You are on page 1of 21

ရွေးကောက်ပွဲ မမျှတရင် အမျိုးသား သင်ြ့ မတ်ရေး အကျိုးမရှန

ိ င
ို

ဓာတ်ပုံ AP

နေပြည်တော်တွင် တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦး။ မတ် ၂၆၊ ၂၀၁၀။

အခုနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင်


မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့ အလားအလာ မကောင်းနိုင်ဘူးလို့ နိုင်ငံရေး
သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့ကလည်း ရွေးကောက်ပွဲဟာ
တရားမျှတမှု မရှိနိုင်ဘူးလို့ ပြောဆိုသံတွေ ထွက်ပေါ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အစိုးရ
အာဏာတည်မြဲဖို့အတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က
တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ


စာရင်းတွေကို ထုတ်ပြန် ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဟာ
နိုင်ငံတကာ အဆင့်အတန်းမီဖို့ အများကြီး လိုသေးတယ်လို့ ၀ါရှင်တန်ဒီစီ အခြေစိုက် National Democratic Institute
အဖွဲ့က အကြီးတန်း အကြံပေး မက်သရူး ဖရူမင် (Matthrew Frumin) က ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း ကျင်းပဖို့
ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့
နိုင်ငံရေးအရ တခြား တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာဖို့အတွက် အလားအလာ မကောင်းနိုင်ဘူးလို့ ဗွီအိုအေကို
ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ လုံးဝ မရှိတာထက်စာရင် အခုလို ရွေးကောက်ပွဲ ရှိတာက မကောင်းဘူးလား
ဆိုတဲ့အပေါ်မှာတော့ သူက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ လုပ်တိုင်းတော့ နိုင်ငံရေးအရ ရှေ့ကို တိုးတက် ဖြစ်ထွန်းလာတယ်လို့ ပြောလို့မရပါဘူး။ လွတ်လပ်ပြီး


တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ တိုင်းပြည်ရဲ့ ရှေ့အလားအလာက ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ဒီလို တရားမမျှတတဲ့ ရွေးကောက်ပွဲက ပြည်သူလူထု မျှော်လင့်နေတဲ့ လူထုဆန္ဒကို အမှန်တကယ်
ကိုယ်စားပြုတဲ့ အစိုးရ ထွက်ပေါ်လာမယ့် အခွင့်အရေးကို တားဆီးလိုက်နိုင်တာကြောင့်ပါ။”

နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း


တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ ဘယ်စနစ်ပဲဖြစ်ဖြစ် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သူမရဲ့ ရှေ့နေတွေနဲ့
ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လက်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ဘဲ သပိတ်မှောက်ခဲ့ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် CRPP
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ တခုလုံးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့
တောင်းဆိုခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီတချို့ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်


နည်းလွန်းတာ၊ ကန့်သတ်မှုတွေ ရှိနေတာ၊ ထောက်လှမ်းရေး အာဏာပိုင်တွေက ဖိအားပေး နှောင့်ယှက်တာတွေအပြင်
စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် လုပ်ဆောင်နေတာတွေကြောင့်
ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူးလို့ ဆိုနေကြပါတယ်။ ဒါ့အပြင် ဝေဖန်သူတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေဟာ စစ်အစိုးရ သက်တမ်းရှည်အောင် ရေးဆွဲထားတာ ဖြစ်တယ်လို့ ထောက်ပြ နေကြပါတယ်။
ဒီအချက်အပေါ်မှာ မက်သရူး ဖရူမင်ကလည်း ထောက်ခံပါတယ်။

“ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုပိုင်းကို စစ်တပ်အတွက်ပဲ ထားထားတဲ့ ရည်မှန်းချက်မျိုးကို


ရှင်းရှင်းလင်းလင်း ပြောထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ဥပဒေပြု လွှတ်တော်တိုင်းမှာ စစ်တပ်ရဲ့
ကိုယ်စားလှယ် ၂၅% ကို နေရာပေးတာ အပါအ၀င် စစ်တပ်ရဲ့ ဦးဆောင်မှုကို ပုံစံအမျိုးမျိုးနဲ့ အထောက်အကူတွေ
ပေးနေပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရည်ရွယ်ချက်က အစိုးရရဲ့ အာဏာကို စစ်တပ်က ဆက်ပြီးတော့
ထိန်းထားဖို့ဆိုတာ ရှင်းနေပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင်
အမှန်တကယ် ရွေးချယ် ဆုံးဖြတ်နိုင်မယ့် အခြေအနေမျိုးကို ဖန်းတီးဖို့ နိုင်မှာ မဟုတ်ပါဘူး။”

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ ရှိမှာဖြစ်ပြီး ပြည်သူလူထုက


ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၁၁၀ ပါဝင်မှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၂၂၄ နေရာမှာတော့ ၁၆၈ ယောက်က ယှဉ်ပြိုင် အရွေးခံရမှာ ဖြစ်ပြီး ၅၆
ယောက်ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ စာရင်းတွေကို သြဂုတ်လ ၁၂ ရက်နေ့ ကြာသပတေးနေ့က


အစိုးရပိုင် သတင်းစာတွေကနေ တဆင့် ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုလို ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေကို
မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က သတ်မှတ် ပြဋ္ဌာန်းလိုက်ပေမဲ့လည်း ရွေးကောက်ပွဲကို ဘယ်နေ့ဘယ်ရက်မှာ
ကျင်းပမယ် ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Source:http://www1.voanews.com/burmese/news/myanmar-election-ndi-100589349.html

မဲဆန္ဒနယ်မြေ ကြေညာပေမဲ့ ရွေးကောက်ပွဲအပေါ် စိုး ရိမမ


် ေ
ႈ တြ ရွေ
ိ နဆဲ
မြန်မာပြည်မှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် သတ်မှတ်ချက်တွေကို ဒီကနေ့စပြီး
သတင်းစာတွေကနေ ကြေညာပါပြီ။ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ် ဆိုတာကိုတော့ မကြေညာသေးပါဘူး။ ၁၉၉၀
ရွေးကောက်ပွဲထက်စာရင် ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲဟာ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက် ပြင်ဆင်ချိန်လည်း
နည်းပြီး လွတ်လပ်မှုတွေလည်း နည်းပါးလွန်းနေတယ်လို့ ပါတီတွေ တော်တော်များများက ညည်းညူနေကြတာပါ။
အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ဒီနှစ်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အဓိက ကွာခြားတာကတော့ ဒီတခါ မဲပေးတဲ့အခါ


လွှတ်တော် ၃ ခုအတွက် ပေးကြရမှာပါ။ ၁၉၉၀ ခုနှစ်တုန်းကတော့ လွှတ်တော်တခုတည်းကိုပဲ ပေးခဲ့ရတာပါ။ မဲဆန္ဒနယ်
သတ်မှတ်ချက်တွေလည်း ၁၉၉၀ ခုနှစ်နဲ့ မတူပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ
ဦးသုဝေကတော့ အခုတခေါက် သတ်မှတ်ချက်က ပိုရှင်းတယ်လို့ ဆိုပါတယ်။

“၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သတ်မှတတ


်ာ နည်းနည်း ကွာခြားမှုရှိတယ်။ ဟိုတုန်းကတော့
လူဦးရေပေါ်တည်လို့ တချို့မြို့နယ်တွေကတော့ ၂ ယောက်စီပါတယ်။ အခုကျတော့ မြို့နယ်တခုကို
ကိုယ်စားလှယ်တယောက် အဲဒီလို ရွေးလိုက်တယ်။ ကျနော်တို့အမြင်ကတော့ ဒီပုံစံက ပိုရှင်းတာပေါ့။
အရင်ပုံစံတွေကတော့ နည်းနည်း ပိုပြီး ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်တခုတည်းမှာ ၂ နေရာ
ခွဲလိုက်ရတယ်ဆိုတော့၊ အခုတော့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တပုံစံတည်းပဲ၊ တယောက်စီပဲ ဖြစ်သွားတာပေါ့။”

ဓာတ်ပုံ ASSOCIATED PRESS

မဲဆန္ဒနယ် သတ်မှတ်ချက်ပါ အစိုးရထုတ် သတင်းစာအား ဖတ်ရှုနေသည့် ရန်ကုန်မြို့ခံအချို့။ သြဂုတ် ၁၂၊ ၂၀၁၀။

မဲဆန္ဒနယ် သတ်မှတ်ချက်တွေ ထွက်လာပြီဆိုတဲ့ သဘောက ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲဆိုတာ


ကြေညာမယ့်ရက် နီးလာပြီဆိုတဲ့ သဘောပဲလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ဒုတိယခေါင်းဆောင်
ရှေ့နေ ဦးသိန်းညွန့်က သုံးသပ်ပါတယ်။

“မဲဆန္ဒနယ် အကျယ်အ၀န်းကို ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်ပြီးတော့ ကော်မရှင်တွေက


ကြေညာပေးရမယ်တဲ့။ မဲဆန္ဒနယ် ကြေညာခြင်းဆိုတာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေမှာ
ပြဋ္ဌာန်းထားတယ်။ အခု သြဂုတ်လ ၁၁ ရက်မှာ ကြေညာတယ်ဆိုတော့ စက်တင်ဘာလ အတွင်းမှာ ရွေးကောက်ပွဲ
ဘယ်နေ့ ကျင်းပမယ်ဆိုတာ ဒီဥပဒေအရ ကြေညာနိုင်ပါတယ်။ အခုရက်နဲ့ သတ်မှတ်မယ် ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်နဲ့
စာရင်တော့ အချိန်တိုတောင်းတာတော့ အမှန်ပါပဲ။”

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲထက် အချိန်တိုတောင်းရုံတင်မက နိုင်ငံရေး လုပ်ပိုင်ခွင့်အရ လွတ်လပ်မှုပါ နည်းပါးနေတယ်လို့


ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အခုကတော့ Control က အများကြီး လုပ်နေတာကိုး။ ထောက်လှမ်းရေးကလည်း အမြဲလိုက်တယ်။ ဟိုတုန်းကဆိုရင်


အဲဒီလို လိုက်တာတော့ မရှိဘူးပေါ့။ ထောက်လှမ်းရေးကတော့ စောင့်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ အများကြီး
လွတ်လွတ်လပ်လပ် သွားလာနိုင်တာပဲ။ ပြီးတော့ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ် ခေါ်နိုင်တယ်။
ကိုယ်ပြောချင်တာကို ပြောနိုင်တယ်ပေါ့။ ဘယ်နေ့ အစည်းအဝေးလုပ်မယ် ဘာညာ ကြိုတင်ပြီး ပြောစရာ မလိဘ
ုးလေ။
အခုကတော့ ခွင့်တောင်းနေရတာပေါ့။ အများကြီးကွာတာပေါ့။”

ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေအတွက် အချိန်နည်းနည်းပဲ ပေးထားတဲ့ကိစ္စဟာ စည်းရုံးရေး လုပ်ငန်းတွေအတွက်


အခက်အခဲတွေ ဖြစ်စေလို့ ပါတီအများစုကတော့ သဘောမကျဘူးလို့ NDF ပါတီရဲ့ ဒုတိယခေါင်းဆောင် ရှေ့နေ
ဦးသိန်းညွန့်ကဆိုပါတယ်။

