You are on page 1of 2

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၉/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ စက်တင်ဘာလ ၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုများအပေါ် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုခြင်း။


၂၀၁၀ စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေ
အဝေးများတွင်
ထိုစုံစမ်းစစ်ဆေးမှုများ လက်တွေ့အကောင်အထည်ပေါ်လာရေးအတွက်
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါနှ
ကနေဒါနှင့် သြစတြေးလျားတိ
သြစတြေးလျားတို့အား တိုက်တွန်းခြင်း။

(၁) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနာ၏ ထောက်ခံတင်ပြချက်အရ မြန်မာနိုင်ငံ


တွင်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တခုဖွဲ့စည်းရေးကိစ္စကို အမေရိကန်
အစိုးရက ထပ်လောင်းထောက်ခံအတည်ပြုပေးခဲ့သည်အပေါ် ကျွန်ုပ်တို့အနေဖြင့် ကြိုဆိုထောက်ခံအပ်ပါသည်။ မစ္စတာကင်
တားနား၏ ထောက်ခံတင်ပြချက်အပေါ် ဗြိတိန်၊ သြစတြေးလျား၊ ချက်၊ စလိုဗကီးယားနှင့် ကနေဒါတို့ကလည်း ထောက်ခံခဲ့သည့်
အတွက် ကျွန်ုပ်တို့အနေဖြင့် အားတက်မိပါသည်။

(၂) မြန်မာပြည်သူများသည် ၁၉၆၂-ခုနှစ်ကတည်းက စစ်အာဏာရှင်အဆက်ဆက်အောက်တွင် ဖိနှိပ်အုပ်ချုပ်ခံနေရပါသည်။


၁၄နှစ်ကြာ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး စစ်တပ်မှ တိုင်းပြည်အာဏာသိမ်းခဲ့ပါသည်။ စစ်အာဏာရှင်တို့၏ မတရား
အုပ်စိုးနေမှုများကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်သူများမှာ ရက်ရက်စက်စက် ပစ်
ခတ်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခံရခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ဥပဒေမဲ့ထိန်းသိမ်းခံရခြင်း၊ တဖက်သတ် ပြစ်
ဒဏ်ချမှတ်ခံရခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်များကို ဝေးလံလှသော အကျဉ်းထောင်များတွင် လူမဆန်စွာကျခံနေရပါသည်။

(၃) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဖိနှိပ်ထိမ်းချုပ်နိုင်ရန်အတွက် စစ်အုပ်စု၏ စစ်ဆင်ရေးကြီးများကြောင့် တိုင်း


ရင်းသား လူနည်းစုဒေသများတွင် လူ့အခွင့်အရေးချိုးဖေါက်မှုများမှာ အထူးပင် ဆိုးဝါးလှပါသည်။ မြေလှန်စနစ်ကျင့်သုံးခြင်း
ကြောင့် တိုင်းရင်းသားရွာပေါင်း ၃၅၀၀ကျော်မှာ ပြာပုံအတိ ဖြစ်ခဲ့ရသည်။ ထောင်နဲ့ချီသောရွာသားများသည်လည်း ပေါ်တာ အ
ဆွဲခံရခြင်းနှင့် အတင်းအဓမ္မ နေရာရွှေ့ပြောင်းခြင်းများကို ခံနေရပါသည်။ မိုင်းကွင်းများကို ရှင်းလင်းရန်အတွက် အရပ်သားများ
ကို လူသားမိုင်းရှင်းကိရိယာသဖွယ် အသုံးပြုနေပါသည်။ စစ်ရေးဗျူဟာတရပ်အဖြစ် အမျိုးသမီးကြီးငယ် ထောင်ပေါင်းများစွာကို
အဓမ္မပြုကျင့်နေပါသည်။ စစ်တပ်၏အန္တရာယ်မှ ကင်းဝေးဖို့ရန်အတွက် တိုင်းရင်းသားလူမျိုး ငါးသိန်းကျော်မှာ မိမိတို့၏နေအိမ်
များကို စွန့်ခွာထွက်ပြေး ပုန်းအောင်းနေရပါသည်။ ထို့အပြင် လူနှစ်သန်းကျော်မှာလည်း အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်များ၊
တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ထွက်ပြေးခိုလှုံနေကြရပါသည်။ အရေးယူအပြစ်ပေးခြင်းမျိုး မရှိသည့်အတွက်လည်း
လူ့အခွင့်အရေးချိုးဖေါက်မှုများမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပါသည်။ စစ်အာဏာရှင်တို့၏ လူမဆန်သောရာဇ၀တ်မှုများကို
စစ်ဆေးဖေါ်ထုတ်ရန်အတွက် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တရပ် လိုအပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပါသည်။

