You are on page 1of 22

UDP ပါတီ ရွေးကောက်ပွဲဝင်ဖို့ မသေချာ

စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမယ့် အခြေအနေတွေ မရှိဘူးဆိုပြီး ဥက္ကဋ္ဌကိုယ်တိုင်


ပါတီတာဝန်ကနေ နှုတ်ထွက်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီအနေနဲ့လည်း ရွေးကောက်ပွဲ မ၀င်ဖို့
ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲအကြို အခြေအနေတွေဟာ တရားမျှတ
လွတ်လပ်မှုတွေ မရှိရင် လက်ခံမှာ မဟုတ်ဘူးလို့ ပါတီ ဥက္ကဋ္ဌအသစ်က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို
ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေ၊ ကြံ့ဖွတ်ပါတီနဲ့ စစ်ကောင်စီအကြား မကွဲပြားတာတွေကို ဝေဖန်ပြောဆိုလေ့ရှိတဲ့ UDP ပါတီက


ရွေးကောက်ပွဲကြို ကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မလာဘူးဆိုရင် ရွေးကောက်ပွဲဝင်ဖို့
စဉ်းစားမယ်လို့ ဆိုပါတယ်။ UDP ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မသေချာသေးဘူးလို့ ဥက္ကဋ္ဌအသစ် ဖြစ်လာတဲ့
ဦးသိန်းဌေးက ပြောပါတယ်။

“ရွေးကောက်ပွဲ ၀င်ဖို့၊ မ၀င်ဖို့ ဆိုတာက ဒီအချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျနော်တို့က


တတ်နိုင်သလောက် ကြိုးစား စွမ်းဆောင်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ ၀င်ဖို့
ကျနော်တို့က ဆုံးဖြတ်ချက် ချကောင်းချမယ်။ တကယ်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
မဖြစ်နိုင်တော့ဘူးဆိုရင် ကျနော်တို့က ဆုံးဖြတ်ချက်တခုကို ပြောင်းပြန် ချသင့် ချရလိမ့်မယ်။”

UDP ပါတီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းက လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တဲ့အတွက်


ဒီလအစောပိုင်းက ပါတီက နှုတ်ထွက်လိုက်ပြီးနောက် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းဌေးက ဆက်ပြီး တာဝန်ယူလာတာ
ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ရပ်တည်ချက်ဟာ ပါတီရဲ့ လမ်းစဉ်ပဲ ဖြစ်တယ်လို့ ဦးသိန်းဌေးက ဆိုပါတယ်။

“ကျနော်တို့က ပထမ ကိုဖြိုးမင်းသိန်း လုပ်ခဲ့တဲ့လမ်းက အဲဒါ ပါတီက ချတဲ့လမ်းပါ။ ပါတီရဲ့ မူဝါဒနဲ့ သွားနေတယ်၊ ပါတီရဲ့
ကြိုးစားအားထုတ်မှုပါ။ အဲဒီအပေါ်မှာ ကျနော်တို့ သွားနေတာပါ။ ပါတီက တဦးတယောက်တည်း မူဝါဒနဲ့ သွားနေတာ
မဟုတ်ဘူး၊ ပါတီအဖွဲ့အစည်း တခုလုံးရဲ့ မူဝါဒနဲ့ သွားနေတာပါ။ လက်ရှိအနေအထားမှာ ကျနော်တို့က ပြည်သူကို
သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ပြည်သူလိုချင်တဲ့ အတိုင်းအတာတခု ရှိလာအောင်
ကျနော်တို့က အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားမယ်၊ စွမ်းဆောင်သွားမှာပါ။”

ဒီပါတီကို ၀ါရင့်နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို အခြေပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။


စစ်ကောင်စီနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ပါတီရဲ့ တင်ပြ တောင်းဆိုချက်တွေကို မတုံ့ပြန်သေးသရွှေ့ ဆက်လက်
တောင်းဆိုသွားမယ်လို့ ဦးသိန်းဌေးက ဆက်ပြောပါတယ်။

“သေချာတာက သူတို့ချမှတ်တဲ့ ရွေးကောက်ပွဲ ဥပဒေကို ကျနော်တို့လည်း မကြိုက်ဘူး၊ ပြည်သူလူထုကလည်း


မကြိုက်ဘူး။ အဲဒါကို ကျနော်တို့က စဉ်ဆက်မပြတ်တော့ တောင်းဆို တုက
ိပွဲဝင်နေရမှာပဲ။ ကျနော်တို့ လိုချင်တာက
အမျိုးသား ပြန်လည်သင့်မြတ် ပေါင်းစည်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည် ဖွံ့ဖြိုးချမ်းသာရေး၊ ရသင့်ရထိုက်တဲ့ နိုင်ငံသား
အခွင့်အရေး မှန်သမျှကို ပြည်သူတွေ ရရှိရေး၊ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်သင့်သူ အလုံးစုံ ပါဝင်နိုင်ရေး၊
အဲဒါတွေကို နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့က တောင်းဆိုနေရမှာပဲ။

“တောင်းဆိုနေတဲ့ နေရာမှာ ကျနော်တို့က ပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းတခု အနေနဲ့ တောင်းဆိုနေရမှာပဲ။


အဲဒီတောင်းဆိုမှုတွေကို အဖြေတခု မရမချင်း ဒီအ၀န်းအ၀ိုင်းထဲက ထွက်ဖို့ ကျနော်တို့ မကြိုးစားဘူး။ နိုင်ငံရေး အင်အားစု၊
ပါတီအင်အားစုကိုတော့ စဉ်ဆက်မပြတ် ကျနော်တို့ ကြိုးစား တည်ဆောက်နေမှာပဲ။ ဒါက ကျနော်တို့ပါတီရဲ့ ခိုင်မာတဲ့
ဆုံးဖြတ်ချက်ပဲ။”

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ UDP ပါတီက The Union ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး လက်ရှိမှာ ထုတ်ဝေခွင့်
မပေးတော့ဘူးလို့ ရန်ကုန်မှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထုတ်ဝေခွင့် ရ၊ မရကို ပါတီက မသိသေးဘူးလို့ ဆိုပါတယ်။

UDP ပါတီရဲ့ ရွေးကောက်ပွဲကြို ကာလမှာ ထားရှိတဲ့ သဘောထားတွေကတော့ စစ်ကောင်စီနဲ့ လက်ရှိဝန်ကြီးချုပ်


ကိုယ်တိုင် ဦးဆောင်နေတဲ့ ကြံ့ဖွံ့ပါတီအကြား တိကျပြတ်သားစွာ စည်းခြားပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ
ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရအောင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ ပါတီစည်းရုံးရေး ကိစ္စတွေကို လွတ်လပ်စွာ
လုပ်ခွင့်ရဖို့၊ ကြံ့ဖွံ့ပါတီရဲ့ နည်းလမ်းမမှန်တဲ့ စည်းရုံးတာတွေ ရပ်တန့်ဖို့၊ ကော်မရှင်ကလည်း ဒါတွေကို တားဆီး
ပိတ်ပင်ပေးဖို့နဲ့ တဖက်သတ်ဆန်နေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-election-udp-100344269.html

ဘန်ကမ
ွီန်း ရွေးကောက်ပွဲ သဘောထား မြန်မာ့နင
ို င
်ေ
ံ ရးသမားတွေ ကြိုဆို

ဓာတ်ပုံ AP

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း။ မေ ၂၇၊ ၂၀၁၀။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အပါအ၀င် နိုင်ငံရေး လုပ်ငန်းစဉ်တွေအပေါ်


အားမလို အားမရ ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာဟာ လက်ရှိ
အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ နိုင်ငံရေး အသိုင်းအ၀န်းက ပြောပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ သူတွေကတော့ အပြောင်းအလဲတွေကို မျှော်လင့်မှုတွေလည်း ရှိနေကြတာပါ။
အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအပေါ် စိုးရိမ်မကင်း ဖြစ်တယ်ဆိုတဲ့


မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုမှုဟာ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေ အပေါ်မှာ အမှန်အကန် ပြောဆိုလိုက်တာ
ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။ ကုလသမဂ္ဂလို အဖွဲ့ကြီးအပြင် နိုင်ငံတကာ
အသိုင်းအ၀ိုင်းတွေရော ပြည်တွင်းက လူထုရဲ့ ဆန္ဒတွေကိုပါ နားထောင်ပြီး စစ်အစိုးရ အနေနဲ့ တုံ့ပြန်ပြောဆိုခြင်း
မရှိတာဟာ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို
လျစ်လျူရှုထားတာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောတာကတော့ သူ့သုံးသပ်ချက်ကတော့ အမှန်အကန်


သုံးသပ်ချက်ပဲလေ။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေတွေက တင်းတင်းကျပ်ကျပ်တွေ
လုပ်ထားတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆိုရင် လိုအပ်တဲ့ ညှိနှိုင်းမှု လုပ်ရမယ်၊ Dialogue လုပ်ရမှာပေါ့။
Dialogue မရှိဘဲနဲ့ ဘယ်ဟာမှ ဖြစ်မလာဘူးလေ။ ကုလသမဂ္ဂ အနေနဲ့ ကောင်းစွာ မတုံ့ပြန်ဘူးဆိုတာ
ဘယ်အချက်တွေလဲ ဆိုတာ မပါတော့ အသေးစိတ်တော့ ကျနော်တို့ မသိရဘူးပေါ့။ ဘယ်အချက်တွေ၊ ဘယ်အချက်တွေ
သတင်းထုတ်ပြန်ဖို့ လိုမယ်လို့ ကျနော်တော့ အဲဒီလို ထင်ပါတယ်။”

NLD ပါတီက ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း သုံးသပ်ခဲ့သလိုပါပဲ၊ အခု ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီနိုင်ငံရေးဆိုင်ရာ


လုပ်ငန်းစဉ်တွေအတွင်း အခက်အခဲတွေ ကြုံနေရပါတယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက
ပြောပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းသော အပြောင်းအလဲ
ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ လက်တွေ့ တွေ့ရတာတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ


ကော်မရှင်ကို ပါတီဝင်စာရင်း ၁,၀၀၀ တင်ရမယ်ဆိုလို့ ကျနော်တို့ တင်ထားတယ်။ အဲဒီတင်ထားတဲ့ စာရင်းကို ယူပြီးတော့
ထောက်လှမ်းရေးတွေက တအိမ်တက်ဆင်း စာရင်းထဲပါတဲ့ လူတွေကို ကုယ
ိရေးရာဇ၀င်တွေ တောင်းတယ်၊ ဓာတ်ပုံတွေ
တောင်းတယ်ဆိုတော့ လူတွေက နည်းနည်း လန့်တာပေါ့။ လန့်တယ်ဆိုတော့ တချို့က ပါတီဝင်က ထွက်ရမလား၊
ဘာလား ဒီလိုဖြစ်တယ်။ စသည်ဖြင့် အဲဒီလို အခက်အခဲတွေတော့ ရှိနေတာပဲပေါ့။ ကျနော်တို့ကတော့ အခက်အခဲတွေ
ဒီလို ရှိသော်လည်းပဲ မျှော်လင့်ချက်ကတော့ ရွေးကောက်ပွဲသာ ပြီးသွားလို့ စနစ်အပြောင်းအလဲတခု ဖြစ်သွားရင်
အခြေအနေဟာ ပိုကောင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မျှော်ပြီးတော့ ကျနော်တို့က လုပ်နေတာပဲ။”