“၁၉၉၀ ပြည့်နှစ်လို အချိန်များများပေးရင် ရွေးကောက်ပွဲ ၀င်မယ့်လူတွေ အနေနဲ့ သူ့မဲဆန္ဒနယ် အသီးသီးမှာ အချိန်ယူပြီး


စည်းရုံး လှုံ့ဆော်နိုင်တာပေါ့။”

အခုတခေါက် ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းတွေကို တခါတည်း မဲထည့်ရမယ်


ဆိုတဲ့ကိစ္စကို ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြမှုတွေ နည်းနေတဲ့ အပေါ်မှာလည်း ဦးသိန်းညွန့်က
စိုးရိမ်နေပါတယ်။

“၄၇ အခြေခံဥပဒေတုန်းက ပြည်သူ့လတ


ွှ်တော်ကို ကျင်းပပြီးတော့ သုံးပတ် သို့မဟုတ် တလလောက်ကြာမှ
လူမျိုးစုလွှတ်တော်ကို ကျင်းပတယ်။ အဲတော့ မဲပေးရတဲ့လူတွေ အနေနဲ့ လွှတ်တော်နှစ်ရပ်ကို မဲပေးတယ် ဆိုပေမဲ့
ပြည်သူ့လွှတ်တော်ကို သတ်သတ်မဲပေးတယ်၊ လူမျိုးစုလွှတ်တော်ကို သတ်သတ်မဲပေးတယ် ဆိုတော့ သူတို့မှာ
ရှုပ်ထွေးစရာ မရှိဘူး။

“အခု မဲပေးပုံစနစ်က ရွေးကောက်ပွဲလုပ်တဲ့ နေ့မှာ အမျိုးသားလွှတ်တော် အတွက်လည်း မဲပေးရမယ်၊ ပြည်သူ့လွှတ်တော်


အတွက်လည်း မဲပေးရမယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် အတွက်လည်း မဲပေးရမယ်၊ တိုင်းရင်းသား
လူမျိုးစုတွေက ၅၇,၀၀၀ ထွက်ရှိတဲ့ တိုင်းဒေသဆိုရင် အဲဒီ တိုင်းရင်းသား ကိုယ်စားလှယ် သို့မဟုတ် နောင်
တိုင်းရင်းသားဝန်ကြီး ဖြစ်လာမယ့်သူ အတွက်လည်း မဲတမဲကို သက်ဆိုင်ရာ တိုင်းရင်းသားတွေက ပေးကြရဦးမယ်။

“အဲတော့ အခုမဲပေးပုံက အင်မတန်ကို ကြေညာပေးနိုင်မှ၊ အင်မတန် လူထုကို အသိပေးနိုင်မှ မဲပေးတဲ့အခါမှာ လူထု


သဘောပေါက်လာမှာ။ အခုချိန်ထိတော့ ကျနော်တို့ဆီက မဲရုံမှာ လွှတ်တော် ၃ ရပ်ကို ဘယ်လိုမဲပေးမလဲ ဆိတ
ဲု့ဟာ
အခုထက်ထိ ကြေညာပေးတာတွေ မီဒီယာတွေမှာ ကျနော်တော့ မတွေ့ရသေးပါဘူး။”

NDF ပါတီက ရှေ့နေ ဦးသိန်းညွန့် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိမှာကို ကုလသမဂ္ဂ


အပါအ၀င် နိုင်ငံတော်တော်များများက စိုးရိမ်နေကြတာပါ။ မြန်မာစစ်အစိုးရကတော့ လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲဖြစ်မယ်၊ ဘယ်သူမှ လာပြီး စောင့်ကြည့် လေ့လာဖို့ မလိုဘူးလို့ ပြောထားပါတယ်။ ဒီနှစ်ကုန်ဖို့က အချိန် ၎
လကျော်ပဲ ကျန်ပါတော့တယ်။ ဒီကာလအတွင်း အများက ယုံကြည်လက်ခံနိုင်မယ့် ရွေးကောက်ပွဲတခု မြန်မာပြည်မှာ
ဖြစ်ပေါ်လာနိုင်ပါ့မလား ဆိုတာကို မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းက စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေကြပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-election-100539009.html

မဲဆန္ဒနယ်မြေများ ၂၀၀၈ ဖွဲစ


့ ည်းပုံဖြင့် သတ်မတ
ှ်
စိုးမိုး / ၁၂ သြဂုတ် ၂၀၁၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံအတိုင်း


မဲဆန္ဒနယ်များ သတ်မှတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင်မီဒီယာများမှ ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) အတွက် အရပ်သားကိုယ်စားလှယ် (၃၃၀) ဟု


သတ်မှတ်ထားပြီး ယင်းအရပ်သား ကိုယ်စားလှယ်များအတွက် ပြည်နယ်နှင့်တိုင်းအလိုက် မြို့နယ်စုစုပေါင်း (၃၃၀) ကို
တမြို့နယ်လျှ င် မဲဆန္ဒနယ်မြေ (၁) ခုစီအဖြစ် သတ်မှတ်လက
ိုခြင်းဖြစ်သည်။

“အခုက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ခွဲလိုက်တာ။ အောက်လွှတ်တော် အရပ်သားကိုယ်စားလှယ် (၃၃၀) အတွက်


မဲဆန္ဒနယ်မြေ (၃၃၀) ပေါ့။ အဲဒါကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တခုကို မဲဆန္ဒတခုအဖြစ် ခွဲလိုက်တာပဲ” ဟု
မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတဦးက ပြောကြားသည်။

ယခု မဲဆန္ဒနယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တခုချင်းစီက အရပ်သား အောက်လွှတ်တော် အမတ်တဦးစီကို


ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူများက အမတ်နေရာ (၃၃၀) ကို ယှဉ်ပြိုင်


ရွေးကောက်ခံရမည်ဖြစ်ပြီး စစ်ဗိုလ်အမတ် (၁၁၀) ကို စစ်ဦးစီးချုပ်မှ အောက်လွှတ်တော်အမတ်အဖြစ်
တိုက်ရိုက်ခန့်မည်ဖြစ်သည်။

အသစ်တည်ထောင်သည့် မြို့တော်သစ် နေပြည်တော်ကို မြို့နယ် (၅ ) ခုဖြင့် ခွဲလိုက်ပြီး မန္တလေးတိုင်းအတွင်း ပါဝင်သည့်


မဲဆန္ဒနယ် (၅) ခုအဖြစ် သတ်မှတသ
် ည့်အတွက် မန္တလေးတိုင်းက ယခင် (၃၁) မြို့နယ်ရှိရာမှ ယခု (၃၆) မြို့နယ်
ရှိသွားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် (၁၈)၊ ကယားပြည်နယ် (၇)၊ ကရင်ပြည်နယ် (၇)၊ ချင်းပြည်နယ် (၉)၊
စစ်ကိုင်းတိုင်း (၃၇)၊ တနင်္သာရီတိုင်း (၁၀)၊ ပဲခူးတိုင်း (၂၈)၊ မကွေးတိုင်း (၂၅)၊ မန္တလေးတိုင်း (၃၆)၊ မွန်ပြည်နယ် (၁၀)၊
ရခိုင်ပြည်နယ် (၁၇)၊ ရန်ကုန်တိုင်း (၄၅)၊ ရှမ်းပြည်နယ် (၅၅)၊ ဧရာဝတီတိုင်း (၂၆) နေရာတို့ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း (၃၂၅) မြို့နယ်၊ မဲဆန္ဒနယ်မြေ (၄၉၂) နေရာ ရှိခဲ့ပြီး
ယခု ၂၀၁၀ ရွေးကောက်ပွဲက မြို့နယ်ပေါင်း (၃၃၀)၊ မဲဆန္ဒနယ်မြေ (၃၃၀) သာရှိရာ မြို့နယ် (၅) ခု တိုးပြီး မဲဆန္ဒနယ်မြေ
(၁၆၂) နေရာ လျော့သွားခြင်းဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=3460

ကြံဖ
့ ပ
ွံ့ါတီ တောင်ကတ
ု တ
်ွင် မဲရရေး စည်းရုံး
မျိုးချစ်သူ / ၁၂ သြဂုတ် ၂၀၁၀

နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရခိုင်ပြည်နယ်


တောင်ကုတ်မြို့တွင် ၎င်းတို့ မဲမရမည်ကို အလွန်စိုးရိမ်နေကြောင်း တောင်ကုတ်မြို့ခံများက ပြောကြားသည်။
ထို့ကြောင့် မဲရရှိရေးအတွက် တောင်ကုတ်မြို့ပေါ်တွင် သြဇာအကြီးဆုံးဖြစ်သော အငြိမ်းစားဆရာဝန်ကြီး
ဒေါက်တာစံလှိုင်နှင့် သူဌေး ဦးကျောက်တောင်တို့ကို နအဖအာဏာပိုင်များက စည်းရုံးထားပြီး မြို့ပေါ်တွင်
လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်ပေးနေကြောင်း မြို့ခံများထံမှ သိရသည်။

“တောင်ကုတ်မှာ တခါမှမရဖူးတဲ့ မီးလည်း အခုတော့ နေ့ရောညပါ ပေးနေတယ်။ ဦးကျောက်တောင် ဆိတ


ဲု့သူက ၁၉၈၈
တုန်းက အရေးအခင်းမှာ ထိပ်ဆုံးက ပါခဲ့တဲ့သူပါ။ စစ်တွေမှာ ထောင်ကျပြီး လွတ်လာတော့ အစိုးရနဲ့ပေါင်းပြီး
စီးပွားရေးလုပ်ငန်းတွေကို လုပ်လာလိုက်တာ အခုဆိုရင် ရန်ကုန်မှာ သိန်း (၆,၀၀၀) ကျော်တန်တဲ့ အိမ်နဲ့လေဗျာ။
သူကတော့ တောင်ကုတ်လိုမြို့ကို ဘာမဆိုလုပ်ပေးနေတာ တွေ့တယ်” ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် မဲဆန္ဒခံယူပွဲများ ကျင်းပခဲ့စဉ်က


တောင်ကုတ်မြို့ခံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ခဲ့ပြီး ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင်လည်း
ပါဝင်ခဲ့ကြသည့်အတွက် ယခုအချိန်တွင် နအဖ ကျောထောက်နောက်ခံဖြစ်သည့် ကြံ့ဖွံ့ပါတီ မဲမရမည်ကို
စိုးရိမ်ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့သည် စစ်အစိုးရအား ဆန့်ကျင်ရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သော ရခိုင်ပြည်နယ်မှ မြို့တမြို့ဖြစ်သည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် အခြားမြို့များထက် တောင်ကုတ်မြို့ကို အာဏာပိုင်များက အခွင့်အရေး ပိုမိုပေးနေကြောင်း၊


အစိုးရ EPC က မြို့ပေါ်တွင် ညနေ (၆) နာရီမှ ည (၁၀) နာရီထိ လျှပ်စစ်ပေးပြီး ဦးကျောက်တောင်က နံနက် (၁၀) နာရီမှ
ညနေ (၄) နာရီထိ မီးပေးနေကြောင်း သိရသည်။

တောင်ကုတ်မြို့ပေါ်နှင့် သင်္ဘောဆိပ်သွား ကားလမ်းကိုလည်း အဆင့်မီ ကားလမ်းတခုအဖြစ် တည်ဆောက်ခဲ့ပြီး


