You are on page 1of 29

ရွေးကောက်ပွဲ နိဝ

ု င်ဘာ ၇ ရက်နေ့ ကျင်းပမည်ဟု


စစ်အစိုး ရကြေညာ
2010-08-13

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး လမ်းညွှန်မြေပုံ ၇ ချက်ထဲက နောက်ဆုံးအဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်


တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ်လို့ စစ်အစိုးရပိုင် သတင်းဌာနတွေက သြဂုတ်လ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ
ကြေညာလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့တာ
ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ တိုကျိုမြို့တွင်


သြဂုတ်လ ၈ ရက် ရှစ်လေးလုံး အထိမ်းအမှတ်နေ့က ကန့်ကွက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ ပြင်ဆင်ချိန် ၂ လခွဲကျော်လောက်သာ ရသလို ၊


စည်းကမ်းချက်တွေလည်း တင်းကျပ်ထားတာကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့
NLD ပါတီပြောခွင့်ရသူ ရှေ့နေဦးဥာဏ်ဝင်းက ဝေဖန်လိုက်ပါတယ်။

“ကျွန်တော်တို့ သဘောထားက ထုတ်ပြန်ပြီးပြီလေ၊ တရားမျှတမှု မရှိနိုင်ဘူး၊ ဒါ ကျွန်တော်တို့ သဘောထားပဲ။


ရွေးကောက်ပွဲက free and fair ဖြစ်တယ်လို့ ကျွန်တော် မယူဆဘူး။”

နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပေမဲ့ ရွေးကောက်ပွဲဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ


အမည်စာရင်းကိုတော့ ဒီဩဂုတ်လ ၁၆ ရက်ကနေ ဩဂုတ် ၃၁ ရက် လကုန်တဲ့နေ့အထိ ၂ ပတ်ကျော်အတွင်း အပြီးသတ်
တင်သွင်းရမယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။ အဲဒီလို လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းတဲ့အခါ
ကိုယ်စားလှယ်လောင်းတဦးအတွက် ကျပ်ငွေ ၅ သိန်းကိုပါ တပါတည်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

အဲဒီသတ်မှတ်ချက်ဟာ နိုင်ငံရေးပါတီတွေကို အကျပ်ရိုက်စေတယ်လို့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ


ခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကတော့ ဒီအတိုင်းသာဆိုရင် ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ လက်ရှိ


အာဏာရှိသူတွေရဲ့ အဝန်းအဝိုင်းထဲက လူတွေသာ လာမဲ့လွှတ်တော်ထဲမှာ နေရာရဖို့များနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“ကျွန်တော် အခု အခင်းအကျင်းကို ကြည့်လိုက်တဲ့အခါမှာ ဟို ရွေးကောက်ပွဲ ဝင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက


တထောင်ကျော် ရှိတာဗျ။ တထောင်ကျော် ရှိတော့ ပါတီဝင်တွေ အကုန်လုံးပေါင်းမှ ၅၀၀ ပြည့်ပါ့မလား မသိဘူး။ အဲဒီတော့
အလိုလိုနေရင်းနဲ့ ၅၀၀ ကျော်က ကျန်တဲ့ ပိုက်ဆံတွေ တတ်နိုင်တဲ့လူပေါ့နော်၊ ပိုက်ဆံ တတ်နိုင်တဲ့လူဆိုတာတော့ အစိုးရနဲ့
နှီးနွယ်တဲ့ ပါတီတွေ ဖြစ်မှာပေါ့။ အဲ သူတို့ပဲ ရမှာ၊ ကျွန်တော် ထင်တယ် ပြိုင်ဖို့ ပြိုင်ဖက်တွေတောင် ရှိကြမယ်မထင်ဘူး၊
ကျွန်တော်တို့လည်းပဲ တင်သလောက်ကတော့ နည်းနည်းပါးပါး ရမှာပေါ့နော်၊ အဲဒီလိုပဲ ရှိမယ်ထင်တယ်။”

ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတချို့ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် ကျောခိုင်းဖို့ ရှိကြောင်း သတင်းတွေ


ထွက်ပေါ်နေပြီး ၊ ကျန်တဲ့ ပါတီတွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စိတ်အား
ထက်သန်နေဆဲပဲလို့ RFA ကို ပြောဆိုကြပါတယ် ။

Source:http://www.rfa.org/burmese/news/regime_announce_election_date-08132010124651.html

မဲမပေးပဲနေပိင
ု ခ
်ွင့် ပိစ
ု တာများ ရန်ကန
ု မ
ှ်ာ ကပ်
2010-08-13

ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲဆန္ဒနယ်မြေ စာရင်းတွေ သြဂုတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပြီးလို့


နာရီပိုင်းအတွင်းမှာပဲ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေနဲ့ တက်ကြွသူ
လူငယ်တချို့က ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ မဲမပေးပဲနေပိုင်ခွင့်ရှိတယ်ဆိုတဲ့ အသိပေး ပိုစတာတွေ လိုက်ပြီး
ကပ်ခဲ့ကြပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းကို မတ်လ ၉ ရက်နေ့က လမ်းဘေး


လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)

ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ စစ်အစိုးရ ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသလို


မဲမပေးပဲလည်း နေခွင့်ရှိတယ်ဆိုတဲ့ စာတမ်းနဲ့ အောက်ဖက်မှာ မဲမပေးရန်အတွက် ရည်ရွယ်သည်လို့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ ပိုစတာပေါ်မှာ ရေးပြီး လိက
ုကပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ဘုရင့်နောင် ဆိုတဲ့ မြို့နယ်တွေနဲ့ လူစည်ကားတဲ့ ယုဇနပလာဇာ၊


ဒဂုံစင်တာစတဲ့ နေရာတွေမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။လမ်းဘေးအုတ်ခုံတွေမှာ၊ ဓာတ်တိုင်တွေ
သောက်ရေအိုးစဉ်တွေနဲ့ အရောင်းကုန်တိုက်တွေရဲ့ ကားရပ်နားတဲ့ နေရာတွေ နောက်ပြီး ခရီးသည်တင်
ဘတ်စ်ကားတွေပေါ်မှာ လိုက်ကပ်ခဲ့တယ်လို့ မျိုးဆက်သစ် လူငယ်များအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘဘ
ိုက
ပြောပါတယ်။

“လူတွေ တော်တော်များများက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝေဝါးတဲ့ အသိတွေ ရှိနေတယ်၊ ဥပမာ ဆိုလို့ ရှိရင်
ဘယ်သက
ူို့ မဲပေးရမလဲ မသိဘူးဆိုတဲ့ ပုံစံမျိုးတွေ ပြီးတော့ အကုန်လုံး သိနေကြတဲ့အတိုင်းပဲ လုံးဝကို မျှတမှု မရှိတဲ့
ရွေးကောက်ပွဲတခု ပြီးတော့လည်း ကျနော်တို့အတွက်လည်း ဘာမှ အာမခံချက် မပေးနိုင်တဲ့ ရွေးကောက်ပွဲတခု၊ ပြီးတော့
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံထဲမှာ ပါတဲ့ အချက်တွေကလည်း ဘာမှကို တဖက်သတ်ကြီး ရေးဆွဲထားတဲ့ ပုံစံမျိုးဖြစ်နေတယ်၊
အဲ့ဒါကြောင့်မိုလို့ ကျနော်တို့ ပြည်သူတွေကိုလည်း အဲလိုမျိုး သိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလိုမျိုး လုပ်နေပါတယ်။”

ကပ်သွားတဲ့ ပိုစတာတွေကို အာဏာပိုင်တွေက လိက


ုခွာနေပေမဲ့ တချို့ နေရာတွေမှာ ခုထိ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး


ပြည်သူတွေအကြား အသိပညာပေးတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး တိုးချဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့
ပြောဆိုပါတယ်။

Source:http://www.rfa.org/burmese/news/anti-election_campaign_in_rangoon-08132010151436.html

မြန်မာစစ်အစိုး ရ ရွေးကောက်ပွဲရက် ကြေညာချက်အပေါ်


ကုလသမဂ္ဂနဲ့ နိင
ု င
်ံကြီးများ တြုံ့ ပန်ပြောဆို
2010-08-13

လာမယ့် နိုဝင်ဘာလ (၇) ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။


ဒီကြေညာချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သတိနဲ့ တြုံ့ ပန်ပြောဆိုခဲ့ပါတယ်။

၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ (UN Photo/Paulo Filgueiras)

ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင် နက်ဆာကီက သတင်းထောက်တွေကို ပြောဆိုရာမှာ - မြန်မာ


စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ ဝပြောစေရေးအတွက် အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ
ကျင်းပပါ့မယ်လို့ လူသိရှင်ကြား ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေရဲ့ အခြေခံ
လွတ်လပ်ခွင့်တွေကို ဖော်ဆောင်ဖို့၊ မြန်မာ့နိုင်ငံရေးဘဝမှာ ပါဝင်နိုင်အောင် နိုင်ငံရေးအကျဉ်းသား အားလုံးကို
ချက်ခြင်းလွှတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက် တိုက်တွန်းလိုကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောဆိုမသွားခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုကတော့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ မြန်မာပြည် ရွေးကောက်ပွဲဟာ ယုံကြည်


လက်ခံနိုင်စရာ မရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဓမ္မ ဖိနှိပ်နေတဲ့ မြန်မာ့နိုင်ငံရေး ဝန်းကျင်မျိုးမှာ ရွေးကောက်ပွဲအတွက် တန်းတူရည်တူ ယှဉ်ပြို င်နိုင်တဲ့ ပြင်ညီ


ကစားကွင်းမျိုး မရှိပါကြောင်း၊ ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း အမေရိကန်အစိုးရ
နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Phillip Crowley က ပြောလိုက်ပါတယ်။

