို ဟာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်တွေကိုပိတ်ပင်လိုက်ပြီး
တက်ကြွလှုပ်ရှားသူအများအပြားကိုဖမ်းဆီးခဲ့တယ်။ ကျောင်းသားတွေ၊ အတိုက်အခံတွေဟာ မြေအောက်ကိုပုန်းလျှိုးခဲ့ရပါတယ်။
ဒီမိုကရေစီကိုဟန်ပြလုပ်နေတဲ့ ဆူဟာတို ဟာ ရွေးကောက်ပွဲ ဥပဒေတွေကိုအကြိမ်ကြိမ်ပြင်ခဲ့ပါတယ်။ ငါးနှစ်တခါကျင်းပတဲ့ရွေးကောက်ပွဲကို
အမြဲတမ်းဝင်ရောက်ယှဉ်ပြိုင်ခြဲ့ ပီး၊ သူ့ရဲ့ဂိုဂါ ပါတီ၊ အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီ နဲ့ညီညွတ်သောဖွံ့ဖြိုးတိုးတက်ရေးပါတီနှစ်ခုကိုသာ
ရွေးကောက်ပွဲဝင်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့ စစ်တပ်န့ေ
ဲ ဝမျှပေါင်းစည်းမဲ့ရွေးကောက်ပွဲ ရလဒ်တခုကိုသာဖန်တီးခဲ့တာကြောင့် ဆူဟာတို သာ
အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲတွေသာဖြစ်ခ့ရ
ဲ ပါတယ်။
“၁၉၈၀ ကာလမှာတော့ စစ်တပ်အရာရှိဟောင်းတွေ၊ နိုင်ငံရေးသမားတွေ၊ပညာတတ်တွေနဲ့ ကျောင်းသားတွေက ဆူဟာတို ဟာ
သူတယောက်တည်းကိုသာ ဗဟိုပြုလည်ပတ်နေတဲ့ နိုင်ငံရေးယန္ဓရားတခုသာဖွဲ့စည်းခဲ့တယ်။ကျန်တဲ့သူတွေမှာ နိုင်ငံရေး၊လူမှုရေးလွတ်လပ်ခွင့်တခုမှ
မရှိခဲ့ဘူး။ ဒါကြောင့်နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ပိုမိုဖန်တီးပေးရမယ်ဆိုတဲ့ စာတစောင်ကို တင်ပြရင်း၊ ဆူဟာတိုရဲ့တပါတီနိုင်ငံရေးစံနစ်ကို
စတင်ဖြိုခွဲဖို့ကြိုးစားလိုက်ကြတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း နိုင်ငံတော်ပိုင်မီဒီယာတွေက ဆင်ဆာဖြတ်ပိတ်ပင်လိုက်ပြီး၊ အသနားခံစာတင်တဲ့
လူတွေအားလုံးကိုလည်း ချုပ်ကိုင်တားဆီးထားခဲ့ပါတယ်။”

တခြမ်းကွဲထွက်သွားတဲ့ မဂ္ဂါဝါဒီ ရဲ့ အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီ ၊ PDI မှာ ( Struggle) ဆိုတဲ့စကားလုံးကိုထပ်ဖြည့်ခဲ့တယ်။