တောင်ကုတ်မှဖြတ်ရသော ရခိုင်ရိုးမ လမ်းမကြီးကိုလည်း ဦးကျောက်တောင်အား လုပ်ပိုင်ခွင့်များ ချပေးထားကာ
အဆင့်မြင့်လမ်းမကြီးအဖြစ် စတင်တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးကျော်ခိုင်၊ ဒု-ဥက္ကဋ္ဌ ဦးခင်လှ၊ အတွင်းရေးမှူး ကိုမင်းအောင်၊ လူငယ်အဖွဲ့ဝင်


မနီနီမေမြင့်၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်သက်၊ ကိသ
ု န်းဌေး အပါအ၀င် လူငယ်များမှာ စစ်အစိုးရ၏
ဖမ်းဆီးအကျဉ်းချခြင်း ခံနေရဆဲဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=3459

ငွေ (၅) သိန်း တတ်နင


ို မ
် ည့် အမတ်လောင်းရှာဖွေ
မျိုးဝင်းဇော် / ၁၂ သြဂုတ် ၂၀၁၀
ရွေးကောက်ပွဲဝင်မည့် ပါတီများသည် ပါတီရန်ပုံငွေ လုံလောက်မှု မရှိခြင်းကြောင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ငွေကျပ် (၅) သိန်း
အကုန်အကျခံနိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများကိုသာ ရှာဖွေစည်းရုံးနေရကြောင်း ပါတီ
တာဝန်ရှိသူများက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) တာဝန်ရှိသူတဦးက “ပါတီမှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်


လွှတ်တော်ကိုယ်စားလှယ်လောင်း (၁ဝဝ) ကျော်လောက်တော့ ရှိပါပြီ။ အဲဒီ ကိုယ်စားလှယ်လောင်းတွေဟာ
ရွေးကောက်ပွဲဝင်ဖို့ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေး ကျပ်ငွေ (၅) သိန်းကို ကိုယ့်ဘာသာကိုယ် သွင်းကြမှာ ဖြစ်ပါတယ်”
ဟု ပြောသည်။
ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)
ပါတီကလည်း ကိုယ်စားလှယ်လောင်း (၁ဝဝ) ကျော်ရထားပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများသည်
ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းကို ၎င်းတို့ဘာသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကမူ ပုံမှန်အားဖြင့်


ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းကို ကိုယ့်ဘာသာကိုယ် ပေးဆောင်ရမည် ဖြစ်သော်လည်း
အခက်အခဲရှိသည့် ပါတီဝင် ကိုယ်စားလှယ်လောင်းများအတွက် ပါတီက ငွေကြေးစိုက်ထုတ်
မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်မဲဆန္ဒနယ်အသီးသီး သတ်မှတ်ကြေညာလိုက်ပြီ


ဖြစ်သည့်အတွက် ပါတီအသီးသီးသည် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆန္ဒနယ်
သတ်မှတ်နိုင်ရေးကိစ္စကို အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။

ပြည်တွင်း ဂျာနယ်တခုမှ နိုင်ငံရေးသတင်း အယ်ဒီတာတဦးက “လွှတ်တော် (၃) မျိုးရဲ့ ကိုယ်စားလှယ်လောင်းတွေကို


ပေါင်းလိုက်ရင် (၁,၁၅၈) ဦးရှိတယ်။ အဲဒီမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် လူဦးရေ (၆) သောင်းဝန်းကျင်မှာ
တယောက် ရွေးချယ်ပေးရမယ့် တိုင်းရင်းသား ကိုယ်စားလှယ် စာရင်းတွေ မပါသေးဘူး။ အဲဒါတွေပါ ပေါင်းရင်
ကိုယ်စားလှယ် စုစုပေါင်း (၁,၂ဝဝ) ကျော်သွားမယ်။ ဆိုတော့ တတိုင်းတပြည်လုံးမှာ ရွေးကောက်ပွဲဝင်မယ်လို့
ကြွေးကြော်ထားတဲ့ ပါတီဆိုရင် အမတ်လောင်း မှတ်ပုံတင်ကြေး စုစုပေါင်း ကျပ်သိန်း (၆,ဝဝဝ) ကျော် လိုလိမ့်မယ်။
ဒီငွေဟာ ကြံ့ဖွံ့ပါတီအတွက် ဘာမှ မပြောပလောက်ဘူး။ ကားပါမစ် (၃) စောင်လောက် ရောင်းစားလိုက်ရင်ကို
လုံလောက်တယ်။ ဒါပေမယ့် လက်ရှိ ပါတီတွေထဲမှာ စုစုပေါင်း ငွေ (၆) သိန်း မရှိလို့ နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့်
မလျှောက်ထားနိုင်သေးတဲ့ ပါတီတွေ အများကြီး။ ပါတီ အားလုံးလိုလိုဟာ ငွေကြေး အခက်အခဲရှိလို့
ကိုယ်စားလှယ်လောင်းတွေ ကိုယ့်ဘာသာကိုယ် မှတ်ပုံတင်ကြေး ပေးသွင်းရမယ်ဆိုတာ ဖြစ်လာတာ” ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းမှာ များသည်ဟု မဆိုနိုင်ကြောင်း၊ ပါတီများ


ကြောက်ရွံ့မှု ကင်းကင်းဖြင့် လွတ်လွတ်လပ်လပ်သာ စည်းရုံးလှုပ်ရှားခွင့် ရှိပါက လှူမည့် လုပ်ငန်းရှင် အများကြီးရှိကြောင်း၊
သို့သော် စစ်အစိုးရကို ကြောက်နေရသဖြင့် လုပ်ငန်းရှင်များက မလှူဒါန်းရဲသည့်အတွက် နိုင်ငံရေးပါတီများ ရန်ပုံငွေ
အခက်အခဲနှင့် ကြုံကြရခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောကြားသည်။

Source:http://khitpyaing.org/index.php?route=detail&id=3458

ပြည်သလ
ူ့ တ
ႊ ေ
် တာ် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် သတ်မတ
ှ်
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀
ခုနှစ် ၁၄ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ တဝှန်းလုံးရှိ မြို့နယ်တိုင်းတွင် မဲဆန္ဒနယ်တခုစီ သတ်မှတ်၍ ပြည်သူ့လွှတ်တော်


မဲဆန္ဒနယ်ပေါင်း ၃၃ဝ သတ်မှတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာလိုက်သည်။

ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ် အများဆုံးဖြစ်ပြီး ၅၅ ခု၊ ရန်ကုန်တိုင်းက ၄၅ ခုဖြင့် ဒုတိယအများဆုံး၊ ထို့နောက်တွင်


စစ်ကိုင်းတိုင်း ၃၇ ခု၊ မန္တလေးတိုင်း ၃၆ ခုတို့ဖြစ်ကာ ပြည်သလ
ူ့ တ
ွှ်တော်မဆ
ဲ န္ဒနယ်များ
ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ၉ ခုစီဖြင့် အနည်းဆုံး
(၁) ကချင်ပြည်နယ် ၁၈
ဖြစ်သည်။
(၂) ကယားပြည်နယ်

အောက်လွှတ်တော်အတွက် မဲဆန္ဒနယ်မြေများ (ကရင်နီပြည်နယ်)
စာရင်းကြေညာမှုကို ကော်မရှင်က ယမန်နေ့ကပင်
(၃) ကရင်ပြည်နယ် ၇
ထုတ်ပြန်သော်လည်း နိုင်ငံပိုင် သတင်းစာများတွင်သာ ယနေ့
ဖော်ပြခွင့်ရခြင်း ဖြစ်သည်။ (၄) ချင်းပြည်နယ် ၉

(၅) စစ်ကိုင်းတိုင်း ၃၇
သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုတော့
(၆) တနင်္သာရီတိုင်း ၁၀
စစ်အစိုးရက မထုတြ် ပန်သေးပေ။ ရွေးကောက်ပွဲရက်နှင့်
ပတ်သက်၍ ရေပန်းစားနေသော ယခုနောက်ဆုံး (၇) ပဲခူးတိုင်း ၂၈
ခန့်မှန်းချက်တခုမှာ ဒီဇင်ဘာလအတွင်း ဖြစ်နိုင်သည်ဆိုခြင်း (၈) မကွေးတိုင်း ၂၅
ဖြစ်သည်။
(၉ ) မန္တလေးတိုင်း ၃၆

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းက (၁ဝ) မွန်ပြည်နယ် ၁၀


ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်သော ဆီမီနာတခုတွင်
(၁၁) ရခိုင်ပြည်နယ် ၁၇
ဒီဇင်ဘာလတွင် အင်မတန်မှ အလုပ်ရှုတ်မည်ဟုဆိုခြင်းအပေါ်
အဓိပ္ပာယ် ဖွင့်ဆိုကြခြင်း ဖြစ်သည်။ ယခင်ကတော့ စစ်အစိုးရကို (၁၂) ရန်ကုန်တိုင်း ၄၅

ကယ်ဆယ်ပေးနိုင်မည့် အမှတ်အသားဖြစ်သော ၁ဝ ရက်၊ ၁ဝ (၁၃) ရှမ်းပြည်နယ် ၅၅


လ၊ ၂ဝ၁ဝ တွင် လုပ်လိမ့်မည်ဟူသော ခန့်မှန်းချက်
(၁၄) ဧရာဝတီတိုင်း ၂၆
ထွက်ပေါ်ခဲ့သေးသည်။

နောက်ရက်များတွင် အထက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်


(သို့မဟုတ်) ပြည်နယ် လွှတ်တော်များ၏ မဲဆန္ဒနယ်များကိုလည်း နေ့စဉ် သတင်းစာများမှပင် ကြေညာမည် ဖြစ်သည်။

စစ်အစိုးရ၏ ရုပ်သေးဖြစ်သည်ဟု ဝေဖန်ခံရသော ကော်မရှင်အနေဖြင့် မဲပေးခြင်းနှင့် မဲရုံကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ


သင်တန်းများ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် လိုက်လံပေးနေသည်ကို မဇ္ဈိမက စုံစမ်း သိရှိရသည်။

သို့သော်လည်း ပြည်သူလထ
ူုအတွင်း မဲပေးနည်း၊ မဲစည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောဆိုထားမှု
အားနည်းနေရာ နိုင်ငံရေးပါတီအချို့ မဲပေးသူများကို ပညာပေးရေးလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်
လာနေသည်ကိုလည်း တွေ့ရသည်။
Source:http://www.mizzimaburmese.com/news/2010-election/5855-2010-08-12-07-47-37.html

ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်ကြောင်း RNDP ကို


ကော်မရှငက
် စွပစ
်ွဲ
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ အရှင်ပညာစာရ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သဘောထား
ထုတ်ပြန်သည့် အပြင် ပြည်ပ သတင်း မီဒီယာများမှ ဆက်သွယ် မေးမြန်းမှုများကို လက်ခံ ဖြေဆိုခဲ့သည့် အတွက်
ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖေါက်ရာ ရောက်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ RNDP ကို
စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ စွပ်စွဲမူကို ပြည်နယ် ရွေးကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ RNDP မှ ကိုယ်စားလှယ်များကို


