Professional Documents
Culture Documents
မြန်မာစစ်တပ်က အရာရှိတဦးနဲ့ ရန်ဖြစ်ရာကနေ ကျေးရွာထဲကို တပ်ရင်းမှူးအပါအ၀င် စစ်သားများ၊ အရပ်ဝတ်များ ရောက်လာကြကာ
ရွာသားများအား ရိုက်နှက် ကန်ကျောက်ခြင်း၊ နိုင်ထက်စီးနင်း လုပ်ဆောင်ခြင်း၊ ရွာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါတယ်။ မြန်မာစစ်တပ်ဟာ ထို ဖြစ်ရပ်နဲ့ အလားတူကိစ္စများကို မြန်မာတိုင်းရင်းသားများနေထိုင်ရာ အညိုရောင်၊ အမဲရောင်
စသည်ဖြင့် သတ်မှတ်ထားတဲ့ နယ်မြေများတွင် အမြဲလုပ်ကိုင်နေကျ ဖြစ်ပြီး အခုတခါကတော့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်
မရမ်းချောင်းကျေးရွာအုပ်စု၊ သုံးဆယ်ပေါက်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၀ သြဂုတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အခု ဖြစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ သိရှိကြသော်လည်း ဒီကနေ့အထိ အရေးယူ
ဆောင်ရွက်ခြင်း အလျဉ်းမရှိသေးကြောင်း သိရှိရပါတယ်။
ဖြစ်ပွားပုံကတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ သုံးဆယ်ပေါက်ကျေးရွာရှိ ဒေါ်မဲလုံးရဲ့ဈေးဆိုင်အနီးမှာ ၂၀၁၀
သြဂုတ် ၁ ရက်နေ့ ညနေက အဲဒီကျေးရွာနေ အဘ ဦးကျော်စိန်ရဲ့သား မွန်လေး အပါအ၀င် လူငယ်သုံးဦးနဲ့ ကျေးရွာနဲ့ တမိုင်ခွဲခန့် ကွာဝေးတဲ့
အမှတ် ၆၀၅ စစ်တပ်မှ ဗိုလ်ကြီး စစ်လင်းအောင်၊ ရဲဘော်တဦးတို့နဲ့ စကားများရာ အရပ်ဝတ် ၀တ်ထားတဲ့ ဗိုလ်ကြီးစစ်လင်းအောင်က
လူငယ်သုံးဦးကို ခြေထောက်နဲ့ ကန်ကျောက်၊ နားရင်းရိုက်၊ ထိုးကြိတ်ပြီး တပ်စခန်းကို ပြန်သွားခဲ့ပါတယ်။
အဲဒီနောက် ညနေ ၆ နာရီခွဲတွင် အမှတ် ၆၀၅ စစ်တပ် တပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်နဲ့ ဗိုလ်ကြီးများ ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာကာ
ရန်ဖြစ်သူ မွန်လေးရဲ့အစ်မဖြစ်သူ မပိန် (ခ) မော်လီဝင်းရဲ့နေအိမ်ကို ရောက်ရှိလာပြီး မွန်လေး ရှိ မရှိ မေးမြန်းရာ မပိန်က မရှိကြောင်း ပြန်လည်
ဖြေကြားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်က မပိန်အား အခင်းဖြစ်ရာနေရာကို လိုက်လံ ပြသရန် ပြောဆိုနေစဉ် တရုပ်နိုင်ငံလုပ် FAW ကားဖြင့်
စစ်သား ၅၀ ခန့်နဲ့ အရပ်ဝတ်များ ရောက်လာကြပါတယ်။ အဲဒီလို ရောက်ရှိလာစဉ် သူတို့လက်ထဲမှာ သေနတ်များ၊ သံတုတ်နဲ့ ၀ါးဆစ်ပိုင်းများ
ကိုင်ဆောင်ထားပါတယ်။