အလားတူ ရီပတ်ဘလီကင် လွှတ်တော်အမတ် Mitch McConnell ကလည်း နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲဟာ
အတုအယောင် ရွှေရည်စိမ်သက်သက်သာ ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ ကျန် နိုင်ငံတွေအားလုံးက
အသိအမှတ် ပြုကြရမှာ မဟုတ်ကြောင်း၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်ဟာ မြန်မာပြည်သူတွေကို စစ်အာဏာရှင်စနစ်က
ဆက်လက်လွှမ်းမိုး အုပ်ချုပ်ခွင့်ရသွားတဲ့ နေ့ရက်တရက်သာ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်
ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဝန်ကြီး Jeremy Browne ကလည်း နိုဝင်ဘာ (၇) ရက်
ရွေးကောက်ပွဲဟာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေအောက်မှာ စစ်အစိုးရ အာဏာမြဲရေးအတွက် ပုံစံထုတ်ထားတာ ဖြစ်တဲ့အတွက်
နိုင်ငံတကာအဆင့်မှာ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရတဲ့အတွက်လည်း
တရားဝင် အသိအမှတ်ပြုခံရမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

သံတမန်အတော်များများနဲ့ လေ့လာသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ တရုတ်နဲ့ အိန္ဒိယကြားက သဘာဝသယံဇာတ


ပေါကြွယ်တဲ့ မြန်မာပြည်မှာ နိုင်ငံခြား အရင်းအနှီးတွေ လှိမ့်ဝင်လာကြအောင်၊ အရပ်သား အစိုးရ မျက်နှာဖုံးတပ်ဖို့
ကြိုးပမ်းချက်အဖြစ် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရှုမြင်ကြပါတယ်။

Source:http://www.rfa.org/burmese/news/UN_reacts_cautiously_to_Burma_vote_announcement-
08132010224611.html

လာမည့် နိဝ
ု င်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်
၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရ က နိုင်ငံပိုင်
ရုပ်မြင်သံကြားမှ တဆင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကြေညာလိုက်သည်။
သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ
မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်
ကိုယ်စားလှယ် အမည်စာရင်း တင်သွင်း ရမည်ဖြစ်ပြီး
စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လွှတ်
တော်ကိုယ်စားလှယ် အမည်စာရင်းများကို
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်မည်ဖြစ်
ကြောင်း၊ ကိုယ်စားလှယ်လောင်း
အမည်စာရင်းရုပ်သိမ်းလိုလျှင် စက်တင်ဘာလ ၃
ရက်နေ့တွင်
ရုပ်သိမ်းရမည် ဖြစ်ကြောင်းလည်း
ထုတ်ပြန်ကြေညာထားသည်။
စာနယ်ဇင်း အရောင်းဆိုင် တခုတွင် ရွေးကောက်ပွဲ သတင်းကို
ဖတ်ရှု နေကြသူများ(ဓာတ်ပုံ - AP)
ယနေ့အထိ ရွေးကောက်ပွဲယှဉ်ပြိုင်ရန်
မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄၆ ခု ရှိပြီး ပါတီ ၅ ခုမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော
နိုင်ငံရေးပါတီများဖြစ်သည်။

မှတ်ပုံတင်ခွင့်ရရှိထားသော နိုင်ငံရေးပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရက်ပေါင်း ၉၀ အတွင်း


ပါတီဝင်အင်အား တင်ပြကြရမည်ဖြစ်ရာ သြဂုတ်လ ၉ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ရ ပါတီသစ် ၄၁ ခု အနက် ပါတီ ၁၃ ခု
ပါတီဝင်အင်အား တင်ပြထားကြောင်း ထုတ်ပြန်ထားသည်။

ယခုကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့်


ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3830-2010-08-13-08-20-22

ရွေးကောက်ပွဲကျင်းပမည်ရ
့ က် နအဖကြေညာပြီ
NEJ / ၁၃ သြဂုတ် ၂၀၁၀
အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရက်ကို နအဖ ရုပ်သံနှင့်
အသံလွှင့်မီဒီယာမှ ယနေ့ကြေညာသည်။

ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက် (တနင်္ဂနွေနေ့) တွင်
ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းခြင်းနှင့် မှတ်ပုံတင်ကြေး
ပေးသွင်းခြင်းတို့ကို သြဂုတ် (၁၆) ရက်မှ သြဂုတ်လကုန်ထိ လက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ကို ကြေညာသွားခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး


နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း


တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။

သြဂုတ် (၁၂) ရက် ယမန်နေ့ကလည်း အစိုးရပိုင်သတင်းစာများတွင် မဲဆန္ဒနယ်မြေပေါင်း (၃၃၀) သတ်မှတ်ကြောင်း


ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၉၀) ခန့်အလိုတွင်မှ နအဖစစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို


ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျင်းပရက်ကို ကြေညာတာကတော့ ရက်ပေါင်း (၉၀) လောက် ရှိတာပေါ့နော်၊ ဒါပေမယ့်လည်း စည်းရုံးရေးတွေလုပ်ဖို့နဲ့


နယ်တွေကိုဆင်းဖို့ကျတော့ ကာလက တိုတယ်။ ကာလတိုတာထက် ဆိုးတာက စည်းရုံးခွင့်ကို လွတ်လွတ်လပ်လပ်
လုပ်ခွင့်မရတာဘဲ။ ဒါ့ကြောင့် အခက်အခဲတော့ တွေ့နိုင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တဦးက
ပြောသည်။

နအဖ လက်အောက်ခံပါတီများမှလွဲ၍ လူထုကိုစည်းရုံးရန် အခြားပါတီများတွင် အခွင့်အလမ်းမရှိကြောင်း၊


ရွေးကောက်ပွဲဝင်ရန် အတိအကျ မပြောနိုင်သေးသော၊ ကြိုးစား၍ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်မည်ဆိုသော
ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပါတီဝင်တဦးကလည်း ပြောဆိုသည်။
ပြည်တွင်း နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးကလည်း “စာရင်းတင်ပါဆိုတော့ တချို့ပါတီတွေ
ပါတီဝင်စာရင်းတွေတောင် မတင်နိုင်ကြသေးဘူး။ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်မရတာက အရာရာကို
နှောင့်နှေးစေတယ်ဗျာ” ဟု ပြောသည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ


(ကြံ့ဖွံ့) ကသာ ရန်ကုန်မြို့နှင့် မြန်မာတနိုင်ငံလုံးတွင် တရားဝင် ဟောပြောစည်းရုံးခွင့် ရထားသည်ကို ပါတီအများစုက
မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်မှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးကမူ ယခုစစ်အစိုးရ၏ လုပ်ဆောင်ချက်အရ ရွေးကောက်ပွဲတွင်


အားလုံးပါဝင်နိုင်ခြင်း မရှိမည်မှာ သေချာသလောက်ဖြစ်နေပြီဟု ပြောဆိုသည်။

၎င်းက “ဥပမာ ကချင်ပါတီ (၃) ခုကို ဖွဲ့စည်းခွင့် မပေးခဲ့လို့။ နောက်တချက်က မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့်ရတဲ့


ပါတီတချို့ဆိုရင် ပါတီဝင်အရေအတွက် ပြည့်အောင် စုဆောင်းရမလား၊ ကိုယ်စားလှယ်လောင်းစာရင်းပဲ တင်ရမလား၊
နိုင်ငံရေးစာစောင် ထုတ်ဝေခွင့်ကိုပဲတင်ရမလား၊ ဘာမှ လုပ်ဖို့အချိန်မရနိုင်တော့ဘူး။ နောက် တိုင်းရင်းသားပါတီ
ခေါင်းဆောင်တွေဆိုလည်း ပြည်နယ်တွေမှာ ပါတီဝင်စုဆောင်းရတာနဲ့ နေပြည်တော်ကို အခေါက်ခေါက် အခါခါ
သွားနေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ ဒီလ မကုန်ခင်မှာ ဘယ်ပါတီမှ ကိုယ်စားလှယ်ဦးရေ သိပ်များများစားစား
တင်နိုင်ကြမှာမဟုတ်ဘူး။ ငွေရေးကြေးရေးအရရော အချိန်အရရော အခက်အခဲ ဖြစ်ကြလိမ့်မယ်” ဟု ရှင်းပြသည်။

ပြည်တွင်းမှ နိုင်ငံရေးသမားအများစုကမူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ


လွတ်ရက်သည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင်ဖြစ်ပြီး ယင်းလွတ်ရက်မတိုင်မီ နအဖက ရွေးကောက်ပွဲပြုလုပ်မည်ဟု
ယခုကဲ့သို့ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။

“ဒေါ်စုကို သူတို့အကြောင်းရှာပြီး ချုပ်ထားရမယ့် အခြေအနေမရှိတော့ဘူး။ ဒေါ်စုလွတ်လာရင် ပြည်တွင်းရေးအနေအထားက


ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေချာပေါက် တခုခုပြောင်းလဲသွားနိုင်တယ်။ အစိုးရကလည်း ရွေးကောက်ပွဲကို ဒီနှစ်မှာ
လုပ်ကိုလုပ်မယ်ဆိုတာ နိုင်ငံတကာမှာ အကြိမ်ကြိမ်ပြောဆိုပြီးနေတော့ ဒေါ်စုလွတ်ရက်မပြည့်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့
တရားဝင်ကြေညာတာဖြစ်နိုင်တယ်” ဟု နိုင်ငံရေးသမားဟောင်းတဦးက ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ရွေးကောက်ပွဲတွင်


ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်၌ ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ (၂၇) ရက်တွင် ကျင်းပခဲ့ရာ
ပါတီပေါင်း (၉၃) ပါတီမှ ကိုယ်စားလှယ်ပေါင်း (၂,၂၀၉) ဦးနှင့် တသီးပုဂ္ဂလ (၈၇) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=3467