ဒါပေမဲ့ ၁၉၉၀ ကာလ၊ စစ်အေးတိုက်ပွဲအပြီးမှာတော့ ကွန
ွ်မြူနစ်အန္တရာယ်ကို ထည့်တွက်စရာမလိုတော့တဲ့ အနောက်အုပ်စုဟာ
ဆူဟာတိုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိုးရိမ်စရာကောင်းတဲ့အရာတွေအဖြစ် ထင်ထင်ရှားရှားမြင်တွေ့လာခဲ့ပါတော့တယ်။
သူ့ရဲ့အရှေ့တီမောပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ “ဆန်တာခရုစ်လူသတ်ပွဲ” ဟာ အနောက်ကမ္ဘာကိုထိတ်လန့်စိတ်ပျက်စေခဲ့ပြီး၊
အရှေ့တီမောနိုင်ငံအပေါ်ကျူးကျော်သိမ်းပိုက်မှုတွေကို မေးခွန်းထုတ်စစ်ကြောလာခဲ့ကြပါတယ်။ အမေရိကန်အစိုးရရဲ့ အင်ဒိုနီးရှားစစ်တပ်ကို
အကူအညီပေးနေမှုတွေကိုကန့်သတ်ဖို့ အမေရိကန်ကန
ွ်ဂယက်က သဘောတူခဲ့ပါတယ်။ သမ္မတ ကလင်တန်လက်ထက်မှာတော့
အင်ဒိုနီးရှားနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နက်နက်နဲနဲစိုးရိမ်စရာကောင်းလာကြောင်းတရားဝင်ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင်းမှာ နိုင်ငံရေးရာသီဥတုကလည်းပြောင်းလဲနေခဲ့ပါတယ်။
“အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီဆိုတာ အစဉ်အလာအရ၊ ဆူဟာတို ကို ကျားကန်ထောက်ခံပေးထားတဲ့ပါတီလေ။
ဒါပေမဲ့ ၁၉၉၆ ခုနှစ်မှာတော့ ဒီမိုကရက်တစ်ပါတီကို ယ္ခင်သမ္မတဟောင်း ဆူကာနိုရဲ့ သမီး မဂ္ဂါဝါဒီ က ဦးဆောင်မှုယူလိုက်တယ်။
ဆူဟာတိုရဲ့လောင်းရိပ်အောက်ကနေခွထ
ဲ က
ွ်ဖို့ကြိုးစားလိုက်တယ်။ ဒါကြောင့် ဆူဟာတို က ဒီမိုကရက်တစ်ပါတီကို နှစ်ခြမ်းကွဲအောင်
ဖန်တီးပစ်လိုက်ပြီး သူ့ကိုသစ္စာစောင့်သိတဲ့ ပါတီတခြမ်းပဲ့ကို ကွန်ဂယက်ခေါ်ခိုင်းစေခဲ့ပြီး မဂ္ဂါဝါဒီ ရဲ့ ပါတီကိုဖျက်သိမ်းပစ်ဖို့ ကြိုးစားစေခဲ့တယ်။
မဂ္ဂါဝါဒီ က အဲ့သလို မရိုးသားမှုကို ဆန္ဒပြကန့်ကက
ွ်မှုတွေန့တ
ဲုန့်ပြန်မယ်လို့ သတိပေးခဲ့တယ်။ ဆူဟာတို ကို သစ္စာခံတဲ့ တခြမ်းပဲ့ ဒီမိုကရက်တစ်ပါတီက
မဂ္ဂါဝါဒီအုပ်စုရဲ့ဆန္ဒပြသမားတွေလို ဟန်ဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးလိုက်တယ်။
မဂ္ဂါဝါဒီ ပါတီရဲ့ ဋ္ဌာနချုပ်ဆီကို စစ်သားတွေရောက်လာအောင် လှုံ့ဆော်စေခဲ့ပါတယ်။ ဆူဟာတို ဟာ သူ့ရဲ့စစ်တပ်နဲ့ ခွဲထွက်လာတဲ့
တခြမ်းပဲပါတီ က မဂ္ဂါဝါဒီ ရဲ့ ပါတီဋ္ဌာနချုပ်ဆီကို ဝင်ရောက်သမ
ိးပိုက်ဖျက်ဆီးမှုကို ဘာမှတားဆီးခြင်းမပြုပဲလွှတ်ပေးထားခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီနှစ်ကဂျကာတာမြို့မှာ အာဆီယံထိပ်သီးဆွေးနွေးပွက
ျဲင်းပမဲ့နှစ်လေ။ ပါတီဋ္ဌာနချုပ်ကို တလနီးပါးသိမ်းပိုက်ထားနိုင်ခဲ့ပြီး
အာဆီယံမြင်ကွင်းရှေ့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးတာကြောင့် ပြန်လည်ဆုတခ
်ွာသွားကြတယ်။
မဂ္ဂါဝါဒီ ကလည်း ဒီအချက်ကို အသုံးချနိုင်ခ့တ
ဲ ယ်။ အာဆီယံဆွေးနွေးပွဲကျင်းပမဲ့နေ၇ာအနီးမှာ ဒီမိုကရက်တစ်ဖိုရမ် ကို ကျင်းပလိုက်တယ်။
ဆူဟာတို အပါအဝင်၊ စစ်ခေါင်းဆောင်တွေနဲ့ တခြမ်းပဲ့ပါတီအဖွဲ့ကလည်း ဒီမိုကရက်တစ်ဖို့ရမ်ကို ရွံ့ရှာမုန်းတီးကြောင်းအသံလွှင့်ဋ္ဌာနတွေကနေ
တရားဝင်လွှင့်ခဲ့တယ်။ မကြာပါဘူး။ ဂျူလိုင် (၂၇) ရက်နေ့မှာတော့ စစ်သားတွေနဲ့ ရဲတွေဟာ မက်ဂါဝါဒီ ရဲ့ပါတီဋ္ဌာနချုပ်ကိုဝင်ရောက်စီးနင်းလိုက်ကြပြီး
ထောက်ခံသူအများအပြားကိုသတ်ဖြတ်ခြဲ့ ပီး၊လူနှစ်ရာကျော်ကိုဖမ်းဆီးသွားခဲ့တယ်။”

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အပါအဝင်၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အာဏာရှင်ဆူဟာတို ရဲ့ဖိနှိပ်ရက်စက်မှုတွေကို မြင်တွေ့လိုက်ရတဲ့


