You are on page 1of 54

ခဏ ခဏ စိုးရိမ်တယ်

ဟန်လေး Friday, September 17, 2010 ကာတွန်း

လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်

ဧရာဝတီ Friday, September 17, 2010

အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု
သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည်


မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ
အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး


ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့
နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့
ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ်
တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့်
အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ
တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု ဆိုသည်။

“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး


နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏
မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ
ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့်

၂၂၂၂ () ( - Reuters)
ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ


လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ
အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။

တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက်


ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့်
တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။

“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊
ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့
သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့
စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည်
မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။

စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက်


ညှိနှိုင်းဆောင်ရွက်ရေးသည် စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်


ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။

ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ
အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက


မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက်


ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။

အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန်


ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက်
ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။

တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ
ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက်
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး
မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ


ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။

နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက်


ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။
မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား


ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်

ရန်ပိုင် Friday, September 17, 2010

ဝါရင့် နိုင်ငံရေး သမားကြီး သခင်အုန်းမြင့် (၉၃ နှစ)် သည် ယနေ့ နံနက် ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ နေအိမ်တွင်
ကွယ်လွန်သွားကြောင်း သိရသည်။

သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးဌေးအောင် ခေါ် ဦးနီက


“အဖေက မသေခင်အထိ သူလုပ်ရမယ့် အလုပ်တွေကို
စိုက်လိုက်မတ်တပ် လုပ်သွားတယ်။ လူမှုရေး၊ နိုင်ငံရေး
အားလုံးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

သခင်အုန်းမြင့်၏ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို


တနင်္ဂနွေနေ့ ညနေ ၄နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု
သိရ သည်။

သခင်အုန်းမြင့် ကွယ်လွန်ရာ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊


သုခ၀တီလမ်းရှိ နေအိမ်သို့ နိုင်ငံရေးလောကမှ ၀ါရင့်နိုင်ငံရေး
သမားကြီးများ၊အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒု
ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် NLD လူမှု
အထောက်အကူပြုအဖွဲ့မှ လူငယ်ခေါင်းဆောင် မဖြူဖြူသင်းနှင့်
လူငယ်များ၊ ဦးအုန်းမောင် (ဘဏ်)၊ သတင်းစာဆရာကြီး
ဦးသာဘန်း၊ ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီ
( -) ဥက္ကဋ္ဌဟောင်း ကိုဖြိုးမင်းသိန်း စသူတို့လာရောက်
သတင်းမေးကြကြောင်း သိရသည်။

သခင် အုန်းမြင့်သည် NLD လူမှုအထောက်အကူပြု အဖွဲ့တွင် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

သခင်အုန်းမြင့်မှာ ဗိုလ်ချုပ် အောင်ဆန်း၊ အိုးဝေ ဦးညိုမြ၊ သံအမတ်ကြီး ဦးအုန်းတို့နှင့် ရင်းနှီးသူတဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ဖြစ်သူ သခင်
သန်းထွန်းနှင့်လည်း နီးစပ်သူဖြစ်သည်ဟု သိရသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်နှင့် သခင်တင်မြ တို့နှင့်လည်း ရင်းနှီးသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သခင်အုန်းမြင့်ကို ဦးလေးသားချင်းတဦးကဲ့သို့ သဘောထားကြောင်း သားဖြစ်သူ ဦးဌေးအောင်က ပြောသည်။

ယနေ့အချိန်တွင် လွတ်လပ်ရေး ကြိုးပမ်းမှု၌ ပါဝင်ခဲ့သည့် နိုင်ငံရေးသမားကြီးများ အနည်းငယ်သာ ကျန်တော့သည်။

နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဦးအုန်းမောင်(ဘဏ်) က “အဘနဲ့ နှစ်ပေါင်း ၆၀ လောက် လက်တွဲပြီး အလုပ်လုပ် တဲ့သူ ဆုံးသွားတော့
စိတ်မကောင်းဘူး။ အဲဒီအချိန်က လက်ဝဲစာပေနဲ့ ပတ်သက်လို့ ဘယ်သူမှ မရိုက်နှိပ်ရဲတဲ့ အချိန်မှာ သူ့ရဲ့ စပယ်ဖြူ ပုံနှိပ်တိုက်က ရိုက်ပြီး ထုတ်ခဲ့တာ”ဟု ဆိုသည်။

၁၉၄၈-၄၉ ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ် ဖဆပလ အစိုးရ လက်ထက်တွင် “ကျော်လင်းစာပေ” အမည်ဖြင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး
လက်ဝဲစာပေနှင့် ပတ်သက်သည့် စာအုပ်များ ထုတ်ဝေဖြန့်ချိခဲ့သည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌဟောင်း ကိုဖြိုးမင်းသိန်းကလည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးလောက အတွက် အများဆုံး အကျိုးပြုသွားသူတဦး
ဆုံးရှုံးသွားသောကြောင့် ၀မ်းနည်းကြောင်း ပြောသည်။

သခင်အုန်းမြင့်သည် ပဲခူးတိုင်း၊ လက်ပံတန်းမြို့ဇာတိဖြစ်သည်။ ၁၉၃၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးဝင် ဖြစ်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေး သတင်းစာ
အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးနှင့် စစ်ပြီးကာလ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။

၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရ လက်ထက်တွင် နိုင်ငံရေး ပုဒ်မ (၅) ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ကိုကိုးကျွန်းတွင် ၂ နှစ် နေခဲ့ရသည်။

၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီး ထောင်တွင်းတွင် ၃ နှစ်ခွဲခန့် နေခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂသမိုင်း ပြုစုသည့် ကိုအောင်ထွန်း၏ အမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသေးသည်။

သခင်အုန်းမြင့် ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦး ကျန်ရစ်သည်။

စာအုပ်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စာအုပ်ဝယ်ဖတ်သူ ရှားပါးလာ

နရီလင်းလက် Friday, September 17, 2010

စာအုပ်ဈေးနှုန်းများ မြင့်တက်လာ ခြင်းကြောင့် စာအုပ် ၀ယ်ဖတ်သူများ ရှားပါးလာကြောင်း သိရသည်။

“နောက်ဆုံး ၀ယ်ထားတဲ့ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံ ဝတ္ထုစာအုပ်ဆို ကျပ် ၇ ထောင် ပေးရတယ်။ တခြားဘက်မှာ ချွေတာမယ်ဆိုပြီး ကြိုက်လွန်းလို့
သိမ်းထားချင်တာနဲ့ မျက်စိမှိတ်ဝယ်လိုက်တာ။ စာအုပ်ဈေးတွေကတော့ တခါဝယ်ရင် တခါဆိုသလို တက်လာတယ်။ ၀င်ငွေမကောင်းတဲ့လူဆို စာအုပ်နားတောင်
ကပ်နိုင်မှာမဟုတ်တော့ဘူး” ဟု အမျိုးသမီး မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။
“ကိုယ်က ရသ ကြိုက်တော့ မိုးမိုး (အင်းလျား) စာအုပ်တွေဆို
စီးရီးလိုက် ထွက်သမျှ အကုန်ဝယ်နိုင်တယ်။ အခုနောက်ပိုင်း
အနည်းဆုံး ကျပ် ၂ ထောင်၊ ၃ ထောင်ဖြစ်နေတော့ ၀ယ်မယ်ဆို
ကိုယ့်လက်ထဲက ငွေကို ကြည့်ပြီး ပြန်ချိန်နေရတယ်” ဟု သူက
ဧရာဝတီသို့ ပြောသည်။

စာအုပ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လူလတ်တန်းစား


စာဖတ် ပရိသတ်များပင် ၀ယ်ယူရန် ခက်ခဲလာကြောင်း၊ မ၀ယ်
မဖြစ်သည့် စာအုပ်များသာ အဓိကထား ၀ယ်ယူဖြစ်
တော့ကြောင်း ၎င်းအယ်ဒီတာက ပြောပြသည်။

“စာအုပ်ဈေးနှုန်းတွေ တက်လို့ စာဖတ်နှုန်းလျော့သွားတာ


နည်းနည်းလောက်ပဲရှိမယ်။ အရင်က ၂ အုပ်ဝယ်ရင် အခု ၁ အုပ်
လောက်ပဲ ၀ယ်နိုင်တော့မယ်ပေါ့။ တဘက်မှာ အငှားဈေးကွက်
ပိုကျယ်ပြန့်လာမယ်။ ကိုယ်ရတဲ့ ၀င်ငွေအချိုးထက်
ပိုများနေတော့ ၀ယ်သိမ်းပြီး ထပ်ခါထပ်ခါ ပြန်ဖတ်တဲ့
( -) အလေ့တော့ လျော့လာမယ်” ဟု စာရေးဆရာ ဖေမြင့်က
ပြောသည်။

စာအုပ် ထုတ်ဝေသူများဘက်က ကုန်ကျစရိတ် မြင့်မားမှုကြောင့် သတ်မှတ်ထားသည့် အကျိုးအမြတ် ပြန်လည်ရရှိစေရန် စောင်ရေနည်းနည်းနှင့် တန်ဖိုးကြီးကြီး


ထုတ်ဝေရောင်းချလာကြောင်းလည်း သူက ဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေမှာ ပျမ်းမျှ သန်း ၆၀ ခန့် ရှိသော်လည်း အရောင်းရဆုံး စာရေးဆရာ၏ စာအုပ်ထုတ်ဝေ ရိုက်နှိပ်မှုသည် လက်ရှိအခြေအနေတွင် အုပ်ရေ ၁
သောင်းပင် မရှိကြောင်း စာအုပ်ထုတ်ဝေသူများထံမှ သိရသည်။

ဝယ်ယူဖတ်ရှုသည့် ဈေးကွက်နှင့် အငှားဈေးကွက်ရှိခြင်းကြောင့် စာဖတ်သူဦးရေ နှုန်းထားတွက်ချက်ရန် ခက်ခဲကြောင်း၊ မြန်မာနိုင်ငံတွင် စာတတ်မြောက်သူ


ဦးရေသည် ရာခိုင်နှုန်း ၆၀ ခန့်ရှိနိုင်ကြောင်း ပညာရှင်များကလေ့လာ သုံးသပ်ကြသည်။

ပန်းဆိုးတန်းရှိ စာအုပ်အဟောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက “ပြန်ပြီး ပုံနှိပ်ခွင့်မရတဲ့ စာအုပ်မျိုးတွေ ဒီမှာ ရနိုင်တယ်။ နောက် ဈေးသက်သာတယ်။
ဒီအချက်တွေက စာအုပ်အဟောင်း ဆိုင်တွေရဲ့ အားသာချက်ပဲ။ နောက်ဆိုရင် စာအုပ်ဝယ်ဖတ်နိုင်တဲ့ လူတန်းစားတရပ်တောင် သပ်သပ်ဖြစ်လာမလားလို့
မြင်မိတယ်” ဟု ပြောသည်။

“စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ စကားပုံအတိုင်းပဲ စာအုပ် ထဲကနေ ပညာလေ့လာရတာဆိုတော့ စာဖတ်ေတဲ့အလေ့အထ ဖွံ့ဖြိုးလာအောင်


အလွယ်တကူဖတ်လို့ရမယ့် ပတ်ဝန်းကျင်တွေ ဖန်တီးပေးတာမျိုး လုပ်သင့်တယ်” ဟုလည်း သူက ဆိုသည်။

စာဖတ်နှုန်း လျော့ကျလာခြင်း၊ ၀ယ်ယူသိမ်းဆည်းမှု လျော့နည်းလာခြင်းမျိုး ဖြစ်မလာစေရန် လူတိုင်းဝယ်ယူ ဖတ်ရှုနိုင်သည့် ဈေးနှုန်းနှင့် စာအုပ်များ


ထုတ်စေချင်ကြောင်း စာရေးဆရာမ နုနုရည် (အင်းဝ) ကပြောသည်။

“လက်ရှိ မြန်မာပြည် လူဦးရေမှာ အုပ်ရေ ထောင်ကျော်ပဲ ရောင်းနေရတာမျိုး မဖြစ်သင့်ဘူး။ စာအုပ်ဈေးကြီးလို့လား၊ စာဖတ် တဲ့သူ နည်းလို့လား စဉ်းစားစရာပဲ” ဟု
သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လူလတ်တန်းစား စာဖတ်သူတဦး၏ ၀င်ငွေသည် လစာ ကျပ် ၈ သောင်းမှ ၁ သိန်းခန့်သာ ရှိသောကြောင့် စာအုပ် တအုပ် ကျပ် ၇၀၀၀၊ ၈၀၀၀
ဆိုလျှင် ၎င်းဝင်ငွေ၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည်ဟု ဆိုရပေလိမ့်မည်။

အရောင်းရဆုံးစာရေးဆရာ၏ စာအုပ်ပင် အုပ်ရေ ၁၅၀၀၊ ၂၀၀၀ ခန့် ရောင်းချရန် အချိန် တလခန့် ကြာမြင့်သောကြောင့် ငွေပြန်ရရှိမှုနှောင့်နှေးပြီး ထုတ်ဝေသူများ
ငွေကြေးလည်ပတ်ရန် အခက်အခဲရှိနေကြောင်း ဓူဝံစာပေမှ ကိုဝင်းချိုက ပြောသည်။

“အရောင်းထိုင်းတဲ့ စာအုပ်တွေဆို ပိုဆိုးတယ်။ ဒီတော့ ထုတ်ဝေသူတွေအနေနဲ့ ကွာလတီ မြင့်မြင့်၊ တန်ဖိုးကြီး၊ အုပ်ရေနည်း သဘောမျိုး ထုတ်လာကြတော့
စရိတ်လျော့သွားတယ်။ တဘက်မှာ ကျန်မှာလည်း မစိုးရိမ်ရတော့ဘူး။ ဒီလိုလုပ်လာတာ များတော့ စာဖတ်သူတွေဘက်က ၀ယ်ရတဲ့ ဈေးတော့ မြင့်သွားတာ
ရှိတယ်” ဟု သူက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက မြန်မာပြည်တွင် စာဖတ်နှုန်းအများဆုံးမှာ လူလတ်တန်းစားထဲမှ ဖြစ်ကြောင်း၊ ဆင်းရဲသူများက ၎င်းတို့ စားဝတ်နေရေးအတွက် စာအုပ်ကို


စိတ်မ၀င်စားနိုင်သကဲ့သို့ ချမ်းသာသည့် လုပ်ငန်းရှင်များသည်လည်း စီးပွားရေးကို ဦးစားပေး နေသဖြင့် စာမဖတ်နိုင်ကြောင်း ပြောသည်။

“အခု အခြေအနေက လူလတ်တန်းစားတွေတောင် ၀ယ်ဖတ်ဖို့ လက်လှမ်းမမီတော့ဘူး” ဟု ကိုဝင်းချိုက ဆိုသည်။

စာအုပ်တအုပ် ပုံနှိပ်ထုတ်ဝေရန် ယခုအချိန်တွင် ကျပ် ၄၅ သိန်းမှ ၅၅ သိန်းခန့်ကုန်ကျပြီး စာမူခကို ရာခိုင်နှုန်းအလိုက် များလျှင်များသလို


ကုန်ကျစရိတ်ပိုမြင့်ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် နာမည်ကြီးထုတ်ဝေသူ တဦး၏ အဆိုအရ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်က ပုံမှန် ဝတ္ထုစာအုပ် တအုပ်၏ ထုတ်ဝေခမှာ ကျပ် ၂
သိန်းခွဲခန့်သာရှိပြီး စာအုပ်ရောင်းဈေးမှာလည်း ကျပ် ၃၀၀၊ ၄၀၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု သိရသည်။

“စာရွက်ကအစ ပုံနှိပ်မင်အဆုံး စာအုပ်တအုပ်ထုတ်ဝေရတဲ့ ဖြစ်စဉ်မှာပါသမျှ ပစ္စည်းတော်တော်များများက နိုင်ငံခြားက တင်သွင်းရတာဆိုတော့


နိုင်ငံခြားငွေဈေးပေါ်မူတည်ပြီး ပစ္စည်းဈေးနှုန်းတွေ တက်သွားတာကြောင့်လည်း စာအုပ်ဈေးက လိုက်တက်ရတာ ပါတယ်” ဟု သူက ပြောသည်။

စာရေးဆရာများသည် ပုံနှိပ်သည့် စာအုပ်အရေအတွက်အပေါ် မူတည်၍ စာမူခကို ရာခိုင်နှုန်းနှင့် ရရှိသကဲ့သို့ တချို့မှာလည်း ရောင်းချရသည့် အုပ်ရေ အပေါ်
မူတည်၍ ရကြကြောင်း၊ နာမည်ကြီးသည့် အပေါ် မူတည်၍ စာမူခ ရာခိုင်နှုန်း မြင့်တက် သွားလေ့ရှိကြောင်း ထုတ်ဝေသူများက ဆိုသည်။
“ထုတ်ဝေသူတွေအနေနဲ့ စာရေးဆရာတယောက်ကို သူကြိုက်လို့ထုတ်တယ်၊ ဒါပေမယ့် မရောင်းရဘူးဆိုရင် နောင် ဒီစာရေးဆရာကို အရှုံးခံပြီး မထုတ်တော့ဘူး။
အဲဒါကြောင့် တကယ်တော်တဲ့ စာရေးဆရာတွေ စာအုပ် မထွက်လာတာတွေ ရှိတယ်။ အဓိက စီးပွားရေး ပြေလည်နေမယ်ဆိုရင် စာအုပ်တွေ
များများထုတ်လာနိုင်မယ်” ဟု မန္တလေးမြို့ခံ ကဗျာဆရာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “စာကိုဖတ်လေ့မရှိတဲ့ သူတောင် ကိုယ့်ရှေ့မှာ စာအုပ်စာပေတွေ ဖောဖောသီသီ တွေ့နေမြင်နေရမယ် ဆိုရင် အနည်းဆုံး ဆွဲကိုင်မိဦး
သူ့အနေနဲ့ ပညာတခုခုတော့ ရသွားမယ်။ ဒါကြောင့် မြန်မာ ပြည်သူတွေအတွက် စာကြည့် တိုက်တွေ၊ အငှားဆိုင်တွေ ၊ စာအုပ်ဈေးနှုန်းကျဆင်းတာတွေ ဖြစ်ဖို့
လိုတယ်” ဟု သူက ဆက်ပြောသည်။

စီးပွားရေး တက္ကသိုလ်မှ MBA ကျောင်းသူတဦးက “အင်တာနက်ကနေ စာအုပ်တွေ ဆွဲချပြီး ဖတ်လို့ရပေမယ့် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ပြီး ဖတ်ရတဲ့ ရသနဲ့
စာအုပ်ကိုင် ဖတ်ရတဲ့ရသ မတူဘူး” ဟု ဆိုသည်။

ယခုခေတ် လူငယ်များ စာအုပ်ဖတ်သည့် အလေ့အထ၊ ၀ယ်သိမ်းသည့် အလေ့အထ ပျောက်ကွယ်လာရခြင်းထဲတွင် အိုင်တီ နည်းပညာများ မြင့်မားလာခြင်း၊
အင်တာနက်များပေါ်လာပြီး ဂိမ်းကစားခြင်း၊ ဗီဒီယိုကားများကြည့်ခြင်း စသည့် ဖျော်ဖြေမှုများ တိုးပွားလာခြင်းသည်လည်း အကြောင်းရင်းတချက်အဖြစ်
ပါဝင်ကြောင်း သူက ပြောသည်။

စာရေးဆရာမ မစန္ဒာကလည်း စာရေးဆရာတယောက်အနေနှင့် ပရိသတ် လက်ထဲသို့ မိမိစာအုပ် များများစားစား ရောက်စေချင်ကြောင်း သို့ရာတွင်


စာအုပ်ဝယ်မဖတ်နိုင်သူက များသောကြောင့် အငှားဆိုင်ကိုသာ အားကိုးကြရကြောင်း၊ အငှားဆိုင်တိုင်းကလည်း စာအုပ်အစုံ မတင်နိုင်ကြောင်း ပြောဆိုသည်။

“၀ယ်နိုင်တဲ့ လူက ကိစ္စမရှိပေမယ့် မ၀ယ်နိုင်တဲ့လူကျတော့ အငှားဆိုင် အားကိုးရတယ်။ အငှားဆိုင်တိုင်းက ကိုယ်ဖတ်ချင်တဲ့ စာအုပ် မတင်တာမျိုးရှိတယ်။ ဒီတော့
စာဖတ်ပရိသတ်အတွက် အခက်အခဲ ဖြစ်ရတာ အမှန်ပဲ။ စာအုပ်ဝယ်ပြီး သိမ်းထားရဖို့ က တော်တော်လေးကို စဉ်းစားရတဲ့ အခြေအနေမျိုးဖြစ်နေပြီ။ တကယ်ကို
ကြိုက်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ချင်မှ ၀ယ်ကြတာ” ဟု မစန္ဒာက ပြောသည်။

စာပေဖတ်ရှုခြင်းသည် နိုင်ငံတနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရေးတွင် အရေးပါသောကြောင့် ယင်းပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု


စာပေပညာရှင်များက ဆိုသည်။

မြို့နယ် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၀၀ ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ

ခင်ဦးသာ Friday, September 17, 2010

တိုင်းရင်းသား ပြည်နယ် ၅ ခုရှိ မြို့နယ် ၄ ခုနှင့် ကျေးရွာ အုပ်စု ၃၀၀ နီးပါး၌ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မပြုလုပ်
တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်၌ လုံးဝ
ကျင်းပမည်မဟုတ်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ၄ မြို့နယ်သည် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ် ပါဝင်သည်။

ထိုနယ်မြေများ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ (စ) အရ ရွေးကောက်ပွဲ
ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေအများစုသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ
ဒေသများ ဖြစ်သည်။

“ကျနော့် အထင်တော့ ဒီနေရာတွေက လုံခြုံရေးအတွက် စိတ်မချရဘူးထင်လို့ မကျင်းပဖြစ်တာလို့ပဲ ယူဆပါတယ်”ဟု


ချင်းပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီသို့ ပြောသည်။

ထိုနယ်မြေများသည် သွားလာရေး အတွက် အခက်အခဲရှိသည့် ဒေသများဖြစ်သည်ဟုလည်း ဦးလုံစီက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က “သူတို့လိုတုန်းကတော့ ဒီနေရာတွေမှာ သေနတ်သံ မကြားရတော့ဘူး၊ အေးချမ်းနေပါပြီဆိုပြီး
ပြောတယ်။ အခု သူတို့ကို မနာခံတာတွေ ရှိလာပြီး မလိုတော့တဲ့ အခါကျတော့ မငြိမ်းချမ်းတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်တယ်။ ဒီရွေးကောက်ပွဲ
မလုပ်ရတဲ့အတွက် ဒေသခံတွေအဖို့ ဘာမှ မဆုံးရှုံးပါဘူး” ဟု ပြောသည်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊


ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂ မြို့နယ်တို့မှ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုတို့တွင်
ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မွန်ပြည်နယ်မှ ရွေးကောက်ပွဲမပြုလုပ်တော့သည့် မြို့နယ် ၂ ခုသည် မွန်နိုင်ငံရေး အင်အားစုများ နေထိုင်ရာဒေသ ဖြစ်သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ၌
မွန်ဒီမိုကရေစီ ခေါင်းဆောင်များ အနိုင်ရခဲ့သည့်နေရာ ဖြစ်ကြောင်း မွန်ဒေသခံတဦးကဆိုသည်။

“ဒီနေရာတွေက တိုင်းရင်းသားတွေ လွှမ်းမိုးနေတဲ့အတွက် တခြားပါတီတွေက နေရာမရနိုင်ဘူးလေ။ ဒီတော့ တိုင်းရင်းသား တွေ ကိုယ်စားမပြုတဲ့


တခြားအင်အားကြီးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဖိအားပေးတဲ့ အတွက်လည်း ဒီနေရာ တွေမှာ ရွေးကောက်ပွဲ မလုပ်တာ ဖြစ်နိုင်ပါတယ်”ဟု
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာအုပ်စုများ ပါဝင်သော မြို့နယ် ၇ ခုမှာ မြ၀တီ၊ ကော့ကရိတ်၊


ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် သံတောင်မြို့နယ်တို့ ဖြစ်သည်။

“စစ်အစိုးရက ရွေးကောက်ပွဲ နီးလာလေ တိုင်းရင်းသားတွေကို နှိပ်ကွပ်လေ ဖြစ်လာတယ်။ ဒီမိုကရေစီ အင်အားစုတွေ


နေရာ မရအောင်လုပ်လေဘဲ။ အစိုးရခိုင်းတာ လုပ်ပေးနေရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာကလည်း ဘယ်တော့မှ တရား
မျှတတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ပေးမှာမဟုတ်ဘူး”ဟု မြ၀တီမြို့မှ ကရင်တိုင်းရင်းသား ကုန်သည်တဦးက ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပတော့သည့်နေရာတွင် မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုပါဝင်ပြီး မြ၀တီ ဒေသ၌ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး
ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ဝင် များ အခြေစိုက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုဟု ကြေညာထားသော ပြည်နယ် ၅ ခုမှ မြို့နယ်ပေါင်း ၃၂ မြို့နယ်၏ ကျေးရွာအုပ်စု အများစု သည် လုံခြုံရေး စိတ်မချရဟု
ယူဆရသော်လည်း တချို့သောနေရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိကြောင်း လည်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “အဓိကက လုံခြုံရေးကြောင့် မလုပ်ဖြစ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် တည်ငြိမ် အေးချမ်းသွားတဲ့
အချိန်ရောက်ရင်တော့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခဲ့တာ မြန်မာနိုင်ငံမှာ ရော နိုင်ငံတကာမှာလည်း ရှိခဲ့တယ်”ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ငြိမ်းချမ်းမှု မရှိဟု ယူဆသော မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ပါတီ ကို ဖျက်သိမ်းခြင်း၊ နိုင်ငံရေးပါတီများအနေဖြင့်
ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောခွင့်ပြုမိန့် လျှောက်ထားနိုင်ခြင်းတို့ကိုလည်း ကြေညာချက် များ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ ၂ ဦး အဖမ်းခံရ

ဇာနည်မာန် Friday, September 17, 2010

ရန်ကုန်တိုင်း အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်ဝေသည့် လူငယ် ၂ ဦးကို အာဏာပိုင်များက


ယနေ့နံနက်တွင် ထိန်းသိမ်း လိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံသား တယောက်အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသကဲ့သို့ မဲမပေးဘဲနေရန် အခွင့်အရေးလည်းရှိသည်” ဆိုသည့် စာသားများပါဝင်သော


လှုံ့ဆော်စာများနှင့်အတူ ရွှေပြည်သာ ၁၃ ရပ်ကွက်နေ မောင်သိန်းဇော်နှင့် တောလေးကျေးရွာ လှော်ကားနေ မောင်ခိုင်ဇော် တို့ကို အရပ်ဝတ်နှင့် အာဏာပိုင်များက
နေအိမ်များမှ ခေါ်ဆောင် သွားသည်ဟု ထိန်းသိမ်းခံရသူများ၏ မိတ်ဆွေများက ဆိုသည်။

“စာရွက်တွေနဲ့အတူ မိတာ။ ဒီမနက်ကပဲ လာဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ သူတို့ မိဘတွေလည်း စိတ်ပူနေကြတယ်” ဟု
မောင်သိန်းဇော်နှင့် မောင်ခိုင်ဇော်တို့၏ မိတ်ဆွေတဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းနှင့် လှော်ကားရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုသူများက မသိကြောင်းသာ ဖြေကြား၍


ဖုန်းချသွားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်၊ ဒဂုံ၊ ဒေါပုံ၊ ဒလ စသည့် မြို့နယ်များအပါအ၀င်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ
တက်ကြွလှုပ်ရှားသူ လူငယ်များက နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုံ့ဆော်စာများ၊ ပို့စ်ကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေခြင်း မကြာခဏ
လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပဲခူးမြို့ နာရီစင်ပေါ်တွင် ရွေးကောက်ပွဲ၌ မဲမပေးဘဲနေရန် အခွင့်အရေးရှိကြောင်း စာသားများပါသည့် လှုံ့ဆော်စာ


ပိုစတာကြီးကို ကပ်ထားခဲ့သည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံဆွေးနွေးမှုပြုရန် တိုက်တွန်းသည့် ရွှေဂုံတိုင်ကြေညာချက်ကို


လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့်အပြင်၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ မဲပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း ပြီးခဲ့သည့်လ


ရှေ့နေများနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း


သုံးသပ်ဝေဖန်ကြသည်။ နိုင်ငံတကာ အသိုင်းအ၀န်းကမူ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် စစ်အစိုးရကို တိုက်တွန်းမှုများပြုလျက်ရှိသည်။

ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ

သန်းထိုက်ဦး Friday, September 17, 2010

ထိုင်းနိုင်ငံ တောင်ပိုင်း
ဖူးကက်မြို့သို့ အလုပ်သွားလုပ်ရန် ကြိုးစားခဲ့သော တရားမ၀င်
မြန်မာနိုင်ငံသား ၅၂ ဦးကို ထိုင်း အာဏာပိုင် များက ယနေ့
နံနက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယင်းမြန်မာနိုင်ငံသားများသည် ရနောင်းမြို့မှ ဖူးကက်သို့


သွားမည့် ၁၀ ဘီးကားထဲတွင် ပုန်းအောင်း လိုက်ပါခဲ့ရာမှ
စစ်ဆေးရေး ဂိတ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း
ဖြစ်သည်။

အဖမ်းခံရသူများသည် မိသားစုလိုက်ဖြစ်ပြီး ကလေးများပါ


အဖမ်းခံရကြောင်း ၎င်းတို့ကို ထိန်းသိမ်းထားသော

( - krobkruakao.com)
ချုံဖော်မြို့နယ်ရှိ ဖလာတို့ ရဲစခန်းမှ တာဝန်ကျ ရဲတဦးက ဧရာဝတီသို့ ပြောသည်။

အဖမ်းခံရသူများ အားလုံးကို ရဲစခန်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ အဖမ်းခံရ သူ များထဲတွင် အသက် ၁ နှစ်မှ ၁၅
နှစ်အရွယ် ကလေးများလည်း ပါဝင်ကြောင်း၊ ကားမောင်း သမားမှာမူ ထွက်ပြေးလွတ်မြောက် သွားကြောင်း ၎င်း ရဲက ဆိုသည်။

ယခု အဖမ်းခံရသူများသည် ထိုင်းတရား ဥပဒေအရ အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ် ကိုင်နေသော ရွှေ့ပြောင်း
အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်း ရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ် ရန် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးထားသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်
ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န် ကြီး ဗိုလ်ချုပ် မောင်ဦး
တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး
ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။

အစိုးရသြဇာခံ အရပ်ဘက် အဖွဲ့များ ဖွဲ့ရန် စီစဉ်နေ

ဆက်လင်း Friday, September 17, 2010

၂၀၁၀ ရွေးကောက်ပွဲလွန် ကာလတွင် အစိုးရက ချုပ်ကိုင်နိုင်မည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အစရှိသည့်


အရပ်ဘက် အဖွဲ့အစည်း၊ သမဂ္ဂများ ဖွဲ့ရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်မည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့် တို့ ဦးဆောင်ပြီး အလုပ်သမား
သမဂ္ဂ တခုဖွဲ့စည်းရန် စစ်အစိုးရ တာဝန်ရှိသူ တချို့က ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် လာရောက်ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ရန်ကုန် ILO ရုံးမှ
ဝန်ထမ်း တဦးကပြောသည်။

အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်သည့် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီကလည်း အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရန်
ကြိုးပမ်းလျက်ရှိနေသဖြင့် စစ်အစိုးရက လက်ဦးမှုရယူကာ ၎င်းတို့ချုပ်ကိုင်နိုင်သော အလုပ်သမား သမဂ္ဂဖွဲ့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ILO ၀န်ထမ်းက ဆိုသည်။

ILO ၀န်ထမ်းက ဆက်လက်ပြီး ရှေ့နေ ကိုဖိုးဖြူ တို့ကလည်း အလုပ်သမား သမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့်ရရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် အစိုးရဘက်က
လက်ဦးမှုရရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ILO အနေဖြင့် လုံးဝမရှိခြင်းထက်စာလျှင် အဖွဲ့အစည်း တခုရှိနေခြင်းက ကောင်းမွန်သည်ဟု ယူဆ၍
လက်ခံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရှေ့နေ ကိုဖိုးဖြူ သည် လယ်ယာမြေ အဓမ္မ အသိမ်းခံရ၍ ILO သို့ တိုင်ကြားသည့် မကွေးတိုင်း နတ်မောက်မြို့နှင့် အောင်လံမြို့မှ လယ်သမားများအမှုကို
လိုက်ပါဆောင်ရွက်ပေးသည့်အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လအတွင်းက မကွေးမြို့တွင် အာဏာပိုင်များ က ဖမ်းဆီး၍ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထို့နောက် ၃ နှစ် လျှော့ချလိုက်သောကြောင့် ထောင်ကျ ရက် တနှစ် နှင့် ပြီးခဲ့သည့် မတ်လအတွင်းက ပြန်လည် လွတ်မြောက်လာသည်။

အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်နှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်နေသည့်အတွက် ပြည်သူ့အကျိုး အမှန် တကယ် ဖော်ဆောင်မည့်
အရပ်ဘက် လူ့ အဖွဲ့အစည်းများ ပေါ်ထွက်လာမည်ကို စိုးရိမ်သဖြင့် အစိုးရက ထိန်းချုပ်နိုင်မည့်သူများ ဦးဆောင်သည့် အသင်းအဖွဲ့များ၊ သမဂ္ဂများ
အမြန်ပေါ်ထွက်လာစေရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုသည့် အခန်း ပုဒ်မ ၃၅၄/ဂ တွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူ တို့၏ ကိုယ်ကျင့်တရား အကျိုးငှာ
ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ဖော်ပြပါရှိသည်။

လယ်သမား ကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့်လည်း အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တည်ထောင်ထားသည့် ဆန်စပါး အထူးပြု


ကုမ္ပဏီများက ဦးဆောင်ပြီး လယ်သမားသမဂ္ဂ သို့မဟုတ် အခြားနာမည်တခုဖြင့် ဖွဲ့စည်းသွားရန် ဆန်စပါး ကုမ္ပဏီများကို ညွှန်ကြားထားသည်ဟု ဧဒင် ဦးချစ်ခိုင်
တည်ထောင်ထားသည့် Gold Delta ဆန်စပါး အထူးပြု ကုမ္ပဏီမှ အမှုဆောင် လူကြီးတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းများတွင်လည်း စစ်အစိုးရကို လိုလားသည့် တက္ကသိုလ် ဆရာများဦးဆောင်ပြီး ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု


ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တဦးက ပြောသည်။

“အမျိုးသားညီလာခံထောက်ခံကြိုဆိုပွဲတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံ ပွဲတွေမှာ စင်ပေါ် တက်ပြီး လူရှေ့သူရှေ့ ဟော ပြောခဲ့တဲ့ ဆရာတွေက ဦးဆောင်ပြီး
ကျောင်းသားအဖွဲ့အစည်းတွေဖွဲ့ဖို့ လုပ်နေတာပါ။ အရင် ကထိကလောက်ပဲ ရှိတဲ့သူတွေက အဲဒီပွဲတွေမှာလည်း ပါပြီးရော ရာထူးတွေ ကျော်တက်ပြီး ပါချုပ်တွေ၊ ဒု
ပါချုပ်တွေ ဖြစ်ကုန်တယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး သိပ္ပံ ဘာသာရပ်လေ့လာနေသူ သတင်းစာဆရာ တဦးက“အာဏာရှင်ဆိုတာကတော့ အင်အားကောင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပေါ်လာမှာကို


အရမ်း ကြောက်တယ်။ နိုင်ငံတနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အထိုက်အလျှောက်
တွဲပါလာတာပဲ။ ဒါကြောင့် သူတို့က အဲဒါတွေ အဖြစ်ခံမှာမဟုတ်ဘူး”ဟု ဝေဖန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းကဲ့သို့သော နိုင်ငံရေးမဖက် လူမှုရေးသီးသန့်သာ လုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းမျိုး ရှိနေခြင်းကြောင့်


ပြည်သူလူထုကို များစွာအထောက်အကူပြုနိုင်သည့်အပြင် အစိုးရ၏ အားနည်းချက်၊ လိုအပ်ချက်များနှင့် တာဝန်မဲ့ မှုတို့ကို မီးမောင်းထိုးပြသကဲ့သို့
ဖြစ်နေသည်ဟုလည်း ၎င်းက ထောက်ပြသည်။
လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမားများအရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသူ ပဲခူးမြို့မှ ရှေ့နေကြီး ဦးအေးမြင့်က လည်း“တန်ဖိုးရှိတဲ့၊
တိုင်းပြည်ကလေးစားတဲ့လူမျိုးရဲ့ စကားကိုတော့ လူထုက ယုံမယ် ၊ နအဖ အစိုးရကို ထောက်ခံတဲ့လူမျိုး အစိုးရနဲ့ပေါင်း ချမ်းသာလာတဲ့ လူမျိုးတွေရဲ့စကားကို
လုံးဝတန်ဖိုးထားမှာ မဟုတ်ဘူး ၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့မယ် ၊ ကျောင်းသား သမဂ္ဂတွေ ပြန်ဖွဲ့ခွင့်ပေးမယ်ဆိုရင်
အစောကြီးကတည်းက လုပ်ပါလား"ဟု ပြောဆိုသည်။

ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်

မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ’ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ’ စာသားပါသည့် စာရွက်များကို စာတိုက်မှတဆင့် လုပ်ငန်းရှင်များ၊ ရုံးဌာနများသို့ ရန်ကုန်ရှိ
မြေအောက်လှုပ်ရှားနေသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူကျောင်းသားလူငယ်များအဖွဲ့က ပို့ခဲ့ကြောင်း သိရသည်။
ဖုန်းစာအုပ်များရှိ လုပ်ငန်းရှင်များနှင့် အစိုးရရုံး လိပ်စာများကို ကူးယူကာ စာအိတ် ၁,၀၀၀ ကျော်ဖြင့် အရင်အပတ်ကတည်းက ပို့ခဲ့ကြောင်း အဖွဲ့ တာဝန်ရှိသူများက
ဆိုသည်။

“ရွှေဝါရောင် လှုပ်ရှားမှုနဲ့ တိုက်ဆိုင်နေတဲ့အတွက် ကြံ့ဖွံ့ကို မဲပေးရင် သံဃာတွေကို သတ်အုံးမှာပဲ၊ ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ၊ ၂၀၁၀
ရွေးကောက်ပွဲမှာ မဲထည့်ရင် ကျောင်းသားတွေ ထောင်ထဲထည့်အုံးမှာပဲဆိုတဲ့ စာတမ်းပါတဲ့ ပို့စကတ်တွေကို စာအိတ်ထဲ ထည့်ပြီး ပို့တာပါ” ဟု လှုပ်ရှားမှုတွင်
ပါဝင်သည့် ကျောင်းသား တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေလိုက နေပိုင်ခွင့်ရှိသည်ဆိုသည့် ပြောဆိုချက်စာသားလည်း ပါရှိပြီး တိုင်းနှင့် ပြည်နယ်ရှိ


လုပ်ငန်းရှင်များနှင့် အစိုးရရုံးဌာနများသို့ ပေးပို့ခဲ့သည်။

“၂၀၁၀မှာ ပြည်သူတွေအနေနဲ့ မဲမထည့်ဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ဟာကို သိစေချင်တယ်။ အစိုးရရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို အသုံးချပြီးတော့
လူမနာအောင် လုပ်တဲ့လုပ်နည်း ဖြစ်တယ်။ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အောက်ခြေ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ လက်ထဲရောက်အောင်
ရည်ရွယ်ပြီးလုပ်တဲ့ သဘောပါ။ တခြား ပြည်တွင်းမှာ ရှိတဲ့ ရဲဘော်တွေအနေနဲ့ လူမနာတဲ့ နည်းတွေကို သုံးပြီး လုပ်ကြဖို့ဆိုတာလည်း ပြောချင်တာပါ” ဟု
လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ပြောဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် မှာကြားခဲ့သည့် “နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်။
နိုင်ငံသားတိုင်းသည် မိမိ၏ ဆန္ဒအရ မဲမပေးဘဲ နေထိုင်ခွင့် ရှိသည်။ အတင်းအကျပ် မဲထည့်ခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်’’ ဟူသော
ပြောဆိုချက်ကို ၄ လက်မပတ်လည် စာရွက်များတွင် ရေးကာ အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ဖော်ပြထားသည့် စာရွက်များကို ၎င်းအဖွဲ့ကပင်
ရန်ကုန်တိုင်း ၁၁ မြို့နယ်တွင် ယခုလ ၁၂ ရက်က ဖြန့်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို လက်ဝယ်တွေ့ရှိမှုဖြင့် ရွှေပြည်သာက ကိုခိုင်ဇော် နှင့် မောင်အောင်သိန်းဇော်ကို ယနေ့ နေ့လည်ပိုင်းက
ရပ်ကွပ်လူကြီးနှင့် ရဲအရာရှိများက ဖမ်းဆီးသွားကြာင်း သိရသော်လည်း အသေးစိတ် အခြေအနေအနေနှင့် ဘယ်နေရာတွင်ထားမှန်း မသိရသေးကြောင်း
မြို့ခံများက ပြောဆိုကြသည်။