ဒေါ်စု ရွေးကောက်ပွဲတွင် မပါနိင


ု ရ
် န် အကွကခ
်ျစီစဉ်ဟု ဦးဝင်းတင် ပြော
ဝီရ / ၁၃ သြဂုတ် ၂၀၁၀
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖစစ်အစိုးရက ကြေညာလိုက်ခြင်းသည်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ်လုပ်ဆောင်ခဲ့ခြင်းသာ
ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က
ဝေဖန်လိုက်သည်။

“ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ


ကျင်းပရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ
အစကတည်းကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်အကွက်ဆင် စီစဉ်ထားတယ်ဆိုတာ ဘယ်သူမှ
ငြင်းလို့မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃)


ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန်
စီစဉ်သည့်အပေါ် ဦးဝင်းတင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ်


အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများအနေဖြင့်


ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု
နအဖစစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍


ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “လာမယ့် နိုဝင်ဘာ (၁၃) ရက်နေ့ဆိုရင်၊ ဥပဒေအရဆိုရင် ဒေါ်စု


ပြန်လွတ်မယ်ပေါ့။ အခုကျခံခဲ့တဲ့ သက်တမ်းကာလတလျှောက်မှာ ဒေါ်စုက ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ခဲ့တယ်။
စစ်အစိုးရက အဲဒီမတိုင်ခင် ကျင်းပတယ်ဆိုတာ ဒီလွတ်ရက်ကို ရှောင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က
ဘယ်လဆ
ိုံးဖြတ်တာလဲတော့ မသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန်


ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့်
နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင်
ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်၍ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏


အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ဒေါ်စုကို အခုချထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ဆိုတာက တရားစီရင်ရေးအာဏာ


မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာဖြစ်တယ်။ အာဏာအရ စည်းကမ်းချက် သတ်မှတ်ပြီး နေအိမ်အကျယ်ချုပ် လုပ်ထားတာ
ဖြစ်တယ်။ (၄၀၁) က အများဆုံး (၁) နှစ်ခွဲပဲ ကျခံရတယ်။ အခုဟာက ဆိုင်းငံ့အပြစ်ဒဏ် (၁) နှစ်ခွဲက အခြေအနေအရ
ကောင်းကောင်းမွန်မွန် နေထိုင်ရင် ဖျက်ချင် ဖျက်လိုက်မယ်။ ဒါမှမဟုတ် ကျန်တဲ့ (၁) နှစ်ခွဲက အစကနေပြန်စပြီ ချရင်လည်း
ရတယ်။ (၂) မျိုး ရှိတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ တဖက်သတ်
ရေးဆွဲထားသည့် ဥပဒေများအရ ကျင်းပမည့်ရွေးကောက်ပွဲဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အတိအလင်း
ကြေညာထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ


ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရက် အတိအကျကို မသိရှိနိုင်ကြောင်း ပြောကြားသည်။

“ဒေါ်စုကို စွဲချက်တင်တာက ၂၀၀၉ မေလ (၅) ရက်နေ့ကပါ။ မေ (၁၄) မှာ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ နောက်ဆုံး
ပြစ်ဒဏ်ချတာက သြဂုတ် (၁၁) ရက်နေ့မှာ ချတာဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရက ဘယ်ရက်ကနေ စရေတွက်ပြီး
ပြစ်ဒဏ်ချတာ မသိတော့ လွတ်ရက်အတိအကျကို ကျနော်တို့ မသိနိုင်ဘူး။ အခုလိုမျိုး နိုဝင်ဘာ (၇) ရက်မှာ
ရွေးကောက်ပွဲလုပ်ရင် ဒေါ်စုကို အဲဒီနောက်ပိုင်းမှ လွှတ်ဖို့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနိုင်ငံရေးသမား (၂,၁၀၀) ကျော်တို့၏ ပါဝင်ခွင့် အခန်းကဏ္ဍကို လာမည့်


ရွေးကောက်ပွဲတွင် ကန့်သတ်ထားမည်ဆိုပါက တရားမဝင်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရလိမ့်မည်ဖြစ်ကြောင်း
အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် အခြားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့က ပြောဆိုထားသည်။

Source:http://khitpyaing.org/index.php?route=detail&id=3470

ရွေးကောက်ပွဲရက် ကြေညာပေမဲ့ လွတလ


် ပ်တဲ့ နိင
ု င
်ေ
ံ ရးအခင်းအကျင်း
လစ်ဟင်းနေဆဲ

ဓာတ်ပုံ ASSOCIATED PRESS

ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဌာန

မြန်မာစစ်အစိုးရက ဒီနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မနေ့က သောကြာနေ့မှာ


ကြေညာ လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး
အတိုက်အခံတွေ လှုပ်ရှားနိုင်ဖို့ နိုင်ငံရေး အခင်းအကျင်း လစ်ဟင်းနေတာနဲ့ နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေ ရှိနေတဲ့အပေါ်
စိုးရိမ်မှုတွေ ဖြစ်နေရတယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်း ဒေါ်ခင်စိုးဝင်းက အပြည့်စုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ


သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး ပါဝင်နိုင်မှာ မဟုတ်သလို ယြုံ ကည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲလည်း
ဖြစ်လာမှာမဟုတ်တဲ့အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ
ပုဂ္ဂိုလ်တယောက်က ဗွီအိုအေ မြန်မာပိုင်းဌာနကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံပါတီတွေ လှုပ်ရှားနိုင်မယ့် နိုင်ငံရေး အခင်းအကျင်း လစ်ဟင်းနေတာနဲ့ နိုင်ငံရေးအရ


နှိပ်ကွပ်မှုတွေ ရှိနေတဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေဆဲပါ။ လာမယ့်ရွေးကောက်ပွဲဟာလည်း
အခု လတ်တလော အခြေအနေတွေအရ ဘယ်လိုနည်းနဲ့မှ သက်ဆိုင်သူတွေအားလုံး ပါဝင်ယှဉ်ပြိုင်လို့ မဖြစ်နိုင်သလို
ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားဆဲပါ။ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့
လူ့အခွင့်အရေးတွေကိုလည်း ကန့်သတ်ပိတ်ပင်နေဆဲ ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဒီမိုကရေစီ လိုလားသူ အင်အားစုတွေ တိုင်းရင်းသား


ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက
ထပ်ခါတလဲလဲ တိုက်တွန်းနေတာကို လစ်လျူရှုနေဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့အတွက် အမေရိကန် ပြည်ထောင်စုက ထပ်လောင်း တောင်းဆိုလိုက်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်က အခုလို ဆက်ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက


တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပထမ ခြေလှမ်းအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ
ပါဝင်ကြရမယ့် သူတွေအားလုံးနဲ့ စစ်မှန်တဲ့ အနှစ်သာရပြည့်ဝတဲ့ ဆွေးနွေးမှုတွေ စတင်ပါလို့ အမေရိကန် ပြည်ထောင်စုက
ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။”

တချိန်တည်းမှာပဲ အထက်လွှတ်တော်ရဲ့ ရီပါပလစ်ကန် လူနည်းစုခေါင်းဆောင် ကန်တက်ကီပြည်နယ် ကိုယ်စားပြု


အထက်လွှတ်တော် အမတ် မစ်ခ်ျ မက်ကောနဲလ် ကလည်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ
ဟန်ဆောင်ပန်ဟောင် မည်ကာမတ္တ ရွေးကောက်ပွဲ ဖြစ်မှာမိုလို့ အမေရိကန် ပြည်ထောင်စုနဲ့အတူ နိုင်ငံတကာ
အသိုင်းအ၀ိုင်းကနေ အသိအမှတ်မပြုဘဲ နေကြမှဖြစ်မယ် လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒီရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဟာ မြန်မာနိုင်ငံအတွက်တော့ ဖြစ်ရိုးဖြစ်စဉ် နေ့တနေ့ပဲ ဖြစ်ပြီး စစ်အစိုးရက ဖိနှိပ်တာတွေကို


ဆက်လုပ်နေမှာဖြစ်သလို လူထုအနေနဲ့ကလည်း လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြဆဲ ဖြစ်မှာပါလို့
အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ပြောပါတယ်။ သမ္မတ အိုဘားမား အနေနဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတာကို အားသစ်လောင်းသင့်တယ်လို့လည်း
ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အလားတူပါပဲ။ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး


စောင့်ကြည့်တဲ့အဖွဲ့ကြီးကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့
ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့အတွက် ဖိအားတွေ တိုးပြီးပေးကြပါလို့ တိက
ုတွန်းလိုက်ပါတယ်။ လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ယာယီ ညွှန်ကြားရေးမှူး အီလိန်း ပီယာဆင်န် ကတော့ စစ်အစိုးရ
သက်ဆိုးရှည်အောင် ပိုပြီးတရားဝင်ဖြစ်အောင် အကွက်ကျကျ အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ အခုလို
သုံးသပ်လိုက်ပါတယ်။
“ရွေးကောက်ပွဲအကြိုကာလမှာ နှိပ်ကွပ်တာတွေ တိုးပြီး လုပ်လာနိုင်သလို ခြိမ်းခြောက် အကျပ်ကိုင်တာတွေလည်း
ရှိနိုင်တာကြောင့် ကျမတို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေ
လုပ်ထုံးလုပ်နည်းတွေ ထဲမှာလည်း အကျပ်ကိုင်တဲ့ပုံစံ အကွက်ကျကျ ရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီဥပဒေတွေထဲမှာ
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို တင်းတင်းကျပ်ကျပ်
ကန့်သတ်ထားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပိုပြီး ကန့်သတ်တာတွေ ရှိလာနိုင်ပြီး လူထုအနေနဲ့ စစ်အစိုးရ
လိုလားတဲ့ပါတီကိုပဲ မဲပေးကြဖို့ ခြိမ်းခြောက် အကျပ်ကိုင်တာတွေနဲ့ ရင်ဆိုင်ကြရနိုင်တာကြောင့် ကျမတို့က စိုးရိမ်မကင်း
ဖြစ်နေတာပါ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် လူထုဆန္ဒပြပွဲ ကျင်းပစဉ်ကလည်း မဲလိမ်မဲခိုးတာတွေ


ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ နှိပ်ကွပ်တာတွေ ရှိခဲ့တာကြောင့် အခုလာမယ့် ရွေးကောက်ပွဲမှာလည်း အလားတူ
အဖြစ်မျိုးတွေနဲ့ လူထု ရင်ဆိုင်ရနိုင်တာကြောင့် လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးက စိုးရိမ်မကင်း ဖြစ်နေရတာလို့
ပြောပါတယ်။

Source:http://www1.voanews.com/burmese/news/Burma-election-08-13-10-100664984.html

ကိယ
ု စ
်ားလှယေ
် လာင်း အမည်စာရင်း တင်သွင်း ရေး ပါတီများ အခက်ကြုံ

ဓာတ်ပုံ ASSOCIATED PRESS

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ(လယ်) နှင့် ပါတီဝင်များ ဒလမြို့နယ်သို့ စည်းရုံးရေး ဆင်းနေစဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၀)

နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ဒီကနေ့ ကြေညာလိုက်ပြီး ၀င်ပြိုင်မယ့် လွှတ်တော်


ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သီတင်းနှစ်ပတ်အတွင်း တင်သွင်းရမယ့် ကိစ္စက ပါတီအများစုအတွက်
အကြီးမားဆုံး အခက်အခဲတခု ဖြစ်နေပါတယ်။ အဲဒါကြောင့် အမည်စာရင်း တင်သွင်းရမယ့်ရက်ကို နောက်ရွှေ့ပေးဖို့
ပါတီတချို့ကနေ ကော်မရှင်ကို တင်ပြရေး ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ
ကိုကျော်အောင်လွင်က သတင်းပို့ထားပါတယ်။

ဘယ်နေ့မှန်းမသိဖြစ်နေတဲ့ မြန်မာပြည်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ ဒီကနေပပဲ မြန်မာစစ်အစိုးရပိုင်


သတင်းဌာနတွေကနေ ကြေညာလိုက်ပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ စုစုပေါင်း အချိန် ၂ လကျော်ပဲ
ရှိပါတယ်။ ဒီကိစ္စကို အခုမှ ကြေညာရတာ ဘာကြောင့်လဲဆိုတာကို အာဏာပိုင်တွေဘက်က ဘာမှရှင်းမပြပါဘူး။
ရွေးကောက်ပွဲ ရက် သတ်မှတ်ချက်ထက် ပိုပြီး နိုင်ငံရေးပါတီ အများစု တအံ့တသြ ဖြစ်နေကြတာက ၀င်ပြိုင်ကြမယ့် ပါတီ
ကိုယ်စားလှယ်လောင်းတွေရဲ့  စာရင်းကို အခု သြဂုတ်လ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ရွေးကောက်ပွဲ
ကော်မရှင်ဆီကို တင်ရမယ်ဆိုတဲ့ကိစ္စပါ။

“ကျနော်တို့ပါတီဆိုရင် အခုချိန်ထိ လူဦးရေ ၁,၀၀၀ ပြည့်ဖို့အတွက်ကို ကျနော်တို့က ဒီလ နောက်ဆုံးထားပြီးတော့ စာရင်း


ပေးဖို့ ပြင်ဆင်တုန်း၊ နယ်တွေကနေ ဒီစာရင်းတွေ မ၀င်သေသးဘူး။ ၁,၀၀၀ ဦးရေကို ကျနော်တို့က လကုန် ဖြတ်ပြီးတော့
ကိုယ်စားလှယ်လောင်း ဆိတ
ဲု့ ကိစ္စကို ကျနော်တို့က နောက်တဆင့် ပြင်ဆင်ထားတာ။ ကိုယ်စားလှယ်လောင်းက ခုချိန်ထိ
ကျနော်တို့ သတ်မှတ်ထားတဲ့ ဦးရေအပြည့် ကျနော်တို့မှာ မရှိဘူး။ သူက အဲဒီလို အနေအထားမျိုးမှာ ၂ ပတ်ပဲ
အချိန်သတ်မှတ်လိုက်တဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ အရမ်းကို ခက်ခဲသွားပြီ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။”

အဲဒါကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP ရဲ့  တွဲဘက် အထွေထွေအတွင်းရေးမှုး (၁) ကိုသောင်းဝင်းပြောခဲ့တာပါ။

ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဌာနချုပ်က လူတွေနဲ့ တွေ့ဆုံနိုင်ဖို့ မလွယ်သေးတဲ့ အချိန်မှာပဲ


စာရင်းတင်ရတော့မယ့် အချိန်မလောက်နိုင်ဘူးလို့ ဒီမိုကရေစီပါတီရဲ့  အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက
ပြောပါတယ်။

“၁၆ ရက်နေ့ကနေ ရက် ၃၀ ဆိုတော့ သိပ်ကပ်သွားတယ်လေ။ အခုဟာက ကျမတို့အတွက်ကလည်း ဒါလဲ အင်မတန်


ခက်ခဲတဲ့ အလုပ်တခုပဲ။ အဲဒီနယ်မြေတွေကိုလည်း ကျမတို့က မသွားရသေးဘူး။ တချို့တွေဆိုရင်လည်း
ဘယ်နေမြေကနေပြီးတော့ ဘယ်ပြည်နယ်ကနေပြီးတော့ အရွေးခံမယ်၊ သူတို့စားရိတ်နဲ့သူတို့ပေါ့နော်။ ကျမတိဆ
ုီ့ကို
စာတင်ထားတာ ကျမတို့အနေနဲ့ကလည်း အဲဒီနေရာတွေကို သွားသင့်တယ်လေ။ ဗဟိုကနေ သွားသင့်တယ်။
အမည်စာရင်းတွေက အခု တကယ် တင်ရတော့မယ်ဆိုတဲ့အခါမှာ အသေအချာ တင်နိုင်မယ့်လူတွေလား ဆိုတာ အဲဒါလည်း
ကျမတို့ သွားပြီးတော့ လေ့လာဖို့ရှိသေးတယ်။ အဲဒီအတွက်က အချိန်အများကြီး လိုပါတယ်။”

ဒေါ်သန်းသန်းနုပါ။ သူဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီးလည်း ဖြစ်ပါတယ်။ အမျိုးသား


ဒီမိုကရေစီအင်အားစု NDF ပါတီကတော့ အခုကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး အချိန်ရွှေ့ ပေးဖို့
တောင်းဆိုမယ်လို့ NDF ပါတီရဲ့ ဥက္ကဌ ဒေါက်တာ သန်းငြိမ်းကဆိုပါတယ်။

“အီက ပြဿနာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အချိန်တိုတိုနဲ့ လုပ်ရမှာ အဓိက ပြဿနာ ဖြစ်သွားတာပေါ့။


ဘယ်လောက်ကြာသေးလို့လဲ။ ကျနော်တို့ တရားဝင် ပါတီအဖြစ်နဲ့ တလပဲ ကျနော်တို့ ရှိသေးတယ်လေ။ အဲဒီတော့
လွှတ်တော် ကိုယ်စားလှယ်တယောက် ရဖို့ဆိုတာက ခင်ဗျားလုပ်ဗျာ ဆိုယုံနဲ့ မပြီးသေးဘူးလေ။ ငွေရေးကြေးရေး ကိစ္စတွေ၊
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ။ ဒါတွေပါ ကျနော်တို့ အကုန်လုံး ညှိနှိုင်းလုပ်နေရတာကိုးဗျ။ တစ်ယောက် နှစ်ယောက်လည်း
မဟုတ်ဘူး။ ဒီလို ရာနဲ့ချီ လုပ်ရမယ့်ကိစ္စတခုက ဒီလို ရက်အနည်းငယ်အတွင်းမှာ ဘယ်လိုလုပ် ပြီးနိုင်မလဲ။ အင်မတန်ကို
အချိန်တိုလွန်းတယ်လေ။ အဲဒီတော့ ဒီကိစ္စကို သက်ဆိုင်ရာ ကော်မရှင်ကိုတော့ ကျနော်တို့က စာတင်ဖို့ပေါ့။ ထပ်ပြီးတော့
ကျနော်တို့ အချိန်ပေးဖို့တော့ တင်ကြည့်မယ်လေ။”

ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ကတော့ သူတို့လို အခက်ခဲကြုံနေရတဲ့ ပါတီတွေနဲ့ စုပေါင်းတိုင်ပင်ပြီး တောင်းဆိုမှုတွေ


လုပ်သွားဖို့ စီစဉ်မယ်လို့ ပါတီရဲ့  တွဲဘက် အတွင်းရေးမှူး ကိုသောင်းဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့တောင် အဲဒီလို အနေအထားရှိရင် ကျနော်တို့ထက် အခုနောက် ရုန်းကန်နေတာတွေ အများကြီးရှိတယ်လေ။


လာမယ့်ရက်တွေကနေစပြီး အဲဒီလိုပါတီတွေနဲ့ ညှိနှိုင်းပြီး ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မလဲ။ ဘယ်လို ကျော်လွှားနိုင်မလဲ။
ဘယ်လို တောင်းဆိုစရာရှိတာတွေ တောင်းဆိုမလဲဆိုတာတွေ ကျနော်တို့ ဆက်ပြီး စီစဉ်သွားမယ်။” ရွေးကောက်ပွဲ
ဝင်ပြိုင်ကြမယ့်ပါတီတွေ တော်တော်များများ အခုလို အမှတ်မထင်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့်
ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့်ပဲ၊ ဘာအခက်အခဲမှ မရှိဘူးဆိုတဲ့ ပါတီကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
တစည ပါ။