အတွက် သူ့ရဲ့နိုင်ငံရေးလမ်းကြောင်းကို ယုံကြည်မှုမဲ့ လာခဲ့ကြပါတယ်။ ဝေဖန်တိုက်ခိုက်လာခဲ့ကြပါတယ်။ ဆူဟာတို အတွက်ကံကြမ္မာငင်မဲ့အဖြစ်အပျက်
ကလည်းရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၇ ဖြစ်ပွားခဲ့တဲ့ အာရှစီးပွားရေးအကြပ်အတည်းဟာအင်ဒိုနီးရှားနိုင်ငံကိုအရှိန်ပြင်းစွာရိုက်ခပ်လိုက်ပါတယ်။
အင်ဒိုနီးရှားငွေဖြစ်တဲ့ ရူပီ ဟာ မူလတန်ဘိုးထက် ၂၀ ရာခိုင်နှုန်းထိုးကျသွားခဲ့သလို၊ ( IMF) နဲ့ ဆူဟာတို ကြားမှာဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေကလည်း
ပြင်းထန်လာခဲ့ပါတယ်။ အင်ဒိုနီးရှားဘဏ်တွေပိတ်ပစ်လိုက်ရပါတယ်။ နိုင်ငံတကာစီးပွားရေးသမားတွေက ဘီလျှံ (၁၅၀) ကျော်ဖိုးရင်းနှီးမြှုပ်နှံမှုတွေကို
ပြည်လည်ထုတ်ယူသွားခဲ့တာကြောင့် အင်ဒိုနီးရှားစီးပွားရေးဟာ အထိနာခဲ့ရပါတယ်။

“စီးပွားရေးဆုတ်ယုတ်မှုတွေန့အ
ဲ တူ လူမှုရေးပေါက်ကွဲမှုတွေ ကလည်းတွဲပါလာပြီလေ။ အင်ဒိုနီးရှားနိုင်ငံတဝှမ်းလုံးမှာ တရုတ်လူမျိုးတွေနဲ့
မွတ်စလင်တွေကြားက လူမျိုးရေးပဋိပက္ခတွေ၊ ဗုံးကွမ
ှဲုတွေ၊ လုယက်မှုတွေ၊ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးစစ်သားတွေကြားက ရိုက်ပွဲတွေ၊ ---
အစိုးရရဲ့တာဝန်မဲ့မှုကြောင့် အင်ဒိုနီးရှားပြည်သူတွေ ထောင်ချီပြီး မတရားပြုကျင့်ခံရ၊ အသတ်ခံခဲ့ရတယ်လေ”
လောင်စာဆီဈေးတွေ အဆမတန်မြင့်တက်သွားတဲ့အခါမှာတော့၊ တက္ကသိုလ်ကျောင်းသားတွေဟာ၊တက္ကသိုလ်ဝင်းတွေကို သိမ်းပိုက်လိုက်ကြပြီး၊
ဆူဟာတို ကို နှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြလိုက်ကြပါတယ်။ နောက်- ပါလီမန်ဆီကိုချီတက်ဖို့ကြိုးစားခဲ့ကြပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေက
ပစ်ခပ်ဖြိုခွဲခဲ့တာကြောင့်၊ ကျောင်းသား (၁၄) ယောက်ကျော်သေဆုံးခဲ့ပါတယ်။ ဆူဟာတိုရဲ့စစ်တပ်အတွင်းမှာလည်းနှစ်ခြမ်းကွဲထွက်ခဲ့ပြီး၊
ဗိုလ်ချုပ် ဝီရမ်တို ဟာ ကျောင်းသားတွေက ပါလီမန်ဆီဝင်ရောက်သိမ်းပိုက်ဖို့ကြိုးစားလိုက်ခြင်းကိုခွင့်ပြုလိုက်ပါတယ်။
၁၉၉၈ မေလ(၂၁) ရက်နေ့မှာတော့ ဆူဟာတို ဟာ ရာထူး ကနေနှုတ်ထွက်လိုက်ရပါတော့တယ်။

သောတရှင်တို့လည်း ကံကြမ္မာရဲ့အပြောင်းအလဲတွေမှာ ဂုဏ်သိက္ခာရှိတဲ့ဖက်က ရပ်တည်နိုင်တဲ့ သူတွေဖြစ်ကြပါစေ။

---------------------------------------------------------------------------------------------------------------------------------------------------------------
မေလအော်သံများ

လူထုဆန္ဒခံယူပွဲအတုတွေ၊ ရွေးကောက်ပွဲအတုတွေဖန်တီးပြီး တိုင်းပြည်ရဲ့အခြေခံဥပဒေတွေကို ထင်သလိုရေးဆွဲခဲ့တဲ့ အာဏာသိမ်းအစိုးရတွေ ကို