အလားတူ ယခုလ ၁၅ ရက် ညပိုင်းတွင် မြောက်ဥက္ကလာပမှ ကျောင်းသား ၅ ဦး အဖမ်းခံရကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေ မသိရသေးဟု
ဆိုသည်။

မိမိဆန္ဒအရ မဲမပေးဘဲ နေခွင့်ရှိသည် စာသားများနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို မြောက်ဥက္ကလာ ရွှေပေါက်ကံ ၁၈ ရက်ကွက်
ဗိုလ်တေဇလမ်း၌ ဖြန့်ဝေခဲ့သေးသည်။ ယင်းကိစ္စနှင့် ဆက်စပ်ကာ ဖမ်းဆီးဖွယ်ရှိကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။

ကျောင်းသားလူငယ်များအဖွဲ့ကို ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများနှင့် တက်ကြွသောလူငယ်များ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။

လူချစ်လူခင်များသော နိုင်ငံရေးသမား သတင်းစာဆရာ သခင်အုန်းမြင့်

ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်

ချင်းမိုင(် မဇ္စျိမ) ။ ။ အနှစ် ၈ဝ ခန့် နောက်ကွယ်မှ နိုင်ငံရေးလှုပ်ရှားခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း-


ဒေါ်ခင်ကြည်မှ ဒေါ်အောင်ဆန်းစုကြည်ထိ အောင်ဆန်းမိသားစု၏ လူယုံ၊ လွတ်လပ်ရေး တိုက်ပွဲဝင်
လက်ဝဲနိုင်ငံရေးသမား သခင်အုန်းမြင့် ( ၉၃ နှစ)် ယနေ့ နံနက် ၄ နာရီခွဲက ရန်ကင်း ဆူနီယံပတ်
နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

လူငယ်တယောက်လို အစဉ်သွက်လက် ပေါ့ပါးနေသော သခင်အုန်းမြင့်သည် နိုင်ငံရေး


တက်ကြွလှုပ်ရှားသူများကို ကွယ်လွန်ခါနီးထိ အမြဲတွေ့ဆုံကူညီနေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူမှုအထောက်အကူပြု အဖွဲ့ ဒုဥက္ကဋ္ဌအဖြစ်လည်း ကာလရှည်ကြာ ဆောင်ရွက်ပေးခဲ့သည်။

“ အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ကောင်းစေချင်လို့


တသက်လုံး နိုင်ငံရေး လုပ်ငန်းတွေဘဲ လုပ်ခဲ့တာဘဲ။ အဖေ တသက်လုံး လူမှုရေး တွေလည်း လုပ်ခဲ့တယ်။
နိုင်ငံရေးမှာရော၊ မိသားစုအတွက်ရော သူ တာဝန်ကျေပါတယ်”ဟု သားဖြစ်သူ ဦးဌေးအောင်က
အမှတ်တရ ပြောသည်။

ဦးအုန်းမြင့်ကို ပဲခူးတိုင်း လက်ပံတန်းမြို့ တွင် ၁၉၁၈ ဧပြီ ၂၁ ရက်၌ တရုတ်ကပြားမိသားစုမှ မွေးဖွားပြီး


၁၅ နှစ်သား ကျောင်းသားဘဝတွင် တို့ဗမာအစည်းအရုံးဝင်အဖြစ် နိုင်ငံရေးနယ်တွင် ခြေချခဲ့သည်။

၂သသသသသသသသသသသသသသ ၂ြ၂
ြ
၂၂

ကြီးပွားရေး မဂ္ဂဇင်း၊ တိုးတက်ရေးသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်ပါဝင်ခဲ့ရုံမက ဆရာရင်းဦးချစ်မောင်နှင့်အတူ ဂျာနယ်ကျော်ကို ထုတ်ဝေပြီး
ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်ြပီးခေတ် ရန်ကျော်ဂျာနယ်၊ ကျော်လင်းစာပေများကို ဦးစီးပြီး လက်ဝဲစာပေ ဘာသာပြန်များထုတ်ဝေခဲ့ရုံသာမက သိန်းဖေမြင့်၏
နာမည်ကျော် “အရှေ့ ကနေဝန်းထွက်သည့်ပမာ” ဝတ္ထုကြီးကိုလည်း ၁၉၅၈ က ထုတ်ဝေပေးခဲ့သည်။

၁၉၅၈-၆ဝ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းအစိုးရခေတ်တွင် အခြားမြေပေါ်လက်ဝဲနိုင်ငံရေးသမားများနည်းတူ ဦးအုန်းမြင့်လည်း ပုဒ်မ ၅ ညဖြင့်


ကိုကိုးကျွန်းအပို့ခံခဲ့ရသည်။

အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပွဲဦးထွက်ကာလတွင် အထူးအားပေးစောင့်ရှောက်ခဲ့၍ နဝတအာဏာသိမ်းအပြီး ၁၉၈၉ ဇူလိုင်တွင်


ဦးအုန်းမြင့်အဖမ်းခံရကာ ၃ နှစ်ခွဲ ထောင်ထဲနေခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ ကျဆုံးသည့်အထိ သူ့တပည့်ရင်း ဦးအုန်းမြင့်က “သူ့အကြောင်း ကျနော် မှတ်မိသိရှိသမျှ” ဆောင်းပါးများ


ရေးသားခဲ့သည်။ ဘီဘီစီရုပ်မြင်သံကြားမှ တင်ဆက်သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုအကြောင်း Who Killed Aung San? မော်ကွန်းတင် ရုပ်သံ
ဇာတ်လမ်းတွဲတွင်လည်း ဦးအုန်းမြင့်နှင့် တွေ့ဆုံခန်းကို ကြည့်ရှုနိုင်သည်။ လူငယ်များကို နိုင်ငံရေး သမိုင်းဆက် မပြတ်စေလို၍ အစဉ်ပြောဆိုရေးသားနေခဲ့သည်။

“ထောင်အရသာ” စာအုပ်ကို သခင်သန်းထွန်း၊ သခင်တင်မြ၊ သခင်မျိုးညွန့်၊ သခင်အေးကြူတို့နှင့် အတူ စုပေါင်း ရေးသားခဲ့သေးသည်။

“ ထောင်က ပြန်လာတဲ့လူတွေက ထောင်ကိုမကြောက်ကြနဲ့၊ ထောင်ဆိုတာ ဘာမှ ကြောက်စရာမဟုတ်ဘူး၊ ထောင်ထဲမှာ ဒို့ဘယ်လိုကြွေးကြော်တယ်၊


နယ်ချဲ့အာဏာရှင်တွေကို တော်လှန်ခဲ့တယ်ဆိုတာတွေ အဓိက ရေးထားတယ်။ ကျနော်ထောင်က ထွက်လာတဲ့အခါမှာ အဲဒီစာအုပ်ကို အမြဲတမ်း
သတိရနေတယ်”ဟု NLD ဗဟိုအလုပ်မှုဆောင် နှစ် ၂ဝ နီးပါး အကျဉ်းကျခံခဲ့ရသော ဦးဝင်းတင်က ပြောသည်။

“နိုင်ငံရေးလုပ်ငန်းတွေမှာ နောက်ကနေ အမြဲတမ်း စိတ်အား ထက်သန် လှုပ်ရှားနေတဲ့သူဘဲ၊ နိုင်ငံရေးသမား အမည်မခံဘူး။ ဒါပေမဲ့ နိုင်ငံရေးအခြေခံတဲ့ လူမှုရေး
လုပ်ငန်းတွေကို သေတဲ့အထိ လုပ်သွားတယ်။ အဲဒါ စံနမူနာ ယူရမယ်” ဟု ဦးဝင်းတင်က ထပ်ပြောသည်။

ထောင်မကြောက်သည့် ဦးအုန်းမြင့်ကို အသက် ၈ဝ အရွယ်တွင် စစ်အစိုးရက ထောင် ၇ နှစ် ချ၍ ၃ နှစ်ခွဲ နေခဲ့ရသေးသည်။ မြန်မာနိုင်ငံ
ကျောင်းသားလှုပ်ရှားမှုသမိုင်းပြုစုသူ ကိုအောင်ထွန်းကို ကူညီမှုဖြင့် ဒေါက်တာမောင်မောင်ကျော် စသည့် ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့်အတူ
ထောင်ချခံရသည်။

ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦးကျန်ရစ်ခဲ့ပြီး လာမည့် တနင်္ဂနွေ ညနေ ၄ နာရီတွင် ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

မကွေးသတင်းထောက် ပြန်လွတ်ပြီ

ခိုင်စု | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မကွေးမြို့ ရေကြီးသတင်း ဓာတ်ပုံရိုက်သော Weekly Eleven သတင်းထောက် ကိုအောင်သူငြိမ်းကို ရဲက နှစ်ရက်ကြာ
ထိန်းသိမ်းထားပြီးနောက် သောကြာနေ့ နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်။

ယခုလ ၁၅ ရက်နေ့ကတည်းက မကွေးမြို့ အမှတ် ၁ ရဲစခန်းရှိ မြို့နယ်မှူး ရုံးတွင် ထိန်းသိမ်းခံထားရသော သတင်းထောက်ကို ယနေ့ နံနက် ၁ဝ နာရီခန့်တွင်
ပြန်လွှတ်လိုက်ကြောင်း ဂျာနယ် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“ညှိနှိုင်း ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့


သတင်းထောက် ပြန်လွတ်လာပါပြီ။ ဘာခံဝန်လက်မှတ် မထိုးခဲ့ရပါဘူး” ဟု တာဝန်ခံ
အယ်ဒီတာ ကိုဝေဖြိုး၏ ပြောကြားချက် ဝက်ဆိုဒ်တွင် ပါရှိသည်။

ကိုအောင်သူငြိမ်းမှာ ယခုအခါ မကွေးမြို့၌ပင် ရှိနေပြီး၊ အခြေအနေ အသေးစိတ်ကို


မသိရသေးဘဲ သတင်းဖော်ပြထားသည့် အခြေအနေလောက်သာ သိရသေးကြောင်း
ကိုဝေဖြိုးက မဇ္ဈိမကို ပြောသည်။

မကွေးမြို့တွင် ၁၃ ရက် ညနေက မိုးကြီးရေလျှံရာ သတင်းထောက်သစ်က


ဓာတ်ပုံလိုက်ရိုက်စဉ် ရဲနှင့်တွေ့ပြီး ကင်မရာကို သိမ်းသွားပြီး နောက်နေ့တွင် မြို့နယ်မှူး
ရုံးသို့ လာရောက်ရန် ပြောခဲ့သည်။ ထို့နောက် နောက်နောင် မလုပ်တော့ပါဘူးဆိုသော
ခံဝန်ချက်မထိုး၍ ရဲက ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ဘန်ကီမွန်း ချဉ်းကပ်မှု ပျော့လွန်းဟု ဝေဖန်ခံရ

သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ပါတီ ဖျက်သိမ်းခံရသည်ကို `အနည်းငယ် စိုးရိမ်ပူပန်ကြောင်း´
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောဆိုသည်မှာ ခပ်ပျော့ပျော့ ချဉ်းကပ်မှုအဖြစ် နိုင်ငံရေးအကဲခတ်များက ရှုမြင်လိုက်ကြသည်။

’’ဘန်ကီမွန်းက အခုအတိုင်းသာ စစ်အစိုးရကို ခပ်ပျော့ပျော့ ချဉ်းကပ်နေရင် ဟိုကလည်း သူ့ကို အခုလိုပဲ ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့ (စစ်အစိုးရ) က နိုင်ငံတော်
အကြမ်းဖက်သမားတွေ’’ ဟု ၁၉၉ဝ ခုနှစ် ကရင်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ
ဦးခွန်မြင့်ထွန်းက ပြောသည်။

’’ဒီလိုဘဲ ခပ်ပျော့ပျော့ ကြေညာချက်တွေပဲ တခုပြီးတခု


ထုတ်နေပြီး သူအလုပ်လုပ်နေပါတယ်ဆိုတာ ပြနေတာ’’ ဟု အဆိုပါ
နိုင်ငံရေးအကျဉ်းသားဟောင်း အမတ်က ပြောသည်။ ဤသို့ဖြင့် ဘန်ကီမွန်းသည်
မြန်မာပြည်သူများကို မျက်နှာပျက်စေခဲ့ကြောင်း သူယုံကြည်သည်ဟု ဆိုသည်။

မြန်မာပြည် အပြည့်အဝ ဒီမိုကရေစီနိုင်ငံ ဖြစ်စေရေး လှုပ်ရှားမှုအတွင်း ရှိနေကြသည့်


ဘန်ကီမွန်းကို ဝေဖန်သူများထဲမှ အဆင့်မြင့် နာမည်ကြီးဝေဖန်သူတို့က
အတွင်းရေးမှူးချုပ်၏ လူထုဆက်ဆံရေးဌာနက ယခင်ကြေညာချက်များအတိုင်းသာ
ခပ်လွယ်လွယ်ပင် နည်းနည်းပါးပါး မွမ်းမံပြင်ဆင်၍ ထုတ်ပြန်နေခြင်း၊ ယခုကဲ့သို့
စိုးရိမ်ပူပန်နေကြောင်းများကို မြန်မာ စစ်အစိုးရ အုပ်ချုပ်သူများ သိရှိအောင်
အမှန်တကယ် ကြိုးပမ်းမှုများ မပြုလုပ်ခဲ့ခြင်းတို့အတွက် စိုးရိမ်ပူပန်မိကြောင်း
ထုတ်ဖော်ပြောဆိုကြသည်။

အန်အယ်ဒီ ဖျက်သိမ်းခံရသည့်အပေါ် မစ္စတာဘန်၏ ရပ်တည်ချက်နှင့် သူ၏


မြန်မာပြည်ဆိုင်ရာ ယာယီသံတမန်နှင့် ရုံးအရာရှိချုပ် ဗီဂျေးနမ်ဘီယား (Vijay Nambiar)
သသသသသသသသသ
သသသသသသသသသသသသသသသသသသသသသသသသသသ
သသသသသသသသသ သသသသသသသသသသသသသသသသသသ
သသသသသသသသသသသသသ
သသသသသ
ဘာလုပ်နေသည်ကို Inner City Press ၏ ကုလဆိုင်ရာ သတင်းထောက်
` ´ ၂၂ ( -
မက်သယူးရပ်ဆဲလ် (Matthew Russell) က ကုလဌာနချုပ် သတင်းစာရှင်းလင်းပွဲ၌
အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နီဆားကီး (Martin Nesirky) ကို
မေးမြန်းခဲ့အပြီး နာရီပေါင်းအတော်ကြာမှ စိုးရိမ်ကြောင်း ကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

မစ္စတာဘန်၏ ရုံးမှ ယမန်နေ့ထုတ် ကြေညာချက်တွင် စစ်အစိုးရကို နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများ၌ `အပြည့်အဝ အားလုံး ပါဝင်ခွင့်ရှိစေရေး´
အတွက် ထပ်မံတောင်းဆိုထားသည်။

ဘန်ကီမွန်းက `အားလုံးပါဝင်ရေး´ ပြောနေသည်မှာ အလွန်ရယ်ဖွယ်ကောင်းကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေများအရ၎င်း၊ လက်တွေ့အခြေအနေများအရ၎င်း၊


ယင်းသည် မဖြစ်နိုင်ကြောင်းမှာ အလွန်ထင်ရှားနေပြီဟု ဘားမား ကင်ပိန်း ယူကေမှ ဒါရိုက်တာ Mark Farmaner က မဇ္ဈိမကို ပြောသည်။

’’ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတတယ်ပဲ ဆိုဦးတော့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်မှာ အာဏာရှင်စနစ်ကို ထိန်းသိမ်းသွားဖို့ ရည်ရွယ်ရေးဆွဲထားတာကြောင့်


ဘယ်လိုမှ အကြောင်းထူးမှာမဟုတ´် ဟု Farmaner က မြန်မာနိုင်ငံ၏ ဝေဖန်ခံနေရသော ဖွဲ့စည်းပုံသစ်ကို ရည်ညွှန်းပြောဆိုသွားသည်။ အဆိုပါ ဖွဲ့စည်းပုံသစ်အရ
လွှတ်တော်သုံးရပ်စလုံးတွင် စစ်တပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ခန့်ထားရမည်ဖြစ်ပြီး၊ ဝန်ကြီးအဖွဲ့တွင်လည်း စစ်တပ်ကိုယ်စားလှယ်များ
ထည့်သွင်းဖွဲ့စည်းပေးရမည်။

ပအိုဝ့်လူနည်းစု တိုင်းရင်းသားအမတ် ဦးခွန်မြင့်ထွန်းကလည်း ကုလအထွေထွေ ညီလာခံအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော


အတိုက်အခံများ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပါရန် မကြာခဏ မရှင်းမလင်း ကြေညာချက်များ အကြိမ်ကြိမ်
ထုတ်နေသည့်အပေါ် လွန်စွာ စိတ်ပျက်မိသည်ဟု ဆိုသည်။ `ဘန်ကီမွန်းက သူလုပ်နေပါတယ်ပြောရင်တောင် အဲဒါက ဘာမှ မဟုတ်သေးဘူး´။

’’ကုလအပေါ်မှာ မျှော်လင့်ချက်က နှစ်ပေါင်းများစွာအတွင်း အတော်ကုန်သွားပြီ။ ဒါပေမဲ့ မျှော်လင့်ချက်တော့ နည်းနည်းထားသေးတယ်။ အရင်


အတွင်းရေးမှူးချုပ်တွေ တုန်းကတော့ သူတို့ရော၊ သူတို့ကိုယ်စားလှယ်တွေရော တိုးတက်မှုရအောင် တစုံတရာ ကြိုးပမ်းကြသေးတယ်။ ဘန်ကီမွန်းကတော့
ဒီလက်ကျန်မျှော်လင့်ချက် နည်းနည်းလေးကိုတောင် လုံးဝ ကုန်သွားအောင် လုပ်ပစ်လိုက်တယ်’’ ဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။

ဦးခွန်မြင့်ထွန်း၏ ကုလအပေါ် ယခုကဲ့သို့ ရှုမြင်ချက်အပေါ် Farmerner အပါအဝင် မြန်မာ့အကဲခတ် အများအပြားက သဘောတူကြသည်။

’’လွန်ခဲ့တဲ့ ၇ နှစ်လုံးလုံး ဗိုလ်ချုပ်ကြီးတွေရဲ့ လမ်းပြမြေပုံကို ပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂက လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလမ်းပြမြေပုံရဲ့ ခရီးဆုံးပန်းတိုင်က အမြဲတမ်း
တခုထဲပဲ ရှိတယ်။ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးဖို့ပဲ။ ကုလမှာ ရှိတာက လုံးဝချွတ်ယွင်းနေတဲ့၊ မအောင်မြင်တဲ့ မဟာဗျူဟာပဲ။ အခုထိလည်း ဒီအတိုင်း
အရူးအမူး စိတ်ကူးယဉ်နေတုန်းပဲ။ ရွေးကောက်ပွဲက တစုံတရာများ လွတ်လပ်မျှတမလားဆိုပြီး’’ ဟု Farmaner က ပြောသည်။

’’ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူးဆိုတာ ဘန်ကီမွန်း သိတယ်။ ဒါဆို ဘာလို့ သူက ဒီအကြောင်း ကြေညာချက်တွေ ထုတ်နေရသေးတာလဲ။
မြန်မာနိုင်ငံမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကြိုးပမ်းပါဆိုပြီး သူ့ကို ကုလအထွေထွေညီလာခံက အခွင့်အာဏာပေး လွှဲအပ်ထားတာ။ အခုလိုပဲ
ကြေညာချက်တွေ မပြီးနိုင်မစီးနိုင် ထုတ်နေတာဟာ တာဝန်မဲ့ရာကျတယ်’’ ဟု သူက ဆက်ပြောသည်။

ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းဖြေဆိုခဲ့သည်များကို ရိုက်နှိပ်ဖြန့်ဝေသော တရားဝင် ထုတ်ပြန်ချက်တွင် သတင်းထောက် မက်သယူးရပ်ဆဲလ်က


လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန်အကြောင်း အသေးစိတ် မေးခွန်းများစွာ မေးခဲ့သည်။ မစ္စတာဘန်၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံတမန် နန်ဘီးယား
အမှန်တကယ် အလုပ်လုပ်နေရဲ့လားဆိုသော မေးခွန်းမျိုး မြောက်မြားစွာကို သတင်းစာရှင်းလင်းပွဲ၌ ဖြေဆိုခြင်း မပြုခဲ့ပါ။

ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Nesirky က အဆိုပါသံတမန်အကြောင်း မေးခွန်းအမြောက်အမြားကို မဖြေဘဲ ရှောင်လွှဲသွားခဲ့သည်ကို ကုလဝဘ်ဆိုဒ်ရှိ အဆိုပါ


သတင်းစာရှင်းလင်းပွဲ မေးမြန်းဖြေဆိုချက်များ မှတ်တမ်းအပြည့်အစုံတွင် ဤသို့ တွေ့ရသည်။

Inner City Press: မစ္စတာ (ဗီဂျေး) နန်ဗီးယားရဲ့ ကုလလုပ်ကိုင်ခွင့်အတွင်း ပါဝင် ဆောင်ရွက်နေတာ ဘာတွေရှိပါသလဲ။ လာမယ့် အထွေထွေညီလာခံ
အခြေအတင်ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အစည်းအဝေးကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမယ်လို့
အတွင်းရေးမှူးချုပ်က မျှော်မှန်းထားပါသလဲ။
ပြောခွင့်ရပုဂ္ဂိုလ်။ မစ္စတာနမ်ဘီးယားရဲ့ လုပ်ကိုင်ခွင့်အာဏာတွေကို ခင်ဗျား အပြည့်အဝ အကျွမ်းတဝင်ရှိပြီး ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
မြန်မာမိတ်ဆွေများ ဆွေးနွေးပွဲက ဝန်ကြီးများအဆင့် ပြုလုပ်မှာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်လောက်မှာ လုပ်ဖြစ်လိမ့်မယ်။ သတင်းထုတ်ပြန်ရေး အပါအဝင်
အသေးစိတ်ကတော့ စီစဉ်ဆောင်ရွက်နေတုန်းပါ။ အစည်းအဝေးပြီးတဲ့အခါ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

Inter City Press: မစ္စတာနမ်ဘီးယားနဲ့ ပတ်သက်လို့ သူ့ရုံးက ဘာတွေလုပ်နေတယ်ဆိုတာ ကျနော် တကယ့်ကို သေချာမသိပါဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့
အစိုးရက လုပ်နေပြီဆိုတာ သူတို့ ကြိုတင်သိခဲ့ပါသလား။ ဒါမျိုးလေးတွေကို ကျနော် သိချင်ပါတယ်။ ဒီလို စိုးရိမ်ပူပန်တဲ့ အကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော သူတို့ ဆက်သွယ်ပြောခဲ့လား။ ဒါမှမဟုတ် ကြေညာပြီးတော့မှ နောက်ကလိုက် ပြောတာလောက်ပဲလား။ ကျနော်
စော်ကားတဲ့အနေနဲ့ မေးတာ မဟုတ်ဘူး။ တကယ့်ကို သိချင်လို့ မေးတာပါ။ မြန်မာအစိုးအဖွဲ့က အခုလို ဆုံးဖြတ်ချက်မချခင် ဒီရုံးက ကြိုတင်ဟန့်တားဖို့
ကြိုးစားခဲ့သေးလား။ ဒါမှမဟုတ် သူတို့လည်း သူများတွေလိုပဲ ကြားလိုက်မှ မှင်တက်မိသွားတာလား။

ပြောခွင့်ရပုဂ္ဂိုလ်။ ဟုတ်ကဲ့။ ဒီမှာပြောစရာက အတော်လေး ရှိပါတယ်။ ဒီအကြောင်း နေ့စဉ် အချိန်ပြည့် လေ့လာစောင့်ကြည့်နေတဲ့ သူတွေက မစ္စတာနန်ဗီးယားကို
ကူညီဆောင်ရွက်ပေးနေပါတယ်။ သူ့မှာ အကူအညီ၊ အထောက်အပံ့တွေ ရှိပါတယ်။ ဒီတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့ သေချာ ရှင်းရှင်းလင်းလင်း
သိပါတယ်။ သံတမန်ရေးအရ ဘာတွေဆက်လုပ်မယ် ဆိုတာကတော့ ကျနော်က ဖြေဆိုနိုင်စွမ်းရှိသူ မဟုတ်ပါဘူး။ ကုလအတွင်းရေးမှူးချုပ် ပြောခဲ့တာကိုပဲ
ထပ်လောင်းပြောချင်ပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ဒီအကြောင်းတွေ ဆွေးနွေးခွင့်ရရေး ကိစ္စတွေအတွက် သူအတော်မချင့်မရဲ ဖြစ်ခဲ့တယ်လို့ သူက
ပြောခဲ့ပါတယ်။ ဒီလိုဆို ခင်ဗျားရဲ့ မေးခွန်းကို ကျနော် ဖြေပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ရွှေဝါရောင်တမ်းချင်း

နှင်းပန်းအိမ် | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၄ မိနစ်

ရင်နဲ့အမျှ ကြေကွဲစရာ ကောင်းလှတဲ့ နေ့စွဲတွေနဲ့ တထိတ်ထိတ် ရုန်းကန်ခဲ့ရတဲ့ ကျမတို့ မြန်မာပြည်မှာ သွေးစွန်းတဲ့ အထိမ်းအမှတ်နေ့တွေက အများကြီးပါပဲ။
ဒီလိုနေ့ရက်တွေထဲက စက်တင်ဘာသံဃာ့ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရတာ ခုဆို ၃နှစ် ပြည့်မြောက်ပါပြီ။

၂ဝဝ၇ စက်တင်ဘာ ၅ရက်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုအတွက် စစ်အာဏာရှင်ဆီမှာ တရားမျှတမှုကို တောင်းဆိုခဲ့တယ်။ တောင်းဆိုတာတောင်
မေတ္တာပို့ပြီး တောင်းဆိုခဲ့တာပါ။ မြန်မ်ာပြည်သူလူထုတွေ စားဝတ်နေရေး သိပ်ခက်ခဲနေတဲ့ကြားက လောင်စာဆီ ဈေးနှုန်းက တရှိန်ထိုး မြှင့်တက်သွားလို့
၈၈မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေပါ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

သသသသသသသသသ သ သ သ
ဒီလမ်းလျှောက်ဆန္ဒပြပွဲ အနှိမ်နင်းခံရပြီး မကြာခင်မှာ ပခုက္ကူ သံဃာတော်တွေက ပြည်သူလူထုကိုယ်စား မေတ္တာပို့ ဆုတောင်းခဲ့ကြတယ်။
စစ်အာဏာရှင် ပြန်ပေးလိုက်တာကတော့ ရက်စက်မှုတွေပါပဲ။ မေတ္တာပို့တဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့ပါတယ်။
သသသသသသသသ သ သ သ သ
သသသသသသသသသသသ
ဒီအဖြစ်အပျက် ဒီအကြောင်းအရာတွေက မြင်ရသူ၊ ကြားရသူ အပေါင်းကို ရင်နင့်စေပါတယ်။

သံဃာတော်တွေက စစ်အာဏာရှင်တွေကို ဝန်ချ တောင်းပန်ဖို့ ပြောခဲ့ပေမယ့် စစ်အာဏာရှင်က တရားမဲ့မှုနဲ့ တင်းခံခဲ့တယ်။ တိုင်းပြည်


မငြိမ်သက်အောင် ဘယ်သူကလုပ်တယ်၊ ဘယ်ဝါက လုပ်တယ်လို့ စစ်အာဏာရှင်က တရားခံ ရှာတတ်ပါတယ်။ တကယ်တော့ လူထုအုံကြွမှု၊ အရေးအခင်းကို
ဖိနှိပ်သူ စစ်အာဏာရှင်က ပြဋ္ဌာန်းတာပါ။ အဖိနှိပ်ခံ ပြည်သူလူထုက ပြဋ္ဌာန်းတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ရဲ့ အဓမ္မကို ပြည်သူလူထုက ဓမ္မနဲ့ ခုခံရခြင်း
ဖြစ်ပါတယ်။

ဒီ့နောက်တော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းကြတယ်။ မိုးရေတွေကြားမှာ တနေကုန် လမ်းလျှောက် မေတ္တာပို့ ဆုတောင်းတဲ့
ရဟန်းသံဃာတွေရဲ့ အသံလှိုင်းကြီးက အတော့်ကို ပြင်းထန်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
လုံခြုံရေးစစ်တပ် အတားအဆီးတွေ ကြားကနေ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံရှေ့မှာ စောင့်ကြိုပြီး မေတ္တာပို့ လမ်းလျှောက်လာတဲ့ သံဃာတော်တွေကို
လက်အုပ်ချီ ကြည်ညိုခဲ့ပါတယ်။

လမ်းလျှောက် မေတ္တာပို့တဲ့ ရဟန်းသံဃာတော်တွေကို ဆေးဝါး၊ ရေသန့်၊ အချိုရေ၊ မျက်နှာသုတ်ပုဝါ ကပ်နိုင်ဖို့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ၊ ကိုကျော်သူ၊
မရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်နဲ့ အလှုရှင်တွေ စုပေါင်း ကြိုးစားခဲ့ကြတယ်။ ရွှေတိဂုံ ခြေတော်ရင်းက ကြေးသွန်းဘုရားမှာ သံဃာတော်တွေကို
ဆွမ်းကပ်တဲ့အခါ ရုပ်ရှင်၊ စာပေ၊ ဂီတအနုပညာရှင်တွေ အင်နဲ့အားနဲ့ ပါဝင်ခဲ့တယ်။ အားပေးထောက်ခံတဲ့ ပြည်သူလူထုတွေ ရဟန်းသံဃာတွေနဲ့ လက်တွဲခဲ့တယ်။
ရန်ကုန်တမြို့လုံး အဝါရောင် သင်္ကန်းတွေက လှိုင်းတွေလို တလိပ်လိပ်နဲ့ စစ်အာဏာရှင် တံတိုင်းကို ရိုက်ပုတ်ခဲ့တာ။

“ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ” ဆိုတဲ့ ရဟန်းသံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်းသံက မြန်မာပြည် ပြည်သူလူထုကို ငြိမ်းချမ်းစေသလောက်


စစ်အာဏာရှင်ကို ပူလောင်စေခဲ့ပါတယ်။ မနက်ဆွမ်းခံကြွချိန်ဆို ဆွမ်းလောင်းတဲ့ ဒကာဒကာမတွေက သံဃာတွေကို ဆွမ်း၊ ဆွမ်းဟင်း ခါတိုင်းရက်ထက်
ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြီး ပြည့်စုံအောင် လောင်းလှူကြတယ်။ လမ်းလျှောက် မေတ္တာပို့နိုင်ဖို့ လမ်းစရိတ်အတွက် တတ်နိုင်သလောက် ကူပံ့ကြတယ်။ ဆရာနဲ့
ဒကာ လက်တွဲညီခဲ့ကြတယ်။ ဆွမ်းဘုဉ်းပေးပြီးချိန်ဆို ရန်ကုန်မြို့ အနှံ့က ရဟန်းသံဃာတွေ လိုင်းကားတွေမှာ ပြည့်သိပ်လို့။ ဆူးလေစေတီ၊ ရွှေတိဂုံစေတီ၊
ကမ္ဘာအေးစေတီဆီ ဦးတည် သွားနေကြတယ်။ ဒီမြင်ကွင်းက မြင်ရသူအပေါင်းကို ကြက်သီးဖြန်းဖြန်း ထစေပါတယ်။

တနေ့တခြား များပြားလာတဲ့ ရဟန်းသံဃာနဲ့ ပြည်သူလူထုကို စစ်အာဏာရှင်က လက်နက်နဲ့ ဖြိုခွင်းခဲ့ ပါတယ်။ ရဟန်းသံဃာတွေရဲ့ သင်္ကန်းတွေ
သွေးစွန်းခဲ့ရတယ်။ ပြည်သူလူထုတွေရဲ့ သွေး မြေကျခဲ့ရတယ်။ ရဟန်းသံဃာနဲ့ ပြည်သူလူထုက တနိုင်ငံလုံး သိအောင်၊ တကမ္ဘာလုံး သိအောင်
သသ သသသသသသသသသသသ သ
ငြိမ်းချမ်းရေး သံလွင်ခက်ကို ဝှေ့ရမ်းပြနေချိန်မှာ စစ်အာဏာရှင်က ရက်စက်မှုတွေကို ချပြလိုက်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည်
ပြည်သူလူထုတွေ တိုင်းပြည် မငြိမ်သက်မှုကို ခံစားလာရတာ အခုအချိန်အထိ မပြီးဆုံးနိုင်သေးပါဘူး။ သေနတ်သံ၊ ပြေးလွှားသံ၊ ငိုရှိုက်သံ၊
ညည်းညူသံ၊ သွေးကွက်၊ ကျည်ဆံခွံ၊ ပိုင်ရှင်မဲ့ဖိနပ်တွေက အရေးတော်ပုံတွေရဲ့ မြင်ကွင်း၊ အသံတွေ ဖြစ်ပါတယ်။ သသ သသသသသသသသသ သသသသ

မေတ္တာပို့ ဆုတောင်းသံတွေကို သေနတ်သံတွေနဲ့ ကြေပြုန်းအောင် စစ်အာဏာရှင်က ပြုလုပ်ခဲ့ပါတယ်။ သာသနာ့ နယ်မြေကို ရှေ့တန်း စစ်မြေပြင်လို
စစ်အာဏာရှင်က သဘောထားခဲ့တယ်။ ဘုရား ဆင်းတုတော်တွေကို ရိုက်ချိုး ဖျက်ဆီး၊ ပြည်သူလူထု လှုထားတဲ့ လှုဖွယ်ပစ္စည်းတွေကို မတရား သိမ်းပိုက်၊
ရဟန်းသံဃာတွေကို ရိုက်နှက် နှိပ်စက်တဲ့ စစ်အာဏာရှင်ကို ပြည်သူလူထုက အသက်ပေးပြီး ကာကွယ်ခဲ့တာ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်း
အဖြစ်အပျက်က သက်သေခံခဲ့ပါတယ်။

တောင်ဥက္ကလာ ကျောင်းတွေဆင်းတဲ့ ညနေခင်းမှာ လွယ်အိတ် စလွယ်သိုင်းပြီး သာသနာ့အလံကို လွှင့်ထူ မေတ္တာပို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသား
ကျောင်းသူလေးတွေကို စစ်အာဏာရှင်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သေနတ် ဒဏ်ရာတွေက နားထင်၊ ရင်အုံတည့်တည့် သေလောက်တဲ့ နေရာကို စနစ်တကျ
ရွေးပစ်ခဲ့တာပါ။
သေဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူလေးတွေရဲ့ အလောင်းကို သယ်ပိုးပြီး ဘယ်သူ့ သားသမီးလဲလို့ မေးကြမြန်းကြ၊ ပြေးကြလွှားကြတဲ့
အသံတွေ ကမ္ဘာပျက်မတတ်ပါ။ လမ်းဘေးမြောင်း ဘောင်ပေါ်မှာ အင်္ဂျီာအနီ ဝတ်ထားတဲ့ လူငယ်လေးရဲ့ အလောင်းကို ရပ်ကွက်ထဲအထိ မသယ်ပိုးနိုင်လို့
ပျက်စီးနေတဲ့ တံခါးဘောင်ပေါ်မှာ တင်ထားခဲ့ရတယ်။ လူငယ်လေးရဲ့ အိမ်အပြန်ကို မျှော်နေမယ့် မိဘဆွေမျိုးတွေရဲ့ သောကအပူကို ထပ်တူထပ်မျှ ခံစားခဲ့ရပါတယ်။

ညအချိန်မှာ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ဝင်စီးခဲ့ပါတယ်။ စစ်တပ်က ရက်စက်စွာ နှိပ်စက်လို့ ဒကာဒကာမတွေကို
အကူအညီတောင်းတဲ့ တုံးခေါက်သံကို နားထောင်ပြီး ပြည်သူလူထုတွေ နာကျင်ကြေကွဲခဲ့ရတယ်။

တုံးမောင်းသံက မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုမှာ မင်္ဂလာရှိတဲ့ အသံပါ။ စစ်အာဏာရှင်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အကျည်းတန်ခဲ့ရတယ်။ ဘုရားရင်ပြင်၊
ဘုန်းကြီးကျောင်း သာသနာ့နယ်မြေ အားလုံး စစ်တပ်က ကတုတ်ကျင်းလုပ်ထားတယ်။ (အင်္ဂလိပ်ခေတ်က ရွှေတိဂုံအနောက်မုခ်မှာ ခံတပ်နဲ့ သင်္ချိုင်း
ဆောက်ထားတာကို ဖယ်ရှားပေးဖို့ ဝိုင်းတောင်းဆိုလို့ ၁၉၃ဝလောက်မှ ဖယ်ပေးပါတယ်-အယ်ဒီတာ) ရဟန်းသံဃာတွေကို နေရပ် ပြန်ခိုင်းခဲ့တယ်။ ဖိအားပေး
ပြန်ပို့ခံရတဲ့ ရဟန်းတော်တွေ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်မှာ ပြည့်သိပ်လို့။ စစ်အာဏာရှင်ကြောင့် သာသနာ ညှိုးမှိန်ခဲ့ရပြီ။

ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉ဝပြည့် ရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာခဲ့တယ်။ စက်တင်ဘာ သံဃာ့ အရေးအခင်း
အပြီးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားခဲ့တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက
စစ်အာဏာရှင်ကို အကာအကွယ်ပေးတဲ့၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ဥပဒေ ဖြစ်ပါတယ်။

သသသသ သ သ သ သ သ
...
၂ဝ၁ဝ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးမယ့် အမတ်မင်းများက ပြည်သူလူထုအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရတာပါ။ ပြည်သူလူထုကို ကူညီမယ်၊
ပြည်သူလူထု အခက်အခဲတွေကို လွှတ်တော်မှာ ထုတ်ဖော် ပြောဆိုမယ်လို့ ဆိုပါသေးတယ်။ လွှတ်တော်မှာ ပြည်သူကိုယ်စား ဘာတွေပြောမယ် ဆိုတာကို
ပြည်သူလူထုက မသိချင်သေးပါဘူး။

ပခုက္ကူသံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့တာ သုံးနှစ်ပြည့်တဲ့ ၂ဝ၁ဝ စက်တင်ဘာ ၅ရက်က ပဲခူးက လူငယ်နှစ်ဦးကို စစ်တပ်က သေနတ်နဲ့
ပစ်သတ်သွားတဲ့ မတရားမှုကိုပဲ စစ်အာဏာရှင် သိအောင် ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုပြီး ပြည်သူလူထုကို အကာအကွယ် ပေးပါလို့ပဲ ပြောပရစေ။ မြန်မာပြည်ရဲ့
လက်ရှိ လူမှုဘဝကို မေ့ပျောက်ထားချင်တဲ့၊ လူထု အရေးတော်ပုံတွေကို ဖုံးကွယ်နေတဲ့ သူတွေကတော့ ပြည်သူလူထုရဲ့ ထွက်ပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲလို့
ဆိုကြပါတယ်။ တကယ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲက စစ်အာဏာရှင်ရဲ့ ထွက်ပေါက်ပါ။

မြန်မာနိုင်ငံမှာ သွေးစွန်းတဲ့နေ့တွေ ပျက်သုဉ်းစေဖို့ မြန်မာပြည် ပြည်သူလူထုကို ကူညီမယ့် ကူဖော်များ အဓွန့်ရှည်ပါစေ၊ လောင်ဖက်များ ကျဆုံးပါစေလို့
စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သုံးနှစ်မြောက်မှာ သစ္စာဆိုပါရစေ။

ရွှေဝါရောင်အလွန်မှာ (အပိုင်း - ၃)

မေရနံ့ | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၇ မိနစ်

ကျမတို့တွေကို အနားပေးတော့ မနက် (၄)နာရီခွဲပြီးလို့ (၅)နာရီတောင်ထိုးခါနီးနေပြီ။ မျက်လုံးတွေကို ကျင်နေတာပဲ။ တညလုံးတရေးမှ မအိပ်ရသေးလို့


ပင်ပန်းရတဲ့အထဲ သူတို့စစ်တဲ့ဟာတွေကို ဖြေရတာ၊ ဦးဇင်းတို့အတွက် စိတ်ပူရတာတွေနဲ့ ကျမတို့ ကိုယ်ရောစိတ်ပါဆင်းရဲခဲ့ရပါတယ်။ ဒါပေမယ့် တော်သေးတယ်၊
ကြားဘူးထားတဲ့ စစ်ကြောရေးတွေလောက် မကြမ်းလို့ပေါ့။

ရှေ့ဆက် ဘာဆက်ဖြစ်အုံးမယ်ဆိုတာ မသိနိုင်သေးတော့ ဘယ်လောက်ပဲ ပင်ပန်းနေနေ တစက်လေးမှ အနားမယူနိုင်ပဲ ဖြစ်နေခဲ့ရတယ်။