ခေါ်ယူတွေ့ဆုံစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က
ပြောသည်။

“ မနေ့က ညနေ ၅ နာရီလောက်မှာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးမောင်မြနဲ့ အတွင်းရေးမှူး ဦးကျော်မြင့်
တို့က ခေါ်တွေ့တာပါ။ ကျွန်တော်နဲ့ ဦးခိုင်ပြည်စိုး သွားတွေ့ပါတယ်။ သူတို့ပြောတာကတော့ အရှင်ပညာစာရ
ဖမ်းဆီးခံရပြီး လူဝတ်လဲလိုက်တဲ့ အပေါ် ပါတီက သဘောထား ထုတ်ပြန်တာနဲ့ ပြည်ပ မီဒီယာတွေကို
လက်ခံဖြေဆိုတာတွေဟာ ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်ရာရောက်တယ်လို့
စွပ်စွဲပြောဆိုပါတယ်။”

ထို့ကဲ့သို့ စွပ်စွဲ ပြောဆိုစွပ်စွဲကို အချက်အလက်များနှင့် ပြန်လည် ချေပ ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“ဒီကိစ္စက ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်တာ မဟုတ်ဘူး။ တရား ၀င်နိုင်ငံရေး ပါတီ
အဖွဲ့အစည်း တခုရဲ့ လုပ်ပိုင်ခွင့် လမ်းကြောင်းထဲကနေ ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့ကို ဥပဒေချိုး
ဖောက်တယ်ဆိုပြီး စွပ်စွဲလို့မရပါဘူးလို့ ချေပခဲ့တယ်” ဟု သူကဆက်ပြောသည်။

ယခုကဲ့သို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ RNDP မှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခြင်းမှာ ဒေသခံ


စစ်အာဏာပိုင်များ၏ ဖိအားပေးမူ အရ ဖြစ်ကြောင်း သိရသည်။

အရှင်ပညာစာရ ဖမ်းဆီး လူဝတ်လဲခံလိုက်ရသည့် နောက်ပိုင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ သြဂုတ်လ ၉


ရက်နေ့နေ့စွဲဖြင့် ပါတီသဘောထား ကြောငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျေညာချက်ထဲတွင် ကျောင်းမှ သိမ်းဆည်းသွားသည့် သမိုင်းဝင်ပစ္စည်းများကို ရခိုင် ပြည်နယ်တွင်း၌သာ


ထိမ်းသိမ်း ပြသထားရန်၊ အရှင် ပညာစာရအား တရားစစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံသား တဦး၏ ရပိုင်ခွင့်နှင့်အညီ
အခွင့်အရေးရရှိရန်၊ ကျောင်းတိုက်မှ ကလေးများကို ပြောင်းရွေ့ သွားသည့်အတွက် လမ်းခရီးတွင် မနာမကျန်းဖြစ်ပြီး
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားငယ်မှုများ ခံစားမှုများ ဖြစ်ပေါ်မည်ကို မိမိတို့ အနေဖြင့် စိုးရိမ်မိကြောင်း
ဖော်ပြထားသည်။

အဆိုပါ ကျေညာချက်ကို ပြည်ပ ရေဒီယိုများ အပြင် သတင်းမီဒီယာများက ဖေါ်ပြခဲ့သဖြင့် RNDP ကို ယခုကဲ့သို့
ခေါ်ယူကာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား ပါတီတခုမှ အရှင်ပညာစာရ ဖမ်းဆီးခံခြင်း အပါအ၀င် ရခိုင်သမိုင်းဝင် ရှေးဟောင်း


ပစ္စည်းများကို စစ်အာဏာပိုင်များက သိမ်းဆည်းမူနှင့် ရခိုင်ကလေးငယ်များကို နယ်ဝေးပို့မူ အပေါ် တရားဝင်
ကျေညာချက်ထုတ်ပြန်သဖြင့် ရခိုင်ပြည်သူများက လွန်စွာ နှစ်ထောင်းအားရ ဖြစ်နေကြောင်း ကြားသိရသည်။

Source:http://www.narinjara.com/detailsbur.asp?id=2669
ရန်ကန
ု မ
ှ်ာ အင်တာနက် ဆက်သွယမ
်ေ
ှု တွ အဆမတန် နှေးကွေး
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တပတ်လောက်ကစလို့ အင်တာနက် ဆက်သွယ်မှုနှုန်းတွေ အလွန်နှေးနေပြီး
ဝက်ဘ်ဆိုက်ဒ်တွေလည်း အရင်ကထက် ပိုပြီး ၀င်ရောက်ကြည့်ရှုဖို့ ခက်ခဲနေပါတယ်။ အင်တာနက် ၀န်ဆောင်မှု
ပေးနေတဲ့ ရတနာပုံ တယ်လီပို့တက
် တော့ အင်တာနက်လိုင်းတွေကို ပြန်လည် မွမ်းမံနေတဲ့အတွက် အခုလို လိုင်းတွေ
ပြတ်တောက်မှု ဖြစ်တာလို့ ပြောပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရှစ်လေးလုံး အရေးအခင်း နှစ်ပတ်လည်နေ့မှာ စပြီး
အခုလို ဖြစ်တာလို့ အင်တာနက် သုံးသူတွေက ပြောကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက
ဆက်ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ နှေးသွားသလို ပြတ်တောက်သွားတာမျိုးထိ ဖြစ်နေတာဟာ


အခုအချိန်အထိပါလို့ ပြောနေကြပါတယ်။ ဒါကြောင့် ရန်ကုန်က အင်တာနက်ဆိုင်တချို့ ပိတ်ထားရတာမျိုးတွေတောင်
ရှိနေပါတယ်။ အချိန်ကြာကြာ စောင့်ဆိုင်းပြီးမှသာ လူသုံးများတဲ့ Gmail နဲ့ GTalk တွေလောက်သာ အသုံးပြုနိုင်ပြီး
ကျန်တဲ့ သတင်းစာမျက်နှာတွေကတော့ လုံးဝ ဖွင့်လို့မရအောင် ဖြစ်နေတယ်လို့ အင်တာနက် အသုံးပြုသူ လူငယ်တဦးက
ပြောပါတယ်။ ဘာကြောင့် အခုလို အင်တာနက် ဆက်သွယ်မှုတွေ မကောင်းဖြစ်နေသလဲ ဆိုတာကို အရင်က
သက်ဆိုင်ရာ အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီက ထုတ်ပြန်ကြေညာပေမဲ့ အခုတခါတော့ တရားဝင်ပြောဆိုတာ ခုချိန်ထိ
မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“၈ ရက် ၈ လ နှစ်ပတ်လည် မတိုင်ခင်မှာ စပြီးတော့ ၇ ရက် ညနေဘက်မှာ စပြီး နှေးတယ်။ ပထမအပတ်မှာဆိုရင် လုံးဝ
သုံးလို့မရဘူး။ ကျနော်တို့ မြန်မာပြည်မှာက GTalk ရယ်၊ Gmail ရယ်၊ Facebook ရယ်ကို အများဆုံး သုံးကြတာ ဆိုတော့
ဒီအပိုင်းတွေကိုသာ နည်းနည်းလေး သုံးလို့ရအောင်၊ အဆင်ပြေအောင် လုပ်ထားပြီးတော့ တခြား Page တွေကို ဘယ်
Page မှ ဖွင့်လို့မရအောင် သူတို့ လုပ်ထားတယ်။ အရင်အခေါက်တွေကဆိုရင် ဘာအကြောင်းကြောင့်ဆိုတဲ့
အကြောင်းပြချက်တွေ ရှိတယ်။ အခုတခေါက်ကြတော့ ဘာမှလည်း မတက်ဘူး၊ Connection တအားနှေးတယ်၊
သုံးလို့မရတာပဲ ရှိတယ်၊ ဘာမှ ထုတ်ပြန်ချက်တွေ ဘာတွေလည်း မရှိဘူး။”

ဒါကြောင့်မို့ အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ ရတနာပုံ တယ်လီပို့တ်ကို ဆက်သွယ်မေးမြန်းတော့ ရှစ်လေးလုံး


နှစ်ပတ်လည် ကာလမှာ စတင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပေမဲ့ ဘယ်အချိန် ပြန်ကောင်းလာမလဲ ဆိုတာတော့ မပြောပါဘူး။
အခုလို ဖြစ်နေရတာဟာလည်း အင်တာနက် လိုင်းတွေကို ပြန်လည်မွမ်းမံနေတဲ့အတွက် အခုလို လိုင်းပြတ်တောက်မှုတွေ
ဖြစ်နေတာပါလို့သာ ရတနာပုံက တာဝန်ကျ ၀န်ထမ်းတဦးက ဖြေပါတယ်။

“Server တွေ Maintenance လုပ်နေတယ်။ ရတဲ့နေရာရ၊ မရတဲ့နေရာတွေ မရ၊ အဲဒီလိုဖြစ်နေတာ။ အကုန်လုံးလည်း


မဟုတ်ဘူး။ အခုတောင်မှ ကျနော်တို့ Service လှမ်းမေးတာ၊ ဒီဘက်က ဖုန်းတွေ မနိုင်တော့လို့။ လုပ်လို့မရတော့လို့
ဘာဖြစ်တာလဲ၊ ပြောလို့ရမလားဆိုပြီး မေးထားတာ။ အဲလို Maintenance လုပ်နေလို့ပေါ့နော်၊ လုံးဝ ပြတ်သွားတာတော့
မဟုတ်ဘူး။ တက်လိုက် ကျလိုက် အဲဒီလိုမျိုး ဖြစ်နေတယ်တဲ့။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာက အများပြည်သူ စိတ်ဝင်စားမယ့် နေ့ရက်တွေဆိုရင် အခုလို အင်တာနက် ဆက်သွယ်မှုတွေကို


နှေးပစ်လိုက်တာမျိုး၊ ပြည်ပနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးတွေ အားလုံးကို ထိန်းချုပ်ပစ်တာမျိုး ရှိနေကြ ဖြစ်တာမို့
ဒီတခါလည်း ပြီးခဲ့တဲ့ ရှစ်လေးလုံးနေ့ မတိုင်ခင်ကတည်းက အင်တာနက်တွေ နှေးကွေးသွားတာ ဖြစ်တယ်လို့လည်း
အင်တာနက် သုံးသူတွေက ပြောပါတယ်။

“သူတို့ သိပ်မကြိုက်ဘူးဆိုရင် ပိတ်ပစ်တတ်တယ်ပေါ့။ အစိုးရကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ သဟဇာတ


မဖြစ်ဘူးဆိုရင် သူတို့ ပိတ်တယ်။ ဥပမာ Myanmar Network ဆိုတဲ့ British Council က Support လုပ်တဲ့ အင်တာနက်
Network တခုဆိုရင် တိုက်ရိုက် ဖွင့်လို့မရအောင် သူတို့က ပိတ်ထားတယ်။ အဲဒါဆိုရင် ဒီမှာ ဘာမှ မတင်ဘူး၊ နိုင်ငံရေးနဲ့
ပတ်သက်တာလည်း မတင်ဘူး။ သာမန် Education တို့ ဘာတို့နဲ့ ပတ်သက်တာပဲ တင်တယ်။ ဒါပေမဲ့ သူတို့က အဲဒါကို
ပိတ်ထားတယ်။ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ပိတ်ထားမယ်။ သူတို့ကို အန္တရာယ် ဖြစ်လာမယ့်
အချိန်ဆိုရင် Connection ကို ချုံ့ပစ်လိုက်တယ်။ ဘာမှ သုံးလို့မရအောင် လုပ်ပစ်လိုက်တယ်။ တချို့အချိန်ဆို
Connection ကို နှေးပစ်လိုက်တယ်။”