Page 1 of 2
(၄) ၂၀၀၈ အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေး
ကောက်ပွဲတို့ဖြင့် စစ်အုပ်စု၏ ထာဝရအာဏာဆုပ်ကိုင်ထားနိုင်ရေး ပြင်ဆင်နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကော်မ
ရှင်တရပ် ပေါ်ပေါက်လာရေးသည် အလွန်အရေးကြီးသည့် ချက်ချင်းအကောင်အထည်ဖေါ်ရမည့်ကိစ္စဖြစ်ပါသည်။ အာဏာရှိနေ
စဉ်အတွင်း စစ်ဗိုလ်ချုပ်ကြီးများ ကျူးလွန်ခဲ့သည့် မည်သည့်ရာဇ၀တ်မှုအတွက်ကိုမှ အရေးယူအပြစ်မပေးနိုင်သည့် အထူးလွတ်
ငြိမ်းချမ်းသာခွင့်များကို ထိုအခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်များကို အရပ်ဖက်
တရားစီရင်ရေးစနစ်ဖြင့် ပြစ်ဒဏ်စီရင်ချမှတ်ပိုင်ခွင့် မရှိစေရဆိုသည့် အချက်ကိုလည်း အလေးအနက် ထည့်သွင်းပြဋ္ဌာန်းထား
ပါသေးသည်။ ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်သည့် စစ်ဖက်တရားရုံးမှာသာ စီရင်ပိုင်ခွင့်ရှိပါသည်။ စက်ဆုပ်ဖွက် ရာဇ၀တ်မှု
များအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဤကုလသမဂ္ဂစုံစမ်းရေးကော်မရှင်
သည် တာဝန်ခံမှုနှင့် တရားမျှတမှု ရှိလာစေရန်အတွက် အရေးပါသော ပထမအဆင့်အဖြစ် ကျွန်ုပ်တို့ ယုံကြည်သည်။

(၅) နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖေါက်နေမှုများ ရပ်ဆိုင်းသွားစေရန်အတွက်


အခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။ ထို့အပြင် တိုင်းရင်းသားကိုယ်စားလှယ်များ၊ အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်
လာရန်အတွက် စစ်ဗိုလ်ချုပ်များကို တွန်းအားပေးနိုင်လိမ့်မည်။ တိုင်းပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ရန်အတွက်
တွေ့ဆုံဆွေးနွေးရေးသည် အလိုအပ်ဆုံးအဆင့်ဖြစ်သည်။

(၆) ကုလသမဂ္ဂအထွေထွေညီလာခံမှာ မကြာခင်ကာလအတွင်းတင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာဥပဒေကြမ်းတရပ်ကို ဥရောပ


သမဂ္ဂမှရေးဆွဲနေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ထူထောင်ရန်အတွက် ဥရောပ
သမဂ္ဂအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ တောင်းဆိုရန်နှင့် ကျွန်ုပ်တို့ဘက်မှ ရပ်တည် ဆောင်ရွက်
သွားရန်အတွက် တိုက်တွန်းသည်။ ဥရောပသမဂ္ဂမှ ရေးဆွဲနေသည့် မြန်မာနိုင်ငံဆိုင်ရာဥပဒေကြမ်းတွင် မစ္စတာကင်တားနား
ထောက်ခံတင်ပြထားချက် အကောင်အထည်ဖေါ်နိုင်ရေးအချက်ပါဝင်ရန် ကျွန်ုပ်တို့မှအကြံပြုသည်။ တဆက်တည်းမှာပင် မကြာ
ခင် ကျင်းပပြုလုပ်တော့မည့် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများတွင် မြန်မာနိုင်ငံ
ဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖြစ်မြောက်ရေးအတွက် ဥရောပသမဂ္ဂနှင့်အတူ လက်တွဲလုပ်ဆောင်ကြရန် အမေရိ
ကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြားနိုင်ငံများသို့လည်း နှိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး


၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

Page 2 of 2

You might also like