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က နယူးယောက်ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာတ၀န်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဟန့်တားနိုင်ရေး


အဆင့်မြင့် အဖွဲ့တရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်ပြီဆိုတာ ကြေညာခဲ့အပြီး ကုလသမဂ္ဂ
ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ထည့်သွင်း
ပြောဆိုခဲ့တာပါ။ သူ အဓိက ပြောဆိုတဲ့ အထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် စစ်အစိုးရဟာ
ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ စိတ်ပျက်မိတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကျပြီးသားဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက အထွေထွေ


အတွင်းရေးမှူး ဦးစောစေးဝါးကတော့ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်
ရောင်ပြန်ဟပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“သူတို့ကတော့ အဝေးကြီးမှာလည်း နေတယ်၊ သူတို့ခံစားချက်နဲ့ သူတို့ ပြောနေကြတာကိုး။ တို့ ပြည်တွင်းမှာနေတဲ့


ပုဂ္ဂိုလ်တွေက တို့ခံစားချက်နဲ့ အမြင် ရှိတယ်လေ။ ဘောင်အရ မတူတော့ အမြင်ချင်းလည်း တူမှာမဟုတ်ဘူး။
ခံစားချက်လည်း မတူဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် အခုထက်ထိတော့ ပြဿနာ မရှိပါဘူး။ အမျိုးသား
ပြန်လည်သင့်မြတ်ရေး ကိစ္စက တော်တော်ကျယ်ဝန်းပါတယ်။ အဲဒါကို တဖြည်းဖြည်း ကျော်လွှားဖို့အတွက်လည်း
လုပ်နေကြတယ်လေ။ နိုင်ငံတော်ကလည်း လုပ်နေတယ်လို့ မြင်ပါတယ်။”

ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတွက် ၂၀၁၀ ရွေးကောက်ပွဲကနေ မြန်မာပြည်အတွက် ကောင်းတဲ့


အပြောင်းအလဲ ဖြစ်လာဖို့ လုံးဝ မမြင်ဘူးလို့ ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန်က ပြောပါတယ်။

“အခု ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ ရွေးကောက်ပွဲမှာ ၀င်တဲ့လူတွေ ပါတီက စပြီးတော့ သူတို့လှုပ်ရှားမှု


လွတ်လွတ်လပ်လပ်ပေးတာ တခုမှမရှိဘူးဆိုတာ ကျနော်တို့ အထင်အရှား တွေ့နေတယ်။ နေ့ရက်တွေလည်း
အခုထက်ထိ ကြေညာတာ မရှိသေးတော့ ဒါတွေက စိုးရိမ်စရာ အများကြီးဖြစ်တယ်ဆိုတာ မြင်ပါတယ်။ ဒီလောက်
အခြေအနေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး လုပ်လို့ရမယ် ဆိုတာကတော့ အတော်လေးကို
ခက်ခဲလိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ပျက်မိတယ်၊ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂက မကြာခဏ ပြောနေပေမဲ့လည်း ဒီအပေါ်မှာ


မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ခြင်း တခါမှ မရှိသေးသလို ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့လည်း မြန်မာ့အရေးကို
ဒီ့ထက်ပိုပြီး လုပ်ဆောင်ဖို့ လိုသေးတယ်လို့ တိုက်တွန်း ဝေဖန်နေကြတာလည်း ရှိပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-un-election-100342834.html

နိုင်ငံရေးအကဉ်းသားမားကို NLD ခေင်းဆောင်တေ


ဆက်လက်အားပေး
2010-08-10

ကုန်ဈေးနှုန်း ကဆင်းရေးအတက် ရန်ကုန် -သိမ်ကြီးဈေးရေ့ တကိုယ်တော်ဆန္ဒပရင်း အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး


အကဉ်းသား ကိုထင်ကော် အပအဝင် ရွှေဝရောင်သံဃာ့လှုပ်ရားမှုအတင်း ဖမ်းဆီး အကဉ်းခခံနေရတဲ့ သံဃာတော်တေရဲ့
မိသားစုဝင်တေကို NLD ပတီခေင်းဆောင်တေ ဒီကနေ့ လိုက်လံ အားပေးခဲ့ကြောင်း သိရပတယ်။
မောက်ဥက္ကလာပမြို့နယ်နဲ့ မောက်ဒဂုံမြို့နယ်တေမာ ၃ နေရာခဲပြီး သားရောက်အားပေးခဲ့ကြောင်း သိရပတယ်။
မောက်ဥက္ကလာပမြို့နယ်မာ ဆိုရင် နိုင်ငံရေး အကဉ်းသားတဦးဖစ်တဲ့ ကိုစိုးမင့်ထိန်အိမ်မာ စုရပ်အဖစ် သတ်မတ်ပြီး
ကုန်ဈေးနှုန်း ကဆင်းရေး ဆန္ဒပလို့ အကဉ်းကနေတဲ့ နိုင်ငံရေး အကဉ်းသားတေကို NLD ပတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး
ကိုယ်တိုင် အားပေးခဲ့ကြောင်း NLD ပတီ ဗဟိုအလုပ်အမှုဆောင် ဒေက်တာ ဒေမေဝင်းမင့်က RFA ကို ပောပတယ်။
“တကိုယ်တော် ဆန္ဒပတဲ့ ဒီ ကုန်ဈေးနှုန်း ကဆင်းရေးအဖဲ့က ကိုထင်ကော်တို့ အဖဲ့ပေ့၊ အဲဒီမာကတော့ ကုန်ဈေးနှုန်း
ကဆင်းရေးလည်းပတယ်၊ နောက်ပြီးတော့ ဟို ကောင်းသားဆိုက်ကလည်း ပတယ်။ ကိုထင်ကော်ရယ်၊ ထားထားသက်ရယ်၊
နောက် ကိုစိုးမင့်ထိန်လေ၊ နောက် ဘုန်းကြီးတပး ဦးစန္ဒာဝရနော်၊ နောက်တယောက် ရိသေးတယ်၊ ကိုခင်လှိုင်၊ အဲဒီ ငးဦးပပဲ
ဒီအိမ်မာကတော့လေ၊ ခေင်းစဉ်ကတော့ ကုန်ဈေးနှုန်း ကဆင်းရေးအဖဲ့ အနေနဲ့ တေ့တာပေ့။ အဲဒီမာ အားပေးစကား
အဓိက ပောကြားတာကတော့ အန်ကယ် ဦးတင်ဦးပေ့။ အန်ကယ် ဦးတင်ဦးကတော့ ဒီလို လာတေ့တာဟာ ဟို
ဝမ်းသာတယ်ဆိုတဲ့ စကားနဲ့ မိတ်မဆက်ခင်ပဘူးတဲ့။ ကိုယ်ခင်းစာတရားနဲ့ပေ့လေ၊ ဒ နှုတ်ခန်းဆက်တာပပဲ ဆိုပြီးတော့
အန်ကယ်က အားပေးစကားလည်း ပောတယ်၊ ပြီးတော့ သူတို့ လုပ်တဲ့ လုပ်ရပ်အတက် ဂုဏ်ယူတယ် ဆိုတာလည်း
ပောပတယ်။”
မောက်ဥက္ကလာပနေအိမ် စုရပ်အပြီးမာတော့ NLD ပတီ ခေင်းဆောင်တေဟာ မောက်ဒဂုံမာ ရိတဲ့ စုရပ် (၂)
နေရာကို ဆက်လက် သားရောက်အားပေးခဲ့ကြောင်း သိရပတယ်၊ ရွှေဝရောင် သံဃာ့လှုပ်ရားမှုခေင်းဆောင် အရင်ဂမႝီရရဲ့
မိသားစုဝင်တေ အကြောင်းအမိုးမိုးကြောင့် လာရောက်နိုင်ခင်း မရိတဲ့အတက် တေ့ဆုံနိုင်ခင်း မရိခဲ့ဘူးလို့ ဒေက်တာ
ဒေမေဝင်းမင့်က ပောပတယ်။
မောက်ဒဂုံမြို့နယ် NLD ဥက္ကဋ္ဌ ဦးသောင်းစိန်အိမ်ကို စုရပ်အဖစ် သတ်မတ်တဲ့ တေ့ဆုံပဲမာတော့ ကောင်းသားနဲ့ NLD
နိုင်ငံရေးအကဉ်းသားမိသားစုဝင် ၃၀ လောက် တက်ရောက်ကြောင်း သိရပတယ်၊ နိုင်ငံရေးအကဉ်းသား မိသားစုဝင်တေကို
သားရောက်အားပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေက်တာ ဒေမေဝင်းမင့်က အခုလို မတ်ခက်ပေး ပောဆိုပတယ်။
“ဒီပေမာ ကန်မအနေနဲ့ မိသားစုတေ ကြည့်ရတာလေ၊ စိတ်လည်း မကောင်းဘူးပေ့နော်၊ ဥပမာ အခု
ထားထားသက်ဆိုလို့ရိရင် ကန်မ အတူလည်း နေခဲ့ရတယ်၊ သူတို့ အခု ခန္ဈီးတို့ ဘာတို့ အဝေးကြီး
ရောက်သားတဲ့အခကတော့ သူအပအဝင် မိသားစု အားလုံးပပဲ အခု တေ့ခဲ့တဲ့ဟာတေက အတော်မားမားက
စိတ်မခမ်းသာစရာ အရမ်းကောင်းပတယ်။ ကန်မတို့ အင်းစိန်ထောင်မာ ကန်မနေခဲ့တုန်းက ဒီထောင်ဝင်စာအတက်
အိမ်က လာတာ တော်တော်လေး ခက်ခဲတာပေ့နော်၊ ဒတောင်မ ဒီ ရန်ကုန်မြို့တင်းတောင်မ ကြာလာတဲ့အခကတော့ ဟို
ထောင်ဝင်စာရဲ့ ဝန်လည်း ပိတာပေ့။ ခုလို ဟိုး နယ်တေ အဝေးကြီးမာ သားနိုင်တဲ့ မိသားစုကလည်း အလန်ဆုံး သားနိုင်ရင်
တလတခ ဆိုတော့ အဆင်ပေတဲ့ မိသားစုတောင်မ တော်တော်လေး သားရလာရ ခက်ခဲရင် ဒီ အဆင်မပေတြဲ့
မိသားစုဆိုရင် တော်တော်ကြီးကို ဒုက္ခရောက်မယ်။ ကန်မအနေနဲ့တော့ ကိုယ့်ဗမာအခင်းခင်း ဒီလိုလုပ်ရလား၊
ကိုယ့်မိသားစုလို ကိုယ်ခင်းစာတရားလေး ထားကြပလားဆိုတာ ကန်မအနေနဲ့တော့ ပောခင်ပတယ်။”
နိုင်ငံရေး အကဉ်းသားမိသားစုဝင်တေကို NLD ပတီက ဒီကနေ့ သားရောက်အားပေးရာမာ NLD ပတီခေင်းဆောင်တေ
ဖစ်တဲ့ ဦးတင်ဦး ၊ ဦးဝင်းတင်၊ ဒေမေဝင်းမင့်တို့အပင် ရန်ကုန်တိုင်း NLD ပတီခေင်းဆောင် ၄ ဦး NLD
ဗဟိုအမိုးသမီးအဖဲ့ဝင်တဦးနဲ့ လူငယ်တာဝန်ခံတေလည်း ပဝင်ကြောင်း သိရပတယ်။

