You are on page 1of 9

ဒီဆိုင်းဘုဒက

ို အမြန်ဆုံး ဖြုတ်ချပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုတယ်

တပ်မတော်သာအမိ - တပ်မတော်သာအဖ=No

ပြည်သူသာအမိ - ပြည်သူသာအဖ = yes

သန်းရွှေခေါင်းဆောင်သော စစ်အာဏာရှင်တစုအပါအဝင် တပ်မှူး/သား များ ၊


ရွေးကောက်ပွဲ ဝင်မည့် NLD ခွဲထွက်များ၊ 88 မျိုးဆက်ခွဲထွက်များ တခြား ပါတီများနဲ့
စစ်အာဏာရှင် ဒေါက်တိုင် ကြံ့ဖွံ့တို့မှ ကိုယ်စားလှယ်လောင်းကြီးများ အတွက် -
သီးသန့် ပေးစာ ဖြစ်ပါတယ်။

ဒီတပ်မတော်သာအမိ တပ်မတော်သာအဖ ကိစ္စ အားလုံး ရေငုံ နုတ်ပိတ်နေကြတာ


ကြာပြီ ။ အခု ရွေးကောက်ပွဲ ရှိလာပြီ ဆိုတော့ ဒီကိစ္စက အပြတ်ရှင်းဖို့ လိုလာပြီ ။
ရှင်းဖို့ လိုလာပြီ ဆိုတာကိ.ု .ခင်ဗျားတို့ အားလုံး လက်ခံနှိုင်မလား ။ တကယ်ကို
လိုလာပြီ ။ ပြည်သူကို တပြားသားမှ ထဲ့မစဉ်းစားတဲ့ မိုးကျရွှေကိုယ် စစ်ဗိုလ်
အမတ်တွေနဲ့ ကျုပ်တို့ ပြည်သူတွေကို ဥိးထိပ်ထား စဉ်းစား ပြီး ရွေးကောက်ပွဲ
ဝင်ပြိုင်မယ် ဆိုတဲ့ ပြည်သူ့ကိုယ်စားလှယ်အမတ်တွေ ..ဒီဆောင်ပုဒ်နဲ့ ပတ်သတ်ပြီး
ခင်ဗျားတို့အားလုံးမှာ မေးရဲရမဲ့ တာဝန် အပြည့်ရှိတယ်ဆိုတာ အရင် ပြောချင်တယ်။

န.၀.တ အာဏာသိမ်းတုန်းက ခင်ဗျားတို့ အားလုံး မှတ်မိအုံးမှာပါ ...စစ်သားတွေက


မိန်းခလေးတွေကို အော်တာလေ..အေးငါတို့ တပ်မတော်သားတွေကို နောင်ကျရင်
လင်တော်ပါရစေ လာရှစ်မခိုးနဲ့ အော်ခဲ့တာလေ ။ အော်မှာပေါ့..ဒီစစ်သားတွေ
ပြည်သူတွေကို နှိမ်ပြီးမြင်လာအောင် ဗိုလ်ကျချင်တဲ့ စိတ်ဝင်လာရအောင်
စော်ကားရအောင် ရည်ရွယ်ချက်နဲ ၊့ ဒါ သန်းရွှေ ရဲ့  ဆိုဒ်ဝေါ ( PSYCHO-WAR )
ထုတ်လိုက်တဲ့ ဆောင်ပုဒပ
်ါ ။ ဒီဆောင်ပုဒ်ကြောင့် စစ်သားတွေ စစ်ဗိုလ်တွေက
ပြည်သူလူထုကို သူတို့ထက် အဆင့်နိမ့်တဲ့ သတ္တ၀ါတွေလို့ ထင်မြင်လာတယ်။။
အဲဒီထင်မြင်မှုနဲ့အတူ..အနိင်အထက်ပြုမှု ဗိုလ်ကျမှု နောက်ဆုံး စော်ကားမှုတွေအထိ
အတင့်ရဲလာတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလဲ ပြည်သူ မိန်းခလေး တဦးကို
စစ်ဗိုလ်က မုဒိန်းကျင့်လို့ တိုင်တန်းလာရင်တောင်..အဲဒီမိန်းခလေးကို ပြည်တန်ဆာမှု နဲ့
ပြန်ဖမ်းခိုင်းတဲ့အထိ ပြည်သူအပေါ် စော်ကားမောက်မာပြပြီး ယုတ်မာကောက်ကျစ်
မိုက်ရိုင်းလာတယ် ။ ဒီဆောင်ပုဒ်က သာမာန်လောက်ကြည့်ရင်တော့ ..စောက်ရှုးထလို့
အော်နေတာဘဲ မြင်ကြမယ်။