‘‘ သသသသသသသသ သ သ သ သ
ကျမတို့ကို အချုပ်ထဲတော့ မထည့်ပါဘူး။ အချုပ်ခန်းတွေနဲ့ သိပ်မဝေးတဲ့နေရာတွေမှာပဲ အိပ်ရာလေးတွေ ပြင်ပေးပြီး အိပ်ဖို့ပြောတယ်။ ကျမတို့
အိပ်ရာကနေ အချုပ်ခန်းထဲကို လှမ်းမြင်နေရပေမယ့် အချုပ်သား တယောက်မှ မရှိတာတွေ့ရတယ်။ ဧကန္တသူတို့ အချုပ်သားတွေကို
နေရာပြောင်းထားတာပဲဖြစ်မယ်။ ကျမတို့ ကိစ္စတွေကို လူသိ မခံချင်တာလည်း ပါမှာပေါ့လေ။

အိပ်ရာ ဆိုပေမယ့်လည်း ဟိုဘက်၊ ဒီဘက်ကောင်းကောင်း လှည့်မရတဲ့ ခုံလေးတွေပါ။ စာရေးစားပွဲ ၂လုံးလောက်ကို ဆက်ထားတာမျိုးပါပဲ။ သသသသသသသသသသ သ သ သ သ
ကျမမောင်လေးတွေကတော့ အစောင့်ရဲသားတွေနားက ခုံတန်းလျားလေးပေါ်မှာ ကျပ်ကျပ်တည်းတည်းအိပ်ရပါတယ်။

ကျမတို့ ဘေးပတ်ပတ်လည်မှာ အစောင့်တွေရှိတယ်လေ။ ကျမတို့အိမ်သာသွားရင်လည်း နောက်ကနေ ပါတာပဲ။ မိန်းမချင်းမို့ တော်သေးတယ်…။ ‘‘လိုက်ဖို့


မလိုဘူးရှင.့် . ကျမတယောက်တည်း သွားရဲပါတယ်’’လို့ပြောလိုက်တော့ ‘‘ဒီအချိန်မှာ ကျမတို့က အမြဲတမ်း စောင့်ကြည့်ပေးနေရမှာဖြစ်လို့ အိမ်သာ ဆိုပေမယ့်လည်း
တယောက်တည်း သွားခွင့် မရှိပါဘူး၊ တာဝန်အရပါ’’တဲ့။

ဒီလိုပဲ အမေမျက်နှာသစ်သွားတော့လည်း တယောက်က လိုက်သွားတာပဲ ဆိုတော့ ကျမအမြင်ကတ်လာတယ်။ နေရထိုင်ရတာလည်း မလွတ်မလပ်နဲ့


ကျဉ်းကျပ်တာပေါ့နော်။ ဒါနဲ့ ကျမတို့တွေ အိပ်ရာထဲပေပြီး လှဲနေလိုက်တယ်။ လူကအိပ်ချင်နေပေမယ့်လည်း စိတ်ထဲက အပူက အိပ်ခွင့်မပေးတော့
မှေးကနဲပျော်မယ်ကြံလိုက် ဆတ်ခနဲ လန့်နိုးလိုက်နဲ့ ဘယ်လိုမှ ကြာကြာအိပ်မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်လည်း သတိနဲ့
ပြန်ပြန်အားပေးနေမိတယ်။ ‘‘ဦးဇင်းတို့တောင် တောထဲတောင်ထဲမှာ ရှောင်တိမ်းပြီး ပင်ပင်ပန်းပန်း လှုပ်ရှားနေသေးတာ၊ ဘုန်းကြီးတွေ အပင်ပန်းခံပြီး နေပူကျဲကျဲ
မိုးရွာထဲမှာ မေတ္တာပို့ စီတန်းလှည့်လည်နိုင်သေးတာ၊ သူတို့လုပ်ငန်းစဉ်ကြီး အဆက်ပြတ် မသွားရအောင် ငါက ဒီလောက်တော့ ပါဝင်ပေးဆပ်နိုင်ရမပေါ့၊
တကယ်တမ်းပြောရရင် ငါတို့ကို စစ်တယ်ဆိုတာ ကြားဖူး၊ ဖတ်ဖူးထားတဲ့ စစ်ကြောရေးတွေထက်စာရင် ကလေးကစားစရာ အဆင့်လောက်ပါ။ ဒီလောက်တော့
ခံနိုင်ရည်ရှိရမပေါ့’’ဆိုတဲ့ အတွေးတွေနဲ့ အတတ်နိုင်ဆုံး စိတ်ကို အားဖြည့်နေမိတယ်။

မနက်လင်းခါနီး လဘက်ရည်ဆိုင်တွေ ဖွင့်ချိန်ကျတော့ အမေက မနက်စာစားဖို့ အစောင့်ရဲသားလေး တယောက်ကို ပိုက်ဆံပေးပြီး လဘက်ရည်နဲ့အီကြာကွေး


ဝယ်ခိုင်းလိုက်ရတယ်။ ရေသန့်ဗူးလေးတွေပါ ရအောင်ရှာဝယ်ခဲ့ဖို့ မှာလိုက်ရသေးတယ်။ တော်သေးတာပေါ့။ သူတို့ ဖမ်းမယ်လုပ်တုန်းက သေသေချာချာ
ပြင်ပြင်ဆင်ဆင် လုပ်ခဲ့လို့။ ကြောက်နေပြီး ဘာမှ မပြင်ဆင်မိလို့ ပိုက်ဆံသာ ပါမလာခဲ့ဘူးဆိုရင် ကျမတို့မှာ ရေတောင် သောက်စရာရှိမှာ မဟုတ်ဘူး။ ညကလည်း
တညလုံး သူတို့မေးတဲ့မေးခွန်းတွေသာ ဖြေပေးနေရတာ ရေလေးတခွက်တောင် မတိုက်ကြဘူး။ ကျမတို့ကလည်း သူတို့ဆီအောက်ကျခံပြီး တောင်းရမယ့်
အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူးလေ။ ဒါကြောင့် ရေဆာလို့ အာခေါင်တွေ ခြောက်နေပေမယ့်လည်း သည်းခံပြီးနေလိုက်တယ်။

မနက်၇.နာရီလောက်မှ ကျမတို့ မနက်စာစားဖို့ အဆင်ပြေတော့တယ်။ အမေကတော့ မျက်နှာသစ်ပြီး အဆင်သင့်ဖြစ်ပေမယ့် ကျမတို့ကတော့ နောက်က


တကောက်ကောက်လိုက်နေတဲ့ အစောင့်တွေကြောင့် မျက်နှာသစ်ဖို့တောင် စိတ်မပါလို့ မျက်နှာမသစ်မိပဲ စားလိုက်တော့တယ်။ မနက်စာ စားတယ်သာ
ပြောရတာပါ တကယ်တမ်းတော့ မစားနိုင်ပါဘူး။ ညကကျမတို့ဖြေလိုက်တဲ့ စကားလုံးတွေထဲမှာ သူတို့အတွက် သဲလွန်စရနိုင် စရာတွေများ

ပါသွားလေမလား။ ဒီအချိန်ဆို ဦးဇင်းနဲ့အဖေတို့ ဘယ်လိုနေကြပါ့မလဲဆိုတဲ့ အတွေးတွေနဲ့ ရေကိုပဲ ထပ်ကာထပ်ကာသောက်နေမိတယ်။
သသသသသသသသသသသ သ သ သ သ
သသသသသ သသသသသသသသ သသသ
သသသသသသသသသသသသသသသ သသ

” ..
တကယ်တော့ ရဲမှုးကြီးလှမျိုးရှိန်က ပညာတတ်၊ သူ့ပုံစံက အမျက်ဒေါသကို ဖုံးကွယ်ထားတတ်ပြီး သွေးအေးအေးနဲ့ ရက်စက်မယ့် ပုံမျိုးလို့ ကျမက ယူဆမိတယ်။
ဒါကြောင့်ပဲ စစ်ကြောရေးကာလမှာ ကျမတို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး မရှိကြတဲ့အပြင် မလွင်လွင်မြင့်ဆိုတဲ့ အသုံးနဲ့ လေပြေထိုးပြီး မေးတယ်လေ။
‘‘ငါ့ကိုများ ချော့တိုင်းပျော့ ..ခြောက်တိုင်းကြောက်မယ့် အစားထဲက ထင်နေလားမသိဘူး’’ လို့ တွေးမိပြီး စိတ်ကိုသတိ၊ သတိဆိုပြီး အမြဲတင်းထားရတယ်။
အမေ့ကိုအိမ်မှာ စစ်တုန်းကတော့ ခင်ဗျားနဲ့ကျုပ် ဆိုပြီးခပ်ရိုင်းရိုင်း၊ ခပ်မာမာ ပြောတာ ကျမကြားခဲ့ရတာပဲ။ ဒါကြောင့် အထင်ကိုမကြီးတာ။ နင်...ငါ...ဒီကောင်မ
စသဖြင့် မသုံးပေမယ့်လည်း ဒါကလည်း သူတို့ စစ်ကြောရေး နည်းတခုလို့ ကျမထင်တယ်လေ။

ဦးဇင်းက အမေတို့ စိတ်ပူနေမှာစိုးလို့ မေတ္တာပို့ လမ်းလျှောက်နေတဲ့ ကာလတွေမှာ ကျမကတဆင့် ဖုန်းခေါ်ခဲ့ဖူးတယ်။ အမေတို့ အဖေတို့က အသက်ကြီးနေပြီ၊
အဖေကဆို အသက်(၇ဝ)ကျော်၊ အမေကတော့ အသက်(၆ဝ)ဝန်းကျင်မှာလေ။ တနိုင်ငံလုံးမှာလဲ တက်တက်ကြွကြွ ဘုန်းကြီးတွေ မေတ္တာပို့
လမ်းလျှောက်နေကြတာမို့ ဦးဇင်းအတွက်စိတ်ပူပြီး အဖေတို့ ကျန်းမာရေးကို ထိခိုက်နေမှာစိုးလို့ ဦးဇင်းက ဖုန်းဆက် အကြောင်းကြားတာပါ။ သူအန္တရာယ်
ကင်းနေပါတယ်ဆိုတဲ့ အကြောင်း၊ နောက်ပိုင်း ဖုန်းအဆက်အသွယ်မရရင် စိတ်မပူဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့အကြောင်း အမေနဲ့အဖေအတွက်
အတိုချုံးပြီးမှာခဲ့ပါတယ်။

ကျမတို့ မိတ္ထီလာစက်မှုဇုံမှာ လမ်းအရေအတွက်က (၅)လမ်းပဲရှိတယ်။ ကြားလမ်းတွေ အပါအဝင် ဆိုရင်တော့ လမ်း(၁ဝ) ခုရှိတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့်
အဓိကကတော့ လမ်း(၅)လမ်းပါပဲ။ ကျမတို့ ဖုန်းပြောချင်ရင် စက်မှုဇုံလမ်းတိုင်းက ဖုန်းဆိုင်တွေမှာ တလှည့်စီဆက်ဖြစ်တယ်။ ဦးဇင်းလည်း ရွှေဝါရောင်
လမ်းလျှောက်နေတဲ့ ကာလတွေမှာဖုန်းခေါ်ရင် ကျမတို့နဲ့ခင်တဲ့ ဆိုင်ကပဲ ခေါ်တတ်တယ်။အဲဒီဖုန်းဆိုင်လေးက လူလည်းရှင်း၊ ပတ်ဝန်းကျင်လည်း ရှုပ်ရှုပ်ယှက်ယှက်
သိပ်မရှိတာကြောင့် တခြားဆိုင်တွေထက် စာရင် ပိုလွတ်လွတ်လပ်လပ် ရှိသလို ဖြစ်နေတော့ အဲဒီဆိုင်လေးကိုပဲ ကျမတို့တွေ သုံးဖြစ်ကြပါတယ်။ ဒါကတော့
အာဏာပိုင်တွေက မေတ္တာပို့လမ်းလျှောက်နေတဲ့ ဘုန်းကြီးတွေကို မသတ်ခင် အချိန်ထိပေါ့လေ။

အာဏာပိုင်တွေ ဦးဇင်းရဲ့ ဖုန်းနံပါတ်ကိုရပြီး လိုက်တော့ ကျမတို့ စက်မှုဇုံထဲကနံပါတ်ကို ဆက်ခဲ့ဖူးတာ သဲလွန်စ ရသွားတယ်ထင်ပါရဲ့။ အောက်တိုဘာလ
(၅)ရက်နေ့မနက်စောစောပဲ ဖုန်းဆိုင်နဲ့ အင်မတန် ရင်းနှီးတဲ့ ကောင်မလေးတယောက်က အိမ်လာပြီး ကျမကို တိုးတိုးလေးကပ်ပြောတယ်။ သူက ကျမနဲ့လည်း
ညီအမလို ရင်းနှီးနေတာကိုး။

‘‘အမ ဆက်ဖူးတဲ့ ဖုန်းနံပါတ်ကို ချက်(check) ခိုင်းနေပြီ။ နိုင်ငံတော်အတွက် အရမ်းအရေးကြီးတဲ့ လူတယောက်ရဲ့ နံပါတ်တဲ့။ အဲဒီလူတယောက်ကို မိလိုက်တာနဲ့
နိုင်ငံတော်အတွက် အတော်အကျိုးရှိသွားမှာ ဆိုလားပဲ။ အဲဒါသေချာဂရုစိုက်ပေးပြီး အဲဒီနံပါတ်နဲ့ ဖုန်းဝင်လာရင် ဘယ်အိမ်က ဘယ်သူ့ကိုခေါ်တယ်ဆိုတာ
သေချာမှတ် ထားဖို့နဲ့ သူတို့ဆီအကြောင်းကြားဖို့ကို ပြောသွားတယ်။ တခါမှ မမြင်ဘူးတဲ့လူဆိုရင်လည်း ပုံစံကိုသေချာမှတ်ပြီး အချိန်မီ သတင်းပို့ပါ။
ဒီ(စက်မှုဇ)ုံ ဝန်းကျင်မှာပဲ သူတို့ရှိနေမယ်လို့ ပြောတယ်။ အဲဒိသတင်းကို တိတိကျကျပေးနိုင်ပြီး တာဝန်သိသိနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်သူကို နိုင်ငံတော်က
ထိုက်ထိုက်တန်တန်ကို ဆုချအုံးမှာလို့လည်း ပြောသွားသေးတယ်တဲ့ အမ’’

ကျမမိတ်ဆွေ ကောင်မလေးက အဲလိုလာပြောတော့ ကျမလည်း အစကမယုံချင်ဘူးပေါ့။ သိပ်အရေးမကြီး လောက်ပါဘူးလေ။ တခါတလေ လိုအပ်မှ ဆက်တာ
ဆိုတော့ တော်ရုံတန်ရုံ ပြဿနာ မရှိလောက်ပါဘူး.. ဆိုပြီး စိတ်အေးအေးပဲထားလိုက်တယ်။ တကယ်လည်း ကျမတို့ ဦးဇင်းနဲ့ ဖုန်း
“ သသသသသသသသသသသသသသသသ
အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့ဘူး။ ရွှေဝါရောင် အစပိုင်းကာလတွေမှာ အဆက်အသွယ်ရခဲ့ပေမယ့် မေတ္တာပို့တဲ့ ဘုန်းကြီးတွေကို
ပစ်သတ်နေပြီ ဦးဇင်းလည်း ရှောင်တိမ်းနေရပြီဆိုတဲ့ အချိန်တွေမှာကတည်းက ဖုန်းမဆက်ဖြစ်ကြတော့တာ။ ဦးဇင်းကိုယ်တိုင်ကလည်း
သသသသသသသသသသသ သသသသသ
သတိတော့ရှိပါတယ်။ ကျမတို့ ဆီကို အဆက်အသွယ် မလုပ်တော့ဘူးလေ။

ဒီလိုဆိုတော့ ပြဿနာ သိပ်မရှိလောက်ဘူး ထင်တာပေါ့။ ဒါပေမယ့် အာဏာပိုင် ယန္တရားကကြီးတော့ ရက်ပိုင်းအတွင်းမှာပဲ စက်မှုဇုံထဲက


ဖုန်းဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေနဲ့ လမ်းဘေး ကွမ်းယာဆိုင်လေး တွေမှာကအစ လူစိမ်းတွေ၊ ကျမတို့ တခါမှ မမြင်ဘူးတဲ့လူတွေဆိုတာ ”..
ခြေချင်းလိမ်နေတာပဲ။ ဒီတော့ ကျမသိလိုက်ပြီ၊ ဘယ်သူဘယ်ဝါဆိုတာကို သူတို့ တိတိကျကျသာ မသိသေးတာ ဒီစက်မှုဇုံထဲမှာ ဦးဇင်းနဲ့ ပတ်သက်တဲ့လူ
ရှိနေတယ်ဆိုတာ သူတို့ ရိပ်မိနေပြီလို့။

သူတို့အတွက် အခက်အခဲဖြစ်စေတာတခုက ကျမတို့မိသားစုရဲ့နောက်ကြောင်းရာဇဝင်ကို စက်မှုဇုံထဲမှာ သိသူ အတော်ရှားတယ်။ ကျမတို့က မကွေးတိုင်း၊


ပေါက်မြို့ကနေပြီး ၂ဝဝ၅ နိုဝင်ဘာလထဲမှာမှ မိတ္ထီလာစက်မှုဇုံကို ပြောင်းလာတာဆိုတော့ တကယ်တမ်းပြောရရင် လူသစ်တွေလေ။ ကျမတို့ မောင်နှမတွေနဲ့
ခင်မင်ရင်းနှီးတာကလွဲပြီး ကျမတို့မိသားစုအကြောင်း သိပ်မသိကြသလို ကျမတို့ မိသားစုမှာ ဦးဇင်းတပါးရှိတယ် ဆိုတာကိုတောင် တချို့ မသိကြဘူး။

ဒါပေမယ့်လည်း နောက်ရက်ပိုင်း သူတို့ သတင်းအတိအကျ ရသွားတာဖြစ်မယ်။ ဒါကြောင့် ကျမတို့အိမ်ကို ညတွင်းချင်း အင်းအားသုံးပြီး ဝင်စစ်ခဲ့တာပေါ့။
သတင်းမရခံနိုင်ရိုးလား၊ ရန်ကုန်မှာ တပြုံကြီးဖမ်းပြီးပြီလေ။ ကျောင်းတိုက်တွေ ဝင်စီးပြီး ရိုက်နှက်ဖမ်းဆီးရာကပါသွားတဲ့ တချို့ကိုယ်တော်လေးတွေက ဦးဇင်းကို
ကောင်းကောင်းသိထားကြတယ်။ တချို့က အတူတွဲလုပ်ဖူးကြတယ်ဆိုတော့ ဦးဂမ္ဘီရနောက်ကြောင်းကို တစွန်းတစမသိ ဘယ်ရှိပါတော့မလဲ၊ သိလိုက်ကြပြီပေါ့။

ဒါ့အပြင် ဖမ်းမိတဲ့လူအများစုကို စစ်တဲ့အထဲမှာ မဖြစ်မနေပါတဲ့ စစ်ချက်တခုက ဂမ္ဘီရကိုသိလားဆိုတာပဲလေ။ ဘုန်းကြီးမပြောနဲ့ ဘာမှနားမလည်ပဲ


ဘုန်းကြီးတွေအတွက် ဝေယျာဝေစ္စ လိုက်လုပ်ပေးတာမှန်း တိတိကျကျ သိရလို့ ပြန်လွှတ်ပေးရမယ့် သူတွေကိုတောင် ဂမ္ဘီရကို သိမသိသေချာအောင် ဂရုတစိုက်
စစ်သေးတာဆိုပဲ။ (ဒါကတော့ ဦးဇင်းအဖမ်းခံရပြီး နောက်ပိုင်း အတွေ့အကြုံရှိသူအများစုရဲ့ ပြန်လည်ပြောပြချက်အရပါ)။

‘‘ဂမ္ဘီရကိုသိလားဆိုတော့ သိတာပေါ့လို့ဖြေလိုက်တယ်၊ ဟုတ်တယ်လေ.. သမီးက နိုင်ငံရေးဆိုတာကို သိပ်စိတ်ဝင်စားခဲ့တာမဟုတ်ဘူး၊ ကိုယ့်ပညာရေးလောက်ပဲ


အဓိကထားခဲ့တာလေ။ ဘုန်းကြီးတွေ လမ်းလျှောက် နေတဲ့ကာလတွေမှာလည်း ရေဒီယိုကို ကောင်းကောင်း နားထောင်ချိန်မရတော့ ဒီပွဲကြီးကို ဦးဆောင်နေတာ
ဂမ္ဘီရလို့ ဘယ်သိပါ့မလဲ၊ ဘုန်းကြီးတွေ ဦးဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်တယ် ဆိုတာလောက်ပဲ နားလည်ထားတာ။ အဲတော့ သမီးက သိတာပေါ့လို့
ဖြေမိလိုက်တယ်။ အဲမှာ စတွေ့တောတာပဲ အမရေ၊ အဆက်အသွယ်ရှိလား၊ အခု သူဘယ်မှာပုန်းနေလဲ၊ နင်ကကော ဘယ်အဖွဲ့အစည်းကလဲ၊
နင့်သူငယ်ချင်းတွေကကော ဘာတွေလုပ်နေလဲ၊ ဘယ်သူတွေနဲ့ နင်အတူလမ်းလျှောက်ခဲ့တာလဲ၊ ဘယ်နှယောက်ရှိလဲ၊ ဂမ္ဘီရဆိုတာ ဘုန်းကြီးအတုမှုတ်လား...အိုး…
စုံနေတာပဲ။ သမီးလည်း ကြောင်သွားတာပေါ့။ ဟင် ….. ကျမသိတာက စာစောင်ကိုပြောတာပါ၊ အဲဒါတွေတခုမှ နားမလည်ပါဘူးရှင်၊ တကယ်ပါ၊
တကယ်ပြောတာပါ ဆိုပြီး မနည်းရှင်းခဲ့ရတယ်အမ။ အဲဒါသူတို့ကမယုံလို့ လှည့်ပတ်မေးနေတာ ကြာတော့ခေါင်းတောင်ကိုက်လာတယ်လေ။ ကံကောင်းလို့
ပြန်လွတ်လာတာ …ပတ်ဝန်းကျင် အခြေအနေကို မလေ့လာမိခဲ့တဲ့ အကျိုးဆက်က မလွယ်ဘူးအမရေ။ ထောင်တသက်စံသွားရနိုင် တယ်နော်’’

(အင်းစိန်ထောင်မှာ ထောင်ဝင်စာ တွေ့နေရတဲ့ ကာလ(၂ဝဝ၈ ဝန်းကျင်)က မိတ်ဆွေတယောက် ပြောပြခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေထဲက ကောက်နှုတ်ချက်ပါ)။

သခင်အုန်းမြင့် ကွယ်လွန်

ဖနိဒါ | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၇ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် သခင်အုန်းမြင့်သည် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် နေအိမ်၌ သောကြာနေ့ နံနက် ၄ နာရီခွဲတွင်
ကွယ်လွန်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် မိသားစု၏ လက်ရင်းလူယုံတဦးဖြစ်သော သခင်အုန်းမြင့်သည်


အန်အယ်ဒီ၏ လူမှုအထောက်အကူပြု အဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားများကို တစိုက်မတ်မတ် အားပေး ကူညီခဲ့သူ
ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ ကျဆုံးသည်အထိ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး “သူ့အကြောင်း ကျနော် မှတ်မိသိရှိသမျှ‫ ״‬ဆောင်းပါးများ


ရေးသားခဲ့သည်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင် ၇ ကြိမ်ကျဖူးရာ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုရာတွင် ကူညီမှုဖြင့် အသက် ၈ဝ နှစ်အရွယ်တွင်
ထောင်ချခံရသေးသည်။ စာရေးခြင်းကိုလည်း ဝါသနာထုံရာ သူရေးခဲ့သည့် စာအုပ်များအနက် ”ထောင်အရသာ” မှာ နာမည်ကျော်သည်။

ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦး ကျန်ရစ်သည်။

သခင်အုန်းမြင့်၏ ရုပ်အလောင်းကို လာမည့် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် သင်္ဂြိုဟ်မည်ဖြစ်သည်။


http://www.mizzimaburmese.com/

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ၀န်ကြီးအစည်းအဝေးမှာ ဆန္ဒပြတောင်းဆိုကြရေး ပြုလုပ်ကြရန်


တိုက်တွန်းချက်

( ၁ ) မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စိုးရိမ်စိတ်များမှာ လက်တွေ့မဆန်ကြောင်း သိသာနိုင်ကြပါပြီ။ ကုလသမဂ္ဂမှပင် မြန်မာနိုင်ငံဆိုင်ရာ


အထူးကိုယ်စားလှယ်များတို့လည်း အဓိပ္ပါယ်မဲ့စွာ အလုပ်မဖြစ်ဘဲ
တာဝန်များပြီးဆုံးသွားကြဖူးပါပြီ။ ယခုအချိန်တွင် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်ပြီးပါတော့သည်။
ထို့ကြာင့် နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို အေးအေးဆေးဆေးကျင်းပပါတော့မည်။ ပြိုင်ဘက်မရှိ အနိုင်ယူရန် အားလုံးပြင်ဆင်စီစဉ်ထားပြီးပြီဖြစ်၍
အရပ်သားအစိုးရကို ဖွဲ့စည်းပါတော့မည်။ သို့ဖြစ်၍ပြည်သူတရပ်လုံး
စစ်ကျွန်ဘ၀သို့ လုံးဝရောက်ရှိသွားရန်သာ ရှိပါတော့သည်။
( ၂ ) မြန်မာနိုင်ငံအား စစ်ကျွန်ဘ၀မှ လွပ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရတို့အား ပြင်းပြင်းထန်ထန် တင်ပြတောင်းဆိုရပါတော့မည်။
နိုင်ငံတကာမှ ယုံကြည်ထင်မှတ်ထာေးသာ ၂၀၁၀ ရွေးကောက်ပွဲ၌
ပါတီပေါင်းစုံပါဝင်ရေး လူပေါင်းစုံပါဝင်ရေးဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆိုချက်များ မဟုတ်ကြောင်း ပေါ်လွင်အောင်ရှင်းလင်းပြရန်
လိုအပ်နေပါသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်
ဖေါ်ရန်သာအလိုရှိကြောင်း သိသာစေရန်လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအား မြန်မာနိုင်ငံသူနိုင်ငံသားတို့မှာ လုံးဝသပိတ်မှောက်ကြောင်း
ကြေညာချက်ထုတ်ပြန်ရန် လိုအပ်နေပါပြီ။
( ၃ ) သို့ဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးကို
စက်တင်ဘာလ ၂ရ ရက်နေ့တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးတွင် ကျင်းပရန်
ရှိနေပါပြီ။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ ကုလသမဂ္ဂမှ စိုးရိမ်စိတ်များ ရှိနေခြင်းအပေါ်လက်တွေကျကျ သုံးသပ်ဆောင်ရွက်နိုင်ရန် ဒီမိုကရေစီအတိုက်အခံ
အင်အားစုများက တောင်းဆိုတိုက်ပွဲ ၀င်ကြရန် အထူးလိုအပ်နေပါပြီ။
ယင်းကဲ့သို့တောင်းဆိုတိုက်ပွဲဝင်ကြသည့်အခါ ကုလသမဂ္ဂအပေါ် ထိရောက်သော ကမ္ဘာ့လှုပ်ရှားမှူအဖြစ် ပြုလုပ်ကြမည် ဆိုပါက ယခုအချိန်တွင်
အမှန်တကယ်လိုအပ်နေပါပြီ။
( ၄ ) အဓိကတောင်းဆိုချက်များမှာ အောက်ပါအတိုင်း ပြုလုပ်ရန်လိုအပ်ကြောင်း ထင်မြင်ယူဆပါသည်။
( ၁ ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ လက်တွေ့ကျသော ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို အမြန်ဆုံး
အကောင်အထည်ဖေါ်ဆောင်ရေး။
( ၂ ) လူ့အခွင့်အရေးချိုးဖေါက်များအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းရေး။
( ၃ ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ။ အခြားထင်ရှားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းမည့် ကြားဖြတ်အရပ်သားအစိုးရအား
အသိအမှတ်ပြုပေးရေး။
( ၄ ) နိုင်ငံရေးအကျဉ်းသားများအား မည်သည့်နေ့ကို နောက်ဆုံးထားပြီး လွှတ်ပေးရေး နှင့် မလွှတ်ပေးက ကုလသမဂ္ဂမှ အကြပ်ကိုင် ဖိအားပေးပြီး
ချက်ချင်းလွပ်မြောက်စေရေး။
( ၅ ) တောင်းဆိုချက်များကို မပြုလုပ်နိုင်ခဲ့ပါက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ရာထူးမှ နုတ်ထွက်ပေးရေး။
သို့ဖြစ်ပါ၍ လာမည့်စက်တင်ဘာလ ၂ရ ရက်နေ့တွင် နိုင်ငံတကာရှိ ကုလသမဂ္ဂရုံးရှေ့၌ ဒီမိုကရေစီအတိုက်အခံများက တနေ့တာအစာငတ်ခံ ဆန္ဒပြတောင်းဆိုပွဲကို
ပြုလပ်ကျင်းပကြစို့ဟု လေးနက်စွာ တိုက်တွန်း နိုးဆော် လိုက်ရပါသည်။

နိုင်ငံတကာရှိ ဒီမိုကရေစီအတိုက်အခံများသို့ တိုက်တွန်းနိုးဆော်သူ

ခိုင်အောင်ကျော် ( နယူးယောက် )
စက်တင်ဘာလ ၁၆ ရက် ၂၀၁၀
Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ)

ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်

NEJ / ၁၇ စက်တင်ဘာ ၂၀၁၀

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သည့် သခင်အုန်းမြင့် အသက် (၉၃) နှစ်သည် ယနေ့နံနက် (၄) နာရီခွဲအချိန်တွင်


ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊ သုခ၀တီလမ်း၊ အမှတ် ၃ (ဘီ) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။
သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးညီက “ဖြစ်တာတော့ ကြာပါပြီ။ လူကြီးပဲ တဖြည်းဖြည်းဆုတ်တာပေါ့ဗျာ။ (၉၃) နှစ်ဆိုတော့လည်း။ နည်းနည်းလေး
အိပ်ရာထဲမှာလဲနေတာတော့ တလလောက်ရှိပြီ။ လူကြီးနာပါပဲ။ ဒီနေ့မနက် (၄) နာရီခွဲမှာ ဆုံးသွားတာပါ” ဟု ပြောကြားသည်။

သခင်အုန်းမြင့်သည် ထူးထူးခြားခြား ခံစားနေရသည့် ရောဂါမရှိဘဲ အသက်ကြီးလာသဖြင့် လူကြီးနာဖြင့် မီးစာကုန်ဆီခန်း ဆုံးပါးသွားခြင်းသာ ဖြစ်ကြောင်း


သိရသည်။

သခင်ဦးအုန်းမြင့်သည် ၁၉၃၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက်


၁၉၃၈ ခုနှစ်တွင် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ကာ သခင်အမည်စတင်ခံယူခဲ့သည်။ ထို့နောက် ဦးချစ်မောင်နှင့်အတူ
ထုတ်ဝေသူနာမည်ခံကာ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဆောင်းပါးများ ရေးသားခဲ့သည်။

သခင်အုန်းမြင့်သည် နိုင်ငံကို လွတ်လပ်စေချင်သည့်စေတနာ အလွန်ကြီးမားသူဖြစ်သည့်အပြင် လူငယ်မျိုးဆက်များကို နိုင်ငံရေးအသိဉာဏ် ပွင့်လင်းစေသည့်


စေတနာအလွန်ကြီးမားသူဖြစ်ကြောင်း မြန်မာသတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဇင်လင်းက ပြောကြားသည်။

“သခင်အုန်းမြင့်ကတော့ လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ နိုင်ငံကို လွတ်လပ်စေချင်တဲ့ စေတနာ


အလွန်ကြီးတဲ့သူပါ။ သူက သမိုင်းကို စနစ်တကျ မှန်မှန်ကန်ကန်သိအောင် လုပ်တဲ့သူပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် သခင်အုန်းမြင့်သည် လူငယ်နိုင်ငံရေးသမားများကို အကူအညီပေးခဲ့သူ တဦးလည်းဖြစ်သည်ဟု ဦးဇင်လင်းက ပြောသည်။

၎င်းက “သူ့ဟာ အသက်အရွယ်ကြီးတဲ့တိုင်အောင် ကျောင်းသားသမိုင်းစာအုပ် ကိစ္စတုန်းကလည်း အာဏာပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်။


ထောင်ထဲလည်း ၀င်ချည်ထွက်ချည်ပါပဲ။ ထောင်ထဲမှာလည်း လူငယ်နိုင်ငံရေးသမားတွေကို သူကအများကြီး ကူညီပံ့ပိုးခဲ့ပါတယ်။ အပြင်မှာနေခဲ့တဲ့
တလျှောက်လုံးမှာလည်းပဲ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီခဲ့တယ်။ ပံ့ပိုးခဲ့တယ်။ နိုင်ငံရေးအင်အားစုတွေနဲ့ပတ်သက်တဲ့ ပွဲလမ်းစတာတွေမှာလည်း
သခင်အုန်းမြင့်ဟာ အမြဲတန်းရှေ့တန်းကနေ လူအား ငွေအား သူတတ်နိုင်သမျှ ၀ိုင်းဝန်းဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

သခင်အုန်းမြင့်သည် ယခင်ကာလများကတည်းက အမြဲမပြတ် ဆုံလေ့ဆုံထရှိသည့် မိတ်ဆွေရောင်းရင်းများ နေအိမ်တို့တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊


ဝါရင့်နိုင်ငံရေးသမားများ၊ မျိုးဆက်သစ်လူငယ်နိုင်ငံရေးသမားများနှင့်ပါ ထိတွေ့ဆုံဆည်းမိအောင် အမြဲတန်း ဖန်တီးလေ့ရှိသူတဦးဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် လူမှုအထောက်အကူသဘောမျိုး လုပ်ဆောင်ရာတွင် အားတက်သရော


လုပ်ဆောင်ခဲ့သူဖြစ်သည်ဟုလည်း ဦးဇင်လင်းက ပြောသည်။

“သခင်အုန်းမြင့်ရယ်၊ ကျနော်ရယ်၊ ကွယ်လွန်သွားတဲ့ ဗိသုကာဦးကျော်မင်းတို့ဟာ ၁၉၉၉ မေလမှာ အိုင်စီအာစီ မြန်မာနိုင်ငံလာ ရုံးမစိုက်ခင်မှာ အိုင်စီအာစီ
ရောက်လာရင် အစဉ်သင့်ဖြစ်ဖို့အတွက်ဆိုပြီး ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ သူ့ဟာ အံသြလောက်အောင်ကို
တခါတည်းခရီးသွားခဲ့တယ်။ အပြေးအလွှားလုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသား (၁,၆၀၀) ကျော်လောက် ကျနော်တို့ရခဲ့တယ်။ အိုင်စီအာစီအတွက်
အခင်းအကျင်းတွေကို သူအများကြီး ကြိုစီစဉ်ပေးခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သခင်အုန်းမြင့်သည် လွတ်လပ်ရေးခေတ်တိုက်ပွဲများမှာကတည်းက လူငယ်ဘ၀တွင် တာဝန်ကျေခဲ့သည့် နိုင်ငံရေးသမားကြီးတဦးဖြစ်ပြီး ယခုခေတ်တွင်လည်း


သူလုပ်စရာရှိသည်များကို တောက်လျှောက် တက်တက်ကြွကြွဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဦးဇင်လင်းက ပြောဆိုသည်။

၎င်းက “ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအဖို့တော့ အခုလိုအဘ သခင်အုန်းမြင့် ကွယ်လွန်သွားခြင်းဟာ အင်မတန်ကို ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ ကျနော်တို့အဖို့


တကယ်ကို အားကိုးရာ တောင်ကြီးတခု ပြိုလဲသွားသလိုပါပဲ။ အင်မတန်ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုပါပဲ” ဟု ပြောကြားသည်။

သခင်အုန်းမြင်၏ အိမ်ထောင်ဘက်မှာ ဒေါ်မြမြ (ကွယ်လွန)် ဖြစ်ပြီး သားသမီး (၆) ဦးရှိသည့်အနက် သက်ရှိထင်ရှား သားသမီး (၄) ဦးသာ ကျန်ရှိသည်။
သခင်အုန်းမြင့်၏ ဈာပနကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေဝေးသုဿန်၌ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်း။

မွေးသက္ကရာဇ်- ၁၉၁၈၊ ဧပြီ (၂၈)။


မိဘအမည်- ဦးမိုးကောင်း၊ ဒေါ်အေးတင်။
ဇာတိ- လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်း။
ဇနီး- ဒေါ်မြမြ (ကွယ်လွန)်
လိပ်စာ- အမှတ် (၃) (ဘီ)၊ သုခ၀တီလမ်း၊ ကမ္ဘာအေး၊ ရန်ကင်းမြို့နယ်။

၁၉၃၃၊ နိုဝင်ဘာ- တို့ဗမာအစည်းအရုံး ကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့။

၁၉၃၄၊ မတ်လ (၁၀) တန်းအောင်။

၁၉၃၄၊ အောက်တိုဘာ ရန်ကုန်သို့ရောက်၊ ရေကျော် နှင်းပန်းလမ်းတွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူနေ။

၁၉၃၆၊ “မမြန်မမာသော နှေးပျော့များ” ဆောင်းပါး၊ မြန်မာ့အလင်းသတင်းစာတွင် စတင်ပါရှိ၊ ဈေးနှုန်းသတင်းစာတွင် ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်းအမည်များဖြင့်


အခန်းဆက်ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့။

၁၉၃၇၊ ဧပြီ- ပုသိမ်တွင် ကျင်းပသော တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်။

၁၉၃၈၊ ဇွန-် တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်၊ သခင်အမည် စတင်ခံခဲ့၊ ဦးချစ်မောင်နှင့်အတူ ထုတ်ဝေသူအမည်ခံ၍


ဂျာနယ်ကျော် ထုတ်ဝေ၊ ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့။

၁၉၃၉၊ ဇန်န၀ါရီ ဆီမီးခွက် ကလောင်အမည်ဖြင့် ရေးသားသော ဆောင်းပါးတပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံ အတောင်းခံရ၊


တို့ဗမာအစည်းအရုံးဌာနာချုပ် အလုပ်အမှုဆောင် ရွေးချယ်ခံရ။

၁၉၄၀၊ မတ်- အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါး ကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်။

၁၉၄၂- ၁၉၄၅ ဖက်ဆစ်ဂျပန် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့။


၁၉၅၈- နိုင်ငံရေးပုဒ်မ (၅) ဖြင့် အထိန်းသိမ်းခံရ၊ ကိုကိုးကျွန်း အပို့ခံရ။
၁၉၈၉- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။
၁၉၉၆- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။

သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်းအား http://pyustate.com/2009/10/blog-post_22.html မှ ပြန်လည်ကူးယူဖော်ပြသည်။

ဗိုလ်ချုပ်ကြီးများ မြို့သစ်တို့မှ ၀င်ရောက် အရွေးခံမည်

မျိုးဝင်းဇော် / ၁၇ စက်တင်ဘာ ၂၀၁၀

ရွေးကောက်ပွဲဝင်ရန်အတွက် မကြာသေးမီကမှ အငြိမ်းစားပေးခြင်းခံရသည့် ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ လူနေထိုင်ခြင်း မရှိသေးသော


မြို့သစ်များမှ ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်ပြီး အလွယ်တကူ လွှတ်တော်အမတ် ဖြစ်သွားလိမ့်မည်ဟု နေပြည်တော် ပျဉ်းမနားမြို့ခံများက
ဝေဖန်ပြောဆိုနေကြသည်။

မြို့နယ်အသီးသီးတွင် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်းများအဖြစ် ၀င်ပြိုင်ကြမည့်သူများမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း (ဇေယျာသီရိမြို့နယ်)၊


ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး (ပုဗ္ဗသီရိ မြို့နယ်)၊ ဦးသိန်းစိန် (ဇဗ္ဗူသီရိ မြို့နယ်)၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင် (ဒက္ခိဏသီရိ မြို့နယ်)၊
ဗိုလ်မှူးချုပ်ဟောင်း ကျော်စွာခိုင် (ဥတ္တရသီရိမြို့နယ်) တို့ဖြစ်ကြောင်း နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကိုယ်စားလှယ်လောင်း
အမည်စာရင်းသွားကြည့်ခဲ့သည့် ပျဉ်းမနားမြို့မှ ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။