နိုင်ငံအနှံ့အပြားမှာတွေ့နုင
ိပါတယ်။ ဒါပေမဲ့ သူတို့တတွေရဲ့သမိုင်းဘယ်လိုနိဂုံးချုပ်ခဲ့ပါသလဲ။ အနိုင်ရခဲ့တဲ့ ၁၉၉၀ မေလရွေးကောက်ပွဲအကြောင်းကို
ဗမာပြည်သူတွေမှတ်မိနေကြသလို၊ ထိုင်းပြည်သူတွေအတွက်တော့ ၁၉၉၂ မေလ လှုပ်ရှားမှုကို နာနာကျင်ကျင်သိမ်းထားနေကြပါတယ် တဲ့။
ဘန်ကောက်မြို့ရဲ့သမဆက်တက္ကသိုလ် ဘေးက သွေးညှီနံ့တွေလွှမ်းနေတဲ့မြေပြင်မှာမေလအော်သံတွေ ပြန်လည်ရိုက်ခပ်နေပါတယ်။
၁၉၉၁ ဖေဖေါ်ဝါရီလမှာ ထိုင်းပြည်သူလူထုက တရားဝင်တင်မြှောက်ထားတဲ့ “ချတ်တီချိုင်းဆွန်ဟဗန်” အစိုးရအဖွဲ့ကို ဗိုလ်ချုပ်ကြီး ဆူချင်ဒါ
ဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းယူလိုက်ပါတယ်။နိုင်ငံတော်ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီကို ဖွဲ့စည်းလိုက်ပြီး ကြားဖြတ်အစိုးရ
ဖွဲ့စည်းလိုက်ပါတယ်။ စစ်ဗိုလ်ချုပ်တွေဦးဆောင်ထားတဲ့ အဲ့ဒီကြားဖြတ်အစိုးရအဖွဲ့ဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုပြင်ဆင်ဖို့ကြိုးစား
လိုက်ကြပြီး ၁၉၉၂ မတ်လမှာ ရွေးကောက်ပက
ျွဲင်းပပေးဖို့ ကြေငြာခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲထုံးစံအတိုင်း၊ စစ်တပ်နဲ့မဟာမိတ်ဖ့ထ
ွဲားတဲ့
အဖွဲ့တွေသာ အနိုင်ရခဲ့ပါတယ်။ အောက်လွှတ်တော်ရဲ့ ၅၅ ရာခိုင်နှုန်းမှာနေရာယူလွှမ်းမိုးလိုက်ကြပြီး ဗိုလ်ချုပ်ဆူချင်ဒါ ကို နိုင်ငံတော်ရဲ့ဝန်ကြီးချုပ်
အဖြစ်ရွေးချယ်ဖို့ကြေငြာလိုက်ပါတယ်။ ဒီအချက်ဟာ ရွေးကောက်ပွဲရလဒ် ကို မကျေမနပ်ဖြစ်နေတဲ့ ပြည်သူလူထုအတွက် ဒေါသအမျက်
ထွက်စေခဲ့ပါတော့တယ်။ ဘန်ကောက်မြို့ရဲ့လမ်းမတွေပေါ်မှာတော့ လူထုလှိုင်းတွေ တရိပ်ရိပ်တက်လာခဲ့ပါပြီ။

ဗိုလ်ချုပ် ဆူချင်ဒါ ချမ်လောင် ဆရီမန်

“ပါလီမန်ထမ
ှဲာအတွေ့အကြုံတခါမှ မရှိခ့တ
ဲ့ဲ သူတယောက်ကို ဝန်ကြီးချုပ်ရာထူးပေးတယ်ဆိုတာကျနော်တို့တလျောက်လုံး
ကိုင်စွဲထားခဲ့တဲ့ ဒီမိုကရေစီစံနစ်ကိုစော်ကားလိုက်တာဖြစ်တ့အ
ဲ ပြင်အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေကို
သူတို့ကိုယ်တိုင်ချိုးဖောက်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဂတိမတည်ကြည်မှုတွေကို ကန့်ကွက်ဖို့လိုတယ် လို့ဆုံးဖြတ်ခဲ့ကြတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ကျနော်တြို့ ပည်သူတွေရဲ့အသံတွေကို ချွေးသိပ်ခဲ့တယ်လေ။ မေလ (၉) ရက်နေ့မှာ ဗိုလ်ချုပ် ဆူချင်ဒါ က
ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တခါမှရွေးချယ်ခံရဘူးခြင်းမရှိတဲ့ လူတယောက်ဟာ ဝန်ကြီးချုပ်ရာထူးနေရာအတွက်
ရွေးချယ်ပိုင်ခွင့်မရှိဘူး ဆိုတဲ့ အခြေခံဥပဒေကို သူ့အနေနဲ့ ထောက်ခံပါတယ် လို့ ဆိုခဲ့တယ်။ ပြည်သူနဲ့ အာဏာသိမ်းအစိုးရကြားက တင်းမာမှုဟာ
နည်းနည်းလေးလျော့သွားတယ်။ ဒါပေမဲ့ ဒါကလည်း ခဏလောက်ပါပဲ။ ဗိုလ်ချုပ်တွေရဲ့ အဓိက မဟာမိတ်ပါတီနှစ်ခုက
သူတို့အနေနဲ့ အခြေခံဥပဒေသစ်ကိုထောက်ခံသလို၊ အသွင်ကူးပြောင်းရေးကာလမှာ ဗိုလ်ချုပ်ကြီး ဆူချန်ဒါ ကို ဝန်ကြီးချုပ်အဖြစ်
တင်မြှောက်ဖို့ကိုလည်းသဘောတူတယ် လို့ ကြေငြာခဲ့တယ်။တကယ်တော့ စစ်ဗိုလ်ချုပ်တွေဟာ လျှာနှစ်ခွ နဲ့ မြွေ လို မျိုးဗျ။ ပြည်သူကို ဂတိပေးတယ်။
ပြီးတော့ ပြောင်ပြောင်တင်းတင်းလိမ်လည်တယ်။ လူထုဟာ ဒေါသထွက်ခဲ့ကြတယ်။ ဒီလိုစော်ကားမှုမျိုးကိုကန့်ကွက်ကြရမယ်လို့ဆုံးဖြတ်လိုက်ကြပြီး
မေလ (၁၇) ရက်နေ့မှာ ဘန်ကောက်တမြို့လုံး ဆန္ဒပြကြဖို့ဆော်သြလိုက်တယ်။ ”