“ကျနော်တို့အဖွဲ့မှာ ပြဿနာ မရှိပါဘူး။ နှစ်ရှည်လများ စည်းရုံးလာပြီးသားပဲလေ။ မနေ့တနေ့က ထောင်တဲ့ပါတီတွေဆိုတော့


ခက်ခက်ခဲခဲ လုပ်ချင်လည်း လုပ်ရမှာပေါ့။ သူတို့ဘက်က စဉ်းစားကြည့်ရင်တော့ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။
ကျနော်တို့ကတော့ ready ပဲ ဆိုကြပါစို့။”
အဲဒါကတော့ တစည ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးချစ်လှိုင် ပြောသွားတာပါ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ
ကျင်းပမယ် ဆိုပေမဲ့ ပါတီအများစုက အကန့်အသတ်တွေ တော်တော်များများ ကြားက ခက်ခက်ခဲခဲနဲ့ လုပ်နေကြရတော့
အဆင်သင့်ဖြစ်နိုင်ဖို့ တော်တော်နဲ့ မလွယ်ကြဘူးလို့ ဒီမိုကရေစီပါတီရဲ့  အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုက ဆိုပါတယ်။

“နိုဝင်ဘာပဲလုပ်လုပ်၊ ဒီဇင်ဘာပဲလုပ်လုပ် အချိန်ကတော့ တော်တော်နည်းပါတယ်။ အင်မတန် တိုတောင်းတဲ့အချိန်ကာလပါ။


ဘာဖြစ်လို့လဲဆိုတော့ ကျမတို့စပြီးတော့ ပါတီဖွဲ့ခွင့်ပေးတာတို့ ပါတီမှတ်ပုံတင်တွေ အဆင့်ဆင့် လုပ်ခဲ့ရတာ၊
ပါတီဝင်စာရင်းတင်တာတို့ ဒီအချိန်အတိုအတွင်းမှာ ကျမတို့ အရမ်းကို အချိန်ကိုလုပြီးတော့ အလုပ်လုပ်လာရတယ်။” ၁၉၉၀
ရွေးကောက်ပွဲထက် အခု ၂၀၁၀ ရွေးကောက်ပွဲက နိုင်ငံရေးပါတီတွေ အတွက် ပိုပြီး အခက်အခဲတွေ များပါတယ်။
ပါတီတွေမှာ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ရဖို့ဆိုတာလည်း လွယ်တာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ အခုလို
အချိန်ကန့်သတ်ချက်တွေကို ကပ်ပြီးမှ ကြေညာလိုက်တာဟာ ရွေးကောက်ပွဲဝင်မယ့် ပါတီအရေအတွက်ကို
လျှော့သွားအောင် လုပ်တဲ့သဘောပဲလို့ ယူဆကြတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲကို
ဘယ်တော့ကျင်းပမလဲ ဆိုတာကို အာဏာပိုင်တွေဘက်က အခု ကြေညာခဲ့ပြီ ဆိုပေမဲ့လဲ ထူးခြားတာတခုကတော့
မြန်မာပြည်သူ အများစုဟာ ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်တစား မရှိကြသေးတာပဲ ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/Burma-election-date-08-13-10-100628544.html

ရွေးကောက်ပွဲရက် ကြေညာချက် တိင


ုး ရင်းသားပါတီအများစု ကြိုဆို
ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာလိုက်တဲ့အပေါ် တိုင်းရင်းသားပါတီအများစုက ကြိုဆိုလိုကြ် ပီး နှစ်လအတွင်းမှာ
အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ထား ကြပါတယ်။ ဒါပေမဲ့လည်း ပါတီတချို့ကတော့
ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေအတွက် မှတ်ပုံတင်ကြေးပေးသွင်းဖို့ ငွေကြေးအခက်အခဲရှိတယ်လို့
ပြောပါ တယ်။ မဲထည့်ကြမယ့် တချို့ ပြည်သူတွေထဲမှာတော့ ရွေးကောက်ပွဲကို အယုံအကြည်မရှိသူ တွေလည်း
ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ပွဲရက်ကို အခုလို တိတိကျကျ


တရားဝင်ထုတ်ပြန် လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားပါတီ အများစုက ကြိုဆိုလိုက်ပါတယ်။

“ကြိုဆိုပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုရင် ဒီနှစ်အတွင်း လုပ်မယ်ဆိုတဲ့ ကတိရယ်။ နောက် အောက်တိုဘာလိုလို


ဒီဇင်ဘာလိုလိုနဲ့လေ။ ကြားလလေး လုပ်လိုက်တာကို ၀မ်းသာပါတယ်လို့။”

ဒါကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင် ပြောဆိုသွားတာ ဖြစ်ပါတယ်။


သူတို့ပါတီ အနေနဲ့ကတော့ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အဆင်သင့်ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“သေချာတဲ့နေရာတွေမှာ ဆက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ အဝေးဆုံးက ရခိုင် ၁၇ မြို့နယ်မှာ အများဆုံး ထားနိုင်ရင် ၂ မြို့နယ်၊ ၃


မြို့နယ်လောက်ကို ကျနော်တို့ ချန်ထားနိုင်မှာပါ။”

ကရင်ပြည်သူ့ပါတီ ကလည်း နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့


အချိန်လုံလောက်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဆေးဝါးက ပြောပါတယ်။

“လုံလောက်ပါတယ်။ ကျနော်တို့ မျှော်မှန်းထားတာက အောက်တိုဘာလကုန်လို့ အောက်တိုဘာ လဆန်း


မျှော်မှန်းထားပါတယ်။ သူတို့ လူနည်းစုအခွင့်အရေးက တိုင်းနဲ့ပြည်နယ် ၅ ခုလေ။ ပဲခူးတိုင်းရယ်၊ ဧရာဝတီတိုင်းရယ်၊
ရန်ကုန်တိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ တနင်္သာရီတိုင်းရယ် အဲဒီတိုင်း ၅ တိုင်းကို အဓိက ထားပြီးတော့ ကရင်ပြည်နယ်
တချို့နေရာတွေလည်း ၀င်မှာပါ။ ၃၀ ကနေ ၄၀ ၀န်းကျင်လောက် ရှိမယ်ထင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ ကုယ


ိစားလှယ်လောင်းတွေအတွက် မှတ်ပုံတင်ကြေး ပေးသွင်းဖို့
အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။
“အစောပိုင်းက အားလုံးပြောကြတာက အောက်တိုဘာ ၁၀ ရက် ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီထက်စာရင်တော့ ကျနော်တို့က
နည်းနည်းလေး အချိန် ပိုရတဲ့သဘော ဖြစ်သွားတယ်ပေါ့။ အခက်အခဲကတော့ ကျနော်တို့ ငွေရေးကြေးရေး အခက်အခဲတော့
ရှိမှာပေါ့။ ကျနော်တို့ ကိုယ်စားလှယ်တင်ထားတဲ့ စပေါ်ငွေက တော်တော်လေး အတိုင်းအတာ ကျနော်တို့အတွက်
ကြီးမားတယ်လေ။ ကျနော်တို့က တမြို့နယ်ကို ၃ ယောက်လောက်ဆိုရင် ကျနော်တို့က ၁၅ သိန်း ကုန်တာကိုး။
ရှမ်းပါတီချည်းပဲ ယာထားတာ ၅၀ ပတ်ဝန်းကျင်လောက် ဆိုတော့ ကျနော်တို့က အဲဒါ တော်တော်လေးကို ၀န်ထုတ်ဝန်ပိုး
ဖြစ်နေတာပေါ့။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းလှကျော် ပြောသွားတာ


ဖြစ်ပါတယ်။ သူတို့ပါတီက ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ် ၄၀၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ ၁၀
မြို့နယ်လောက် ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲရက် ကြေညာချိန်အထိ တရားဝင်ပါတီ ဖွဲ့စည်းခွင့် မရသေးတဲ့ ကချင်ပြည်နယ် တိုးတက်ရေး ပါတီကလည်း


ပါတီဖွဲ့စည်းခွင့်ရတာနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ပါတီဥက္ကဌ ဒေါက်တာ တူးဂျာက
ပြောပါတယ်။

“ပါတီ တည်ထောင်ခွင့် မရရှိသေးတော့ ဆက်လုပ်စရာလိုတဲ့ လုပ်သင့်တဲ့ အလုပ်တချို့ကိုလည်း ကျနော်တို့က တရားဝင်


လုပ်လို့ မရသေးဘူးပေါ့။ အမတ်လောင်း ရွေးချယ်တာတွေ ကျနော်တို့ လုပ်လို့မရသေးဘူးလေ။ ယာ ထားတာလောက်ပဲ
ကျနော်တို့ ရှိနိုင်တယ်။ အဲဒါမျိုး အခက်အခဲတော့ ရှိတာပေါ့။ ကျန်တဲ့ဟာကတော့ ကျနော်တို့ အထိုက်အလျောက်တော့
လုပ်နေပါတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေရဲ့ အမည်စာရင်း ၁၆ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ တင်ရမယ်ဆိုတော့
ဒီရက် အတော်အတွင်းမှာတော့ ကျနော်တို့ပါတီနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေ ဆုံးဖြတ်ပေးကြလိမ့်မယ်လို့
ထင်တယ်လေ။ လုံလောက်တဲ့အချိန်ရအောင်တော့ သူတို့ စီစဉ်ပေးလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီတော့
ကျနော်တို့ ပါတီတည်ထောင်ခွင့် ပြုပြီဆိုတာနဲ့ အမြန်ဆုံး စီစဉ်လို့ရပါတယ်။”

ဒီလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားချိန်မှာ တချို့


မဲဆန္ဒရှင် ပြည်သူတွေတော့ ရွေးကောက်ပွဲဟာ သူ့တို့ဘ၀တွေအတွက် အပြောင်းအလဲ ဖြစ်စေမယ်လို့ မယုံကြည်ပါဘူး။