ထဲထဲဝင်ဝင် စဉ်းစားတတ်သူသာ ဒါ လူထုကို နိမ်ဖို့ တိရစ္ဆာန် လို တဆင့်နိမ့်မြင်ဘို့


ဆိုဒ်ဝါး..လှမ်းလိုက်တာ ။ ဒီမူသွင်းပြီးတဲ့နောက်..စစ်သားက လိုအပ်ရင်ပေါ်တာဆွဲလို့
ရတယ်။ စစ်ဗိုလ်စစ်သားတွေလာရင် မရှိရှိတာအပထား အမိအဖ ကဲ့သို့ ပြုစုရမယ် ။
စစ်ဗိုလ် လိုအပ်ရင် ခန္ဒာကိုယ် ကိုပါ ပေးဆပ်ရမယ် ။ ( နယ်တွေမှာ ဖြစ်နေတာနော် )။
နောက်ဆုံး အခု အခြေခံဥပဒေထဲမှာ နိုငင
်ံသားတိုင်း စစ်မှုထမ်းဆောင်ရမယ် ပါလာတာ။
အဲဒီလိုပါလာတာကို ခင်ဗျားတို့တွေအားလုံးက မမေးမြန်း၊ မဆွေးနွေးပဲ
ဝင်ပြိုင်ကြမှာလား။ ဒီစစ်ဗိုလ် တမတ်သားတွေနဲ့ လွှတ်တော်မှာ အပြတ်ဆွေးနွေး
ရတော့မယ်။

(၁) ကောင်းပြီ..လွှတ်တော်ရှိလာတဲ့အခါ...ဒီတပ်မတော်သာအမိ တပ်မတော်သာအဖ


ကို တရားဝင် ပယ်ဖျက်ပေးမလား ဆွေးနွေးရတော့မယ် ။ မသိလိုက်မသိဖါသာလေး
ခေါက်သိမ်းထားမှာလား ။ဒါတွေ ပြောကိုပြောရမယ်၊မေးကို မေးရမယ်။ နောင် ဒါကို
ထပ်ထုတ်သုံးအုံးမှာလား ။ ဘာကြောင့်လဲ ဆိုတော့ အခြေခံ ဥပဒေမှာ အရေးပေါ်
ကြုံလာရင် စစ်တပ်ကိုအာဏာလွှဲ အပ်ရမယ် ဆိုထားတော့..စစ်တပ်ကအာဏာ
ကိုပြန်ယူထားချိန်မှာ ..ဒီဆောင်ပုဒ်ကိုပြန်တင်ပြိး..န.၀.တ. မိုက်ရိုင်းခဲ့သလို ထပ်
မိုက်ရိုင်းပြအုံးမှာလား ။ ဒါအပြတ်မေးရမဲ့ မေးခွန်းပဲဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်
မသိချင်ဟန်ဆောင်နေတာလား ။ အိယောင်ဝါးမလုပ်နဲ့ ။ နောင်ကိုလဲ ဘယ်တော့မှ
မသုံးကြေး..မူချမှတ်ရေးအထိဆွေးနွေးပြိး ဆုံးဖြတ်ချက်ကျမဲ့အထိ လုပ်ဆောင်ရမယ်။
အမတ်လောင်းတို့ ….
(၂) နောက်တခုက တပ်မတော်သာအမိ အဖ ဆိုတာ တပ်မတော်ထဲက
ဘယ်အဆင့်တွေကို အမိ အဖ အရာ သတ်မှတတ
်ာလဲ ။ ခင်ဗျားတို့ အဲလို
မေးကြည့်လိုက်ပါ၊ အီးယောင်ဝါး လုပ်ထားတာ ။ တကယ့်လက်တွေ့မှာက ဗိုလ်မှုး
တွေတော့မသိ .စစ်သားတွေကတော့ စစ်စည်းကမ်းနဲ့ ချည်တုတ်ထားခံရတဲ့
ယူနီဖေါင်းဝတ် ကျွန်တွေပါဘဲ ။ ငါတို့ ပြည်သူတွေက အရပ်ဝတ်ကျွန၊် သူတို့က
ယူနီဖေါင်းဝတ် ကျွန်တွေပါဘဲ။