ပြည်သူတွေရဲ့ဒေါသလှိုင်းတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဆူချင်ဒါ က ဂရုမစိုက်ခဲ့ပါဘူး။


ဘန်ကောက်ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းမှုမလုပ်နိုင်အောင်၊ ပြည်ထဲရေးဝန်ကြီးဟာ ဒေသဆိုင်ရာအာဏာပိုင်တွေကိုခရီးသွားလာခွင့်တွေ
တားဆီးဖို့အမိန့်ထုတ်ခိုင်းလိုက်ပါတယ်။ ဘန်ကောက်မြို့က ဆန္ဒပြပွဲတွေကိုငြိမ်သက်သွားအောင်မလုပ်နိုင်ဘူးဆိုရင်
ဘန်ကောက်မြို့တော်ဝန်ကိုရာထူးက ဖြုတ်ချမယ်လို့ ဗိုလ်ချုပ်ဆူချန်ဒါ က ခြိမ်းခြောက်လိုက်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့အကြပ်ကိုင်မှုတွေ၊
တားဆီးမှုတွေက နောက်ကျသွားခဲ့ပါပြီ။ သမဆက်တက္ကသိုလ်ဘေးက ( Sanam Luang) ကွင်းထဲမှာတော့ ပြည်သူလူထုနှစ်သိန်းကျော်က
နေရာယူထားလိုက်ပြီး ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီစံနစ်ဆိုင်ရာပြဿနာများနဲ့ အစိုးရကို ဝေဖန်စစ်ကြောခဲ့ကြပါတယ်။
နာမည်ကျော်တေးသံရှင်များ၊ ရုပ်ရှင်မင်းသမီးမင်းသားများကလည်း ဆန္ဒပြပွဲကို လာရောက်ပူးပေါင်း ပါဝင်လိုက်ကြပါတယ်။

“ကျနော်တို့ရဲ့ဆန္ဒပြပွဲတွေကို အိုင်ဒီယာ (၇)ခု၊ မူဝါဒ နဲ့ အခြေခံပြီး လူထုဆီကို ပို့စကဒ် (၇) မျိုးပေးပို့စည်းရုံးခဲ့တယ်။ ကျနော်တို့ရဲ့ရန်သူဟာ
ပုဂ္ဂိုလ်တဦးတယောက်၊ အုပ်စုတစု မဟုတ်ဘူး။ အမြင်ကျဉ်းမြောင်းတဲ့ စိတ်သဘောထားရှိသူသာဖြစ်တယ် ဆိုတဲ့အချက်အဓိက ပါဝင်သလို၊
ကျနော်တို့ဟာ တရားမျှတမှုနဲ့ ပြန်လည်သင့်မြတ်ရေးကိုသာ လိုချင်တာဖြစ်တယ်၊ တစုံတယောက်အပေါ်မှာ အောင်ပွဲကိုလိုချင်တာမဟုတ်ဘူး ဆိုတဲ့
မူကိုလည်းဇောင်းပေးပြောခဲ့ကြတယ်။”
ဘန်ကောက်မြို့ရဲ့အိမ်တွေမှာတော့ လူထုပါဝါ၊ အာဏာရှင်စံနစ်အလိုမရှိ၊ လွတ်မြောက်မှုပေးပါ၊ --စတဲ့ ပို့စကဒ်တွေရောက်ရှိနေပါပြီ။
ဆူချန်ဒါ အစိုးရဟာ ဆန္ဒပြပွမ
ှဲာပါဝင်နေတဲ့ အဆိုတော်တွေရဲ့အနုပညာလုပ်ငန်းတွေကိုပိတ်ပင် တားဆီးခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကအရှိန်မြင့်လာခဲ့ပါပြီ။ နာမည်ကြီး စစ်ခေါင်းဆောင်ဟောင်းတဦးလည်းဖြစ်တဲ့ “ချမ်လောင်ဆရီမန်”က
ဦးဆောင်ပြီးလူထုဟာကီလိုမီတာကျော်ဝေးတဲ့ အစိုးရအိမ်တွေဆီကိုချီတက်လိုက်ကြပါတယ်။ ဆူချန်ဒါအစိုးရနှုတ်ထွက်ရေးအတွက်
တောင်းဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်တွေက လမ်းလျှောက်လာတဲ့လူအုပ်ကို“ဖန်ဖ” တံတားကြီးဆီမှာပိတ်ဆို့တားဆီးလိုက်ပါတယ်။
လူထုကလည်း တံတားကို ဇွတ်အတင်းဖြတ်ဖို့ကြိုးစားလိုက်တ့အ
ဲ ခါ လုံခြုံရေးတပ်သားတွေက မီးသတ်ပိုက်တွေနဲ့ထိုးပြီးဖြိုခွဲလိုက်တဲ့အခါ
တဘက်နဲ့တဘက်အကြမ်းဖက်မှုတွေစတင်ခ့ပ
ဲါတော့တယ်။ ဖန်ဖ တံတားကြီးကိုဖြတ်ကြိုးစားနေတဲ့လူထုရဲ့နောက်မဆုတ်မှုကုသ
ိနားလည်ခဲ့တဲ့
ဆူချန်ဒါ ဟာ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေငြာလိုက်ပြီး၊ ပစ်ခပ်ဖြိုခွဲလိုက်ပါတော့တယ်။ ဆန္ဒပြခေါင်းဆောင် ချမ်လောင် အပါအဝင်၊
(၃၅၀၀) ကျော်ကိုဖမ်းဆီးလိုက်ပါတယ်။ ရာပေါင်းများစွာဒဏ်ရရခဲ့၊ ပျောက်ဆုံးခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုထိုင်းလူထုဟာ
မီးလောင်ဗုံးတွေနဲ့ပြန်လည်တိုက်ခိုက်လိုက်ကြပါတယ်။ တနိုင်ငံလုံးအကြမ်းဖက်မှုတွေကိုမြင်တွေ့နေရတဲ့ထိုင်းဘုရင်ဟာ အလွန်ကိုစိတ်မချမ်းမြေ့ဖြစ်ခဲ့ရတဲ့
အတွက် ဗိုလ်ချုပ် ဆူချန်ဒါနဲ့ ချမ်လောင်ဆရီမန် တို့ကို နန်းတော်ဆီဆင့်ခေါ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေကိုရပ်ဖို့တိုက်တွန်းခဲ့ပါတယ်။
“ချမ်လောင်” ကိုလည်းဖမ်းဆီးမှုကနေလွှတ်ပေးခဲ့ရသလို၊ဆန္ဒပြလူထုကိုလည်းလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
လူထုဆန္ဒပြပွဲတွေရပ်ဆိုင်းခဲ့ပြီးမေလ (၂၄) ရက်နေ့မှာတော့ ဆူချန်ဒါဟာ ရာထူးကနေနှုတ်ထွက်လိုက်ပါတော့တယ်။