၎င်းက “အဲဒီ မြို့သစ်တွေမှာ ဝန်ထမ်းတွေပဲ နည်းနည်းပါးပါး နေတယ်။ နောက် ပြိုင်ဘက် တယောက်စီဟာလည်း တစညက မထင်မရှားလူတွေဆိုတော့
ကြိုတင်မဲနဲ့ ဖြစ်စေ၊ အခြားနည်းနာတွေ သုံးပြီးဖြစ်စေ၊ ဒီဗိုလ်ချုပ်ကြီးဟောင်းတွေ အားလုံး အလွယ်တကူ လွှတ်တော်အမတ်တွေ ဖြစ်လာကြလိမ့်မယ်။ တစည
ပါတီဆိုတာကလည်း လက်ရှိ စစ်အာဏာရှင်တွေ ဖြစ်ချင်တာကို အကောင်အထည် ဖော်ပေးနေရတဲ့ပါတီ၊ ဗိုလ်ချုပ်ကြီးတွေ အားလုံး ပြိုင်ဘက်မရှိ အနိုင်ရတယ်
ဆိုတာမျိုး မဖြစ်ချင်လို့ ခုလို စီစဉ်ပုံရတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက ယခု ရွေးကောက်ပွဲတွင် အာဏာရ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဦးသိန်းစိန်တို့ ဝန်ကြီးအဖွဲ့ စစ်ယူနီဖောင်းချွတ်ပြီး
ဝင်ရောက်ယှဉ်ပြိုင်ခြင်းက အကြောင်းမရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသွင်ကူးပြောင်းရေးကို တာဝန်ယူထားသည့် လက်ရှိ နအဖ
အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသီဟသူရ တင်အောင်မြင်ဦးတို့ ဝင်ပြိုင်ခြင်းမှာမူ ဥပဒေနှင့် ညီညွတ်သည်ဟု
မထင်ကြောင်း ပြောသည်။

၎င်းက “ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို အသေအချာ ထိခိုက်မှာ ဖြစ်တယ်။ ဒီလို လူနေထိုင်ခြင်း မရှိတဲ့ ဝန်ထမ်းအနည်းငယ်ပဲ နေတဲ့ မြို့သစ်တွေကို
မဲဆန္ဒနယ်မြေတခုစီ သတ်မှတ်ထားတာလည်း သင့်လျော်မှု မရှိဘူး” ဟု ရှင်းပြသည်။

“အခု ကြံ့ဖွံ့ဟာ သူ့ပါတီကိုယ်စား ရွေးကောက်ပွဲဝင်ဖို့ ဆိုပြီး အနယ်နယ် အရပ်ရပ်က ဆရာဝန်တွေ၊ ဝန်ထမ်းဟောင်းတွေကို စည်းရုံးပြီး အမည်စာရင်းတွေ
တင်ထားတယ်။ စစ်ဗိုလ်ဟောင်းတွေ သက်သက်နဲ့ သူတို့ မရဘူးဆိုတာ သိထားတယ်။ အဲဒီ လူတွေ လွှတ်တော်ထဲရောက်သွားရင် သူတို့ စကားနားထောင်ပါ့မလား
ဆိုတာကိုလည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လွှတ်တော်အသီးသီးကို ထိန်းချုပ်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ထိုင်ဖို့
လုပ်တာပဲ ဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်အမတ်လောင်းတဦးက ပြောသည်။

ရွေးကောက်ပွဲ ပြီးသွားပါကလည်း ယခုစစ်ဗိုလ်ချုပ်များပင် ဆက်လက်အုပ်ချုပ်မည်မှာ သေချာနေခြင်းကြောင့် အလွှာအသီးသီးမှ ပြည်သူများက ရွေးကောက်ပွဲကို


စိတ်ဝင်စားမှု မရှိကြောင်း၊ မိမိတို့ နေထိုင်ရာဒေသတွင် မည်သည့်ပါတီက မည်သူ ရွေးကောက်ပွဲဝင်မည် ဆိုခြင်းကိုလည်း မသိကြောင်း ရန်ကုန်၊ မန္တလေး၊
မော်လမြိုင်၊ မြစ်ကြီးနား၊ ပဲခူး၊ မုံရွာ မြို့ခံများက ပြောသည်။

လိုင်ဇာဒေသခံများ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံနေရ

ပေါက်ပေါက် / ၁၇ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ-် မြန်မာနယ်စပ်ရှိ


လိုင်ဇာမြို့အခြေချ ကေအိုင်အို တပ်ဖွဲ့ဝင်များသည် မြို့ပေါ်နှင့် အနီးနားကျေးရွာများသို့ သွားလာရန်
ခက်ခဲနေသကဲ့သို့ တရုတ်ပြည်ဘက်ကမ်းသို့ သွားလာသည့် ယာဉ်များလည်း
ကန့်သတ်ခံနေရကြောင်း သိရသည်။

လိုင်ဇာမြို့၏ တောင်ဘက် (၁ဝ) မိုင်ခန့်အကွာရှိ နအဖစစ်တပ် စခန်းချထားသည့် လဂျားယန်


စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်ရန် ကြိုတင်ခွင့်ပြုချက် တောင်းခံနေရပြီး အနီးနားကျေးရွာများနှင့်
တပ်ဖွဲ့၏ စိုက်ခင်းများသို့ပင် သွားရောက်ရန် ခက်ခဲနေကြောင်း လိုင်ဇာရှိ
ကေအိုင်အိုအရာရှိငယ်တဦးက ပြောသည်။

၎င်းက “မြို့ပေါ်ကို သွားလာမယ်ဆိုရင် မပခကို ကြိုတင်သတင်းပို့ရတယ်။ ခွင့်ပြုမှ


သွားရတယ်ဆိုတော့ သွားလာဖို့ ကျပ်သွားတယ်။ လဂျားယန်ဂိတ်ကို ကျော်ပြီး သွားရတဲ့ စိုက်ခင်းတွေ၊
ရွာတွေကို သွားဖို့ ခက်သွားတယ်။ ဂိတ်က ည(၇) နာရီကနေ မနက် (၇) နာရီအကြား
ပိတ်ထားတယ်ဆိုတော့ အရေးပေါ် သွားလာဖို့ ခက်သွားတယ်။ အနီးနား ကျေးရွာလူထုက လိုင်ဇာဆေးရုံ လာတက်တာများတယ်။ ညအချိန်မတော် အရေးပေါ်
ကုသမှုခံယူဖို့ လိုလာရင် လူနာအတွက် ပြဿနာပေါ့” ဟု ပြောသည်။
မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၁၄၂) က စခန်းထိုင် တာဝန်ကျနေသည်။

ကေအိုင်အိုနှင့် နအဖတပ်များအကြား စစ်ပွဲပြန်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ဒေသခံ လူထုအကြား စိုးရိမ်မှုတိုးပွားလာနေကြောင်း၊ သို့သော်


တရုတ်ပြည်ဘက်သို့ ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်းမှုများကို တရုတ်နယ်စပ် အာဏာပိုင်များက ပိတ်ထားကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ်က နအဖဘက်က တိုက်လေယာဉ်တစင်း ဒီနယ်စပ်တလျှောက် ပျံပြီး ထောက်လှမ်းသွားတယ်ဆိုတဲ့ သတင်းက ထွက်နေတာ။


လဂျားယန်ဂိတ်ကလည်း မနှစ်က ကိုးကန့်တိုက်ပွဲ အချိန်တုန်းကလို သံဆူးကြိုးတွေ လမ်းပေါ်မှာ ချပြီး ကာတာတွေ လုပ်လာတယ်ဆိုတော့ ပိုပြီး
စိုးရိမ်လာကြတယ်။ ပြီးတော့ တရုတ်ပြည်ဘက်ကမ်းထဲ ပစ္စည်းတွေ ရွှေ့ပြောင်း၊ သယ်တာတွေကိုလည်း တရုတ်ဘက်က လက်မခံဘူး။ ကားတွေ၊ ဆိုက္ကားတွေ
သူတို့ဘက်ထဲ ပေးမဝင်ဘူး” ဟု ပြောသည်။

ယမန်နှစ် ဧပြီလအတွင်းကစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ပြောဆိုမှုကို ကေအိုင်အို အပါအဝင် အပစ်ရပ်အဖွဲ့များက ငြင်းဆန်ခဲ့ပြီးသည့်နောက်
နှစ်ဖက်အကြား စစ်ရေးပြင်ဆင်မှုများ၊ တင်းမာမှုများ ရှိခဲ့သဖြင့် ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် အစောပိုင်းတွင် လိုင်ဇာဒေသခံများနှင့် ကေအိုင်အို
မိသားစုဝင်များက ၎င်းတို့၏ ပစ္စည်းများကို တရုတ်ပြည်ဘက်သို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။

ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲကျင်းပခြင်း မပြုသည့် နယ်မြေများအဖြစ် စက်တင်ဘာ (၁၆) ရက် နေ့စွဲဖြင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သတ်မှတ်ခဲ့သည်။

အစိုးရဗုဒ္ဓဘာသာနှင့် ပြည်သူ့ဗုဒ္ဓဘာသာ

NEJ / ၁၇ စက်တင်ဘာ ၂၀၁၀

လွန်ခဲ့သော ဇူလိုင်လနှောင်းပိုင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစုနှင့် နောက်လိုက်များ အိန္ဒိယသို့ (၅) ရက် ဘုရားဖူးသွားခဲ့ပြီးနောက် မကြာမီ
စက်တင်ဘာလအစောပိုင်းတွင် တရုတ်ပြည်သို့ (၅) ရက် ဘုရားဖူးသွားပြန်သည်။ လူဦးရေ သန်း (၅၀) ရှိသော မြန်မာသည် သန်း (၁,၁၀၀) ရှိသော အိန္ဒိယနှင့်
သန်း (၁, ၃၀၀) ရှိသည့် တရုတ်ကို အညီအမျှ (၅) ရက်စီ ဂါရ၀ပြုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာပြည်တွင် ဘုရားရုပ်ထုပေါင်း သိန်းချီရှိနေပြီး
ဘုရားရုပ်ထုအသစ်များကို အမြဲတမ်း ထုလုပ်လျက်ရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယဘုရားနှင့် တရုတ်ဘုရားကို ပို၍ အထင်ကြီးပုံရသည်။
တရုတ်ပြည်မှ စွယ်တော်ကိုပင့်၍ မြန်မာပြည်တွင် အလှူငွေကောက်ခံသည့်အပြင် တရုတ်စွယ်တော်ကို အတုလုပ်၍ ရန်ကုန်၌ ကိုးကွယ်ထား၏။ ကြပ်ပြေး၌လည်း
ရွှေတိဂုံစေတီအတုကို ကိုးကွယ်နေ၏။ သံဃာနှင့် အရပ်သားများကို သတ်ဖြတ်၍ ဒုက္ခသည်ကူညီရေးကို ပိတ်ပင်တားမြစ်သော ဗိုလ်ချုပ်မှူးကြီးသည် ဘုရားတည်၍
ရုပ်ထုကိုးကွယ်ကာ အိန္ဒိယသို့ ဘုရားဖူးရုံဖြင့် အကုသိုလ်များ ကွယ်ပျောက်သွားလိမ့်မည်ဟု ယုံကြည်နေပုံရသည်။ ဗုဒ္ဓဘာသာအတုကို ကိုးကွယ်သူက
ဒီမိုကရေစီအတုကို ထုတ်လုပ်လိုက်ခြင်းဖြစ်၏။

ဗိုလ်ချုပ်မှူးကြီး၏ အတုအယောင်ဆောင် ဘာသာရေး၊ နိုင်ငံရေးလုပ်ငန်းများကို မဟာသံဃာ့နာယကများကလည်း ထောက်ခံအားပေးကြ၏။


အင်္ဂလိပ်ကိုလိုနီခေတ်၌လည်း သံဃာ့နာယကများသည် ကိုလိုနီအစိုးရ အကြိုက်လိုက်လုပ်ခဲ့သည်။ အကျဉ်းထောင်ထဲ၌ သင်္ကန်းမ၀တ်ရမချင်း သေသည်အထိ
အစာငတ်ခံရန် ဆရာတော် ဦးဝိစာရ သန္နိဋ္ဌာန်ချခြင်းသည် ၀ိနည်းဒေသနာနှင့် ဆန့်ကျင်ကြောင်း ကိုလိုနီအစိုးရ၏ ဘွဲ့တံဆိပ်တော်ရ မဟာနာယက သံဃာများက
ဆုံးဖြတ်ခဲ့သည်ကို အစိုးရသတင်းစာတွင် ထည့်သွင်းဖော်ပြ၍ ဦးဝိစာရကို သိက္ခာချရန် ကြိုးစားသေး၏။ ထို့ကြောင့် ဦးဝိစာရ၏ အစာငတ်ခံတိုက်ပွဲသည်
ဝိနည်းဒေသနာတော်နှင့် ညီညွတ်ကြောင်း သံဃသာမဂ္ဂီအဖွဲ့ချုပ်က ကျမ်းဂန်အကိုးအကားဖြင့် ရှင်းပြသော စာတမ်းများကို ကျေးလက်တောရွာအထိ ဝေငှရသည်။
ဦးဝိစာရသည် သာသနာအတွက် အသက်စွန့်သည်ဖြစ်၍ သာမန်ပုထုဇဉ်များ ပြုနိုင်ခဲသောအမှုကို ပြုသည်ဖြစ်၍ ၀ိနည်းနှင့် ညီသည်ဟုဆို၏။ ထိုစဉ်မှစ၍
အစိုးရသံဃာနှင့် ပြည်သူ့သံဃာဟူ၍ သံဃာနှစ်မျိုးနှစ်စား ကွဲပြားသွားခြင်းဖြစ်၏။

သမိုင်းအစဉ်အလာအရ သံဃာ့သာမဂ္ဂီအဖွဲ့သည် ပြည်သူ့သံဃာအဖွဲ့ဖြစ်သည်။ ကိုလိုနီခေတ်ကို သံဃာ့သာမဂ္ဂီ သုံးသပ်ထားပုံသည်


အလွန်စိတ်ဝင်းစားဖွယ်ကောင်း၏။ မြန်မာပြည်၌ ဆင်းရဲမွဲတေ၍ အသိဉာဏ်ပညာနှင့် အကျင့်သီလ ခေါင်းပါးနေသည်ကို ဒုက္ခသစ္စာဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။
တိုင်းပြည် ဆင်းရဲရသည့်အကြောင်းရင်း သမုဒယသစ္စာကို ရှာဖွေရာ၌ လူတစုက တိုင်းပြည်ကို ခွစီး၍ သွေးစုတ်ခြယ်လှယ်မှုနှင့် အစိုးရ၏ လိမ်လည်လှည့်ဖြားမှုကို
တွေ့ရ၏။ အာဏာရှင်အောက်မှ တိုင်းပြည်လွတ်မြောက်မှသာ နိရောဓသစ္စာကို တွေ့ရမည်ဆိုသည်။ လွတ်မြောက်စေမည့် မဂ္ဂသစ္စာနည်းလမ်းများသည်
ကန့်ကွက်ဆန္ဒပြနည်းနှင့် သပိတ်မှောက်နည်းအမျိုးမျိုးဖြစ်သည်ဟုဆို၏။ ပြည်ညှဉ်းမင်းမခံနိုင် ဆိုသည့်မူကို လက်ကိုင်ထား၍ လူထုအင်အားသုံးနည်း၊
လွတ်လပ်ရေး၊ ဘာသာရေး၊ ပညာရေး၌ အမြင်မှန်ရအောင် ဟောကြားနည်းနှင့် အမျိုးသမီးများ နိုင်ငံရေးစိတ်ဝင်စားအောင် အားပေးနည်းများကို သုံးရမည်ဟုဆို၏။
အာဏာရှင်လူတစု ကြီးစိုးသော တိုင်းပြည်၏ ထွက်ရပ်လမ်းသည် သံဃာ့သာမဂ္ဂီက ရှင်းပြထားသော လောကီရေးရာ သစ္စာလေးပါးတရားပင်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာအများစု နေထိုင်သောတိုင်းပြည်တွင် ပြည်သူဒုက္ခရောက်နေသည်ကို ဗုဒ္ဓဘာသာအဖွဲ့အစည်းနှင့် သံဃာများက အလေးအနက်မထားဘဲ


လျစ်လျူရှုနေသဖြင့် ဗုဒ္ဓဘာသာကို ယုံကြည်သူ နည်းပါးသွားကြောင်း တောင်ကိုရီးယားနိုင်ငံက သက်သေပြနေသည်။ တောင်ကိုရီးယားဗုဒ္ဓဘာသာသမိုင်းဟာ
နှစ်ပေါင်း (၁,၇၀၀) ရှိပြီဖြစ်သဖြင့် အလွန်အခြေခိုင်မည့်ပုံ ပေါ်နေ၏။ ဒုတိယကမ္ဘာစစ်ပြီးချိန်၌ တောင်ကိုရီးယားလူဦးရေ (၉၉) ရာခိုင်နှုန်းသည်
ဗုဒ္ဓဘာသာများဖြစ်ကြပြီး (၁) ရာခိုင်နှုန်းကသာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ ယခုအခါ လူဦးရေ (၅၀) ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေကြပြီး
ဗုဒ္ဓဘာသာဦးရေသည် (၁၅) ရာခိုင်နှုန်းသာ ကျန်ရှိတော့၏။

ဤသို့ဖြစ်ရသည့် အကြောင်းရင်းသည် ဗုဒ္ဓ၀ါဒနှင့်ရော ခရစ်ယာန်ဝါဒနှင့်ရော မသက်ဆိုင်ပါ။ လူမှုရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ဗုဒ္ဓဘာသာဝင်နှင့်


ခရစ်ဘာသာဝင်တို့ အမြင်ချင်း ကွဲပြားခြားနားသည့်အပေါ်တွင် အခြေခံပါသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး မကြာမီ တောင်နှင့်မြောက်ကိုရီးယား
စစ်ဖြစ်သည့်အတွက် တိုင်းသူပြည်သားများ ဆင်းရဲဒုက္ခရောက်ရသည်။ လူမှုစီးပွားရေး ဒုက္ခပင်လယ်ဝေနေသည်ကို တည်ငြိမ်အေးချမ်းပြီး လောကီအရေးကို
ဂရုမစိုက်သည့် ဗုဒ္ဓဘာသာက အကူအညီမပေးနိုင်ပါ။ ခရစ်ယာန်ဘာသာဝင်ကသာ လက်တွေ့ထွက်ပေါက်ပေးနိုင်ပါသည်။ ကွန်မြူနစ်သြဇာမလွှမ်းမိုးအောင်
တောင်ကိုရီးယားကို အမေရိကန်က စီးပွားရေးထောက်ပံ့ရာမှာ ခရစ်ယာန်သာသနာပြု အဖွဲ့အစည်းများကတဆင့် ပေးသည်။ ထို့ကြောင့် ပြည်သူလူထုသည်
ခရစ်ယာန်သာသနာပြုကို ကယ်တင်ရှင်အဖြစ် မြင်လာကြသည်။ အတတ်ပညာ၊ ဆေးဝါးနဲ့ လူမှုစီးပွားရေး အကူအညီပေးနိုင်သော ခရစ်ယာန်ဘာသာကို
တိုးတက်မှုအဖြစ် သတ်မှတ်လာကြ၏။ ဒီနည်းအတိုင်း ချင်းတိုင်းရင်းသားများ ခရစ်ယာန်ဘာသာဝင် ဖြစ်ကုန်ကြသည်။ ဖိနှိပ်ခံရသူများကိုလည်း
ခရစ်ယာန်ဘုရားကျောင်း ကူညီ၏။

ဗုဒ္ဓဘာသာအဖွဲ့အစည်းများသည် ခေတ်ပညာမတတ်သည့်အတွက် ခေတ်၏ ပြဿနာကို မည်သို့ဖြေရှင်းရမှန်း မသိကြပါ။ တနည်းဆိုပါက မတရားသည့်အစိုးရကို


ကိုရီးယားဗုဒ္ဓဘာသာသည် မည်သို့ ကိုင်တွယ်ရမည်ကို မသိပါ။ ဤအတောအတွင်း အိမ်ထောင်ပြုသော ဂျပန်ဂိုဏ်းနှင့် အိမ်ထောင်မပြုရသော ကိုရီးယားဂိုဏ်း
ပဋိပက္ခဖြစ်မှု၊ ဘုန်းကြီးအချင်းချင်း ကျောင်းလု၍ ရိုက်နှက်ထိုးကြိတ်မှု စသည့် အကြမ်းဖက်မှုများကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးများ သိက္ခာကျလာသည်။
ဗုဒ္ဓဘာသာဘုန်းကြီး သိက္ခာကျလေ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ များလာလေလေဖြစ်လာသည်။

ယခုအခါ၌ လောင်းကစားသောဘုန်းကြီး၊ ပစ္စည်းစုသောဘုန်းကြီး၊ အကြမ်းဖက်သောဘုန်းကြီး စသည်များကို ဖယ်ရှားနိုင်ရန် ဗုဒ္ဓဘာသာပြုပြင်ရေး


လုပ်နေသည်ဟူ၏။ ဗုဒ္ဓဘာသာဝင်အချင်းချင်း လက်တွဲ၍ လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကြောင်း ဆောင်ရွက်သော စီမံကိန်းများကို
အကောင်အထည်ဖော်နေပြီဟူ၏။ ကျက်သရေရှိသော ဗုဒ္ဓဘာသာ အဖွဲ့အစည်းဆိုသည်မှာ ရွှေစေတီနှင့် ရွှေကျောင်းတော် တည်ဆောက်ခြင်းမဟုတ်ဘဲ သံဃာ၊
သီလရှင်နဲ့ လူပုဂ္ဂိုလ်အားလုံး မာန်မာနကို ချိုးနှိမ်ပြီး နိဝါတတရားနှင့်အညီ တိုင်းပြည်တည်ဆောင်ခြင်းဖြစ်သည်ဟု ကိုရီးယား ပြုပြင်ရေးသမားများက မြင်သည်။

သံဃာနှင့် ပြည်သူသည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့ တဦးနဲ့တဦး အပြန်အလှန်အကျိုးပြုကာ ရပ်တည်နေကြသောကြောင့် လူမှုစီးပွားရေးပြဿနာ၊


တိုင်းရင်းသားလူမျိုးစုပြဿနာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသည့်ပြဿနာ စသည်များကို လက်တွဲဖြေရှင်းမှသာ သာယာစိုပြေနိုင်မည်ဟုလည်း ကိုရီးယား
ဗုဒ္ဓဘာသာပြုပြင်ရေးသမားများက ယူဆ၏။ ထိုကြောင့် ရှေးဟောင်းစည်းကမ်းကိုသာ လိုက်နာပြီး လူ့ဘ၀တိုးတက်ရှင်သန်ရေးကို လျစ်လျူရှုခြင်းသည်
တာဝန်မဲ့ရာကျသည် ဟုဆိုသည်။ ဤသည်မှာ အစိုးရလိုလားသော ဗုဒ္ဓဘာသာနှင့် ပြည်သူလိုလားသော ဗုဒ္ဓဘာသာ၏ ကွာခြားချက်ဖြစ်၏။

ပစ္စည်းမက်လွန်းသည့် ကိုရီးယားဗုဒ္ဓဘာသာဝင်ကို အမေရိကန်ဘုန်းတော်ကြီး ဗောဓိဘိက္ခုက တရားချရသည်။ ပစ္စည်းဥစ္စာအာဏာကို မက်မောနေ၍ ပျော်ရွှင်မှု


အစစ်အမှန်ကို ရမည်မဟုတ်ဘဲ လောဘဒေါသမောဟကို ထိန်းသိမ်းပြီး လူလူချင်း စာနာထောက်ထားနိုင်မှ စစ်မှန်သော ပျော်ရွှင်မှု ရနိုင်သည်ကို
ဟောကြားရသည်။ အာဏာနှင့် ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို အဓိကထားသော အာဏာရှင်ဝါဒကို ဗုဒ္ဓ၀ါဒနဲ့ ခရစ်ယာန်ဝါဒက ဆန့်ကျင်ကြောင်း ဟောကြားသည်။
လက်ရှိဘ၀ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်သော ဗုဒ္ဓဘာသာကျင့်စဉ်ကသာ ဗုဒ္ဓဘာသာကို မြှင့်တင်နိုင်လိမ့်မည်ဟု ပြုပြင်ရေးသမားများက
ယုံကြည်ကြပေသည်။

တကောင်တည်း

ယမထာ / ၁၆ စက်တင်ဘာ ၂၀၁၀

ကျောက်ဆည်ဆင်ဆိုတာ သိတယ်မို့လား။ အလှူတွေ၊ ပွဲတော်တွေမှာ အချိုးကျကျ လှလှပပ- “က” တဲ့


ဆင်လေ။ အချိုးအစားကလည်းကျန၊ အခြယ်အသအမွမ်းအမံကလည်း ခမ်းနားတဲ့အပြင် ဟန်ပန်
ကကြိုးကကွက်ကလည်း ပြောင်မြောက်တာမို့ “ကျောက်ဆည်ဆင်က” ကို တွေ့မြင်ရသူတိုင်း
ရင်သပ်ရှုမော လက်ခုပ်သြဘာပေးလို့ မဆုံးကြဘူး။

ဒီဆင်က လိမ္မာယဉ်ကျေးတဲ့ ပြည်သူချစ်သော အနုပညာဆင်ရယ်လို့ ကျော်ကြားနေချိန်မှာ


သူနဲ့ဆန့်ကျင်ဘက် ပြည်သူ့ချဉ်ဖတ် ကျောက်ဆည်ဆင်ကြီးတကောင် ပေါ်ထွက်လာပါတယ်။

ဒီနောက်ဆုံးပေါ် ကျောက်ဆည်ဆင်ကြီးဟာ အလုံးအထည်ကလည်း ပွယောင်းထွားကျိုင်း၊


အသားအရေကလည်း နက်ကြုတ်ကြမ်းထော်၊ အစွယ်ကြီးတွေကလည်း ၀ဖီးရှည်ထွက်၊
နှာမောင်းကြီးကလည်း တမျှော်တခေါ်ဖြစ်သလို ခြေဖ၀ါး လက်ဖ၀ါးကြီးတွေကလည်း ဧရာနန္တနဲ့
သံခွာတပ်ထားသလို မာကြောမဲပြောင်လို့။

ဒီကောင်ကြီးဟာ ငယ်ငယ်တုန်းက တော်တော်အေးပြီး တော်တော်နုံသလို တော်တော်လည်း သဘောကောင်းပါတယ်။ သူ့ကို ပေါက်ခေါင်းသားကြီးတကောင်က


ကောက်ယူမွေးစားခဲ့တာပါ။ သူ့မွေးစားအဖေ ပေါက်ခေါင်းသားဟာ “ဆင်အိတ်စပတ်” ဖြစ်ပြီး ‘ဆင်မွေး’ တဲ့ဘက်မှာ ပြိုင်ဘက်ကင်းသူဖြစ်ပါတယ်။ သူမွေးထားတဲ့
ဆင်တွေအများကြီးထဲမှာ “ကျောက်ဆည်ဆင်” လည်း ပါတာပေါ့။

“ကျောက်ဆည်ဆင်” က ထားရာမှာနေ၊ စေရာသွား၊ ခိုင်းသမျှကို အသံတချက်မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်လုပ်တတ်တဲ့ ဆင်လိမ္မာမို့ ပေါက်ခေါင်းသားကြီးရဲ့


“လက်သပ်မွေးဆင် ” တကောင် ဖြစ်လာခဲ့ပါတယ်။

ပေါက်ခေါင်းသားကြီးဟာ ဆင်တကောင်ကို ဗိုလ်ချုပ်ခန့်ပြီး တခြားဆင်တွေကို အုပ်ချုပ်ခိုင်းထားပါတယ်။ အဲဒီဆင်ဗိုလ်ချုပ် နောက်မှာလည်း


တဗိုလ်မကောင်းတဗိုလ် ပြောင်းနိုင်ဖို့ ဆင်ဗိုလ်ချုပ်ကလေးတွေကို အစဉ်လိုက် တန်းစီပေးထားပါတယ်။ အချိန်တန်တော့ “ကျောက်ဆည်ဆင်” ကြီးလည်း
အစဉ်လိုက်တန်းထဲ ရောက်လာပါတော့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း၊ ခိုင်းသမျှ မညည်းမညူလုပ်နေလိုက်တာ နောက်ဆုံးတော့ သူ့ရှေ့မှာ ဆင်ဗိုလ်ချုပ်တကောင်ပဲ ရှိတဲ့အဆင့် ရောက်လာပါပြီ။ ဒီမှာတင်
စကားတလုံးမှမပြောဘဲ သိတ်သွေးအေးတဲ့ ကျောက်ဆည်ဆင်ဟာ သူ့ရှေ့က ဆင်ဗိုလ်ချုပ်ကို ဆင်ရူးလို့ တံဆိပ်ကပ်ပြီး ဆင်သင်္ချိုင်းပို့လိုက်ပါတော့တယ်။ “ငါကွ၊
ကျောက်ဆည်ဆင်ကွ။ ဆင်ဗိုလ်ချုပ်ကြီးဖြစ်ပြီဟေ့”

ကျေးဇူးသိတတ်လွန်းတဲ့ ကျောက်ဆည်ဆင်ဟာ အဲသလို ထိပ်ဆုံးနေရာကိုရောက်တာနဲ့ တပြိုင်နက် သူ့မွေးစားအဖေ ကျေးဇူရှင် ပေါက်ခေါင်းသား အဖေကြီးကိုပါ


ကျောပေါ်ကဆွဲချပြီး လည်မျိုနင်းလိုက်ပြန်ပါရော။

အခုဆိုရင် ဆင်မှန်သမျှ သူ့လက်အောက်ရောက်နေကြပါပြီ။ သူခိုင်းတာလုပ်ကြရသလို သူထားတဲ့နေရာမှာ နေကြရပါတယ်။ ပေကပ်ကပ်လုပ်တာနဲ့ သွားပေရော


ဆင်သင်္ချိုင်းပါပဲ။ ဒါကြောင့်လည်း “ကျောက်ဆည်ဆင်ကြီး” ကို အားလုံးက အကြောက်ကြီး ကြောက်ကြပါတယ်။ ပိုပြီးကြောက်ကုန်တာကတော့
“ကျောက်ဆည်ဆင်ရဲ့နောက်က အမြဲကပ်လိုက်ခွင့်ရတဲ့ ” ကျောက်တန်းဆင်ကို “ဆင်သင်္ချိုင်း” ပို့လိုက်ပြီးတဲ့ နောက်ပိုင်းမှာပါပဲ။

ကျောက်ဆည်ဆင်ကြီးဟာ နှာမောင်းကြီး မြှောက်မြှောက်ပြီး ကြွေးကြော်လို့ မပြီးနိုင်အောင်ဘဲ။

“ ငါကွ…တကောင်တည်းပဲ…ဒါပေမယ့် ကျောက်ဆည်ဆင်ဟေ့ ”
---x---x----x----x----x----x----x----x-----

တကောင်ထဲ “အကောင်” လုပ်လာလိုက်တာ၊ ဘာလိုလိုနဲ့ ဆယ်စု နှစ်စုတောင် ကုန်တော့မယ်။ တဖြည်းဖြည်း “ဆင်သက်တမ်း” ကုန်ဖို့ကလည်း
နီးသထက်နီးလာချိန်မှာ ‘ဆင်ကြံကြံ’ ပါလေရော။ ဇာတ်သိမ်းလှလှလေးနဲ့ ကန့်လန့်ကာချနိုင်ဖို့ အရေးကြီးတယ်လေ။

စဉ်းစားကြည့်မိပြန်တော့…

“ငါဂိမ်းသွားရင်” ‘ကျောက်အေးဆင်’ တို့၊ ‘ကျောက်မန်းဆင်’ တို့က အကောင်တက်လုပ်ပြီး ငါ့ကို… ငါ့ကို…”

ဒီလိုနဲ့ ဘာမှမကြာခင်၊ ဘယ်သူမှ ‘ဆင်ခြေတက်ခွင့် မရလိုက်ကြတော့ဘဲ…


“အမိန့်တော်မှတ်မယ်၊ အမိန့်တော်မှတ်မယ်၊ ကဲနာခံကြ “ဆိုပါလား”

ယင်းအမိန့်တော်သည်ကား…
---x---x----x----x----x----x----x----x-----

“အသင့်ပြင် ၊ ၀မ်း… တူး…သရီး…”

နောက်ဆုံးမတော့ ကျောက်ဆည်ဆင် ခေါင်းဆောင်တဲ့ ဆင်ဗိုလ်ချုပ်တွေအားလုံး၊ အ၀ီစိရောက်အောင် နက်တဲ့ ဆင်သင်္ချိုင်းချောက်ကမ်းပါးစောက်ကြီးထဲကို


တပြိုင်နက်ခုန်ဆင်း “ဆူဆိုက်” လုပ်လိုက်ကြပါတော့တယ်။

နောက်ဆုံးထွက်သက်အထိ ကိုယ်စောင့်သွားမှာပါ

စိန်အိုးစည် / ၁၇ စက်တင်ဘာ ၂၀၁၀

နင်းလာသည့် စက်ဘီးစုတ်ကလေးကို အရှိန်သတ်ရင်း လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်သို့


လှမ်းအကြည့်တွင် မေးစေ့ကို လက်ထောက်ပြီး မှိုင်တွေတွေ ကြည့်ငေးနေသည့် လေအိုးကို
တွေ့ရလေသည်။ အခါတိုင်း ကြားနေကျ ၀က်ဆိုးအော်သံကို မကြားရဘဲ အသံတိတ်ငိုင်နေပုံက
လေအိုးမှ ဟုတ်ပါလေစဟု ထင်ရသည်။ သို့သော် လေအိုးမှ လေအိုးအစစ်မို့ ရွှေဂျိုး
အသံနှင့်လှုပ်နှိုးလိုက်သည်။ရွှေဂျိုး ။ ။ ဗျို့ ကိုလေအိုး မနက်စောစောစီးစီး လဒမှိုင် မှိုင်နေပါလားဗျ။
ကျက်သရေမရှိလိုက်တာဗျာ။ ဘာလဲ ချစ်ဇနီးပူပူနွေးနွေးက ရိက္ခာဖြတ်ထားလို့
အလိုမပြည့်ဖြစ်နေတာလား ဟား ဟား။

လေအိုး ။ ။ ထိုင်ဖြင့် မထိုင်သေးဘူး၊ မေးခွန်းထုတ်တာက အရင်။ ဘယ်ကလာ ရိက္ခာဖြတ်ရမှာလဲ။


ဒီမှာ အန်အယ်လ်ဒီကြီး ဖျက်သိမ်းခံရတဲ့အကြောင်း စဉ်းစားနေလို့ဗျ။ ကိုရွှေဂျိုး
မသိသေးဘူးမဟုတ်လား။

ရွှေဂျိုး ။ ။ ကြားပါသကောဗျာ။ နအဖက အန်အယ်လ်ဒီပါတီရုံးတွေကိုသာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး ဖျက်သိမ်းလို့ ရချင်ရမှာပါဗျာ။ ဒါပေမယ့်


ပြည်သူတွေ အပ်နှင်းထားတဲ့ ၉၀ မန်းဒိတ်ကိုတော့ ဖျက်လို့မရပါဘူးဗျ။ အဲဒီအတွက် မပူပါနဲ့။ အန်အယ်လ်ဒီ တခုခု ထလုပ်ရင်သာ ကိုလေအိုးတို့ ထောက်ခံဖို့
အားမွေးထား။ အားမလျှော့နဲ့ဗျို့၊ တောင့်ထား၊ တောင့်ထား။

လေအိုး ။ ။ အေးဗျ။ အန်အယ်လ်ဒီ စီအီးစီတွေကလည်း တုံ့ပြန်ချက်တော့ ပြန်ထုတ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောတာ ဖတ်ရတယ်ဗျ။
(ပြောရင်းဆိုရင်း အိတ်ကပ်ထဲမှ စာရွက်ဆွဲထုတ်ကာ) ဒီမှာ “နံပါတ်တစ်အချက်ကတော့ မနေ့ကထုတ်တဲ့ ကြေညာချက်ဟာ ဒါမျိုး မှတ်ပုံမတင်ထားတဲ့
အန်အယ်လ်ဒီအပေါ်မှာ ဒီလိုကြေညာဖို့ ဥပဒေပြဋ္ဌာန်းချက် ကျနော်တို့ မတွေ့ပါဘူးဆိုတာပါ” တဲ့။ ဒုတိယအချက်ကတော့ “ရွေးကောက်ပွဲဥပဒေမှာပါတဲ့ ပါတီဆိုတဲ့
အဓိပ္ပာယ်ရယ်၊ နိုင်ငံရေးပါတီဆိုတဲ့ အဓိပ္ပာယ်ရယ်၊ ဒီနှစ်ခုစလုံးဟာ လက်ရှိကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ ဆိုလိုတယ်” တဲ့။
တတိယတုံ့ပြန်ချက်ကတော့ “ကျနော်တို့ အဖွဲ့ချုပ်က ဥပဒေအမှတ် ၄/၈၈ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီဥပဒေမှာပါတဲ့
ငြိစွန်းတဲ့ဟာတခုကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုတာ ဖော်ပြတယ်။ ဒီသုံးချက် ကျနော်တို့ သတင်းထုတ်ပြန်ပါတယ်” လို့ ပြောသွားတယ်ဗျ။

ရွှေဂျိုး ။ ။ အဲဒါပဲလား ကိုလေအိုး။ ပါတီကို ဖျက်သိမ်းတဲ့အတွက် ဘယ်လိုတိုက်ပွဲဝင်သွားမယ် ဆိုတာကော ပါသေးလားဗျ။ ဆက်ဖတ်စမ်းပါဦး။

လေအိုး ။ ။ သတင်းထုတ်ပြန်ချက်ကတော့ ဒီလောက်ပဲဗျ။ ဒါပေမယ့် ဦးဉာဏ်ဝင်းက “ဒီလိုပဲ အခက်အခဲ အကျပ်အတည်းရှိမှာပဲ ဆိုတာကိုတော့


ကျနော်တို့နိုင်ငံရေး လုပ်သက်တလျှောက် တွေ့နေရတဲ့ အတွေ့အကြုံအရ ဒီလိုတော့ မျှော်မှန်းပါတယ်” လို့တော့ ဆက်ပြောသွားတယ်ဗျ။ အကျပ်အတည်းကို
ဆက်ပြီးခံကြဦးစို့ရဲ့ ဆိုတဲ့သဘော အဓိပ္ပာယ်ကောက်ရမှလား မသိပါဘူးဗျာ။

ရွှေဂျိုး ။ ။ အော် ရွှေဂျိုးက လက်သီးလက်မောင်းတန်းတော့မလို ပြင်နေတာ။ အခု NLD ပါတီရဲ့ သတင်းထုတ်ပြန်ချက်အရဆိုရင် လက်သီးလက်မောင်းတန်းစရာ
မလိုသေးဘူးပေါ့။ အေးဆေးပေါ့။ အကျပ်အတည်း ဒုက္ခတွေကို ခါးစည်းခံဖို့ပဲ ပြင်ဆင်ရမယ့်သဘောပေါ့။ အိုကေဗျာ။ အနှစ် (၂၀) ကျော်တောင် ခံလာပြီးပြီပဲဥစ္စာ၊
ဒုက္ခဆိုတာ ဘာသားနဲ့ ထုထားဘာမို့လို့လဲ မြန်မာပြည်သားကွ လာထား၊ လာထားလို့သာ ဖိတ်ခေါ်လိုက်ချင်တော့တယ် ဟဲ ဟဲ။

လေအိုး ။ ။ အခု နအဖက ဖျက်တယ်ပြောလည်း အန်အယ်လ်ဒီကြီးကတော့ သူလုပ်စရာရှိတာကို လုပ်နေတာပဲမဟုတ်လား ကိုရွှေဂျိုး။ ရေတွင်းတူးတယ်ဗျာ၊


ရေသန့်ဘူး ဝေတယ်ဗျာ၊ အကျဉ်းသားမိသားစုတွေကို သွားရောက်အားပေးတယ်ဗျာ၊ အခုနယ်တွေကို စည်းရုံးရေးဆင်းနေတယ်ဗျာ။ အဲဒါတွေကို နအဖ
ဖျက်လို့ရမလား ပြောစမ်းပါဦး ကိုရွှေဂျိုး။

ရွှေဂျိုး ။ ။ ဘယ်ဖျက်လို့ရမလဲ ကောင်းတာလုပ်တာပဲဟာ။ အန်အယ်လ်ဒီလို နိုင်ငံရေးပါတီကြီးက အခုလို လူမှုရေးအလုပ်တွေ ဆင်းလုပ်တော့


နာရေးကူညီမှုအသင်းက ကိုကျော်သူတို့၊ လမ်းပြကြယ်အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်တို့လည်း အဖော်ရတာပေါ့။ ဟဲ ဟဲ အားမငယ်တော့ဘူးပေါ့။

လေအိုး ။ ။ လေအိုးတို့ကတော့ အန်အယ်လ်ဒီ ဘာလုပ်လုပ် ထောက်ခံရမှာပဲဗျာ။ ၉၀ တုန်းက မဲပေးခဲ့တဲ့ သံယောဇဉ်နဲ့ နောက်ဆုံး


အမတ်တယောက်ကျန်တဲ့အထိ အားပေးနေရမှာပဲ။ တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆံဖြူသွားကျိုး အသက်ထွက်တဲ့အထိ စောင့်ရမှာပဲလေ။ ဘာကြောင့်လဲဆို
လေအိုးတို့မှ လမ်းပေါ်မထွက်ရဲဘဲကိုး။ စိတ်ရှည်ရှည် စောင့်ရမှာပေါ့ ဟုတ်ဘူးလား ကိုရွှေဂျိုး။