“ဘာမှ ထူးလာမယ့် ရွေးကောက်ပွဲမှ မဟုတ်တာပဲ။ သူက ဘယ်သူ စိတ်ဝင်စားမှာလဲ။ အဲဒါ ရှင်းရှင်းလေးပဲ။ ဘောင်းဘီဝတ်နဲ့
ပုဆိုးဝတ်နဲ့ ပြောင်းလိုက်တဲ့ဟာက ဘာအကြောင်း ထူးလာမှာလဲ။ ဒီလူက ဒီလူပဲဥစ္စာချည်းဟာ။”

တနင်္သာရီတိုင်းက အမျိုးသမီးတယောက် ပြောသွားတာပါ။ ချင်းအမျိုးသား တဦးကတော့ သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို


ပြောပါတယ်။

“မျှမျှတတ မှန်မှန်ကန်ကန် လူထုကလည်း တရားမျှတစွာ မှန်မှန်ကန်ကန် အေးအေးချမ်းချမ်းလေးနဲ့ ခေါင်အေးအေးလေးနဲ့


စိတ်တိုင်းကျ ကိုယ်စားလှယ်ကောင်း ရွေးနိုင်မယ်ဆိုရင်လည်းပဲ ဒါ တိုင်းပြည် ဖွံ့ဖြိုးပြီးတော့ အားလုံး တန်းတူရည်တူ
ကောင်းစားမယ်။ ဒါ ကျနော်တို့ အားလုံး မျှော်လင့်တောင့်တတာပါ။”

၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား တိုင်းရင်းသား ပါတီအများစုကတော့ ၂၀၀၈ ခုနှစ်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း
ထုတ်ပြန်ကြေညာထားပါတယ်။

Source:http://www1.voanews.com/burmese/news/Ethni-party-election-08-13-10-100630689.html

ပြည်ထောင်စဒ
ု မ
ီ က
ို ရေစီ ပါတီဝင်တဦး ထပ်မန
ံ တ
ု ထ
်ွက်
တက်လူ / ၁၃ သြဂုတ် ၂၀၁၀
ပြည်ထောင်စုဒီမိုကရေစီပါတီ၏ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်း (ရုပ်ရှင်နှင့် ဗီဒီယိုဒါရိုက်တာ သျှိုညိုထွန်းသိန်း)
သည် ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ယင်းပါတီမှ ပြန်ကြားရေးတာဝန်ခံက
ပြောကြားသည်။

ဦးညိုထွန်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၈၉ မှ ၁၉၉၈ ခုနှစ်ထိ


အကျဉ်းကျခံခဲ့ရသူဖြစ်သည်။

“မိသားစုစားဝတ်နေရေးအရ ရုပ်ရှင်ရိုက်ကူးမှု ဒါရိုက်တာလုပ်ငန်းတွေကို ဦးစားပေးတော့မှာဖြစ်လို့ ရွေးကောက်ပွဲမှာ


မပါဝင်တော့တာပါ။ ဒါ့ကြောင့် နုတ်ထွက်တာ” ဟု ဦးညိုထွန်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၅) ရက်၌လည်း ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိန်းက စစ်အစိုးရ


ရွေးကောက်ပွဲသည် တရားမျှတမှုကင်းမဲ့သည်ဟု ဝေဖန်ကာ ပါတီတာဝန်မှ နုတ်ထွက်၍ ၂၀၁၀
ရွေးကောက်ပွဲအခင်းအကျင်းသို့ မ၀င်တော့ရန် ဆုံးဖြတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်အစိုးရ ကျင်းပမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် နိုင်ငံရေးနှင့်ပတ်သက်၍ အကျဉ်းကျခဲ့သူများ


အပါအ၀င် ပါတီဝင်ကြသူများကို နအဖက နည်းမျိုးစုံဖြင့် ကန့်သတ်စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက်
ရွေးကောက်ပွဲဝင်ကြမည့် ပါတီများအနေဖြင့် မတရားမှုများ ကြုံတွေ့နေရသဖြင့် ယင်းသို့စစ်ဆေးခြင်း မပြုလုပ်ရန်
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ရွေးကောက်ပွဲကော်မရှင်သို့ ပြီးခဲ့သည့်သြဂုတ် (၉) ရက်တွင်
စာတင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု အစိုးရပိုင် ရုပ်သံလွှင့်မီဒီယာများမှ ယနေ့နံနက်ပိုင်းတွင်


ကြေညာခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=3468

KIO ရှေ့ရေး ဆွေးနွေးမည်


ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၀ မိနစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ ရွေးကောက်ပွဲကျင်းပမည့်ရက်ထွက်လာပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့၏


ရှေ့ရေးနှင့်ပတ်သက်၍ အဖွဲ့တွင်းဆွေးနွေးမှုကို မနက်ဖြန် ပြုလုပ်မှာဖြစ်ကြောင်း ကချင်ခေါင်းဆောင်များက ပြောသည်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ KIO ဌာနချုပ်ရှိ ၂ ရက်ကြာအစည်းအဝေးတွင် ကေအိုင်အိုအဖွဲ့ လက်အောက်ခံဌာနများမှ


ဦးဆောင်သူများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ၏ သဘောထား အမြင်များ
ဆွေးနွေးကြမှာဖြစ်ပြီး အနည်းဆုံး လူ ၄ဝ တက်ရောက်ဖွယ်ရှိသည်။

“ကျနော်တို့ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းပေါ်မှာ သူတို့အမြင်တွေ တင်ပြဖို့ဘဲ။ အသွင်ကူး ပြောင်းရေးနဲ့


ပတ်သက်လို့ပေါ့နော်။ ၂ရက် ၃ ရက်လောက် ကြာမယ်ထင်တယ်။ မနက်ဖြန် မနက် ၈ နာရီလောက်မှာ စမယ်”ဟု
ကေအိုင်အို၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲမတိုင်မီ အဖြေပေးရန် ဇူလိုင်လ
၁၂ ရက်နေ့က အမှတ် ၁ စက်မှုဝန်ကြီးဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့မှတဆင့်
သတိပေးထားသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO ကမူ စစ်အစိုးရထံ ပြည်ထောင်စုတပ်မတော်တွင်


ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း နောက်ဆုံး ဆွဲကိုင်ထားသည်။

“ကျနော်တို့ ကချင်ပြည်သူလူထုရဲ့ ရှေ့လက္ခဏာ ဘယ်လိုသွားမလဲဆိုတာနဲ့ ပတ်သက်လို့ အမြင်တွေ ဖလှယ်ကြဖို့ဘဲ။


ပင်လုံစာချုပ်မှာ ပြောထားတဲ့ အတိုင်းဆိုရင် အသွင်ကူးပြောင်းတာပဲ။ အသွင်ကူးပြောင်းရေး ဆိုတာက ကချင်ရဲ့ကိုယ်ပိုင်
အုပ်ချုပ်ပိုင်ခွင့် အာဏာပေါ့၊ အဲဒါရရင်တော့ အသွင်ကူးပြောင်းမယ်”ဟု အမည်မဖော်လိုသူ ကေအိုင်အိုအရာရှိ တဦးက
ပြောသည်။

KIO အဖွဲ့က ပြီးခဲ့သည့် မေလမှစတင်၍ ကေအိုင်အို၏ အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ပြည်သူကို အသွင်ပြောင်းရေးနှင့်


ပတ်သက်၍ သဘောထားများတောင်းဆိုထားပြီး ဖြစ်သည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှစတင်ခဲ့ရာ ယနေ့ထိ


KIO အပါအဝင် မွန်ပြည်သစ်ပါတီ၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSA-N)
စသည့် အဖွဲ့အစည်းများက လက်မခံဘဲ ငြင်းဆန်နေဆဲဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5867-kio--.html

ရွေးကောက်ပွဲတွင် မဲမပေးရန် မျိုးဆက်သစ် လူငယ်များလှုေ


ံ့ ဆာ်
ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်သူလူထုတွင် မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိကြောင်း လှုံ့ဆော်သည့် ပိုစတာများကို


Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ် ၆ မြို့နယ်တွင်
ယမန်နေ့က လိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် မင်္ဂလာတောင်ညွန့် စသည့် မြို့နယ်များ၏


လူစည်ကားရာနေရာများ၊ လမ်းဘေးအုတ်ခုံများ၊ ဘတ်စကားများ၊ ကားရပ်နားရေးစခန်းများ၊ အများသုံးအိမ်သာများနှင့်
လမ်းဘေး ဓာတ်တိုင်များတွင် ကပ်ခဲ့ခြင်း ဖြစ်သည်။

“ရည်ရွယ်ချက်က မတရားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲမှာ ဥပဒေအရ ပြည်သူတွေအနေနဲ့


မဲပေးနိုင်တဲ့ အခွင့်အရေးရှိသလို မဲမပေးဘဲ နေနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီကို
အရောက်ပို့ပေးတာပါ။ ဒီနည်းက ပြည်သူလူထုတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလို့ ယူဆတဲ့အတွက်
လုပ်ဖြစ်တာပါ” ဟု GW မှ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။

အလျား ၁ ပေ၊ အနံ ၈ လက္မရှိ ပိုစတာတွင် ဘယ်ဘက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိပြီး ညာဘက်တွင်


ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူသို့ ပြောကြားထားသည့် “ပြည်သူတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ
မဲပေးခွင့်ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိတယ်” ဟူသော စာသား ပါရှိသည်။

အဆိုပါ ပိုစတာပေါင်း ၁၅၀၀ ခန့်ကို ယမန်နေ့ နံနက်အစောပိုင်းမှ ညပိုင်းအထိ အဆိုပါမြို့နယ်များတွင် GW အဖွဲ့ဝင်များက