သောတရှင်တို့လည်း-ပြည်သူလူထုရဲ့ဆန္ဒကို လိုက်လျောဖို့ဆုံးဖြတ်လိုက်တဲ့ နှလုံးသားရှိတဲ့စစ်ခေါင်းဆောင်တွေနဲ့ ဆုံဆည်းနိုင်ကြပါစေ။

………………………………………………………………………………………………………………………………………………………………………………………….

သုည နှစ်ရဲ့ ထိတ်လန့်ကြောက်ရွံ့ဘယ


ွ်အော်သံများ

ကမ္ဘောဒီးယား နိုင်ငံက Year Zero Campaign လို့ခေါ်တဲ့ ထိတ်လန့်ကြောက်ရွံ့ဘွယ် “သုညနှစ် တိုက်ပွဲ” တခုအကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။
၁၉၇၅ ကာလမှာ အာဏာရရှိလာခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုးပေါ့ ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမကျတဲ့
သူတွေအဖြစ်ရှုမြင်ခဲ့သလို၊ ပညာတတ်လူတန်းစားအလွှာရဲ့အစိတ်အပိုင်းတခုဖြစ်တယ်လို့ သံသယကြီးမားစွာ ကြည့်မြင်ပြီးအထင်သေးရှုတ်ချခဲ့ပါတယ်။
“သုညနှစ်တိုက်ပွဲ” ရဲ့အစိတ်အပိုင်းတခုအဖြစ် သံဃာတော်တွေကိုဘုန်းတော်ကြီးကျောင်းတွေကနေ စံနစ်တကျနှင်ထုတ်ခဲ့ပြီး လူဝတ်လဲခိုင်းခဲ့ပါတယ်။
လယ်သမားတွေအဖြစ် ကုန်ထုတ်လပ
ုမှုကိုပါဝင်စေခဲ့ပါတယ်။ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းကဘုန်းကြီးကျောင်းတွေဟာ
အော်ဟစ်ငြီးငြူသံတွေနဲ့ပြည့်နှက်နေခဲ့ပြီး မနက်လင်းရင်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သေဆုံးနေတဲ့ဘုန်းတော်ကြီးတွေကို နေ့စဉ်ရက်ဆက်
မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ခမာနီခေါင်းဆောင် ပို့ပေါ့ ရဲ့ လက်ထက်မှာ ပြည်သူ (၂) သန်းကျော်ဟာ ဆာလောင်ငတ်ပြတ်မှုတွေ၊ ရောဂါအနာတရတွေ၊
နှိပ်စက်ညှင်းပမ်းခံရမှု နဲ့ သတ်ဖြတ်ခံရမှုတွေကိုခါးသီးစွာရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း
ခမာနီကွန်မြူနစ်တွေရဲ့ ရန်ကိုကြောက်လန့်ပြီးထွက်ပြေးခဲ့ကြရတဲ့ ကမ္ဘောဒီးယားပြည်သူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။
ရဟန်းသံဃာတော် (၆) သောင်းနီးပါး အသတ်ခံရပြီး၊ ဘုန်းကြီးကျောင်းတွေဟာ သုသန်တစပြင်လိုတိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။
ပိုးပေါ့ဟာ ကမ္ဘောဒီးယားနိုင်ငံကို “လူသတ်မြေ”အဖြစ်နာမည်ဆိုးနဲ့ ကျော်ဇောခဲ့တဲ့ ကာလတခုကို ဖန်တီးခဲ့ပါတယ်။
ပိုးပေါ့ အစိုးရ အာဏာရရှိအပြီး-နောက် (၃) နှစ်အကြာမှာတော့ ဗီယက်နမ်စစ်တပ် ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းကိုဝင်ရောက်လိုက်ကြပြီး
ပိုးပေါ့အစိုးရကိုဖြုတ်ချပစ်လိုက်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုတွေကတော့ နိုင်ငံတခုလုံးမှာတည်ရှိနေဆဲဖြစ်ပါတယ်။
၁၉၇၈ ကာလမှာတော့ ဒုက္ခရောက်နေတဲ့ ကမ္ဘောဒီးယားပြည်သူတွေအတွက်စိတ်ပျက်အားလျော့မှုတွေကိုဖယ်ထုတ်ပစ်မဲ့သူတဦးပေါ်ပေါက်လာခဲ့ပါတယ်။
