Professional Documents
Culture Documents
နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရ ကြိုးစားနေတဲ့အပေါ် ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး
စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ငြင်းဆိုခြင်း၊ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်တပ်ဖွဲ့များအား သြဂုတ်လအတွင်း နယ်ခြားစောင့်တပ်
ဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ကြိုးစားနေခြင်းများနဲ့အတူ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေများဟာ မတည်မငြိမ်
ဖြစ်နေပါတယ်။ တနာရီတမျိုးဆိုသလို သတင်းမျိုးစုံ ဆက်တိုက် ထွက်ပေါ်နေတယ်လို့လည်း ဒေသဆိုင်ရာသတင်းရပ်ကွက်များက
ဆိုပါတယ်။ ဒ့ါကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဒေသဆိုင်ရာ အခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေများနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား
အစည်းအရုံးရဲ့ အမြင်များကို သိရှိနိုင်ဖို့ ယနေ့မြန်မာသတင်းဌာနက ကရင်အမျိုးသား အစည်းအရုံး ဒု ဥက္ကဋ္ဌ စော ဒေးဗစ်တာကပေါကို ၂၀၁၀
သြဂုတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ခင်ဗျ။ အခုအချိန်မှာ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး စောလားပွယ်
(ဗိုလ်နှုတ်ခမ်းမွှေး) က နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ငြင်းဆန်ခြင်း အပါအ၀င် နယ်စပ်အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ သိရပါတယ်
ခင်ဗျ။ အခု လက်ရှိ အခြေအနေတွေကို ကရင် အမျိုးသား အစည်းအရုံးအနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ ခင်ဗျ။
စော ဒေးဗစ် တာကပေါ။ ။ အဲဒီကိစ္စက ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွ့က
ဲ ဒီကေဘီအေ (ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ထဲက
တပ်ဖွဲ့တခုပေါ့ဗျာ။ သူတို့အနေနဲ့က နယ်ခြားစောင့်တပ်အဖြစ် နအဖက ပြောင်းခိုင်းတာကို သူတို့အနေနဲ့ လက်မခံဘူး ပေါ့။
လက်မခံဘူးဆိုတာက နယ်ခြားစောင့်တပ်က နအဖရဲ့ရုပ်သေးဖြစ်ဖို့ အလားအလာရှိတာ ကိုး။ ဒ့ါကြောင့် သူတို့အနေနဲ့ လက်မခံတာ
ဖြစ်ပါတယ်။ ဒါက သူတို့က ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး မူကို ကိုင်ထားတဲ့ သဘော ပါ။
ယနေ့မြန်မာ။ ။ ကျွန်တော်တို့ နယ်စပ်က ကြားရတဲ့သတင်းတွေအရဆိုရင် ဒီကေဘီအေတပ်က လက်အောက်ငယ်သားတွေကလည်း
နယ်ခြားစောင့်တပ် ဖွဲ့မှာကို စိတ် မချမ်းမြေ့ကြဘူး။ တပ်က ထွက်ချင်ပေမယ့် ထွက်လို့ မရတာတွေ။ တချို့ကတော့လည်း ကရင့်ယူနီဖောင်းကို
ချွတ်ပြီး စစ်အစိုးရယူနီဖောင်းကို ၀တ်ရမှာ မနှစ်သက်ကြတာတွေ၊ တချို့ကျတော့လည်း ထွက်ပြေးချင်ပေမယ့် မိသားစု အခြေအနေအရ ထွက်
မပြေးနိုင်တာတွေ ရှိနေတယ်လို့ သိရပါတယ် ခင်ဗျ။ အဲဒီ အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ ခင်ဗျ။
စော ဒေးဗစ် တာကပေါ။ ။ အဲဒါက တချို့လည်း အိမ်တွေ ယာတွေနဲ့ ပေါ့ဗျာ။ နအဖက စီးပွားရေးအခွင့်အရေးတွေ ပေးပြီး
လာဘ်ထိုးတာပေါ့ ဗျာ။ အဲဒီ အခွင့်အရေးတွေ ရပြီးသားသူတွေအနေနဲ့ သူတို့အနေနဲ့က နယ်ခြားစောင့်တပ်ကို လက်မခံချင်ဘူးပေါ့ ဗျာ။