တခါ ရက်အတိအကျ မကြေညာသေးပေမယ့် ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပပေးမယ် ဆိုတော့ နှစ်ကုန်ခါနီးလာပြီမို့


အာဏာပိုင်တွေက ပြည်တွင်းရော၊ ပြည်ပတွေကိုပါ အလွယ်တကူ ဆက်သွယ်နိုင်မယ့် အင်တာနက်တွေကိုရော တခြား
ဆက်သွယ်ရေးတွေ အားလုံးကို ပိုမိုထိန်းချုပ်တာတွေ ပြုလုပ်လာမှာ သေချာတယ်လို့လည်း မြင်ကြပါတယ်။

“ဒီအကြောင်းကြောင့် ဖြစ်ဖို့လည်း များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာပိုင်းတွေရော၊ အင်တာနက်ပိုင်းတွေရော


အကုန်ကြိုးစားမယ်။ မီဒီယာက ထိန်းချုပ်မယ်ဆိုတာ သူတို့က အလွယ်တကူ ထိန်းချုပ်လို့ရတဲ့ အပိုင်းပေါ့။
အင်တာနက်ကတော့ သိတဲ့အတိုင်းပဲ။ အဓိကတော့ အင်တာနက်ကို သူတို့ ပိတ်မှာပဲ။ ရွေးကောက်ပွဲတို့ ဘာတို့ဆိုရင်
သေချာပေါက် ပိတ်မှာပဲ။”

အင်တာနက် အသုံးပြုတဲ့ ရန်ကုန်က လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရတနာပုံ တယ်လီပို့တ်နဲ့ မြန်မာ့ဆက်သွယ်ရေး MPT အပြင် မြန်မာအင်ဖိုတက်တွေက တနိုင်ငံလုံးကို


အဓိက အင်တာနက် ၀န်ဆောင်မှု ပေးနေကြတာဖြစ်ပြီး ရတနာပုံက ရန်ကုန်မှာ လူသုံးအများဆုံး ဖြစ်ပါတယ်။
ဝန်ဆောင်မှုစရိတ်ကို မြန်မာ့ဆက်သွယ်ရေး MPT တခုကိုပဲ မြန်မာကျပ်ငွေနဲ့ ပေးဆောင်ရတာဖြစ်ပြီး ကျန်တဲ့
ကုမ္ပဏီတွေကိုတော့ FEC နဲ့ ပေးဆောင်ကြရတာ ဖြစ်သလို မြန်နှုန်းမြင့်ပေါ် မူတည်ပြီးလည်း ပေးဆောင်ကြရပါတယ်။
အင်တာနက်ဆိုင်တွေမှာ ပိတ်ပင်ထားတဲ့ သတင်းစာမျက်နှာတွေကို ဖွင့်မကြည့်ရဆိုတဲ့ စာတွေကပ်ပြီး အထူး
သတိပေးထားသလို အင်တာနက် ဆိုင်တွေကိုလည်း အာဏာပိုင်တွေက အမြဲစောင့်ကြည့် စစ်ဆေးနေတာလည်း
ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂါသမားတွေ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချ အရေးယူတဲ့ နိုင်ငံမို့


ကမ္ဘာတ၀န်း သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးစာရင်းထဲမှာ
ပါဝင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ သတင်းသမားတွေဟာ နေ့စဉ် အာဏာပိုင်တွေက အမြဲ
စောင့်ကြည့်တာမျိုးတွေ၊ မထင်ရင် မထင်သလို အပြစ်ပေး စစ်ဆေးတာမျိုးတွေ ရှိနေတာမို့ မြန်မာနိုင်ငံဟာ သတင်းနဲ့
စာနယ်ဇင်း လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက ဝေဖန်
ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-internet-100538554.html

ရခုင
ိ လ
် င
ူ ယ် ၁၁ ဦးကို သက်သေမရှဘ
ိဲ ပြစ်ဒဏ်ချဟု ရှေ့နေ ပြော
ဆလိုင်းထွန်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ခိုင်လုံသော သက်သေထွက်ချက်မရှိဘဲ ၎င်း၏ အမှုသည်များဖြစ်သည့်


ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးကို အင်းစိန်ထောင်တွင်း တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ
ပြစ်ဒဏ်ချခဲ့ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်မှ ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးကို တနှစ်ကျော် ဖမ်းဆီးအပြီး ဖောက်ခွဲမှု၊ မတရားအသင်းနှင့်


ဆက်သွယ်မှု အပါအ၀င် ၅ မှုဖြင့် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင်တရားသူကြီး (၁)
ဦးမြင့်စန်းက ပြစ်ဒဏ်ချသည့်အပေါ် ရှေ့နေဖြစ်သူက ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တိုင်ချက်ထဲမှာ ပြစ်မှုတခုကို ပူးပေါင်းကြံစီတယ်ဆိုတာ မပါဘူး။ တိုင်တာက ရိုးရိုးပဲ။ ASSYC (ရခိုင်ပြည်လုံးဆိုင်ရာ


ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး) ကို အားပေးတယ်လို့ပဲ ပါတယ်။ သက်သေကလည်း ဘယ်သူနဲ့ ဘယ်သူ
ပေါင်းတယ်၊ ဘယ်သူနဲ့ ဘယ်သူ ကြံစီတယ်ဆိုတာလည်း မထွက်ဆိုနိုင်ဘူး။ အနယ်နယ်အရပ်ရပ်က ဖမ်းလာတဲ့ ၁၁
ဦးကို တမှုထဲမှာ ပေါင်းတာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ တင်ပြခဲ့သေးတယ်။ တရားရုံးက လက်မခံဘဲ အပြစ်ပေးလိုက်တာ”
ဟု ရှေ့နေဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

"လျှောက်လဲချက်ပေးတုန်းက အသင်းအဖွဲ့ပုဒ်မ ၇၊ လ၀က ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အရ စွဲထားတာနဲ့ ပတ်သက်ပြီး


မျက်မြင်သက်သေ၊ အထောက်အထား မရှိဘူးလို့ တင်ပြခဲ့တယ်။ တရားသေ လွှတ်ပေးပါပေါ့၊ ဥပဒေအရာရှိကို ပြောတယ်။
ထောက်လှမ်းရေးလူကြီးကို တဦးချင်းစီမှာ ဘယ်မျက်မြင်သက်သေနဲ့ ဘယ်ထောက်အထားရှိလဲလို့ တောင်းဆိုတော့
မတင်ပြနိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ခိုင်ကျော်မိုး၊ ကိုနိုင်စိုးနှင့် ကိုဇော်ထွန်းနိုင်ကို အသင်းအဖွဲ့ ပုဒ်မ ၇ အရ ထောင်ဒဏ် ၃ နှစ်စီ၊ ကိုကျော်ဝင်း၊


ကိုကျော်စံသိန်း၊ ကိုထွန်းလင်းကျော်၊ ကိုအောင်မိုးဇော်၊ ကိုမောင်မောင် (ခေါ်) နားပေါက်နှင့် ကိုအောင်နိုင်ကို
နယ်စပ်ဖြတ်ကျော်မှု လဝက ပြဋ္ဌာန်းချက် ဥပဒေ ၁၃ (၁) အရ ၃ နှစ်နှင့် အသင်းအဖွဲ့ပုဒ်မ ၇ အရ ၃ နှစ်ဖြင့်
တပေါင်းတည်း ကျခံရန် ခရိုင်တရားရုံးက စီရင်ချက်ချခဲ့သည်။

ထို့အပြင် ကိုနိုင်စိုး ခေါ် မဲလုံးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မ ၅
အရ ၅ နှစ်ဖြင့် စုစုပေါင်း ၈ နှစ်၊ ကိုရဲထက်စိုးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ
အက်ဥပဒေ ပုဒ်မအရ ၅ နှစ်နှင့် ဂြိုဟ်တဆ
ု က်သွယ်ရေး ဖုန်းတွေ့ရှိသည်ဟုဆိုကာ ဆက်သွယ်ရေး အက်ဥပဒေ ၁ နှစ်ဖြင့်
စုစုပေါင်း ၉ နှစ် ပြစ်ဒဏ်ချမှတ်သည်။

၎င်းတို့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော၊ ပုဏ္ဏားကျွန်း၊


စစ်တွေ၊ ရန်ကုန်တိုင်း ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်များတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ထို့နောက်
ထိုင်းနိုင်ငံရှိ AASYC နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားမဝင် အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ပုဒ်မ ၅ ခုတပ်ကာ
အထူးရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးသန်းစိုးက တရားလိုလုပ်၍ တရားစွဲဆိုခဲ့သည်။

“အရင်တုန်းက ဖောက်ခွဲရေး လုပ်မယ့်လူတွေ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာတွေနဲ့ နောက်ဆုံး အမှုကို


စွဲတင်တဲ့ အနေအထားတွေနဲ့က လွဲနေတယ်။ အခုလို ကြားရတဲ့အခါ တော်တော်ကို စိတ်မချမ်းသာဘူး။ နိုင်ငံရေးအရ
သူတို့ ပါဝင်ပတ်သက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ဒီလိုဥပဒေတွေနဲ့ စွပ်စွဲတာမျိုးတွေကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ကျနော်ကိုယ်တိုင်ကိုက ပုံနှိပ်ဥပဒေတွေနဲ့ အမျိုးမျိုး စွပ်စွဲပြီးတော့ ထောင်ကျခံဖူးတယ်လေ” ဟု
လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ပြစ်ဒဏ်ချခံရသည့် ရခိုင်လူငယ်များနှင့် ၎င်းတို့အဖွဲ့ ပတ်သက်ခြင်း မရှိကြောင်း AASYC ကလည်း ငြင်းဆိုသည်။

“ဘာမှပတ်သက်မှု၊ ဆက်နွယ်မှု မရှိဘူး။ တက်ကြွတဲ့ ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အသေသတ်ချင်တာ။


အပြစ်မဲ့တဲ့ ရခိုင်ကျောင်းသား လူငယ်တွေကို သက်သေအထောက်အထားမရှိ နှစ်ရှည်ထောင်ဒဏ် ချတဲ့အပေါ်
အင်မတန်မှ စိတ်မကောင်း ဖြစ်မိတယ်။ နအဖရဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လောက်ထိ
ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ အချက်ကို ဖော်ပြလိုက်တာပါ” ဟု AASYC တွဲဖက် အတွင်းရေးမှူး (၁) ကိုထွန်းဇော်က
မဇ္ဈိမကို ပြောသည်။

ယခင်က ရုံးထုတ်စစ်ဆေးစဉ် မိသားစုဝင်များ နားထောင်ခွင့် မရသဖြင့် ခွင့်ပြုရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က


တရားရုံးသို့ ရှေ့နေများက တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ၊ ယမန်နေ့ စီရင်ချက်ချရာသို့ မိသားစုဝင်အချို့
ဝင်ရောက်နားထောင်ခွင့် ပြုခဲ့သည်။

အမှုအတွက် ဦးကျော်ဟိုးအပြင် ရှေ့နေ ဦးအေးသိန်း၊ ဦးမောင်မောင်လတ်နှင့် ဒေါ်သီတာမမတို့လည်း