Source:http://www.rfa.org/burmese/news/NLD_leaders_keep_on_moral_supporting-
08102010172941.html

နယ်ခြားစောင်တ
့ ပ် မပြောင်းလိေ
ု သာ ဒီကေဘီအေ အချင်းချင်း ပူးပေါင်း
ကျော်ခ | အင်္ဂါနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုသော ဗိုလ်မှူးကြီးစောလားပွယ်၏ တပ်သို့ အခြား


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အဖွဲ့များမှ လာရောက် ပူးပေါင်းမှုများ ရှိနေသည်။

ဗိုလ်မှူးကြီးစောချစ်သူ၏ ၉၉၉ လက်အောက်မှ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အရာရှိတဦးနှင့် တပ်သား ၁၉


ဦးတို့ တပ်မဟာ ၅ က လိုထူးဘောဗျူဟာသို့ ပူးပေါင်းရာတွင် ၎င်းတို့နှင့်အတူ ၆ဝ မမ အာပီဂျီစသည့်
လက်နက်ကြီးများအပါအဝင် M-16၊ M-79၊ AK-47 လက်နက်အမျိုးအစား အလက် ၂ဝ ကျော်နှင့် လက်ပစ်ဗုံးများ
ပါဝင်သည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

တပ်ခွဲမှူး စောပလိုနှင့် နောက်လိုက်များသည် နှစ်ကြိမ်ခွဲပြီး လာရောက်


ပူးပေါင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့က မိသားစုတွေနဲ့ ထွက်လာကြတာ။ ဒီမှာလဲ


သူတို့ရာထူးအတိုင်း ပြန်ပေးဖို့ လုပ်ထားတယ်။ သူတို့လုံခြုံရေးကိုလည်း
အထက်လူကြီးတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့ စီစဉ်ထားပါတယ်” ဟု
ဒီကေဘီအေ တပ်မဟာ ၅ အရာရှိက ပြောသည်။

ထိပ်ပိုင်း ခေါင်းဆောင်အချို့က နယ်ခြားစောင့်တပ်


အသွင်ပြောင်းရေးကို လက်ခံသော်လည်း အပစ်ခတ် ရပ်စဲရေး သဘောတူချက်ကြောင့် နယ်မြေစိုးမိုးမှုနှင့်အတူ
ဝင်ငွေကောင်းသော အခွန်ကောက်ခံခွင့်၊ ကုန်သွယ်စီးပွား လုပ်ကိုင်ခွင့်များ ရရှိထားသော ဒီကေဘီအေအတွင်း
တပ်ဖွဲ့ဝင်အချို့က လက်နက်မဲ့သွားသည့် အခြေအနေကို တွန်းပို့မည်ကို စိုးရိမ်မှု ပြသလာကြသည်။
အင်အားတထောင်ကျော်ရှိ ဗိုလ်မှူးကြီးစောလားပွယ်ကတော့ ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကြောင်း
ထုတ်ပြောထားသည်။

နေပြည်တော်၏ အစီအစဉ်အရ ဒီကေဘီအေသည် ယခုလ ၂ဝ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏


ကွပ်ကဲမှုအောက်သို့ အပ်နှံသည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မှာဖြစ်ပြီး အခြား အဖွဲ့ကွဲတခုဖြစ်သော
ကရင်ငြိမ်းချမ်းရေးအဖွဲ့(ကေပီအက်ဖ်)က ယခုလ ၁၈ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည်။

တခုတည်းသော စစ်တပ်ဖြစ်ရေး အစီအစဉ်အရ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းကာ


တပ်ရင်းတရင်းလျှင် ၃၂၆ ဦးပါရှိပြီး မြန်မာစစ်တပ်မှ အရာရှိ အရာခံ အကြပ်တပ်သား ၃ဝ ကိုလည်း ထဲ့သွင်းရမည်
ဖြစ်သည်။

အခြေအနေက တင်းမာလျက်ရှိပြီး ဒီကေဘီအေ တပ်သားအချို့ ဘက်ပြောင်းမှုများ၊ တောတွင်းပြန်ဝင်မှုများ


လုပ်လိမ့်မည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ဒီကေဘီအေ တပ်ရင်းအချို့က တပ်သားများသည် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ


အခြေစိုက်တပ်များသို့ ပြောင်းရွှေ့ပူးပေါင်းရန် ဆက်သွယ်မှုများရှိနေသည်ဟု ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောမော်အေးက
ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်အမျိုးသား အချင်းချင်း လက်ခံပါတယ်။ သူတို့အခု ဆက်သွယ်လာတာတွေလဲ ရှိပါတယ်။


ရောက်လာရင်တော့ ကျနော်တို့ တပ်မှာ တာဝန်ထမ်းဆိုလဲရတယ်။ တာဝန်မထမ်းချင်ဘူး၊ မိသားစုနဲ့ အေးအေး ဆေးဆေး
အပြင်မှာပဲနေမယ်ဆိုရင်လဲ လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနိုင်ဖို့ ကျနော်တို့ စီစဉ်ပေးမှာပါ” ဟု ပဒိုစောမော်အေးက မဇ္ဈိမကို
ပြောသည်။

နယ်ခြားစောင့်တပ်ပြောင်းမည့် တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လိုက်သိန့် ကမူ


“ပြောင်းသွားတဲ့လူတွေက တော့ သူတို့ကံကြမ္မာသူတို့ဖန်တီးတာပဲ။ သူတို့တခုခုဖြစ်လာရင်တော့ ကျနော်တို့က
ကယ်နိုင်မှာမဟုတ်ဘူး။ သူတို့ စိတ်နဲ့ သူတို့ဆုံးဖြတ်ပြီး လမ်းရွေးတာပဲ” ဟု မဇ္ဈိမကိုပြောသည်။

ဒီကေဘီအေသည် မြိုင်ကြီးငူ နာယကဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား


အစည်းအရုံး KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၇,ဝဝဝ ကျော်ရှိသည်ဟု
စစ်ရေးအကဲခတ်များက ခန့်မှန်းထားကြသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5843-2010-08-10-13-02-59.html

နယ်ခြားစောင့တ
် ပ် အသွငေ
် ပြာင်းမည့် ကရင်ငြိမ်း အဖွတ
ဲို့ ပြင်ဆင်
ရဲရင့် / ၁၀ သြဂုတ် ၂၀၁၀

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နှင့်


ဟောင်သရော အထူးဒေသအဖွဲ့ (ကေပီအက်ဖ်) တို့ကို ယခုလအတွင်း
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖက
ရက်သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။

“ဒီလ (၁၈) ရက်နေ့မှာ ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ


အခမ်းအနားလုပ်မယ်။ ဒီကေဘီအေကတော့ ဒီလ (၂၀) ရက်နေ့မှာ
မြိုင်ကြီးငူဌာနချုပ်မှာ အသွင်ပြောင်းတဲ့ အခမ်းအနားလုပ်မယ်။ လက်မခံတဲ့သူတွေကို သူတို့ အင်အားသုံးမယ်လို့
သိရတယ်။ လက်မခံနိုင်ဘူးလို့ ပြောတာကတော့ တပ်မဟာ (၅) က ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ပဲ ရှိတယ်” ဟု
ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ၏ လက်အောက်ခံ တပ်ရင်းများက


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖထံတွင် လက်မှတ်ရေးထိုးလိုက်သည့်အတွက် ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့တွင်
ကိုယ်ရန်တော်တပ်အပါအ၀င် လက်နက်ကိုင်အင်အား (၁၀၀) ကျော်ခန့်သာ ကျန်ရှိပြီး ၎င်းက နအဖထံတွင်
လက်နက်ချအညံ့ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည့်အပေါ် စိုးရိမ်မိကြောင်း အဆိုပါတပ်မှူးက ပြောသည်။

“ကျနော်တို့ကတော့ ဘာမှလုပ်လို့မရတော့ဘူး။ ဗဟိုအဆင့်က လက်ခံသဘောတူတဲ့အပေါ်မှာ လိုက်နာရမှာဖြစ်တယ်။


အခြေအနေက ငြင်းပယ်နိုင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အခု ရက်တောင် သတ်မှတ်လိုက်ပြီ။ မကျေနပ်တဲ့လူတွေလည်း
ဒီအချိန်မှာလုပ်ရင် မြုပ်ဖို့ပဲရှိတော့မယ်။ ဗဟိုအဆင့်ခေါင်းဆောင်ပိုင်းနဲ့ တပ်မှူးကြီးတွေရဲ့ချမ်းသာကြွယ်ဝမှုတွေက သူတို့
နအဖဆီ လက်နက်ချစေတဲ့ အဓိကသော့ချက်ပဲ” ဟု ၎င်းက ရှင်းပြသည်။

မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ လက်အောက်ခံတပ်များ


နယ်ခြားစောင့်တပ်အဖြစ်ပြောင်းမှုကို အများစုက လက်ခံသော်လည်း လက်မခံသူအချို့ရှိနေပြီး
တပ်တွင်းပုံကန်မှုဖြစ်နိုင်သဖြင့် (၉၉၉) တပ်စခန်းအတွင်း နအဖတပ်များ စခန်းချ တပ်စွဲထားရန် ဒီကေဘီအေက
ပြီးခဲ့သည့်ရက်အတွင်း အကူအညီတောင်းခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “(၉၉၉) အဖွဲ့မှာလည်း မကျေနပ်တဲ့လူတွေရှိတယ်။ ဒီရက်ထဲမှာပဲ (၉၉၉) အဖွဲ့က