ဥပမာ နှုတ်ခမ်းမွှေးက လက်မခံဘူး။ နှုတ်ခမ်းမွှေးရဲ့ ဒု ခေါင်းဆောင်က လက်ခံမယ် ဖြစ်နေတယ်။ အခြေအနေက တော်တော် ရှုပ်တယ် ဗျ။
နအဖကလည်း ရွေးကောက်ပွဲမတိုင်ခင် ဖိအားပေးပြီး လုပ်ခိုင်းမယ့်သဘော ရှိတယ်။ အဲဒီတော့ စစ်တပ်တွေ ဘာတွေ ပို့တယ် ပေါ့ဗျာ။
လက်မခံရင် တိုက်မယ် ပေါ့။ တိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ကတော့ ဒါက ကိုယ့်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စ ကိုး။ နှုတ်ခမ်းမွှေးတို့က
တိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ကတော့ ကူညီရမှာပေါ့။
ယနေ့မြန်မာ။ ။ ဗိုလ်နှုတ်ခမ်းမွှေးကို တိုက်မယ်ဆိုရင် အဲဒီဒေသက ဖဒိုတို့ရဲ့ တပ်မဟာ ၆ နယ်မြေ ဖြစ်နေတော့ ဗိုလ်နှုတ်ခမ်းမွှေးကို
တိုက်မယ်လို့ အကြောင်းပြပြီး ဖဒိုတို့ကို ဦးတည် တိုက်မယ့်သဘော ရှိတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ် ခင်ဗျ။ ဒီတခေါက်
တိုက်ရင်တော့ ဒီကေဘီအေကို နယ်ခြားစောင့်တပ် ပြောင်းပြီး အဲဒီလူတွေကို ရှေ့ကထား တိုက်မယ်လို့ ပြောကြတာတွေလည်း ရှိပါတယ်
ခင်ဗျ။ ဖဒိုတို့ရော ဘယ်လိုသတင်းတွေ ကြားပါသလဲ ခင်ဗျ။
စော ဒေးဗစ် တာကပေါ။ ။ ပြဿနာက အဲဒီလို စစ်ရေးအရ ဖြစ်လာပြီဆိုရင် အပစ်အခတ် အနာအကျင် အနည်းဆုံးဖြစ်အောင်တော့
ကျွန်တော်တို့ ကြိုးစားရမှာပေါ့။ နအဖကလည်း တိုက်မယ်ဆိုပေမယ့် သိတ်တော့ မတိုက်နိုင်ပါဘူး။ သူတို့တပ်တွင်းမှာကိုက မကျေနပ်မှုတွေ
အများကြီး ဖြစ်နေပါတယ်။ ဘယ်လို ကြားသလဲဆိုတော့ တပ်တွင်းမှာက နအဖ ရွေးကောက်ပွဲကိုတောင် လက်မခံချင်တဲ့ တပ်သားတွေ၊
ဒီမိုကရေစီသဘောတရားကို လက်ခံတဲ့ တပ်သားတွေ အများကြီး ဖြစ်နေတယ်။ နောက်တခုက သူတို့ လခလည်း မလောက်ဘူးပေါ့ဗျာ။
ယနေ့မြန်မာ။ ။ နအဖဟာ အခုအချိန်မှာ တိုင်းရင်းသားဒေသတွေမှာ တပ်တွေ နေရာချထားတယ်။ ဒါပေမယ့် ကရင်ဒေသအပါအ၀င်
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ရှိနေတဲ့ ဒေသက နအဖတပ်တွင်းမှာ ပြဿနာတွေ ရှိနေတယ်။ ရဲမွန်တပ်မြို့မှာ စုဆောင်းငွေ
ပြန်တောင်းတာတွေ ဖြစ်နေတယ်။ ရဲတွေကိုယ်တိုင်ကလည်း စားဝတ်နေရေး မပြေမလည် ဖြစ်နေကြတယ်။ အခု တပ်တွင်းမှာ
ဖြစ်ပျက်နေကြတဲ့ ပြဿနာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပြေလည်သွားနိုင်ပါသလား ခင်ဗျ။ တချို့တွေကလည်း
နယ်ခြားစောင့်တပ်ကိစ္စ အပါအ၀င် ပိုမို ရှုပ်ထွေးနိုင်စရာ ရှိတယ်လို့ ဆိုကြတာ ရှိပါတယ်။
စော ဒေးဗစ် တာကပေါ။ ။ ကျွန်တော်တို့ တောက်လျောက် ပြောခဲ့တာပဲ။ နအဖက လမ်းပြမြေပုံကြီးက ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို
ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။ ဒါက လူတစု ပေါ့ဗျာ၊ ဗိုလ်ချုပ်တစု အာဏာတည်မြဲရေးအတွက် အကွက်ဆင်ထားတဲ့ လမ်းပြမြေပုံ ဖြစ်နေတယ်။
အခြေခံဥပဒေကိုလည်း ကြည့် ပေါ့။ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့လည်း ဥပဒေတွေ ကန့်သတ်ချက်တွေ အမျိုးမျိုး နဲ့။
ဗိုလ်ချုပ်လက်တဆုပ်ပဲ အာဏာတည်မြဲရေးအတွက် လုပ်နေတယ်။ ဆိုတဲ့အခါကျတော့ တိုင်းပြည်မှာ ပြဿနာ နှစ်ခု ရှိတယ်။ ဒီမိုကရေစီ