ဘာလို့ ပြောရသလဲဆိုတော့ ..အမိအဖလဲ ပြောထားတယ် ။ လစာကျတော့


ထိုင်းနယ်စပ် ထိုင်းမှာ ကျွနခ
်ံနေရတဲ့ ဒို့ဗမာတွေရဲ့ ၀င်ငွေရဲ့ ထက်ဝက်တောင်
မရလို့ပါ။ နောက်တခုက..သန်းရွှေ သမီးတွေလာရင်..သူတို့သမီးတွေထက် အသက်
၁၅ နှစ် ၂၀ မက ပိုကြီးတဲ့ တိုင်းမှုးကတော်တွေက သူတို့ ဈေးခြင်းတောင်းကို
ဖါးယားကိုင်ကြရပြီး..သူတို့ မျက်စေ့ ဝေ့ လိုက်သမျှ ကို ၀ယ် ..အိမ်ဖေါ်တဦးလို
လိုက်ပြုစုကြရတာ ။ အဲဒီတော့ ဒါကို တပ်တွင်းမှာ တိုင်းမှုးကတော်တွေကလဲ.
ထပ်ဆင့် လက်အောက် ဒုတိုင်းမှုး ကတော်တွေအပေါ် စစ်ဒေသမှုး ကတော်တွေ
အပေါ်.. ဒီလိုစီးပိုးတဲ့ သောက်ကျင့်ဆိုးကြီး ထွန်းကားလာတယ် ။ ဒါတပ်ထဲမှာ
ရှိနေတဲ့သူတိုင်း ရဲဘော်တိုင်း သိမှာပါ ။ ဒါကို သတ္တိ ရှိလှပါတယ်ဆိုတဲ့ စစ်ဗိုလ်တွေ
မရှင်းရဲဘူးလား ။ ပြည်သူအပေါ်ကိုတော့ မောက်မာပြတယ် ၊ သူတို့အထက်က သူတွေ
အပေါ်ကိုတော့ ခုနလို မိသားစုဝင်တွေ မပြောနဲ့ သူတို့အိမ်တွေမှာ စောင့်တဲ့
ခွေးလာရင်တောင် ထိုင်ကန်တော့မတတ် လုပ်နေကြရတာမဟုတ်လား။

အဲဒီတော့ တပ်မတော်သာအမိ အဖဆိုတာ ကို..(အဆင့်ဆင်)့ တပ်မတော်သား


တွေသာ အမိ အဖ လို့ ပြင်မရေးသင့်ဘူးလား ။ အဲဒိလိုမှ မဟုတ်ရင် စစ်သားတွေကို
ပေးထားတဲ့လစာဟာ ထိုင်းမှာ ကျွန်လို့ သတ်မှတ်ထားတဲ့ သူတွေထက် နည်းနေတာကို
အရင်ပြင်ဘို့ တောင်းဆိုရဲရမယ် လစာကို မပြင်နိင်သေးသမျှ..ဆောင်ပုဒ် ကိုပြင်ပေးဘို့
တောင်းဆို ရဲရမယ်။ ကောင်းပြီ ..အထက်ကအပိုင်းက..လက်ရှိ အခြေအနေကို
ထောက်ပြထားတာ။

ဒီဆောင်ပုဒ်ကြီးကို..တရားဝင် မသင့်တော်ပါဘူး..မှားပါတယ် ၀န်ခံပြီး ရုတ်သိမ်း


ပေးမလားပေါ့။ ဒါအရမ်းအရေးကြီးတဲ့ ဆောင်ပုဒ်ဖြစ်တာမို့ အနှီးစုတ် ပစ်သလို
ပစ်လိုက်လို့ မရဘူး ။ အနှစ် (၂၀)ကျော် ဒီဆောင်ပုဒ်နဲ့ ပြည်သူတွေအပေါ် မတရား
ဗိုလ်ကျလာခဲ့ တာလေ ပြန်လှန်မပြောရတဲ့ ပုံစံကို ဒါနဲ့သွင်းခဲ့တာ။ နောင်ကို တပ်က
အာဏာယူထား ခဲ့လျှင် လည်း ပြန်ထုတ်သုံးအုံးမလား..လုံးဝပြန်ထုတ်မသုံးပါဘူးဆိုတဲ့
အာမခံချက်လဲ လိုအပ်နေတယ်။ ပေါ့ပေါ့နဲ့ပြီးလို့မရတဲ့ဆောင်ပုဒ်။ အဲရုတ်သိမ်းပြီးရုံနဲ့လဲ
မပြီိးသေးဘူး။ ဘာလို့လဲဆိုတော့ ပြည်သူ့ကိုယ်စားလှယ်တွေ..ကျောင်းသားတွေ
နောက်ဆုံး ကုန်ကုန် ပြောရရင် ဒို့အားလုံး အလေးထား ဦိးထိပ်ပန်ဆင် ကန်တော့ ရှစ်ခိုး
ဦိးချနေရတဲ့ သံဃာတော်တွေကတောင် ရွှေဝါရောင်တော်လှန်းရေးကြီး ဖေါ်ဆောင်
ရတာဟာ..အမိအဖ ပြည်သူတွေ ဒုက္ခ ရောက်တာ မမြင်နိင်တော့လို့ ဆိုတာ
..ကြေငြာထားလိ့ပ
ု ။ဲံသံဃာတော်တွေ ကိုယ်က..( ပြည်သူသည်သာ အမိ
ပြည်သူသည်သာ အဖ ) လို့ လက်ခံထား လေတော့..ဆောင်ပုဒ်နဲ့က ဆန့်ကျင်ဘက်
ဖြစ်နေတာကို တွေ့ရမယ်။ သူတို့ ဆောင်ပုဒ်မှာ ပြည်သူက အောက်မှာ စစ်ဗိုလ်တွေက
အထက်က ။ အဲဒီ စစ်ဗိုလ် တမတ်သားတွေက..သူတို့ လုပ်ဆောင်ချက်တွေကို
ပြည်သူလူထုကို ဘာမှ အရေးလုပ် ရှင်းပြနေစရာမလိုဘူး ။ အခုလိုပေါ့ နိင်ငံတော်
ဘတ်ဂျက်ကို ဘာမှ ရှင်းပြနေစရာမလိုဘူး ဆိုတာမျိုး ချိုးနေတာ အနှစ် ( ၂၀ )
ကျော်သွားပြီ။