ကပ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့နားက ရေအိုးစင်မှာ ကပ်ထားတာ တွေ့မိတယ်။ ညနေပိုင်းကျတော့ ဘယ်သူ ခွာသွားသလဲမသိဘူး


မတွေ့တော့ဘူး” ဟု အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက မဖ္ဈိမကို ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကျောင်းတိုက်တခုမှ သံဃာတပါးကလည်း “ကျောင်းက ကိုယ်တော်တပါး ပြောပြတယ်။


လမ်းဘေးဓာတ်တိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ကပ်ထားတယ်တဲ့။ မဲမပေးဖို့လည်း စာရေးထားတာတွေ့တယ်လို့
ပြောတယ်” ဟု ပြောသည်။

မဲပေးခြင်းသည် မဲဆန္ဒရှင်၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သလို မဲမပေးခြင်းသည်လည်း ကိုယ်ပိုင် အခွင့်အရေးဖြစ်ကြောင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ရှေ့နေ
ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံစဉ် ပြည်သူလူထုသို့ ပြောဆိုခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈


မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ပြည်ပအခြေစိုက် လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီတို့ကလည်း Generation Wave - GW ကဲ့သို့ပင် မကြာသေးခင်က ပြောဆိုခဲ့ကြသည်။

GW အဖွဲ့ကို ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်၊ ငြိမ်းချမ်းနိုင်နှင့်


မိုးဃ်းသွေးတို့က ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ ရေးဖွဲ့တီးခတ်သီဆိုကာ
ပြည်သူများကြား ဖြန့်ဝေခြင်း၊ မှုတ်ဆေးကမ်ပိန်း၊ ပိုစတာကမ်ပိန်းများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အဖွဲ့ဝင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး


(အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ်
ဥပဒေကျောင်းသား) တို့ ၂၀၀၈ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံခဲ့ကြရသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5863-2010-08-13-14-02-32.html

အမ်ဳိးသားလႊတေ
် တာ် မဲဆန္ဒနယ်များထုတ
ုြ် ပန်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ချက် ယနေ့ထတ


ု
နိုင်ငံပိုင် သတင်းစာများတွင် ပါရှိသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးတခုစီလျှင် မဲဆန္ဒနယ် ၁၂ ခုစီဖြင့် စုစုပေါင်း မဲဆန္ဒနယ် ၁၆၈ ခုအတွက်


သတ်မှတ်ချက်များဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ထပ်မံထုတ်ပြန်လိုက်ပြီး
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို သြဂုတ် ၁၆ ရက်မှသည် သြဂုတ် ၃၀ အတွင်း
လုပ်ရမည်ဟု မြန်မာအသံမှတဆင့် ထုတ်လွှင့်ချက်တွင် ပါရှိသည်။

အမ်ိဳးသားလႊတေ
် တာ် မဲဆန္ဒနယ်များ
ကချင်ပြည်နယ်

1 မြစ်ကြီးနား

2 ဝိုင်းမော်

3 တနိုင်း

4 ချီဗွေ၊ ဆော့လော်၊ အင်ဂျန်းယန်

5 မိုးညှင်း ၁

6 မိုးညှင်း ၂

7 မိုးကောင်း

8 ဖားကန့်

9 ဗန်းမော်

၁၀ မိုးမောက်

၁၁ မံစီ၊ ရွှေကူ

၁၂ ပူတာအို

ကယားပြည်နယ်

1 လွိုင်ကော် ၁

2 လွိုင်ကော် ၂

3 ဒီမောဆို ၁

4 ဒီမောဆို ၂
5 ဖရူဆို ၁

6 ဖရူဆို ၂

7 ရှားတော ၁

8 ရှားတော ၂

9 ဘောလခဲ

10 ဖားဆောင်း ၂

11 ဖားဆောင်း၂

ကရင်ပြည်နယ်

1 ဘားအံ ၁

2 ဘားအံ ၂

3 လှိုင်းဘွဲ့ ၁

4 လှိုင်းဘွဲ့ ၂

5 ဖာပွန် ၁

6 ဖာပွန်၂

7 သံတောင်ကြီး

8 မြဝတီ

9 ကော့ကရိတ် ၁

10 ကော့ကရိတ် ၂

11 ကြာအင်းဆိပ်ကြီး ၁

ကြာအင်းဆိပ်ကြီး ၂
ချင်းပြည်နယ်

ဖလမ်း ၁

ဖလမ်း ၂

ထန်တလန်

ဟားခါး

တီးတိန် ၁

တီးတိန် ၂

တွန်းဇံ

မင်းတပ်

မတူပီ

ကန်ပက်လက်

ပလက်ဝ ၁

ပလက်ဝ ၂

စစ်ကင
ိုး တိင
ုး

စစ်ကိုင်းခရိုင်

ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း

ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်

မုံရွာ၊ ဘုတလင်၊ အရာတော်

ချောင်းဦး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ

ကသာ၊ ထီးချိုင့်၊ အင်းတော်


ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး

ကလေးခရိုင်

တမူးခရိုင်

မော်လိုက်ခရိုင်

ခန္တီး၊ ဟုမ္မလင်း

လေရှီး၊ လဟယ်၊ နန်းယွန်း (နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ)

တနင်္သာရီတင
ိုး

ထားဝယ် ၁

ထားဝယ် ၂

လောင်းလုံ

သရက်ချောင်း

ရေဖြူ

မြိတ် ၁

မြိတ် ၂

ကျွန်းစု

ပုလော

တနသာၤရီ

ကော့သောင်း

ဘုတ်ပြင်း

မကွေးတုင
ိး
ရေနံချောင်း၊ ချောက်

နတ်မောက်၊ မြို့သစ်

တောင်တွင်းကြီး

မင်းဘူး၊ ပွင့်ဖြူ

စလင်း၊ စေတုတ္တရာ၊ ငဖဲ

သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ

အောင်လံ၊ ဆင်ပေါင်ဝဲ

ပခုက္ကူ၊ ဆိပ်ဖြူ

ရေစကြို

မြိုင်၊ ပေါက်

ဂန့်ဂေါ၊ ထီးလင်း၊ ဆော

ပဲခူး တိင
ုး

ပဲခူး

သနပ္ပင်၊ ကဝ

ဝေါ၊ ဒိုက်ဦး၊ ရွှေကျင်

ညောင်လေးပင်၊ ကျောက်တံခါး

တောင်ငူ၊ ရေတာရှည်

ကျောက်ကြီး၊ ဖြူး

အုတ်တွင်း၊ ထန်းတပင်

ပြည်၊ပေါက်ခေါင်း၊ ပန်းတောင်း

ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်


သာယာဝတီ၊ လက်ပံတန်း

မင်းလှ၊ အုတ်ဖို၊ မိုးညို

ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်

မန္တလေးတိင
ုး

အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပုသိမ်ကြီး

ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ

ပြင်ဦးလွင်ခရိုင်

ကျောက်ဆည်ခရိုင်

မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းစွန်း

တောင်သာ၊ ကျောက်ပန်းတောင်း

ညောင်ဦးခရိုင်

ရမည်းသင်းခရိုင်

နေပြည်တော် ၁

နေပြည်တော် ၂

မိတ္ထီလာ၊ မလှိုင်

သာစည်နှင့် ဝမ်းတွင်း

မွနြ် ပည်နယ်

မော်လမြိုင် ၁

မော်လမြိုင် ၂
ကျိုက်မရော

ချောင်းဆုံ

သံဖြူဇရပ်

မုဒုံ

ရေး

သထုံ ၁

သထုံ ၂

ပေါင်

ကျိုက်ထို

ဘီးလင်း

ရခိုငြ် ပည်နယ်

စစ်တွေ

မြောက်ဦး

ကျောက်တော်

မင်းပြား

ပေါက်တော၊ မြေပုံ

ရသေ့တောင်၊ မြေပုံ

ရသေ့တောင်၊ ပုဏ္ဏားကျွန်း

မောင်တော ၁

မောင်တော ၂

ဘူးသီးတောင်
ကျောက်ဖြူ၊ မာန်အောင်

ရမ်းဗြဲ၊ အမ်း

သံတွဲခရိုင်

ရန်ကန
ု တ
် င
ိုး

ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ

ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတ

တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်

မရမ်းကုန်း၊ ဗဟန်း၊ ဒဂုံ၊ စမ်းချောင်း ပန်းဘဲတန်း၊ ကျောက်တံတား

ကမာရွှတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း

ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း

သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို

တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း

အင်းစိန်၊ မင်္ဂလာဒုံ

ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်

တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး

ရှမ်း ပြည်နယ်

တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလေ၊ ဖယ်ခုံ

လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင်


လားရှိုး၊ တန်းယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ

ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုးမိတ်၊ မဘိန်း

မူဆယ်ခရိုင်

ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား

တာချီလိတ်၊ မိုင်းဆက်၊ မိုင်းဖြတ်

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (ရွာငံ၊ ပင်းတယ)

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း)

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (နမ့်ဆန်၊ မန်တုံ)

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း)

ဧရာဝတီတုင
ိး

ပုသိမ်

ကန်ကြီးဒေါင့်၊ သာပေါင်း၊ ကျောင်းကုန်း

ကျုံပျော်၊ ရေကြည်

ဟင်္သာတ၊ ဇလွန်

လေးမျက်နှာ၊ အင်္ဂပူ

မြန်အောင်၊ ကြံခင်း

မြောင်းမြခရိုင်

မအူပင်၊ ညောင်တုန်း

ပန်းတနော်၊ ဓနုဖြူ

ဖျာပုံ၊ ဒေးဒရဲ
ဘိုကလေး၊ ကျိုက်လတ်

လပ္ပတ္တာခရိုင်

Source:http://www.mizzimaburmese.com/news/inside-burma/5862-2010-08-13-13-52-29.html