လိုက်ပါဆောင်ရွက်နေပြီး အယူခံဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။
Source:http://www.mizzimaburmese.com/news/regional/5856-2010-08-12-14-19-31.html

တောင်ကရ
ီုးယား ဒုနင
ို င
်ြံ ခားရေးဝန်ကြီး NLD ခေါင်းဆောင်များနှင့်
တွေ့မည်
2010-08-12

တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး လီယောင်ဂျွန်းဟာ ဩဂုတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်


လည်ပတ်ဖို့ ရှိကြောင်း ၃ ရက်ကြာ လာရောက် လည်ပတ်မဲ့ သူ့ခရီးစဉ်အတွင်း ဩဂုတ်လ ၂၀ ရက် လာမဲ့အပတ်
သောကြာနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း
တောင်ကိုရီးယားသံရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က RFA ကို ပြောဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံရေးဆိုင်ရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လီယောင်ဂျွန်း။ (Photo: AFP)

နေပြည်တော်ကအပြန် ဩဂုတ်လ၂၁ ရက် စနေနေ့မှာတော့ NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း


သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မေးမြန်းကြည့်ရာမှာတော့
တောင်ကိုရီးယားနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေကို ရှင်းပြပါတယ်။

“တောင်ကိုရီးယားက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လာမယ်၊ ၂၁ ရက်နေ့ကျရင် ကျွန်တော်တို့ဆီက ကျွန်တော်တို့


အဖွဲ့က လူကြီးတွေနဲ့ တွေ့မယ်။ အဲဒီတော့ ကျွန်တော်တို့ တယောက်စ နှစ်ယောက်စလောက်ပဲ တွေ့မှာပါ။
တောင်ကိုရီးယားက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာကော၊ ကျွန်တော်တို့ NLD အပေါ်မှာကော အရင်တုန်းက
အများကြီး ထောက်ခံခဲ့တဲ့ သဘောတွေ ရှိပါတယ်။ စာနာ ထောက်ထားတဲ့ သဘောတွေတော့ ရှိပါတယ်။”

မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ကြိုးပမ်းနေတယ်ဆိုပြီး


အစွပ်စွဲခံနေရချိန်မှာ ၊ အခုလဆန်းပိုင်းကပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်း မြန်မာနိုင်ငံကို လာရောက်
လည်ပတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီ ခရီးစဉ်အပြီးမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့် အစိုးရ


ခေါင်းဆောင်တဦး အခုလို လာရောက် လည်ပတ်တာပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး
အထူးသဖြင့် ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ကွက်မှာ အများဆုံး လုပ်ကိုင်နေကြောင်း သိရပါတယ်။

Source:http://www.rfa.org/burmese/news/korean_deputy_minister_to_visit_burma-
08122010141044.html

အစိုး ရ ဝါဒဖြန့် ကြွေးကြော်သမ


ျာံး တက္ကသလ
ို စာစီစာကုံးခေါင်းစဉ်
အဖြစ်သုးံ
2010-08-12

မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာ တက္ကသိုလ်တွေရဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေမှာ ဖြေဆိုရမယ့် အက်ဆေး


စာစီစာကုံး ခေါင်းစဉ်တွေဟာ စစ်အစိုးရရဲ့ ဝါဒဖြန့် ကြွေးကြော်သံတွေ ဖြစ်နေတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေ
စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခုလ ၁၆ ရက်နေ့ စတင်မယ့်


စာမေးပွဲတွေအတွက် ကြိုတင်ထုတ်ပေးထားတဲ့ မေးခွန်းခေါင်းစဉ်တွေအဖြစ် စစ်အစိုးရရဲ့ ဝါဒဖြန့် ကြွေးကြော်သံ ခေါင်းစဉ်
၁၁ခုကို ချမှတ်ထားတယ်လို့ ကျောင်းသား တယောက်က ပြောပါတယ်။

“ဒီခေါင်းစဉ် ၁၁ ခုကို ချထားပေးခဲ့တာပေါ့။ ဒါပေမဲ့ ဒီခေါင်းစဉ်တွေကို ကြည့်ပြီးတော့ သူငယ်ချင်းတွေ အတော်များများက


စိတ်ညစ်နေကြတယ်။ မန္တလေး နည်းပညာတက္ကသိုလ်က သူငယ်ချင်းတွေဆိုရင် သူတို့ဆီမှာ ချပေးတာ နှစ်ပတ်လောက်
ရှိပြီလို့ ပြောတယ်။”

အခုချမှတ်လိုက်တဲ့ အင်္ဂလိပ်စာ အက်ဆေးခေါင်းစဉ်တွေထဲမှာ ပြည်ထောင်စု စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ


တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်၊ နည်းပညာမှတဆင့် ခေတ်မီဖွံ့ဖြိုးတိုးတက်
ငြိမ်းချမ်းသော နိုင်ငံတော် တည်ဆောက်ရေး။ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာအရည်အချင်း မြင့်မားရေး၊
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စတဲ့ ခေါင်းစဉ်တွေ ပါဝင်ပါတယ်။

အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအနေနဲ့ ဒီလိုခေါင်းစဉ်တွေနဲ့ အရင်က သင်ကြားဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့်


အခက်တွေ့နေကြတယ်လို့လည်း သိရပါတယ်။

Source:http://www.rfa.org/burmese/news/propagandas_using_as_essay_titles-08122010164834.html
ဇောတိက ဓာတ်ငွေ့လုပင
် န်းအတွက် ရင်းနှီးမြှုပ်နမ
ှံ ရ
ှု ဖို့ ထိင
ုး ကြိုးပမ်း
2010-08-12

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှာ ရှိတဲ့ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက် ၅ နေရာအတွက် စီးပွားဖက် ရင်းနှီးမြှုပ်နှံသူ


အသစ်တွေ ရဖို့ ထုတ်လုပ်ခွင့် ရထားတဲ့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ဆွေးနွေးနေတယ်လို့ အမှုဆောင်အရာရှိချုပ်
အန်နွံ ဆီရီဆောင်း တပ်ဆင်က ပြောကြားပါတယ်။

မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့


လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map)

PTTEP အနေနဲ့ ထိုင်းဖက်က ထိန်းချုပ် လည်ပတ်မယ့် လုပ်ကွက် ၅ ခုဖြစ်တဲ့ M3, M4, M7, M9 နဲ့ M11 တွေ အတွက်
အကျိုးတု ပူးပေါင်းလုပ်ကိုင်နိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေပြီး လုပ်ကွက်တခုကို ရှယ်ယာရှင်
တဦးချင်းစီထက် အားလုံးနဲ့ အကျိုးတူလုပ်နိုင်သူတွေကို ဦးစားပေး ဆွေးနွေးနေတယ်လို့ မစ္စတာ အန်နွံက ပြောပါတယ်။

လုပ်ကွက် ၅ ခုစလုံးအတွက် ထိုင်းဖက်က တာဝန်ယူလုပ်ကိုင်ဖို့ သဘောတူထားပေမယ့် ဓာတ်ငွေ့ဝယ်ယူရေး


စာချုပ်ကိုတော့ PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က
သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

စာချုပ်အရ ဒီလုပ်ငန်းတွေကို မြန်မာစစ်အစိုးရရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က အစုရှယ်ယာ ၁၅


ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ကျန်တဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော်ကို ထိုင်းကုမ္ပဏီက
ပိုင်ဆိုင်ထားပါတယ်။

M9 လုပ်ကွက် ဇောတိက ဓာတ်ငွေ့တွင်းက ထွက်မယ့် ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်ကစပြီး တနေ့ကို ကုဗပေ သန်း
၃၀၀ အထိ ထုတလ
်ုပ်မှာ ဖြစ်ပါတယ်။ ဒီအထဲက ကုဗပေ သန်း ၂၄၀ ကျော်ကို ထိုင်းနိုင်ငံဖက်ကို တင်ပို့သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ လုပ်ငန်း ၄ ကွက်ကိုတော့ ရှာဖွေ စမ်းသပ်တာတွေကို လာမယ့်နှစ်မှာ စတင်မယ်လို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/thai_trying_to_get_gas_rights-08122010162541.html
ပုနက
် န်တြဲ့ မို့ နအဖ စစ်အစိုးရမှ အခွငအ
့် လန်းများ ပေးပြီး စည်းရံုး နေ

တောင်ကုတ်လူထု ၂၀၀၈- ပြည်သူ့ ဆန္ဒခံယူပွဲကို ဤသို့ NO တီချပ်များ ညီတူ ၀တ်ဆင်၍ ကန့်ကွက်ခဲ့သည်။

ရခိုင်ပြည်နယ်ထဲက နအဖ စစ်အစိုးရအား ပုန်ကန်ရာတွင် ထိပ်ဆုံးနေရာမှ ပါဝင်ခဲ့သော တောင်ကုတ်မြို့ ကို ယခုအခါ


နအဖ စစ်အစိုးရမှ တခြား ရခိုင်ပြည်နယ်က မြို့များထက် အခွင့်အရေးများ ပိုမို တိုးမြှင့် ချပေးကာ စည်းရုံးရေးများ
ပြုလုပ်နေကြောင်း သိရသည်။

တောင်ကုတ်မြို့ခံ နိုင်ငံရေး လူပ်ရှားသူ လူငယ် တဦးက “ အခု တောင်ကုတ်မှာ လျှပ်စစ်မီးက နေ့ရော ညပါ
ရနေပါတယ်။ အစိုးရက ညနေ ၆ နာရီက ည ၁၀ နာရီထိ ပေးပြီး ဦးကျောက်တောင်က နံနက် ၁၀ နာရီကနေ ညနေ ၎
နာရီထိ ပေးတာပေါ့လေ။ ဦးကျောက်တောင်က စစ်အစိုးရနဲ့ ပေါင်းပြီး လျှပ်စစ်မီးကို နေ့ခင်းမှာ ပေးဝေနေတာ
ဖြစ်ပါတယ်။ မြို့သူမြို့သားတွေကို ချော့သိပ်တဲ့ သဘောမျိုးလို့ မြင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မီးပေးဝေမူကို သြဂတ်လစ်မှ စတင်ပြီး ပေးဝေနေခြင်း ဖြစ်ပြီး ဦးကျောက်တောင် ပိုင်ဆိုင်သော မီးစက်


အတွက်လိုအပ်သော စက်သုံးဆီကို အစိုးရမှ ထောက်ပံ့ပေးကြောင်း သိရှိရသည်။

“ သူတို့ က တောင်ကုတ်မြို့မှာ အရင်ကလို အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မှာကို စိုးရိမ်နေပါတယ်။