(၃) ပြည်သူ့ ကိုယ်စားလှယ်တွေ ၇၅-% စိုးမိုးမဲ့ လွှတ်တော်မှာ ..ကိယ


ုစားလှယ် (
အားလုံး ) က ပြည်သူသည်သာ အမိ ပြည်သူသည်သာ အဖ ..လက်ခံထားကြသူတွေမို့
ပြည်သူတွေက..စစ်ဗိုလ်တွေရဲ့အထက်မှာ ရှိရမယ် ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။
ပြည်သူလူထုကို တာဝန်ခံပါမယ်ဆိုပြီး အရွေးချယ်ခံမယ်ဆိုပြီး ရွေးကောက်ပွဲဝင်မဲ့
သူတွေပဲလေ။

ပြည်သူသည်သာ အမိဆိုရင်..နိင်ငံတော် ဘတ်ချက်ကို ပြည်သူ လူထု အတွက် ပိုပြီး


သုံးပေးလာရမယ်။ နို့မ့ရ
ို င် ပြည်သူကို နားလှဲ့ ပါးရိုက်တာဘဲ။ နောက် ဒိထက်
လတ်တလော အရေးကြီးတာက ၂၀၀၃ ဒီပဲယင်း ယုတ်မာရိုင်းစိုင်းတဲ့
လူသတ်မှုကြီးဟာ သန်းရွှေက သူတို့မပါဘူး ငြင်းထားတယ် ။ ဒါပေမဲ့ပြည်သူတွေ ၇၈
ဦး သေခဲ့ရတယ် ( မုံရွာ စစ်တပ်ကိုပြန်သယ်လာတာ..၇၈ လောင်း
ဒါအတိအကျ..အဲဒီတုံးက ဒုတပ်မမှုး ကိုယ်တိုင် မုံရွာက သူ့မိတ်ဆွေတွေကို ပြောတဲ့
အရေအတွက် )။ တပ်မတော်သာအမိ တပ်မတော်သား တွေကတော့ ပြည်သူသေတာ
အရေးမလုပ်ပေမဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကတော့..ဒါကို.မသိဟန်ဆောင် လုပ်လို့
မရဘူး ။ လူ ၃၀၀၀ ကျော် ၄၀၀၀- နဲ့ စစ်ဗိုလ်တွေ ရဲတွေ အများကြီး ပါထားတဲ့ကိစ္စ
သန်းရွှေ ဖုံးဖိထားလို့ မရတဲ့ကိစ္စ ကို ခင်ဗျားတို့အားလုံး လွယ်လွယ်နဲ့
မေ့ပစ်လိုက်ကြမှာလား။
ဒါက ပြည်သူသည်သာ အမိ ပြည်သူသည်သာ အဖ လို့ လက်ခံတဲ့
ပြည်သက
ူို့ယ်စားလှယ်တိုင်း လုပ်ရမဲ့ အဓိက တာဝန်ဆိတ
ုာကို မသိချင်
ဟန်ဆောင်နေတာလား။ အဲဒီတော့ ပြည်သူတွေဆီကို ဒီကနေ့လာပြီး မဲထဲ့ဘို့
စည်းရုံးနေကြတဲ့ ကြံ့ဖွတ်တို့ အေးလွင်တို့ ပါတီက အမတ်လောင်းတွေကိုရော
အဖွဲ့ချုပ်က ခွဲထွက်လာတဲ့ အမတ်လောင်းတွေကိုရော...ကျုပ်တို့ ပြည်သူတွေက
လာပါကိုအမတ်မင်း.....ဒီဆောင်ပုဒ်နှစ်ခု ကိစ္စ ရှင်းပါ ၊ မေးပေးပါ လို့ ပြည်သူလူထု
တရပ်လုံးကိုယ်စား ကျုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ
အဖွဲ့က စတင်မေးခိုင်းပါပြီ။