နယ်ခြားစောင့်တပ်လက်မခံနိုင်လို့ တပ်ခွဲမှူး ဗိုလ်စောပလို ဦးဆောင်တဲ့ ဒီကေဘီအေ (၂၅) ဦး လက်နက်မျိုးစုံ အလက်
(၃၀) နဲ့ ဗိုလ်နှုတ်ခမ်းမွှေးဆီ သွားပူးပေါင်းတာတွေရှိတော့ ဗျူဟာမှူး စောချစ်သူလည်း သူ့အတွက်
လုံခြုံမှုမရှိတော့ဘူးဆိုပြီး သူ့မိသားစုကိုခေါ်ပြီး မြ၀တီမြို့ပေါ်မှာ လာရှောင်နေတယ်။ အခု (၉၉၉) တပ်ထဲမှာ
ဗမာစစ်တပ်တွေ နေရာယူထားတယ်” ဟု ပြောသည်။

ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် စစ်ရေးပြအစမ်းလေ့ကျင့်မှုများ


ပြုလုပ်လျက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့များအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်မခံနိုင်ကြောင်း


လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသည့် အဖွဲ့များမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ်
(နှုတ်ခမ်းမွှေး) အဖွဲ့နှင့် စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ
ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=3431

ကော်မရှင် လက်ထောက်ချ၍ ဒီမက


ို ရက်တစ် ပါတီဝင်များ
ထောက်လမ
ှ်း ရေး အစစ်ခရ

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရက်တစ် ပါတီဝင်များကို ထောက်လှမ်းရေးများက နေအိမ်များတွင် စုံစမ်းစစ်ဆေးမှုသည်


ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တနင်္လာနေ့က
ကန့်ကွက်ထားသည်။

"အခု ထောက်လှမ်းရေးတွေက ပါတီဝင် နေအိမ်တွေအထိ လာပြီးတော့


ကိုယ်ရေးသမိုင်းနဲ့ အချက်အလက်တွေကို အသေးစိတ်
တောင်းခံတဲ့အပြင် ဓါတ်ပုံ ၂ ပုံကိုပါ တောင်းယူနေတယ်။

ပါတီဝင်တွေကို ခြိမ်းခြောက် နေတယ်လို့ ပြောရမှာ ဖြစ်တယ်၊ ဒါဟာ


လုံးဝ မလုပ်ထိုက်တဲ့ ကိစ္စပါ" ဟု ဦးသုဝေက ပြောသည်။

အနည်းဆုံး ပြရမည့် ပါတီဝင် ၁,ဝဝဝ စာရင်းကို ရွေးကောက်ပွဲ


ကော်မရှင်သို့ ပို့ထားရာ ကော်မရှင်က ထောက်လှမ်းရေး အဖွဲ့ကို
လက်ဆင့် ကမ်းလိုက်ရာက နေအိမ်များသို့ ထောက်လှမ်းရေးများ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဌာနချုပ်

ဝင်ရောက် စစ်ဆေးမှုများ ဖြစ်ပေါ်လာသည်ဟု ဦးသုဝေက ပြောသည်။ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို


ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းတွင်
အတိုက်အခံ လှုပ်ရှားမှုကို သည်းခံလေ့ မရှိသော နိုင်ငံတွင် ပြည်သူများ သောကြာနေ့နံနက်က ပြုလုပ်ရာ ပါတီဥက္ကဌ
အနေဖြင့် ထောက်လှမ်းရေးနှင့် ပတ်သက်လိုခြင်း မရှိကြသည့်အပြင် ဦးသုဝေ (အလယ် တိုက်ပုံနှင့်)၊

ထောက်လှမ်းရေးများနှင့် ပတ်သက်ပါကလည်း အန္တရာယ် ရှိနိုင်သည်ဟု အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု


ယူဆယုံကြည်ကြသည်။ (လုံချည်အနီရောင်)၊ ဒေါ်ချိုချိုကျော်ငြိမ်း
(အင်္ကျီဗေဒါရောင်) တို့ကို

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ပါတီဝင်များအားလုံး ပါတီအဖွဲ့ဝင်များနှင့်တကွ တွေ့ရစဉ်။ ဓာတ်ပုံ-

ကိုယ်ရေးသမိုင်း အသေးစိတ်နှင့် ဓာတ်ပုံ ၂ပုံ တင်ပြရန် မတောင်းဆိုထားသဖြင့် ထောက်လှမ်းရေးများ


လုပ်ဆောင်နေမှုအပေါ် အရေးယူ ရပ်တန့်ပေးရန် ဦးသုဝေက တောင်းဆိုထားသည်။

"ပြည်သူတွေကိုလည်း ပါတီဝင်တာနဲ့ ပတ်သက်ပြီးတော့ အင်တာဗျုးတွေ လုပ်ဖူးတယ်၊ တော်တော်များများက


ပါတီဝင်ရမှာကို ကြောက်ကြတယ်၊ အခုလို ထောက်လှမ်းရေးက စစ်တယ်ဆိုတော့ ကျနော့်အထင်အရ ပါတီဝင်ဖို့
လူတွေက နဲနဲတော့ နောက်တွန့်ကြမှာပဲ” ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။

ထိုအခိုက် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီအနေဖြင့် ရန်ကုန်တွင် ပါတီဝင်များကို စည်းရုံးမှုများ


ပြုလုပ်နေပြီး ယခင်က သတ်မှတ်ထားသော ပါတီကြေး ၁ဝဝဝ ကျပ်ကို ပေးစရာပင် မလိုဟု စည်းရုံးရေးမှူးများက
ပြောသည်။

ဝေဖန်သူများကတော့ ကြံ့ဖွံ့ပါတီ အနေဖြင့် နိုင်ငံပိုင်ငွေ ယန္တရားများကို အသုံးချထားခဲ့သော လူမှုရေး ကြံ့ဖွံ့အသင်းမှ


လွှဲပြောင်းရယူထားသည့် ငွေများကို ပါတီဝင်များက ထည့်ဝင်သော ငွေအဖြစ် အသွင်ပြောင်းရေး လုပ်ဆောင်နေခြင်း
ဖြစ်သည်ဟု သုံးသပ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5840-2010-08-10-11-08-50.html
စစ်အစိုး ရက နုင
ိ င
်ေ
ံ ရး အခွငအ
့် လမ်းများ ဖြုန်းတီးပစ်ခြင်းအတွက် ကုလ
အတွင်း ရေးမှူးချုပ် စိတပ
်ျက်
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအပေါ် အားမလို အားမရ
ဖြစ်မှုများ တိုးပွားလာနေကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က
မှတ်ချက်ပေး ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်


ဘန်ကီမွန်းက နယူးယောက်တွင်
သတင်းထောက်များအား ပြောကြားခဲ့ရာတွင် မြန်မာ
စစ်အစိုးရမှ ယခု နှစ်ထဲတွင် ကျင်းပ ပြုလုပ်မည်ဟု
ဆိုသည့် ရွေးကောက်ပွဲ မတိုင်မီ ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးရုံးမှ တရားမျှတသော
ရွေးကောက်ပွဲ ဖြစ်လာစေရန် အတွက် အကြံပြု
တိုက်တွန်းချက်များအား မြန်မာ စစ်အစိုးရက
လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲမှာ


ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင်
မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ
စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ ဘန်ကီမွန်းသည် ကျုံဒါးကျေးရွာရှိ မိသားစုများနှင့် တွေ့ဆုံစဉ်။
အစိုးရဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဓာတ်ပုံ- UNIC.
တာဝန်မကျေတဲ့ အတွက် အားမလို အားမရ ဖြစ်မိပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာ သံတမန်များအား
မှတ်ချက်ပေး ပြောကြားခဲ့သည်။

“အခုလို အလွန်အရေးကြီးတဲ့ အခြေအနေ အချိန်အခါမျိုးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေက


မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးသွားစေနိုင်ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂ဝဝ၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံ၏ နာဂစ်ဘေးဒဏ်သင့် ဒေသများသို့ ဘေးအန္တရာယ်


ကင်းရှင်းစွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးမှု တချို့ ရရှိခဲ့သော်လည်း မြန်မာ့နိုင်ငံရေး
အကျပ်အတည်း များ ပြေလည်ကာ နိုင်ငံရေး အဖြေတခု ရရှိလာစေရန် ကြိုးပမ်းခဲ့သည့် ၄င်း၏ ရည်ရွယ်ချက်မှာမူ
မအောင်မြင်ခဲ့ပေ။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးအရာရှိ အိန္ဒိယသံတမန် ဝိဂျေ နမ်ဘီယာ (Vijay


Nambiar) သည် ဇွန်လက အိန္ဒိယ၊ တရုတ် နှင့် စင်ကာပူ နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီ ၂ဝဝ၉ ခုနှစ် နှောင်းပိုင်း ရာထူးမှ
နုတ်ထွက်သွားခဲ့စဉ် ကတည်းက ထိုရာထူးအတွက် နေရာလစ်လပ်လျက် ရှိသည်။

မစ္စတာ ဘန်ကီမွန်းသည် ထိုရာထူးတွင် ခန့်ထာရန်အတွက် ဂျပန်အဆင့်မြင့် သံတမန်တဦးကို ရှာဖွေနေသည် ဟုလည်း


သြဂုတ်လ ပထမပတ်ထဲတွင် ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ဦးနေဝင်း၏ လမ်းစဉ်ပါတီအစိုးရခေတ်၌ ဂျပန်၏
အကူအညီကို ရယူခဲ့ဖူးသည့် သမိုင်းကြောင်း ရှိခဲ့ဖူးသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းကမူ ဂျပန်အစိုးရသည် အနောက်နိုင်ငံများ မြန်မာနိုင်ငံ အပေါ်တွင်


ပိတ်ဆို့အရေးယူသကဲ့သို့လည်း မပြုလုပ်၊ အာဆီယံ နိုင်ငံများကဲ့သို့လည်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး
မူဝါဒကိုလည်း မကျင့်သုံးခဲ့ပဲ ဖွံ့ဖြိုးရေး အကူအညီများပေးခြင်းဖြင့်သာ နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုခဲ့သည်။

မစ္စတာ ဂမ်ဘာရီ၏ ရာထူးအား ဆက်ခံမည့်သူသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား တာဝန်ယူ ကူညီ


ဖြေရှင်းပေးရမည်ဖြစ်ပြီး ထိုရာထူးကို ဂျပန်သံတမန် တဦးဦးက ဆက်ခံသည် ဖြစ်စေ၊ အခြားနိုင်ငံမှ သံတမန် တဦးဦးက
ဆက်ခံသည်ဖြစ်စေ ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်နိုင်စွမ်းသည် အတူတူပင် ဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂ
ပြောရေးဆိုခွင့် ရှိသူမှ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးဟာ တယောက်ချင်းစီ လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။ နောက်ကွယ်မှာ
အလုပ်လုပ်ပေးနေတဲ့သူတွေလည်း ရှိပါတယ်။ အားလုံးရဲ့ မျက်စိရှေ့မှောက်မှာချည်း အရာရာအားလုံးက ဖြစ်ပျက်နေတာ
မဟုတ်ပါဘူး” ဟု ၄င်းကဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။