အဲဒီနောက် တပ်ရေးဗိုလ်ကြီး အောင်ကျော်ဇင်နဲ့ ရဲဘော်တဦးတို့က သေနတ်နှစ်ချက် ပစ်ဖောက်ကာ ရဲဘော်များက မပိန်ကို လက်သီးနဲ့ ထိုး၊
တုတ်နဲ့ ရိုက်၊ စစ်ဖိနပ်နဲ့ ၀ိုင်းကန် ထိုးကြိတ်ခဲ့ပါတယ်။ ထို့နောက် ဗိုလ်ကြီးအောင်ကျော်ဇင်က မပိန်အား ပြေးထူကာ “မင်းတို့ မလုပ်ကြနဲ့၊
လက်လွန်ကုန်မယ်၊“ လို့ ပြောသော်လည်း စစ်သားတဦးက “မထူးပါဘူး၊“ ဆိုကာ မပိန်ရဲ့ရင်ဝကို သေနတ်ဒင်နဲ့ တချက် ဆောင့်ပြီး ကျန်
စစ်သားများက ဆဲဆိုကာ မပိန်ရဲ့အိမ်ပေါ်ကို တက်ပြီး မွန်လေးကို ရှာဖွေကြပါတယ်။ ထိုသို့ ရှာဖွေရာ မွန်လေးကို မတွေ့တဲ့အတွက်
အိမ်ထရံကို ဖြိုချခဲ့ပြီး အိမ်ရှိ ဓါတ်ဘူး၊ ဖန်ခွက်များကို ရိုက်ခွဲကာ ကြက်သုံးကောင်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက် တရွာလုံးရှိ
ကလေး၊ လူကြီး ရှိသမျှ ရွာသားများကို လမ်းမပေါ်တွင် စု ထိုင်ခိုင်းကာ ဒေါ်ရှမ်းမ (ခ) မခင်မြင့်ကို နားရင်းရိုက်၊ စစ်ဖိနပ်နဲ့
ဆောင့်ကန်ခဲ့ပါတယ်။ အဲဒီအခါ ဒေါ်ရှမ်းမက “ဘာလဲ၊ ကျမတို့က သူပုန်တွေမို့လား၊“ လို့ ပြောရာ “ငါးရက် အချိန်ပေးမယ်၊ တရွာလုံး ပြောင်း၊
တယောက်မှ မျက်နှာ မမြင်ချင်ဘူး၊“ လို့ ပြောဆိုကာ ပြန်သွားခဲ့ကြပါတယ်။ အဲဒီနောက် ည ၈ နာရီခွဲ၊ ၉ နာရီခန့်မှာ အမှတ် ၆၀၅ စစ်တပ်မှ
စစ်ဗိုလ်စစ်သားများ မင်းကုန်းကျေးရွာသို့ ရောက်ရှိကာ ဗိုလ်ကြီးစစ်လင်းအောင် ထိုးကြိတ်ခဲ့တဲ့ မွန်လေးကို ရှာဖွေခဲ့ကြပါတယ်။
စစ်ဗိုလ်စစ်သားများ ရိုက်နှက် ကန်ကျောက် အနိုင်ကျင့်မှုကို ခံရတဲ့ မပိန်ဟာ ၂၀၁၀ သြဂုတ် ၂ ရက်နေ့ မနက်မှာ ဖောင်ကြီးရဲစခန်းကို
သွားရောက် အမှုဖွင့်ခ့ပ
ဲါတယ်။ ဒဏ်ရာများ ခံစားနေရတဲ့ မပိန်ဟာ အမှုဖွင့်နေစဉ်အတွင်း နှစ်ခါ သတိလစ်သွားတဲ့အတွက် ည ၉ နာရီမှာ
သူ့ကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံတက်နေခိုက် သြဂုတ် ၃ ရက်နေ့ နံနက် ၉ နာရီတွင် သက်ဆိုင်ရာဆရာဝန်က
လူနာများအား လိုက်လံ စစ်ဆေးစဉ် မပိန်က သူ့ရဲ့ဒဏ်ရာများဟာ အမှတ် ၆၀၅ စစ်တပ်မှရဲဘော်များ ရိုက်နှက်ရာမှ ရခဲ့ခြင်း ဖြစ်ကြောင်း၊
နာကျင်နေကြောင်း ပြောရာ “ပြန်ချင်ရင် ပြန်နိုင်တယ်။ ဆေးရုံတက်ချင်ရင် ပြင်ပအနေနဲ့ တက်ပါ၊“ လို့ ပြောပြီး စမ်းသပ်စစ်ဆေးမှု မလုပ်ဘဲ
ဆေးနှစ်ပြားပေးတဲ့အတွက် အပြင်ဆေးခန်းမှာ ဆေးထိုးပြီး အိမ်ပြန်ခဲ့ရပါတယ်။
အခုအမှုနဲ့ ပတ်သက်ပြီး မပိန်က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ထံ လာရောက် အကြောင်းကြားခဲ့ပြီး
အရေးယူဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိပါတယ်။