လိုင်ခေါင်းတွေ ဆောက်တာကိုက သန်းရွှေ ရဲ့  တိုင်းပြည်အလယ်ခေါင် စစ်ဌာနချုပ်


ရွှေ့ပေမဲ့ မလုံခြုံဘူးဆိုတာ သူ့ဟာသူ မှားနေကြောင်းပြတာပါဘဲ ။ လက်တွေ့
ဝန်ခံချက်ဘဲ ။ အလုပ်နဲ့ ၀န်ခံတာဘဲ။ အဲဒီတော့ ပြည်သူသည်သာ အမိ
ပြည်သူသည်သာ အဖ ဆိုတဲ့ ခေတ်မှာ ပြည်သူတွေဖြစ်တဲ့ ၀န်ထမ်းတွေကို သူတို့
မိသားစုတွေနဲ့ တစုတဝေးထည်း ရှိရမဲ့ မြို့တော်ကို ရန်ကုန် ပြန်ရွှေ့ဘို့ ပြတ်ပြတ်
သားသား မေးခွန်းတွေ မမေးရဲကြဘူးလား ။ နောက်တခုက လွှတ်တော်ဆိုတာကြီး
ပေါ်ပေါက်လာချိန်မှာ..သန်းရွှေ ဟာ ဘာရာထူးမှ သူမှာ တရားဝင်မရှိတော့တာမို့ ..၂၅-
% သောစစ်ဗိုလ်အမတ်တွေအပေါ် စွက်ဖက်လာရင် ဒါကို လွှတ်တော်မှာ
စစ်သားအမတ်တွေကို ရုပ်သေးလို ကစားသူ ရှိနေတာ ဟန့်တားဖို့ လုပ်ကြရမယ်လို့
ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား၊ မမေးရဲကြဘူးလား ။ ဘယ်သူ တဦးတယောက်မှ
ပြည်သ့လ
ွှူတ်တော် ကိုယ်စားလှယ်တွေ အပေါ်ကိုရော စစ်ဗိုလ် အမတ်တွေ
အပေါ်ကိုရော..ချယ်လှယ်လွှမ်းမိုးပိုင်ခွင့်မရှိစေရဘူး။ ကာကွယ်ရေးဦးစီးချုပ်တောင်
ကြိုးဆွဲပိုင်ခွင့် မရှိရဘူးဆိုတာမျိုး မမေးရဲကြဘူးလား ။ နိင်ငံတော်ရဲ့ အချုပ်အခြာ
အာဏာပိုင် အဖွအ
ဲ့ စည်းကို ကြိုးကိုင်ချင်တရ
ဲ့ ည်ရွယ်ချက်ရှိသူဟာ...နိင်ငံတော်ရဲ့
နံပါတ်တစ် သစ္စာဖေါက် လို့ ကျုပ်တို့ အဖွဲ့ကြီးက ပြတ်ပြတ်သားသားနဲ့ ရဲရဲကြီး
ကြေငြာလိုက်ပါတယ် ။ အဲဒီလို တဦးတယောက်၊ တဖွဲ့တဆုတ်ရဲ့ ကြိုးကိင
ုမှုကို
လက်ခံသူဟာလဲ နိင်ငံတော်ရဲ့ အနိမ့်ဆုံး တာဝန်ကိုပင် ခန့်အပ်ဘို့ မသင့်တော်တဲ့လူ
ဖြစ်သွားပါပြီ ။ ဒလ၀မ် ( ညစောင့် ) တောင် ခန့်ခင
ွ့်မရှိတဲ့ သူဖြစ်သွားပြီမို့
လွှတ်တော်နဲ့ လားလားမှ မသင့်တော်တဲ့လူ ဖြစ်သွားပါပြီ ။

