You are on page 1of 2

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၈ / ၂၀၁၀ (မဃတ+၈၈+ဗကသ)


ရက်စွဲ ။ ။ ၆- ၈ -၂၀၁၀။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ဒီမိုကရေစီလိုလားသူမှန်သမျှ ၂၀၁၀ မတရားရွေးကောက်ပက


ွဲို ရှစ်လေးလုံးစိတ်ဓါတ်ဖြင့်
ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြ

၁။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်မှာ ၂၂ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်နေ၀င်း၏ မဆလ


တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄- မဆလဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်ခဲ့သည်မှာ မဆလထီးရိပ်အောက် လွှတ်တော်အတွင်းမှာ
မဟုတ်။ နိုင်ငံရေးအင်အားစုအသီးသီးက ပြည်သူလူထုကြီးနှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ကာ လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် တတိုင်းတပြည်လုံး ထကြွတော်လှန်ခဲ့သည့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးကြောင့်သာဖြစ်သည်ကို သတိချပ်
သင့်သည်။

၂။ မဆလပါတီထူထောင်စဉ်က တိုင်းပြည်ကောင်းစားရေးအတွက် မည်သည့်နေရာက ပါရ ပါရဆိုပြီး ဗိုလ်နေ၀င်းစစ်အစိုးရကို


ထောက်ခံပူးပေါင်းခဲ့ကြသော နိုင်ငံရေးသမားကြီးတချို့ရှိခဲ့ကြသည်။ နောက်ဆုံးတွင် တိုင်းပြည်လည်း လူမွဲစာရင်းအသွင်းခံရ၊
ပြည်တွင်းပဋိပက္ခများလည်း ယနေ့အထိ မငြိမ်းနိုင်ဖြစ်ကြရပြီး၊ ထိုနိုင်ငံရေးသမားကြီးများလည်း နည်းမျိုးစုံဖြင့် ဖြုတ်ထုတ်
ဖယ်ရှားချောင်ထိုးခံခဲ့ကြရသည်။ ဤသမိုင်း အတွေ့အကြုံများကို ၂၀၁၀-မတရားရွေးကောက်ပွဲသို့ ပါဝင်ပတ်သက်ရန် ကြိုးစား
နေသော မိမိတို့ကိုယ်မိမိ ဒီမိုကရက်ဟု ခံယထားသည်
ူထားသည့် နိုင်ငံရေးအင်အားစုများအနေဖြင်
ျာ့း  လေးလေးနက်နက် သင်ခန်းစာ
ယူသင့်သည်။

၃။ ၂၀၁၀ ရွေးကောက်ပွဲဖြင့် အသက်သွင်းမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတုအယောင် အမျိုးသားညီလာခံက


နအဖစိတ်ကြိုက် တဖက်သတ် ရေးဆွဲပြီး နာဂစ်မုန်တိုင်းကြားတွင် အဓမ္မ အတည်ပြုကာ တိုင်းရင်းသားပြည်သူတရပ်လုံး၏
အကျိုးစီးပွားအတွက် အာမခံချက်များမပါဘဲ အရပ်သား မျက်နှာဖုံးစွပ် စစ်အာဏာရှင်စနစ်ကိုသာ ထာဝရ တရားဝင်စေမည့်
တပြည်ထောင် စစ်ဖွဲ့စည်းပုံသာဖြစ်သည်။ ဤအချက်ကိုလည်း ပြည်သူတရပ်လုံးက နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။
ထိုသို့ တရားနည်းလမ်းမကျ ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ၀င်ပြင်မည်ဟု
ပြောနေခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူးဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို
လောင်းကြေး မထပ်သင့်ပေ။

၎။ စစ်အစိုးရသည် ၂၀၀၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိုင်းပြည်အနာဂတ်အား ချည်ပြီးတုပ်ပြီး လုပ်ထားသည်ကို အားမရ


သေးဘဲ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအမည်ခံ အမိန့်နှင့် ညွှန်ကြားချက်များကို အပိုဆောင်း
ထုတ်ပြန်ထားပါသည်။ ထို့အပြင် အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီ အား အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း
ဘက်လိုက်ကာကွယ်ပံ့ပိုးပေးနေသည်ကို ရွေးကောက်ပွဲဝင်မည်ဆိုသည့် အင်အားစုများ အသိဆုံးပင်ဖြစ်သည်။ နအဖ၏ မတရား

Page 1 of 2
ရွေးကောက်ပွဲသည် တိုင်းပြည်အား ဒီမိုကရေစီပန်းတိုင်သို့ လမ်းမညွှန်နိုင်ဘဲ ဒီမိုကရေစီသချိင်္ုင်းဆီသို့သာ ဦးတည်သွားနေ
သည်ကို တနေ့တခြား ထင်ထင်ရှားရှား တွေ့နေရသည်။

၅။ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်ဟုဆိုသည့် နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည် အနာဂတ်အတွက်


အနုတ်လက္ခဏာ အဖြေထွက်နေမှန်းသိလျက်နှင့် မျက်စိစုံမှိတ်ကာ နအဖ၏ တရားမ၀င် ထာဝရအာဏာသိမ်း ဘိသိက်ခံမည့်
ပွဲတွင်ပါဝင်၍ သမိုင်းတရားခံအဖြစ် အားပေးကူညီခြင်းမျိုးမလုပ်သင့်ဘဲ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ပြည်သူလူထုကြီးဘက်မှ ပြတ်ပြတ်သားသား ပြောင်းလဲရပ်တည်ရန် အချိန်မနှောင်းသေးပါ။

၆။ ထို့ကြောင့် ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် မတရားရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကာ နအဖ၏ တရားမဲ့ လုပ်ရပ်များ


အား တရားဝင်မှု လုံးဝမပေးဘဲ ဒီမိုကရေစီတန်ဘိုးများကို မိမိတို့ကိုယတ
ိုင် ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထိန်းသိမ်းမြှင့်တင်ကြပါရန်
တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး


၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနုင်
ိငင်ံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

Page 2 of 2

You might also like