ရွှေဂျိုး ။ ။ အင်းပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းက ပြည်သူတွေ အနာခံစရာမလိုတော့ အကောင်းဆုံးပေါ့။ ရွှေဂျိုးလည်း စိတ်ရှည်တတ်ပါတယ်ဗျ ဟဲ ဟဲ။


ကိုလေအိုးလိုပဲ နောက်ဆုံးထွက်သက်အထိ စောင့်သွားမှာပါ။ စိတ်ချစမ်းပါ။ ဒါပေမယ့် လောလောဆယ်တော့ တွေ့ဆုံဆွေးနွေးရေးလက်နက်ကို ကိုင်စွဲပြီး
အမြတ်ထုတ်နေတာကတော့ နအဖပဲဗျို့။ နအဖကတော့ သူတို့ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်တဲ့အခါတိုင်း အန်အယ်လ်ဒီ ပြောပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေး
ဆိုတာကြီးကို ခုတုံးလုပ်အသုံးချပြီး အသက်ရှူချောင်အောင် လုပ်သွားခဲ့တာ ကိုလေအိုး အမြင်ပဲမဟုတ်လား။ တော်ကြာနေ ဒေါ်စုကို ခေါ်ပြီး မောင်ခင်ညွန့်လေးက
လက်ဆွဲနှုတ်ဆက်ပြလိုက်၊ တော်ကြာနေ သန်းရွှေကြီးနဲ့ နေမညို ကိုမောင်အေးကြီးက ခေါ်ပြီး လက်ဆွဲနှုတ်ဆက်ပြလိုက်၊ နောက်ဆုံးတော့
ဦးအောင်ကြည်နဲ့ပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးရေး စကားလုံးကို နအဖ အသုံးချလုပ်စားသွားပုံက တခါတမျိုး မရိုးနိုင်အောင်ပဲမဟုတ်လား။
လေအိုး ။ ။ ဘာပဲဖြစ်ဖြစ်လေ လေအိုးတို့ ဦးဆောင်ပါတီ အန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးရေးကို မစွန့်လွှတ်သေးမှတော့ လေအိုးတို့လည်း
နောက်ဆုံးထွက်သက်အထိ စောင့်ရမှာပေါ့။ ကိုယ်သေတဲ့အထိ ဖြစ်မလာတော့လည်း လုကံ ၀ကံ အားလုံးခံပေါ့ ကိုရွှေဂျိုးရယ် ဟဲ ဟဲ ဘယ်တတ်နိုင်ပါ့မလဲ။

ရွှေဂျိုး ။ ။ အေးဗျာ ဒီနေ့ ကိုလေအိုးနဲ့ စကားပြောလိုက်တော့မှ ရွှေဂျိုးလည်း ဒီမိုကရေစီရေးအတွက် စိတ်ရှည်သည်းခံတတ်ဖို့လိုပါလားဆိုတာ


ပိုသဘောပေါက်လာပြီ။ လက်သီးလက်မောင်းတန်းချင်တဲ့ စိတ်တွေ ဖျောက်လိုက်တော့မယ်ဗျာ။ ရွှေဂျိုးတို့ ကံမကောင်းလို့ နောက်ဆုံးထွက်သက်အထိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ တွေ့ဆုံဆွေးနွေးရေးမဖြစ်လည်း နောင်တမလွန် ဖြစ်လေရာ ဘ၀အဆက်ဆက်ကနေ တွေ့ဆုံဆွေးနွေးရေးကို
ဆက်မျှော်နေမယ်ဗျာ။

လေအိုး ။ ။ အိုကေ အိုကေ ကောင်းတယ် လောလောဆယ်တော့ လင်မယားနှစ်ယောက် တွေ့ဆုံဆွေးနွေးဖို့ အိမ်က ချစ်ဇနီးပူပူနွေးနွေး စောင့်နေပြီ။
နောက်ကျနေရင် တွေ့ဆုံဆွေးနွေးရေးပျက်ပြီး ညစာငတ်လိမ့်မယ် ဟဲ ဟဲ သွားတော့မယ်ဗျို့။ ပြောပြောဆိုဆို “နောက်ဆုံးထွက်သက်အထိ ….
ကိုယ်စောင့်သွားမှာပါ” ဟု ကိုင်ဇာသီချင်းကို ဖျက်ဆိုပြီးသကာလ လေအိုးတယောက် ချစ်ဇနီးနှင့် တွေ့ဆုံဆွေးနွေးရန် ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း
ထုံးစံအတိုင်း ဆိုင်နောက်ဖေးသို့ မနှေးအမြန် အပြေးသန်ခဲ့တော့လေသည်တကား။ ။

http://www.khitpyaing.org/

နယ်စပ် တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံး

By မသင်းသီရိ၊ မနူးပန် သောကြာ, 17 စက်တင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း နယ်စပ်က ကျေးရွာတွေ အတော်များများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့
မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ အခြေအနေ မရှိဘူးဆိုပြီး ကော်မရှင်က ကြေညာလိုက်တဲ့
မြို့နယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေအများစု ဖြစ်နေပါတယ်။

ရွေးကောက်ပွဲမဖြစ်ဘူးလို့ ကြေညာတဲ့စာရင်းမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ၀အထူးဒေသ မြို့နယ်တွေက ကျေးရွာတွေ


အတော်များများ ပါဝင်ပါတယ်။ အခုလို လုပ်ရပ်ဟာ စစ်အစိုးရကို လက်မခံတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မဲပေးခွင့် အခွင့်အလမ်းကို ဟန့်တားလိုက်တာပဲလို့
လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Alternative ASEAN က Debbie Stothardt က ဝေဖန်ပါတယ်။

“ဒါဟာ အတော့်ကို ဆိုးဆိုးရွားရွား လက္ခဏာပါပဲ။ ဒီရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့
ကြိုးစားတာထက် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေရဲ့ အဓိက အရင်းအမြစ် ပြဿနာကို ပိုပြီး တင်းမာလာအောင် လုပ်သလို ဖြစ်နေပါတယ်။” - လို့ ပြောသွားတာပါ။

အခု ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေကို စက်တင်ဘာ ၁ ရက် နောက်ဆုံး ထားပြီး စစ်အစိုးရ လက်အောက်ခံ
နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့ အတော်များများက လက်မခံခဲ့ကြပါဘူး။ ဒါကြောင့်လဲ
အဲဒီနေရာတွေမှာ စစ်အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေအကြား တင်းမာမှုတွေက ရှိနေတာပါ။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်က ကျေးရွာအများစုမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်
ကြေညာလိုက်ပါတယ်။ အဲဒီဒေသတွေမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေ မရှိတာကြောင့်လို့လည်း အကြောင်းပြပါတယ်။ အဲဒီအထဲမှာ
ကချင်ပြည်နယ်က မြို့နယ် ၁၈ မြို့နယ်ရှိတဲ့အထဲက ၉ မြို့နယ် ပါဝင်ပါတယ်။ တကယ်တော့ ကချင်ပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင် အားလုံးဟာ
စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရယူ ထားတာဖြစ်ပါတယ်။ အခုလို နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာရဲ့ နောက်ကွယ်
အခြေအနေတွေ ဘယ်လိုရှိတာကြောင့်ပါလဲ၊ အပြည့်စုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေနေမရှိတဲ့အတွက် ရွေးကောက်ပွဲ မကျင်းပမယ့် အထဲမှာ


ကချင်ပြည်နယ်မြို့နယ် ၉ ခုက ကျေးရွာ အုပ်စုပေါင်း ၆၈ ခု ပါဝင်ပါတယ်။

အခု ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခွင့်မရခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အတွင်းရေးမှူး ဦးတူးရော် က ဒီနယ်မြေတွေဟာ ဘယ်လိုနယ်မြေတွေလဲ
ဆိုတာ ခုလိုပြောပါတယ်။

“အဲဒီနေရာတွေက အခု ကချင်ပြည်နယ်အတွင်းမှာ သူတို့ သတ်မှတ်လိုက်တဲ့ နယ်မြေတွေက ကေအိုင်အို ထိန်းချုပ်လိုက်တဲ့ နယ်မြေတွေမှာ များပါတယ်။ အဲဒီဘက်မှာ
အများအားဖြင့်က ကချင်လူမျိုးတွေပဲ နေထိုင်တဲ့နေရာတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ မဲယှဉ်လာတဲ့အခါမှာလည်း အဲဒီဘက်ကမှာကတော့ သူတို့နိုင်ဖို့
မသေချာဘူး။ အစိုးရဘက်ကနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေ သူတို့တင်ထားတဲ့သူတွေ အနိုင်ရရှိခြင်းကို အဓိက ထားပြီးတော့ အဲဒီလိုလုပ်တာဖြစ်မယ်။ သူတို့အနေနဲ့
လုပ်ချင်သလိုလုပ်တဲ့ သဘောပါပဲ။ ကျွန်တော် အဲလိုပဲ နားလည်တယ်။”

ဒါပေမဲ့ ဒီနယ်မြေတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်စဉ်က မဲပုံးထောင်ခဲ့တဲ့ နယ်မြေတွေဖြစ်ပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်တာဝန်ခံ ဦးအောင်ဝါ ကတော့ -

“ဖြစ်နိုင်တာကတော့ အဲဒီနေရာမှာ ရှုံးဖို့ များပါတယ်။ ကေအိုင်အိုနေရာ ဖြစ်ဖြစ် တခြားနေရာဖြစ်ဖြစ် ဒီလက်ရှိ အစိုးရကို မကြိုက်တာတော့ အမှန်ပဲ။ ဒါကြောင့်မို့
ဆန့်ကျင်ပြီးတော့မှ လွတ်လွတ်လပ်လပ် မဲပေးဖို့၊ အဲဒီဒေသမှာတွေ ပိုပြီး အခွင့်အရေး ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဟာတွေလည်း သူတို့ စိုးရိမ်ပုံရတယ်။ ဒါကြောင့်မို့
ဒီတဝိုက်ကို မဲမထည့်ရဆိုပြီး သတ်မှတ်ထားတဲ့ ပုံစံလည်း ဖြစ်ပါတယ်။”

အခုလိုမကြေညာခင် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို


ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ထပ်မံ ဖိအားပေးခဲ့တာကို ကေအိုင်အိုက ငြင်းဆိုခဲ့ပါတယ်။

အဲဒီအခြေနေတွေမူတည်ပြီး နယ်မြေလုံခြုံရေးကို အကြောင်းပြချက်အနေနဲ့ ရွေးကောက်ပွဲတွေ မလုပ်ဖို့ ကြေညာခဲ့တာ ဖြစ်နိုင်တယ်လို့ ဦးအောင်ဝါက ပြောပါတယ်။

“အဓိကကတော့ ခုရက်ပိုင်းမှာ ကေအိုင်အိုနဲ့ သူတို့ဆွေးနွေးတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ကေအိုင်အိုနဲ့ ဆွေးနွေးတဲ့ နေရာမှာ အဆင်မပြေမှုတွေ
ဖြစ်သွားတယ်။ အဲဒီဟာက အကြောင်းတစ်ကြောင်း ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဒီနေရာက သူတို့အတွက် ရှုံးနိုင် တယ်လို့ ယူဆရပုံရတယ်။ ဒါကြောင့်မို့
ဒီနေရာမှာ မဲမထည့်ရဆိုပြီး ကန့်သတ်ထားတာမျိုး ဖြစ်ပါလိမ့်မယ်။”

ရွေးကောက်ပွဲ မကျင်းပမယ့် ကျေးရွာအုပ်စုတွေပါဝင်တဲ့ မြို့နယ်တွေကတော့ ၀ိုင်းမော်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ တနှိုင်း၊ ဆွမ်ပရာဘွမ်၊ မန်စီ၊ မိုးမောက်၊
ရွှေကူမြို့နယ်တွေမှာ ဖြစ်ကြပါတယ်။

ဝါရင့်နိုင်ငံရေးသမား သခင်အုန်းမြင့် ကွယ်လွန်

By ကိုမိုးဇော် သောကြာ, 17 စက်တင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို အားပေး ကူညီ ထောက်ပံပေးခဲ့တဲ့
သခင်အုန်းမြင့်ဟာ ဒီကနေ့ မနက် သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်အုန်းမြင့်ဟာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုကနေ ဒီမိုကရေစီရေး လှုပ်ရှားမှုအထိ
ထောင်အကြိမ်ကြိမ် ကျခံပြီး နိုင်ငံရေးမှာ စဉ်ဆက်မပြတ် ပါဝင်လာသူဖြစ်ပါတယ်။ အသက် (၉၃) နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သခင်အုန်းမြင့်ရဲ့
နာရေးသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်ကို မိုးဇော်က တင်ပြထားပါတယ်။

သခင်အုန်းမြင့်ဟာ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေးမှာ နေရာမယူဘဲ ကိုယ်ကျိုးစွန့်
ဆောင်ရွက်သူအဖြစ် လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ လေးစားခံရသူ ဖြစ်ပါတယ်။

အသက် (၉၀) ကျော်အရွယ်ထိ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ သခင်အုန်းမြင့်ဟာ ဒီနေ့ မနက်မှာ လူကြီးရောဂါနဲ့
ကွယ်လွန်သွားတယ်လို့ သားဖြစ်သူက အခုလိုပြောပါတယ်။

“ဒီနေ့ မနက်ပေါ့။ သောကြာနေ့ မနက် ၄ နာရီခွဲပါ။ အိမ်မှာပါပဲ။ အိမ်မှာပဲ ဆုံးတာပါပဲ။ လူကြီး ရောဂါပါပဲ။ ၉၃ နှစ်ဆိုတော့လဲ ဒီလိုပါပဲ။ အိပ်ယာထဲ လဲနေတာတော့
ကြာပြီ၊ ဘယ်မှ မသွားနိုင်မလနိုင်နဲ့။ ဒီမနက်မှ ဆုံးတာပါ။”

သခင်အုန်းမြင့်ဟာ အိပ်ယာထဲ မလဲမီအချိန်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး


အကျဉ်းသားမိသားစုတွေကို အားပေးကူညီခဲ့သူလည်း ဖြစ်ပါတယ်။ သူကွယ်လွန်တာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဆုံးရှုံးမှုတခုပါလို့
ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အဖွဲ့အတွက်တော့ ဆုံးရှုံးမှုပါပဲ။ ဘာလို့လဲဆိုတော့ သူက တောက်လျောက် အကူအညီပေးလာတယ်။ တက်တက်ကြွကြွလည်း ရှိတယ်။


လူငယ်တယောက်လိုပဲ သွားလာလှုပ်ရှားတယ်။ ဒါတွေကတော့ ကျနော်တို့ရဲ့ သူ့အပေါ်မှာ ဆုံးရှုံးမှုတွေပေါ့။”

သခင်အုန်းမြင့်ဟာ အသက် ၁၅ နှစ်အရွယ်လောက်က တို့ဗမာအစည်းအရုံး ကြွေးကြော်သံတွေကို ဖြန့်ဝေရင်း နိုင်ငံရေးလောကထဲကို ၀င်ရောက်လာခဲ့သူ


ဖြစ်ပါတယ်။

၁၉၄၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံ အမျိုးသား ကွန်ဂရက်ရဲ့ ဖိတ်ကြားချက်အရ ရမ်းဂါး ညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တို့ဗမာ အစည်းအရုံး ကိုယ်စားလှယ်
အဖြစ် တက်ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရနဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ရာမှာလည်း ပါဝင်ခဲ့သလို ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာလည်း
တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ခေါင်းဆောင် တယောက်ဖြစ်တဲ့ မဖြူဖြူသင်း ကတော့ သခင်အုန်းမြင့်ဟာ လူငယ်တွေအတွက် အတုယူစရာ


ပုဂ္ဂိုလ်တယောက်လို့ ပြောပါတယ်။

“သူ ရှေ့ကနေ လုပ်ဆောင်ချက်တွေကို ကျမတို့ မြင်နေတယ်၊ တွေ့နေတာတွေက သူ့ရဲ့ ကိုယ်ကျိုး လုံးဝမရှိဘူး။ ဒီတိုင်းပြည်အတွက်ဆိုရင် အားလုံး
ဘာပဲလုပ်ရလုပ်ရ အနစ်နာခံတယ်။ ကိုယ်ကျိုးစွန့်တယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ သူတတ်နိုင်တဲ့ဘက်ကနေပြီးတော့ ပြည်သူလူထု ကောင်းစားဖို့အတွက်
ဆိုတာပဲ သူ့မှာရှိတယ်။ ကျန်တဲ့ကိစ္စ သူ့ခေါင်းထဲမှာ မရှိဘူး။ အဲဒီအခါကျတော့ ကျမတို့အနေနဲ့ သူတို့နဲ့စကားပြောကြည့်တာကိုပဲ အများကြီး အားတက်တယ်။
အဘတို့နဲ့ စကားပြောရတယ်၊ အဘတို့ လုပ်တာကိုင်တာ ကြည့်ပြီးတော့ကို အားကျတယ်၊ အတုယူရတာတွေ အများကြီး ရှိပါတယ်။”

သခင်အုန်းမြင့်ဟာ သတင်းစာလောကမှာ ထင်ရှားတဲ့ ဂျာနယ်ကျော် ဦးချစ်မောင် နဲ့ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သလို မြန်မာ့အလင်း၊ တိုးတက်ရေးနဲ့ ဂျာနယ်ကျော်
စတဲ့ သတင်းစာ ဂျာနယ်တွေမှာ ၀တ္ထုရှည်တွေနဲ့ ဆောင်းပါးတွေ အများအပြား ရေးသားခဲ့တဲ့ စာနယ်ဇင်းသမား တယောက်လည်း ဖြစ်ပါတယ်။

သခင်အုန်းမြင့်ရဲ့ ဈာပနကိုတော့ လာမယ့် တနင်္ဂနွေနေ့ ညနေ ၄ နာရီမှာ ရေဝေးသုသာန်မှာ ကျင်းပမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို မကြိုက်ပေမဲ့ နောက်ပိုင်း အပြောင်းအလဲ မျှော်လင့်

By ဦးကျော်ဇံသာ ကြာသပတေး, 16 စက်တင်ဘာ 2010


ဓာတ်ပုံ AP

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်။ မတ် ၁၀၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး အမေရိကန် အစိုးရရဲ့ လမ်းစဉ်ဟာ စိတ်ပျက်စရာတွေသာ ဖြစ်ခဲ့ပေမဲ့ ဒါဟာ ရေရှည် လုပ်ဆောင် သွားရမယ့် လမ်းစဉ်ပဲ
ဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်မှာ
ကြာသပတေးနေ့ မွန်းလွဲပိုင်းက လုပ်ခဲ့တဲ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ နောက်ထပ် ခြေလှမ်းများ ဆိုတဲ့ ဆွေးနွေးပွဲမှာ မစ္စတာ ကမ်းဘဲလ်က
ပြောသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အစတုန်းက အာရှနဲ့ ပတ်သက်ရင် အရှေ့မြောက် အာရှဒေသကိုသာ ပိုပြီးတော့ အာရုံစူးစိုက်ခဲ့ပေမဲ့ သမ္မတ အိုဘားမား အစိုးရ
တက်လာပြီးနောက် အရှေ့တောင်အာရှ အရေးကိုလည်း အလေးပေး စဉ်းစားလာခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အရေးကိုလည်း အထူး ဦးစားပေးပြီး မြန်မာနဲ့
ပတ်သက်တဲ့ မူဝါဒအတွက် သက်ဆိုင် ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ ကျွမ်းကျင်သူတွေ၊ ဒေသတွင်း နိုင်ငံတွေ၊ အစိုးရတွေနဲ့ ဆွေးနွေး
ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆွေးနွေး သုံးသပ်ပြီးတော့မှ ပိတ်ဆို့ အရေးယူမှု သက်သက်ရော၊ လိုက်လျောဆက်ဆံရေးပါ အလုပ်မဖြစ်ဘူး ဆိုတာကို တွေ့ရှိခဲ့ရ တဲ့အတွက်
တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ မူဝါဒကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ဒီ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဟာလည်း အခုချိန်ထိ စိတ်ပျက်စရာတွေနဲ့ပဲ
ကြုံတွေ့နေရတယ်ဆိုတာ မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က အခုလို ၀န်ခံသွားပါတယ်။

“ဒီနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးရေးဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောရင် မမှားဘူးလို့ ကျနော် ထင်ပါတယ်။ ခက်ခဲတဲ့ စိန်ခေါ်မှု တွေနဲ့လည်း
ရင်ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းမှာပဲ အချင်းချင်း တွေ့ဆုံဆွေးနွေးကြဖို့
ကိစ္စ၊ မြောက်ကိုရီးယားနဲ့ သံသယ ဖြစ်စရာကောင်းတဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ အာမခံချက် ပေးဖို့ ကိစ္စတွေအတွက် တိုးတက်မှု တစုံတရာ
ဖြစ်ထွန်းအောင် ကျနော်တို့ အားထုတ်ခဲ့ပါတယ်။

“ဒီကိစ္စရပ်တွေ အားလုံးမှာ စိတ်ပျက်ခဲ့ရတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အစတုန်းက ကျနော်တို့ ပြောခဲ့သလိုပါ၊ ဒါဟာ ရေတိုမူဝါဒ မဟုတ်ပါဘူး၊ ရေရှည်
လုပ်ဆောင်ကြရမယ့် ကိစ္စ ဖြစ်ပါတယ်။”

ဒါပေမဲ့ သူတို့ရဲ့ ဒီမူဝါဒဟာ အောင်မြင်ရမယ်လို့တော့ အလွန်အကျွံ ကတိမပေးလိုဘူး၊ အဆင့်တိုင်း အဆင့်တိုင်းမှာ ဘယ်လို အခြေအနေတွေ ရှိနေတယ်
ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူ
လက်ခံတယ်လို့ ပြောပါတယ်။

နောက်တချက်ကတော့ နိုဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲကို မစ္စတာ ကမ်းဘဲလ်က ဒါဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး၊ တရားမမျှတတဲ့
လုပ်ရပ်သာ ဖြစ်မယ်လို့လည်း ယတိပြတ် ပြောသွားပါတယ်။

“ဒီနေ့ တွေ့မြင်နေရသမျှ ပြောရရင် နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာ တရားဝင် အသိအမှတ် ပြုမှုနဲ့ ကင်းမဲ့နေပါတယ်။ လေ့လာ စောင့်ကြည့်သူ လုံးဝမရှိ၊
နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့ လုပ်ရပ်လည်း တချက်မှ မရှိပါဘူး။”

အဲဒီလို ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံနိုင်စရာ မရှိတဲ့ ရွေးကောက်ပွဲလို့ ဆိုပေမဲ့လည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း
ပြောင်းလာနိုင်မယ့် အရေးကိုလည်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က မျှော်လင့်နေတဲ့ သဘောမျိုး ပြောသွားပါသေးတယ်။

“ရွေးကောက်ပွဲ ကာလမှာတော့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ၊ အာဏာဆက်ဆံရေး ပုံစံသစ်တွေ၊ နိုင်ငံတွင်း အခြေခံ အဆောက်အဦး
အသစ်တွေ ပေါ်ထွက်ကောင်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဘာလုပ်နိုင်မလဲ ဆိုတာ အဆင်သင့် ဖြစ်နေဖို့ လိုမယ် ထင်ပါတယ်။ ဒီ့အတွက်
ဒေသတွင်းက ကျနော်တို့ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေး ညှိနှိုင်းနေပါတယ်။ အဆင်သင့် တံခါးဖွင့်ထားပါတယ်။”

တကယ်တော့ မစ္စတာ ကာ့တ် ကမ်းဘဲလ်ရဲ့ ဒီနေ့ ပြောကြားချက်ဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ အောင်မြင်မှု မရှိပေမဲ့
စိတ်မလျှော့သေးဘူး၊ သည်းခံပြီး စောင့်ဆိုင်းနေဦးမယ် ဆိုတဲ့ သဘောကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ စစ်အစိုးရဟာ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်တောင်မှ မပေးတော့တဲ့ အခြေအနေအထိ လုပ်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အချိန်မျိုးမှာ အမေရိကန် အစိုးရရဲ့ မူဝါဒဟာ တစုံတရာ ပြောင်းလဲလာလေမလား ဆိုပြီးတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က
မျှော်လင့် စောင့်စားနေကြတဲ့ အချိန်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ဘန်ကီမွန်း စိုးရိမ်နေရုံနဲ့ မြန်မာ့အရေးမပြေလည်နိုင် ဟု NLD တုံ့ပြန်

By ဦးကျော်အောင်လွင် ကြာသပတေး, 16 စက်တင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စိုးရိမ်တယ်ဆိုတဲ့ အပြောမျိုးတွေ လုပ်နေရုံနဲ့တော့ မထိရောက်နိုင်ဘူးလို့ NLD ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂကို ဘာကြောင့်များ အခုလို စိတ်ပျက်နေရသလဲ ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့
ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် အဖွဲ့အစည်းအဖြစ်က
ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောနေရုံနဲ့တော့
မြန်မာ့အရေး ပြဿနာတွေက ပြေလည်နိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဝေဖန် တုံ့ပြန်လိုက်ပါတယ်။

AP

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်။ သြဂုတ် ၃၊ ၂၀၁၀။

“မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း
စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု
တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။”

ဦးဝင်းတင်ဟာ ကျန်းမာရေး အားနည်းနေလို့ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးဝါးကုသမှု ခံယူနေရတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ
မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အလုပ်မပါတဲ့ ပြောဆိုမှုတွေနဲ့ လုပ်နေလို့ကတော့ အဆင်ပြေလာနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးဝင်းတင်က ထောက်ပြပါတယ်။

“အနိမ့်ဆုံးအဆင့်ကတော့ အလုပ်လုပ်ဖို့ပါပဲ။ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတခု လုပ်ပေးဖို့ပဲ။ အလုပ်ပါတဲ့ ဝေဖန်ပြောဆိုချက်တွေ၊ သုံးသပ်ချက်တွေ


လုပ်ပါ။ နောက်ဆက်တွဲ အလုပ်ပါတာတွေ လုပ်ပါ။ အရေးအကြီးဆုံးကတော့ ဒီစစ်အစိုးရကို နိုင်ငံတကာ တရားရုံးမှာ စွဲတင်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့
အဆိုတင်ထားတာ ရှိတယ်။ ဒီအဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းဖို့နဲ့ လုံခြုံရေးကောင်စီ အတွင်းမှာ ဖြတ်သန်းနိုင်ဖို့အတွက် ကြိုးပမ်းပေးဖို့၊
ဒါတခုပေါ့ဗျာ။

“သို့မဟုတ်ရင်လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဒီကိစ္စကို သူ့ရဲ့ သြဇာပိုင်နက် အတွင်းကနေ ညှိနှိုင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ ကျနော်
အဲဒီလိုပဲ ထင်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်ကို လာရောက်ခဲ့ဖူးပြီး စစ်အစိုးရ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။


အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေဟာလည်း မြန်မာပြည်ကို အကြိမ်ကြိမ်သွားပြီး မပြေမလည် ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို
ကြားဝင် စေ့စပ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ် ဆိုပေမဲ့လည်း သိသာတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်မလာခဲ့ပါဘူး။

အခုကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ပါဝင်သင့်တဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်နိုင်ရေး ဖန်တီးပေးဖို့ စစ်အစိုးရကို ကုလသမဂ္ဂဘက်က အကြိမ်ကြိမ်
တိုက်တွန်းနေပေမဲ့လည်း အဓိကကျတဲ့ နိုင်ငံရေး အင်အားစုတွေ မပါဝင်ဘဲ ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး တိုက်တွန်း ပြောဆိုမှုတွေဟာ ထိရောက်မှု
မရှိဘူးဆိုပြီး အားမလို အားမရ ဖြစ်နေကြတာက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေတင် မကပါဘူး။ မြန်မာပြည်သူတွေထဲမှာလည်း တော်တော်များများက
ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေကို ဘ၀င်မကျဘဲ ဖြစ်နေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေ၊ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေသာ တယောက်ပြီးတယောက် ပြောင်းလဲသွားကြပေမဲ့


မြန်မာ့ပြဿနာတွေက မပြောင်းလဲဘဲ ရှိနေတဲ့အပေါ် ကုလသမဂ္ဂရဲ့ ထိထိရောက်ရောက် မဆောင်ရွက်တာကြောင့်လို့ အပြစ်တင် ဝေဖန်မှုတွေကလည်း
မြန်မာ့နိုင်ငံရေး လောကမှာ မကြာခဏ ဆိုသလို ထွက်ပေါ်နေတတ်ပါတယ်။

http://www.voanews.com/burmese/news/

သခင် အုန်းမြင့် ၏ ဈာပန အား ဒေါ်အောင်ဆန်းစုကြည် လိုက်ပါပို့ ဆောင်ခွင့်ရရှိရန်တောင်းဆိုမည်

September 17, 2010 freedom news group Leave a comment Go to comments


12
0
မဲပေးပါ
i

သခင် အုန်းမြင့် ၏ ကြွင်းကျန် ရစ်ခဲ့သည့် ရုပ်ကလာပ် အား နာရေး ကူညီမှု အသင်းမှာ မော်တော်ကားဖြင့် လာရောက် သယ်ဆောင်စဉ်

မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲ မှ အစပြု ကာ ဒီမိုကရေစီ ရေး အထိ


နိုင်ငံ နှင့် ပြည့်သူ့ အကျိုး ကို ကျေပွန် စွာ ထမ်းဆောင် ခဲ့သည့် အမျိုး
သားဒီမိုကရေစီ အဖွဲ့ ချုပ်၏ လူမှုအထောက်အကူပြု အဖွဲ့၏ ဒုဥက္ကဋ္ဌ
ဖြစ်သူ သခင် အုန်းမြင့် သည် ယနေ့ နံနက် လေးနာခွဲ အချိန် တွင် ရန်ကုန်
တိုင်း ရန်ကင်း မြို့ နေအိမ်ဉ် ကွယ်လွန် သည် ဟု မိသားစု ၀င် တစ်ဦးက
Freedom News Group သို့ ပြောသည်။

သခင်အုန်းမြင့် ၏ ရုပ် အလောင်း အားသယ်ဆောင်သွားစဉ်

ကွယ်လွန်ချိန် တွင် အသက် ၉၃ နှစ် ရှိပြီ ဖြစ်သည့် သခင်အုန်းမြင့် ၏ ဈာ


ပန အခမ်းအနား အား တနင်္ဂနွေ နေ့ ညနေ လေးနာရီ တွင်ကျင်းပမည်
ဖြစ် ကာ သခင် အုန်းမြင့် ၏ ဈာပန အခမ်း အနား ပါတီ ခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည် လိုက်ပါ ပို့ ဆောင် ခွင့် ရရေး NLD မှ ကြိုးပမ်းသွား
မည် ဟု သိရသည်။
စစ်ဆင်ရေး လုပ်ရန် ရည်ရွယ်ထားသည့် ဒေသအချို့ တွင် ရွေးကောက်ပမလု
ွဲ ပ်ဟုကြေငြာ

September 17, 2010 freedom news group Leave a comment Go to comments

11
3
မဲပေးပါ
i Burma bars several areas from elections

အောင်မြင်၊ ၊ယနေ့ ညနေ မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင် တိုင်းရင်းသား ဒေသ အချို့ တွင်
ရွေးကောက်ပွဲ ကျင်းပပေးခြင်း မပြု ဟု ကြေငြာ သွားသည်။ရွေးကောက်ပွဲ ကျင်းပခြင်း ပြုလုပ် မည်မဟုတ်
သည့် ဒေသအချို့ မှာ

၁။ ကချင်ပြည်နယ် (၉၉/၂၀၁၀)
၂။ ကယားပြည်နယ်(၁၀၀/၂၀၁၀)
၃။ ကရင်ပြည်နယ်။ (၁၀၁/၂၀၁၀)
၎။ မွန်ပြည်နယ် (၁၀၂/၂၀၁၀) ဘီလင်း
၅။ ရှမ်း (၁၀၃/၂၀၁၀) ပန်ဆန်းမြို့နယ်။ နားဖန်း။ ပန်ဝိုင်၊ မိုင်းမော။ ဟိုပန်။ နမ်တစ်။ နားဝီး။ မိုင်းခတ်။
၆။ ပါတီဖျက်သိမ်းခြင်း (၁၀၄/၂၀၁၀) ကယားပြည်နယ်အတွင်းက လူမျိုးပေါင်းစုံ ပါတီတို့ ဖြစ်သည်။

စစ်အစိုးရ က ရွေးကောက် ပွဲ ကျင်းပပေးရန် အတွက် ရည်ရွယ် ထားခြင်း မရှိ သည့် ဒေသများမှာ
စစ်ဆင်ရေး ပြုလုပ်ရန် ရည်ရွယ် ထားခြင်း ကြောင့် ဖြစ်သည် ဟု အငြိမ်းစား တပ်မတော် အရာရှိ
တစ်ဦးက Freedom News Group သို့ ပြောသည်။
http://freedomnewsgroup.com/

Friday, 17 September 2010

စံတော်ဝင် အဘ
နိုင်ငံရေးအကျဉ်းသူဟောင်းတဦး
စက်တင်ဘာ ၁၈၊ ၂၀၁၀
အဘကို ကျမ စမြင်ဖူးစဉ်က အမှတ် ၅၁ ဒတ်ဆန်းအမြန်ယာဉ် ကားပေါ်မှာ ဖြစ်သည်၊၊ ပထမ ဦးဆုံးစမြင်ရသည်က ဝေါကင်းရှူးစီး၍ ဂျင်းဘောင်းဘီဝတ်ထားသော
လွယ်အိတ်ကြီးကြီးတလုံး ကိုလွယ်ထားသော ကျွဲကော်ကိုင်း မျက်မှန်အနက်ကို တတ်ဆင်ထားသော ကားနောက်မှီးကို တွယ်လိုက်နေသည့် အဖိုးကြီးတဦး …
ကျမက ကား၏ နောက်ဆုံးထိုင်ခုံတွင် နေရာရသည်၊၊ အလယ်တန်း နောက်ဆုံးထိုင်ခုံတွင် ထိုင်နေသူ လူငယ် ၂ ယောက်က
ကျောင်းသားလှုပ်ရှားမှုများတွင် မကြာခဏ တွေ့မြင်နေရသော လူငယ်များဖြစ်သည်၊၊ အဘက မြေနီကုန်းက တက်လာခြင်းဖြစ်သည်၊၊ ထိုစဉ် လူငယ်တဦးက ထ၍
“လာ … အဘ ဒီမှာထိုင် …” ဟု ဆိုကာ နေရာချင်း လဲလိုက်ကြသည်၊ လူငယ်က ကားနောက်မှီးတွင် တွဲလောင်းဖြစ်သွားသည်၊၊ အဘကတော့ နေရာ ရသွားသည်၊၊
အဘက ထိုလူငယ်ကိုကြည့်၍
“ ဟေ့ မင်းစာအုပ် ကိုယ့်ကို ပေးထား …”
လူငယ်က “ဟုတ်ကဲ့ …”
ဆိုပြီး စာအုပ်ကို လှမ်းပေးသည်၊၊
အဘက ထိုစာအုပ်အပေါ်တွင် သူ၏ လွယ်အိတ်ကို တင်လိုက်သည်၊၊ စံပြရုံမှတ်တိုင်ရောက်တော့ ကျမကားပေါ်က ဆင်းလာခဲ့သည်၊၊
ကျမ စိတ်ထဲတွင် ထိုအဘကို မကြာခန မြင်ဖူးနေသယောင် ထင်မှတ်မိနေသည်က အရေးတော်ပုံ လှုပ်ရှားမှုတွင် …
ကျမက ထောင်ကလွတ်ပြီးစမှ စတင်၍ ကျမနှင့် ခင်မင်ရင်းနှီးသော ရဲဘော်များနှင့် အတူ ရတတ်သမျှ အလုပ်ကလေးလုပ်၊ တတ်နိုင်သလောက်
ချွေတာ၊ အခြားရဲဘော်များထံမှ ငွေကြေး ကလေးများ စုဆောင်း၊ ပြီးတော့ ထောင်ဝင်စာ မတတ်နိုင်သော ရဲဘော်အချို့အိမ်သို့ သွား၍၎င်း၊ ကိုယ်ကိုယ်တိုင်
ထောင်ဗူးဝသို့သွား၍၎င်း၊ လူကြုံရှာ၍ စားစရာနှင့် ဆေးဝါးများ ပို့ပေးလေ့ရှိသည်၊၊
၁၉၉၇ ခု၊ ကျမ နောက်တကြိမ် စစ်ကြောရေးသို့ ရောက်ခဲ့သည်၊၊ အဲဒီမှာလည်း အဘအမည်ကို
ကြားခဲ့ရသည်၊၊ စစ်ကြောရေးမှ လွတ်ပြီး နောက်ပိုင်းတွင်လည်း ကျမတို့ လုပ်လက်စအလုပ်များကို ဆက်လုပ် နေခဲ့ကြသည်၊၊ ၁၉၉၉ ခုနှစ်တွင် ကျမတို့ အန်အယ်ဒီ
မဟုတ်သော ပြင်ပအုပ်စုများနှင့် အဖွဲ့ချုပ်လူမှုထောက်ကူပြု အဖွဲ့တို့ ပူးပေါင်း၍ အလုပ်တော်တော်များ လုပ်နိုင်ခဲ့ကြသည်၊၊
ဇွန်လ၏ မိုးရေစက်များအောက်တွင် ဗမာပြည်အတွက် တိုက်ပွဲပျော် မိခင်တဦး ကွယ်လွန်ခဲ့ရှာသည်၊၊ ထိုအမေ ဒေါ်ကြည်ကြည်၏ ဈာပနတွင် အဘကို
ထပ်မံတွေ့ဆုံခဲ့ရသည်၊၊ ကျမနှင့် သူငယ်ချင်းများက ထိုဈာပနတွင် ကျန်ရစ်သူမိသားစုဘက်မှ ခြေသည်းလက်သည်း အဘက စာအုပ်တအုပ်နှင့် ဈာပန
ကူညီငွေများကို လက်ခံနေသည်၊၊
ပြီးတော့ ကျမအမည်ကို မမဒုံတို့က ခေါ်တော့ အဘ မော့မော့ကြည့်သည်၊ ထိုခဏတွင် ကျမက အဘထံ ကူငွေသွားပေးသည်၊၊ နံမည်ကို မေးတော့ သူ
ခေတ္တတုန့်ဆိုင်းပြီးမှ စာရွက်ပေါ်တွင် ရေးချလိုက်သည်၊၊ တဆက်တည်းဆိုသလိုမှာပဲ အော်သမီးက “ × × ×” ဆိုတာကိုး၊၊
ထိုနောက်တွင် အဘနှင့်ကျမတို့ လူမှုထောက်ကူအလုပ်များ လုပ်ကိုင်ရင်း ကာလအနည်းငယ် အတွင်းမှာပင် ကျမသည် အဘ၏ စိတ်ချ ယုံကြည်ရသော
သူတဦးဖြစ်လာခဲ့သည်၊၊ အဘနှင့်တွေ့တိုင်း ကျမအတွက် စိတ်အားထက်သန် ခဲ့ရသည်၊၊ အဘက ကျမကို သမီးတယောက်ကဲ့သို့၊ လုပ်ဖေါ်ကိုင်ဘက်
ရဲဘော်တဦးကဲ့သို့ ဆက်ဆံခဲ့သည်၊၊ အားပေးခဲ့သည်၊၊ သင်ပြပေးခဲ့သည်၊၊ အထူးသဖြင့် စာနယ်ဇင်းဆိုင်ရာ အတတ်များ၊၊
ထိုသို့ အဘ၏ ယုံကြည်မှု ရလာသောအခါ ကျမက လက်ရဲဇက်ရဲ နိုင်လာသည်၊၊ ထောင်အတွင်း အပြင်ကိစ္စများ၊ ထောင်ထဲရှိ ရဲဘော်များ၏
ကျန်းမာရေးကိစ္စများ၊ ဆေးကုသရေးဆိုင်ရာ ကိစ္စများ ကျမ လုပ်ရဲ လုပ်တတ်လာခဲ့သည်၊၊
ဥပမာ ဦးရှိန်တင်၊ ဦးစောဘင်ဆင် အစရှိသူတို့ကို ထောင်ပြင်ပဆေးရုံသို့ တက်ရောက် ကုသခဲ့ရသူများ၊ ကျမ မှတ်မိသလောက် ဦးရှိန်တင်
(တောင်ငူထောင်မှ ပြင်ပဆေးရုံသို့ ရောက်ပြီး ကွယ်လွန်သူ)၊ ဦးဆာထူးစော၊ အစရှိသည့် ပုဂ္ဂိုလ်မျာ …
အဲသလိုနှင့် ကျမက လုပ်ငန်းတွင်ကျယ်သလောက် ရန်သူ၏ မျက်စိစပါးမွှေးစူးမှုကို ခံလာရသည်၊၊ ထို့နောက် … ထို့နောက်တွင် ကျမ ဒုတိယမြစ်
တတိယမြစ် … ကျမ ကူးခတ်နေရသည်၊၊
သို့သော် အဘထံသို့ ရံဖန်ရံခါ ဂါရဝပြုနေဆဲ ပါပင်။
ယနေ့ အဘကွယ်လွန်ကြောင်း သိလိုက်ရသည်၊၊ တဦးချင်းအဖို့ သော်၎င်း၊ လူ့အဖွဲ့စည်းအတွက်သော်၎င်း … ကျီးအုပ်တို့ ပြိုလေပြီ၊၊
အဘနှင့်ရင်းနှီး၍ မကြာသေးခင်ကမှ အဘပြောခဲ့သော စကားလေးကို အမှတ်ရ နေပါသေးသည်၊၊
“ (ဟေ့ကောင် “× × ×” မင်း ရောက်လာပြန်ပြီလား … တော်တော်ရှုပ်တဲ့ အကောင်ပဲ …) ဆိုပြီး အဘကို ထုထည့်လိုက်တာ အဘလည်း ပုံရက်သား
လဲကျသွားတာပဲ။ အဘကို ခေါင်းစွပ် လာဆွဲချွတ်တော့မှ အဘမှန်းသိပြီး ထောက်လှမ်းရေးက တောင်းပန်သွားတယ်၊၊ အခုမှ အဘ သိရတယ်။ အဲဒီတုန်းက သူတို့
လူမှားရိုက်တာ သမီးကိုး ”
ဟု ပြောရင်း ရယ်မောနေပါသည်၊၊
ဒီလိုအပြုံး၊ ဒီလို အရယ်များနှင့်ပင် သူချစ်သော ရဲဘော်များနှင့် လက်တွဲ၍ ဘဝတလျှောက်လုံး တိုက်ပွဲပေါင်းများစွာ တိုက်ခဲ့သည် ဟု ကျမ
ယုံကြည်ပါသည်၊၊
“အဘကား ကွယ်လေပြီ။ အဘဇီဝရုပ်ဓါတ်ကား ကွယ်လေပြီ။ သို့သော် လူ့အဖွဲ့အစည်း၏ သမိုင်းစာမျက်နှာများ အပေါ်၌ အဘနံမည်ကား ဘယ်တော့မှ
မကွယ် ”၊၊ ။
(အဘဦးအုန်းမြင့်၏ ဓာတ်ပုံ - ကိုအောင်ဒင် (US Campaign for Burma) ပို့ပေးတယ်)

အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်


မောင်ရစ်
စက်တင်ဘာ ၁၇၊ ၂၀၁၀
သခင်အုန်းမြင့် ကွယ်လွန်သွားတဲ့အတွက် မိုးမခ မီဒီယာတဖွဲ့လုံးက ၀မ်းနည်း ကြေကွဲကြောင်း မှတ်တမ်းပြုလိုက်တယ်။ မိုးမခက
ဝိုင်းတော်သားတွေအားလုံးက ၈၈ အရေးအခင်းထဲမှာ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လျှောက်ခဲ့ကြဖူးသူတွေ၊ သမဂ္ဂတွေ၊ အင်န်အယ်ဒီ၊ လူ့ဘောင်သစ်၊
တပ်ဥိးတွေ စသည်တို့မှာ ဘယ်နေရာက ဖြစ်ဖြစ် လုပ်အားလေး ဘာလေး နဲနဲပါးပါး ပေးခဲ့ဖူးကြသူတွေ ဆိုတော့ အဘသခင်အုန်းမြင့်ကို မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊
ကြုံဖူးသူတွေချည်းမို့ ချစ်ခင်ကြည်ညိုသူတွေချည်းမို့ သည်လိုမျိုး ရဲရဲကြီး ပြောရဲတာာ ဖြစ်ပါတယ်။

ဆရာဦးတင်မိုးလိုပဲ အမြဲတမ်း ပြုံးနေတတ်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ်ယုံကြည်ရာကို၊ အမှန်တရားကို တစိုက်မတ်မတ်


တည်ဆောက် ချီတက်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ သူ့ကို တော်လှန်ရေးရဲ့ အချက်အခြာ နေရာ၊ ဒေသ၊ အချိန်အခါတွေမှာ အမြဲတမ်း တွေ့ရပါတယ်။
အမြဲတမ်း သူရှိလို့ နေပါတယ်။
ဂတိမတည်တဲ့၊ သစ္စာမရှိတဲ့၊ သီလမရှိတဲ့၊ ရက်စက် ကြမ်းကြုတ်ပြီး၊ ကောက်ကျစ်တဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အလိုတော်ရိတွေ၊
လက်ကိုင်တုတ်တွေ၊ နောက်လိုက်ငယ်သားတွေကို အမြဲတမ်း ကန့်ကွက် ရှုတ်ချ ဆန့်ကျင် တိုက်ခိုက်နေရသူတွေအတွက် အဘဦးအုန်းမြင့်ဟာ အားဆေးတခွက်
ဖြစ်ပါတယ်။ အဘကို မြင်လိုက်ရရင် ကျနော်တို့တတွေ အားရှိသွားတယ်။ အဘကို တွေးလိုက်ရင် ကျနော်တို့တတွေ ခွန်အားတွေ ဖြစ်လာတယ်။ ပိန်ပိန်သေးသေးနဲ့
ရန်ကုန်လမ်းမများပေါ် တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ အဖိုးအိုတဦးဟာ အလွန်ကြီးကျယ် မြင့်မြတ်ရဲရင့်တဲ့ အမျိုးသားနိုင်ငံရေးသမားတဦး
ဖြစ်နေလို့ပါပဲ။
ဆရာဦးဝင်းတင်နဲ့ သူတို့ ၂ ဦး လွန်ခဲ့တဲ့ လအနည်းငယ်က လက်တွဲလို့ စကားလက်ဆုံ ပြောမကုန် ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်။
အလွန်ကြည်နူးဖွယ်ရာ မြင်ကွင်းပဲ။ သူတို့လျှောက်နေတဲ့ လမ်းတွေနောက်က ကျနော်တို့ ဆက်လျှောက်ကြဖို့ပဲ လိုပါတယ်။ သူတို့လည်း လမ်းမပျောက်ခဲ့ဘူး။
ကျနော်တို့လည်း သူတို့နောက်က ရဲရဲကြီး ရှေ့တိုးကြ … လမ်းပျောက်စရာ မရှိပါဘူး။
ကျနော်တို့ရှေ့က အမှန်တရားနဲ့ တရား မျှတမှုအတွက် စွန့်လွှတ် စွန့်စား ရုန်းကန် ရင်ဆိုင်သွားကြသူ အဖိုး၊ အဖွား၊ မိခင်၊ ဘခင်၊ ညီအကို မောင်နှမ
များစွာဟာ ဥာဏ်အလင်းပွင့်ဖို့ သစ္စာရှာကြသူတွေ ချည်းပဲလို့ ယုံကြည်ပါတယ်။ အခု ရခဲလှတဲ့ လူ့ဘ၀မှာ သစ္စာတရားကို ရှာဖွေဖို့ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊
အရင်းအနှီးတွေ မြောက်များစွာနဲ့ ပါရမီတွေ ဖြည့်သွားကြတယ်၊ ဖြည့်နေကြတယ် လို့ မြင်မိပါတယ်။
မိမိဘ၀နဲ့ ရင်းပြီး ပေးဆပ်တယ်။ ကိုယ် စိတ် နှလုံး ဖောက်ပြန်မှု မရှိဘူး။ သူတပါးအပေါ်မှာလည်း အကောက်မကြံဘူး။ ပညာဥာဏ်မဲ့တဲ့ မိုက်မဲမှုတွေ
မလုပ်ဘူး။ ခိုင်မာမြဲမြံတဲ့ သန္နိဌာန်နဲ့ မဆုပ်မနစ် ချီတက်တယ်။ သည်းခံမှု၊ ရိုးသားမှုတွေ မေတ္တာထားမှုတွေနဲ့ ပြည့်ဝအောင် ကြိုးစားတယ်။ တလောကလုံးက
တိုက်ခိုက်စော်ကားနေပါစေ သူတို့တတွေဟာ ယိမ်းယိုင် တွေဝေခြင်း စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ရင်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။
သစ္စာကို ရှာဖွေနေတဲ့ ပါရမီရှင်ကြီးတွေကို ကျနော်တို့တတွေ ပတ်ဝန်းကျင်မှာ တွေ့ကြုံ ဆုံခွင့်ရတာ၊ တလေးတစား အသိအမှတ်ပြုခွင့်ရတာကိုက
ကျနော်တို့အတွက် ဒုလ္လဘကြီး တခုလို့ သဘောထားပါတယ်။ အဲသည်လို သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ၊ ကြီးကျယ် မြင့်မြတ်သူတွေကို အမှန်အတိုင်း
ပကတိအတိုင်း မြင်သိဖို့အတွက် ကျနော်တို့မှာ မောဟအမှောင်တွေ ပိတ်ဖုံး မနေမိတာကို ၀မ်းသာမိပါတယ်။
အခုတော့ ကျနော်တို့ ကို ခွဲခွာလို့ ခရီးဆက် ထွက်ခွာသွားသူကို နှုတ်ဆက်ကြဖို့သာ ရှိတယ်။ သံသရာသာ ရှိခဲ့ရင် နောင်ဘ၀ အဆက်ဆက် ကျနော်တို့
မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သူလိုလူမျိုးတွေနဲ့ပဲ အကြိမ်ကြိမ် ကြုံခွင့်ရလိုပါတယ်။ သူလိုလူတွေ တည်ရှိနေတဲ့အတွက်
ကျနော်တို့တတွေ ဘာမှ ဆုံးရှုံးနစ်နာစရာ မရှိပါ။ သုူတို့မရှိတော့တဲ့ လောကကြီးမှာသာ အကျည်းတန်လို့ ကျန်ရစ်ပါတယ်။
အဘသခင်အုန်းမြင့် သက်တော်ရာကျော် ရှည်ပါစေ။ ။

(ပန်းချီမင်းကျော်ခိုင်ရဲ့ ပုံကို ယူသုံးထားပါတယ်)

Thursday, 16 September 2010


သခင်အုန်းမြင့် - အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး
ဂျူနီယာဝင်း
စက်တင်ဘာ ၁၇၊ ၂၀၁၀
အဘက လူချစ်လူခင် ပေါတယ်။ သူ့ကို မေတ္တာထားတဲ့သူတွေ များတယ်။ ဘယ်မှာဖြစ်ဖြစ် တွေ့လိုက်ရင် သူ့ဘေးမှာ လူငယ် လူကြီး ၀ိုင်းရံလို့။ အဘကို
ကြည့်လိုက်ရင် တခါမှ လေးလံနေတာ မတွေ့ရဘူး။ တက်ကြွ လန်းဆန်း နေတာပဲ။ ပြီးတော့ စိတ်ဓါတ်လည်း ဘယ်တော့မှ မကျဘူး။ အမြဲ အင်နဲ့ အားနဲ့
ပြောဆိုတတ်တယ်။ လက်သီးလက်မောင်း တန်းပြီးတော့လည်း အားပါးတရ ပြောဆိုနေတာပဲ။ အဲဒါအဘရဲ့ပုံရိပ်တွေပေါ့။

လူငယ်တွေထက်တောင် ပေါ့ပါးဖြတ်လတ်နေတဲ့၊ အစဉ်အမြဲ တက်ကြွလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦးကို ပြပါဆိုရင် အဘပဲပေါ့။ ပိန်ပိန်ပါးပါးနဲ့ အဘကို


မသိဘဲ နေပါ့မလား။ ဘဘကြီးနဲ့ မေမေကြီးတို့ ကို သံယောဇဉ်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့သူပါပဲ။
ဘဘကြီးနဲ့ မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီးနောက်မှာ ဘဘကြီးနဲ့ မေမေကြီးတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို မပြတ်မကွက် ရောက်လာတတ်ပါတယ်။
ဘဘကြီးတို့ မေမေကြီးတို့ အကြောင်းတွေ ပြောပြတတ်တယ်။ ပြီးတော့ လူငယ်တွေကို ညှာတတ်သူတယောက်လည်း ဖြစ်ပါတယ်။
အလွန်ပူအိုက်တဲ့ သည်နှစ် နွေတနေ့မှာ အဘအိမ်ကို ရောက်ခဲ့ဖူးတယ်။ အဘက ဘာလို့ လာရသလဲ၊ ဒီလောက်ပူတာ အိမ်မှာပဲနေလို့ အပြစ်တင်တယ်။
ပြီးတော့ အေးမြတဲ့ သံပုရာရည်နဲ့ ဧည့်ခံတယ်။ သံပုရာရည် ကြိုက်တယ်ဆိုတော့ အဲဒီသံပုရာရည်အနှစ်ပုလင်းတွေ လက်ဆောင်ပေးလိုက်သေးတယ်။ ဒါ့အပြင်
သူ့အိမ်မှာ စိုက်ထားတဲ့ သံပုရာအပင်ပေါက်နှစ်ပင်ကို ယူသွားခိုင်းပါတယ်။ ပြီးတော့ သူ့ဆီမလာနဲ့ မလိုဘူးလို့ တဖွဖွ ပြောတယ်။ သူ့အင်တာဗျူးတွေပါတဲ့
ဂျာနယ်တွေအကြောင်း ပြောဖြစ်တယ်။ သံပုရာပင်တွေ အသီးတွေကို ဘယ်လို အလှူတွေလုပ်နေရကြောင်းတွေ တက်တက်ကြွကြွ ပြောပြတယ်။
နောက်ပိုင်း အိမ်ကို အဘကိုယ်တိုင်လာတော့ သူ့လွယ်အိတ်ထဲမှာ သံပုရာပုလင်းတွေ ၅ ပုလင်း တောင် ထည့်လာပြီး ယူလာပေးတယ်။
ကြိုက်မှန်းသိတော့ သူပေးချင်တဲ့ စေတနာပေါ့။ အဘလည်း ကုသိုလ်ရအောင်ဆိုပြီး ဘုန်းကြီးကျောင်းတွေ လှူဖြစ်တယ်လေ။
ပြီးတော့ အင်မတန် ၀တ္တရားကျေတဲ့ သူတဦးလည်း ဖြစ်ပါတယ်။ မှတ်မှတ်ရရတွေ အများကြီးထဲမှာ ကာတွန်းဦးဖေသိန်း ဆုံးတုန်းကလည်း
ဆုံဖြစ်ကြသေးတယ်။ လူမူရေးကိစ္စတွေမှာ ပျက်ကွက်တယ် ဆိုတာ မရှိဘူး။
ဥပမာ နာဂစ်ဖြစ်တုန်းက အိမ်ကိုရောက်လာပြီး သတင်း လာမေးတယ်လေ။ ကိုယ်က သူ့အိမ်သတင်း သွားမမေးနိုင်ပေမယ့် အဘက အိမ်အထိ
ရောက်လာမေးတယ်။ အဲဒီလောက်ကို ဂရုစိုက်တတ်တဲ့ အဘပါပဲ။
အဘက လူချစ်လူခင် ပေါတယ်။ သူ့ကို မေတ္တာထားတဲ့သူတွေ များတယ်။ ဘယ်မှာဖြစ်ဖြစ် တွေ့လိုက်ရင် သူ့ဘေးမှာ လူငယ် လူကြီး ၀ိုင်းရံလို့။
အဘကို ကြည့်လိုက်ရင် တခါမှ လေးလံနေတာ မတွေ့ရဘူး။ တက်ကြွ လန်းဆန်း နေတာပဲ။ ပြီးတော့ စိတ်ဓါတ်လည်း ဘယ်တော့မှ မကျဘူး။ အမြဲ အင်နဲ့ အားနဲ့
ပြောဆိုတတ်တယ်။ လက်သီးလက်မောင်း တန်းပြီးတော့လည်း အားပါးတရ ပြောဆိုနေတာပဲ။ အဲဒါအဘရဲ့ပုံရိပ်တွေပေါ့။
ဒီနေ့ အဘ ကွယ်လွန်ပြီ လို့ ကြားတယ်။ မျက်စိထဲမှာ အစီအရီ ပေါ်လာတဲ့ တပိုင်းတစ ပုံရိပ်တွေကို ချရေးမိတယ်။
မျက်စိထဲမှာတော့ ပိန်ပိန်ပါးပါး ဘောင်းဘီရှည် မျက်မှန်ကိုင်းထူထူနဲ့ လွယ်အိတ်လွယ်ထားတဲ့ အဘိုးအိုတစ်ဦးပါပဲ။ သွားလာ လှုပ်ရှား သွက်လက်
ဖြတ်လတ် လန်းဆန်း နိုးကြားနေတဲ့ အသွင်အပြင်တွေကိုပဲ မြင်မိပါတယ်။ ဒီပုံရိပ်တွေကို ချန်ထားရစ်ခဲ့ပြီလို့ပဲ နှူတ်ဆက်စကား ဆိုချင်ပါတော့တယ်။
(ဂျူနီယာဝင်းဘလော့ဂ်ကနေ ပြန်လည်ကူးယူတင်ဆက်ပါတယ် - http://juniorwin.blogspot.com )

ကောင်းသား လူငယ်တိုရဲ အဘ သခင်အုန်ူးမင့်


မောင်စမြ်းရည်

စက်တင်ဘာ ၁၇၊ ၂၀၁၀

ရန်ကုန်မြာ တင်မိုးနဲ ကနော်တိုဟာ လူဋ္ဌကီးတြေုကားမြာရော၊ လူငယ်တြေုကားမြာရော အမဲတမ်ုးကားညပ်ပီး ပနေလေ့ရြိပတယ်။ "ဗုံမဟုတ်


ပတ်မဟုတ်" "မဋ္ဌကီးမငယ် စလယ်တောင်း" လိုပဲ ဆိုခင်ဆို အကောင်းဘက်ကုကည့်ပီး "ရြေးမီနောက်မ"ီ လိုပဲေူပာခင်ေူပာ၊ ကနော်တိုကတော့ ဟိုပသည်ပ၊သည်ပၝ
ပနေတတ်ပတယ်။

မိံ္ဈလေးက ရန်ကုန်ကို ဆင်းလာတဲ့ သူငယ်ခင်းတေထြဲမြာ ကိုသိာိုံးက လူသိပ်ြေးပီး ပေင်းပတယ်။ ကိုသိနိးိုံင် (ဂုဏ်ထူး သိနိးိုံင)် က သူကရြင်ြတေနြဲနဲၝ
မအားပဘူး။ ကိုဝင်းဖေနဲ ကိုမိုးသူတိုကုပ်ရင်ြဘက် အနေမားပတယ်။ ၝ
ဆရာဇော်ဂီ၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ထင်၊ ဆရာဋ္ဌကီး ဦးခင်မောင်လတ်၊ ဆရာမဋ္ဌကီး ဒေခင်မြိးခစ် တိုကိုတော့ "နတ်နေကိုင်း" တေလြို
ခန်ထားပီး ဆက်ဆံပတယ်။

သခင်သိန်းမောင်၊ သခင်အုန်ူးမင့်၊ လေထီး အုန်းမောင်၊ ဗိုလ်ထိန်လင်း၊ ဆရာပရဂူ၊ ဆရာတာရာ၊ ဆရာတိုက်စိုး၊ ဦးထနြ်းဝေ စတဲ့ လူဋ္ဌကီးမားကိုတော့
သူတိုကလဲ ကနော်တိုတတေကြို လူငယ်တေလြို သဘောထားဟန်မတူပ။ ယ်ြတူလို ဆက်ဆံပတယ်။ ပၝ

ကနော်တိုကလဲ သူတိုကို သိပ်ဋ္ဌကီးတဲ့ လူဋ္ဌကီးတေလြို သဘောမထားပ။ မိုမသေလဲ မဟုတ်ပ။ ဒပေမဲ့ "မိုမသေ"ေူပာရရင် "သူငယ်ခင်းတေလြိုပ"ဲ
ခင်မင်ရင်ြးီံုးကပတယ်။ ငယ်ပေင်းဋ္ဌကီးဖော်တေလြိုပဲလိုေူပာပရစေ။

တကယ်တော့ ကနော်တို ရန်ကုန်ေူပာင်းလာမြ ဒီ ဆရာဋ္ဌကီးတေနြဲ ခင်ုကမင်ုကရတာပ။ သူတိုကလဲ ကနော်တိုထက် ငယ်သူတေကြိုလဲ ဒီလိုပဲ


ဆက်ဆံနေတာဆိုတော့ တန်းတူလို ဆက်ဆံရေးမြာ ဘာမြ အဟန်အတားမူဖစ်ခဲ့ပဘူး။ လူဋ္ဌကီးနဲ လူငယ်ကြာဟမတြေကြို အူပန်အလနြ်
ူဖည့်တင်းနေုကသလိုပပဲ။

ဓာတ်ပုံ (မိုးမခ) - သခင်အုန်ူးမင့်ကို ကာတနြ်းဦးဖေသိန်း


မြေးနေတငြ် တေရြစဉ်၊ ဘေးမြာ ဦးမောင်မောင်ခင်ူဖစ်ပတယ်

တခတုန်းက အဘ ဦးအုန်ူးမင့်ရဲ နာမည်ဟာ မင်းကိုံင်တိုရဲ အမည်နဲ အတော်လေး သတင်းထက်ြလာခဲ့ပတယ်။ အသက်က ၈၀ ကော် ၉၀ ပိုင်း
ကူးနေပပီ။ ဒပေမဲ့ လူငယ်လေးတယောက်ူဖစ်တဲ့ မင်းကိုံင်ကို ဦးအုန်ူးမင့်က စိတ်ဓာတ်အင်အားနဲ သာမက ကာယအင်အားနဲပ ကာကယ်ြလိုက်လိုက်လိုၝ
"သတင်း"ူဖစ်သြားခဲ့တာပ။

အိမ်တအိမ်က ဧည့်ခံပြဲ စကားဝိုင်းတခုမြာ ဦးအုန်ူးမင့်နဲ မင်းကိုံင်တို ကောင်းသားခေင်းဆောင်တြေ စားပြဲတခုတည်းမြာ ဝိုင်းဖြဲနေုကသတဲ့။


အဲဒီတုန်းမြာ ကောင်းသားသင်္စာဖောက်တယောက်က မင်းကိုံင်ကို ရန်စကားေူပာပီး ဝငိုက်လိုက်သတဲ့။ အဲဒီအခမြာ ဦးအုန်ူးမင့်က သူဘေးမြာခထားတဲ့
လမ်းလ္တွောက်တုတ်နဲုကာူးဖတ်ပီး ကောကိုက်သတဲ့။ အဖိုးဋ္ဌကီးတဦးက ဖတ်ဖတ်လတ်လတ်ဝင်ပီး ကာကယ်ြလို မင်းကိုံင်ကို မထိဘဲူဖစ်သြားရတာပ။ းရတာပၝ

ဦးအုန်ူးမင့်ဟာ၊ အဲသလိုပဲ အမဲဖတ်လတ်သက်ြလက်နေတာပ။ သြားသက်ြသကြ်၊ စားသက်ြသကြ်၊ေူပာရင်လဲ သက်ြသက်ြပပဲ။ေူပာတဲ့အခမြာတော့


ဟာသပတတ်ပတယ်။ တခတလေတော့ ရယ်ရယ်မောမောနဲ နဲၝ "အငေတူး" တတ်တာပ။ စာပေသမား၊ိုံင်ငံရေးသမား အပော့စားတေကြ ဦးအုန်ူးမင့်ရြိတဲ့
စကားဝိုင်းကို မလာရဲုကပဘူး။

အဲဒီတုန်းမြာ ကောင်းသားသင်္စာဖောက်တယောက်က မင်းကိုံင်ကို ရန်စကားေူပာပီး ဝငိုက်လိုက်သတဲ့။ အဲဒီအခမြာ ဦးအုန်ူးမင့်က သူဘေးမြာခထားတဲ့


လမ်းလ္တွောက်တုတ်နဲုကာူးဖတ်ပီး ကောကိုက်သတဲ့ …

သခင်အုန်ူးမင့်ကို သူနဲ ခေတ်ပိင်ြတေကြ "သခင်အုန်ူးမင့်လေး"လို ခေလေ့ရြိပတယ်။ "သခင် အုန်ူးမင့်ဋ္ဌကီး" လို ရြိဟန်မတူပ။ သခင်တေထြဲမြာ
အငယ်ဆုံးထဲက တယောက်ူဖစ်နေလို နေမြာပပဲ။

ကောင်းသားခေင်းဆောင် ကိုအောင်ဆန်း၊ ကိုဗဟိန်းတို သခင်ူဖစ်လာတော့ သူတိုရဲ ညီငယ်လေးလိုဖစ်တဲ့ ကိုအုန်ူးမင့်လဲ သခင်ူဖစ်လာတာလိုတာလိုၝ


ုကားဖူးပတယ်။ သာရေးနာရေး ဝိုင်းတေမြာ ပလေ့ရြိတာကလဲ ခုမမြဟုတ်ဘဲ ဟိုငယ်စဉ်ကတည်းက စာနယ်ဇင်းတိုက် လက်ဖက်ရည်ဝိုင်းတေမြာ ပလေ့ရြိသူပ။ ပၝ

ရစ်ြလေးလုံး အရေးတော်ပုံရဲ ဒီဘက်ခေတ်မြာတော့ သာရေးထက် နာရေးဝိုင်းတေကြ ပိုမားပတယ်။ ဒေုကာင့် ပိုပီး တာဝန်ကေဖိုလိုပတယ်။ိုပၝ


ဒီဝိုင်းတေမြာ ဆုံမိုကသူတေကြ လူမေူပာင်းပဘူး။ ဒီလူ ဒီလူတေခြည်းပပဲ။

ခေတ်အဆက်ဆက် ကောင်းသားခေင်းဆောင်တြေ၊ိုံင်ငံရေးသမားဟောင်းတေနြဲ မက်မြောက်ခေတ် စာနယ်ဇင်းသမားတြေ၊


လူငယ်ကောင်းသားတေပြပဲ။ မြေးတူငက်ြခင်း သင်းဖြဲုကတာပ။ာပၝ(စုံထောက်တေလြဲေူပာင်းဟန်မတူပဘူး။)

ဒီခေတ်ဝိုင်းတေကြတော့ ဗိသုကာကော်မင်း၊ မြုာံ တင်ြေ၊ တိုင်းစည်ုးံးရေးမြး ကိုသိန်းတင်၊ မင်းဇင်တိုအဖေ ဆရာူမသန်း၊ စာရေးဆရာူမသန်းတင့်၊
လေထီး ဦးအုန်းမောင်၊ ဗိုလ်ထိန်လင်း စတဲ့ ရဲဘော်ဋ္ဌကီးတေရြဲ ကယ်ြလနြ်ူခငိးံစ်ြလည်ဆမြ်းကေဋ္ဋးပြဲတေပြ။

သာရေးလိုေူပိာိုံင်တာကတော့ ဆရာဋ္ဌကီးမင်းသုဝဏ်၊ ဦးခင်မောင်လတ်၊ ဒေခင်မြိးခစ်၊ ရေနြေ ဦးထနြ်းတင်တိုရဲ ထမြိဲံပြဲတေနြဲ အမေ လူထုဒေအမာ၊ထုဒေၝ
ဦးခမ်းအေး ခေ မောင်စူးစမ်း၊ ဒေက်တာ သန်းထနြ်းနဲ ဆရာဒဂုန်တာရာတိုရဲ မြေးနေဝိုင်းတေပြ။်းတေပြၝ
ဓာတ်ပုံ (မိုးမခ) - သခင်အုန်ူးမင့်ကို ကာတနြ်းဦးဖေသိန်း မြေးနေတငြ် တေရြစဉ်

ဒတေကြ ကနော်တိုပည်ပထက်ြမလာခင်ကပ။ အဲသလို ဝိုင်းတေမြာ အဘဦးအုန်ူးမင့် အမဲပဝင်ပီး ဗိုလ်ခပြ် တင်ဦး၊ ဦုးကည်မောင်န်ဲမောင်နဲၝ
ဒေအောင်ဆန်းစုကည်တို ဝိုင်းတေမြာ အမဲအတူ ရြိနေတတ်ပတယ်။ သူဟာ ဗိုလ်ခပ်ြအောင်ဆန်း ခေ သခင်အောင်ဆန်းရဲ ခပ်ြဒေင်း ညီငယ်လေး
ူဖစ်ခဲ့တဲ့အတကြ် သူတူမ သူသမီးလိုဖစ်တဲ့ ဒေစုကိုလဲ စားဝတ်နေရေးကအစ မက်ေူခအူပတ်မခံဘဲ အမဲစောင့်ရြောက်ုကည့်နေတာပ။ အထူးသူဖင့် သူ ပင်ကို
တော်လန်ြရေးသတိုံုးကားမနြဲ စောင့်ရြောက်နေတာပ။ၝ

တကယ်တော့ ကနော်က ဦးအုန်ူးမင့်ကို သတင်းစာဆရာဋ္ဌကီး တဦးအူဖစ်နဲ သိရြိ လေးစားခဲ့ရတာပ။ စာပေသမား သတင်းစာဆရာူဖစ်ခဲ့တဲ့
သခင်အောင်ဆန်း၊ သတင်းစာ ဆရာမဋ္ဌကီး ဒေခင်မြိးခစ် (၁၉၃၈ - အောင်ကော် ကဆုံးတဲ့ အရေးတော်ပုံမြာ သတင်းစာဆရာမ မခင်ူမ)၊ သပိတ်မြောက်
ကောင်းသူ မအမာ (ယခုလူထ)ု တိုဟာ တခုတည်းဖြားတေပြ။ သခင်အုန်ူးမင့်က ဆရာဒဂုန်တာရာနဲမြ ယ်ြတူလောက်ရြိမြာပ။ ဆရာတာကို "ကိုဌေးမိငြ်"
ဒေဒေလူထုဒေအမာကို "မအမာ" လို ခေလေ့ရြိပတယ်။ ငယ်စဉ်က တိုးတက်ရေး သတင်းစာမြာ လုပ်ခဲ့လို သူကို "တိုးတက်ရေး သခင်အုန်ူးမင့"် လိုလဲ ခေပတယ်။
သူက ဂာနယ်ကော် ဦးခစ်မောင်ူမန်မာ့အလင်းလုပ်တော့ လက်ုံးတဆူပပဲ။ပၝ

နောက်တောူ့ပည်တငြ်းစစ် ခေတ်ဦး (ဖဆပလခေတ်) မြာ ဆရာဋ္ဌကီးသခင် ကိုယ်တော်မြိင်းကို ထောက်ခံရေးအတကြ် အဓိက ဦးတည်ထုတ်ဝေတဲ့
"ရန်ကော် ဂာနယ်" ကို တည်ူးဖတ်ထုတ်ဝေခဲ့လို "ရန်ကော် ကိုအုန်ူးမင့"် လိုလဲ ခေတယ်။

သူဟာ ဗိုလ်ခပ်ြအောင်ဆန်း ခေ သခင်အောင်ဆန်းရဲ ခပ်ြဒေင်း ညီငယ်လေူးဖစ်ခဲ့တဲ့အတကြ် သူတူမ သူသမီးလိုဖစ်တဲ့ ဒေစုကိုလဲ


စားဝတ်နေရေးကအစ မက်ေူခအူပတ်မခံဘဲ အမဲစောင့်ရြောက်ုကည့်နေတာပ ပၝ …

ဗန်းမော်တင်အောင်ရဲ လင်းယုန်ဂာနယ်နဲ မိံ္ဈလေး လူထုဂာနယ် သတင်းစာတိုနဲ ခေတ်ပိငြ်ူဖစ်ပီူးပည်တငြ်းငိမ်းခမ်းရေး လပ်ြရြားမကြို


လြံဆော်ခဲ့ပတယ်။ ဆရာတာရာက စာပေ ဆောင်းပးအူပင် မောင်သင်္စာအမည်နဲိုံင်ငံရေး ဆောင်းပးတေလြဲ ပုံမန်ြဝင်ရေးပတယ်။ူမသန်း (တင်)့ နဲၝ
ကောင်းသားခေင်းဆောင် ကိုဘကောင်း (မောင်လူယဉ်) တိုလဲ ဝင်ရေးတာ တေဖြူးပတယ်။ အဲဒီအခိန်မြာ ဆရာတာရာ၊ ဗန်းမော်တင်အောင်၊ူမသန်းတင့် စတဲ့
လူငယ် စာပေသမားတေကြ "ူပည်သူစာပေ" "စာပေသစ်" အယူအဆတြေ စတင်ူဖန်ခိနေတဲ့ ကာလလဲူဖစ်ပတယ်။

ဆရာတာရာတိုကို လက်ယာစနြ်း၊ လက်ဝဲစနြ်း စာပေသမားတေကြ ဝိုင်းတိုက်ုကတော့ ဦးအုန်ူးမင့်တိုက ဝိုင်းဝန်းစုဝေးပီး ဆရာတာတိုဘက်က


ရပ်ခဲု့ကပတယ်။ ဆရာတာရာတိုရဲရဲၝ တာရာမဂ္ဂဇင်းရပ်သြားတော့ "စာပေသစ်" မဂ္ဂဇင်း ထုတ်လိုက်သေးတယ်။ ထုတ်ဝေသူက ပခုက္ကြ ကိုသန်းတင်တဲ့။
နာယကတေကြ ဆရာဋ္ဌကီးသခင်ကိုယ်တော်မိငြ်း၊ ဆရာဇော်ဂီ၊ ဆရာမင်းသုဝဏ် တဲ့။ ဒီလိုမတ်ြသားထားပေမဲ့ ထုတ်ဝေရေးမြာ သခင်အုန်ူးမင့်လဲ ပဝင်ခဲ့တယ်လိုၝ
နောက်မသြိရပတယ်။

သခင်အုန်ူးမင့် ငယ်စဉ်က ဝိုင်းဖြဲလေ့ရြိတဲ့နေရာက ဋ္ဌကီးပြားရေး မဂ္ဂဇင်းတိုက်ပ။ အယ်ဒီတာလုပ်သူက ဘောလုံးသမား ဋ္ဌကီးပြားရေး မောင်လတြဲ့


(နောင် လူထုဦးလြ)။ သူမဂ္ဂဇင်းမြာ ဇော်ဂီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေက်တာမောင်ူဖြး၊ မဟာဆြေ (နေသူရိန)် ၊ ကြေိုင်းသား၊ ဦးဆန်းထနြ်း (ကြံကဒူးသား
သိုမဟုတ် ရင်ြဉာဏိင်္ံရ)၊ သခင်သန်းထနြ်း၊ ဇဝန စတဲ့ ပုဂ္ဂိလ်ြတြေ ရေးနေုကပတယ်။ နောင်အခ ကလောင်ပံစာအုပ်တိုက် ဦးဘကိုး၊ သခင်ဇင် စတဲ့
စာပေသမားတေနြဲိုံင်ငံရေးသမားတေလြဲ စုဝေးလေ့ရြိပတယ်။ သခင်အုန်ူးမင့်ကတော့ လူရင်း ပင်တိုင်ပေ့။

ခုအခ အမေ လူထုဒေအမာရဲ မြေးနေတိုင်း ရန်ကုန်က လူဋ္ဌကီးတေကြို ဦးအုန်ူးမင့် ဦးစီးပီးသြားလေ့ရြိပတယ်။ ဝးခယ်မ သခင်သိန်းမောင်နဲ လေထီဲးၝ
ဦးအုန်းမောင်ဆိုတဲ့ ရဲသုံးဖော်အတြဲပ။ ဒေဒေရဲ မြေးနေပြဲပီးရင် တခတရံ ဒီ ရဲသုံးဖော်က ခရီးဆက်တတ်ပသေးတယ်။ တော်ဘုရားလေး ဦးအောင်ဇေနဲအာင်ဇေနဲၝ
မင်းသားဋ္ဌကီး ဦးထနြ်းဝေပ ဆုံသြားတတ်ပတယ်။

လူငယ်တေကြ ဘုရားပရဝုဏ်ထဲမြာ ကိုယ့်အစုနဲကိုယ် စကားလက်ဆုံကသလို လူဋ္ဌကီးတေကြ ဆရာတော် "ကိုပညာ" ရဲ ကောင်းရေခြန်းထဲမြာ


စကားဝိုင်းဖြဲလေ့ ရြိပတယ်။

"ကိုလနြဲ မအမာတိုကားမြာ ကနော်က စာပိုပေးရတဲ့ အောင်သယ်ြဗ။ ကနော်တိုက မနက်တခ၊ ညနေတခ သြားပီး ကိုလြ မအမာဆီကို ပေးဖိုကို ပေးဖိုၝ
ရေးထားတဲ့ စာအိတ်ကို ယူရတယ်။ ရန်ကုန် - မိံ္ဈလေး ရထားဋ္ဌကီး ထက်ြခနီးရင် သြားထည့်ပေးရတယ်။ အဲဒီအတကြ် မုန်ဟင်းခးနဲ လက်ဖက်ရည် စာုးက၊
သောက်ုကရတယ်။" စသူဖင့်ေူပာလေ့ရြိပတယ်။

ဒေဒေကတော့ "ကိုအုန်ူးမင့်ဟာလေ၊ ငယ်ငယ်ကတည်းက ဒီအတိုင်းပဲ တ်ြနောက်နောက်ေူပာတဲ့အကင့်ကို မဖောက်ဘူး" လိုေူပာလေ့ရြိပတယ်။

သခင်အုန်ူးမင့်ကို လူငယ်တေကြ ရြေးမီနောက်မီ ပုဂ္ဂိလ်ြလို အသိအမတြ်ူပပြီး မေးစရာရြိတာ မေုးကပတယ်။ ဆရာဋ္ဌကီး သခင်ကိုယ်တော်မြိင်း၊


ဂာနယ်ကော် ဦးခစ်မောင်၊ လူထုဦးလြ၊ ဗိုလ်ခပ်ြအောင်ဆန်း စတဲ့ သူရေကြ လူတေနြဲ ထဲထဲဝင်ဝင် ရြိခဲ့တော့ သူတိုခေတိုံင်ငံရေး အေုကာင်းအရာတေနြဲအရာတေနြဲၝ
ပတ်သက်လာရင် သူတိုက အဘ သခင်အုန်ူးမင့်ကို မေုးကူမန်ုးကပတယ်။
သခင်အုန်ူးမင့်ကို လူငယ်တေကြ ရြေးမီနောက်မီ ပုဂ္ဂိလ်ြလို အသိအမတြ်ူပပြီး မေးစရာရြိတာ မေုးကပတယ်။

သတင်းစာ ဆရာဆိုတော့ စာအုပ်စာတမ်းတေလြဲ စုံပတယ်။ ဒ့ေုကာင့် ကောင်းသားလပ်ြရြားမသြမိုင်းကို ရေးဖို ကိုအောင်ထနြ်းက အခက်အလက်တြေ


စုဆောင်းတော့ အဘဦးအုန်ူးမင့် ဆီက အမားဆုံးရပတယ်။ သူေူပာူပတာတေကြ ဒီဘက်ခေတ်အေုကာင်း မဟုတ်ပေမဲ့ စစ်အစိုးရက ကိုအောင်ထနြ်းကို
ကောင်းသားလပ်ြရြားမြ သမိုင်းရေးရပမိုလားလို ဖမ်းတဲ့အခ သူလဲ ပသြားခဲ့ပတယ်။ ပၝ

ဂင်းဘောင်းဘီဝတ် "တရားခံ" ကို လက်ူပန်ဋ္ဌကြိးတုပ်၊ ဂုန်နီအိတ်စပ်ြပီး ဖမ်းလာတာကို လူငယ်လေး တယောက်ထင်မိလို စစ်စုံထောက်တယောက်က


ဆီးကန်တော့ ပုံလဲ သြားသတဲ့။ ဦးခေင်းမြာ စပ်ြထားတဲ့ ဂုန်နီအိတ်ကို ခဋ္ဋတ်လိုက်တော့မြ ခေင်ူးဖနြဲ အဖိုးဋ္ဌကီးမနြ်းသိသြားသတဲ့။ ကံကောင်းလိုလိုၝ
မသေတာပ။

သခင်အုန်ူးမင့်နဲူမန်မာနေရငြ်း ဂာနယ် အင်တာဗြးခဲ့စဉ်၊ ယခု အယ်ဒီတာကိုသက်ဇင်


အဖမ်းခံထားရတဲ့ စာစောင်ူဖစ်ပတယ်။

ကဋ္ဋန်တော်တို တက္ကသိုလ်ကောင်းသားဘဝက သူကို မသိပေမဲ့ သူစာအုပ်ဆိုင်ကိုတော့ ရောက်ပတယ်။ ဆူးလေအဝိုင်းမြာရြိတဲ့ "ကော်လင်းစာပေ" တဲ့။


ဒ့ေုကာင့် သူနာမည်ကို "ကော်လင်း" လိုပဲ ထင်ခဲ့ဖူးပတယ်။ သူဆိုင်ကိုံင်ငံရေး စာအုပ်တေပြဲ ထုတ်ဝေရောင်းခပတယ်။ အဲဒီခေတ်ကိုံင်ငံရေးစိတ်ဝင်စားတဲ့
ကောင်းသားလူငယ်တိုင်း သူဆိုင်ကို မရောက်ဖူးသူ မရြိပဘူး။ ကဗာဆရာုကည်အောင်ဟာ ကော်လင်းစာပေက စာအုပ်တေကြို သီူးခားထင်ြးးသေတ္ဇာနဲထည့်ပီးထည့်ၝ
သူအိပ်ရာဘေးမြာ ထားဖတ်ခဲ့ဖူးပတယ်။