ဒီနေရာမှာ ယခုအခြေခံ ဥပဒေကို သန်းရွှေဟာ ဒီလို နောက်ကွယ်ကနေ ကြိုးကိုင်ဖို့


ရည်ရွယ်ချက်နဲ့ စစ်ဗိုလ်အမတ် ၂၅ % ကို မရရအောင် မဖြစ်ဖြစ်ဖြစ်အောင်
လုပ်ခဲ့တယ်ဆိုတာကို သိရင် မေးရဲ၊ ပြောရဲ ၊ ပြင်ခိုင်းရဲရမှာ ဖြစ်ပါတယ် ။
အမတ်အားလုံးကို မည်သူ တဦိးတယောက်မှ နောက်က ကြိုးကိုင်နေတာ မဖြစ်ရန်
အစီအမံတွေ ပြန် ချမှတ်ရေးဆွဲရမယ်လို့ မေးရဲ၊ ပြောရဲ ၊ပြင်ဆင်ရဲရမယ်။
ဒီလိုမှမဟုတ်ရင် ကာကွယ်ရေးဥိးစီးချုပ် စောမောင်ဟာ စိတ်မမှန်တော့တာမို့
ဗိုလ်သန်းရွှေနဲ့ တပ်မှုးတွေ ကိုယ်တိုင်ပင် ဖြုတ်ချခဲ့ရတဲ့ သက်သေသာဓက ရှိထားတာမို့
ကာကွယ်ရေးဦးစီးချုပ် ဆိုတိုင်း လုပ်ရပ်တွေ အမှန်လို့ တရားသေ ယူလို့ မရပါ ။ (
ဗိုလ်စောမောင်ကို ရူးလို့ ဖြုတ်ရတာ မဟုတ်ဘူးလို့ ငြင်းရင် သန်းရွှေ အာဏာ
ငန်းငန်းတက် မက်လို့ တက်သိမ်းရာ ရောက်နေပါတယ် ) အဲလိုတွေလည်း ပြောရဲ
ဆိုရဲမှာ မဟုတ်ကြဘူးမှတ်လား။ လက်တွေ့မှာလဲ နိင်ငံတော်ရဲ့ အရေးကြီးတဲ့
ဆုံးဖြတ်ချက်တွေဟာ နိင်ငံတော်ကိုယ်စားပြု လွှတ်တော်အမတ်တွေက ဆုံးဖြတ်ရတာ
မဟုတ်ဘဲ သန်းရွှေ ဟာ ဖေါ်လံဖါး ဘိုးတော်တွေ ရဲ့  အကြံနဲ့ ဆုံးဖြတ်နေတာမျိုးကို
သူ့နောက် ဆက်ခံမဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ဆက်လက် လုပ်ဆောင်ရတယ်
ဆိုတာကို သိသိကြီးနဲ့ ဘာကြောင့် ငြိမ်နေကြတာလဲ။ ကိုယ်အာဏာရရင် ပြီးရော ဆိုပြီး
ချောလဲ ရောထိုင်နေကြမှာလား။

(၄) နောက်အရေးအကြီးဆုံးကတော့ အထက်မှာ ဖော်ပြခဲ့သလို တပ်မတော်သာအမိ


တပ်မတော်သာအဖဆိုပြီး လုပ်နေသေးရင် နိင
ုငံတော်ရဲ့ သယံဇာတတွေကို
တပ်မတော်ကဘဲ ထင်သလိုထုတ်ရောင်းပြီး ရလာမဲ့ဝင်ငွေ အားလုံးကို စစ်တပ်
တခုထဲအတွက် သုံးတာမျိုး ဆက်လုပ်နေပါမယ် (ဒီနေရာမှာ သူတို့မိသားစု
အသိုင်းအဝိုင်း အတွက်ပါ ပါပြီးသားဆိုတာ သိကြမှာပါ)။ ဒီအတွက် အမတ်
အားလုံးကို တပ်မတော်ကသာ အမိလား..အဖလား...ပြည်သူကသာ အမိ နဲ့ အဖ လား၊
ပြတ်ပြတ် သားသားမေးရမှာ။ ပြတ်သားသွားချိန်မှာ နိုင်ငံတော် ဘတ်ဂျက်ကို
ပြည်သူတွေ အတွက် အဓိကထား ခွဲဝေသုံးစွဲချမှတ်ရေး မူ ဖြစ်ကိုဖြစ်ရမယ်လို့ မပြောရဲ
မဆိုရဲ ကြဘူးလား။

နိုငင
် ဝ
ံ န်ထမ်းလစာတွေကို ဘင်္ဂလားဒေ့ရှ်..ထိုင်းနိင်ငံက ၀န်ထမ်းတွေလစာရဲ့ ထက်ဝက်
(၅၀ %) ပေးနိင်မလား... ။ စစ်သားတွေ လစာကို ဘင်္ဂလားဒေ့ရှ် နီိးပါးပေးနိင်မလား။
(ဟိုမှာ ၁၂၅ ဒေါ်လာလောက် ) ပေးထားတယ် ။ ဘင်္ဂလားဒေ့ရှ် လစာကိုမကျော်မချင်း
မျိုးချစ်တပ်မတော် အသုံးအနှုန်း မသုံးကြေး။
နေ့စားအလုပ်သမား တွေအတွက် ထိုင်း၊ မလေးတို့မှာလို တနေ့ အနိမ့်ဆုံး လုပ်ခ
သတ်မှတ်ပေးမလား ။ ပေးရင် ထိုင်းရဲ့ ထက်ဝက် သတ်မှတ်မလား ။ ( ထိုင်းက တနေ့
ဘတ်..၁၈၅ ဆိုတော့ ၆.၀ ဒေါ်လာလောက် ) ဆိုတော့ ..တနေ့ အနိမ်ဆုံး ၃
ဒေါ်လာလောက် သတ်မှတ်ပေးမလား။ စစ်တပ်က..အော်တိုမက်တစ် ၂၅ %
ယူထားပြီးသားမို့ စစ်သားတွေ သူတို့ မိသားစုတွေ မဲပေးလို့ရတဲ့အထဲမှာ လုံးဝ (လုံးဝ)
မပါရဘူး ။