ဒါကြောင့် တောင်ကုတ် လူထုကို ဆန္ဒပြပွဲတွေ မလုပ်ရအောင် ခုလို လျှပ်စစ်မီးကို ပိုမို ပေးပြီး စည်းရုံးနေတာ ဖြစ်ပါတယ်။
ပီးရင် စစ်အစိုးရ ကျော့ထောက် နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီကိုလည်း ထောက်ခံမဲပေးအောင် လူထုကို
ခုကတည်းက စည်းရုံးနေတဲ့ သဘော ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခင်က တောင်ကုတ်တွင် တနေ့ လျှပ်စစ်မီး ၃ နာရီသာ ရရှိခဲ့ပြီး ယခုအခါ ၁၀ နာရီနီးပါးခန့် ရရှိနေကြောင်း သိရသည်။
တောင်ကုတ်ထက် ကြီးသော ရခိုင်ပြည်နယ်မှ မြို့ကြီးများ ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲတို့တွင် တစ်နေ့
လျှပ်စစ်မီး ၃ နာရီသာ ရရှိပြီး ရရှိသောမီး မှာလည်း ရပ်ကွက်အလိုက် တပတ် သုံးရက်သာ ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် စစ်အစိုးရ အာဏာပိုင်များသည် ယခင်က သွားလာ၍ မရအောင် ပျက်စီးနေသော တောင်ကုတ်နှင့်


သင်္ဘောဆိပ်ကားလမ်းကိုလည်း ယခုအခါ အဆင့်မှီ ကာလမ်း တခု အဖြစ် တည်ဆောက် လိက
ုပြီး တောင်ကုတ်နှင့်
ပဒေါင်းလမ်း ရိုးလမ်းကိုလည်း ခေတ်မှီ ၂လမ်းပြေး လမ်း အဖြစ် ဖေါက်လုပ်နေကြောင်း သိရသည်။

၎င်းပြင် ပုဂ္ဂလိက သင်္ဘောကျင်းများ၊ တန် ၆၀ ကျ ဆန်စက်များ၊ ရေခဲစက်ရုံများနှင့် တခြားစက်မူ လုပ်ငန်းများကို


လုပ်ပိုင်ခွင့်ချပေးထားပြီး လူထုကို စီးပွားရေး လုပ်ငန်းကိုလည်း တိုးမြှင့်ပြီး အခွင့် အရေးများ ချပေးနေကြောင်း သိရသည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တွင်သာမ မြန်မာနိုင်ငံတွင်ပါ စစ်အစိုးရကို ဆန့်ကျင်ရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သော


မြို့ဖြစ်ပြီး လွန်ခဲ့သော ၃ နှစ်အတွင်းက အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲ အကြိမ် ၂၀ ထက် မနည်းပေါ်ပေါက်ခဲ့သည်။
သို့အတွက်ကြောင့် တောင်ကုတ်မြို့မှ NLD မြို့နယ် ဥက္ကဌ ဦးကျော်ခိုင်၊ ဒုဥက္ကဌ ဦးခင်လှ၊ အတွင်းရေးမှူး ကိုမင်းအောင်၊
တခြား လူငယ် အဖွဲ့ဝင်များ ဖြစ်ကြသည့် မနီနီမေမြင့်၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ မောင်မောင်သက်၊ ကိုသန်းဌေး
အပါအ၀င် လူအများအပြားကို နအဖ စစ်အာဏာပိုင်များက ယခုအချိန်ထိ ဖမ်းဆီး ထောင်ချထားသည်။

Source:http://www.narinjara.com/detailsbur.asp?id=2667

MAI ကို ကမ္ဘောဇ လေကြောင်းလိင


ုး အဖြစ် ပြောင်းမည်
ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI) ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ
ဝန်ထမ်းများ ၀င်ရောက်ကာ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။
MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ်
လီမိတက်မှ လွှဲပြောင်း ရယူပြီး Air Kanbawza
လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း
ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက
ပြောသည်။

MAI ကို စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး


မောင်အေး၏ စီးပွားရေး လူယုံဟု လူသိများသော
ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းမှ
လွှဲပြောင်းရယူမည် ဖြစ်သည်။ ဦးအောင်ကိုဝင်းသည်
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့
၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ
ဒဏ်ခတ်ထားသူများ စာရင်းတွင်
ကွာလာလမ်ပူ မြို့တွင် ဆေးရောင်အသစ် ပြောင်းလဲ
ထည့်သွင်းထားခံရသူတဦးလည်း ဖြစ်သည်။
ပြင်ဆင်ထားသည့် MAI လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ -
W.T. Liew. Ex-Adria)
“လက်မှတ်အရောင်းနေရာတို့၊ ရုံးခန်း
မန်နေဂျာနေရာတွေမှာ ကမ္ဘောဇက ၀န်ထမ်းတွေ ဒီလဆန်းပိုင်းက စ၀င်လာပြီး MAI က ၀န်ထမ်းတွေနဲ့ တွဲလုပ်နေတဲ့
ပုံစံမျိုးပါ” ဟု မြန်မာ့လေကြောင်းလိုင်းမှ အရာရှိတဦး ကဆိသ
ု ည်။

နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာနှင့် လေယာဉ်မှူးများ ပြောင်းရွှေ့ဖွယ် မရှိသော်လည်း ရုံးပိုင်းဆိုင်ရာ


လုပ်ငန်းများတွင်မှု ကမ္ဘောဇ ၀န်ထမ်းများ ကျွမ်းကျင်မှုရှိလာပါက အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ “အစိုးရအနေနဲ့ ပုဂ္ဂလိကကို ဘယ်လိုပဲရောင်းရောင်း ဒါသူ့အပိုင်းပါ။ အာဏာပိုင်တွေ အနေနဲ့ တခု


ထည့်စဉ်းစားစေချင်တာက လုပ်ငန်းကို ပုဂ္ဂလိကဆီ ရောင်းလိုက်ပြီးနောက် ဝန်ထမ်းတွေ ကုမ္ပဏီအသစ်
လက်ထဲရောက်ရင် ဖြစ်ချင်ရာဖြစ်၊ ထုတ်ရင်လည်းခံ ဆိုတဲ့ အနေအထားမျိုး မဖြစ်အောင် ညှိနှိုင်းမှုတွေလုပ်သင့်တယ်” ဟု
ပြောသည်။

ယခုအချိန်တွင် ပူးတွဲလုပ်ကိုင်နေသော်လည်း ပုဂ္ဂလိသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းအများစု၏ ထုံးစံအရ


လွှဲပြောင်းယူလိုက်သည့် ကုမ္ပဏီမှ ၀န်ထမ်းများ လုပ်ငန်းကျွမ်းကျင်လာပါက ထုတ်ပယ်မှုများ ရှိလာမည်ကို
စိုးရိမ်မိကြောင်း MAI လေကြောင်းလိုင်း၊ ၀န်ဆောင်မှုဌာနမှ ဝန်ထမ်းတဦးက ပြောသည်။
“အခုလောလောဆယ် အကုန်လုံးလွှဲပေးတာ မဟုတ်သေးဘဲ တွဲလုပ်နေတဲ့ ပုံစံမျိုးပါ။ မြန်မာ့လေကြောင်းလိုင်းက
ရှယ်ယာ ၂၀ ရာခိုင်နှုန်းပဲ ပိုင်တော့တယ်ဆိုတော့ နောက်ပိုင်း လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး” ဟု ကမ္ဘောဇ
လေကြောင်းလိုင်းမှ တာဝန်ရှိ သူ တဦးက ပြောသည်။

“၀န်ထမ်းတွေ တွဲလုပ်နေတယ် ဆိုပေမယ့် ကမ်းနားလမ်းမှာ ရှိတဲ့ မြန်မာ့လေကြောင်းလိုင်းရုံးနဲ့ ကပ်လျက်မှာ Air


Kanbawza (ကမ္ဘောဇ လေကြောင်းလိုင်း) ဆိုပြီး ဆိုင်းဘုတ်တင် ဖွင့်ထားတယ်။ နောက်ပိုင်း လေကြောင်းလိုင်း
လုပ်ပိုင်ခွင့်က တဦးတည်းဖြစ်သွားသလို မြန်မာ့လေကြောင်းလိုင်းဆိုတာလည်း မရှိနိုင်တော့ဘူး” ဟု ၎င်းက ဆက်လက်
ရှင်းပြသည်။

စစ်အစိုးရက ထိန်းချုပ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ်


တဖြည်းဖြည်း ခွဲဝေရောင်းချလျှက်ရှိရာ MAI လည်း အပါအဝင်ဖြစ်သည်။

“Air Kanbawza လေကြောင်းလိုင်းကို MA 60 နဲ့ ATR 72 အမျိုးအစား လေယာဉ် ၅ စီးနဲ့ အောက်တိုဘာလကစပြီး


ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲဖို့ ဆုံးဖြတ်ထားတယ်။ MA 60 အသစ် ၃ စီးကို မြန်မာ့ လေကြောင်းလိုင်းကို လွှဲမယူခင်
ကတည်းက ၀ယ်ထားတာ။ ခရီးစဉ် အသေးစိတ်ကတော့ ခုလောလောဆယ် ဆွဲနေတုန်း အတိအကျ မထွက်သေးဘူး”ဟု
ကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခု ဖြစ်သော Air Mandalay လေကြောင်းလိုင်းသည် ATR 72 လေယာဉ်ဖြင့်


ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေး ဆွဲနေသော်လည်း လေယာဉ်ကို အကြီးစားပြင်ဆင်မှုပြုလုပ်ရန် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ သို့ ဇူလိုင်လ ကုန်ပိုင်းက ထွက်ခွာသွားခြင်းကြောင့် ပြည်တွင်းပြည်ပ ပျံသန်းမှု ခရီးစဉ်များကို
ရပ်နားထားကြောင်း သိရသည်။

“လေယာဉ်က ပြင်နေတာရယ်၊ ပျက်နေတာရယ်များနေတော့ လေကြောင်းလိုင်းဝင်ငွေကလည်း လျော့တဲ့အပြင် Air


Mandalay လေကြောင်းလိုင်းရဲ့ စီးပွားရေးကလည်း ကျနေတယ်။ အသစ်ချဲ့တဲ့ အင်းလေး လေကြောင်းလိုင်းနဲ့ ကမ္ဘောဇ
လေကြောင်းလိုင်းကို ၀န်ထမ်းတွေ ပြောင်းလျှောက်နေကြတော့ လူကြီးတွေလည်း စိတ်ညစ်နေတယ်” ဟု Air Mandalay
လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

MAI သည် လေယာဉ်ကွင်း တည်ရှိသော မြို့ပေါင်း ၃၁ မြို့သို့ ပျံသန်းပြေးဆွဲနေသည့် တခုတည်းသော လေကြောင်း


လိုင်းဖြစ်ပြီး ပြည်ပခရီးစဉ်အနေနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်ကာပူနိုင်ငံနှင့်
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော MAI
ကြောင်း လိုင်းသည် သက်တမ်း ၆၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများအား


လွှဲပြောင်းလုပ်ကိုင်ခွင့်များ ပေးထားသကဲ့သို့ ဘဏ်လုပ်ငန်းသစ်၊ လေကြောင်းလိုင်းသစ် ထပ်မံတိုးချဲ့
လုပ်ကိုင်ခွင့်များလည်း ချထားပေးနေသည်။

မကြာသေးမီကလည်း MAI မှ တာဝန်ယူ လုပ်ကိုင်နေသော တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်


ဝင်ငွေရှိနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိက အဖြစ် စစ်အစိုးရနှင့်
နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့သည် အင်းလေး လေကြောင်းလိုင်း (Air


Inlay) တည်ထောင်လိုက်ကာ ပြည်တွင်းခရီးစဉ်များ စတင် ပြေးဆွဲသွားမည်ဟု စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀န်းမှ
စုံစမ်း သိရှိရသည်။