ကဋ္ဋန်တော် ရန်ကုန်ကို ၇၀ ခိုံစြ် ကော်မြ ရောက်လာတော့ ဦးအုန်ူးမင


ထိန်းသိမ်းစောင့်ရြောက်ရေးအဖြဲက ကဋ္ဋန်တော့်ဆီကို ဆရာဋ္ဌကီး ဓာတ်ပုံနဲ ပန်းခီပတဲ့ ပိုစကတ်မြာ
ဗိုလ်ခပ်ြကော်ဇောက သူသားတယောက်ကို လတ်ြပီး တောင်းခဲ့တာပ။ အစည်းအဝေးတခုမြာ ဆုံတော့ ဦးအုန်ူးမင့်က အဲဒီ ပိုစကတ်တြေ အမတ်ြတရအူဖစ်
သူလယ်ြအိတ်ထဲက ထုတ်ူပပတယ်။ အဲဒီတော့ ဒီ ပိုစကတ်ကိင်္စကိံစ်ြပေင်း ၂၀ ကော်ခဲ့ပပီ။

၁၉၆၄ ဆရာဋ္ဌကီး ကယ်ြလန်ြတော့ သူငယ်ခင်းတင်မိုးက ဆရာဋ္ဌကီးကို ဂုဏ်ူပတဲ့ ကဗာတော်တော်မားမားရေးပီး လက်တဝးလောက် စာအုပ်ငယ်လေးငယ်လေ


ထုတ်ဖူးပတယ်။ အဲဒကို ကဋ္ဋန်တော်က မိတ္ဇကြူးပီး သူတိုတဖြဲလုံးကို ကဋ္ဋန်တော်ူပည်ပထက်ြခနီးမြာ အမတ်ြတရ လက်ဆောင်ပေးခဲ့ပတယ်။ သူတို မဴမင္ဘူးလိုင္ဘူးလိုၝ
ဝမ်းသာုကပတယ်။

သူတိုဆိုတာက အဘဦးအုန်ူးမင့် ပဝင်တဲ့ သခင်သိမ်းမောင် (ဝးခယ်မ) သခင်စိုးမင့်လေး၊ မင်းသား ဦးထနြ်းဝေ၊ ရေနြေ ဦးထနြ်းဝင်းစတဲ့ ပုဂ္ဂိလ်ြမား
ပဝင်တဲ့ သခင်ကိုယ်တော်မိငြ်း ဂူဗိမာန်နဲ အိမ်ရာ စာပေ ပင်္စည်းမားကို စောင့်ရြောက်တဲ့အဖြဲပ။ ဆရာဋ္ဌကီးရဲေူမးမားလဲ ပရြိပတယ်။ ဆရာဋ္ဌကီးရဲ အိမ်မြာ လစဉ်
အစည်းအဝေးလုပ်ပတယ်။ိံစ်ြလည် ဆမြ်းကေဋ္ဋးပြဲကိုလဲ ဒီအိမ်မြာပဲ လုပ်ပတယ်။ စမ်းခောင်း၊ ခမ်းသာလမ်း
အယ်ြက အငယ်ဆုံူးဖစ်နေပတယ်။ ကိုတင်အောင်မိငြ်း (ဆရာဇေယသား၊ ဆရာဋ္ဌကီးရဲေူမး) နဲ ကဋ္ဋန်တော်ပ။ ဘေးက နေရာတေမြာ တိုက်ဋ္ဌကီးတြေူဖစ်ကုန်လိုၝ
ဆရာဋ္ဌကီးအိမ်ကတောု့ကားညပ်နေပတယ်။

ဒေအောင်ဆန်းစုကည်လဲ လာလေ့ရြိတဲ့နေရာ၊ူပည်တငြ်းငိမ်းခမ်းရေးအဖြဲနဲ တိုဗမာသခင်ဋ္ဌကီးတြေုံးစိုက်ခဲ့တဲ့နေရာူဖစ်လို စစ်အစိုးရက


မက်စိဒေက်ထောက်အုကည့်ခံရတဲ့ အိမ်ပ။ ဒီအိမ်ပောက်ပက်ရေးအတကြ်ုကံစည်တာတေလြဲ ကဋ္ဋန်တော်ကိုယ်တြေုကံခြဲ့ရပတယ်။ရပၝ

ဂင်းဘောင်းဘီဝတ် "တရားခံ" ကို လက်ူပန်ဋ္ဌကြိးတုပ်၊ ဂုန်နီအိတ်စပ်ြပီး ဖမ်းလာတာကို လူငယ်လေး တယောက်ထင်မိလို စစ်စုံထောက်တယောက်က


ဆီးကန်တော့ ပုံလဲ သြားသတဲ့။

ကဋ္ဋန်တော် အသက် ၅၀ ကော်မြ စာုကည့်တိုက်ပညာ ဒီပလိုမာ သင်တန်းကို တက်ပတယ်။ သခင်အုန်ူးမင့်ရဲ သမီးက စာုကည့်တိုက်မြး၊ ခေဋ္ဋးမကလဲကလဲ စာုကည့်သ
က
က
စာဳကည့္တိုက္မႀႃးပ။ ခေဋ္ဋးမက ကဋ္ဋန်တော်တိုကို စာသင်ရတယ်။ တနေတော့ အဲဒီမြာ "င့သူငယ်ခင်း" ရြိတယ်ဆိုပီး ခေဋ္ဋးမနဲ လိုက်လာပတယ်။ သူခေဋ္ဋးမနဲးမနဲၝ
တူခားကောင်းသားတေကြ ကောင်းသားကိုရော ဧည့်သည်အဖိုးဋ္ဌကီးကိုရော အုံ့သုကပတယ်။

ကဋ္ဋန်တော်ကတော့ ကဋ္ဋန်တော့ အဖေအယြ်၊ ဦးလေးအယြ် ပုဂ္ဂိလ်ြကော်တဦးက သူငယ်ခင်းခေခဲ့တာကို မမေိုံ့င်ပ။ လူငယ်ကောင်းသားတေကြ


သူတိုအဘကို ကဋ္ဋန်တော်က သူငယ်ခင်းလို ခေဝေသုံးစြဲတာကို တေရြင် မက်မုန်းကြိုးကမြာ မလြဲပဘူး။ ၾဲပၝ

ဆရာဋ္ဌကီး သခင်ကိုယ်တော်မြိင်းရဲ ဂူဗိမာန်နဲ အိမ်ကိုရော၊ ဒေခင်ုကည်ရဲ ဂူဗိမာန်နဲ ဒေအောင်ဆန်းစုကည်ရဲ အိမ်ကိုရော ရင်ေူမကတုတ်လုပ်ပီးလုပ်ၝ


စောင့်ရြောက်နေတဲ့ အသက် ၈၀ ကော် ၉၀ တငြ်း အဘဦးအုန်ူးမင့်ကို ကဋ္ဋန်တော် တနေမူပတ် ဘုရားဝတ်ူပဆြုတောင်းရင်း ကန်တော့လ္တွက်ရြိပတယ်။

အဘ ဦးအုန်ူးမင့် သက်တော် ရာကော်ရည်ြပစေသတည်း။

ကဋ္ဋန်တော်တိုတတြေ ဘဋ္ဌကီးမိငြ်းရဲ အိမ်မြာ အခခူပန်လည် ဆုံစည်းရပစေသတည်း။

မောင်စမြ်းရည်
၂၀၀၈၊ ဖေဖော်ဝရီ ၁၇
အကျဉ်းသားများကို ကူညီသူ သခင်အုန်းမြင့် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၇၊ ၂၀၁၀

ယမန်နှစ်က တွေ့ရသော သခင်အုန်းမြင့် (ဓာတ်ပုံများ-မိုးမခ)


သခင်အုန်းမြင့် ယနေ့နံနက် ၄ နာရီခွဲတွင် ကွယ်လွန်သွားသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီ
ဖြစ်သည်။

သခင်အုန်းမြင့်သည် မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောကတွင် ထင်ရှားသူတဦး ဖြစ်သည်။


ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူ တဦးဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေး
လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဘက် တဦး ဖြစ်ခဲ့သည်။ စစ်အစိုးရ အဆက်ဆက်က သူ့ကို အကြိမ်ကြိမ် ဖမ်းဆီး
ထိန်းသိမ်းခဲ့သည်။

၁၉၉၈ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုသမိုင်း မှတ်တမ်းတင်သူ တဦးကို ကူညီမှုဖြင့် နောက်ဆုံးအကြိမ် အထိန်းခံခဲ့ရသည်။ ထိုအချိန်က အသက် ၈၀ အရွယ် ရှိပြီ
ဖြစ်သော သခင်အုန်းမြင့်သည် ထောင် ၇ နှစ် ချမှတ်ခံရသည်။

လက်ရှိ စစ်အစိုးရ လက်ထက် မြန်မာပြည် ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ဝန်းကျင် အစဉ်အမြဲ ရှိနေရာ ထိုသို့ အကျဉ်းကျနေသူများ၊ ၎င်းတို့၏
မိသားစုများကို အားပေး ကူညီသူများကြားတွင် သခင်အုန်းမြင့်က အထင်ရှားဆုံး ဖြစ်သည်။

NLD ၏ လူမှု အထောက်အကူပြု အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး အကျဉ်းကျနေသော၊ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးသမားများကို နှစ်ပေါင်း
များစွာ ကူညီခဲ့သည်။

ကြွင်းကျန်သော ရုပ်ကလာပ်ကို တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။

NLD လူမှု အထောက်အကူပြု အဖွဲ့မှ လုပ်ဖော်ကိုင်ဘက်များနှင့်


ဦးအုန်းမြင့်
နိုင်ငံရေးသမား တချို့နှင့် အတူ

NLD ရင်ထိုး၊ ဒေါ်အောင်ဆန်းစုကြည် ရင်ထိုးတို့ကို တပ်ဆင်ထားသော ဦးအုန်းမြင့်

၁၉၉၈ ခုနှစ် မတိုင်မီက ရိုက်ကူးထားသော ပုံ


မကြာသေးမီက ဦးဝင်းတင်နှင့် အတူ

၂၀၀၈ ခုနှစ် အခမ်းအနား တခုတွင် တွေ့ရသော ဦးအုန်းမြင့်


http://www.moemaka.com/

KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာရေး ကန့်သတ်ခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။


စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီးနောက် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO အ နေနှင့် ဒေသတွင်းခရီးသွားလာရေး


ကန့်သတ်ခံနေရသည်။

KIO ဌာနချုပ်ရှိရာ တရုတ်ပြည်နယ်စပ် လိုင်ဇာဒေသနှင့် KIO အဖွဲ့ ရုံးစိုက်ရာမြို့များသို့ သွားလာမှုများကို စစ်အ စိုးရက ယခုရက်ပိုင်းအတွင်း ကန့်သတ်ခဲ့သည်ဟု
အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးဆင်ဝါးက ယခုလိုပြော သည်။

“မြို့ဖက်ခရီးသွားလာရေးကို ကန့်သတ်တာပါ။ သူတို့ အစိုးရအုပ်ချုပ်တဲ့ဖက်ကို ကျနော်တို့ ကို သွား လာရေး အရင်ကလို ခွင့်မပြုတော့တာပေါ့။
ခွင့်ပြုချက်တောင်းခံပြီးမှသွားလို့တော့ ပြောတယ်။ ဒါပေမယ့် ခွင့်ပြုချက်က တောင်းရင်လည်း မပေးဘူးပေါ့။ အဲလိုဆိုတော့ မသွားနဲ့ ဆိုတဲ့ သဘောပေ့”ါ။

ယခင်က KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာမည်ဆိုပါက စစ်ဖက်ရေးရာလုံခြုံရေးမှတဆင့် မြောက်ပိုင်းတိုင်း တိုင်း မှူးထံ ကြိုတင်ခွင့်ပြုချက်တောင်းခံရသည်။

ယခုလိုကန့်သတ်လိုက်သည့်အပေါ် မြို့ပေါ်ဆက်ဆံရေးရုံးများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆက်သွယ်ရာ၌ “အခု လောလောဆယ်တော့ ကျနော်တို့


အထဲမှာလုပ်နေတဲ့သူတွေ ကတော့ ပုံမှန်အတိုင်းပဲ ရှိနေပါသေး တယ်။ လူကိုယ်တိုင်သွားပြီးဆက်သွယ်မှုတော့ အခက်အခဲရှိသွားတာပေါ့”။ ဟု
၎င်းကဆက်ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းပယ်ခဲ့သည့်အတွက် KIO အနေနှင့် ယခုလို ကန့် သတ်ခံရခြင်းဖြစ်ပြီး ရေရှည်၌


အခက်အခဲဖြစ်လာနိုင်သည်ဟု ကချင်ပြည်နိုင်ငံရေးကို လေ့လာစောင့်ကြည့်နေ သည့် ဦးအောင်ဝါက ယခုလိုသုံးသပ် ပြောဆိုသည်။

“တဖြည်းဖြည်းနဲ့တော့ ဆက်ဆံရေးကတော့ ကျဲလာမယ့် အပိုင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ကေအိုင် အို အနေနဲ့တော့ သူတော့အတတ်နိုင်ဆုံး


ညှိနိုင်းဆောင်ရွက်တဲ့အပိုင်းတွေ ရှိပါတယ်။ ဒါပေမယ့် ဘယ် လိုဖြစ်လာမလဲတော့ မသိဘူး။ အခုတဖြည်းဖြည်းနဲ့တော့ ကန့်သတ်တဲ့ အပိုင်းတွေရှိလာတယ်။ ဒါ
ကြောင့်မို့ ဒီလိုသာကန့်သတ်မယ်ဆိုရင်တော့ ရေရှည်မှာ ကျတော့ အခက်အခဲတွေနဲ့ ပိုမိုတင်းမာလာတဲ့ အပိုင်းမျိုးတော့ ဖြစ်ပါလိမ့်မယ်”။

ထို့အပြင် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် အနီးဆုံးဖြစ်သည့် စစ်အစိုးရ၏ ဒေသခံခြေလျှင် တပ်ရင်း ခလရ (၁၄၂) အခြေစိုက်ရာ လဂျားယန် ဂိတ်စခန်း၌
ယခုရက်ပိုင်းအတွင်း သံဆူးကြိုးများ ကာရံ၍ စစ်ဆေးမှု များပြုလုပ် နေသည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေသည်ဟု လိုင်ဇာဒေသခံတစ်ဦးက
ယခုလိုပြောသည်။

“တောထဲဝင်ပြီး ဟင်းသီးဟင်းရွက်သွားရှာတဲ့သူတွေနဲ့ တောင်ယာသွားတဲ့သူတွေတော့ ခက်ကုန်တော့ တာပေါ့။ တောထဲဝင်ဖို့ သူတို့ကန့်သတ်ထားလိုက်တဲ့


သဘောရှိတယ်။”

လတ်တလောအခြေအနေအရ စစ်အစိုးရတပ်များအနေနှင့် သိသာထင်ရှားသည့် စစ်ရေး လှုပ်ရှားမှု မရှိသေးသော် လည်း KIO ဌာနချုပ်အနီးရှိ


၎င်းတို့၏တပ်စခန်းငယ်လေးများအား ပြန်လည်ရုတ်သိမ်း၍ စုစည်းထားသည်ဟု သတင်းရသည်။

ပအိုဝ်းပါတီဝင်များကို ကြံဖွံ့ပါတီ ထံ ရောင်းချ၊ ဒေသခံ မကျေနပ်မှု ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။


စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင် ၄၀ ရာခိုင်နှုန်းကို ပအိုဝ်းအမျိုးသား အဖွဲ့ ချုပ် (PNO) ပါတီ ထံတွင် ၀ယ်ယူရာ
ပအိုဝ်းလူမျိုး အများစုက မကျေ မနပ်ဖြစ်နေသည်ဟု ယင်းအဖွဲ့များနှင့် နီး စပ်သူက ပြောသည်။

ယခုရက်ပိုင်းအတွင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပအိုဝ်းလူမျိုးကို ၂၀ ရာခိုင်နှုန်း ထပ်မံ ၀ယ်ယူ သည်ဟု တောင်ကြီး မြို့ခံတဦးက ပြောသည်။

“အခု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လိုချင်တဲ့ လူ ၂၀% ရာခိုင်နှုန်းက သူတို့ ပအိုဝ်းအမျိုးသား အ ဖွဲ့ချုပ် PNO ဆီမှာ ၀ယ်တယ်လို့ ကြားတယ်။
အရင်တုန်းကလည်း ၂၀% ရာခိုင်းနှုန်းဝယ်ပြီးပြီ။ အခု ၂၀ % ရာနှုန်း ထပ်ဝယ်လို့ ရယက ဥက္ကဌ တယောက်က ပြောပြတယ်။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၎င်း၏ လူထုထံတွင် ပါတီရံပုံငွေ ကောက်ယူနေသည့်အပြင် ယခုလို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထံ အဖွဲ့ဝင် အင်အားများကို
ရောင်းချသည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်နေသည်ဟု ဒေသခံ တဦးက ပြောသည်။

“ကျနော်တို့ ပအိုဝ်းလူမျိုးက ကုန်စိမ်းပစ္စည်းနဲ့ သိပ်မကွာတော့ဘူး။ ရင်နာတယ်ကွာ။ အခု ၀ယ်တာ က ကြံ့ဖွံ့က ၀ယ်တာ ဘယ်သူက
ဦးဆောင်ပြီးဝယ်တာလဲဆိုတာကတော့ မသိဘူး။ ၀ယ်တာကလည်း PNO လူကြီးတွေဆီမှာ ၀ယ်တာလေ။ အခုဝယ်တာက ပါတီဝင်လုပ်ခိုင်းဖို့ ၀ယ်တာ။ ပြီးရင် ရွေး
ကောက်ပွဲအချိန်မှာ သူတို့ပါတီကို မဲပေးဖို့ပေါ့။ ပအိုဝ်းတောင် မဖြစ်ချင်တော့ဘူးဗျာ။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီသည် ၎င်းတို့ ရထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အချို့ဖြစ် သည့် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် သုံးခုတွင်သာ
ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်သည့် လွိုင်လင်၊ မောက်မယ်၊ နမ့်စန်စသည့် မြို့နယ်များတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွက် မဲဆွယ်
စည်းရုံးပေးမည်ဟု ဒေသခံများက ပြောသည်။

USDP ပါတီမှ တရားမ၀င်နည်းဖြင့် ပါတီဝင်စုဆောင်း

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။


စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။

မကွေးတိုင်း ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ တရား မ၀င်နည်းများဖြင့် ပါတီဝင်အင်အားစုဆောင်းနေသည်။

မြို့ပေါ်ရပ်ကွက်နှစ်ခုဖြစ်သည့် ရွှေကူနှင့် န၀င်းရပ်ကွက်များတွင် ယခုလ ၂ ရက်နေ့က စတင်စုဆောင်းခဲ့ပြီး နောက်ပိုင်းတွင် စံတော်၊ ဆင်စုနှင့်


ခေတ္တရာရပ်ကွက်များတွင်ပါ စုဆောင်းနေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဒီမှာ ကြံ့ဖွံ့က ရပ်ကွက်တွေမှာလိုက်ပြီးတော့ အိမ်တွေမှာ မလိမ့်တစ်ပါတ်နဲ့ အိမ်ထောင်စု ဇယား တောင်းကြည့်တယ်ဗျ။ တောင်းကြည့်ပြီးတော့


အိမ်ထောင်စုဇယားထဲက အသက် ပြည့်တဲ့သူတွေရဲ့ အချက်အလက်တွေကို ကူးယူပြီးတော့ ပါတီဝင်အဖြစ် သူတို့က သူတို့ သဘောနဲ့သူတို့ ဇွတ် စာရင်း သွင်းတယ်။”

ရပ်ကွက်အတွင်း သက်ကြီးမိဘများနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို အိမ်စောင့်ချန်၍ အိမ် ထောင်ဦးစီးများအလုပ်သွားနေစဉ်


ကြွံ့ဖွံ့ပါတီဝင်များရောက်လာပြီး ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့စာရင်းကောက်ယူခဲ့ပြီး နှစ်ရက်အကြာတွင် ရပ်ကွက်အတွင်းရှိနေအိမ်များသို့ ပါတီဝင် ကဒ်ပြားများ လာ ရောက်ထုတ်ပေးချိန်မှသာ ဖြစ်ပျက်ပုံကိုသိရသဖြင့်


မြို့ခံများ မကျေနပ်ကြဟု ၎င်းက ဆက်ပြောသည်။

“အဲဒီလိုပဲ ရပ်ကွက်တိုင်းကိုလိုက်ပြီးတော့ လုပ်နေတယ်။ မိသားစု တော်တော်များများက ပြန်ပြီးတော့ complain လုပ်တယ်ပေါ့။ complain လုပ်တယ်ဆိုတာက
နေရာမှာတင် အိမ်ထောင်စုဇယား တောင်း တော့ တချို့က ချက်ချင်းပြန်ပြီးတော့ မေးခွန်းထုတ်တာတို့ ဘာတို့ ဒီလိုရှိတယ်။ အများစုကတော့ သူ တို့ကို ရုတ်တရက်
ပြန်မပြောတတ်တာနဲ့ မပြောရဲတာနဲ့ ဒီလိုပဲ ငြိမ်နေလိုက်တဲ့ သဘောရှိတယ်။ စိတ် ထဲကတော့ အတော်ကို သဘောမကျကြဘူး။”

ယင်းကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အတွင်း ရုန်းရင်းဆန်ခတ်သည့်အခြေအနေများ မဖြစ် ခဲ့သော်လည်း မကျေ နပ်သည့် မိသားစုများက ရပ်ကွက်ကြံ့ဖွံ့ရုံးသို့


သွားရောက် ဆဲဆို ကြသည် ဟုသိရသည်။

ယခုလ ၂ ရက်နေ့မှစတင်၍ ယနေ့အထိ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး “ရွှေကူနဲ့ န၀င်းက အဲလို တော်တော် ဖြစ်လိုက်တော့ နောက်ပိုင်း
ဒီ့ပြင်ရပ်ကွက်တွေလုပ်တဲ့အခါမှာ သူက နည်းနည်းကျဲသွားတယ်။ ကျဲသွား တယ်ဆိုတာ အိမ်ပေါက်စေ့ မလုပ်တော့ဘူး။ အိမ်ပေါက်စေ့မလုပ်တော့ ဘဲနဲ့
သူတို့အငိုက်ဖမ်းလို့ရ မယ်ထင်တဲ့ အိမ်မျိုးကိုပဲ ရွေးပြီးတော့ တက်တော့တယ်။ အဲလိုမျိုး ဖြစ်သွားတယ်။”ဟု ပြောသည်။

ယခုလ ၁၄ ရက်နေ့ကလည်း ပြည်မြို့နယ်၊ ဆင်မီးဆွဲကျေးရွာတွင် ကြံ့ဖွံ့ပါတီမှ ပါတီဝင် အင်အားစုဆောင်းခဲ့ရာ ၎င်းတို့နှင့်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ


မတော်တဆ သေနတ် ကျည်ထွက်ပြီး ရွာသားတစ်ဦး ထိမှန် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရသေးပါ။

http://www.nmg-news.com/nmg/newspage.html

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်

9/17/2010

Adjust font size:


-------------
မောင်အေး
-------------
လာမည့် နိုဝင်္ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်အစိုးရမှ ကျင်းပ ပြုလုပ်မည့် ပါတီစုံ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နယ်မြေ တချို့၌ ရွေးကောက်ပွဲ ကျင်းပ
ပေးနိုင်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေငြာသည်။

အဆိုပါ ကြေငြာချက်ကို MR TV မှ ယမန်နေ့ညနေ ၈ နာရီသတင်းတွင် ယခုကဲ့သို့ ကြေငြာသည်။

“ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများမှာ ကချင်-ကယား-မွန-် ကရင်-ကယားပြည်အတွင်းမှ ဒေသတချို့နှင့် ရှမ်းပြည်နယ် ပန်းဆိုးမြို့နယ် ၊နားဖန်၊ပန်ဝိုင်၊


မိုင်းမော၊ဟိုပန်၊ နမ်တစ်၊ နာဝီနှင့် မိုင်းခတ်ဒေသ များဖြစ်ကြပါတယ်။”

အဆိုပါဒေသများတွင် မည့်သည့်အကြောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း


သက်ဆိုင်ရာ နယ်မြေ ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အဆင်မပြေမှုကြောင်း ဖြစ်သည်နိုင်သည်ဟု သုံးသပ် သူများက
ပြောဆိုသည်။

တဘက်တွင်း နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရေး အတွက် စစ်အစိုးရဖိအားပေးမှုကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ငြင်းဆန်ခဲ့ပြီးနောက် အဆိုပါ
ဒေသများ အနီးတ၀ိုက်တွင် စစ်ရေး ပြင်ဆင်မှုများကို စစ်အစိုးရမှ ပြုလုပ် လာကြောင်း သိရသည်။

တရုတ-် မြန်မာ-ဘင်္ဂလာ-အိန္ဒိယ လေးနိုင်ငံ ကားပြိုင်ပွဲ ၂၀၁၁ တွင် ပြုလုပ်မည်

9/16/2010

Adjust font size:

နိုင်ငံ ၄ နိုင်ငံကို ဖြတ်သန်းပြီး ကားမောင်းပြိုင်ပွဲ တစ်ခုကို လာမည့်နှစ် ၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ-ဘင်္ဂလာဒေခ်ျ့- အိန္ဒိယ လေးနိုင်ငံတို့က
ကျင်းပပြုလုပ်ကြမည်ဟု သတင်း ရရှိသည်။

အဆိုပါ ကားမောင်းပြိုင်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ စတင် တာထွက်မည် ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို ဖြတ်ကာ အိန္ဒိယ နိုင်ငံ
ကာလကတ္တားမြို့တွင် အဆုံးသတ်မည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ ဆက်သွယ်ရေး ၀န်ကြီး ဆာယေ အဘူဟူစိန်က အဆိုပါ ကားပြိုင်ပွဲ ပြုလုပ်မည်ကို စက်တင်္ဘာလ ၁၄ ရက်နေ့က ထုတ်ဖေါ်ပြောကြားသည်။

“ ဒေသအတွင်း ဆက်ဆံရေးကို တိုးမြှင့်ရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မူ ခိုင်မာ လာရေး တို့ကို ရည်ရွယ်ပြီး ခုကားပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ပြုလုပ်ဖို့ အတွက် ကျွန်တော်တို့ အပြီးသတ် ဆွေးနွေးပြီးပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တဖွဲ့နှင့် ဒက္ကားမြို့တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ၀န်ကြီးက ထုတ်ဖေါ်


ပြေကြားလိုက်ခြင်း ဖြစ်သည်။

သို့သော် မည်သည့် နေရက်တွင် စတင် ကျင်းပမည် ဖြစ်ပြီး မည်သည့် လမ်းကြောင်းကို အသုံးပြုမည် ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ အဆိုပါ
ဝန်ကြီးက ထုတ်ဖေါ် ပြောဆိုခြင်း မရှိကြောင်း သိရသည်။

သို့သော်လည်း အဆိုပါ ကားပြိုင်ပွဲကို လာမည့်နှစ် ခြောက်သွေ့ရာသီတွင် စတင်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောဆိုသည်။

http://www.narinjara.com/burmese.asp

ကေအိုင်အိုဋ္ဌာနချုပ်မှ အရေးကြီးပစ္စည်းများ ရွေ့ပြောင်း

Friday, 17 September 2010 19:13 သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ်အနီးရှိ ဋ္ဌာနချုပ်လိုင်ဇာမြို့မှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ပိုင် အရေးကြီးပစ္စည်းများကို ယခင်ဌာန ချုပ်ဟောင်း လိုင်စင်စခန်းသို့ ယခုလ ၁၅
ရက်နေ့မှ စတင် ပြောင်းရွေ့နေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ တဆင့် သိရသည်။

ယခင် လိုင်စင်စခန်း၌ ထားရှိသော ကေအိုင်အို ဋ္ဌာနချုပ်ရုံးကို နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း လိုင်ဇာ သို့ ရွေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုစစ်ရုံးချုပ်ရှိ ပစ္စည်းများကို ရွေ့ပြောင်းနေသော်လည်း လိုင်ဇာမြို့ အုပ်ချုပ်ရေးဋ္ဌာနများ ပြောင်းရွေ့မှုမရှိ ကြောင်း ကေအိုင်အိုနှင့် နီးစပ်သူတစ်ဦးက


သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စက်တင်ဘာလ ၁ ရက်နေ့က နအဖ၏ လက်နက်စွန့်ရေး ရာဇသံကို ကေအိုင်အိုက ငြင်းပယ်ပြီးနောက်ပိုင်း ယခုလ ဆန်းပိုင်းကစ၍ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က
ကေအိုင်အိုအဖွဲ့ဝင်များ၏ ခရီးသွားလာမှုများကိုကန့်သတ်လိုက် သည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော်

ကေအိုင်အိုနှင့် နအဖ နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာနေရာ နောက်ဆက်တွဲ မမျှော်မှန်းနိုင်သည့်စစ်ရေး ခြိမ်းခြောက်မှုအပေါ် ကြိုတင်ကာကွယ်သည့်အနေဖြင့်


ယခုလို ပစ္စည်းများ ရွေ့ပြောင်းခြင်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ဒေသခံမျက်မြင်တစ်ဦးက “ စစ်တပ်ကုန်းပေါ်က ပစ္စည်းတွေ နေ့တိုင်းပဲ ကားတွေနဲ့သယ်နေတာ ၃/၄ ရက် လောက်ရှိပြီ မနေ့က အထိပေါ့ ဒီကရုံး အထိုင်တွေပါ
အကုန်ပြောင်းပစ်တာ ပရိဘောဂတွေရော သူတို့ကားတွေနဲ့ လိုင်စင်ကို ရွေ့နေ တယ်” ဟု ဆိုသည်။

ယခုအခါ လိုင်ဇာမြို့ လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားသော်လည်း အခြေအနေ ပုံမှန်ရှိကြောင်း သိရသည်။ “လိုင်ဇာမှာ ည တိုင်း ကင်းလှည့်နေတယ် အရပ်ဝတ်နဲ့ပေါ့
တစ်ခါတစ်ခါတော့ လက်နက်ကိုင်တွေတွေ့ရတယ် ရဲတွေလည်း ညတိုင်း လှည့် နေ တယ် မသင်္ကာရင်တော့စစ်ဆေးတာပေါ့ အပြင်လူအ၀င်အထွက်နည်းသွားတယ်
အခြေအနေကတော့ ပုံမှန်ပါပဲ” ဟု စောစောက ဒေသခံကဆက်ပြောသည်။

လက်နက်စွန့်ရေး ကေအိုင်အို ငြင်းပယ်လိုက်သည့်အပေါ် နှစ်ဘက်စစ်ရေးပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်နေသည့် ဒေသခံများအား ကေအိုင်အိုမှ


စစ်ရေးသြဇာကြီးမားသူ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက လူထုရှင်းလင်းပွဲတစ်ရပ်ကို ယခုလ ၃ ရက်နေ့က လိုင်ဇာမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကေအိုင်အိုနှင့် နအဖစစ်အစိုးရတို့သည် ၁၉၉၄ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး နအဖ၏နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် လက် နက် စွန့်ရေး အဆိုကို လက်မခံကြောင်း
ကေအိုင်အိုက စက်တင်ဘာလ ၁ ရက်နေ့တွင်ကြေငြာထုတ်ငြင်းပယ် ခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရန်ပုံငွေအတွက် လူထုထံကောက်ယူ

Friday, 17 September 2010 19:16 သျှမ်းသံတော်ဆင့်

၂၀၁၀ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ပါတီရန်ပုံငွေအတွက် လူထုထံ တအိမ်ထောင် ကျပ်ထောင်ချီ


ဆင့်ဆိုကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။

“ကျောက်တလုံးကြီးမြို့နယ်တကြော ကျေးရွာတွေမှာ တအိမ်ထောင်ကို ကျပ် ၂၀၀၀ လိုက် ကောက် တယ်မပေးမ နေရဘဲ။ မပေးရင်ဟိုအမှုဒီအမှု - (ဥပမာ
ချဲအမှုအပြင်တခြားအမှု) နဲ့စွပ်စွဲပြီး အပြစ်ပေး တယ်၊ ဒေသအတွင်းအာ ဏာရှိတာလဲသူတို့ဘဲလေ ကြောက်နေရတယ်” - ဟု ထိုင်းနယ်စပ်ရောက်
ပအိုဝ်းလူငယ်ခွန်ဟောဝ်မျတ်ကပြောပြ ပါသည်။

ခွန်စံလွန်ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ကျေးလက်လူထုထံ အဓမ္မပိုက်ဆံလိုက်ကောက်သည့်


အပြင် ၈ လပိုင်းတုန်းကလည်း ပအိုဝ်းလူထုအား နဂါးရုပ်အမှတ်တံဆိပ်ပါ ရင်ထိုးများ၊ ပန်းချီကားများ
အရွယ်အစား အမျိုးမျိုးလုပ်ပြီး အဓမ္မရောင်းချပေးနေကြောင်းလည်း အမည်မဖေါ်လိုသည့်အခြား ပအိုဝ်းအမျိုးသား
နောက်တဦး က သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောပြပါသည်။

“နဂါးရုပ်ဆိုတာက ပအိုဝ်းလူမျိုးတွေရဲ့ အမှတ်တံဆိပ်၊ သူတို့က အခွင့်ကောင်းယူပြီး ရင်ထိုးတွေ၊ ရွှေချီထိုး


ငွေချီထိုး ပန်းချီကားချက်တွေလုပ်ပြီး ပအိုဝ်းလူထုထံဈေးအမျိုးမျိုးနဲ့ပြန်လည်ရောင်းချတယ်။
ဈေးအပေါဆုံးဟာက ဖိုက်ဘာ ရင်ထိုးအသေးလေးတခုကို ကျပ်ငွေ ၅၀၀၊ တသောင်းခွဲတန်ရှိတယ်၊ အဓမ္မ၀ယ်ခိုင်း
တာက ကျပ် ၇၀၀၀ တန်ရင်ထိုး”

အဆိုပါနဂါးရုပ်ရင်ထိုးအား တတ်နိုင်၍ ၀ယ်သောသူများရှိသကဲ့သို့ မိသားစုဝင်ငွေနည်းသည့်


ကျေးလက်ပအိုဝ်းလူထု အဖို့ အခက်အခဲဖြစ်ကြောင်း၊ သို့သော်မ၀ယ်ပါက မိသားစုအပေါ် ပြဿနာတစုံ
တရာဖန်တီးလာနိုင်သောကြောင့် မိမိဆွေမျိုးအသိုင်းအ၀ိုင်းမှ ငွေချေးပြီးဝယ်ယူရကြောင်းပြောပြပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တပ်ဖွဲ့အား ဦးအောင်ခမ်းထီဦးဆောင်၍ ၁၉၉၁ မတ်ခ်ျ ၂၇ ရက်၌


အာဏာသိမ်းစစ်အုပ်စု နှင့်အပစ်ရပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်၍ ကြံ့ဖွတ်အသင်းစတင်ဖွဲ့စည်းသည့် ၁၉၉၃ ကတည်းက ဦးအောင်ခမ်းထီအား
သျှမ်းပြည်ဆိုင်ရာ ကြံ့ဖွတ်ပါတီနာယကအဖြစ် တင်မြောက်ထားသည်။ အပစ်ရပ်လက်နက်ကိုင် တပ်ဖွဲ့အားလုံး
ယခုနှစ်ဧပြီလနောက်ဆုံးထားကာအသွင်ပြောင်းရမည်ဆိုသည့် နအဖစစ်အုပ်စု၏ အစီအစဉ်အား လည်း ၎င်းကတစုံတရာငြင်းဆိုမှုမပြုဘဲ
အကြွင်းမဲ့လက်ခံလိုက်သည်။

မူဆယ်မှာ ကျားဖြူဝင်ပြီ

Friday, 17 September 2010 21:23 မောမြေမိုးနေ

မူဆယ်မြို့မှာ စစ်အစိုးရက အနိုင်ရ ရမယ်လို့ ကြွေးကြော်ပြီးလုပ်တဲ့ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြံ့ / ဖွတ် ကိုယ်စားလှယ်လောင်းအဖြစ်


ဟိုမွန်ရပ်ကွက်နေ သွားဆရာဝန် ဒေါက်တာ စိုင်းရီအင် ကိုရွေးချယ် ထားပါတယ်။

စိုင်းရီအင်ဟာ ၂၀၁၀ ပြည့်နှစ် ဇန္န၀ါရီလ ( ၃ ) ရက်နေ့ညက တွင်းစတားဟိုတယ်တွင် ကာရာအိုကေဆိုရင်း အရက်အလွန်အကျွံသောက်ပြီး ( ၄ )


ရက်နေ့နံက်တွင် ပြည်ထောင်စုလွတ်လပ်ရေး နေ့ အခမ်းအနားတက် ရောက်ပြီး ဦးဏှောက်သွေးကြောပြတ်ပြီးသေသွားလေသူ မူဆယ်ခရိုင် ကြံ့ / ဖွတ်
အတွင်းရေးမှူး ဦးစိုင်းအိုက်အေး (လူဝင်မှုကြီး ကြပ်ရေး မှူး ၊ မူဆယ်ခရိုင် ) ၏ ယောက်ဖတော်စပ်သူဖြစ်သောကြောင့် စစ်အစိုးရ အလိုကျရွေးချယ်
ထားခြင်းဖြစ်ပါတယ်။

ဒေါက်တာ စိုင်းရီအင် ဟာ အပြောအဟော စည်းရုံးရေးညံ့သူဖြစ်ကြောင်း ၊စကားကိုလည်းပီသစွာ ပြောတတ် သူ မဟုတ်ကြောင်း သူ၏စည်းရုံးရေးခရီးစဉ်မှာ


လိုက်ပါခဲ့သူကလည်း ပြောပြပါသည်။

မူဆယ်မြို့နယ် ၊ ပန်ခမ်းအုပ်စု မှာ ကြံ့ / ဖွတ် စည်းရုံးရေး ခရီးစဉ်မှာ မဖြစ်မနေ တစ်အိမ်တစ်ယောက် တက်
ရောက်ခဲ့သူ တစ်ဦးကလည်း " ဒီအစိုးရလက်ထက်မှာ ဘာတွေကောင်းလဲ ၊ ဘာတွေဆိုးလဲ ဆိုတာ " သိတတ်တဲ့ အရွယ်ရောက်သူတိုင်းနားလည်ပါတယ်ဗျာ၊
အခုလောလောဆယ်တော့ ကျွန်တော်တို့က သူတို့သဘောကျ နေပြလိုက်တယ်လေ ။ ရွေးကောက်ပွဲမှာသာ ကိုယ်စိတ်တိုင်းကျတဲ့ အဖွဲ့ ကို
ထောက်ခံမဲပေးလိုက်ယုံပေါ့ ။ ရွေးကောက်အဖြေသာ ပြည်သူလူထုဆန္ဒ အမှန်တိုင်း ထွက်ပါစေလို့ ဆုတောင်း ပါတယ် လို့ပြောပြပါသည်။

မူဆယ်မြို့နယ်၏ ကျားဖြူပါတီ ကိုယ်စားလှယ်မှာ အငြိမ်းစားကျောင်းဆရာမ ဒေါ်နန်းငွေငွေ ဖြစ်ပြီး စစ်အစိုးရ၏ ကြံ့ / ဖွတ် နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒေါ်နန်းငွေငွေ သည် ကျောင်းဆရာမ ဘ၀ ကပင် တပည့်များအပေါ်ညှာတာ ထောက်ထားစိတ်ရှိပြီး တပည့်များကလည်း ရိုသေလေးစားခဲ့ကြပေသည်။
မူဆယ်နယ်ခံ မြို့သူ မြို့သားများက မိမိတို့၏ တိုင်းရင်းသားပါတီလည်းဖြစ် ၊ မိမိတို့ ပညာတတ်ဖြစ်အောင် သင်ကြားပြသပေးသည့် ဆရာမက
ကိုယ်စားလှယ်ဖြစ်နေသော ကြောင့် ဆရာကျေးဇူးကို ဒီအချိန်မှာ မဆပ်ရင် ဘယ်အချိန်မှာဆပ်နိုင်တော့မလဲဟု ပြောနေကြပေသည်။

ကောင်းနောင်ရပ်ကွက်သား တစ်ဦးကလည်း " ဒီအစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် ဘာတွေလုပ်ပေး ထားလဲဗျာ ၊ စာသင်ကျောင်းတွေဆိုလည်း


ကျောင်းသားမိဘ အလှူငွေနဲ့သာဆောက်ရတာပါ ။ စစ်မိတ္ဆာတွေက ဘာမှ ပြန်ကြည့်တယ် မရှိပါဘူ ၊ကိုယ့်တိုင်းရင်းသားပါတီဘဲ ထောက်ခံမှာလေ။
ရွေးကောက်ပွဲရလာဒ် အဖြေကို စစ်အစိုးရကသာ ကလိန်ကကျစ် မကြနဲ့ မူဆယ်မှာ ကျားဖြူဟိန်းသံ ချိမ့်ချိမ့်ညံစေရမယ်" ပြောပြခဲ့လေသည်။

၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလည်း ဟိုမွန်ရပ်ကွက် နှင့် ခရစ်ယာန်ရပ်ကွက်တွေမှာကန့်ကွက်မဲ များလို့ ရပ်ကွက်ဥက္ကဋ္ဌ တွေမှာ
ထုချေလွှာတင်ခဲ့ကြရပေသည်။၎င်းရပ်ကွက်များမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အကြောင်း သိမှီတဲ့ မြန်မာနိုင်ငံအရပ်ရပ်က လာရောက်တာဝန်ထမ်းဆောင်ကြသော
နိုင်ငံဝန် ထမ်းများ နှင့် အရပ်သားများ အများစု နေထိုင်ကြသည့် အတွက် စစ်အစိုးရ၏ဟန်ပြစေတနာတွေကို တိုးတိုး တိတ်တိတ် ဖေါက်သည်ချပြောစကားကြောင့်
ရပ်ကွက်လူထုကြီးကလည်းသိပြီး စစ်အစိုးရ ဘာလုပ်လုပ် ထောက်ခံကြတာ မဟုတ်ကြောင်း ကြားသိရပေသည်။

နိုင်ငံဝန်ထမ်းတွေကလည်း တောင်သူမလုပ်ချင်လို့ ပညာတတ်ဖြစ်အောင် ကြိုးစားပြီး ၀န်ထမ်း လုပ်တာဗျာ ၊ အခုတော့ ကြက်ဆူစိုက်ခိုင်းလိုက် ၊


လယ်ထဲဆင်းခိုင်းလိုက်နဲ့ ဒီအစိုးရ မြန်မြန်ပြုတ်ပြီး မူဆယ်မှာ ကျားဖြူ ဟိန်း စေချင်လှပြီ ဟုနိုင်ငံ ၀န်ထမ်းများနှင့် ပြည်သူလူထု ပြောကြားသံကို သိရှိခဲ့ရပေသည်။

http://www.mongloi.org/burmese/

ဒို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်ကူပြုအဖွဲ့ ဒုဥက္ကဌ သခင်အုန်းမြင့်သည် ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် ကွယ်လွန်သွားသည်။

သခင် အုန်းမြင့် (ဓါတ်ပုံ-မိုးမခ)

သခင်အုန်းမြင့်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၈)လေးလုံး အရေးတော်ပုံ နောက်ပိုင်း အနီးကပ်ကူညီ


စောင့်ရှောက်ခဲ့သူတဦးဖြစ်ကာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လည်း ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင်တဦးဖြစ် ပါဝင်ခဲ့သူတဦးဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အနီးကပ် နေခဲ့သူတဦးဖြစ်သကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်
စာရေးဆရာ၊ သတင်းစာဆရာအဖြစ်နှင့် နိုင်ငံရေးအတွေးခေါ် စာပေများရေးသားရာတွင် တိုးတက်ရေး ဦးအုန်းမြင့်အမည်ဖြင့် အထူးထင်ရှားခဲ့သူဖြစ်သည်။

သခင်အုန်းမြင့်သည့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီပေးနေသူတဦးဖြစ်ပြီး စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသည့်


နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ကာ ၁၉၉၈ ခုနှစ်တွင် ကျောင်းသားသမိုင်းမှတ်တမ်းတင်သူ တဦးကို ကူညီခဲ့သည့်အတွက် နောက်ဆုံးထောင်ဒဏ် (၇)
နှစ်ချမှတ် ခံခဲ့ရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြစ်ပြီး နောက်ဆုံးအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုအထောက်အကူပြုအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ


တာဝန်ကိုထမ်းဆောင်ခဲ့သည်။

သခင်အုန်းမြင့်၏ ရုပ်ကလာပ်ကို (၁၉-၁၀-၂၀၁၀)ရက် တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

ကြံ့ဖွံ့စည်းရုံးရေးတွင် ထောက်ခံမဲတပါးတည်းယူနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက စည်းရုံးမှုများပြုလုပ်ရာတွင် ထောက်ခံမဲ တောင်းယူနေခြင်းကို တပါတည်း လုပ်ဆောင်နေလျှက်သည်။

ပုသိမ်မြို့ပေါ်ရှိ အမှတ် (၁)၊ (၆)၊ (၇)၊ (၈)၊ (၁၄)၊ ရပ်ကွက်များတွင်း ယင်းကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“ကြံ့ခိုင်ရေးကဒ်ကို သူတို့က ပေးတယ်၊ အဲဒီကဒ်ပေးရင် ခရီးသွားလို့ကောင်းတယ်ပေါ့၊ သူစည်းရုံးတာက ခင်ဗျားတို့ မဲတော့ပေးကြပါ၊ ဒီကဒ်ကိုတော့


ဖြဲရင်လဲဖြဲလိုက်ပါဆိုပြီး အောက်ခြေသိမ်းပြော စည်းရုံးနေတာပါ။ ဝင်တဲ့သူတွေ အားလုံးကို ဆန္ဒမဲကောက်ယူလိုက်တာ၊ လူထုက မသိတော့ နားယောင်တာပေါ့” ဟု
ကိုယ်တိုင်စည်းရုံးခံရသူ ဒေသခံက ပြောသည်။

ယင်းကဲ့သို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်းရုံးရာတွင် ရည်ရွယ်ချက် (၇) ချက်ဖြင့် စည်းရုံးနေခြင်းဖြစ်ပြီး အခြားပါတီများထက် ပေါ်ပေါ်တင်တင် နေ့စဉ်ရက်ဆက်
စည်းရုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

“သူတို့က ဘယ်လောက်ထိလဲဆိုရင် ကြံ့ခိုင်ရေးကိုတော့ မဲထည့်လိုက်ပေါ့၊ မဲထည့်ပြီးမှ မကြိုက်ရင်လည်း ထုတ်ပေးထားတဲ့ ကဒ်တွေကို ဆွဲဖြဲပစ်လိုက်ပေါ့၊


လောလောဆယ် ဒီစစ်အစိုးရ မကောင်းဘူးဆိုတာ သူတို့လည်း သိတယ်ပေါ့၊ ကြံ့ခိုင်ရေးကဒ်ကို သူတို့ကပေးတယ်” ဟု ပြောသည်။

၎င်းတို့ စည်းရုံးရာတွင် မဏ္ဍိုင်ထားသည့် ရည်ရွယ်ချက် (၇) ချက်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်ခွင့်၊ အသင်းပင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးချယ်ခွင့်၊ ပညာသင်ကြားခွင့် (ဆိုရာမှာ- မူလတန်းကနေ
အလယ်တန်းအထိ အခမဲ့ပညာသင်ကြားခွင)့် နှင့် နိုင်ငံသားတို့၏မွေးရာပါ အခွင့်အရေး ဆိုသည့်အချက်များ ပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။

ပုသိမ်မြို့တွင် အမှတ(် ၁) မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာ ခင်ခင်စီ၊ အမှတ် (၂) မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ဦးအောင်ကျော်စိန်တို့ (၂) ဦးအား အမာခံထား စည်းရုံးနေလျှက်ရှိပြီး ရယက (၁၄) အပိုင် ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးထွန်းထွန်းက အကူညီပေးနေကြောင်း
၎င်းဒေသခံက ပြောသည်။

http://www.yoma3.org

ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်နယ်မြေများတွင် ကရင်ပြည်နယ်အများဆုံး

Submitted by Karen Information Center on Friday, 17 September 2010No Comment

စက်တင်ဘာလ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စ)ီ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ ကျင်း ပခြင်းမပြုရန် ယမန်နေ့က
တရားဝင် စာရင်းများ ထုတ်ပြန်လိုက်ရာ ကရင်ပြည်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၅၅ဖြင့် အများဆုံး ဖြစ်သည်ဟု သိရသည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၁၆ရက်နေ့စွဲဖြင့် ကြေညာချက် အမှတ် ၉၉/၂၀၁၀ ကချင်ပြည်နယ်တွင် လည်းကောင်း၊
ကြေညာချက်အမှတ် ၁၀၀/၂၀၁၀ ကယားပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၁/၂၀၁၀ ကရင် ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ်
၁၀၂/၂၀၁၀ မွန်ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၃/ ၂၀၁၀ ရှမ်းပြည်နယ်တွင်လည်းကောင်း စသည့် ပြည်နယ် ၅ခုမှ ကျေးရွာအချို့တွင်
ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ယမန်နေ့ ညနေပိုင်းက မြန်မာ့အသံမှတဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

ထိုပြည်နယ် ၅ခုထဲမှ မြို့နယ် ၄ခုနှင့် ကျေးရွာအုပ်စုပေါင်း (၃၀၀)ခန့်တွင် ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်ထားခြင်းဖြစ်ပြီး ကရင်နှင့် ရှမ်းပြည်နယ်မှ
နယ်မြေများ အများဆုံးပါဝင်ပြီး မည်သည့်အကြောင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

ကြေညာချက် အမှတ် ၁၀၁/၂၀၁၀ အရ ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့နယ်တွင် ကျေးရွာအုပ်စု (၁၁)စု၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးရွာအုပ်စု (၁၇)စု၊
ဖာပွန်မြို့နယ်တွင် ကျေးရွာအုပ်စု (၂၇)စု၊ သံတောင်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၃၆)စု၊ မြ၀တီမြို့နယ် တွင် ကျေးရွာအုပ်စု (၄)စု၊ ကော့ကရိတ်မြို့နယ်တွင်
ကျေးရွာအုပ်စု(၁၄)စုနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၄၆) စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများအဖြစ် သတ်မှတ်ထားသည်ဟု
ပါရှိသည်။

နအဖ စစ်အစိုးရက ယခုလို မဲဆန္ဒနယ်အတော်များများကို ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်လိုက်ခြင်းသည် ၎င်းတို့ အနိုင်ရရှိ ရေးအတွက်
လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယခုရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယ)ူ တွဲဖက်အတွင်းရေးမှူး-၁
ဗိုလ်မှူးစောလှငွေက ယခုလို ဝေဖန်သုံးသပ်သည်။

သူက “အဓိကတော့ သူတို့ (နအဖ)အနိုင်ရဖို့အတွက်ပဲ။ အဲဒီဒေသတွေမှာရှိတဲ့ လူထုတွေက သူတို့ကို ထောက်ခံမဲပေးမဲ့ လူတွေ မဟုတ်ဘူး။ အဲဒါကြောင့်
လုံခြုံရေးအတွက် အကြောင်းပြပြီးတော့ ဖယ်ရှားလိုက်တာဖြစ်တယ်။ သူတို့အတွက် အရှုံးမရှိဘူး။ ကျန် တဲ့ဒေသတွေမှာ ၀င်ရောက်အရွေးခံမဲ့ ကိုယ်စားလှယ်တွေကို
သူတို့လှည့်ချင်သလို လှည့်လို့ရတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုဒေသများအတွင်း စစ်အစိုးရကို ဆန့်ကျင်တော်လှန်သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)တပ်ဖွဲ့များ၊ နယ်ခြားစောင့် တပ်များ၊ နယ်ခြားစောင့်တပ်ကို


ငြင်းဆန်နေသည့် ဒီကေဘီအေတပ်ဖွဲ့များနှင့် နအဖတပ်များ တည်ရှိနေသည့်အတွက် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ယခုလို ရွေးကောက်ပွဲ မကျင်းပရန်
ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ လူထု များက ယူဆနေကြသည်။

ကော့ကရိတ်နယ်သားတဦးက “သူတို့ (နအဖ) လာလုပ်ဘယ်ရဲမလဲ။ ဒီဘက်ကလူ(ကေအဲန်ယ)ူ တွေ သူတို့ကို တိုက်ခိုက်မှာ စိုးရိမ် လို့ ထင်ပါတယ်။ အခုလည်း
နယ်စပ်မှာ တိုက်ပွဲ ခဏခဏဖြစ်နေတော့လေ။”ဟု ကေအိုင်စီကို ပြောသည်။
အလားတူ အခြား မွန်၊ ကယား၊ ကချင်၊ ရှမ်းပြည်နယ်တို့်တွင်လည်း စစ်အစိုးရကို ဆန့်ကျင်တော်လှန်သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ၊
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ ရှိနေ သည့်အတွက် စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန်
ခက်ခဲနေခြင်းဖြစ်ကြောင်း ဝေဖန်သူများလည်း ရှိသည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၇ခုရှိပြီး ပြီးခဲ့သည့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌လည်း မြန်မာနိုင်ငံ၌ နယ်မြေအေးချမ်းမှုမရှိဟု ယူဆရသော မဲဆန္ဒနယ် ၇ခုတွင်
ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့ကြောင်း သိရသည်။

ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ

Submitted by Karen Information Center on Friday, 17 September 2010No Comment

စက်တင်ဘာလ ၁၇ရက်။ ကေအိုင်စီ

ရွေးကောက်ပွဲရက်နီးလာသည့်အတွက် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့ရှိ စစ်တပ်ဂိတ်များနှင့် မြို့တွင်း၌ ယခုလဆန်းပိုင်း မှစ၍ လုံခြုံရေးအတွက်


လှည့်လည်စောင့်ကြပ် သတိထားမှုများ ပိုမိုများပြားလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖားအံမြို့တွင်းရှိ စစ်သားများက ၎င်းတို့၏ သက်ဆိုင်ရာ တပ်ဂိတ်ရှေ့တွင် ပုံမှန် စောင့်ကြပ်နေသည့်အပြင် ဂိတ်ပေါက်နှင့် မနီး မဝေးတွင် သွားလာသူများကို
မှောင်ရိပ်ခိုကာ စောင့်ကြည့်နေသည့် စစ်သားအတော်များများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

“စစ်သားတွေက သူတို့တပ်ရှေ့နားမှာပဲ စောင့်တာ။ အရင်က စောင့်ပါတယ်။ ၂ယောက်၊ ၃ယောက် အများဆုံးပဲ။ အခုက တပ် အရှေ့ဘေးပေါ့နော်။ အဲမှာ
မှောင်ရိပ်ခိုပြီး စောင့်တာက ၈ယောက်သတ်သတ်ပဲ။ သူတို့က ဂိတ်ပေါက်နဲ့ အလှမ်းနည်းနည်းဝေး ပြီး အမှောင်ကျတဲ့နေရာမှာ။ အဲလို ခွဲစောင့်တာ။ ည
၁၀နာရီလောက်ဆို စစောင့်ပြီ။”ဟု ပြောသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်လက ပဲခူးမြို့တွင်း၌ ပိုစတာကပ်မှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုလို လုံခြုံရေးပိုချထားခြင်း ဖြစ် သည်ဟုလည်း အဆိုပါမြို့ခံက
ဆိုသည်။ “ပဲခူးမှာဖြစ်သွားတဲ့ ပိုစတာကပ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီဘက်မှာလည်း တခုခု လုပ်မှာစိုးလို့ အခု ပိုပြီးတော့ လုံခြုံရေးလုပ်တဲ့သဘောပဲ။”ဟု
ဆိုသည်။

၎င်းအပြင် ဖားအံမြို့မှ ရဲများကလည်း ညဘက်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်ကြည့်ရှုခြင်းများလည်း ရှိနေကြောင်း လမ်း သွားလမ်းလာ မြင်တွေ့သူ မြို့ခံများ၏
ပြောပြချက်အရ သိရသည်။

ကျောင်းသူတစ်ဦးက “ရဲတွေကလည်း ညဘက် ယူနီဖောင်းတွေနဲ့ ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ လိုက်လှည့်နေတယ်။ ဘယ် သူတွေ


ဘာလုပ်မလဲဆိုပြီးတော့လေ။”ဟု ပြောသည်။

ဖားအံမြို့တ၀ိုက် မြို့တွင်းမြို့ပြင်နေရာများတွင် နအဖ တပ်မ(၂၂)၊ (၂၀၁)တပ်ရင်း၊ အမှတ(် ၉)ရပ်ကွက် ဇွဲကပင်ကုန်းရှိ ထောက်ပို့တပ်အပြင် ၎င်းရပ်ကွက်နှင့်
တဆက်တည်း ကြာအင်းလမ်း၌ (၂၂၂)တပ်ရင်းများ ထားရှိသည်။

http://www.kicnews.org

မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ

2010-09-17

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရပေမဲ့ မိမိတို့ရဲ့ လက်ရှိ မူဝါဒအတိုင်း ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ကြောင်း
အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင်းဘဲလ်က ပြောကြားလိုက်ပါတယ်။

(Photo: AFP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)

အမေရိကန် ငြိမ်းချမ်းရေးအသင်း စည်းဝေးပွဲတခုမှာ စက်တင်ဘာ ၁၆ ရက် မနေ့က ပြောကြားခဲ့တာပါ။ အခုထိ မိမိတို့ တွေ့မြင်နေရတာတွေအရ နိုဝင်ဘာ
ရွေးကောက်ပွဲဟာ နိုင်ငံတကာက တရားဝင် လက်ခံနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘယ်နည်းလမ်းက
ကောင်းသလဲဆိုတာ ရွေးချယ်ရ ခက်ခဲနေပေမဲ့ ထိတွေ့ ဆက်ဆံရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်လို့ မစ္စတာ ကင်းဘဲလ် က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး မြန်မာပြည်မှာ လူသစ်တွေ၊ ပုံစံအသစ်တွေ၊ လုပ်ပိုင်ခွင့်အာဏာ ကူးလူးဆက်ဆံမှု အသစ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်၊


ဖြစ်ပေါ်လာမဲ့အနေအထားတွေကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေးစနစ်ကို တပြိုင်နက်
ကျင့်သုံးဖို့ အဆင်သင့်ပါပဲလို့လည်း မစ္စတာ ကတ် ကင်းဘဲလ်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဖျောင်းဖျရေး၊


မြောက်ကိုရီးယားနဲ့ နျူကလီယား ဆက်ဆံရေး အခြေအနေကို ရှင်းရှင်း လင်းလင်း သိရှိရေးတွေအပေါ် အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့စစ်အစိုးရက ဘာမှ
လိုက်လျောပဲ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ

2010-09-17

ဧရာဝတီတိုင်း၊ ဖျာပုံ မြို့နယ် မှာ နအဖ အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း အဖြစ် ကျေးရွာတွေမှာ စည်းရုံးရေး လုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်၊

(Photo: AFP)

မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို ကူညီရန် အမေရိကန် ပြည်ထောင်စုမှ ပေးပို့သော ထောက်ပံ့ရေး ပစ္စည်းများကို ထိုင်းနိုင်ငံ အူတာပေါင် ဘုရင့်ရေတပ်
အခြေစိုက်စခန်း လေယာဉ်ကွင်းတွင် အမေရိကန် လေတပ် C-130 လေယာဉ်ကြီးပေါ်သို့ တင်ဆောင်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)

အဲဒီလို စည်းရုံးရေး ဆင်းရာမှာ ကျေးရွာရှိ သက်ကြီးရွယ်အိုများကို နာဂစ်ဒုက္ခသည်တွေ အတွက် လျာထား လှူဒါန်းထားတဲ့ ပစ္စည်းတွေ လက်ဆောင်ပေး
စည်းရုံးနေတယ်လို့ ဖျာပုံ ခရိုင်က ဒေသခံ လယ်သမားကြီး တဦးက ခုလို ပြောပြပါတယ်။

“ဝန်ကြီးလေ၊ ဟိုတယ်နဲ့ ခရီးသွားလေ၊ ဒီမှာ စည်းရုံးရေးတွေ ဆင်းပြီးတော့ ရပ်ကွက်တွေက ၇၀ နဲ့ အထက်တွေကို နာဂစ်က လှူထားတဲ့ စောင်တွေနဲ့ ငွေ ၅,၀၀၀
စီ၊ အဲဒါ လှူတယ်၊ လှူပြီးတော့ စည်းရုံးရေး ဆင်းပြီးတော့ NGO တွေက ပေးတဲ့ ပစ္စည်းတွေနဲ့ သူက မျက်နှာကောင်း ယူတာပေါ့ဗျာ။ သူက ဝင်ပြိုင်မှာပေါ့လေ၊
နာဂစ်တုန်းက သူက ဒီမှာက နာဂစ် ဒီဒေသရဲ့ နယ်မြေမှူးပေါ့။ အစိုးရက သူ့ကို ဒီဖက် နယ်မြေချပေးလိုက်တော့လေ။”

ဗိုလ်ချုပ် စိုးနိုင်ဟာ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေး အတွက် ဖျာပုံခရိုင်မှာ တာဝန် ပေးအပ်ခံခဲ့ရတာကြောင့် နယ်မြေခံ ကျေးလက်လူထု နဲ့
အကျွမ်းတဝင် ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဖျာပုံမြို့နယ်မှာ နောက်ထပ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာ ဒေါ်မြမြအုန်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး
လောလောဆယ်အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီသာ တရားဝင် ကိုယ်စားလှယ်လောင်းတွေ
ကြေညာထားတယ်လို့ သိရှိရပါတယ်။

၂ နှစ်တာ သက်တမ်းအတွင်း CRPP ၏ လုပ်ဆောင်ချက်များ

2010-09-17

CRPP လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စတင်ဖွဲ့စည်းလာခဲ့တာ အဆိုရင် ၁၂ နှစ်တာကာလ ရှိခဲ့ပါပြီ။

(Photo:Courtesy of NCGUB)

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ)
ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။
(Photo:Courtesy of NCGUB)

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် မိမိတို့ဖာသာ
လွှတ်တော်ခေါ်ယူဖို့ NLD ပါတီက ကြိုစားခဲ့ပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းရင်းသား
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၅၁ ဦးက လက်မှတ်ရေးထိုးပြီး CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်၊

ဒီ ၁၂ နှစ်တာ ကာလအတွင်း CRPP အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ဘာတွေ ဆက်လက် ကြိုးပမ်းသွားဖို့ ရှိတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး CRPP
အတွင်းရေးမှူး ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က
်။


ံဖို
င်

ူရ
န်

ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်

2010-09-17

ကနေဒါအစိုးရက မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ဆယ်ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆
ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

Photo: 88 Generation Students (Overseas)

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့တွင် သြဂုတ်လ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၆ ဖွဲ့ စုဝေးကာ
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ Photo: 88 Generation Students (Overseas)

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Lawrence Cannon ပြောရာမှာ မြန်မာစစ်အစိုးရဟာ ဒီကရေစီ ပြုပြင်ပြောင်းလဲရေး ကတိတွေ ပေးထားတာ ပျက်ကွက်မှုဟာ
အလွန်ဆိုးဝါးကြောင်း၊ NLD အပါအဝင် တခြားနိုင်ငံရေးပါတီ ကိုးပါတီကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို မျက်ကွယ်ပြုလိုက်တာ
ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ပြောတဲ့ ရွေးကောက်ပွဲဟာလည်း ဖိနှိပ်မှုတွေကြားထဲက ကျင်းပမဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း
ကနေဒါအစိုးရအနေနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်


နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေအပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တွေ့ဆုံစကားပြောဖို့ကို
ဆက်လက်တိုက်တွန်းကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် စစ်အစိုးရ ဆက်ဆံရေးတင်းမာ

2010-09-17

တရုတ-် မြန်မာနယ်စပ်ဒေသမှာ အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား ဒီရက်ပိုင်းအတွင်း


တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် အခြေအနေ တင်းမာနေတယ်လို့ သျှမ်းသံတော်ဆင့်မှာ စက်တင်ဘာ ၁၆ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။

(Photo: AFP)

စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရမြ်းလက်နက်ကိုင် တပ်သားမားကို စက်သေနတ် လက်နက်ဋ္ဌကီးမူားဖင့် အသင့်အနေအထား တေရြပုံဖစ်ပသည်။
(Photo: AFP)

ပီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁)က စစ်ကြောင်းတကြောင်းနဲ့ စစ်အစိုးရ
နယ်မြေစိုးမိုးရေး စစ်ကြောင်းတခုအကြား သီပေါမြို့နယ်အတွင်းက SSA မြောက်ပိုင်း စခန်းအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)
တပ်မဟာ ၁ ကို သူတို့ အခြေစိုက်တဲ့ နယ်မြေတွေကို စစ်အစိုးရက ကန့်သတ်လာတဲ့အတွက် နှစ်ဖက်တင်းမာလာပြီး တိုက်ပွဲ စတင်ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့်
သတင်းစဉ်က ဦးခွန်ဆိုင်းက ပြောပါတယ်။

“စဖြစ်တာကတော့ ပြီးခဲ့တဲ့လတုန်းက နအဖကနေ တပ်မဟာ (၁) ကို ညွှန်ကြားချက် ထုတ်တယ်ပေါ့ဗျာ။ ခင်ဗျားတို့ ပြည်သူ့စစ် မလုပ်ဖူးပေါ့ဗျာ။ သူတို့က BGF
မဟုတ်ဖူး၊ အဲဒီဖက်က။ BGF က သူက နယ်စပ်မှာ နေရတာပေါ့။ သူက နယ်စပ်မှာ နေပဲ။ ပြည်သူ့စစ် ဖြစ်တယ်။ ပြည်သူ့စစ်အဆင့်ကို ခင်ဗျား လက်မခံဘူး
ဆိုလို့ရှိရင် ခင်ဗျားတို့ တပ်တွေဟာ တန့်ယန်းနဲ့ မုန်းယိုင် ကားလမ်းတောင်ဖက်မှာပဲ နေပါ။ ဒီ မြောက်ဖက်ပိုင်း မတိုးလာပါနဲ့။ အဲဒါမျိုး ပြောတယ် နော်။ ဟုတ်ကဲ့၊
ဒီလိုမျိုး ပြောပြီးတဲ့ နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ကို ဖြစ်ဖို့ လက်ခံထားတဲ့ တပ်တွေကလည်း တော်တော်များများက တပ်သားတွေပေါ့ဗျာ၊
သူတို့ကလည်း တပ်မဟာ (၁) ထဲ ဝင်လာကြတယ်။ နောက်ပြီးတော့ တပ်မဟာ (၁) ကလည်း ဒီနယ်မြေတွေဟာ ကျွန်တော်တို့ SSA (မြောက်ပိုင်း) က လှုပ်ရှားတဲ့
နယ်မြေတွေ အကုန်လုံးပဲ ဆိုပြီးတော့မှ သူတို့ကလည်း ထပ်လည်း လှုပ်ရှားတာပေါ့၊ ဒီလို ဆက်လက် လှုပ်ရှားရင်းနဲ့ ၁၄ ရက်နေ့ကျတော့ သူတို့ ဆိုင်မိကြပြီးတော့မှ
တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။”

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ဟာ တပ်မဟာ ၁၊ တပ်မဟာ ၃၊ နဲ့တပ်မဟာ ၇ ဆိုပြီး တပ်မဟာ ၃ ခု ရှိပါတယ်။ အဲဒီအထဲက တပ်မဟာ ၃ နဲ့ ၇ ဟာ
ပြည်သူ့စစ်ဖွဲ့ဖို့ သဘောတူထားပြီး ဖြစ်ပေမဲ့ တပ်မဟာ (၁) ကတော့ ပြည်သူ့စစ်ဖွဲ့ဖို့ကို လက်မခံပဲ ငြင်းဆန်ထားပါတယ်။

အခုလို တင်းမာလာတာဟာ အရှေ့မြောက်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် အောင်ကျော်ဇော ရောက်လာပြီးမှ နှစ်ဖက် ဆက်ဆံရေး
ပိုဆိုးလာနေတာလို့လည်း ဦးခွန်ဆိုင်းက ပြောပါတယ်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောဟာ အရင်က ပန်ဆန်းဒေသမှာ ရှိတဲ့ တပ်မ ၃၃
တပ်မမှူးအဖြစ် တာဝန်ယူခဲ့ပြီး တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အသိအမှတ်ပြုရေး ဂျာမနီဆွေးနွေးပွဲ ပြည်တွင်းပြည်ပ ရှုတ်ချ

2010-09-17

စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့
ကျင်းပနေတဲ့ ဆွေးနွေးပွဲကို ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချကြကြောင်း သိရပါတယ်။

Photo Courtesy of demowaiyen

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲမှ ပိုစတာပုံ ဖြစ်ပါသည်။


www.demowaiyan.co.cc

ဂျာမနီနိုင်ငံ Friedrich Ebert Stiftung အဖွဲ့က တာဝန်ခံကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို IDE မြန်မာ ၊ E.Gress မြန်မာ ၊ ဥရောပကော်မရှင် စတဲ့အဖွဲ့တွေ
တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ဘာလင်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ မြန်မာပြည်တွင်းက နိုင်ငံရေးလှုပ်ရှားသူတွေကြား စိတ်ဝမ်းကွဲပြားမှု ပိုမိုဖြစ်စေတာကြောင့် အပြင်းအထန် ရှုတ်ချကြောင်း


ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်မဲ့ ဒေါက်တာဖုန်းဝင်းက ပြောဆိုလိုက်ပါတယ်။

“ရှုတ်ချတာက ဒီလိုပွဲတွေ လုပ်လို့ရှိရင် မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ကြားထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပြီးတော့ အစိတ်စိတ် အမွှာမွှာ
ကွဲပြားပြီးတော့ပေါ့လေ၊ ဒီမိုကရက်တစ် ဘက်တော်သားတွေ အင်အား ချိနဲ့သွားပြီးတော့ စစ်အစိုးရ အုပ်ချုပ်ရေးကိုပဲ သက်တမ်းရှည်စေတဲ့ အဖြစ်မျိုး
ဖြစ်ဖြစ်သွားလို့ ကျွန်တော်တို့က ရှုတ်ချတာပါ။ သူတို့က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက တချို့ အကြောင်းအရာတွေကပေါ့လေ၊ NLD က
မရှိတော့တဲ့အခါမှာ vacume ကြီးတခု၊ လေဟာနယ်ကြီးတခု ဖြစ်ပြီးတော့ NLD နေရာကို ဘယ်သူက ဝင်ယူနိုင်သလဲ၊ NLD ရှိနေလျက်သားနဲ့ပေါ့လေ၊
မရှိတော့တဲ့အခါမှာ လေဟာနယ်ကြီးဆိုတဲ့ အခါကျတော့ အဖွဲ့အစည်းတခုခု ပျက်စီးရမှ နောက် အဖွဲ့အစည်းတခုက ဝင်ရတယ်ဆိုတဲ့ဟာကျတော့လေ
တဦးပျက်စီးမှ တဦး အသာရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲလို မဟုတ်ပဲနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်လို့ ရှိရင် ပိုမကောင်းဘူးလား။ အဲလိုမျိုး
ကျွန်တော်တို့က ဆွေးနွေးစေချင်တာလေ။ အခုဟာတော့ တယောက်ပျက်စီးမှ နောက်တယောက် အောင်မြင်ရမယ်ဆိုတဲ့ သဘောမျိုးလေး ဖြစ်နေလို့ခင်ဗျ။”

ဘာလင်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို မြန်မာ့ရေးရာဌာန (ဂျာမနီ) က ဦးဆောင်ပြီး ဂျာမန်လူမျိုးတွေ အပါအဝင် စုစုပေါင်း လူ ၃၀နီးပါး ဆန္ဒပြခဲ့ကြောင်း
သိရပါတယ်။ ဆွေးနွေးပွဲကို ဆန္ဒပြရတဲ့အကြောင်းနဲ့ ပတ်သက်လို့ မြန်မာ့ရေးရာဌာနက ဦးအောင်သန်းဦးက အခုလိုရှင်းပြပါတယ်။

“ဗမာပြည်ကနေ ဒီ နဝတအစိုးရ အလိုကျ lobby လုပ်ပေးနိုင်မဲ့ E-gress အဖွဲ့ဝင်တွေပေါ့ဗျာ၊ အများစုကတော့။ ကျွန်တော် နာမယ်သိသလောက်ဆိုလို့ရှိရင်
ဒေါက်တာ ခင်ဇော်ဝင်း သိတယ်၊ နောက်ပြီးတော့ ဒေါ်လှလှစိုး ဆိုတာ သိတယ်။ နေဝင်းမောင်ကတော့ ဒီနေ့ မတက်ပါဘူးခင်ဗျ။ နအဖရဲ့ ဒီဖြစ်စေချင်တဲ့
ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုဖို့အတွက် သူတို့ လာပြီး lobby လုပ်တဲ့ပွဲလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့်
ကျွန်တော်တို့တွေကလည်းပဲ ကျွန်တော် ဒီမှာ ရှိတဲ့ မြန်မာ့အရေးကို လှုပ်ရှားနေတဲ့ အဖွဲ့ကလည်းပဲ ဒီ နဝတ အလိုတော်ရိ ဒေါက်တိုင်တွေကို ကျွန်တော်တို့
ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသလို ကျွန်တော်တို့ ဒီ FES Friedrich Ebert Stiftung Foundation ကိုလည်းပဲ စစ်အစိုးရနဲ့ ပတ်သက်တာကို ပံ့ပိုးကူညီခြင်း
မပြုဖို့အတွက် ကျွန်တော်တို့ လာ တောင်းဆိုခြင်း ဖြစ်တယ်။”

ဘာလင်မြို့ဆွေးနွေးပွဲမှာ စစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲအတွင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မပါဝင်တော့တာကြောင့် ဘယ်သူတွေက NLD
ပါတီနေရာမှာ ဝင်ရောက် အနိုင်ယူလာနိုင်သလဲ ဆိုတဲ့ ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲဖြစ်အောင်စီစဉ်တဲ့ Friedrich Ebert Stiftung ဂျာမန် NGO အဖွဲ့ကတော့ စစ်အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့လို့ အဝေဖန်ခံနေရကြောင်း သိရပါတယ်။

တိုင်းရင်းသားဒေသအချို့  ရွေးကောက်ပွဲပိတ်ပင်ခံရ

2010-09-17

ရွေးကောက်ပွဲ ကော်မရှင်က ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ နယ်မြေတွေ စာရင်းကို
ထုတ်ပြန် ကြေညာလိုက်ပါတယ်။

(Photo: AFP)

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇
ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မွန်ပြည်နယ်မှာတော့ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်က ကျေးရွာ အုပ်စုပေါင်း ၉ ခု ပါဝင်ပါတယ်။ အဲဒီဒေသတွေကို အရင်ကတည်းက အမဲရောင်နယ်မြေအဖြစ်


စစ်အစိုးရက သတ်မှတ်ထားပြီး တိုင်းရင်းသား ကိုယ်စားပြု ပါတီတွေအနေနဲ့လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ နေရာတွေ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ်။

“ဖော်ပြတဲ့ အဲဒီဒေသ ဘယ်နေရာ ဘယ်နေရာ ပယ်လိုက်တယ်ဆိုတာက ဒီနေရာတွေက နည်းနည်း မှတ်မိတယ်လေ။ မှတ်မိတယ်ဆိုတာက ကျွန်တော်တို့
ဟိုတုန်းက လက်ထောက် ပြည်နယ် ပညာရေးမှူး စစ်ဆေးရေး လုပ်တုန်းက အဲဒီနယ်တွေကို ဆင်းချင်တယ်ဆိုလို့ရှိရင် ကွန်ဗွိုင်နဲ့ ဆင်းရတာပေါ့၊ ဟိုတုန်းကလေ။
အဓိပ္ပာယ်ကတော့ တပ်နဲ့ သွားရတယ်၊ ရဲနဲ့ သွားရတယ် ဆိုတဲ့ နေရာတွေပေါ့နော။ ဒီနေရာတွေက လက်နက်ကိုင် အဖွဲ့အစည်းကနေပြီးတော့ လွှမ်းမိုးထားတဲ့
ဒေသ ဖြစ်တယ်။ ဒီနေရာကလည်း သွားလာရ တော်တော် ခက်တယ်။”

“အဲလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီနေရာတွေက သူတို့ လုပ်လိုက်မယ် ဆိုလို့ရှိရင် free and fair မဖြစ်ဖူးဆိုပြီးတော့ သဘောထားလို့ သူတို့ အဲဒီလို လုပ်တာပါ။
တကယ်ဆိုတော့လည်းပဲ အဲဒီ နေရာတွေက အခု ရွေးကောက်ပွဲ ဆိုလို့ရှိရင်တော့ တစညနဲ့ ကြံ့ဖွတ်ပဲ မဲရမှာပေါ့။”

ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်ခံရတဲ့ နေရာဒေသ အများဆုံးကို ရှမ်းပြည်နယ်မှာ တွေ့ရပြီး ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်အားလုံး အပါအဝင်
အခြားရှစ်မြို့နယ်က ကျေးရွာတွေမှာ ရွေးကောက်ပွဲ ပြုလုပ်မှာ မဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကြောင့် လူဦးရေ
နှစ်သန်းကျော်လောက် မဲပေးပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ အမည်မဖော်လိုတဲ့ ရှမ်းခေါင်းဆောင်တဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ရွေးကောက်ပွဲ မလုပ်မဲ့ တိုင်းရင်းသား နယ်မြေဒေသတွေကို ကြည့်မယ်ဆိုရင်လည်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့နဲ့ စစ်အစိုးရကြား သဘောထား တင်းမာမှုတွေ
ကြီးမားနေတယ်ဆိုတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးများ ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေးဗစ်တောက ဆိုပါတယ်။

မြန်မာနှင့် တရုတ်၊ အမေရိကန် ဆက်ဆံရေး ပညာရှင်များ ဆွေးနွေး

2010-09-17

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က


ပြုလုပ်ခဲ့ပါတယ်၊
(Photo: AFP)

တရုတ်သမတ ဟူဂျင်တောင် (အလယ်-ဝဲ)နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်-ယာ) တို့ကို စက်တင်ဘာ ၈ ရက်နေ့က
တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ကြိုဆိုပွဲ အခမ်းအနားတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အဓိက ဟောပြောဆွေးနွေးတဲ့ ပညာရှင်ကတော့ အမေရိကန်တက္ကသိုလ် အာရှလေ့လာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ကွမ်ရှန် ကျောက် (Quansheng
Zhao) ဖြစ်ပြီး ၊ အကြောင်းအရာကတော့ မြန်မာ၊ တရုတ်၊ အမေရိကန် ဆက်ဆံရေး ဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြိး တရုတ်က ဘယ်လို အကျိုးစီးပွားတွေ ကြည့်ပြီး ဆက်ဆံပါသလဲ။ အမေရိကန်ကရော မြန်မာနဲ့ ဘယ်လို အကျိုးစီးပွားတွေနဲ့ ဘယ်လို
ဆက်ဆံနေပါသလဲ စတဲ့ မေးခွန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆွေးနွေးသွားပါတယ်။

နောက်ဆုံးတချက်အနေနဲ့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်အကြား ပဋိပက္ခ အသွင်နဲ့ ရှင်းရမှာလား ပူးပေါင်း ဆောင်ရွက်မှု ဖြစ်လာမလားဆိုတဲ့
အချက်ဖြစ်ပါတယ်လို့ ဆွေးနွေးမဲ့ အကြောင်းအရာ အကျဉ်းချုပ်ကို ပြောပြသွားခဲ့ပါတယ်၊ တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးမှာ၊ စီးပွားရေး အကျိုးစီးပွားနဲ့
တရုတ်မြန်မာနယ်စပ်က မြန်မာနိုင်ငံဖက်ခြမ်းမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေ အရေးတွေနဲ့ ဆက်စပ်နေတယ်လို့ ပါမောက္ခ ဒေါက်တာ ကွမ်ရှန် ကျောက် Quansheng
Zhao က ပြောဆိုခဲ့ပါတယ်၊

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ဒီရွေးကောက်ပွဲ ဖြစ်ခဲ့ရင် အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေက ပြစ်တင် ဝေဖန်ပြီး တရုတ်ကတော့
လက်ခံမှာ ဖြစ်ကြောင်း၊ အာဆီယံကတော့ လက်မခံနိုင်ပေမဲ့လည်း ကန့်ကွက်တာမျိုး မလုပ်ပဲ ငြိမ်နေလိုက်တာမျိုးပဲ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်၊

ဒီဆွေးနွေးပွဲ အကြောင်းနဲ့ပတ်သက်ပြီး တက်ရောက် သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။



င်


င်




က
်။


ံဖို
င်

ူရ
န်

မြန်မာ့ရွေးကောက်ပွဲ အတုအယောင်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဝေဖန်

2010-09-17

နိုဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာ့ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာစစ်အစိုးရရဲ့ အာဏာကို ဆက်ပြီး အသက်သွင်းဖို့ ကြိုးစားတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ
ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။
(Photo: AFP)

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)

ဒါ့အပြင် ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခု ဖြစ်သင့်တဲ့အပြင်၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့


တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေကို အဆုံးသတ်စေမဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခု နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေအရ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စိတ်ပျက်စရာကောင်းပြီး ပြစ်တင်ရှုတ်ချသင့်တဲ့


အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ပိုမို ဆောင်ရွက်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mr.
Hague က ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း David Miliband ကလည်း မြန်မာစစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမဲ့
ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ လည်မျိုကို ပိုညှစ်တဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ သူက
ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ တဖက်မှာ ရေငုံနှုတ်ပိတ် ခံထားရတဲ့ အခြေအနေ ရောက်နေသလို တဖက်မှာလည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မဲ့
အခွင့်အလမ်းတွေအားလုံးကို ပိတ်ပင်ခံထားရ ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေကိုယ်စား မိမိတို့ ဘာလုပ်မလဲဆိုတာ အရေးကြီးကြောင်း ဗြိတိန်
နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။

http://www.rfa.org/burmese
http://burmese.dvb.no/

You might also like