နောက် သဘာဝဓါတ်ငွေ့ ကို ပြည်သူကိုဦိးစားပေး ပြည်တွင်းသုံးလို့ ပိုလျှံမှ ပြည်ပ


ထုတ်ရောင်းရေး..ပေါ်လစီ ( မူ ) သတ်မှတ်ပေးရမယ်။ သဘောတူမလား။ တဆက်ထဲ
ရန်ကုန်ကို ၂၄-နာရီ မီိးအပြည်.့ .တနှစ် နှစန
် စ
ှ် အတွင်း အာမခံမလား ။ တနိင်ငံလုံး
မီိးရရေး ဘယ်နစ
ှ န
် စ
ှ်အတွင်း အာမခံမလဲ ။ မပေးနိင်ရင် နုတ်ထွက်ပေးရေး
ဂတိပေးနိင်မလား။ ပေးရဲလား ။ ပြည်သူပြည်သားတွေ..ဘယ်နစ
ှ န
် စ
ှ်အတွင်း
အိမ်တိုင်း..ဓါတ်ငွေ့နဲ့ ချက်ပြုတ်ရေး စီမံချက်ထားသလဲ ။ ဓါတ်ငွေ့ကို..လူကြီိးတွေ
ခွဲတန်းပေး စံနစ်ကနေ လူတိုင်းရောင်းချပေးရေး ဘယ်တော့ စတင်မလဲ ။..၆-လ
လား..တစ်နှစ်လား။

မြို့တော်ကို..ကျပ်ပြေးကနေ ရန်ကုန်ပြန်ရွှေ့မလား ။ နေပြည်တော် ခေါ်နေတာ ရှေးထုံး


အစဉ်အလာနနဲ့ ကိုက်ညီရဲ့ လား မေးရမယ် ။ ရှေးက မင်း ( ဘုရင် ) နန်းစိုက်ရာ
မြို့တော်ကို မင်းနေပြည်တော်လို့ ခေါ်တာ ။ ဒါတောင် အခုလို ပြောင်းပြန်
နေပြည်တော် ပျဉ်းမနားလို့ မခေါ်ဘူး..ခေါ်ချင်းခေါ်ရင်..ပျဉ်းမနားနေပြည်တော်လို့
သုံးနှုန်းတာ ။ အခုဟာက တရားဝင် နိင်ငံတကာက..ဘုရင်တွေကိုဖိတ်ပြီး
ဘိတ်သိပ်ခံထား သူလဲမရှိ....အိမ်ရှေ့စံတို့ ဘာတို့မရှိဘဲ ဘုရင်အသုံးနှုန်းတွေကို
ခိုးကြောင်ခိုးဝှက် သုံးနှုန်းနေတာ တိုင်းပြည်သိက္ခာကို အသားလွတ်ချနေတာ ။ ဒါတွေ
ထောက်မေးရမယ် ။ ၁၉၉၅ ညီလာခံမှာ..အခြေခံမူကြီး .၁၀၄ ချက် ( အဓိကကျတဲ့
မူကြီးတွေ ) လက်မှတ်ထိုး အတည်ပြုထားစဉ်က..ဒီသူခိုးမြို့တော် စီမံကိန်း
အစအနတောင် မပါထားတော့ ..ဒါဘယ်တုံးက ထည့်တာလဲ... ။

ရွှေးကောက်ပဝ
ွဲ င်သအ
ူားလုံးကို မိသားစုစီးပွားရေးပိုင်ဆိုင်မှုတွေ ကြေညာရတဲ့ မူ ကို
လက်ခံနိင်မလား..မေးရမယ်၊ လိမ်ထားရင်ထောင်ကျပြီး လိမ်ထားတာတွေကော
အားလုံးကို ပြည်သူပိုင်သိမ်းရေး..လက်ခံနိင်သလား မေးရမယ်။ လက်မခံနိင်ရင်
သူခိုးသေချာနေပြီပေါ့ ။ အာဆီယံကိုလဲ န.၀.တ၊ န.အ.ဖ နှစ်ခုစလုံးမှာ..သန်းရွှေ
ကိုယ်တိုင်..၀န်ကြီးတွေ အားလုံးနီပါး..( န.၀.တ အဖွဲ့ဝင် ၂၁ ဦးမှ ၁၈ ဥိး ( န.၀.တ-ရဲ့
၉၀ % ) ကို သူကိုယ်တိုင် ခိုးမှုနဲ့ အရေးယူထားတာမိ.ု့ ...အာစီယံ သမိုင်းမှာ သူခိုးတွေ
လက်မှတ်ထိုးထားတာ သက်သေတွေ ရှိထားလို့ မြန်မာနိုင်ငံက ၀န်ကြီးတွေ
အမတ်တွေ နောင်သူခိုး မပါရအောင်. အာစီယံမှာကို...ပိုင်ဆိုင်မှု မကြေညာ
ထားသူတွေ အစည်းအဝေးတက်ခွင့် မပေါ်ရေးမူ ထားဘို့ မတောင်းဆိုဘူးလား၊ ရတာ
မရတာအပထား..မှန်ကန်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့မူ အာဆီယံအတွက် ဂုဏ်သိက္ခာ
ရှိစေတဲ့ မူ မို့ တောင်းရပါမယ် ။ ဒါတောင်းလိုက်ရင် ခင်ဗျားတို့ ပါတီတွေ၊ အဖွဲ့တွေ
ဝင်အရွေးမခံရမှာ စိုးရိမ်နေတာလား။ ဒီမိုကရေစီ စနစ်ဆီ လှမ်းနေပြီ မို့
အလုပ်သမားသမဂ္ဂ ဖွဲ့ စည်းခွင့်ပေးမလား ။ သမဂ္ဂဆိုတာ ဒီမုက
ိ ရေစီ ရဲ့ ကလပ်ဆဲလ်
လေးလို့ ပြောရမဲ့အခြေခံ ဆိုတာလက်ခံလား...မေးရမယ် ။