ဦးအောင်ကိုဝင်းသည် ကမ္ဘောဇဘဏ် လုပ်ငန်းအပြင် ကမ္ဘောဇ FC အမည်ရှိ ဘောလုံးအသင်းကိုလည်း


တည်ထောင်ထားသူဖြစ်သည်။

MAI လေကြောင်းလိုင်းနှင့် ပြိုင်ဘက်တခုဖြစ်သော အဲပုဂံလေကြောင်းလိုင်းသည်လည်း စစ်အစိုးရနှင့် နီးစပ်သည့်


စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက လုပ်ကိုင်ခွင့်ရထားပြီး ယင်းလေကြောင်းလိုင်းတွင် A-310 ၂ စီး၊ F-100 ၂ စီး ၊ ATR-
72 ၂ စီး၊ ATR-42 ၂ စီး စုစုပေါင်းလေယာဉ် ၈ စီးရှိကြောင်း ယင်းတို့ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3827-mai-----

ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုလိမမ


့် ည် မဟုတဟ
်ု ကေအဲနပ
် ပ
ီ ေ
ီ ပြာ

မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် မည်ကဲ့သို့ ရလဒ်များ ထွက်ပေါ်လာသည်ဖြစ်စေ


အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ပြောဆိုသည်။

ပြီးခဲ့သည့် ၉ ရက်နေ့က ကရင်နီအမျိုးသားများအတွက် ကျရောက်သော ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား


ခုံခံတော်လှန်ရေးနေ့တွင် ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရမှ အတည်ပြုသွားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားပြည်သူတရပ်လုံးအတွက် ဒီမိုကရေစီ


အခွင့်အလမ်းနှင့် ပတ်သက်၍ ရှေ့ရှုထားသော အခြေခံဥပဒေ
မဟုတ်သောကြောင့် လူထုဆန္ဒခံယူပွဲကတည်းက
လက်မခံနိုင်သကဲ့သို့ လာမည့် ရွေးကောက်ပွဲ၏ ရလဒ်ကိုလည်း
အသိအမှတ် မပြုရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက တကယ်လူထုဆန္ဒ


သဘောထားကို လွတ်လွတ်လပ်လပ် ရယူပြီးတော့ အတည်ပြုခဲ့တာ
မဟုတ်ဘူး။ အတင်းအကြပ် လူထုဆန္ဒသဘောထားတွေကို
ဓါးမြတိုက်ပြီးတော့ အတည်ပြုထားတယ်လို့ ကျနော်တို့
အခြစ်ချသတ်မှတ် ထားတာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျနော်တို့
အခြေခံဥပဒေကို လက်မခံနိုင်တဲ့ တကြိမ်ထဲမှာပဲ ၂၀၁၀
ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ရလဒ်မျိုးပဲ
ထွက်လာထွက်လာ ဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်
မပြုဘူးဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြုကြေညာထားပြီး
ဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောကြားခဲ့ပါသည်။

ကေအဲန်ပီပီ အနေဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်


ရွေးကောက်ပွဲ၏ ရလဒ်ကို လက်မခံနိုင်သော်လည်း ကရင်နီ
ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအသစ် ဖွဲ့စည်းတည်ထောင် အတွင်းရေးမှူး ၁ ခူဦးရယ်
လိုက်သော လူမျိုးပေါင်းစုံ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ယူအဲန်ဒီပီ) ကမူ စစ်အစိုးရ ကျင်းပမည့်
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အခွင့်အလမ်း ရရှိနေပြီ ဖြစ်သည်။

ဦးမီရယ်မြင့်နှင့် ဦးမီရယ် (ခ) ရဲအောင်တို့ ဦးဆောင်ဖွဲ့စည်းသော ယူအဲန်ဒီပီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်


ရရှိရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီလျှောက်ထားခဲ့ရာ
ယခုလ ၅ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယူအဲန်ဒီပီ တည်ထောင်ရခြင်းမှာ ကရင်နီပြည်နယ်တွင် နိုင်ငံရေးပါတီ တဖွဲ့မှ မရှိသေးသောကြောင့် လာမည့် စစ်အစိုးရ


ရွေးကောက်ပွဲတွင် ကရင်နီပြည်နယ်နှင့် ကရင်နီလူထုများ ကိုယ်စားပြုပါတီတဖွဲ့ ပါဝင်သင့်ကြောင်း၊ အနာဂတ်တွင်လည်း
ကရင်နီ မျိုးဆက်သစ် လူငယ်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ယူအဲန်ဒီပီ အတွင်းရေးမှူး ဦးမီရယ် (ခ)
ရဲအောင်က ပြောပါသည်။

၎င်းက “ပါတီတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကယားပြည်နယ်ကိုယ်စားပြုပါတီတစ်ခု ရှိသင့်တယ်လို့


ခံယူထားပါတယ်။ အနာဂတ်မှာ ကယားပြည်နယ် အတွင်းရှိ လူမျိုးစုံ မျိုးဆက်သစ်လူငယ်များအတွက်
ရည်ရွယ်ချက်ကြီးစွာနဲ့ ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်တယ်။ ပြည်နယ်နှင့် ပြည်သူလူထုအတွက်လို့
ရည်ရွယ်ဖွဲ့စည်းတည်ထောင်တယ်” ဟု ပြောသည်။

ကရင်နီပြည်နယ်တွင် အခြားသော နိုင်ငံရေးပါတီများ လာရောက်ပါဝင်ကိုယ်စားပြုရန် ဆောင်ရွက်နေကြသည်မှာ


အချို့ရှိနေသော်လည်း ယင်းပါတီများအား အတိုက်အခံ ပြုလုပ်ရန် မဟုတ်ကြောင်း ဦးမီရယ် (ခ) ရဲအောင်က
ဆက်ပြောသည်။

စစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ယခုအချိန်ဆိုလျှင်


နှစ်တ၀က်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အကယ်၍ ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင်လည်း တတ်နိုင်သည့် နည်းလမ်းဘက်မှ
ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကေအဲန်ပီပီက ဆိသ
ု ည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာစစ်အစိုးရမှ အတည်ပြုသွားခဲ့သော ၂၀၀၈


ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံနိုင်ကြောင်း ကေအဲန်ပီပီက ထုတြ် ပုကြေညာထားပြီး ဖြစ်သည်။

Source:http://ktimes.org/news/regional/item/689-

မြစ်ကြီးနားတက္ကသလ
ုိ ေ
် ကျာင်းအုပက
် ၎င်း၏ စာရေးမအား နားရွကဆ
်ွဲ
ပါးရိက
ု ခ
်ဲ့
Thursday, 12 August 2010 18:20 KNG

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီးသည် ၎င်း၏ စာရေးမတစ်ဦးအား နားရွက်ဆွဲ ပါးရိုက်ခြင်း


ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၉ရက်နေ့တွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ခင်သီတာက ထိုစာရေးမအား


အတန်းဝင်ရမည့်ဆရာတစ်ဦးကို အခေါ်လွှတ်ရာ ချက်ချင်းသွားမခေါ်သဖြင့် ယခုလို ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။

“နားဆွဲပြီး ပါးရိုက်ပေးလိုက်တယ်၊ နားနည်းနည်း၊ နားကပ်ပန်ထားလို့ဖြစ်မယ် သွေးထွက်လို့ ဆေးရုံသွားလိုက်ရတယ်” လို့


တက္ကသိုလ်စာရေးတစ်ဦးပြောသည်။
ကျောင်းအုပ်ဆရာမကြီး၏ နာကျင်အောင်ပြုကျင့်မှုအပေါ်
ထိုစာရေးမသည် မကျေနပ်တာကလွဲပြီး ရုံးတိုင်ကြားခြင်းမရှိခဲ့ပါ။
“လူကြီးပြောရင် ချက်ချင်းလုပ်တတ်ပါ” ဟု စိတ်ဆိုးဆိုးဖြင့်
ဆရာမကြီးက ရိုက်ခံရသူအား ပြောကြောင်း စာရေးမမှ ဆက်ပြောသည်။

သြဂုတ် ၁၂ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှုး


ဗိုလ်ချုပ်စိုးဝင်း လာရောက်ကြည့်ရှုစစ်ဆေး မည်ဖြစ်သည်။

မြစ်ကြီးနားတက္ကသိုလ်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ


ထို့ကြောင့် သြဂုတ် ၉ ရက် တနင်္လာနေ့မစတင်ကာ အတန်းတိုင်း
-
ဆရာ/မလစ်လပ်မှုမရှိဝင်ပေးရန် ကျောင်းအုပ်ဆရာမကြီး
ညွှန်ကြားထားရာ အတန်းချိန်ပျက်ကွက်နေသည့် ဆရာတစ်ဦးကို စာရေးမအား ခေါ်ခိုင်းချိန် ယခုကိစ္စ ဖြစ်ခဲ့သည်။

ယခုလို ကျောင်းအုပ်ဆရာမကြီး၏ ရိုင်းစိုင်းသည့်အပြုအမူပေါ် ကျောင်းသားများနှင့်စာရေးများသာမက


ပတ်ဝန်းကျင်ဒေသခံများပါ မကျေမနပ်ဖြစ်နေကြသည်။

“ဆရာမကြီးက သိပ်စွာတယ်၊ ဇီဇာကြောင်တယ်၊ အဲလိုတော့ မလုပ်သင့်ဘူးထင်တယ်၊ ပြဿနာကဖြစ်နေကြ၊ သတင်းက


အပြင်ကိုမထွက်ဘူး” ဟု ကျောင်းသားတစ်ဦးက မကျေမနပ်ပြောသည်။

ယခုကိစ္စမတိုင်ခင်ကလည်း ဗိုက်ခွဲပြီးကလေးမွေးခါစ အခြားစာရေးမတစ်ယောက်ကို ဆရာမကြီးက ကိုယ်ချင်းမစာဘဲ


တက္ကသိုလ်ကျောင်းအပေါ်ထပ်သို့ စာအုပ်များ သယ်ခိုင်းခဲ့ရာ ဗိုက်ခွဲထားသည့်ဒဏ်ရာ နာကျင်ခဲ့ရသဖြင့် ထိုစာရေးမ
ဆေးရုံပြန်တက်လိုက်ရသည်။

အသက်(၄၀)ကျော်ရှိ ဒေါက်တာဒေါ်ခင်တီတာသည် မြစ်ကြီးနားတက္ကသိုလ်သို့ ပြီးခဲ့သည့် ၂၀၀၉ မှ


ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာခဲ့ပါသည်။ ဆရာမကြီးသည် ဂျပန်နိုင်ငံမှ ရုက္ခဗေဒ Ph.D ရရှိသူဖြစ်သည်။

ယခုလို စာရေးမ နှစ်ဦးကဲ့သို့ အခြားတက္ကသိုလ်ဝန်ထမ်းများပါ ကျောင်းအုပ်ဆရာမကြီး၏ စိတ်ပိုင်း ရုပ်ပိုင်း


နာကျင်စေသည်အထိ အစောကား ခံခဲ့ရသော်လည်း အာဏာပိုင်များကိုကြောက်ရွံ့မှုကြောင့် ယခုချိန်ထိ တစ်စုံတစ်ရာ
တိုင်ကြားခြင်း မရှိကြောင်း သိရသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/234-2010-08-12-12-53-55.html

You might also like