သူကတော့ “မဟာ ဂိုဇန်နန်တာ” လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတဦးပါ။ သူဟာ ပိုးပေါ့လက်ထက်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့တဲ့
ကမ္ဘောဒီးယားသံဃာတော် (၃၀၀၀) ကျော်အနက်တပါးအပါအဝင်ဖြစ်ပြီးသူ့ရဲ့မိသားစုဝင်တွေအားလုံးကို ခမာနီကွန်မြူနစ်တွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းက တောအုပ်ထမ
ှဲာ တရားဆောက်တည်နေတဲ့ မဟာ ဂိုဇန်နန်တာ ဟာ သူ့ရဲ့တောအုပ်ကိုစွန့်ခွာလိုက်ပြီး ဒုက္ခသည်စခန်းတွေဆီကို
ရောက်လာခဲ့ပါတယ်။ ဒုက္ခသည်စခန်းက ပြည်သူတွေကို အားပေးနှစ်သိမ့်ခဲ့ပြီး “ကျနော်တို့မှာရှိတဲ့ ဥာဏ်ပညာ နဲ့ ဂရုဏာတရားတွေကို
အတူတကွပေါင်းစပ်ပြီးဘဝခရီးကိုလျှောက်ကြရမယ်။ ဒီနှစ်ခုထက
ဲ တစုံတခုချို့ယွင်းနေခဲ့ရင် ခြေတဘက်တည်းလမ်းလျှောက်နေတဲ့လူလိုဖြစ်သွားမယ်။
ဒါကြောင့် ဒီနှစ်ခုကို မျှတအောင်ထိန်းညှိပြီး တဆင့်ပြီးတဆင့်လျှောက်လှမ်းသွားရမယ်” လို့ရှင်းလင်းဟောပြောခဲ့ပါတယ်။
အကြမ်းဖက်မှုကျူးလွန်နေသူတွေကို ကံကြမ္မာရဲ့သနားစရာသတ္တဝါအဖြစ်သတ်မှတ်ပြီး၊တိုင်းပြည်မှာ အနာရောဂါတွေထူပြော၊လူတွေဒုက္ခရောက်နေခြင်းရဲ့
အဓိကတရားခံဟာ စစ်ပွဲကြောင့်ဖြစ်တယ်ဆိုတ့အ
ဲ ချက်ကိုထောက်ပြပါတယ်။ နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြို့တော် ဖနွမ်းပင်အထိ ငြိမ်းချမ်းရေး
လမ်းလျှောက်ခရီးကိုစတင်လိုက်ပါတယ်။ ဒီလမ်းလျှောက်ပဟ
ွဲာမကောင်းဆိုးဝါးတွေကိုဆန့်ကျင်တဲ့သင်္ကေတတခုဖြစ်တယ်။
သူတို့ရဲ့အသုံးတော်ခံဇာတ်ကောင်တွေမဟုတ်ဘူးဆိုတာ ရှင်းရှင်လင်းလင်းထုတ်ဖေါ်ပြသမှုဖြစ်ရမယ်လို့ဆိုပါတယ်။

ပိုးပေါ့ ရဲ့ သုညနှစ်တိုက်ပွဲ နှင့် မဟာ ဂိုဇန်တာ ရဲ့ ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲ

ဒါပေမဲ့ ခရီးရှည်လမ်းလျှောက်ပက
ွဲိုပါဝင်မ့သ
ဲူတွေဟာ လမ်းခရီးနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကို
ဘယ်လိုတွန်းလှန်မလဲ၊ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ မရေမတွက်နိုင်လောက်အောင်မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းတွေကိုသတိထားလျှောက်လှမ်းဖို့
ဆိုတဲ့အရာတွေကိုသင်ကြားပို့ချခဲ့ပါတယ်။ ထောင်ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေက ဒီသင်တန်းတွေကိုတက်ရောက်ပြီးလမ်းလျှောက်ပွဲကို
ပါဝင်ခဲ့ကြပါတယ်။ ၁၉၉၁ မှာ ငြိမ်းချမ်းရေးသဘောတူညီမှု့စာချုပ်ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ (၂၂၀၀၀) ကျော် က
ဝင်ရောက်အကူအညီပေးခဲ့ပေမဲ့ ဥပဒေ စိုးမိုးမှုမရှိခ့သ
ဲ လို၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း ဆက်လက်ကြုံတွေ့နေခဲ့ရပါတယ်။
ကမ္ဘောဒီးယားပြည်သူတွေ၊ ထောင်သောင်းချီပြီး သေဆုံးဒဏ်ရ ရနေကြဆဲဖြစ်ပါတယ်။
သူပုန်တွေနဲ့အစိုးရတွေကြားကတိုက်ပွဲတွေကလည်းပြင်းထန်နေဆဲဖြစ်ပါတယ်။