စစ်သား လစာ. ဘင်္ဂလားဒေ့ရှ်ထက် ပိုေ အာင်ပေးနိင်မလား..(၁၂၀ ဒေါ်လာ)


ခံစားခွင့်တွေ တန်းတူ ပေးနိင်မလား ။ အဲဒီမှာ ထိုင်းစစ်သားလစာ နိုင်းယှဉ်ပြပေးပါ ။
အမေရိကန် ကြည်းတပ်မှာ..စစ်သားက ၂၀၀၀ - ရတာ ( ဒါ...စားရိတ်ငြိမ်းနော် ) ။
ခံစားခွင့်တွေ ပေါင်းရင် ၃၀၀၀ ရှိမယ် ။ စစ်သည်တော်တွေကို တနှစ်ကို.အနိမ့်ဆုံး..ရက်
၃၀ ခွင့် အပြည့်ပေးရေး ရိက္ခာ အပြည့်အ၀ ပြန်ပေးရေးစစ်သည်တော် သားသမီိးတွေ
ပညာတော်သင် စကောလားရှစ် ထားပေးရေး စစ်သား လုပ်သက်...၆၀ ပြည့်ရင် တပ်မှ
ထွက်စေရေး အရေးကြီးတာ တခုက တိုက်ပွဲတွေမှာ အသက်ပေးသွားတဲ့
စစ်သည်တော် တိုင်းကို မိခင်တပ်ရင်း ပြန်သယ်ပြီး စစ်အခမ်းအနား အပြည့်နဲ့
သဂြိုလ်ရေး ။ စစ်သည်တော် ဗိမာန်ကြီိး တည်ဆောက်ပြီး နံမည်နဲ့ ထိုက်တန်စွာ
ဂုဏ်ပြုရေး။ ပလပ်စတစ်အိတ်စုပ်ထက်ဆိုးတဲ့ ဘ၀မျိုး မဖြစ်ရေး။ ပလပ်စတစ်
အိတ်ကမှ ကောက်တဲ့သူ ရှိသေးတယ် ။ စစ်သည်တော်တွေ အလောင်းက တောခွေး
စားတာ မခံရရေး စတာတွေ မတောင်းဆို သင့်ဘူးလား၊ စစ်သည်တော်တွေ
မွေးဖွားရာမြို့တွေမှာ စစ်သည်တော် ဗိမာန် တခုချင်းတည်ဆောက်ပြီး မိမိ ကြီိးပြင်းရာ
အသိုင်းအ၀ိုင်းမှာ ဂုဏ်ပြုတာမှ ထိုသူအား တကယ်သိသူရှိပြီး တကယ် အလေးထားရာ
ရောက်ပါမယ် ။ ဒီအချက်တွေကို ပြင်ဖို့ ဆင်ဖို့နဲ့ ဒီဆိုင်းဗုဒ်ကို ဖြုတ်ချဖို့ မဆွေးနွေးပဲ
ကိုယ်မဲရရေးသာ အာရုံစိုက် လုပ်ဆောင်နေသော ပါတီအားလုံးနှင့် သန်းရွှေ
ခေါင်းဆောင်သော စစ်အာဏာရှင်တစုအပါအဝင် တပ်မှူး/သား များ ၊ ရွေးကောက်ပွဲ
ဝင်မည့် NLD ခွဲထွက်များ၊ 88 မျိုးဆက်ခွဲထွက်များ တခြား ပါတီများနဲ့ စစ်အာဏာရှင်
ဒေါက်တိုင် ကြံ့ဖွံ့တို့မှ ကိုယ်စားလှယ်လောင်းကြီးများ လူထုတရပ်လုံး ကိုယ်စား
ကျွန်တော်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့က
မေးမြန်းလိုက်ခြင်း ဖြစ်ပါတယ်။

‘’ မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ “


www.thebestmanure.org
tbmwaipl@gmail.com
myayallzar@gmail.com
tbmstk1@gmail.com

You might also like