မြောက်အမေရိကနိုင်ငံများနှင့် ဥရောပအစိုးရများက မြန်မာစစ်အစိုးရ၏ တဘက်သတ်ဆန်သော ရွေးကောက်ပွဲ
အခြေအနေများကို အပြင်းအထန် ဝေဖန်နေချိန်တွင် ဒေသတွင်း နိုင်ငံများကမူ မြန်မာ့နိုင်ငံရေး အခြေအနေ
တည်ငြိမ်တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရင်း စောင့်ကြည့်နေကြသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာမူ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ဆက်လက် ကျခံနေရဆဲ


ဖြစ်ပြီး ရွေးကောက်ပွဲ ဖြစ်စဉ်မှလည်း ပ,ထုတ်ထားခြင်း ခံနေရသည်။ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သည့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာစစ်အာဏာပိုင် များ၏ အနှစ် နှစ်ဆယ်ကျော် နိုင်ငံရေး အငြင်းပွားမှု ဖြစ်စဉ်သည်
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရေးဖြစ်စဉ်ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။
Source:http://www.mizzimaburmese.com/news/world-news/5841-2010-08-10-11-47-47.html

ရဲမွနတ
် ပ်တွင်း အခြေအနေ မအေးသေး
တက်လူ / ၁၀ သြဂုတ် ၂၀၁၀
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်တွင်းတွင် ရဲဘော်များ၏ စုငွေကိစ္စကို ရွေးကောက်ပွဲပြီးမှသာ
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် ဆက်လက်မကျေမနပ်ဖြစ်နေကြသည်ဟု ရဲမွန်တပ်တွင်း
သတင်းများအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲမွန်တွင် ပစ်ခတ်နေကြပြီဟုလည်း ရန်ကုန်တွင် အတည်မပြုနိုင်သည့် သတင်းများ


ထွက်ပေါ်နေသည်။

“သြဂုတ်လ (၈) ရက်နေ့က ရဲမွန်မှာ ပစ်နေခတ်နေကြတယ်လို့တောင် ကြားတယ်။ ဒါပေမယ့် တိတက


ျိကျတော့
မသိရသေးပါဘူး” ဟု ထောက်ကြန့်မြို့ခံတဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ယင်းသို့ ပစ်ခတ်မှုဖြစ်သည်ဆိုသည်မှာ


မဟုတ်ကြောင်း ပြောသည်။

“လူတွေက အပိုတွေပြောတယ်၊ မဟုတ်ဘူး။ ရဲမွန်မှာ ရဲဘော်တွေ စုငွေလိုလို့ တောင်းဆိုတာ ဟုတ်တယ်။ အခုတော့


ဒီကိစ္စကို နေပြည်တော်က ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ လုံခြုံရေးတော့ ချထားတယ်” ဟု ၎င်းက
ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် တတိယပတ်၌ ရဲမွန်တပ်တွင်းတွင် လစာမှ လစဉ်ဖြတ်နေသည့် စုငွေကို ပြန်လည်ရရှိလိုကြောင်း


တပ်မတော်သားများက တောင်းခံမှုပေါ်ပေါက်ခဲ့သဖြင့် ယင်းသို့ လုံခြုံရေးချထားခြင်းဖြစ်ကြောင်း တပ်တွင်းမှ သတင်းများ
ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ရဲမွန်တပ်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားရသည့်အတွက် (၂၂) ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင်


ရန်ကုန်၌ လုံခြုံရေးမတင်းကျပ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းအတွင်း အင်းတိုင်၊ ရဲမွန်၊ ထောက်ကြန့်၊ လှည်းကူးတို့တွင် နေပြည်တော်မှ လုံခြုံရေးအင်အားများ၊


ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အင်အားများ ပိုမိုချထားကြောင်း သိရသည်။

ရန်ကုန်တွင် ရဲမွန်တပ်တွင်း မငြိမ်မသက်ဖြစ်မှုများကို စိတ်ဝင်စားမှုများရှိနေကြပြီး တပ်ကိုတပ်ကပြန်ဝိုင်းသည့်အတွက်


အ၀ိုင်းခံရသော ရဲမွန်တပ်သားများအပေါ် ရန်ကုန်ပြည်သူတို့က ကရုဏာသက်နေကြကြောင်း ရန်ကုန်မြို့ခံအချို့ထံမှ
သိရသည်။

“တပ်ကို တပ်ကလည်းပြန်ဝိုင်းတာပဲ။ အမှန်တော့ ရဲမွန်တပ်ဆိုတာ အစဉ်အလာကောင်းတဲ့ တပ်တခုပဲ။ ဘာလို့လဲဆိုတော့


အဲဒီမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ခေတ္တထိန်းသိမ်းခံရတဲ့လူတွေကို ရဲဘော်တွေက ကိုယ်ချင်းစာစိတ်ထားပြီးတော့
ကူညီမှုတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာရှိခဲ့တာကိုး” ဟု နိုင်ငံရေးသမားဟောင်းတဦးက ပြောသည်။
Source:http://khitpyaing.org/index.php?route=detail&id=3432

ဆင်ဖြူလက်ခသ
ံ ည်အ
့ ခမ်းအနား
ဗိလ
ု ခ
်ျုပ်မှးူ ကြီး မတက်
ရခိုင်ပြည်နယ် မောင်းတော မြို့နယ်မှ ဖမ်းဆီး
ရမိခဲ့သော ဆင်ဖြူကို နေပြည်တော်တွင် လက်ခံသည့်
အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု
တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
ယခင် ရက်ပိုင်းက ရန်ကုန်ရှိ ပန်းလှိုင် ဆေးရုံသို့
အသက် ၇၇ နှစ်အရွယ်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
တက်ရောက် ကုသခံခဲ့ရသည်ဆိုသော သတင်းများ
၉ ရက်နေ့က နေပြည်တော်တွင် ဆင်ဖြူတော် လက်ခံသည့် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့
အခန်းအနားကျင်းပစဉ် (ဓာတ်ပုံ - AP)
မတက်ရောက်နိုင်ခြင်းသည် ကျန်းမာရေး အခြေအနေ ဆိုးရွား နေသောကြောင့် ဖြစ်နိုင်သည်ဆိုသည့် ကောလာဟလ
သတင်းများလည်း ပျံ့နှံ့လျက် ရှိသည်။

ရခိုင်ပြည်နယ်မှ ဆင်ဖြူကို လာရောက်သယ်ယူစဉ် ဆင်ဖြူရသည့် အတွက် ဗိုလ်ချုပ်မှူးကြီးက ၀မ်းသာနေသည်ဟု


ရခိုင်ပြည်နယ် တိုင်းမှူးက သံဃာတော်များအား ပြောဆိုခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့်


ထိပ်တန်း အရာရှိများက ဆင်ဖြူကို ယမန်နေ့က ကြိုဆိုခဲ့ကြပြီး အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြကြောင်း အစိုးရပိုင်
သတင်းစာတွင် ရေးသားထားသည်။

ဆင်ဖြူ၏ အမည်ကို ဘဒ္ဒ၀တီဟု ပေးအပ်ထားကြောင်း၊ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီတော် အရှေ့ဘက်တွင်


ထားရှိမည်ဖြစ်ကြောင်း၊ ဆင်ဖြူသည် ရတနာဆောင်၌ ပျော်ရွှင်စွာ သွားလာနေထိုင်လျက် ရှိကြောင်းလည်း သတင်းတွင်
ပါရှိသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း၊


မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော
ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း သိရသည်။

ယင်းဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနတွင် ဇွန်လ


၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့သည်။

ဆင်ဖြူမ သည် အရပ် ၇ပေ ၄ လက်မ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ၊ အသက် ၃၈ နှစ် ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်


ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့သည်။

ဆင်ဖြူများကို သယ်ဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။


ယခုအခါတွင် ၎င်းသယ်ဆောင်ခဲ့သော ဆင်ဖြူများသည်လည်း လျစ်လျူရှုခံထားရကြောင်း သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3817-2010-08-10-12-03-51

ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူမ နေပြည်တော်သို့ ရောက်ရှိ


ဘဒ္ဒဝတီဟု နအဖ စစ်အစိုးရမှ ဘွဲ့အမည်ပေးထားသော ဆင်ဖြူမသည် ရခိုင်ပြည်နယ်မှ နေပြည်တော်သို့ သြဂတ်စ်လ ၉
ရက်နေ့တွင် ရောက်ရှိသွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ဘဒ္ဒ၀တီကို နေပြည်တော်တွင် အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် အခြား ဝန်ကြီး ၎
ဦးက ကြိုဆိုခဲ့သည်ဟု စစ်အစိုးရပိုင် ကြေးမုံ သတင်းစာက ရေးသား ဖော်ပြသည်။

ဘဒ္ဒ၀တီခေါ် ဆင်ဖြူမကို မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာ အနီးတွင် ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး


ရခိုင်ပြည်နယ်မှ ဖမ်းဆီးရမိသော လေးကောင်မြောက် ဆင်ဖြူ ဖြစ်သည်။

ဆင်ဖြူဆိုသည်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများနှင့်သာ ထိုကတ


် န်သည်ဟု အယူရှိသူ မင်းစိတ် ပေါက်နေသော
နအဖ စစ်ခေါင်းများက သူတို့ နေထိုင်ရာ နေထိုင်ရာ နေပြည်တော်သို့ ယူဆောင်သွားခြင်း ဖြစ်သည်။

ဘဒ္ဒ၀တီကို နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ဝတ္တက မြေနေရာတွင် တည်ဆောက်ထားသော အဆောင်တွင်


ထားရှိသွားမည် ဖြစ်ပြီး သြဂတ်စ် ၈ ရက်နေ့က နေပြည်တော် တပ်ကုန်းတိုက် ပဓာန နာယက ဆရာတော်
ဘဒ္ဒန္တပညာသိရီ အမှူးပြုသော ဆရာတော် သံဃာတော် ၁၈ ပါးတို့က အဆောင်ကို အန္တရာယ်ကင်း ပရိတ်
တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခု ဘဒ္ဒဝတီမှာ ဆင်ဖြူမမှာ အသက် ၃၇ နှစ်ခန့် ရှိပြီး ဖြစ်သည်။ ယခင်က ဖမ်းဆီးရမိသော ရခိုင်က ဆင်ဖြူများမှာ
အထီးတစ်ကောင် အမ နှစ်ကောင် ဖြစ်ကြောင်း သိရသည်။

ဘဒ္ဒ၀တီကို သြဂတ်စ်လ ၁ ရက်နေ့က ဘူးသီးတောင် ဆိပ်ကမ်းမှ ယူဆောင်သွားပြီး ၉ ရက်အကြာတွင် နေပြည်တော်သို့


ရောက်ရှိသွားခြင်း ဖြစ်သည်။
Source:http://www.narinjara.com/detailsbur.asp?id=2663