“မြောက်ပိုင်းကနေ မြို့တော် ဖနွမ်းပင်ဆီကို လမ်းလျှောက်လာတဲ့အခါ ကျနော်တို့တတွေခမာနီစစ်တပ်နဲ့ တခြားလက်နက်ကိုင်တပ်တွေရဲ့


တိုက်ပွဲကြားမှာကြားညှပ်နေတယ်။ကျနော်တို့လမ်းလျှောက်အဖွ့ေ
ဲ တွလည်းကျည်ဆံတွေထိမှန်ပြီးသေဆုံးကုန်ကြတာပေါ့။
တဘက်မှာ မြေမြှုပ်မိုင်းတွေက တလုံးပြီးတလုံးပေါက်ကွဲနေသေးတယ်။ မော်တာအမြောက်ကျည်ဆံတွေကလည်းတဝုန်းဝုန်းနဲ့မြေပြင်ကိုထိမှန်နေတယ်။
ဒါပေမဲ့ ကျနော်တို့ဆက်ပြီးခရီးဆက်ခြဲ့ ကတယ်။” ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ဆန္ဒတွေကိုဘယ်သူမှတားဆီးမရခဲ့ပါဘူး။
ငြိမ်းချမ်းရေးခရီးစဉ်ကိုပြည်သူတွေပိုမိုပါဝင်လာခဲ့ကြပါတယ်။ တချို့စစ်သားတွေက သူတို့ရဲ့လက်နက်တွေကိုစွန့်ပစ်ပြီး လမ်းလျှောက်ပွဲကို
ဝင်ရောက်ပါဝင်လိုက်ကြတယ်။ မြေမြှူပ်မိုင်းတွေတည်ရှိရာနေရာတွေကိုပြကြတယ်။စစ်သားတွေကဝင်ရောက်ပါဝင်လိုက်တဲ့အခါ
သူတို့နဲ့အညှိုးတကြီးတိုက်ခိုက်ခြဲ့ ကတဲ့ တခြားစစ်သားတွေက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေသူတွေကို ဝင်ရောက်ပစ်ခပ်ကြတယ်။
ဒါကြောင့် လမ်းလျှောက်ပက
ွဲို စစ်သားတွေမပါဝင်ဖို့၊ ကားစီးခြင်း၊ အလံထောင်ခြင်း၊ ယူနီဖောင်းဝတ်ခြင်း၊ ပြဿနာဖြစ်စေမဲ့ သင်္ကေတတွေကို
မလုပ်ကြဖို့ ဆိုတာတွေကိုပိတ်ပင်တားမြစ်လိုက်တယ်။”

၁၉၉၅-၉၆ ခုနှစ်မှာတော့ ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်နေသူတွေဟာမြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးနဲ့ သဘာဝတောအုပ်


ထိန်းသိမ်းစောင့်ရှောက်ရေးကြွေးကြော်သံတွေကို နိုင်ငံတကာလှုပ်ရှားမှုအဖြစ်ရောက်ရှိသွားအောင် ကြိုးပမ်းခဲ့ကြပါတယ်။
တကယ်တော့ လမ်းလျှောက်သူတွေဟာ ပစ်ခပ်နှောက်ရှက်မှုတွေကြောင့် သေခြင်းတရား၊ ဒဏ်ရာအနာတရနဲ့ ဥပဒေမဲ့စော်ကားမှုတွေကို
ခံစားကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တတွေပေးဆပ်ခ့တ
ဲ့ အ
ဲ ရာတွေကကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကို အရှိန်ကြီးမားစွာရိုက်ခပ်ခဲ့ပါတယ်။
“ အနှစ်(၂၀) လုံးလုံးခံစားနေရတဲ့ငရဲတခုဆီက အမှတ်သညာတွေကို စုစည်းပြီး၊ ယဉ်ကျေးမှုသစ်တခု ကို ဖန်တီးမဲ့ဆုတောင်းပွဲတွေလေ၊
ကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကိုလှပစေချင်ရင်အကြမ်းဖက်မှုတွေရပ်ဆိုင်းနိုင်မှဖြစ်မယ်ဆိုတာကိုပြည်သူတွေသဘောပေါက်လာခဲ့ကြတယ်။” တဲ့

သောတရှင်တို့လည်း အကြမ်းဖက်ကျူးလွန်နေသူတွေကိုရပ်ဆိုင်းပစ်နိုင်ကြပါစေခင်ဗျား။

အောင်မိုးဝင်း

You might also like