လွတ်လပ်ခွင့် တခု၊ နောက်တခုက တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်က တခု။ အဲဒီ ပြဿနာနှစ်ခုကို မှန်မှန်ကန်ကန် မဖြေရှင်းဘူးဆိုရင်
ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ တောက်လျောက် ပြောခဲ့တယ်။ အခု နအဖက ရွေးကောက်ပွဲ
ဖြစ်မြောက်ရေးကို အတင်း တွန်းပြီး လုပ်နေတာ တွေ့ရတယ်။ ပြင်လို့တော့ ရပါသေးတယ်။ အခြေခံဥပဒေ ပြန် ပြင် ပေါ့။ ရှဥ့်လည်း
လျှောက်သာ ပျားလည်းစွဲသာ ဆိုတာမျိုး ဖြစ်ရမယ်လေ။ တိုင်းရင်းသားအတွက်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ပေါ့ဗျာ၊ အဲဒါ
ရှိရမယ်၊ ဒီမိုကရေစီ လွတ်လပ်မှုဆိုတာကလည်း တနိုင်ငံလုံးက လိုလားနေတယ်။ အဲဒါတွေ ဖြစ်ပေါ်စေနိုင်တဲ့ စနစ်လည်း ပါဝင်ရမယ်ပေါ့
ဗျာ။
ယနေ့မြန်မာ။ ။ နောက်တခုက နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီးတဲ့အခါမှာ နအဖက ထည့်သွင်းထားတဲ့ အရာရှိတွေရဲ့အမိန့်တွေကို
တိုင်းရင်းသားတွေက လက်မခံတာ တို့၊ တပ်သားတွေက စားဝတ်နေရေးကြောင့် တပ်စည်းကမ်းကို မလိုက်နာနိုင်ဘဲ စားဝတ်နေရေးကို
ဖြေရှင်းနေရတာတို့ကြောင့် တပ်ဖွဲ့စည်းပုံကတော့ ရှိနေတယ်၊ ဒါပေမယ့် အမိန့်ပေးစနစ်မှာ မချောမွေ့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
တကယ်လို့များ ဒီကေဘီအေကို နယ်ခြားစောင့်တပ် ဖွဲ့ပြီးတဲ့အခါ အဲဒီလိုများ ဖြစ်လာနိုင်ပါသလား။ ကရင်ဒေသတွင်းမှာရော ဘယ်လိုပုံစံမျိုး
ပြောင်းလဲသွားနိုင်ပါသလဲ ခင်ဗျ။
စော ဒေးဗစ် တာကပေါ။ ။ နအဖက စွတ်လုပ်နေရင်တော့ နအဖလက်အောက်ခံတပ်အဖြစ် လုံးဝ ပြောင်းသွားဦးတော့ ပြဿနာက
ပြေလည်မှာ မဟုတ်ဘူး။ တပ်တွင်းမှာ အခုနက ပြောတဲ့ စားဝတ်နေရေးချို့တဲ့မှု၊ (ဆေးဝါးလည်း မရှိဘူး လေ။) ဆေးဝါးချို့တဲ့မှုတွေ
ဖြစ်နေတယ်။ ဗိုလ်သန်းရွှေကတော့ဗျာ ပစ္စည်းတွေ၊ မြေတွေကို တရုပ်ကို ရောင်း၊ စင်ကာပူကို ရောင်း၊ အဲဒါမျိုးပေါ့ဗျာ။ ဆေးမြီးတိုနဲ့
ဖြေရှင်းနေတာ ပေါ့။ ဆေးမြီးတိုကတော့ တပွဲတိုးပဲ ရမှာပေါ့။ ရေရှည်ဆိုရင်တော့ တပ်တွင်း မကြေနပ်မှု၊ မကျေလည်မှုတွေ ဆက် ရှိနေမှာပဲ။
ရွေးကောက်ပွဲပြီးသွားလည်း ရှိနေမှာပဲ။ ကျွန်တော်တို့ ပြည်တွင်းက ပြည်သူလူထုရဲ့ မကြေနပ်မှုကလည်း ဆက်ရှိနေမှာပဲ။
ယနေ့မြန်မာ။ ။ နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့အသက်ရှင်ရပ်တည်ရေးနဲ့ လုံခြုံရေးကို စိတ်ပူနေကြရတဲ့ ဒီကေဘီအေတပ်သားတွေ၊
တိုင်းရင်းသားတွေ၊ ကရင့်အမျိုးသားတပ်မတော်က တာဝန်ရှိသူတွေ၊ အားလုံအတွက် ဘယ်လို အမှာစကားမျိုး ပြောချင်ပါသလဲ ခင်ဗျ။
စော ဒေးဗစ် တာကပေါ။ ။ အမှာစကားကတော့ အတတ်နိုင်ဆုံးပေါ့ဗျာ၊ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ နအဖရော၊
ကျွန်တော်တို့ဘက်ကရော ကြိုးစားရမယ်။ တဖက်ထဲ လုပ်နေလို့တော့ မရဘူး။ နအဖကလည်း သူ့အခြေအနေကို သူ သိရမယ်။ သူ့ဘ၀ကို သူ
မှန်မှန်ကန်ကန် မြင်ဖို့ လိုတယ်။ အဲဒီတော့ နှစ်ဘက်စလုံးက ငြိမ်းချမ်းတဲ့နည်းနဲ့ အခြေခံပြီး လုပ်သွားဖို့ လိုတယ်။ အဲဒီတော့
ထိခိုက်နာကျဉ်မှုတွေ နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ ဖြစ်နေချင်တယ်။ မြင်ချင်တယ် ပေါ့ ဗျာ။