လိင
ု ဇ
်ာတွင် ကချင်အာဇာနည်နေ့ ကျင်းပ
Tuesday, 10 August 2010 20:09 KNG

၃၅ နှစ်မြောက် ကချင်အာဇာနည်နေ့ (Share Shagan Nhtoi)


အခမ်းအနားများကို အေအိုင်အို ထိန်းချုပ်နယ်မြေ၊ တရုတ်-
မြန်မာနယ်စပ် လိုင်ဇာမြို့ မနောဝင်းတွင် သြဂုတ် ၁၀ရက်နေ့
စည်စည်ကားကား ကျင်းပနိုင်ခဲ့သည်။

“နိုင်ငံတော်အလံကို အလေးပြုတယ်၊ ကျဆုံးလေပြီးသော


အာဇာနည်ခေါင်းဆောင်များကို အလေးပြုတယ်၊
အာဇာနည်ဖြစ်ပေါ်လာတာကို ရှင်းပြခဲ့တယ်” ဟု
တက်ရောက်ခဲ့သူတစ်ဦး ပြောပြသည်။

ပထမဆုံး ကေအိုင်အို ခေါင်းဆောင် လထော် ကချင်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ နှင့် ကျင်းပရခြင်းအကြောင်းရင်းကို


ဇော်ဆိုင်း။ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အရပ်ဖက်အုပ်ချုပ်ရေးဌာန
ဒု-တာဝန်ခံ ဆလန်ကပါ ဒွဲပီဆာ က ရှင်းပြခဲ့ကြောင်း သိရသည်။

ယင်း အခန်းအနားသို့ လိုင်ဇာရှိ ဌာနပေါင်းစုံမှ ကေအိုင်အို အဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူလူထုများ


နာမည်ထည့်သွင်းထားသည့် စာရင်းအရ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

အစောပိုင်း မနက် ၇နာရီကလည်း အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာအထက် Alen Bum စစ်ဌာနချုပ်တွင်


ကေအိုင်အို ခေါင်းဆောင်များ နှင့် ၎င်း၏ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) များ သီးသန့် ကျင်းပခဲ့ပါသည်။

ကချင်အာဇာနည်နေ့ကို အေအိုင်အို၏ ပထမဆုံး ခေါင်းဆောင် လထော်ဇော်ဆိုင်း ကျဆုံးခဲ့သည့် ၁၉၇၅ ခုနှစ် သြဂုတ် ၁၀


ရက်နေ့ကို သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းနေ့တွင် ကျဆုံးခဲ့သည့် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင် အားလုံးကို
အလေးပြု၊ ဂါရဝပြုခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ကေအိုင်အို အောက် ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ၏ ဆုံးဖြတ်ချက်အရ


သြဂုတ်လ ၁၀ရက်နေ့ကို “ကချင်အမျိုးသားအာဇာနည်နေ့” အဖြစ် သက်မှတ်ခဲ့သည်။

ထို့နောက် ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ကချင် အာဇာနည်နေ့ကို ကချင်ပြည်နယ် နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း အဓိက
ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် ကျင်းပပါသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/232-2010-08-10-14-42-14.html

ထိင
ုးနိင
ု င
် က
ံ ATM စက်တချို့တွင် မြန်မာဘာသာ စတင်အသံုး ပြု
ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း တခုဖြစ်သော မြန်မာများက K ဘဏ်ဟု အလွယ် ခေါ်သည့် Kasikorn Bank သည်
၎င်းတို့ ကုမ္ပဏီပိုင် ငွေသွင်း ငွေထုတ်စက် (ATM) များတွင် မြန်မာ ဘာသာကိုပါ ထည့်သွင်း လိုက်ပြီဖြစ်ကြောင်း
သိရှိရသည်။

ယင်းစနစ်ကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် မိတ်ဆက် ပေးခဲ့ပြီး


ယခုလမှစ၍ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု သွားမည် ဖြစ်ကြောင်းလည်း
သိရှိရသည်။

“မြန်မာ အလုပ်သမားတွေ၊ သူတို့ကို အလုပ်ခန့်တဲ့ အလုပ်ရှင်တွေရဲ့


တောင်းဆိုမှု တွေကြောင့် အခုလို မြန်မာ ဘာသာကို ထည့်သွင်းရခြင်း
ဖြစ်ပါတယ်။ အခု အချိန်မှာတော့ ATM စက် အလုံး ၁၀၀ ကိုပဲ
မြန်မာဘာသာ ထည့်သွင်း ရပါသေးတယ်။ နောက်ထပ်
ထည့်သွင်းထားသည့် ATM စက် တလုံး
စက်တွေထဲမှာလည်း ထပ်မံထည့်သွင်း သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု
(ဓာတ်ပုံ - Bangkokpost)
Kasikorn Bank ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဝီရာဝပ်
ပန်တဝမ်ခွန်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာဘာသာ ထည့်သွင့်ထားသည့် ATM စက်များ၏ ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသား ငါးဖမ်းအလုပ်သမားများ


နေထိုင်ကြသည့် ဆမွတ် ဆခွန် အရပ်၌ လည်းကောင်း၊ ကျန်သည့် စက်များကို ပက်ချဘူရီ၊ ပရာချွတ် ကီရီခန်၊ ရနောင်း
နှင့် တရပ် ခရိုင်တို့တွင် ထားရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာနိုင်ငံမှ မိသားစုများထံသို့ ငွေလွှဲပို့ပေးရာတွင် ထိုင်း -
မြန်မာ နယ်စပ်မြို့များရှိ ငွေကြေး ပို့ဆောင်ပေးသော ပွဲစားများထံသို့ ဘဏ်စနစ်ဖြင့် လွှဲပို့ပေးသည်။ ထိုပွဲစားများမှတဆင့်
မြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်ရာ မြို့များအလိုက် ပြန်လည် လွှဲပို့ ပေးကြသည်။

ငွေလွှဲပို့ခြင်းကို လုပ်ကိုင်နေသည့် တာချီလိတ်မြို့မှ အမျိုးသမီး တဦးက “ချင်းမိုင်၊ ဘန်ကောက်၊ ပတ္တရား လိုမြို့တွေကနေ


ပိုက်ဆံလွှဲလာရင် ကျမတို့က မယ်ဆိုင်ဘက်ကမ်းကို ကူးပြီး သွားထုတ်တယ်။ ပြီးရင် ဒီဘက် မြန်မာနိုင်ငံက ဘဏ်နဲ့ သူတို့
လွှဲချင်တဲ့ မြို့တွေဆီကို ပြန်လွှဲပေးပါတယ်။ မယ်ဆိုင်က ATM စက်တွေမှာလည်း မြန်မာဘာသာ ထည့်ပေးနိုင်ရင်တော့
ပိုကောင်းတာပေါ့။ ကျမတို့ဆိုရင် ထိုင်းစာ မတတ်ဘူး။ အင်္ဂလိပ်လိုလည်း မကျွမ်းကျင်ဘူး။ သူများတွေ သင်ပေးထားတဲ့
ပုံသေနည်းအတိုင်းပဲ ငွေသွင်းငွေထုတ် လုပ်နေကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။

သူ့ထံမှတဆင့် တလလျှင် မြန်မာနိုင်ငံသား၂၀ ခန့်၏ ငွေများကို လွှဲပို့ပေးနေရကြောင်း၊ တာချီလိတ်မြို့တွင် ငွေလွှဲပို့ခြင်းကို


လုပ်ဆောင်ပေးနေသူများမှာ ၃၀ မှ ၅၀ ခန့် ရှိကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။

ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား တဦးက “အဲဒီလို နယ်စပ်က လွှဲတာက လွယ်တယ်။ ပွဲစားတွေကို


ဘတ် ၃၅၀၀ ပေးလိုက်ရင် မြန်မာနိုင်ငံဘက်မှာ တသိန်း ထုတ်ယူလို့ ရပြီ” ဟု ဆိုသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၅ သန်းခန့်ကို ထိုင်းစီးပွားရေး ကုမ္ပဏီများက ပစ်မှတ်ထားကာ


ထည့်သွင်း စဉ်းစားလာကြကြောင်း တွေ့ရသည်။တယ်လီဖုန်းခေါ်ဆိုသည့် ဝန်ဆောင်မှုပေးနေသော ကုမဏ
ၸ ီ True Move
သည်လည်း မကြာသေးခင်မှ စတင်၍ လက်ကမ်း စာစောင်များတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရိုက်နှိပ်
ကြော်ငြာလာသည်။

တခြား နာမည်ကြီး တယ်လီဖုန်း ကုမဏ


္ပီတခုဖြစ်သော Dtac ကုမ္ပဏီတွင်လည်း မြန်မာစကား ပြောနိုင်သည့် တယ်လီဖုန်း
အော်ပရေတာများ ထားရှိခြင်း၊ မြန်မာ တေးသီချင်းများ ထည့်သွင်းပေးခြင်း၊ မြန်မာနိုင်ငံတွင်းသို့ ခေါ်ဆိုခများ
လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနေသည်။

ဘန်ကောက်မြို့ရှိ မြန်မာအများစုနေထိုင်သော ရပ်ကွက်များတွင်လည်း ကြော်ငြာ ဆိုင်းဘုတ်များ၊ ကုန်ပစ္စည်း ဈေးနှုန်းများ


ကို မြန်မာဘာသာများဖြင့် ရေးသားလာကြကြောင်း ဘန်ကောက် မြို့ခံများက ဆိုသည်။

အတည်မပြုနိုင်သည့် သတင်းများအရ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးတေဇ က မကြာသေးမီက


စတင် ဖွင့်လှစ်လိုက်သည့် ၎င်းပိုင် ဘဏ်များသည် ထိုင်းနိုင်ငံမှ ဘဏ်များနှင့် ချိတ်ဆက်ကာ နိုင်ငံခြား
ငွေကြေးဈေးကွက်ကိုပါ ထိုးဖောက် ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအဖို့ လည်ပတ်ရန်၊ ဈေးဝယ်ထွက်ရန်၊ ပညာသင်ရန်နှင့် အလုပ်လုပ်ရန်


နိုင်ငံကောင်းတခုအဖြစ် လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်၍ ရေပန်းစားခဲ့သည်။

နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ် (ရန်ကုန်) တွင်လည်း ယခုနှစ်မှ စတင်ကာ ထိုင်းဘာသာရပ်ကို စတင်


ထည့်သွင်းသင်ကြား သွားမည်ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် အရှေ့တောင် အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံသို့ ဒုတိယ အများဆုံး ဝင်ရောက်သူများ


ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တလလျင် ပျမ်းမျှ လူဦးရေ ၅၀၀၀ မှ ၈၀၀၀ အထိ
ဝင်ရောက်ကြကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3813--atm-