အင်နအ
် ယ်ဒီ လူငယ် ကိတ
ု င်ကို မန္တလေးထောင်မှ ပြန်လွတ်
2010-08-13

မန္တလေးတိုင်း မိတ္ထီလာမြို့က အင်န်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုတင်ကိုဟာ မန္တလေး အိုးဘိုထောင်ကနေ ဩဂုတ်လ ၁၃ ရက်


ဒီကနေ့ မနက် ပြန်လွတ် လာပါတယ်။ ထောင်က လွတ်လာပြီးလို့ မကြာခင်မှာပဲ သူ့အနေနဲ့ နိုင်ငံရေး ဆက်လုပ်မယ်လို့ RFA
ကို ပြောပါတယ်။

မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ဒီကနေ့ ပြန်လွတ်တယ်ဆိုပေမဲ့ ကိတ


ု င်ကိုရဲ့ ထောင်က လွတ်ရမဲ့ရက် ကျော်နေတာ ကြာပြီလို့ သိရပါတယ်။ သူ့ကို
နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး စတင် ဖမ်းဆီးထားချိန်က စလို့ ထောင်ထဲမှာ၂
နှစ်နဲ့ ၁၀ လကျော် နေခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုတင်ကိုဟာ မိုးကုတ်က အင်န်အယ်လ်ဒီလူငယ် ကိုဝင်းရွှေ၊ ကိုမင်းသူတို့နဲ့အတူ ထောင်ထဲမှာ နေခဲ့ရတယ်လို့


သိရပါတယ်။ မန္တလေး အိုးဘိုထောင်အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၁၀ဝ ကျော် ရှိပြီး အတော်များများဟာ
ကျန်းမာရေးကောင်းကြတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ အပြင်လောကနဲ့ အဆက်ပြတ်နေခဲ့တဲ့အတွက် နိုင်ငံရေးအခြေအနေတွေကို ပြန်လေ့လာပြီးရင် နိုင်ငံရေးကို


ဆက်ပြီး လုပ်သွားမှာ ဖြစ်တယ်လို့ RFA ကို အခုလိုပြောပြပါတယ်။

“နိုင်ငံရေးကတော့ ဆက်လုပ်ရမှာပေါ့ဗျာ။ ဘာပဲပြောပြော ကျနော်တို့ တာဝန်ရှိနေတယ်၊ ကျနော်တို့တင် မဟုတ်ပါဘူး


နိုင်ငံရေး အရ လက်ရှိ ပရောဆက် မှာ ဘယ်လိုပဲပြောပြော ပြည်သူ သန်း ၆၀ လုံးဟာ နိုင်ငံရေးထဲမှာ ပါဝင်ရမှာပဲ။
ကျနော်တို့လည်း အတိုင်းအတာတခုထိတော့ ဆက်ပြီးလုပ်ရဦးမှာပဲ အခု လက်ရှိက ၃ နှစ်လောက်က အတွင်းထဲမှာ
ရောက်နေတယ်၊ အတွင်းထဲမှာ သိရတဲ့ အနေအထားကလည်း သိပ်ပြီးတော့ ထဲထဲဝင်ဝင် မရှိဘူးပေါ့။ အခုဟာက အပြင်က
အခြေအနေအားလုံးကို ပြန်ပြီးတော့ လေ့လာကြည့်ရအုံးမှာ၊ ပြီးတော့မှ အားလုံးနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့
ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ် စဉ်းစားထားတယ်။”

ကိုတင်ကို ကို နိုင်ငံရေး စာရွက်စာတမ်း ကြေညာချက်တွေကို မိတ္တူကူးပြီး ဖြန့်တဲ့အတွက် ၂၀ဝ၇ စက်တင်ဘာလ ၂၅


ရက်နေ့မှာ ဖမ်းဆီးပြီး ထောင်ဒဏ် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

သူနဲ့အတူ မန္တလေးအင်န်အယ်လ်ဒီ တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၊ မတ္တရာ လွှတ်တော်အမတ် ဦးသန်းလွင်၊


မိုးကုတ်ကလူငယ် ကိုမင်းသူ၊ ကျောက်ပန်းတောင်းက ကိုဝင်းရွှေ၊ ဦးကံထွန်း အားလုံး ၆ ယောက်ကို ၂၀ဝ၈ ခုနှစ်
အောက်တိုဘာလအတွင်း မန္တလေး အိုးဘိုထောင် အထူးတရားရုံးကနေ ၂ နှစ်ကနေ ၁၃ နှစ်အထိ ထောင်ဒဏ်တွေ
ချခဲ့ပါတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ထောင်တွင်းမှာ ဆက်ပြီး ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ပါတယ်။

Source:http://www.rfa.org/burmese/news/NLD_youth_freed_from_prison-08132010164221.html

မြန်မာနိင
ု င
် က
ိုံ ဒေါ်လာငွေလဲေ
ွှ ပြာင်းမှု တောင်ကရ
ိုီး ယား ဘဏ်ရပ်ဆင
ိုး
2010-08-13

အကြမ်းဖက်မှုတွေကို ငွေကြေး ပံ့ပိုးပေးနေတယ်လို့ သံသယဖြစ်စရာ နိုင်ငံတွေအပေါ် အရေးယူရေး နိုင်ငံတကာ


စီမံချက်တရပ်အရ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ဒေါ်လာငွေ လွှဲပြောင်းတဲ့ လုပ်ငန်းယာယီ ရပ်ဆိုင်းဖို့
ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား ဘဏ်တခုက ဩဂုတ်လ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ် ။

ကိုရီးယား ငွေလဲလှယ်ရေးဘဏ်တွင် အမေရိကန် ဒေါ်လာ ရာတန်အုပ်များကို ဘဏ်အမှုထမ်းတဦး ရေတွက်နေပုံ


ဖြစ်ပါသည်။ (Photo: AFP)

ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်ဖြစ်တဲ့ Korea Exchange Bank က အခုလို


ထုတ်ပြန်လိုကတ
်ာပါ ။ ဒီဆုံးဖြတ်ချက်ကို လာမဲ့ အောက်တိုဘာလမှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့
သိရပါတယ် ။ Korea Exchange Bank ဟာ အမေရိကန် ဘဏ်ကော်ပိုရေးရှင်းတခုက ထိန်းချုပ်ထားတဲ့ ဘဏ် ဖြစ်ပါတယ် ။

မြန်မာနိုင်ငံကို ဒေါ်လာလွှဲတာအပြင် မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို ဒေါ်လာငွေ လွှဲပြောင်းတဲ့ ကိစ္စကိုလည်း


ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အခု ရပ်ဆိုင်းမဲ့ အထဲမှာ ဥရောပက ယူရိုစတဲ့ တခြားနိုင်ငံခြားငွေတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် နိုင်ငံတကာက မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနေရာမှာ အမေရိကန်


ပြည်ထောင်စုကလည်း မြန်မာနိုင်ငံက တင်ပို့တဲ့ သွင်းကုန်တွေကို ပိတ်ပင်တဲ့ ဥပဒေကို နောက်ထပ်တနှစ်
သက်တမ်းတိုးဖို့အတွက် ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ် ။

Source:http://www.rfa.org/burmese/news/korean_bank_stop_dollar_exchange_with_burma-
08132010160315.html
ရွှေးကောက်ပွဲကို နိဝ
ု င်္ဘာလ ၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း
ကော်မရှငက
် ကျေညာ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇


ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်
ကျေညာသည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် မြန်မာ့ ရုပ်သံလိုင်းမှ တစ်ဆင့် ယနေ့


(သြဂတ်စ်လ ၁၃ ) နံနက်က ထုတ်ပြန် ကျေသွားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့်


လုပ်ပိုင်ခွင့် အရ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ
၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇
ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ
ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေကြောင်းအရ နိုဝင်္ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေးရမည် ဖြစ်ရာ သူမ မလွှတ်မှီ


တပတ်အလိုတွင် ရွှေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

စစ်တွေမြို့ခံ တဦးအား မေးကြည့်ရာ “မနက်က မြန်မာ့ အသံက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ထုတ်လွှင့်သွားတယ်လို့
သိရပါတယ်။ လူတွေကတော့ သိပ်စိတ်ဝင်စားတဲ့ ပုံမရပါဘူး။ ကိုယ်နဲ့ မဆိုင်သလိုပါဘဲ” ဟု ပြောသည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ဒုတိယ


အကြိမ်မြှောက် ပြုလုပ်သည့် ရွှေးကောက်ပွဲ ဖြစ်သည်။ ယခင်ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မေလ ၂၇ ရက်နေ့တွင်
စစ်အစိုးရမှ ကျင်းပပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၈၅ ရာခိုင်နုန်းကျော်


အနိုင် ရရှိခဲ့သည်။ သို့သော်လည်း စစ်တပ်မှ ရွေးကောက်ပွဲပြီးပါက စစ်တန်းလျားကို ပြန်မည်ဟု ပေးပြီးသား ကတိကို
ချိုးဖေါက်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွဲပေးရန် ငြင်းဆိုခဲ့သည်။

ယခုတကြိမ်တွင် ပြည်သူအများဆုံး ထောက်ခံသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲမှာ နအဖမှ


တဖက်သတ် ရေးဆွဲထားသော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အခြေခံပြီး ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သဖြင့်
ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်


လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်၏ ထုတ်ပြန်ထားသည်။
သို့သော်လည်း ယခုအချိန်ထိ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားသော
နိုင်ငံရေးပါတီမှာ ၁၄ ပါတီ ရှိကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင်


စတင် တင်သွင်း ရမည်ဖြစ်ပြီး နောက်ဆုံး သတ်မှတ်ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း


ပြုလုပ်သွားမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့်
နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကျေညာသည်။

၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးပွဲတွင် ပါတီ ၉၃ ပါတီက
ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Source:http://www.narinjara.com/detailsbur.asp?id=2672

You might also like