မြဝတီနယ်စပ် ပိတထ
်ားသဖြင့် တနေ့ဒေါ်လာ ၃ သန်းနီးပါး ထိင
ုး ဆံုး ရှုံး
ထိုင်းနိုင်ငံတဖက်ကမ်း မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံဖက်က မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ၂ နိုင်ငံ ချစ်ကြည်ရေး
တံတားကို မြန်မာဖက်က ဆက်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဖက်မှာ တနေ့ကို အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး
ဆုံးရှုံးနစ်နာနေရတယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတား ဖွင့်ထားသည့်


အချိန်များတွင် အထုပ်အပိုးများဖြင့် ဖြတ်ကူးနေသော မြန်မာများ ဖြစ်ပါသည်။ (Photo: AFP)

မြဝတီ-မဲဆောက်တံတား ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဖက်က တနေ့ကို အမေရိကန် ဒေါ်လာ ၂


သန်း ၇ သိန်းနီးပါးနဲ့ ညီမျှတဲ့ ဘတ်ငွေ ၈၈ သန်း ဆုံးရှုံးနေရတယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဘား နာကာစိုင်းက
ဗန်ကောက် စီးပွားရေးသတင်းဌာနတခုကို ဩဂုတ်လ ၉ ရက် မနေ့က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ


အခုလထဲ ကျင်းပမယ့် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာဖက်က ကုန်သွယ်ရေးဝန်ကြီးနဲ့
ဆွေးနွေးမယ်လို့ မစ္စ ပွန်တီဘားက ပြောပါတယ်။

မြန်မာနဲ့ ကုန်သွယ်ရေးကိစ္စအပြင် အလုပ်သမားကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးမယ်လို့လည်း သိရပါတယ်။


ထိုင်းနိုင်ငံစက်မှုလုပ်ငန်းတွေဟာ မြန်မာနယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရသလို တဖက်ကလည်း
အလုပ်သမားရှားပါးမှုအတွက် မြန်မာအလုပ်သမားတွေကို အားထားနေရတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာ နယ်ခြားထားတဲ့ သောင်ရင်းမြစ်မှာ ထိုင်းဖက်က ကမ်းထိန်းတာတွေကို ဆောက်လုပ်တာကို ကန်ကွက်ပြီး


မြန်မာဖက်က ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တံတားကို ပိတ်ထားခဲ့ပါတယ်။ ဒီလိုပိတ်လိုက်တဲ့အတွက် ထိုင်း
စီးပွားရေးလုပ်ငန်းတွေ နည်းတူ ဒေသခံမြန်မာတွေရဲ့ နေ့စဉ်ဘဝတွေကိုလည်း ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ်အခြေစိုက် မြန်မာတွေရဲ့ အဆိုအရ အရင်က အခုလို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို မြန်မာဖက်က
အကြိမ်ကြိမ် ပိတ်ခဲ့ဖူးပေမယ့် ထိုင်းဝန်ကြီးချုပ်အဆင့်က ဝင်ရောက် ပြောကြားတာတွေ ရှိတဲ့အထိ အဖြစ်မျိုး
မကြုံဖူးတဲ့အတွက် နောက်ကွယ်မှာ နိုင်ငံရေးပါတယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/thai_losing_3_million_a_day_in_border_trade-
08102010165421.html
ပြည်သူထောက်ခံမှုရရှေ
ိ ရးအတွက် စစ်တပ်က ဒေသခံများထံ အခမဲ့
ဆား ဖြန့်ဝေ

ခိုနူမ်းထုန်သတင်း၊ ၁၀ သြဂုတ် ၂၀၁၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အခြေချထားသည့် စစ်တပ်က ပြည်သူထောက်ခံမှုရရှိရေးအတွက် အခုတလော


ဒေသအတွင်း ဆားများ အခမဲ့ဖြန့်ဝေလျက်ရှိသည်ဟု သိရသည်။

ခလရ ၂၃၃ တပ်ရင်း၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ တပ်စခန်းမှ ဒုတိယ တပ်မှူးကတပ်နယ်အတွင်း ကျေးရွာ အုပ်စု ၈
အုပ်စုအတွင်း တအုပ်စုလျှင် ဆား ၂၅ အိတ်စီ အခမဲ့ဖြန့်ဝေပေးထားခြင်းဖြစ်သည်။

“တပ်မှူးက ကျတော်တို့ ရယက အဖွဲ့တွေကို ခေါ်ပြီး ဆား ၂၅ အိပ်စီ အခမဲ့ထုတ်ပေးတယ် ” ဟု ဒေသခံ ရယက
အဖွဲ့ဝင်တဦးက ပြောသည်။

ဆားတပိသာ၏ ကာလပေါက်ဈေးသည် ကျပ်ငွေ ၁၂၀၀⁄- ဖြစ်ပြီး ဆား တအိတ်တွင်အနည်းဆုံး ဆားပိသာ ၂၀


ခန့်ရှိသည်။

ယခုကဲ့သို့ စစ်တပ်က ဆားအခမဲ့ဖြန့်ဝေခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ တွင် ယူအက်စ်ဒီပီ ပါတီမဲပေးရေး


အတွက်ပြည်သူအား စည်းရုံးခြင်း ဖြစ်သည်ဟုဒေသခံများက ပြောဆိုကြသည်။

“စစ်တပ်က တလျှောက်လုံး ဒီလိုမျိုး ဆားတွေဘာတွေ အခမဲ့ ဖြန့်ဝေ တာမရှိဘူး၊ ဒေသခံကျေးရွာတွေကို တလ


ကြက်တပိသာပုံမှန် တောင်း တာပဲရှိတယ်” ဟု ဒေသခံတဦးကပြောသည်။

အလားတူ ထန်တလန်မြို.နယ် လုံလဲရ်ကျေးရွာအခြေစိုက် တပ်သားများက တပ်နယ်မြေအတွင်း ဒေသခံများအား အခမဲ့


ဆေးဝါးကုသမှုများ ယခုလ ဆန်းပိုင်းက လုပ်ဆောင်ခဲ့ပြီး လူနာများကိုလည်း အခမဲ့ဖြင့် ဆေးဝါးပေး အပ်ခဲ့ ကြောင်း
သိရသည်။

Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1281437618&archive=&start_from=&ucat=1&

အင်းလေးကန် တိမေ
် ကာလာမှုအတွက် ထိန်း သိမ်း ရေးအဖွေ
ဲ့ ခ်ါယူရန် စီစဉ်

တက်လူ / ၁၀ သြဂုတ် ၂၀၁၀

အင်းလေးကန် ရေခန်းခြောက်မှုအတွက်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို
ခေါ်ယူပြသရတော့မည်ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ
ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင်


ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ
ရရှိတော့မည်ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူပြသရန်
စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေးတွေကို လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။


သူတို့က အတွေ့အကြုံလည်းရှိတယ်။ အဲဒီအတွက် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ထိန်းသိမ်းရေးအသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့မဟုတ်ကြောင်း၊ လောလောဆယ်


အဖွဲ့၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး
ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ပတ်သက်ရင်


နိုင်ငံတော်ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက
ဆက်လက်ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေးလုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်နေသည့်


စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်တစား ပါဝင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော


ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ
ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ


လက်ရှိအင်းလေးရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင်
အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။


အခုမပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ
ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေး


စိတ်ဝင်စားသူများက ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ


ယခုနှစ်တွင် မိုးရာသီဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျမသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး
ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွားအရေအတွက် လျော့ကျမှုမရှိခြင်းဖြစ်ကြောင်း


ခရီးသွားဧည့်လမ်းညွှန်တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်းမဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း


ပျောက်နိုင်တဲ့ပြယုဂ်တခုပါ။ ဒါကို အရေးတကြီးလုပ်ဖို့ကျတော့ အစိုးရအနေနဲ့ပဲ အဓိကကျတယ်လေ။ ကျနော်တို့လို
ဧည့်လမ်းညွှန်တွေကို လာတဲ့ဧည့်သည်တွေက ဘာ့ကြောင့်မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့်
အခုလိုထားတာလဲလို့ မေးလာရင် ဖြေဖို့စကားမရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ်


အင်းအိုင်ကြီးတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။
တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ်
အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး
ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

Source:http://khitpyaing.org/index.php?route=detail&id=3429

ကြက်သွနန
်ေ
ီ ဈး ထိန်း ပေးရန် တောင်သမ
ျူား ဗိလ
ု ခ
်ျုပ်မှးူ ကြီးထံ စာပို့
အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင်ထား သည့်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ်
တားဆီး ပေးရန် ကြက်သွန်စိုက် တောင်သူများ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယနေ့ စာရေးသားပေး ပို့လိုက်ကြောင်း
သတင်းရရှိသည်။
ကြက်သွန်နီ ပြည်ပ တင်ပို့ခွင့်မရသည့်အတွက် ဈေးနှုန်း
အလွန်အမင်း ကျဆင်းပြီး အရှုံးပေါ်နေကြောင်း၊
ထိုအကျိုးဆက်အဖြစ် တောင်သူ များမှာ
စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊
ကျန်းမာရေးပိုင်းတွင် အခက်အခဲများ
ဖြစ်ပေါ်လာကြောင်း၊ ဈေးနှုန်းသင့်တင့်သည့်
ကြက်သွန်ဈေးကွက် ပြန်လည် ဖြစ်ပေါ်လာရေးအတွက်
ပြည်ပတင်ပို့ခွင့်ပြုရန် တောင်းဆိုကြောင်း
စသည်အချက်များကို ဗိုလ်ချုပ်မှူးကြီးထံ ပေးစာတွင်
ရေးသားထားသည်ဟု ရေနံချောင်းမြို့နယ်မှ
တောင်သူတဦးက ဧရာဝတီသို့ပြောသည်။

ံမြစ်ကမ်းနဖူးရှိ ခေါင်းရွက်ဗျပ်ထိုး ကုန်ခြောက်သည် (ဓာတ်ပုံ -


“လက်ရှိအနေအထားက ရှုံးတယ်ဆိုတာထက်
ဧရာဝတီ)
ဆိုးတယ်။ အရင်းအနှီးရော ဘာရော လုံးဝ ဆုံးသွားတာ။
၁၀၀ ကျပ်ရင်းလို့ ၃၀ ကျပ် လောက်ပြန်ရရင် တော်သေးတယ်။ အခု လုံးလုံး ဆုံးသွားတာ” ဟု ၎င်းက ဆိုသည်။

ပေးစာကို လက်မှတ်ရေးထိုးရာတွင် အဓိက ကြက်သွန်စိုက်ရာ ဒေသကြီးများ ဖြစ်သည့် ရေနံချောင်း၊ စလင်း၊ ချောက်မြို့


နယ်အတွင်းရှိ တောင်သူ ၅၀ ဦး ပါကြောင်း၊ စာကို ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူပြီး ရေနံချောင်းစာတိုက်မှ ယနေ့
ပေးပို့ကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးမှု တစုံတရာမရှိလျင် ဧရာဝတီမြစ်အတွင်းသို့ ကြက်သွန်များကို မျှောချပြီး


ဆန္ဒပြမှု ပြုလုပ်မည်ဟု အဆိုပါ တောင်သူက ပြောသည်။

ကြက်သွန်ကို ယမန်နှစ်က ပြည်ပသို့ တင်ပို့ခွင့်ပေးသည့် အတွက် တပိဿာလျှင် ၁၄၀၀ ကျပ်ခန့်အထိ


ဈေးပေါက်ခဲ့ကြောင်း၊ ထိုကြောင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုများပြားပြီး အထွက်လည်း ပိုမိုကောင်းမွန်သောကြောင့်
ပြည်တွင်းစားသုံးရန် ဖူလုံရုံမက ပိုလျှံနေသေးကြောင်း သိရသည်။

ယခုအခါ ကြက်သွန်စိုက်ပျိုးသည့်ရာသီ နီးကပ်လာသော်လည်း စိုက်ပျိုးမည့်သူ မရှိသည့်အတွက် မျိုးစေ့နှင့် မျိုးဥ


အရောင်းအ၀ယ် မရှိကြောင်း ရေနံချောင်းမြို့ရှိ စိုက်ပျိုးရေးပစ္စည်း ရောင်းဝယ်သည့် ဆိုင်ရှင်တဦးက ပြောသည်။

တောင်သူများ၏ ကြက်သွန် စိုက်ပျိုးစရိတ်မှာ တပိဿာလျှင် ၃၀၀ ကျပ်နှုန်းခန့် ကုန်ကျသော်လည်း စတင်ထွက်ရှိချိန်တွင်


ပေါက်ဈေးမှာ ၂၀၀ ကျပ်သာရှိသည့်အတွက် အရှုံးနှင့်ပင် စတင်သည်ဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယခု လက်ရှိပေါက်ဈေးမှာ အကောင်းစား ကြက်သွန် တပိဿာလျှင် ၁၀၀ ကျပ်၊ အလတ်စားမှာ ၈၀ ကျပ်ဈေးသာပေး၍


ကုန်သည်ပွဲစားများက တောင်သူများထံမှ ၀ယ်ယူသည်ဟု သိရသည်။

ရေနံချောင်းမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် ရောင်းချနေသည့် ဈေးနှုန်းမှာ ရွေးချယ် သန့်စင်ထားသည့် ကြက်သွန်


တပိဿာလျှင် ၁၅၀ ကျပ်သာရှိကြောင်း၊ သို့သော် ပြည်တွင်းဝယ်လိုအားမှာ နည်းပါးသည့်အတွက် အရောင်းအ၀ယ်
မကောင်းကြောင်း စလင်းမြို့နယ်ရှိ ကြက်သွန်ပွဲရုံ ပိုင်ရှင်တဦးကလည်း ပြောသည်။

“၀ယ်သူ မရှိ၊ ရောင်းလို့ မကုန်၊ စားလို့ မကုန်ရင်တော့ မြစ်ထဲကို သွန်ရတော့မှာပေါ့။ တချို့နယ်တွေဆိုရင်


အသံချဲ့စက်တွေနဲ့ စားချင်တဲ့သူတွေ လာယူဖို့ အော်ခေါ်ပြီး အလကားပေးနေတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ ဈေးများတွင်လည်း ကြက်သွန်နီ ၅ ပိဿာ ဝယ်ယူပါက ၁၀ ပိဿာ အလကားပေးမည်ဟု နောက်ပြောင်


ပြောဆိုနေကြကြောင်း သိရသည်။

ကြက်သွန်ကို တခြားသော စိုက်ပျိုးရေး ထွက်ကုန်များကဲ့သို့ အိတ်သွတ်ပြီး သိုလှောင်ထား၍ မရကြောင်း၊


အဆောက်အဦတွင် ဖြန့်ခင်းထားရသည့်အတွက် နေရာအကျယ်အ၀န်းနှင့် အဆောက်အဦများစွာ လိုကြောင်း၊
ယခုအခါတွင် ကြက်သွန်များမှ အနံ့ဆိုးများ ထွက်လာသည့်အတွက် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်များတွင်
မြစ်အတွင်းသို့ သွန်ခြင်း၊ မြေသြဇာအတွက် မြေမြှုပ်ခြင်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါ ပွဲရုံပိုင်ရှင်က
ပြောသည်။

ကြက်သွန်မှာ တခြားသော စိုက်ပျိုးသီးနှံများကဲ့သို့ ကြာရှည်သိုလှောင်နိုင်သည့် ကုန်ပစ္စည်းမျိုးမဟုတ်ဘဲ


အစိုဓာတ်ရှိသည့်အတွက် ရက်ရှည်ကြာလျှင် ခြောက်သွေ့ပြီး ပိဿာ ၁၀၀ လှောင်ထားလျှင် ရက်ကြာလာပါက ပိဿာ ၆၀
ခန့်သာ အလေးချိန် ကျန်ရှိသည့်အတွက် တောင်သူများ ပိုမိုအရှုံးပေါ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် စစ်အစိုးရက ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏သား ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီနှင့် တခြားသော


ကုမ္ပဏီကြီးများကို ပြည်ပတင်ပို့ခွင့်လိုင်စင်များ ထုတ်ပေးပြီး ကြက်သွန်စိုက်ဒေသများတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ
လုပ်ကိုင်စေခဲ့သည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ယမန်နှစ်များက တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အများဆုံးတင်ပို့ပြီး


လာမည့်နှစ်တွင် ကြက်သွန်စိုက်ဧက လျော့ကျ၍ ကြက်သွန်ဈေးနှုန်း မြင့်တက်နိုင်သည်ဟု ကြက်သွန်လုပ်ငန်း
လုပ်ကိုင်သူများက ခန့်မှန်းပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်ကို တနှစ်လျင် နှစ်ကြိမ်စိုက်ပျိုးပြီး ယခုလာမည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် တကြိမ်၊
ဇန်န၀ါရီလ ချောင်းရေကျသွားချိန် ပေါ်ထွန်းလာသည့် သောင်ခုံတွင် တကြိမ် စိုက်ပျိုးလေ့ရှိသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3815-2010-08-10-11-18-03

နယ်ဧည့သ
် ည်များ အိမေ
် ထာင်စစ
ုာရင်းလုပြ် ကရ
မျိုးချစ်သူ / ၁၀ သြဂုတ် ၂၀၁၀

ရန်ကုန်မြို့တွင် (၁) လထက်ပိုနေသော နယ်ဧည့်သည်များသည် အိမ်ထောင်စုစာရင်း ပြုလုပ်ရမည်ဖြစ်ကြောင်း


ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

အဆိုပါလုပ်ရပ်သည် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်မည်ဟု


ရန်ကုန်မြို့ခံများက ထင်မြင်ချက်ပေးကြသည်။

“လဝက အနေနဲ့ ရပ်ကွက်မှာနေတဲ့ လူနေဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို တိတက


ျိကျဖြစ်ဖို့အတွက် အရေအတွက်
ကောက်တာလို့ ကျမတို့ကြားရတယ်။ ၂၀၀၈ ခုနှစ်ကလည်း မဲမပေးခင် အဲဒီလိုပဲ လုပ်ခဲ့ရတာပဲ” ဟု ရန်ကုန်တိုင်း
ကျောက်တံတားမြို့နယ် အမှတ် (၃) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူကမူ ဧည့်စာရင်းတိုင်နေထိုင်သူများအနေဖြင့်


တပတ်တခါ သွားရောက်ဧည့်စာရင်းတိုင်ရန် မလိုအောင် ပြုလုပ်စီစဉ်ခြင်းဖြစ်ကြောင်း ပြောသည်။

ရန်ကုန်သို့ အနယ်နယ်အရပ်ရပ်မှ လာသောသူများတွင် ၀န်ထမ်းနှင့် ကျောင်းသား အများဆုံးဖြစ်ပြီး ၎င်းတို့အနေဖြင့်


အိမ်ထောင်စုစာရင်းအသစ် လုပ်ဆောင်နေရခြင်းဖြစ်သည်။

“အရင်ကတော့ တပတ်တခါ တိုင်ရတာဆိုတော့ အလုပ်ရှုပ်တာပေါ့။ အခုတော့


အိမ်ထောင်စုစာရင်းလုပ်ပေးတဲ့အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အိမ်ထောင်စုစာရင်းအတွက် ငွေ (၅,၀၀၀)
ပေးရတယ်လေ” ဟု ရန်ကင်းမြို့နယ်မှ တိုက်ခန်းငှားနေသူတဦးက ပြောသည်။

တိုက်ခန်းငှားနေသူများ၊ အိမ်ခန်းငှားနေသူများအနေဖြင့် (၁) လကျော်နေထိုင်ပါက အိမ်ထောင်စုစာရင်းပြုလုပ်ရာတွင်


မှတ်ပုံတင်နံပါတ်၊ နေထိုင်ရာဇာတိလိပ်စာ၊ လက်ရှိနေသည့်လိပ်စာ မိဘအမည်နှင့် ရန်ကုန်ရှိအလုပ်အကိုင်တို့ကို
ပေးရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တွင် အိမ်ထောင်စုစာရင်းများကို ကြံ့ဖွံ့က ရပ်ကွက်ရုံး (ရယက) နှင့်ပေါင်းကာ


ကောက်ယူခဲ့သေးသည်။

ရပ်ကွက်ကြံ့ဖွံ့ရုံးများမှတဆင့် မိသားစုတိုင်းရှိ (၁၈) နှစ်အထက် လူကြီးလူငယ်များကို နာမည်စာရင်းကောက်ယူကာ


စာရင်းပြုစုထားခြင်းဖြစ်ကြောင်း၊ ယင်းကို မြို့နယ်တိုင်းတွင်ရှိသော ရပ်ကွက်များအလိုက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ မကျင်းပမီတွင် ယင်းသို့
လူစာရင်းများကောက်ခြင်း၊ အိမ်ထောင်စုစာရင်းများ လုပ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

“အခုလည်း၂၀၀၈ အတိုင်း လုပ်နေတာလား မပြောတတ်တော့ဘူး၊ သူတို့ကတော့ ဘာပဲလုပ်လုပ် ရွေးကောက်ပွဲကို


ဦးတည်ပြီး လုပ်နေတယ်ဆတ
ိုာ ပေါ်လွင်တယ်။ လူတွေကလည်း သူတို့ဘာလုပ်လုပ် သိနေမြင်နေတတ်ပြီ” ဟု
ဝါရင့်သတင်းစာဆရာတဦးက ပြောသည်။

ရန်ကုန်တွင် တိုက်ခန်း၊ အိမ်ခန်း ငှားရမ်းနေထိုင်သူများသည် အနည်းဆုံး (၃) လမှ အများဆုံး (၁) နှစ်စာချုပ်ဖြင့်
ငှားရမ်းနေထိုင်သူများဖြစ်ကြသည်။

Source:http://khitpyaing.org/index.php?route=detail&id=3433

You might also like